ကုန်ကားသမားတွေရဲ့ ဒုက္ခ
မနေ့ကလဘက်ရည်ဆိုင်ထိုင်ရင်း ကုန်ကားသမားမိတ်ဆွေအချို့ရဲ့
ညီးညူသံကိုကြားရပါတယ်။ ကုန်တင်တဲ့အခါမှာအာစီယံစံချိန်စံညွှန်း
အတိုင်းတင်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့်လို့ဆိုပါတယ်။
အခုတလောလမ်းတွေရဲ့ကတ္တားတွေဟာ ယာဉ်တန်ချိန်ကိုသတ်မှတ်ရာမှာ
တပြေးညီမဟုတ်ပဲအမျိုးမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။တချို့နေရာတွေက
ဗွီအိုင်စီမှာပါတဲ့ယာဉ်တန် ကုန်တန်ကိုပဲ လက်ခံပြီး တချို့နေရာတွေမှာ
တော့သတ်မှတ်ထားတဲ့တန်ကိုလက်ခံတယ်ဆိုပါတယ်။
တချို့နေရာတွေမှာကတ္တားချိန်တဲ့အဖွဲ့ကလက်ခံပေမဲ့ ယာဉ်စစ်ဆေးတဲ့
ဆောက်လုပ်ရေးအဖွဲ့ကလက်မခံဘူးလို့ဆိုပါတယ်။
အချို့ကားတွေဟာယာဉ်မှတ်ပုံတင်စာအုပ်ထဲရေးထားတဲ့သတ်မှတ်ချက်
အတိုင်းဆိုရင် ကုန်လုံးဝတင်လို့မရတော့လောက်အောင်ဖြစ်နေတယ်
လို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်၊ သူတို့ကားတွေဟာ
အော်ရီဂျင်နယ်အတိုင်းမဟုတ်ပဲပြုပြင်ထားကြတာပါ။ ကားတစ်စီး ကို
ဝယ်လာပြီးရင် ဖရိန်ကိုပိုမိုတောင့်တင်းအောင် ထပ်ပိုးကြပါတယ်။
တန်းတွေကိုပါလာတဲ့တန်းထက်တန်ချိန်ပိုတင်နိုင်တဲ့တန်းတွေပြောင်းလဲ
တပ်ဆင်ကြပါတယ်။ဂွေတွေပြောင်းပါတယ်၊တာယာဆိုဒ်တွေပြောင်းပါ
တယ်။ အဲဒီအခါမှာယာဉ်ရဲ့တန်ချိန်ဟာ ကုန်မတင်ရသေးပေမဲ့
ယာဉ်မှတ်ပုံတင်မှာပါတဲ့ ယာဉ်+ ကုန်ရဲ့ တန်ချိန်နဲ့ညီသွားတဲ့အတွက်
ကုန်တင်လို့မရတော့ပါဘူး။ ဘာကြောင့်ဒီလိုလုပ်ကြရတာလဲဆိုတော့
(၁)ကုန်ပိုတင်ချင်လို့လုပ်ကြတာပါ၊ဘာလို့များကုန်ကိုပိုတင်ချင်ကြသလဲ
ဆိုတော့ ကားတစ်စီးကိုသူတို့ဝယ်ထားရတဲ့ဝယ်ရင်းဈေးနဲ့ ဒီကားကို
ပြန်ခိုင်းစားတဲ့နေရာမှာတွက်ချေကိုက်အောင်လုပ်ရတာလို့ဆိုပါတယ်။
ဥပမာ ကားတစ်စီးကိုသိန်းတစ်ရာရင်း ဝယ်ထားပြီး လုပ်စားလို့
တစ်ခေါက်ကို နှစ်သိန်းမြတ်မယ်ဆိုရင်
သိန်းသုံးရာနဲ့ပေးဝယ်ထားရတဲ့ကားဟာ တစ်ခေါက်ကို ငါးသိန်းလောက်
မြတ်သင့်တာပေါ့ ။ အဲဒီမှာဘာဖြစ်လာသလဲဆိုတော့၊ အာစီယံစံနှုန်းနဲ့ပဲ
ကုန်တင်ရမယ်ဆိုရင်ကားရဲ့တန်ဘိုးဟာလည်း အာစီယံဈေးနှုန်းပဲ
ဖြစ်သင့်တယ်လို့ဆိုပါတယ်။ မတန်တဆဲ့ဈေးနဲ့ ပေးဝယ်ထားရတဲ့
ဒီကားကိုခိုင်းစားတဲ့နေရာမှာတွက်ခြေကိုက်အောင်ကုန်ကိုပိုတင်ရတယ်လို့ဆိုပါတယ်။
(၂)တချို့ ကားလမ်းတွေဟာတော်တော်ကိုဆိုးရွားပါတယ်၊ဒီလမ်းကြောင်း
တွေမှာ မောင်းဖု့ိဆိုရင် ကားရဲ့ခံနိုင်ရည်အားကို ပိုမိုကောင်းဖို့အတွက်
အထက်ကပြောတဲ့နည်းလမ်းတွေသုံးပြီးမော်ဒီဖိုင်းလုပ်ကြရပါတယ်။
မလုပ်ပဲ အော် အတိုင်းမောင်းမယ်ဆိုရင်ကားဟာအချိန်မတန်ခင်မှာ
ဂျုန်းဂျုန်းကျသွားမှာပါ။
ဒါကြောင့်ပြုပြင်လိုက်ရတဲ့အတွက်ယာဉ်တန်ချိန်တွေဟာမလိုအပ်ပဲတက်
လာရတယ်လို့ဆိုပါတယ်။ ယာဉ်တန်ချိန်တက်လာတဲ့အတွက် ကုန်တင်တဲ့
အခါကျတော့များများတင်လို့မရတော့ပါဘူး၊ အဲဒီတော့ယာဉ်ကိုတခါ
ဝိတ်ပြန်လျှော့ရပြန်ပါတယ်။ ပြောင်းလဲရတဲ့စရိတ်ကုန်ကျတာအပြင်
လမ်းဆိုးလို့ခံနိုင်ရည်မရှိတဲ့အတွက် ယာဉ်အပျက်အစီးများပြီးပြင်ဆင်ရတဲ့
စရိတ်လည်းပိုတက်လာပါတယ်။ဒီတော့တွက်ခြေသိပ်မကိုက်တော့ဘူးပေါ့
အာစီယံစံနှုန်းအတိုင်းကုန်တင်ခိုင်းမယ်ဆိုရင် လမ်းကိုလဲ အာစီယံလမ်း
အတိုင်းလုပ်ပေးဖို့လိုပါတယ်။စနစ်တစ်ခုကိုပြောင်းတယ်ဆိုတာအရမ်းကာ
ရောစာရွက်ပေါ်မှာအမိန့်စာရေးပြီးပြောင်းဖို့မလွယ်လှပါဘူး။ပြောင်းလဲမယ့်
စနစ်နဲ့ဆက်စပ်နေတဲ့အခြေခံကျတဲ့အချက်အလက်တွေကိုပါလေ့လာပြီးမှ
တဆင့်ခြင်းစနစ်တကျပြောင်းလဲသသင့်တယ်ဆိုတဲ့သင်ခန်းစာလေးကိုရရှိ
လိုက်ပါတယ်။
13 comments
etone
October 15, 2011 at 10:11 am
ဒင်းတို့ ပြောပြန်လျှင်လည်း ဒေါကန်ဦးမယ် သူတို့က သူများ အာဆီယံဆိုလို့ ယောင်ဝါးဝါးလိုက်လုပ် … စစ်ချင်တဲ့ကားကိုစစ် ၊ မစစ်ချင်တဲ့ကားကိုလွှတ်နဲ ့ …. အဲ့ဒီဝန်ပိုတင်တဲ့ကိစ္စလည်း ဖြစ်ဖြစ်မြောက်မြောက်တော့ အောင် မြင်မယ် မထင်မိဘူး .. ။ 🙄
windtalker
October 15, 2011 at 12:49 pm
ကားသမားတွေ အတွက်တင် မဟုတ်ပါဘူး
ကုန်သည်တွေ အတွက်ပါ ဒုက္ခဖြစ်စေပါတယ်
တန်ဆာခ တွေ တက်လာမှာ အသေအချာမို ့ပါပဲ
အဲဒီခါကြ ကုန်စည် ပေါ်မှာပဲ ဈေးနှုန်းတင်မှာပါ
ဒီအတွက် စားသုံးသူ ဆီမှာပဲ နောက်ဆုံး ဘူတာဆိုက်ပါမယ်
နောက်ပြီး ကားဂိတ်တွေ မှာ ကုန်တင်ကုန်ချ လုပ်သားများအနေနဲ ့လဲ
ဝင်ငွေ လျော့သွားမှာ အသေအချာပါပဲ
Arkar11
October 15, 2011 at 1:00 pm
အဲလောက်ဖြစ်နေရင်လည်း ကုန်ကားပိုင်ရှင်တွေပေါင်းပြီး အထက်လူကြီးတွေကို အချက်ကျကျ တင်ပြကြပေါ့…အဲဒါမှ အဆင်မပြေရင် တပါတ်လောက် ကားမထွက်ဘဲ Strike လုပ်ကြပေါ့…မီဒီယာပါ ပါလာပြီ ဆိုရင် လူကြီးတွေလဲ အဆင်ပြေမဲ့အပြောင်းအလဲတွေ လုပ်ပေးရတော့မှာပါ…
meelay
October 15, 2011 at 1:03 pm
တန်ဆာခဈေးကတော့ မီးတို့ မူဆယ်မှာ အရင် တန်ပို မသတ်မှတ်ခင်က ကားခ ၁ ပိဿာ 60/ ပတ်ဝန်းကျင်ကနေ အခု တန်ပို သတ်မှတ်လိုက်တော့ 115/- ကျပ်လောက်ဖြစ်သွားတယ် … ပစ္စည်းတင်ရတာလဲ အခက်အခဲတွေရှိလာတယ် …. တန်ပိုသတ်မှတ်တာလဲ ဘယ်နှစ်ခေါက်မြောက်ရှိနေပြီလဲ မသိ…. သတ်မှတ်လိုက် ပြန်ဖျက်လိုက်နဲ့ ……
“ဘီလူးကြီး”ogre
October 15, 2011 at 1:42 pm
အရေအတွက်များပြီး အရေအသွေးမရှိတဲ့ လမ်းတွေ …
အရေအတွက်များပြီးခံနိုင်ရည်မရှိတဲ့ တံတားတွေကြောင့်
တန်ပိုသတ်မှတ်ချက်တွေ ထုတ်ပြန်နေရတာပဲဗျ
ဒါကြောင့် အောက်ခြေခိုင်အောင်အရင်လုပ်သင့်တယ်ထင်တာပဲလေ
လမ်းကွာလတီနိုင်ငံတကာစံချိန်မှီပြီလား
တံတားကွာလတီ နိုင်ငံတကာစံချိန်မှီပြီလား
အဲဒါတွေ အရင်ပြင်သင့်တယ်
အင်းစိန်က အောင်ဇေယျတံတားလားမသိဘူး တစ်ခါအဲဒီလမ်းကမောင်းဘူးတယ်
လှိုင်သာယာဘက်အဆင်းမှာ ချဉ့်ကပ်လမ်း မြေသားတွေကျွံကျ နေတာတွေတော့
တော်တော် လန့်သွားတာနဲ့ အဲဒီတံတားဘက်က လုံးဝမသွားတော့ဘူး
ပြင်သင့်ပြီဗျ…တစ်ခုထဲမဟုတ်ဘူး အကုန်လုံးပဲ..။။။
mawmyayoo
October 15, 2011 at 2:02 pm
ပြောတော့အာစီယံတဲ့လမ်းကချာတူးလန်နေတာဘဲမယုံရင်ပဲခူးနဲ ့ပျဉ်းမနားလမ်းအတွင်းထဲကလမ်းကိုကြည် ့
ပါလား။ လမ်းကပိုက်ဆံကောက်တဲ့သူတွေလည်းသူတို ့မို ့လို ့မရှက်တယ်လူကြီးတွေကမသိတာလားမသိ်ချင်
ယောင်တောင်တာလားမသိပါဘူးအဲဒီလမ်းကသူတို ့မသုံးဘူးလေဘယ်သိပါ ့မလည်းမသိဆိုလို ့တခုသတိ
မိတယ်ဘိုးတော်သန်းရွှေခောတ်ကလပွတ္တာမှာတခေါက်ကမိုးတွေတအားရွာလို ့ဟတ်စကီးတက်မရတော့သူ
ကားလမ်းကပြန်ခဲ့ရတယ်မြောင်းမြကိုပြန်ချင်လို ့ပြန်တာမဟုတ်ဘူးနော်နေစရာမရှိလို ့ကားတောင်ကောင်း
ကောင်းမဟုတ်ဘူးအဲဒီလိုပြန်မှသူသိသွားတယ်ကိုယ်ကလည်းသူ ့နောက်ကနေမောင်းပြန်လာခဲတာလေသိ
ချင်လို ့နောက်ရက်TVသတင်းကြည် ့တော့သူကလမ်းသိချင်လို ့အောက်ကသွားခဲတယ်ဆိုဘဲ(လိမ်ပုံလိမ်ပုံ)
ပြီးတော ့မှနောက်ရက်တွေမှာဆောက်လုပ်ရေးကိုလမ်းမြေပုံတွေကြည် ့လမ်းတွေဖေါက်မယ်ဆိုပြီးလုပ်ခဲ့သေး
တယ်လေသူတို ့မို ့လို ့အာစီယံစံနှုန်းလို ့ပြောထွက်တယ်
small cat
October 15, 2011 at 5:13 pm
မောမြေဦးက ဆရာကြီးနောက်ကမောင်းပြန်လာတာဆိုတော့
အဲဒီယာဉ်တန်းမှာပါတဲ့လူကြီးတစ်ယောက်ယောက်စီးတဲ့ကားကိုမောင်းတဲ့သူလား?
ဆရာကြီးတွေသွားတဲ့လမ်းကြောင်းတော်တော်များများကိုလိုက်ဖူးမှာပေါ့နော်။
Thantwethar
October 15, 2011 at 9:43 pm
အာစီယံစံနှုန်းအတိုင်းကုန်တင်ခိုင်းမယ်ဆိုရင် လမ်းကိုလဲ အာစီယံလမ်း
အတိုင်းလုပ်ပေးဖို့လိုပါတယ်ဆိုတဲ့အချက်ကိုမီဒီယာတွေဝိုင်းရေးဖို့.လိုအပ်ပါတယ်။ဒီလိုသာမီဒီယာတွေ ဝိုင်းရေး ပေးမယ်ဆိုရင်လွှတ်တော်ဆိုတဲ့စားပွဲခုံကိုအော်တိုရောက်သွားမှာပါ။ဒါဆိုရင်တော့အနှေးနဲ့. အမြန်တစ်ခုခုထူးခြားလာမယ်လို.ထင်ပါတယ်။ကျွန်တော်သိသလောက်အကြံဝင်ပေးကြည့်တာပါ။
thit min
October 16, 2011 at 6:50 am
ကိုစမာကက်လေး တို့ ကို ပီအမ် ပို့ထားတာ ကြာပါပြီ။
ခု ပေ့ချ် ရဲ့ အပေါ်ဆုံးက အပြာရောင် အတန်းကြီး မှာ ” FORUM ” ဆိုတာတွေ့မှာပါ။
အဲဒါကို “click” ပီးတော့ ဖိုရမ် ပေ့ချ် မှာ “Log out ” ဆိုတဲ့ စာလုံးလေးရဲ့ အောက်နားမှာ စာအိပ်ပုံလေး
တွေ့ရင် ” click ” လိုက်။ အဲဒီဟာ ဘရာသာ ရဲ့ ပီအမ် “စာအဝင်”ဘဲ။ အဲဒီမှာ ပို့ထားပြီးသားပါ။
Foreign Resident
October 17, 2011 at 9:03 am
အာစီယံစံနှုန်းအတိုင်း ကုန်တင်တာက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ ။
အားလုံးခံသာအောင် ညင်ညင်သာသာဖြစ်အောင် ဘယ်လိုလုပ်မလဲက စဉ်းစားစရာပါ ။
အာစီယံစံနှုန်းအတိုင်း ဆောက်ထားတဲ့ အဝေးပြေးလမ်းတွေမှာ
အာစီယံစံနှုန်းညီတဲ့ကားတွေပဲပေးမေါင်းပေါ့ မကောင်းဘူးလား ။
unclegyi1974
October 17, 2011 at 10:31 am
ပြောတော့အာဆီယံစံ
နောက်ဆက်တွဲအဖွင့်အပိတ်ကလေးနဲ့
သတ်မှတ်တန်သာတင်ရန်
တန်ပိုပါကဘယ်နှစ်ဆဒါဏ်ကြေးဆိုတာကိုကမဟုတ်တာ
ဒါကလုပ်စားလိုု့ရအောင်နှပ်ကြောင်းပေးထားတာအသိသာကြီး
လမ်းတံတားတွေငွေအရနည်းလို့ပိုရအောင်ဖန်တီးပေးလိုက်တဲ့စနစ်တွေပါ
ကားသမားကဒါဏ်ဆောင်ပြီးပြေးမှာပဲဒါဏ်ကြေးကိုဘယ်သူတွေခံရမယ်မှတ်သလဲ
ကားသမားကခံမယ်များမှတ်နေသလားမသိဖူး…
မိုက်ကယ်ဂျော်နီအောင်ပု
October 17, 2011 at 12:08 pm
ကတ္တားချိန်တာလေးဖြည့်ပြီးပြောလိုက်ဦးမယ်
98 နောက်ပိုင်းတော့ ကတ္တားတွေက ပိဿာလေးနဲ့မချိန်တော့ဘူး ဒစ်ဂျစ်တယ်ချိန်ခွင်တွေပေါ့နော
ဆိုတော့ကာ
ယာဉ်တစ်စီး ချိန်ပြီးတာနဲ့ နှုန်းထားက အလိုလျှောက် သူ့မူရင်းစာရွက်ပိုင်းလေးနဲ့ထွက်လာတာဘဲ
မူရင်းကတ္တားရဲ့ စာရွက်ကိုမပေးဘူး
အခြားစာရွက်ပိုင်းလေးမှာ လက်ရေးနဲ့ ရေးချင်သလောက်ရေးပြီး
သူတို့ရေးပေးသလောက်ရှင်းပေးရတယ်
ကြာပါပြီ 98 တုန်းကပါ ခုတော့မသိဘူး
mawmyayoo
October 28, 2011 at 11:37 am
ကြောင်သေးသေးလေးရေအဲလိုကောင်တွေရဲ ့အောက်မှာတော့လုပ်မစားဘူးဘာလို ့လည်းဆိုတော ့သူတို ့
ကအာဏာနဲ ့အုပ်ချုပ်တဲ့သူလေ ကြောင်သေးသေးလေးခေါင်းကြီးကြီးနဲ ့တွေးပါနော်တွေ ့လားဒို ့ဆီက
ဦးကြောင်ကြီးဆိုခေါင်းပါကြီးတယ်။ခေါင်းသေးတဲ့ကောင်တွေဘဲလုပ်စားပါတယ် အဲလိုလူတွေရဲ ့အောက်မှာ
သိတယ်မဟုတ်လားယောက်ကျားကသုူအောက်ကဝန်ထမ်းဆိုရင်မိန်းမကအိမ်ဖေါ်လေသက်သက်ထမ်း
ဆောင်ပေးရတာနော်လစာရမယ်မထင်နဲ ့ကြောင်သေးသေးလေးအတွက်အရိုးတောင်ဝါးရမယ်မထင်ဘူး