Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

1.618 (ရွှေအချိုး)

maung hninkharrSeptember 14, 20111min4089

“မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။”

ကောင်းကင်ဘုံ ကိန်းဂဏန်းလို့ခေါ်တဲ့ ‘1.618’ ဟာ လောကကြီး တစ်ခုလုံးကို တည်ဆောက်ထားတဲ့ အချိုးအစားပါ။

အဲ့ဒီ ‘1.618’ ရဲ့ တန်ဖိုးကို ဖီ (PHI) လို့ခေါ်တယ်။ ကမာ္ဘလောကကြီးကို ဖန်ဆင်းတဲ့ ဗိသုကာကြီးဟာ သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်းကို ‘1.618’ ဆိုတဲ့ သချာင်္ဂဏန်းနဲ့ အချိုးကျ တည်ဆောက်ခဲ့တယ်။

ကြိုက်တဲ့ ထင်းရှူးသီးတစ်လုံးကို ကောက်ယူလိုက်ပါ။ ထင်းရှူးသီးရဲ့ ပတ်ပတ်လည်မှာ အကြေးခွံပုံသဏ္ဌန် အရွက်တွေ အဆင့်လိုက် အဆင့်လိုက်စက်ဝိုင်းပုံ ရစ်ခွေနေတာ တွေ့ဖူးတယ် မဟုတ်လား။ အပေါ်အရစ်မှာ ရှိတဲ့ အရွက်အရေအတွက်ကို အောက်အရစ်မှာ ရှိတဲ့ အရွက်အရေအတွက်နဲ့ စားရင် 1.618 ရတယ်။

ခြင် ၊ ယင်ကောင် ၊ ပုရွက်ဆိတ် စတဲ့ ကြိုက်ရာ အင်းဆက် တစ်ကောင်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို တွက်ကြည့်ပါ။ ဦးခေါင်းပိုင်းနဲ့ ရင်အုပ်ပိုင်းကို အချိုးချကြည့်ရင် 1.618 ရတယ်။ ရင်အုပ်ပိုင်း နဲ့ ဝမ်းဗိုက်ပိုင်း ကိုလည်း အချိုးချကြည့်ရင် 1.618 ပဲရတယ်။

နေကြာပွင့်ရဲ့ အလယ်က အစေ့တွေဟာ စက်ဝိုင်းပုံ ရစ်ခွေနေကြတယ်။ အဲ့ဒီ စက်ဝိုင်းတွေရဲ့ အချင်းကို တိုင်းပြီး အပြင်စက်ဝိုင်း ရဲ့ အချင်းတန်းဖိုး အတွင်းစက်ဝိုင်းရဲ့ အချင်းတန်ဖိုးနဲ့ စားရင် အဖြေဟာ 1.618 ရတယ်။

နောက်ဆုံး . . . စကြဝဠာရဲ့ ဗိသုကာကြီး ဖန်ဆင်းတဲ့ ‘လူသား’ ရဲ့ ခန္ဓာကိုယ် အချိုးအစားကိုပဲ ကြည့်ဦးလေ . . လူရဲ့ ဦးခေါင်းထိပ်ဖျားကနေ ကြမ်းပြင်အထိ အမြင့်ကိုတည် ဝမ်းဗိုက်အလယ်ဆုံမှတ်ဖြစ်တဲ့ ချက်ရဲ့ အပေါ်နားကနေ ကြမ်းပြင်အထိ အမြင့်နဲ့ စားရင် အဖြေဟာ 1.618 ရတယ်။

ပခုံးကနေ လက်ချောင်းဖျားထိပ်ထိ အလျားကို တည်ပြီး တံတောင်ဆစ်ကနေ လက်ချောင်းဖျားထိပ်ထိ အလျားနဲ့ စားရင်လည်း 1.618 ပဲရတယ်။

တင်ပဆုံရိုးကနေ ကြမ်းပြင်အထိ အမြင့်ကို တည်ပြီး ဒူခေါင်းကနေ ကြမ်းပြင်ထိ အမြင့်နဲ့ စားရင်လည်း အဖြေဟာ 1.618 ပဲရတယ်။

ကျောရိုးဆစ်ကလေးတွေ တစ်ခုနဲ့ တစ်ခု အချိုးချကြည့်ရင်လည်း 1.618 ပဲရတယ်။

 

‘မင်းခိုက်စိုးစံ’ ရဲ့ ‘သူရဲဘောကြောင်တဲ့လူညံ့’ စာအုပ်မှ ထုတ်နုတ်တင်ပြထားပါသည်။

 

9 comments

  • mgmglusoe

    September 14, 2011 at 7:49 pm

    ထူးဆန်းပါပေ့… ဆြာတွတ်ရယ်… ထူးဆန်းပေတာပ…။

  • a latt kaung

    September 14, 2011 at 8:16 pm

    တစ်ခါမှ မကြားဘူးပါ။ မသိသူတစ်ဦးအနေနဲ့ မေးလိုတာက မင်းခိုက်စိုးစန်က ဘယ်က reference လုပ်ထားတာလဲ။ ကိုယ်တိုင်တိုင်းကြည့်ထားတာတော့ ဟုတ်မယ်မထင်ပါ။
    သူကိုးကားတဲ့ သိပံပညာရှင်ကရော တကယ်စိတ်ချရတဲ့သူ ဟုတ်ရဲ့လား

  • a latt kaung

    September 14, 2011 at 8:25 pm

    အင်တာနက်မှာ phi ကိုရှာကြည့်မိပါတယ်။ ဒါ ရူပဗေဒ သီအိုရီတစ်ခုပါ။ 1.61803398874989…

    တဲ့။ physics နားလည်သူများရှင်းရင် ပိုကောင်းပါလိမ့်မယ်

  • kai

    September 15, 2011 at 1:06 am

    တခြားကမ္ဘာကလူ(အေလီယန်)တွေက.. ပိုင်း(ဖီး)ကို.. ၁ဂဏန်းအဖြစ်ထားတွက်ကြချက်ကြတယ်တဲ့..။
    ပိုမြင့်တဲ့ ..လူနေမှုအဆင့်အတန်းဖြစ်လာတယ်တဲ့..။
    ၁၂လက်မ ၁ပေ..။ ၃ပေ တကိုက်..
    တမိနစ် ..၆ဝစက္ကန့်.. ၂၄နာရီ တရက်..
    တပိဿာ ၃.၆ပေါင်လို.. ပေါက်တပ်ကရ.. ကိန်းတွေမရှိတော့ဘူးတဲ့..။
    (နောက်တာပါ..)

    Golden ratio
    In mathematics and the arts, two quantities are in the golden ratio if the ratio of the sum of the quantities to the larger quantity is equal to the ratio of the larger quantity to the smaller one. The golden ratio is an irrational mathematical constant, approximately 1.61803398874989.

  • taungpawthar

    September 15, 2011 at 11:43 am

    စာတွေအများကြီးဖတ်ဖူးပေမယ့် အဲဒါတော့ ကြားကိုမကြားဖူးတာ
    တကယ်သာဆိုင်တော့ ငါတော်တော်လိုသေးပါလားလို ့ဆင်ခြင်ရတော့မှာပေါ့
    သူများနဲ ့မတူ ထူးဆန်းတာလေးဖတ်ပြီး ပြန်မျှဝေနိုင်တာကတော့ ချီးကျုးပါတယ်

  • Arkar11

    September 15, 2011 at 4:11 pm

    ဖတ်ဖူးသလောက်ပြောရရင်…Golden Ratio ကျတဲ့ မျက်နှာဟာ ကြည်ှုကောင်းပြီး Perfect Face အဖြစ် သတ်မှတ်ပါတယ်.. ဒီအကြောင်းပိုသိချင်ရင်တော့ ဒီဆိုဒ် http://www.goldennumber.net မှာ လေ့လာပါ….

  • မီးမီး သော်

    September 15, 2011 at 7:35 pm

    အော်. မှတ်သားလောက်ပါတယ်။တကယ်ကိုမထင်ထားတဲ့ ဗဟုသုတ ဖြစ်သွားလို ့ကျေးဇူးတင်ပါတယ်နော့။

  • a latt kaung

    September 17, 2011 at 4:53 pm

    သိပံပညာတတ်တဲ့ လူကြီးတွေကိုမေးကြည့်တာ သူတို့တွေက ဟုတ်တယ်တဲ့။
    အဲဒီအကြောင်းကို သိသလောက် ရှင်းပြကြပါတယ်။
    ဒါပေမဲ့ ဘယ်သူတိတိကျကျ စမ်းသပ်ဖူးလဲမေးတော့ ဘယ်သူမှ မစမ်းဖူးဘူး ဖြစ်နေတယ်။
    ရူပဗေဒဆိုတာ သီအိုရီနဲ့ပဲသွားတာလား။
    E=mc2 နဲ့ အနုမြူဗုံးတောင် ထွင်သွားတယ်ဆိုတော့ သီအိုရီဆိုတာကလည်း
    ပေါ့သေးသေးဟုတ်ဟန် မတူဘူး။
    အရင်တုန်းကတော့ စတီဗင်ဟော့ကင်း စာအုပ်တွေဖတ်တယ်။ နားမလည်ဘူး။
    အမေရိကားက ပြန်လာတဲ့သူတစ်ယောက်ကပြောတယ်။
    ပညာတတ်စာဖတ်သူတွေရဲ့ အိမ်တိုင်းမှာ စတီဗင်ဟော့ကင်းစာအုပ်ထားကြပါတယ်တဲ့။
    ဒါပေမဲ့ အများစုက ဘာတွေရေးထားတယ်ဆိုတာနားမလည်ကြဘူးတဲ့။

  • Htet Myat Tun

    February 5, 2015 at 5:31 am

    အမှန်တော့ရွှေအချိုးကမျဉ်းတစ်ကြောင်းကိုနှစ်ပိုင်းပိုင်းပြီးအချိုးချတာပါ။အသေးစိတ်တော့မပြောတော့ပါဘူး။BC500လောက်ကGreek တွေတွေ့ခဲ့တာပါ။လူ့ရဲ့ကိုယ်ကိုလည်းမျဉ်းလို့သာမြင်လိုက်ရင်အဖြေကရှင်းသွားပါပြီ။

Leave a Reply