Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

* ကွမ်းပို ့စ် *

မောင် ပေSeptember 22, 20111min43014

အမှာစာ ။  ။ ဆရာသုမောင် ၏ ကွမ်းစကား စာအုပ်များ ကို ဖတ်ဖူးကြမည် ဟု ထင်ပါသည် ။ မန်းတလေး ဂေဇက် ရှိ မောင်ပေ့ တင်ခဲ့သမျှ ကွမ်းပို ့စ်များမှာ လည်း ၊ ဆရာသုမောင် ကို လေးစားအားကျပြီး အတုခိုးရေးထားသားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည် ။ ယခုရေးတင်သည် ပို ့စ်မှာလည်း ၊ တပ်စရာ ခေါင်းစဉ် ခက်နေပါသဖြင့် ၊ ကွမ်းပိုစ် ဟု တပ်လိုက်ပါသည် ။ ကျွန်တော် ချစ်ခင်၊လေးစား၊အားကျရပါသော ဆရာသုမောင် တစ်မောင် တစ်ယောက် ကောင်းရာသုဂတိ မှ ၊ ကောင်းရာဘုံ မှ နေ၍ မောင်ပေ့အား တပည့်တစ်ယောက်တိုးပြီဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါစေ ။

1 day 1 ၌ မောင်ပေ တစ်ယောက် ဘုတ်အုပ်များ ၊ ဂျာနယ် များ ဖတ်ပြီးသကာလ…

IQ နှင့် EQ ဆိုသော စကားလုံး ၂ လုံး ကို သတိထားမိသွားလေသည် ။

IQ ဆိုသည်မှာ Intelligence_quotient ဟုသိရသည် ။ ဉာဏ်ကောင်းသူများ ၊ ဉာဏ်ထူးထက်မြန်သူများ ဆိုပါစို ့ ။

EQ ဆိုသည်မှာ Emotional _quotient ဟုသိရသည် ။ ပေါင်းသင်း ဆက်ဆံရေး ၊ လူမှုဆက်ဆံရေး ကောင်းသူများ ၊ ကိစ္စတော်တော်များများတွင် တက်ကြွစွာ ဦးဆောင်နိုင်သူများ ဆိုပါစို ့။ ထား..

ယနေ ့ကမ္ဘာကြီးတွင် ဉာဏ်ထူး သူများထက် လူမှုဆက်ဆံရေး ကောင်းသူ များ က ပို အောင်မြင်နေကြသည် တဲ့ ။ အရာရာ တွင် သူတို ့တွေ ဦးဆောင်နေကြသည် တဲ့ ။

ဟုတ်လောက်သလား…ဟု စဉ်းစားမိပြီး ၊ တွေ ့ခဲ့ဖူးသော အဖြစ်အပျက်များ ကို ပြန်သတိရနေမိသည် ။

မောင်ပေ ချာတိတ် အလယ်တန်းကျောင်းသားဘဝ က ၊ စာသင်ခန်းတွင် စာကြိုးစားသူ ၊ ထူးချွန်ထက်မြက်သူ ၊ စာဂျပိုး များ ရှိသလို ။

အပေါင်းအသင်းများနှင့် ပျော်ပါးတတ်သူ ၊ ခပ်ပျော်ပျော် နေတတ်သူ ၊ ဆရာ၊ဆရာမ များ က မကြာခဏ ကြိမ်ဒဏ်ပေးခံရသူ စာမကြိုးစားသူ ဗယုတ်လေး များ လည်း ရှိသည် ။

( ဗယုတ်လေး များ ဟု သုံးမိသည် ကို ခွင့်လွတ်ကြပါ ၊ သူတို ့သည် ရံဖန်ရံခါ အလွန် ဗယုတ်ကျ တတ်သည် မဟုတ်ပါလော )

ပညာရည်ချွန်ဆုပေးပွဲများ တွင် ၊ စာဂျပိုး များ က အမြဲနေရာယူသည် ။ စာမကြိုးစားသူ ဗယုတ်လေး များ က တော့ လက်ခုပ်တီး အားပေးမပျက် ။ ပျော်ပျော်ရွှင်ရွှင် ပင်။

ကျောင်းကထိန်ပွဲ များ ၊ ဆရာကန်တော့ပွဲ များ တွင်မူ…ဆရာ၊ဆရာမ များ တစ်ကယ် အားကိုးကြရသည် မှာ ၊ တက်တက်ကြွကြွ ဦးဆောင်လုပ်ကိုင်သူ များ မှာ အတန်းထဲ တွင် ၊ ဆရာ ဆရာမ များ၏ ကြိမ်ဒဏ်သင့်သူ ၊ စာမကြိုးစားသူ ဗယုတ်လေး များသာ ဖြစ်သည် ။

ထိုပွဲများတွင်မူ စာဂျပိုးလေး များသည် ကုတ်ကုတ်လေး နေတတ်ကြသည် ။

အတူတူ ပညာသင် ၊ ပျော်ပါး ၊ ဆော့ကစား အရွယ်ရောက်လာသောအခါ ၊ စာကြိုးစားသူ ၊ ဉာဏ်ကောင်းသူများသည် ၊ သူတို ့ကြိုးစားမှု အလျှောက် ၊ ပညာရေး လိုင်းကောင်းများ ရရှိကာ ၊ ဆရာဝန်  အင်ဂျင်နီယာ စသဖြင့်  ဖြစ်ကုန်ကြသည် ။

မိဘ များ ၏ ထောက်ပံ့ ပေးနိုင်လျှင် ပေးနိုင်သလို ၊ ပညာရေးတွင် လွန်ထက်မြက် ထူးချွန်ကြကုန်သည် ။

စာမကြိုးစားခဲ့သူ ၊ အပေါင်းအသင်း များ ဖြင့် ပျော်ပါးခဲ့သူများသည် ကား ၊ ပညာရေးကို ရိုးရိုးပင် အောင်မြင်ခဲ့လျှက် ၊ အပေါင်းအသင်း များခြင်း၏ အကျိုးကျေးဇူးကြောင့် ၊ အပေါင်းအသင်းရှာဖွေတတ်သော အကျိုးအားကြောင့် စီးပွားရေး ၊ စီးပွားရှာသည့် အခါ ၊ အောင်မြင်မှု များ ရရှိကြသည် ။

အယုတ်စွဆုံး…အရင်းအနှီးမရှိလျှင်ပင်..ခင်မင်ရာ အပေါင်းအသင်း ၏ ကြည့်ရှူ စောင့်မ မှုကြောင့် ၊ နေရာကောင်း ၊ အခွင့်အလမ်းကောင်း တို ့ကို ရရှိကြလေသည် ။

မောင်ပေ့ ၏ ကိုယ်တွေ ့အရ ဆိုလျှင် ၊ စာကြိုးစား သူ ကျောင်းသူလေး တစ်ယောက် နှင့် စနောက် ပျော်တတ်သူ ကျောင်းသား လေး တစ်ဦး ရှိခဲ့သည် ။

ကျောင်းသူလေး သည် များသောအားဖြင့် ၊ ကျောင်းခန်းတွင်း ၌ ပင်လျှင် စာကျက်နေလေ့ ရှိသည် ။

တစ်နေ ့တွင်မူ ၊ စနောက် သော ကျောင်းသား လေး က ၊ နောက်ချင် သဖြင့် ၊ ကျောင်းသူလေး ၏ လွယ်အိတ် ထဲ သို ့ဖားပြုတ်သေးလေး တစ်ကောင် သွားထည့် ရာ ၊ ကျောင်းသူလေး လန် ့ငို သဖြင့် ၊ ကျောင်းသားလေး မှာ ဆရာမ ၏ ကြိမ်ဒဏ် သင့်ခံရသည် ။

သို ့သော်..ကိုယ့်အပြစ်ကို ကိုယ်သိသူ ကျောင်းသား လေးသည် အပြုံးမပျက်ဘဲ ၊ သူငယ်ချင်း ကျောင်းသူ လေး ကို ပြန်လည် တောင်းပန်ခဲ့ကာ ပြန်လည် သင့်မြတ်ခဲ့ကြသည် ။

သို ့နှင့်..သူတို ့တွေ အရွယ်ရောက် လူလားမြောက်တော့…ကျောင်းသားလေး က ကိုယ်ပိုင် အစွမ်းအစ ဖြင့် စီးပွားထူးချွန်အောင်မြင်မှု များ ရရှိပြီး ၊ ကုမ်ပဏီ ပိုင်ရှင် တစ်ဦး ဖြစ်လာသည် ။ ( မိဘများ ၏ ပညာရေး အမွေ ကိုသာ အခြေခံ သွားသည် ။ ဥစ္စာ ဓန အမွေ မပါဘဲ အောင်မြင်သွားသည် ။)

ကျောင်းသူ လေး က မူ ၊ ရိုးရိုး တက္ကသိုလ် သာ တက်ရောက်အောင်မြင်ခဲ့ပြီးနောက် ၊ စနောက်တတ်သူ ကျောင်းသားလေး ၏ ကုမ်ပဏီ တွင် စာရေးမ ဖြစ်နေသည် ကို တွေ  ့ရသည် ။

နောက်ထပ် လည်း သည်လို အဖြစ်များကို တော်တော်များများ တွေ  ့ရသည် ။ ဘဝပေး ကံကြမ္မာ ကြောင့်ဟု မထင်မိပေ ။

ကိုယ်၌အစွမ်းအစ ၊ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့ခြင်း ၊ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း တို ့ကြောင့် သာ လျှင် ။

ထို ့ပြင် ဆက်လက် သိရသော အကြောင်းများမှာ..

IQ သမား များ မှာ အခွင့်အလမ်း တစ်ခုခု ကြုံလျှင် ၊တစ်ခုခု လုပ်တော့မည် ဆိုလျှင် ၊ မလုပ်ခင် ၊ရှေးဦးစွာ ၊အရင်ဆုံး အသေးစိတ်တွက်ချက်လေ့လာသည် ။

ဖြစ်လာနိုင်ခြေ ရှိမရှိ ၊ ဆုံးရှုံးနိုင်ခြင်း ရှိမရှိ အစရှိသဖြင့်..

EQ သမား များကမူ  အခွင့်အလမ်း တစ်ခုခု တွေ ့လျှင် ၊ သိပ်မစဉ်းစားနေပဲ ၊ ဗြုံးဒိုင်း ကောက်လုပ်ကြသည် ။

ယခုတစ်လော ကားအဟောင်းများ ကို အအပ်ခံ ပြီး ၊ ကားသစ်များ တင်သွင်းခွင့် ပေးမည့် ဟု သတင်းများ ထွက်ပေါ်လာသည် ။

IQ သမား များ က လုပ်ဖို ့စိတ်ဝင်စားသည် ။ သို ့သော် ပြန်စဉ်းစား နေသည် ။ တွက်ချက်နေသည် ။

“ ဟုတ်ပမလား ၊ ဝယ်တာက လွယ်ပါတယ် ၊ တော်ကြ ကားသစ်သွင်းခွင့် မပေးဘူးလို ့ဖြစ်လာခဲ့ရင်… ” အစရှိသဖြင့် ထိုင်စဉ်းစားနေသည် ။

EQ သမား များ က မူ ၊ ဘော်ဒါများ နှင့် ပြောဆိုပြီး ၊ ကားဟောင်းများ ကို တတ်နိုင်သလောက် ၊ ဝယ်နိုင်သလောက် ပစ်ဝယ်လိုက်ကြသည် ။

ဟော…တစ်ကယ်လည်း ကားဟောင်းနှင့် ကားသစ်ဝယ်ခွင့် ပါမစ် လိုင်စင် သတင်းပိုကြီးလာပြီး ၊ ကားဈေးတွေ ခုန်တက်သွားပါလေရော ။

ဥပမာ လေးဘီးကား တစ်စီးကို ၈ သိန်းခန် ့ဖြင့် ၊ ၄ စီး ၅ စီး ပစ်ဝယ်ထားသော EQ သမားများ ၊ တစ်စီးလျှင် သိန်း၃ဝကျော်ဖြင့် ပြန်အရောင်းထွက်ကုန်သည် ။

မြိုးမြိုးမျက်မျက် စားလိုက်ကြရသည် ။

IQ သမား များကတော့ တွက်ချက်နေဆဲ…စဉ်းစားလို ့ကောင်းနေဆဲ ။ သူများ တွေ ဝယ်တာ မြတ်တာတွေ တွေ ့ရတော့ ၊ အော်..ကံကောင်းကြတာပဲ ဟုသာ ပြောနိုင်ကြသည် ။

သေချာစဉ်းစားတွက်ချက်ပြီး  သေချာပြီဟု အဖြေထုတ်ပြီးချိန် ၊ လိုက်ဝယ်ရန်ကား….ကားဟောင်းဈေးတွေကား တက်ကုန်ချေပြီ ။ လုပ်ကွက် သိပ်မကျန်တော့ ဟူသတတ် ။

မောင်ပေ ပြောချင်တာ က IQ နှင့် EQ ကွာခြားပုံ ကို ပြောချင်တာပါနော် ။

လွတ်လပ်စွာ သဘောထား ကွဲကြပါ ။

မောင်ပေ့ ရဲ  ့ကိုယ်ပိုင်စဉ်းစားရေးသားခြင်း စစ်စစ် မန်းတလေး ဒိုင်ယာလော့ခ် တွေ ကိုတော့ ရေးတင်လိုက်ပါပြီ ။

————————— အားလုံးကို ကျေးဇူးတင်ပါသည် —————————

14 comments

  • pyinlepyaw

    September 22, 2011 at 10:07 pm

    IQ နဲ့ EQ အကြားလေး ထဲမယ် နေချင်တယ် ဗျ ။
    ကျနော် က အဲ့ကြားလေး ပဲ ကြိုက်တယ် ။ 😛

  • lulaymg

    September 22, 2011 at 10:11 pm

    EQ ကို ကြိုက်တယ် .. မြိုးမြိုးမျက်မျက် စားချင်လို့ပါခင်ည ၊

  • ကိုပေါက်(မန္တလေး)

    September 22, 2011 at 10:46 pm

    အတတ်ပညာအပေါ်မှာ အလေးထားပြီးလုပ်ကိုင်စားသောက်လို့ရတဲ့နိုင်ငံမှာတော့ အိုင်ကျုကအဘိုးတန်ပြီး
    အတတ်ပညာမလို နပ်ဘို့သာလိုသည်ဆိုတဲ့နိုင်ငံမှာတော့ အီးကျူသမားက အဘိုးတန်တယ်ထင်ရတာပေါ့။
    အီးကျူသမား များလေလေ နိုင်ငံစီးပွားရေးနဲ့ပညာရေးက ကျဆင်းလေလေ ဘဲလို့ထင်ပါတယ်။

  • mgmglusoe

    September 22, 2011 at 11:16 pm

    အဲဒါလက်ရှိ ကျနော်တို့ ဋ္ဌာနီ ပေါ့ဗျာ
    အိုင်ကျုသမားတွေ အပြင်ထွက်
    အီးကျုသမားတွေ အတွင်းမှာနေ အဲဂလို ဖစ်နေတာ ။ :mrgreen:

  • thit min

    September 22, 2011 at 11:46 pm

    IQ/EQ တွေဟာလိုအပ်တဲ့အရာတွေပါပဲ။
    (IQ+Ego) (EQ+Ego) တွေများတယ်ဗျာ၊
    အိုင်ကျူမြင့်စီးပွါးရေးအောင်မြင်သူတွေလဲရှိပါရဲ့၊ဒါပေမဲ့တကိုယ်ကောင်းစိတ်အတ္ထ(Ego)တွေများခဲ့လို့လူတွေအများကြီး
    ဒုက္ခများနေရတာ၊ဒုက္ခများခဲ့ရတာတွေမြင်နေတွေ့နေရတော့(M Q)အမ်ကျူဆိုပြီးစဉ်းစားမိတယ်ဗျ။
    အမှန်အမှားကိုခွဲခြားနိုင်ခြင်း၊ကောင်းသောအမူအကျင့်လို့ပြောလို့ရတဲ့
    Moral quotient ( Morality-quotient)ပေါ့ဗျာ။
    {Morality = Character(စာရိတ္ထ)+ဆင်ခြင်တုံတရား/အမှားအမှန်ခွဲခြားနိုင်ခြင်း} လို့ကျနော်နားလည်ထားပါတယ်၊
    ငါးပါးသီလနဲ့ ဒုစရိုက်၁ဝပါးကိုစောင့်ထိမ်းခြင်းဟာ အကျင့်သီလနဲ့စာရိတ္ထ(character) ပါပဲ။
    ငါးပါးသီလကိုဘာမှန်းမသိတဲ့နိုင်ငံခြားသားကအလုပ်ရှင်ကွယ်ရာမှာလဲ
    ရိုးရိုးသားသားကြိုးစားနေတာ၊ငွေရေးကြေးရေး၊စိတ်ချရတာတွေတွေ့ရလို့၊”ငါနဲ့ငါ့အမျိုးတွေချမ်းသာရင်ပြီးရော”
    ဆိုတဲ့အဲဒီ (EQ)အီးကျူသမား,(IQ)အိုင်ကျူလူလည်မြန်မာလူမျိုးများကို “ရိုးရိုးလေး” ကြောက်လာတယ်ဗျာ။တကယ်ပါ၊၊
    ကြည့်လေ…………. ဧရာဝတီကို “Morality-quotient” နဲ့စဉ်းစားမယ်ဆိုရင်ပေါ့ဗျာ။……

  • nature

    September 23, 2011 at 5:54 am

    ရေးထားတာလေးက ကောင်းပါတယ်။ကျွန်တော့်အမြင်ကတော့ အိုင်ကျူနဲ့ ချမ်းသာသူ ရှိသလို အီကျူနဲ့ ချမ်းသာသူလဲရှိပါတယ်။ ဘီလ်ဂိတ်ဆိုရင် အိုင်ကျူနဲ့ ချမ်းသာတယ်လို့ခေါ်ရမှာပါ။ အီးကျူ အိုင်ကျူမရှိပဲ ချမ်းသာသူလဲရှိမှာပါ။ အိုင်ကျူ အီးကျူတွေဟာ စီးပွားရှာဖွေရာမှာ အထောက်အကူပြုတဲ့အချက်တွေလို့ မြင်ပါတယ်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုတဲ့စကားပုံလေး ကြားဖူးပါတယ်။

  • blackchaw

    September 23, 2011 at 8:52 am

    windtalker ရေ ခင်ဗျားရေးခဲ့တဲ့ ကွမ်းပို့စ်တွေထဲမှာ ဒီပို့စ်လေးကို အကြိုက်ဆုံးပဲ။
    အရည်မရ အဖတ်မရ ပို့စ် တော့ မဟုတ်ပါဘူး။ ဖတ်မိတဲ့ သူတိုင်းမှာ ပြန်ဆွေးနွေးစရာ
    အတွေ့အကြုံလေးတွေရှိနေကြမှာပါ။ ဒီ အတွေးလေးကို ကြိုက်ပါတယ်။

  • ကြောင်ကြီး

    September 23, 2011 at 9:12 am

    ကမာ္ဘကြီးမှာ အီးကြူသမားတွေပဲ ဦးဆောင်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆန့်သိတတ်မှ ထိပ်ဆုံးရောက်နိုင်ပါတယ်။ အိုင်ကြူသမားများကတော့ အတတ်ပညာနယ်ပယ်မှာ နေရာရပါမယ်။ ဒါတောင် အိုင်းစတိုင်းလို၊ စတိဘ်ဂျော့၊ ဘီလ်ဂိတ်တို့လို မထူးချွန်ရင် အဆင့်မြင့်လာလေ အီးကြူက စကားပြောလေပါ။ ထိပ်ဆုံးပိုင်းနေရာတွေမှာ အတတ်ပညာနယ်ပယ် တခုထဲထက် အားလုံးကိုခြုံမြင်တတ် ကွပ်ကဲအုပ်ချုပ်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ အိုင်ကြူနဲ့ဆိုင်လို့ ပညာထူးချွန်များရွေးလေ့ရှိတဲ့ သိပ္ပံနဲ့ သုတေသန၊ ဆရာဝန်၊ ပါရဂူအဆင့်ပညာရှင် နယ်ပယ်တွေမှာ ကျောင်းသားဘဝ၊ အငယ်တန်းသုတေသီဘဝ ထူးချွန်သူများထဲက ဘယ်နှစ်ရာနှုန်းလောက် ထိပ်ဆုံး၁၀% နေရာတွေကို ပိုင်ဆိုင်ကြသလဲ သိချင်ပါတယ်။

  • weiwei

    September 23, 2011 at 9:38 am

    မွေးရာပါဗီဇနဲ့ဆိုင်ပါတယ် … လူတစ်ယောက်မှာ သန်ရာသန်ရာ တစ်ခုခုတော့ ရှိတယ် … IQ အားသာတဲ့သူက အဲဒီဘက်မှာအောင်မြင်အောင်လုပ်နိုင်ရင် စိတ်ချမ်းသာနိုင်မှာပဲ … နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ IQ ရော EQ ရော လိုအပ်တာမို့ အားသာရာဘက်ကို ဖိလုပ်ဖို့တော့ အရေးကြီးတယ်ထင်တာပဲ …
    ကျွန်မကတော့ စဉ်းစားရတာကိုကြိုက်ပါတယ် … စဉ်းစားရင်းနဲ့ ဘာမှမဖြစ်လာပေမယ့် စဉ်းစားနေတုန်းပဲ … စဉ်းစားရင်း အသက်တွေသာကြီးလာတယ် စဉ်းစားနေတုန်းပဲ …

  • Shwe Ei

    September 23, 2011 at 9:44 am

    IQ ရော EQ ရော ၂ခုလုံးမျှရင် ပိုမကောင်းဘူးလားကိုပေရယ်။ အဲဒိလိုအဖြစ်မျိုးရှိရင်လဲ ထပ်တင်ပေးပါအုံး။

  • pan pan

    September 23, 2011 at 10:27 am

    EQအရေးကြီးသလို IQလည်း လိုပါတယ်
    ခုနက ကိုပေပြောတဲ့ ကုမ္ပဏီပိုင်ရှင်ကောင်လေးဆိုတာက သူ့ဘာသာ EQဘယ်လောက်ကောင်းကောင်း
    IQလည်း ထိုက်သင့်သလောက်တော့ ရှိမှာပါ
    အဲဒါမှလည်း သူရေရှည်အောင်မြင်မှာပေ့ါ
    IQမရှိရင် သူအောင်မြင်လည်း ကြာကြာမခံလောက်ဘူးထင်ပါတယ် (အပေါင်းအသင်းကြောင့်အောင်မြင်တယ်ဆိုလည်း ဘယ်အတိုင်းအတာထိ အပေါင်းအသင်းအားကိုးနိုင်မှာလဲ)
    သူကြာကြာအောင်မြင်ရင်လည်း သူ့ဘေးပတ်ဝန်းကျင်ကို တခုခုသက်ရောက်မယ်ထင်ပါတယ် (အဆိုး)
    —————————————————————————————–
    ကျွန်မဖတ်ဖူးတဲ့ ဆရာမင်းသိင်္ခရဲ့ ဘမျိုး ဘိုးတူ ဘယ်သန် ဘမှန်စာအုပ်ထဲမှာတော့ ပညာရှိတဲ့လူက ကြောက်တတ်တယ် လို့ ခွန်အားကိုအားကိုးသူတွေက လှောင်ထားတဲ့စာကြောင်းလေး ဖတ်ရပါတယ် (တကယ်ကတော့ ပညာရှိဆိုတာ မကြောက်တတ်ပါဘူး၊ ပညာမရှိမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိနိုင်တာပါ၊ အဲဒီဝတ္ထုထဲက ကိုယ့်ကိုကိုယ်ပညာရှိလို့ ကြွေးကြော်နေတဲ့လူကတော့ မိမိထိခိုက်မှာကြောက်လို့ အန္တရာယ်ဖြစ်မှာတွေကို တွေးပြီးရှောင်နေတာ၊ ကြောက်နေတာပါ၊ ကြုံလာရင်လည်း အရှုံးပေးပြီး အညံ့ခံပါတယ်)
    သေချာစဉ်းစားတွေးခေါ်နေတာနဲ့ သို့လောသို့လောဖြစ်တာ မတူပါဘူး
    ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုထိခိုက်နိုင်လားလို့တော့ တွေးရမှာဖြစ်ပေမယ့် အဖြေမှန်ထွက်ဖို့ အသိဉာဏ်တော့ရှိရပါမယ်
    တွေးနေတိုင်း IQမြင့်သူမဟုတ်ပါဘူး…..လို့ထင်ပါကြောင်း…….။။ 🙂 🙂
    (ကျွန်မလည်းကိုယ်ထင်တာပြောလိုက်တာပါ ကိုပေရေ….)

  • manawphyulay

    September 23, 2011 at 10:44 am

    အောင်မြင်ရခြင်း၏ အဓိကလျှို့ဝှက်ချက်မှာ Intelligence Quotient (IQ) ဉာဏ်ရည်ဟု လွန်ခဲ့သောနှစ်ပေါင်းစွာကပင် ထင်မြင်ယူဆခဲ့ကြပြီး ရာပေါင်းများစွာသော သုတေသနများကလည်း သက်သေထူပေးခဲ့သည့်အတွက် အများသဘောတူ အယူအဆ(Conventional Wisdom) အဖြစ် အခိုင်အမာရပ်တည်နေခဲ့ရာမှ မကြာသေးမီနှစ်များအတွင်းတွင် ခံစားမှုဆိုင်ရာဉာဏ်ရည်ခေါ် Emotional Intelligence EQ က ပိုမိုအရေးကြီးကြောင်း သိရှိရသည်။ ချစ်သူနှင့် ကွေကွင်းရမည် စိုးသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူများ၊ တစ်ခါကျရှုံးရုံဖြင့် နောင်မကြီးပွားနိုင်ဟု ခံယူကာ ဘဝကို လက်မြောက် အရှုံးပေးသွားသူများ၊ သူငယ်ချင်း အချင်းချင်းအစလွန်ရန်ဖြစ်ရာမှ အသက်ဆုံးရှုံးရခြင်းများ၊ စာမေးပွဲခန်းထဲတွင် မေးခွန်းတစ်ပုဒ် မရရာမှ ဇောချွေးပြန်ကာ ကျန်မေးခွန်းများကိုပါ မဖြေနိုင်သူများကို ကြည့်လျှင် EQ အရေးကြီးပုံကို အလွယ်တကူ တွေ့မြင်နိုင်သည်။

    IQမြင့်မား၊ ငယ်စဉ်က အများက အားကျရအောင် ဉာဏ်ရည်ကောင်းပြီး အရွယ်ရောက်ချိန်တွင် မအောင်မြင်သူများ ရှိကြသော်လည်း ယင်းတို့၏ သူငယ်ချင်း IQ သာမာန်သာ ရှိသူများမှာ အောင်မြင်နေတတ်ကြသည်။ EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့်သော်လည်း EQ နိမ့်လျှင် မအောင်မြင်နိုင်။ IQ သာမာန်သာရှိသော်လည်း EQ မြင့်သူများ ထိပ်တန်းရောက်ကြောင်း ပညာရှင်များက ရှာဖွေတွေ့ရှိ့ခဲ့သည်။
    EQ ကို အဓ္ဓိပါယ်ဖွင့်ဆိုချက်တစ်ခုမှာ The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions in ourselves, and in our relationships ‘ မိမိနှင့် တစ်ခြားသူများ၏ ခံစားချက်များအား သဘောပေါက်နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း’ ဖြစ်သည်။

    EQ မြင့်သောသူသည် အရေထူသည်။ ခံနိုင်ရည်ရှိသည်။ အရှုံးနှင့်ကြုံရသော်လည်း လက်မလျှော့။ အကြိမ်ကြိမ်လဲလျှင် အကြိမ်ကြိမ်ပြန်ထနိုင်သည်။ ပြင်းပြင်းထန်ထန် ခံစားချက်များက မိမိစဉ်းစားနိုင်စွမ်းကို ဖုံးအုပ်မခံ။ အဆိုးနှင့်ကြုံချိန်တွင် ကြံ့ကြံ့ခံပြီး မိမိအကောင်းဆုံး ကြိုးစားနေလျှင် ကောင်းသွားမည်ဟု မျှော်လင့်နိုင်သူဖြစ်သည်။ သူသည် စိတ်ကူးပေါက်သလို ထလုပ်လေ့မရှိ။ ဆုံးဖြတ်ချက်အတိုင်း ခိုင်ခိုင်မာမာဆောင်ရွက်သည်။
    EQ ၏လက္ခဏာတစ်ရပ်မှာ Self-awareness ‘ မိမိဘာဖြစ်နေသည်ကို သိခြင်း’ ဖြစ်သည်။ တစ်နည်း ‘ခံစားချက်တစ်ခု ပေါ်လာချိန်တွင် သိခြင်း’ ဖြစ်သည်။ မိမိဝမ်းနည်းချိန်တွင် ဝမ်းနည်းမှန်းသိရမည်၊ ဒေါသဖြစ်ချိန်တွင် ဒေါသဖြစ်မှန်းသိရမည်၊ စိတ်ဓါတ်ကျလျှင် ကျမှန်းသိရမည်။ မိမိကိုယ်ကိုသိခြင်းသည် EQ ၏ အခြေခံအကျဆုံးအစိတ်အပိုင်းဖြစ်သည်။ ဒေါသ ၊ လောဘ စသည့် ခံစားချက်တို့၏ သဘောတရားမှာ သတိမထားမိလျှင် အရှိန်တက်သထက် တက်လေ့ရှိရာ သူတို့ကို သတိထားမိသည်နှင့် အရှိန်တန့်သွားလေ့ရှိသည်။ အနောက်တိုင်းတွင် ဒေါသချူပ်ထိန်းနည်း(Anger Management) တစ်နည်းအဖြစ် ဒေါသ ဖြစ်ချိန်တွင် တစ်မှ တစ်ဆယ်အတွင်း ရေပါဟု ညွှန်းဆိုတတ်သည်။ သို့သော် ထိုသို့ရေတွက်ရန် ဒေါသဖြစ်နေမှန်း ပထမဦးဆုံး သိရမည်။

    EQ ၏နောက်ထပ်လက္ခဏာတစ်ရပ်မှာ self-regulation ခေါ် ‘စိတ်ခံစားချက်ကို မိမိဘာသာထိန်းကျောင်းနိုင်ခြင်း’ ဖြစ်သည်။ ခံစားချက်၏ စေစားရာမခံဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း ‘Handling your emotions rather than letting the emotions handle you’ ဖြစ်သည်။ ခံစားချက်၏ ကျေးကျွန်ဖြစ်ရာမှ ဘဝတွင် များစွာနစ်နာခဲ့ရသူများကို မိမိပတ်ဝန်းကျင်တွင်ပင် ဒုနှင့်ဒေး တွေ့နိုင်သည်။ တစ်ခါနှစ်ခါ တွေ့ဖူးသူကို အချစ်ထူးရာမှ ခိုးရာလိုက်ခဲ့ချိန်တွင် မယားငယ်ဘဝသို့ ရောက်ခြင်းရခြင်းမျိုး၊ အချောင်ရပြီဟု လောဘစိတ် ငယ်ထိပ်တက်ဆောင့်ရာမှ စည်းစိမ်ပြုတ်အလိမ်ခံရခြင်းမျိုး၊ ရည်းစားပျက်ရာမှ အရက်ကို အဖော်ပြုရင်း ဘဝဆုံးရခြင်းမျိုးတို့သည် EQ ပြဿများပင်ဖြစ်သည်။
    တိရိစ္ဆာန်များနှင့် လူသားတို့အကြား အဓိက ကွာခြားချက်တို့မှာ ‘စဉ်းစားနိုင်စွမ်း’ ဖြစ်သည်။ လူတို့သည် အကျိုးအကြောင်း၊ အဆိုးအကောင်း ခွဲခြားစိတ်ဖြာ စဉ်းစားနိုင်သည်။ လူသား ပေါ်စမှစကာ စဉ်းစားတွေးခေါ်နိုင်စွမ်းသည် တစ်စတစ်စ တိုးတက်လာခဲ့သည်။ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချနိုင်စွမ်း သည်လည်း တိုးတက်လာသောကြောင့် လူသားတို့သည် အရာရာတွင် တိုးတက်ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးလာခဲ့သည်။ သို့သော် မည်မျှလောက် ညဏ်ကြီးသူပင် ဖြစ်ပါစေ ခံစားချက်ပြင်းပြင်းဝင်ရောက်ဖုံးအုပ်လျှင် အမှန်ကို မမြင်နိုင်တော့။ သူ၏ စဉ်းစားနိုင်စွမ်းကို ခံစားချက်က ဝင်ရောက်ထိန်းချူပ်လိုက်တော့သည်။
    စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးဝါးစွာ ထိခိုက်စေသည်။ ဒေါသနောက်၊ မောဟနောက် ၊တဏှာ ရမ္မက်နောက်လိုက်ကာ ဆုံးဖြတ်ခြင်းတို့ကြောင့် သာမာန်လူအဆင့်တွင်ပင် အမှားကြီးမှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်များပါ သတင်းခေါင်းစဉ်များအား ဖတ်ရုံဖြင့်သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါဆုံးဖြတ်ခြင်းကြောင့် အမှားကြီးမှားခဲ့ကြပုံကို ကမ္ဘာသမိုင်းတွင် မြင်နိုင်သည်။ စိတ်အေးလက်အေး ဆုံးဖြတ်ပါက အရည်အသွေး ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။
    ကမ္ဘာ့ဖလားပွဲစဉ် အင်္ဂလန်နှင့် အာဂျင်တီးနားကစားသည့်ပွဲတွင် ဒေးဗစ်ဘက်ခမ်းအမည်ရှိ နာမည်ကျော်ဘော်လုံးသမား နောက်သို့ အာဂျင်တီးနားဘောလုံးသမားတစ်ဦးက မထိတတိ လိုက်စနေသည်။ တစ်ကြိမ်တွင် ဘက်ခမ်းလဲကျသွားရာ ဒိုင်လူကြီးက ဝီစီမှုတ်လိုက်သည်။ ထိုအချိန်တွင် ဘောလုံးသမားက ဘက်ခမ်းအနီးသို့ကပ်ကာ တစ်ခုခုပြောလိုက်သည်။ ဘက်ခမ်းက မှောက်ရက် နှင့် ခြေနှင့် မထိတထိ လှမ်းချိတ်လိုက်ရာ ထိုဘောလုံးသမား လဲကျသွားသည်။ အနီးကပ်ရောက်နေပြီ ဖြစ်သည့်ဒိုင်က ဘက်ခမ်းကို အနီကတ်ပြ ထုတ်ပယ်လိုက်သောကြောင့် အင်္ဂလန်အသင်း တစ်ယောက်လျော့ကာ နောက်ဆုံးပြိုင်ပွဲမှ ထွက်ခဲ့ရတော့သည်။ အေရှေ့တောင် အာရှဘောလုံးပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုခဲ့သို့ဖြစ်ရပ်မျိုးပေါ်ခဲ့သည်ကို မှတ်မိကြဦးမည်။ မြန်မာ ဂိုးသမားထွက်အဖမ်းတွင် ဗီယက်နမ်ရှေ့တန်းက ခြေစုံပစ်ဝင်သည်။ ဂိုးသမားလဲကျသွားသည် ၊ ဒိုင်က ဝီစီမှုတ်သည်။ ဗီယက်နမ်ဘက်ကလည်း ပြစ်ဒဏ်ပေးခံရမည်ကို ကြောက်၍လားမသိ၊ မှောက်နေသည်။ ထိုအချိန်တွင် မြန်မာဂိုးသမားက ထလျှောက်လာကာ လဲနေသူကို မထိတထိ သွားကန်သည်။ ဒိုင်က အနီကတ်ပြပြီး မြန်မာဂိုသမားကို ထုတ်လိုက်ရာ တစ်ယောက်လျော့မြန်မာတို့ အနိုင်မှ နှစ်ဂိုးအသွင်းခံရပြီး အိမ်ပြန်ခဲ့ရသည်။ ထိုကတည်းက မြန်မာ ဘောလုံးအသင်းတို့ နာလန်မထူတော့။
    EQ မြင့်သူသည် ခံစားချက်ပေါ်လျှင်သိသူ၊ ခံစားချက်များကို ပဲ့ပင်နိုင်သူဖြစ်ရာ သူ၏ ဆုံးဖြတ်ချက်များသည် ခံစားချက်၏ စေစားရာ နောက်သို့မပါဘဲ အရည်အသွေးမြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက် အရည်အသွေးမြင့်မားရန်အတွက် EQ မြင့်ရန်လို်သည်။
    အမေရိကန်သမ္မတအိုဘားမားသည် အရေးကြီးသော ဆုံးဖြတ်ချက်များမချမီတွင် တစ်ယောက်တည်းမျက်စိမှိတ်ကာ စိတ်တည်ငြိမ်အောင်နေပြီးမှ ဆုံးဖြတ်ချက်ချသည်ဟုဆိုသည်။ ဦးသန့်သည်ကုလသမ္မဂအထွေထွေအတွင်းရေးမှုးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တာဝန်ယူခဲ့ရာတွင် ညစဉ်တရားထိုင်ခဲ့ရာ တစ်ကြိမ်သာ ပျက်ဖူးသည်ဟုဆိုသည်။ မိမိ၏ စဉ်းစား ဉာဏ်ကို ခံစားချက်က မဖုံးအောင် စီစဉ်ရသည့်သဘောဖြစ်သည်။

    မိမိကိုယ်တိုင်စိတ်အားတက်ကြွခြင်း၊ အခြားသူများကိုပါ စိတ်အားတက်ကြွအောင် လုပ်ဆောင်နိုင်ခြင်းတို့ (Motivaiton)သည် EQ မြင့်သူတို့၏ စရိုက်လက္ခဏာများဖြစ်သည်။ သူတို့သည် ခံစားချက်တို့ကို စိတ်အားတက်ကြွရာလမ်းကြောင်းသို့ အရောက် ပို့နိုင်သူများ ဖြစ်သည်။ ဆုံးဖြတ်ပြီးလျှင် မည်သည့် အခက်အခဲတို့ ကြုံပါစေ၊ ဇွဲမလျော့တမ်းကြိုးပမ်းသူများဖြစ်သည်။ ရေခဲတောင်တက်ရာတွင် အဖွဲ့ဝင်များနှင့်ကွဲကာ လမ်းပျောက်သွားသောကြောင့် အားလုံးက သေပြီထင်ထားချိန်တွင် တဲသို့ ပြန်လာနိုင်သူများ၊ လုပ်ငန်းအကြိမ်ကြိမ်ပျက်စီးသော်လည်းအဆုံးတွင် ကြီးပွားလာသူများ၊ ခြေလက်ချို့တဲ့နေသော်လည်း ဘဝကို အရှုံးမပေး သမ္မာအာဇီဝဖြင့် အသက်မွေးသူများတို့သည် EQ မြင့်သူများ ဖြစ်သည်။ ထိုသူတို့၏ စိတ်အားတက်ကြွမှုကို ကမ္ဘာကျော်တီထွင်သမားကြီး အက်ဒီဆင်၏ ‘အကြိမ်တစ်ထောင်မှားခဲ့သည့်အတွက် မှားနည်းအကြိမ်တစ်ထောင် သိသွားပြီ။ မှန်ရန်နီးသထက်နီးလာပြီ’ ဟူသောစကားတွင် မြင်နိုင်သည်။ သာမာန်အချိန်တွင် EQ မြင့်သူတို့ကို မြင်ချင်မှ မြင်နိုင်မည်ဖြစ်သော်လည်း အခက်အခဲနှင့်ကြုံလာချိန်တွင် အလွယ်တကူတွေ့မြင်နိုင်သည်။ အခြားသူများ စိတ်ပျက်လက်မှိုင် ချနေချိန်တွင် EQ မြင့်သူတို့သည် တတ်နိုင်သလောက် ဆက်လက်ကြိုးစားနေဦးမည်။ ထိုအခါတွင်သူတို့ထံမှ စိတ်ဓါတ် တက်ကြွမှုများ ကူးစက်လာကာ အခြားသူများလည်း အားထုတ်လုပ်ကိုင်သောကြောင့် အားလုံးအခက်အခဲမှ လွတ်မြောက် ပေမည်။

    အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြားသူများ၏ နေရာမှ ဝင်ခံစားနိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက်လက္ခဏာများပင်ဖြစ်သည်။ ထိုအချက်များပေါင်းစပ်ထားသော Empathy သည် ှEQ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ အခြားသူများ၏ ရင်တွင်းသို့ ဝင်ကြည့်နိုင်သော ၊ ခံစားနိုင်သောသူသည် အခြားသူများနှင့် ထိထိရောက်ဆက်ဆံနိုင်သည်။ ထိုသူတို့၏ လိုအင်ကို ဖြည့်ဆည်းပေးနိုင်သည်။ ‘ပါးစပ်ဟတာကြည့်ရုံနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာကို သိတယ်’ဆိုသည်မှာ Empathy အားကောင်းသူတို့ပင်ဖြစ်ရာ ထိုသူတို့သည် လူတို့နှင့် ဆက်ဆံရသောနေရာများတွင် အောင်မြင်သူများဖြစ်သည်။ လူနှင့်မဆက်ဆံရသောနေရာ မရှိသလောက်ပင်ဖြစ်ရာ နေရာတိုင်းတွင် Empathy မြင့်သူတို့ အောင်မြင်ပေသည်။ အိမ်ထောင်ရေး၊ မိသားစုရေး၊ လူမှုရေး ၊ နိုင်ငံရေး ၊ စီးပါွးရေး နေရာတိုင်းတွင်ပင်။
    ခြုံပြောလျှင် EQ သည် Self-awareness ကိုယ့်ကိုကိုယ်သိခြင်း၊ Self-regulation မိမိခံစားချက်ကို ပဲ့ပြင်နိုင်ခြင်း ၊ Motivation စိတ်အားတက်ကြွခြင်း၊ စိတ်အားတက်ကြွစေခြင်းနှင့် Empathy တခြားသူများနေရာတွင် ဝင်ခံစားနိုင်ခြင်းတို့ ဖြစ်သည်။ လူဖြစ်လာပြီဟု ဆိုလျှင ်ခံစားချက်ပါမြဲပင် ။ ခံစားချက်သည် မီးနှင့်တူပြီး သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်သည်။ EQ မြင့်လျှင် ခံစားချက်သည် လိုရာသုံးဆေးတစ်လက်ဖြစ်သွားကာ မိမိအကျိုး၊ ရပ်ရွာအကျိုး ၊ နိုင်ငံ့အကျိုးကို ထိထိ ရောက်ရောက် သယ်ပိုးနိုင်ပေမည် ။

    Another forward email for the group about EQ.

    လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ)မဟုတ်။ နှလုံးရည် အဆင့်အတန်း(EQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှစိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်းအလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာ တွေ့ရှိမှုအရ (IQ)ကြောင့် အောင်မြင်သူ၂၅%၊ (EQ) ကြောင့် အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

    ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ် အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည် အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက် ဉာဏ်ရည် အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါလုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင် တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌တွေ့ရှိခ့ရဲသည်။

    (EQ)နှလုံးရည်ပြကိန်း (Emotional Quotient) သည် အကျင့်စာရိတ္တနှင် စိတ်နေသဘောသဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
    နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် –
    (၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

    (၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

    (၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

    (၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)

    (၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

    (၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)
    စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

    သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကိုသိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်း ဆိုးမည်ဆိုသည့် အဓိပ္ပါယ် သဘောပင် ဖြစ်သည်။ နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက် ဆိုးပြီး အောင်မြင်မှုမရ၊ ဘဝခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

    ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ ရသည်ဆိုခြင်းပင် ဖြစ်၏။

    နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှထက်ဝက်ရကြောင်း တင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည် အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

    ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘမျးာထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည်
    ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

    ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

    နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခ့လဲ ျှင် မိမိဘာသာ မိမိတည်ဆောက် ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

    နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

    (၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

    (၂) မှန်ကန်စွာသိခြင်းဖြင့် ဘဝင်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

    (၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ဝမ်းနည်းလွယ်၊ ဒေါသဖြစ်လွယ်မရှိပါစေနှင့်။

    (၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

    (၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

    (၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
    အချိန်ေ့ရွှဆိုင်းခြင်း မပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

    (၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

    (၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

    (၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

    ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည်နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘဝသို့ ရောက်လာပါလိမ့်မည်။ သင်သည်ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း
    ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

    မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။ လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်း ထိုသူပင်ဖြစ်သည်။ သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

    လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ဒီနေရာကနေ ပြောလိုက်ပါရစေရှင်။

  • htoosan

    September 23, 2011 at 1:34 pm

    ှဆိုး တာ က IQ ရှိသူများဟာ ငါ IQ ရှိတယ် ဆိုပြီး မာန ထား ကာ EQ ကို ဂရုမစိုက်ကြပါ။မာန်မာနထားကြပါသည်။ ထွေးပြီး တံတွေးပြန်မမြိုကြပါ။
    ထို့ကြောင့် IQ သမား အများစုသည် အောက်ဆုံး တွင် လည်း မရှိ သလို ထိပ်ဆုံးတွင်လည်း သိပ်မရှိပါ။

  • နွယ်ပင်

    September 23, 2011 at 1:41 pm

    IQ ရော EQ ရော မျှမျှတတရှိရင် ပိုကောင်းမယ်ထင်တယ်
    တစ်ခုတည်းကိုပဲ တစ်ဖက်စွန်းကြီး ပိုများနေမယ်ဆိုရင် ဘယ်အရာမှ
    ကြာကြာ ရေရှည်ရပ်တည်လို့ မရနိုင်လောက်ဘူးပဲ …….

Leave a Reply