Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကြင်ရွာသားတို့အတွက် မိန်းမမြတ်ခွဲခြားနည်း

koyin sithuOctober 2, 20111min91543

ကျွန်တော်တို့ ပုရိသ ယောက်ျားတွေအနေနဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ချစ်လို့ ယူကြတာပဲ ဖြစ်ဖြစ်၊ မိဘက သဘောတူလို့ လက်ထပ်တာပဲဖြစ်ဖြစ်… ကိုယ်ရဲ့ ဘဝလက်တွဲဖော်မိန်းမရဲ့ သန္တန်ကို များစွာ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ယူသင့်သော မိန်းမရဲ့ စရိုက်နဲ့ မယူသင့်သော မိန်းမတွေရဲ့ စရိုက် လက္ခဏာကို ဖော်ပြပေးလိုက်ပါတယ်။ သေချာကတော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်ချင်ရင် အချစ်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ရွာသူရွာသားတွေကို ဘယ်လိုထင်ကြပါသလဲဗျာ…?

မယူသင့်သော အကြင်မိန်းမတို့၏ သန္တန်

  • ငြင်းခုံတတ်သည့် အလေ့ရှိသော
  • ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော
  • မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော
  • များစွာချက်ပြုတ် စားတတ်သော
  • လင်ယောက်ျားမစားမီ အဦးအများစားတတ်သော
  • သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏

 

ယူသင့်သော အကြင်မိန်းမတို့၏ သန္တန်

  • စားမှုဝတ်မှု တို့တွင် မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်
  • မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့တွင် နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
  • လင်ကို လုပ်ကျွေးပြုစုရာတွင် ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်လျှင်
  • ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်
  • အိပ်သောအခါတွင် မွေ့လျော်စေတတ်လျှင်
  • ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်
  • အမျက်ထွက်သောအခါ သည်းခံတတ်လျှင် …………….. မိန်းမမြတ်ဟု ဆိုအပ်ပေ၏။

ကဲ… လူပျိုရွာသားတို့ မိန်းမမြတ်လေးတွေနဲ့ အပြီးဖက်ရပါစေဗျာ..

ကိုရင်စည်သူ

43 comments

  • thit min

    October 2, 2011 at 11:01 am

    ငြင်းခုံတတ်သည့် အလေ့ရှိသော
    ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော.. က
    အင်း.. ယောက်ကျားများလဲငြင်းခုံကြတာပါပဲ။
    မိန်းမတွေကငြင်းခုံတဲ့နေရာမှာဝါသနာပါသူတွေပိုများလေမလား?
    စောင်းမြောင်းတာကလဲလုပ်နေကြအလုပ်တခုလိုပဲမဟုပ်လား။နဲနဲပါးပါးစီတော့ရှိကြမယ်
    ထင်တယ်နော်။ယောက်ျားတွေတောင်လုပ်နေကြတာမလား။
    ကိုယ်အပေါ်တကယ်ချစ်ခင်ကြင်နာပြီး၊သစ္စာရှိရမယ်၊ကိုယ်ကိုဂရူစိုက်မယ်ဆိုရင်သစ်မင်းက
    ယူမယ်ဗျ။
    များစွာချက်ပြုတ် စားတတ်သော ကတော့အိုကေဗျ။ခွင့်လွှတ်တယ်။
    မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော
    လင်ယောက်ျားမစားမီ အဦးအများစားတတ်သော
    သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုး
    အဲဒီသုံးမျိုးကတော့သိပ်မကောင်းဘူး၊မဖြစ်သင့်ဘူးပေါ့ဗျာ။အတိုင်းအတာတ
    ခုအထိတော့လဲခွင့်လွှတ်ပြီးပြုပြင်ယူရတာမျိုးလဲရှိပါတယ်။သူပြင်ကိုယ်ပြင်ပေါ့ဗျာ။
    “No one perfects” မဟုတ်လားဗျာ.

    • Koyin Sithu

      October 2, 2011 at 11:25 am

      အပ်သွားရာ အပ်ချည်ပါဆိုသလိုပဲ အပ်နှင့်တူသော ယောက်ျားတို့က ဦးဆောင်ပြီး အပ်ချည်နဲ့ တူတဲ့ မိန်းမကို ကိုယ်လိုရာ ပဲ့ကိုင်ဆွဲခေါ်သွားနိုင်ဖို့ပါပဲ…။ ဘက်ပေါင်းစုံက ပြည့်စုံတဲ့ မိန်းမမြတ်တော့ ဒီဘက်ခေတ်ထဲမှာ ကျွန်တော်သိပ်မတွေ့ရတော့ဘူး။ ဒီတော့…
      ၁။ ကိုယ့်ချစ်သူကို မိန်းမမြတ်လား ဘာလား ဝေဖန်မနေတော့ဘူး..။ ကိုယ်နဲ့သူနဲ့ ဘဝလက်တွဲဖို့ အဆင်ပြေမလား။ ကိုယ်ကရော ပြုပြင်ပေးလို့ရနိုင်မလား။
      ၂။ ကိုယ်ကလည်း အရမ်းချစ်တယ်… ချစ်သူကလည်း ပြုပြင်လို့ မရဘူးဆိုရင်ကော လက်ထပ်မှာလား။ တစ်ဘဝလုံးလက်တွဲကြမလား။ အရမ်းချစ်လို့ လက်ထပ်လိုက်ရင်တောင်မှ အဲ့ဒီ အိမ်ထောင်ရေးက ရေရှည်မြဲမယ်မထင်ပါဘူး။
      ၃။ (သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏) ကျွန်တော်တို့ ယောက်ျားတွေက အကျင့်မွဲတဲ့ မိန်းမကို သားအယောက်တစ်ရာရှိတဲ့ အချိန်တောင် စွန့်ပစ်နိုင်ပါတယ်။
      ကိုသစ်မင်းဆွေးနွေးပေးသွားတာလည်း ကောင်းပါတယ်… ကျေးဇူးပါ။

  • windtalker

    October 2, 2011 at 11:12 am

    ကြောရရုံ မကြံကြဘူး ဆိုရင်တော့
    ကိုရင် ရေးတဲ့
    မိန်းမမြတ်လေးတွေ နဲ ့
    ခဏလောက် ဆုံချင်မိသား
    ဟီဟိ

  • မှန်တယ် ကိုသစ်မင်းရေ။ပြီးပြည့်စုံသူမရှိပေမယ့်. ကောင်းအောင်နေတတ်ဖို ့တော့လိုမယ်ထင်ပါတယ်။ကျေးဇူးပါ ကိုရင်စည်သူရေ။

  • MaMa

    October 2, 2011 at 7:44 pm

    ှုှုငှက်ကြီးက ဘယ့်နှယ်ကြောင့် ကိုရင်ဘဝ ရောက်သွားရတာတုန်း။ ငှက်လည်း သင်္ကန်း ဝတ်လို့ ရတာပဲလား။ 😉

  • GreeNSheeP

    October 2, 2011 at 8:57 pm

    အပြီးဖက် ဆိုတာ ဘာလုပ်တာကို ပြောတာလဲဟင်
    ကျွန်တော် က အသစ်ဆိုတော့
    နားမလည် လို ့ပါ အကို

    • Koyin Sithu

      October 2, 2011 at 10:00 pm

      သိုးစိမ်းသစ်ရေ… အပြီးဖက်ဆိုတာ… အကို ရေးထားသလို မိန်းမမြတ်မျိုးနဲ့
      တွေ့လို့ကတော့ အလွတ်မနေနဲ့တော့ တချီတည်းနဲ့ အပြီးသာ ဖက်သိမ်းလို့ပါတော့လို့…။

      MaMa >> မမရေ… ငှက်ကြီး ဆိုတာ ထူးအိမ်သင်ကို ပြောတာလားဟင်… သင်္ကန်းလည်း မဝတ်ရသေးသလို… အပြီးဖက်စရာလည်း မရှိသေးကြောင်းပါ ကြော်ငြာဝင်အပ်ပါသည် ခင်ည… 😀

  • nature

    October 2, 2011 at 10:33 pm

    ယောက်ကျာင်္းတွေက မိန်းမကောင်း မိန်းမမြတ်ရှာသလို မိန်မတွေကလည်း ယောက်ကျာင်္းကောင်းရှာကြပါတယ်။ မိန်းကောင်းတော့တွေ့လို့ ကိုယ်က သဘောကျပါပြီတဲ။ သူကယောကျာင်္းကောင်းမဟုတ်လို့ သဘောမကျရင်ကော ဘယ်လိုလုပ်မလဲ။ ကိုယ်ကဒါမျိုးကြိုက်တယ်ဆိုရင် ကိုယ်တိုင်ကလည်း ယောကျာင်္းကောင်းဖြစ်အောင်လုပ်သင့်တယ်။ ကိုယ်တဖက်တည်းက ရွေးလို့မရပါ။ သူကလည်းပြန်ရွေးမှာဖြစ်ပါတယ်။

    • ပန်းစံပါယ်

      September 19, 2012 at 11:23 am

      အလွန်မျှတပြီး မှန်ကန်တဲ့ကွန်းမန့်လေးပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 3, 2011 at 12:06 am

    ဒါတွေကတော့ မိန်းမမှမဟုတ်ပါဘူးဗျာ
    ယောက်ျားတွေလည်း သတိချပ်ရမှာဘဲ
    ဘယ့်နှယ့် ကိုယ့်ကြတော့အခွင့်ထူးခံလူတန်းစား လုပ်ခြင်ကြတယ်
    သူချက်တဲ့ဟင်း ကိုယ်အရင်ဝါးခြင်တာကတော့ မနိမ့်ပါဘူး 🙁

  • kai

    October 3, 2011 at 3:20 am

    တည့်တည့်ပြောရရင်တော့..
    ဟိုးးးးးးးးးးးးးးးရှေးအိနိ္ဒယခေတ်က.. အတွေးအခေါ်တွေကို.. မိန်းမ,မတွေ့မထိဖူးတဲ့.. ငယ်ဖြူဆရာတော်ကြီးကြီးတွေ.. ရောသမမွှေပြီး..ပြန်ရေးထားတာတွေလို့ထင်ပါတယ်…
    ရှေးစွန်းစွဲ အယူတွေပေါ့…။

    လက်ရှိခေတ်နဲ့..ဆက်စပ်လို့ရတဲ့.. အသစ်အမြင်နဲ့ ပြန်ရေးစေချင်တာပါပဲ..။
    အောက်မှာ.. အရွှဲ ့တိုက်ပြီး ပြန်ပြင်ပေးထားတယ်..။ ခံစားကြစေလိုကြောင်း…။ 🙂

    မယူသင့်သော အကြင် ယောက်ျား/မိန်းမတို့၏ သန္တန်

    ငြင်းခုံတတ်သည့် အလေ့ရှိသော (ငွေကြေးစံနစ်တကျ မစီမံတတ်သော)
    ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော (ပွင့်လင်းမြင်သာ ရှိအောင် မပြောတတ်သော)
    မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော ( ဘာမှမလိုချင်. ပုတီးစိတ် ..တရားချည်းအားထုတ်နေတတ်သော)
    များစွာချက်ပြုတ် စားတတ်သော ( ဖွယ်ဖွယ်ရာရာ မချက်ပြုတ်တတ်.. ရှိသည့်ဆိုင်နေရာမသိတတ်သော)
    လင်ယောက်ျားမစားမီ အဦးအဖျားစားတတ်သော ( တိတ်တဆိတ် ငွေကြေးစုဆောင်းထားတတ်သော)
    သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် ( သူတပါးအိမ် ညအိပ်သွားတတ်သော)
    အလေ့ရှိသော မိန်းမ/ယောက်ျားမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျား/မယားမိန်းမသည် စွန့်ပစ်ရာ၏
    =========
    လေ့လာလို့ရအောင်..
    http://uk.answers.yahoo.com/question/index?qid=20081223072720AA6Bvg2
    1. Drop the word divorce from your vocabulary. Don’t say, don’t use it, don’t think about it.
    2. Unconditional love. You have to learn to love your spouse even when they don’t deserve to be loved.
    3. Remember that love is a choice, not a feeling.
    4. At first things will feel great, but eventually the excitement and newness of the relationship wears off. When that happens, you have to recognize that it doesn’t mean you love your spouse any less.
    5. Don’t even think about cheating. Don’t look at members of the opposite sex in a sexual way, if possible and definitely do not put yourself in a situation where something could happen.
    6. You have to put your spouse’s needs ahead of your own.
    7. You have to be able to laugh at yourself.
    8. Pick your battles
    9. Don’t stop having sex…even if you don’t really feel like, don’t go for extended periods.
    10. When all else fails….pray.
    ==================
    http://www.angelfire.com/folk/marital/10com.htm
    1. TRUST

    2. BUILDING AND MAINTAINING CONFIDENCE OF SECURITY OF EMOTIONAL, SENTIMENTAL AND SPIRITUAL NEEDS WITH CARE AND RESPECT.

    3. UNDERSTANDING.

    4. ADJUSTMENTS.

    5. SEXUAL GRATIFICATION.

    6.FULFILLING ONE’S SPECIFIC ACCEPTED ROLES SINCERELY.

    7. HELPING FOR SELF-CONFIDENCE AND PERSONALITY DEVELOPMENT.

    8. BRINGING-UP THE CHILDREN WITH MORAL, HEALTH, EDUCATIONAL, INTELLECTUAL AND SOCIO-CULTURAL VALUES.

    9. COMMITMENT TO: FREE COMMUNICATION, FRANK DISCUSSION, MUTUAL CONSULTATION, TOGETHERNESS, PRIVACY, MUTUALITY, SEXUAL EQALITY, COMPATABILITY, COMPROMISE, ADJUSTABILITY, HONESTY, ADAPTABILITY, SYMPATHY, EMPATHY, SATISFACTION, SATIATION, HAPPINESS, JOYFUL COMPANIONSHIP, RESPECT, SHARING, INTIMACY, CO-OPERATION, CO-ORDINATION, COMPASSION, AND FAIR-LOOKING PRESENTATION OF SELF.

    10.ENSURING THE FOLLOWING NOT TO POKE THEIR NOSE WITHIN MARRIAGE: EGOISM, SELFISHNESS, SELF-RESPECT, RIGIDITY, HURTING THE FEELINGS, ARGUMENTS, NEGLET, HELPLESSNESS, HUMILIATION, CRITICISM, CONTRADICTS (CONVINCING IS BETTER THAN CONTRADICTING), OFFENSIVENESS, PROVOKING ACCUSATIONS.

    • Koyin Sithu

      October 3, 2011 at 12:41 pm

      သဂျီရေးသွားတဲ့ အရွဲ့တိုက် ယောက်ျား၊မိန်းမ သနာ္တန်ကလည်း မှန်ပါပေတယ်ဗျာ… ဒါပေမဲ့ ကျွန်တော် ရေးဖို့ကျန်ခဲ့တဲ့ အချက်လေးသုံးကို ထပ်ပြီး အထွန့်တက်ရေးချင်တယ်ဗျာ…
      ၁။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏
      ၂။ မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏
      ၃။ စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။

      1. one should praise meal after being digested.
      2. one should praise wife after she is over age.
      3. one should praise soldier after winning battle.

      လက်ရှိခေတ်နဲ့လည်း ဒီအချက်ဟာ အကိုက်ညီဆုံးပါပဲဗျာ… ကျေးဇူးတင်ပါတယ်… သူဂျီး…

  • etone

    October 3, 2011 at 9:39 am

    လျှောက်ပြောနေတယ် … 🙄
    ကြိုက်တာလေးတွေ ့တော့လည်း … ဘာအချက်မှ မစဉ်းစားနိုင်တော့ဘူး မို့လား 😀 😀

    • Koyin Sithu

      October 3, 2011 at 12:44 pm

      မအိတုံး… အဲ့လာတော့… ပြောရဘူးလေ… ဘာအရာမဆို ချွင်းချက်တော့ ရှိတာပေါ့လေ… ညှဲညှဲ… 🙂

  • ရင်နင့်

    October 3, 2011 at 11:47 pm

    99.99% ကန့်ကွက်ပါတယ်ခင်ဗျာ မိန်းမတွေကိုနှိမ့်ချလွန်းပါတယ်

  • nikita

    October 4, 2011 at 11:23 am

    ဒီခေတ်ထဲမှာ မိန်းမမြတ် မပြောနဲ့ ၊ မိန်းမကောင်းနဲ့ တွေ့ရင်တောင် ကျေးဇူးတင်သင့်နေပါပြီ။
    (ချွင်းချက်.. မိန်းမကောင်းနဲ့တွေ့ဖို့ကတော့ ကိုယ်ကိုယ်တိုင်လဲ ကောင်းအောင်နေပေါ့)

    • မောင်ပေ

      September 18, 2012 at 8:27 pm

      ဟုတ်ပအေ
      ပြောပစ်လိုက်စမ်းပါ
      အဲဒီလို အဲဒီလို
      “ ကိုကိုစည် ကွယ်ရာမှာ ခြေမများနဲ ့နော်
      ကိုကိုစည် အချိန်မှန်မှန် ဖုန်းဆက်ရမယ်နော … ”

  • Phyo

    October 4, 2011 at 3:03 pm

    ဒီလိုခေတ်မှာ ဒီလိုအတွေးအခေါ်နဲ့ ဒီလိုစာမျိုးကို ရေးသားပြီးတော့ တင်ဝံ့တဲ့ ဒီလိုလူကို အပြင်မှာ တစ်ခါလောက် တွေ့ဖူးချင်လိုက်တာ 🙂

    • Koyin Sithu

      October 4, 2011 at 3:18 pm

      Phyo >> တစ်ခါလောက်တွေ့ဖူးချင်ရင်တော့ ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ သျှောင်ထုံးကြီးနဲ့ စောင့်နေမယ်လေ…. ခေတ်ကာလတွေ ဘယ်လောက်ပြောင်းပြောင်း လူတွေရင်ထဲက လောဘ၊ ဒေါသ၊ မောဟတွေ မပြောင်းလဲသေးဘူး ဆိုတာတော့ ခင်ဗျားလေးကို အခွင့်ကြုံရင် သျှောင်ထုံးကြီးနဲ့ ကိုရင်ပြောပြချင်ပါသေးတယ်…။ ဟဲဟဲ… 🙂

  • ပုံပြောသူ

    October 4, 2011 at 7:48 pm

    သျှောင်ထုံးကြီးနဲ့ မောင်မပုန်းပဲ စောင့်နေမှာလား .. Koyin Sithu .. :mrgreen:

  • mgmglusoe

    October 4, 2011 at 7:50 pm

    သျှောင်ထုံးကြီးနဲ့ မောင်မပုန်းပဲ စောင့်နေမှာလား .. Koyin Sithu .. :mrgreen:

  • kthwinzayarmyo

    September 18, 2012 at 4:57 pm

    ကိုရင် နဲ့ ကျွန်တော်တို့ မိန်းမ အကြောင်းမဆွေးနွေးဘဲ
    တရား အကြောင်းပဲ ဆွေးနွေးကြရအောင်

  • Phaung Phaung

    September 18, 2012 at 5:30 pm

    ယောက်ျားကောင်း/ယောက်ျားမြတ်အကြောင်းလေးလည်း သိချင်ပါတယ်…

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 5:46 pm

      ကျုပ် ဘိုင်အိုဂလပ်ဖီ ကိုဖတ်ချင်တယ်. ဟုတ်စ

      ပုံ

      ဒဿဖွတ်ကျား

      :mrgreen:

  • R Ga

    September 18, 2012 at 5:52 pm

    ကျွန်ုပ်ကတော့ အဆိုပါအချက်တွေ ကိုသိသော်ငြားလည်း ဘာမှ မစဉ်းစာမိ။ ကိုက်မကိုက်ကြည့်နေဖို့လည်း စိတ်မဝင်စားအား။ ရင်ဘက်နှစ်ခုကြားက ချစ်ခြင်းပေါင်းခြင်း ရလဒ်အရသာ…ရွေးချယ်မိ၏..။

    အာဂကဋာ….။ စာကလေး ၂။ အပိုဒ်ခွဲ…၁၅၀၀။

  • candle .

    September 18, 2012 at 9:35 pm

    ကိုရင်စည်သူ..ရှင့်..
    အခုလိုပို ့စ်မျိုး..များများတင်ပေးပါ..
    ဘာ့ကြောင့်လဲဆိုတော့..
    အခုခောတ်ပြောင်းနေပြီလေ..
    ဘာတဲ့..ဆူးပေါ်ဖက်ကျလဲ..ဆူးကျိုး..
    ဖက်ပေါ်ဆူးကျလဲ..ဆူးကျိုး..တဲ့….လေ..
    အဟိ..

  • အရီးခင်လတ်

    September 19, 2012 at 2:10 am

    :kwi: “:kwi:”

    It works!!!!!
    Thanks Thagyiiiiiiiiiiiiiiiii :harr: “:harr:”

    :buu: “:buu:”
    :bar: “:bar:”

  • အရီးခင်လတ်

    September 19, 2012 at 2:17 am

    စိတ်မရှိပါနဲ့ ကိုရင်လေးစည်သူ။
    မိန်းမမြတ် ဖြစ်ခြင်း / မဖြစ်ခြင်း ထက် ပိုပြီး အရေးကြီးတာ စမ်းသပ် ချင် လို့ ကိုယ့် ကိုရင်လေး Post မှာ စမ်းလိုက်တာပါ။
    ဟိဟိ။

    :gee: “:gee:”
    :chit: “:chit:”

  • အရီးခင်လတ်

    September 19, 2012 at 2:23 am

    :eee: “:eee:”
    :byae: “:byae:”
    :ha: “:ha:”
    :saut: “:saut:”
    :om: “:om:”
    :chee: “:chee:”

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 5:08 am

        • etone

          September 19, 2012 at 8:25 am

          🙂 😆
          :biggrin: :redface:
          🙁 😥
          :surprised: 👿
          😮 😈
          :confused: :rolleyes:
          😎 :exclaim:
          😡 :question:
          😛 💡
          😐 ➡
          😉 :mrgreen:

        • Novy

          September 19, 2012 at 12:39 pm

          :kwi:
          :harr:
          :om:
          :chee:

          ခေတ်မှီလိုက်မှာဆိုးလို့

    • ကိုရင်စည်သူ

      September 19, 2012 at 12:03 pm

      :byae:
      :saut:
      ဟင် ဘာဒွေဖြစ်ကုန်တာလဲ အရုပ်အသစ်တွေလား…
      ဒါမျိုးဆို လက်တည့်စမ်းချင်ဒယ်…
      အရီး အန်တီ မေမေ ခင်လတ်ခင်ညား.. တားတားကို
      မိန်းမမြတ်လေးတစ်ယောက်လောက် ယူကေမှာ ချာပေးပါရား… :kwi:
      မိန်းမမြတ်ထဲမှာ ဂေဇက်သုံးရင် စိတ်မဆိုးတဲ့ မိန်းမဖြစ်ရမှာနော့… 😆

      • Ma Ei

        September 19, 2012 at 12:16 pm

        ကိုရင်ရေ…
        စကားမစပ်…
        သဇင်နီ Post က လက်ဝါးလေး စစ်ပေးပါနော်…
        :kwi:

  • mayjuly

    September 19, 2012 at 11:55 am

    ဘယ်လိုပြောရပါ့မလဲ…
    ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုသလိုပေါ့ဗျာ ..
    ကောင်းရင်ကောင်းတဲ့သူနဲ့တွေ့မယ်..မကောင်းရင်မကောင်းတဲ့သူနဲ့တွေ့မယ် ..
    ကိုယ်က မကောင်းပဲနဲ့ ကောင်းတဲ့သူ ရွေးမယ်ဆိုရင်ဖြင့် မသင့်တော်ပေဘူးပဲ ….
    “:kwi:”

  • surmi

    September 19, 2012 at 1:07 pm

    ဝိုင်းပြီးလက်ဆော ့နေလိုက်ကြတာ
    ဖျားနေတာတောင်ပျောက်သွားပြီ

    :kwi:

  • အရီးခင်လတ်

    September 19, 2012 at 2:37 pm

    ကိုရင်လေး
    အန်တီ လို အရီး လို ဆို အတော်လေးလုံလောက် ပါပြီကွယ်။

    အရီးတို့ UK က သိသမျှ မြန်မာ မိန်းကလေးတွေ က အချောအလှ ဖြစ်ရုံမက ဘုရား တရား နဲ့ နေကြတာ။ မပြောမရှိနဲ့။
    တော်တော်များများ က လူလွတ် အလိမ္မာလေးတွေ။
    ဒီတော့ လဲ အပျိုကြီး ဘဝ မှာပျော် နေကြပါလေရော။ 😉

    မိဝေး ဖဝေး ပင်လယ်ထဲ မှာ ပျော်ရွှင်ကျန်းမာ ပါစေ။ 🙂

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 2:42 pm

      အရီး စကားမစပ် … လူအေး နဲ့ သိလားဗျ..

      http://www.luaye.com/

      အရီးတို့ နားတင် နေတာ မှတ်တာပဲ

      :hee:

      • အရီးခင်လတ်

        September 19, 2012 at 2:50 pm

        အရီး နဲ့ သိတာ Oxford နားက IT အဖွဲ့ နဲ့ လန်ဒန် က Account အဖွဲ့ ဘဲရှိတယ်။
        ဒါတောင် အရင်ထဲ က မြန်မာပြည်ထဲ မှာ အဆင့်ဆင့် သိခဲ့တာ။
        တော်ရုံ ဒီမှ သိကျွမ်းခဲ့တာ ရှားသား။
        ဒီတော့ မသိနိုင်ဘူး ထင်တာဘဲ။ 🙂

    • ကိုရင်စည်သူ

      September 19, 2012 at 3:13 pm

      အရီး.. အန်တီ ..မေ .. အဲ.. အရီးခင်လတ် ဆုတောင်းပေးလို့
      တားတား ဝမ်းသာမိပါဒယ်… လမ်းကြုံရင်ပြောပေးဘာ ယူကေဂ ဘုရားတရား
      မြဲဒဲ့ အလိမ်မာလေးဒွေကို ဘုရားတရားနဲ့နေတဲ့ လူလွတ်အလိမ်မာလေး
      သင်္ဘောသီးလေးတစ်လုံး ရွာထဲရှိပါဒယ်လို့… 😳 😳
      ဝယ်မဲ့သူမချိလို့ ရေထဲ ဘောလောမျောနေဘာဒယ်ရို့… 🙁 🙁

      ခင်မင်လျက် 🙂

  • aanyar thar

    September 19, 2012 at 6:48 pm

    ကိုရင်စည်သူ…ရေ…ဒါတွေဟာ….သူနဲ့ကိုယ်….အကြင်လင်မယား…ဖြစ်ပြီးမှ့…..သိ့နှိုင်မယ့်ဟာတွေလေ……ညားပြီးသိ့မှ့…ဟာ..ဟုတ်ဘူး…ဒီမိန်းမ…မိန်းမမြတ်မဟုတ်ဘူး…….လို့..ငါ့လူသိ့ပြီ….သူမြတ်တာ မမြတ်တာတော့ …ထားတော့…..ငါ့လူ…တစ်ခု့လတ်..ဖြစ်ပြီဆိုတော့..သေချာပဲ…မိန်းမမြတ်…အကြောင်း…ရေးခဲ့တဲ့…ရှေးပညာရှိ့ဆိုတာ..တွေက….ကျနော်တို့…ဘဘုန်းတွေနော်…စဉ်းစားဦးဗျ…သူတို့ကဘာလို့သိ့လဲ…ဥပမာဗျာ..ဘယ်နေရာမှာ..မဲ့..ပါတာတို့…အင်္ဂါဇါတ်က…ဘယ်လိုပုံတို့ဆိုတာက…ညားပြီးမှ့..သိ့သင့်တာတွေနော်…မညားခင်သိ့..တယ်ဆိုပါတော့..သိ့ပြီးမှ့……..ဟင်…တူက…ကျမ်းဂံ..နဲ့ညီတဲ့…မိန်းမမြတ်လည်း…ဝုတ်ဘူး…ဆိုရင်တော့…………ကျနော်ဟာ….လူယုတ်မာ..ပေါ့ဗျာ..

Leave a Reply