စူပါပါဝါဖြစ်ဖို့ဆိုတာ…..

thit minNovember 3, 20111min39037

ကိုရင်မောင်ပို့စ်ကိုဖတ်ပြီးကျနော်

ကိုကြောင် ပြောတာကိုထောက်ခံဆွေးနွေးလိုပါတယ်။

စူပါပါဝါဖြစ်ဖို့ဆိုတာ…..

စီးပွါးရေးတောင့်တင်းရုံတခုနဲ့ မဖြစ်နိုင်ပါဘူး။တခြား factor (ဖက်တာ)တွေအများကြီးရှိပါတယ်။

ဘာတွေလဲဆိုတော့

(၁)စီးပွါးရေး

(၂)စစ်ရေး

(၃)နိုင်ငံရေး

(၄)ယဉ်ကျေးမှုဆိုင်ရာ(ပါဝါအေပျော့-Soft Power)

(၅)ပထဝီအနေအထား။

တွေပါဘဲ။

ကျန်တာတွေခနထားပါ။

စီးပွါးရေးဆိုတာကိုဘဲကြည့်ရအောင်ပါ။

စီးပွါးရေးမှာGrowth  နဲ့ Development ဆိုတာရှိပါတယ်။

စီးပွါးရေတိုးတက်မှုနဲ့(ဘက်စုံ)ဖွံ့ဖြိုးတိုးတက်မှုပါ။

တရုတ်ကGrowth အနေအထားမှာပါ။လောလောဆယ်နော်။

Growthကိုတာရှည်ထိန်းနိုင်မှ Development အဆင့်ကိုရောက်ပါတယ်။

အဲဒီအဆင့်ကိုရောက်ဘို့Ethics(အကျင့်တရား)လိုပါတယ်။

လောလောဆယ်တရုတ်ထုတ်တွေမှာJapan, USA Background တွေမခံထားတဲ့ ထုတ်ကုန်တွေမှာEthic

သိပ်မရှိပါဘူး။(Skecher ကြိုက်တဲ့သစ်မင်းတောင်ဒီမှာတရုတ်  Skecher တွေချည်းဖြစ်နေလို့မစီးတော့ပါဘူး၊

မြန်မာမှာတုန်းကUS မိဒ်ဝယ်လို့ရခဲ့တာနော်၊ USA Background ခံထားပေမဲ့ Customer’choice/ Preference

ဆိုတဲ့ သဘောတွေရှိတာကိုပြောတာပါ)

နောက်တခုကကိုယ်ပိုင်နည်းပညာ” Innovation ” လိုပါတယ်။

တဦးတည်းပိုင်”Niche Market” ကိုထောင်နိုင်ရပါတယ်။Japan ဟာToyota,Nissan,Honda နဲ့ သူ့ရဲ့ကား

“Car’ Niche Market” ကိုထောင်နိုင်ခဲ့ပါတယ်။အဲဒီလို လိုအပ်ပါတယ်။

ခုလောလောဆယ်တရုတ်ပစ္စည်းဆိုတာ”အမေရိကန်၊ဂျပန်၊ဥရောပ”နည်းပညာတွေနဲ့ချည်းပါ။

အဲတခုဘဲMarket Share(ဈေးကွက်ရှယ်ယာ)ကြီးထွားလာတာတော့မငြင်းနိုင်ပါဘူး။

တရုတ်၂၀၀၁ခုနှစ် (WTO-World Trade Organization ) ဝင်ပြီးထဲကတက်လာတဲ့

ဈေးကွက်ရှယ်ယာအရှိန်ခုထိမကျလို့ ကုန်သွယ်ရေးအသာရပြီး အမေရိကန်ကိုကျော်တက်သွားတာပါ။

အကြောင်းရင်းကလဲကိုဂျပန်နဲ့ကိုအမေရိကန်တို့ကိုယ့်အမြှီးကိုယ်ပြန်နင်းတဲ့ဇာတ်ပါဘဲ။

သူတို့ကလုပ်ခဈေးပေါတဲ့…လူအင်အားများတဲ့တရုတ်ကို (FDI-Foreign Direct Investment)

အတ်ဖဒီအိုင်တွေစွတ်ဝင်တယ်။အာရှဈေးကွက်ကြီးကိုလဲအုပ်ချင်တာ။ အစတော့ရိုးရိုးပါဘဲ၊

နောက်ပိုင်းသူနိုင်ငါနိုင်အပြိုင်ကျဲကြတော့ပုံစံအသစ်နဲ့ FDI ဖြစ်လာပါလေရောဗျ။

ဘယ်လောက်ဆိုးလဲဆိုတော့ အရင်က FDI

က”ငွေ”ဘဲသွားတာနောက်ကျတော့နည်းပညာကိုဒီအတိုင်းယူသွားတော့တာ။

ရှင်းလားမသိဘူး။

အရင်က ဂျပန်အရင်းအနှီးနဲ့တရုတ်မှာထုတ်တဲ့ပစ္စ္စ္စ္စ္ပ္စ္စ္စည်း ၂ နိုင်ငံလုံးမှာ(Japan,China ) ထုတ်တယ်။

နောက်ကျတော့ဂျပန်မှာကိုလုံးဝမထုတ်တော့ဘဲနည်းပညာကိုသယ်သွားပြီး

“ကိုတရုတ်”ဆီမှာချည်းထုတ်တာ၊အဲလုပ်ငန်းအဆင်မပြေလို့ဂျပန်ကလဲတပ်ခေါက်ရော၊

အဲဒီ နည်းပညာက(အစထဲကသူ့ဆီထုတ်တာဆိုတော့)သူ့နည်းပညာဖြစ်ကရော။အဲဒါကIndividually

ခံရတာပြောတာနော်။

ဘာဘဲဖြစ်ဖြစ်နာမည်ကတော့ဂျပန်၊အမေရိကန်Brand (ဘရန်း)ပေါ့ ပိုက်ဆံရတော့ကိုတရုတ်ပေါ့။

အဲဒီလိုဖြစ်ရင်းကနေဂျပန်၊အမေရိကန်ကလဲစီးပွါးရေးကကျ၊ကိုကို”ဘွတ်ရှ”က 9/11မှာထချလိုက်တာ ဘီလီယမ်

၅၀၀ဝ ကျော်၊ကုန်သတဲ့၊ဒီကြားထဲကကက်သရီနာလိုဟာမျိုးတွေကနှိပ်စက်၊သေး။

ဂျပန်ဆိုလဲစီးပွါးရေးကြီး အီနေတာကြာပြီဆိုတဲ့အထဲ ဖုကုရှီးမားနူကလီးယားဓာတ်ပေါင်းဖိုကထဖြစ်လိုက်တော့၊ ပွဲကလန့်ရုံ၊မကဘူး။

ပျက်ပါပျက်သွားတာ။

တရုတ်ကသူ့စင်သူထိုးပြီးတော့ကို”က”လို့ရသွားတာဘာဆန်းလဲ။

ဥရာပကကောင်တွေကသူ့တို့ဥရောပထဲ ဂျပန် အမေရိ ကန်မလာရေးကအဓိက။သူ့ဟာသူနေတာဆိုတော့။

ဒီအာရှဈေးကွက်”ကိုတရုတ်”လက်ရောက်ပြီပေါ့။

“ကိုတရုတ်”Growth to Development ဖြစ်သွားရန် အခြေအနေရှိမရှိဆိုတာတော့မပြောနိုင်သေးဘူးဗျ။

Growth ရှိနေတာလက်ခံတယ်ဗျာ။

စီးပွါးရေးတခုထဲရှင်းရင်တောင်တော်တော်ရှင်းရတာဆိုတော့…………

တခြားဟာတွေနောက်ဆက်တွဲအနေနဲ့ ဆက်ရန်ဗျာ။

စနေနေ့ကွန်ဖရင့်တခု အတွက်လုပ်နေရလို့။

paperတွေလဲနောက်ကျပြီးပေးလိုပေးရ။(^^)

ဂေဇတ်အရေးကောင်းလို့။

ဖတ်မိလိုက်တော့မနေနိုင်ဘူး ရေးချင်လာလို့။

သစ်မင်းဒီလိုစာမျိုး ရေးရင် အများကြီးရေးရမှာသိလို့ အစ မလုပ်မိအောင်ထိန်းနေတာ။ခုရေးမိပြီ။

ကဲ …ဆက်ရန် နော်(^-^)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အားလုံးကိုလေးစားပါသည်

 

မောင်သစ်မင်း

37 comments

  • nozomi

    November 3, 2011 at 5:54 pm

    ကိုသစ်မင်းကြီးကို အားကျမိတယ်
    ကျွန်တော်တို့ စာတွေအများကြီး ဖတ်ရဦးမယ် ဆိုတာ ကိုသစ်မင်းပို့စ်တွေ ဖတ်ပြီး ပိုပို သဘောပေါက်လာတယ် ၊ စာအုပ်လေး တစ်အုပ်စ နှစ်အုပ်စ လောက်ဖတ်ဘူးတာနဲ့ ကိုယ့်ကိုယ်ကိုယ် နဲနဲတော့ သိနေပြီလို့ ထင်တဲ့သူတစ်ယောက် ကို ပညာပေးလိုက်သလိုပဲ တကယ်က ဘာမှ မသိသေးတာဗျ

    ကျေးဇူးပါဗျာ ၊ လောလောဆယ် တခြားစာအုပ်တွေဘက် မလှည့်နိုင်ခင် ကိုသစ် စာတွေကနေ ဗဟုသုတတွေ အများကြီး ယူသွားပါတယ်

  • alinsett

    November 3, 2011 at 6:40 pm

    သိပ်ကောင်းတဲ ့ ပို ့ပါပဲ..ကိုသစ်မင်း။
    ကျွန်တော် ကိုသစ်မင်းရဲ ့သဘောထားကို တကယ် လက်ခံပါတယ် ။
    ဒါမျိုးအတွေးအခေါ် ပေးစေ တဲ ့စာမျိုးကို ကျွန်တော်….မျှော်လင့်နေတာပါ။
    တကယ့်ကို လေးလေးနက်နက် အားပေးသါားပါတယ် ။
    ကျွန်တော်..ကိုသစ်မင်းရဲ ့ ဒီပို ့စ် ကို ပရင့်ထုတ်သွားပါတယ် ။

  • alinsett

    November 3, 2011 at 6:40 pm

    သိပ်ကောင်းတဲ ့ ပို ့ပါပဲ..ကိုသစ်မင်း။
    ကျွန်တော် ကိုသစ်မင်းရဲ ့သဘောထားကို တကယ် လက်ခံပါတယ် ။
    ဒါမျိုးအတွေးအခေါ် ပေးစေ တဲ ့စာမျိုးကို ကျွန်တော်….မျှော်လင့်နေတာပါ။
    တကယ့်ကို လေးလေးနက်နက် အားပေးသွားပါတယ် ။
    ကျွန်တော်..ကိုသစ်မင်းရဲ ့ ဒီပို ့စ် ကို ပရင့်ထုတ်သွားပါတယ် ။

  • blackchaw

    November 3, 2011 at 8:55 pm

    ကိုသစ်ရေ။
    ဖတ်သွားပါတယ်။
    ပြီးမှ အေးအေးဆေးဆေး ပွားတော့မယ်။

  • koyinmaung

    November 3, 2011 at 9:20 pm

    ကိုသစ်မင်းရေ ကြိုဆိုပါတယ်
    နိုင်ငံတကာအတွေ့အကြုံ ဗဟုသုတ အရေးအသားကောင်း
    တဲ့ကိုသစ်မင်းတို့ ကိုကြောင်ကြီးတို့ စိတ်လွတ်ကိုယ်လွတ်
    ရေတတ်တဲ့ကိုပုတို့ F R တို့ ဝေဖန်တာတွေကိုဖတ်ချင်နေတာပါ
    ကျနော် အမြင်မှာလဲ တရုတ်ကိုအထင်မကြီးပါဘူး
    စည်းကမ်းမရှိဆုံးနိုင်ငံလို့မြင်ပါတယ်
    အမေရိကန် ဂျပန်နည်းပညာတွေကိုအချောင်ရပြီး
    သူ့နိုင်ငံမှာဈေ းသက်သာတဲ့လုပ်အား တနေ့၈နာရီထက်ပိုတဲ့လုပ်အား
    တွေနဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းနဲ့ချမ်းသာနေတာပါ
    ခုတရုတ်ကြီးတို့လဲလုပ်သားရှားပါးမှု့စကြုံနေရပါပြီ
    နိုင်ငံရေးကိုကြည့်ယင်လဲကွန်မြူနစ်တပါတီအာဏာရှင်ဆန်ဆန်
    သတင်းနဲ့စာနယ်ဇင်းကြည့်ယင်လဲမလွတ်လပ်
    ဒီလိုနိုင်ငံစူပါ ပါဝါဖြစ်ယင်တော့ကျနော်တို့လိုအိမ်နီးချင်းမဖွင့်ဖြိုးသေးတဲ့
    နိုင်ငံကတော့မတွေဝံစရာပါဘဲ…
    သူ့နိုင်ငံကလဲတချိန်မှာအာဏာရူးတဲ့ခေါင်းဆောင်အုပ်စုဖွဲ့တက်လာလို့ကတော့
    မြန်မာနိုင်ငံထက်အကြောင်းဆိုးသွားနိုင်ပါတယ်….

  • MaMa

    November 4, 2011 at 7:28 am

    ကျမတို့လို အရာရာ ဝ လုံးတန်းတွေအတွက် အသိပညာတွေ အများကြီးရစေလို့ ကျေးဇူးအထူးတင်ပါတယ်။ ဆက်ရန်ရှိသေးတယ်ဆိုလို့ ဝမ်းသာသွားတယ်။ စောင့်မျှော်ဖတ်ရှု့လျှက်ရှိပါကြောင်း…

    • thit min

      November 5, 2011 at 4:20 am

      ကိုနိုဇိုမိရေ
      ကျနော်ရဲ့ အလုပ်က ဖတ်နိုင်မှရမှာမို့ဖတ်တဲ့သဘောပါ။
      ကျနော်လဲအသိကြီးမဟုတ်ပါခင်ဗျာ။ကိုယ့်သိတာလေးကိုရင်းနှီးစွာပြောပြတဲ့အဆင့်ပါ။
      အဲ စာပေနဲ့လက်တွေ့သမိုင်းအထောက်အထားတွေနဲ့တွေ့ကင်းလွတ်ပြီးတော့ပြောတာမျိုးမဖြစ်အောင်တော့ဂရုစိုက်ရပါတယ်။
      ကျေးဇူးပါ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ကိုအလင်းဆက်ကတော့ကျနော့ကိုအားဆေးတွေကြွေးရင်းအလင်းရောင်တွေနဲ့လမ်းပြနေပေါ့လား။
      ကျေးဇူးဥပကာရပါခင်ဗျာ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ကိုဘလက်ရေ
      ဟုတ်ကဲ့ပါ၊ကျန်းမာရေးဂရုစိုက်ပါနော်၊ကျနော်ထင်တာမမှားရင်ခင်ဗျားနဲနဲမအီမသာဖြစ်နေသလားဘဲ။
      ကျေးဇူး။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ကိုရင်မောင်ရေ
      အဲဒီလိုမျိုးအောက်စလွတ်နေတာတွေ ရေးပါအုန်းဗျာ၊
      ကန်ထရိုက်ကွန်ဒိုတွေဆောက်ထားပြီး နေမဲ့သူမရှိတာတွေ၊ အထက်အောက်ကွာဟမှု၊အလုပ်အကိုင်ရှားပါးလားမှုနဲ့
      အစိုးရရဲ့လူမှုရေးစောင့်ရှောက်မှုလေးတွေကိုရောပေါ့နော်။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မမရေ
      အင်ဂျင်နီယာကြီးကလဲ ဝ လုံးဆိုတော့ ဘိုးဘိုးအောင်ဓာတ်ပဲနော်၊အောင်ပြီ၊အောင်ပြီပေါ့ဗျာ။

  • inz@ghi

    November 4, 2011 at 7:55 am

    ဆြာသစ်ရေ…
    တရုတ်တွေ ethic မရှိတာတော့ အဟုတ်ပဲဗျို့ ….
    ယူရုပ်ပ် ဂငယ်နဲ့ အန်ကယ်ဆန်မ် ဆီ မဟုတ်လို့ကတော့
    ဘရန်း တူတောင် ခွာလထီ က ၆တလွဲ ….

    ဆြာ့ ပိုစ့်ကို နည်းနည်း ဝေဖန်ပါရစေခည …
    (သိပ်တတ်လို့တော့မဟုတ်ပါ အင်ဇာဂီက ငတ်လို့ လုပ်စားတာ တတ်လို့ရယ် မဟုတ်ပါ..)

    ဆြာရေးထားတဲ့
    “Japan ဟာToyota,Nissan,Honda နဲ့ သူ့ရဲ့ကား
    “Car’ Niche Market” ကိုထောင်နိုင်ခဲ့ပါတယ်…….”
    ကို သိပ် လက်မခံချင်ဘူးခဗျ…
    သူတို့က niche မဟုတ်ခဲ့ဘူးဗျာ … mass production ကို သွားတာ လို့ ဆိုချင်ပါတယ် ….niche player အနေနဲ့ မဟုတ်ဘဲ
    economy of scale, economy of scope ကို ရတော့ ..price အရလည်း ပို ယှဉ်ပြိုင်နိုင်ခဲ့တယ် ဗျ….
    အန်ကယ်လ်ဆန်မ် ရဲ့ ဖို့ထ် က ဂငယ်တွေကို လျော့တွက်တာလဲပါတယ်ဗျ….

    သည်ဘဲတွေက ဈေးကွက်ထဲကို ဝယ်ဈေးသက်သာတယ် ကွာလတီ ကောင်းတယ် ..
    အသုံးချမှု စရိတ်(operational cost) သက်သာတယ်
    အပို ပစ္စည်းပေါတယ် …သည်လို ဂုဏ်သတိ္တတွေ နဲ့ ဝင်လာတယ် လို့ သတ်မှတ်တယ်ဆြာ …
    (မှားရင်လည်း ပြင်ပေးပါ..)

    ဖို့ထ် ဘာ ထပ် မှားသေးလဲဆို customer relationship အရ မန်နေဂျာ မထားဘဲ product line အလိုက် မန်နေဂျာတွေထားတော့
    SUV တို့လို အကြမ်းသုံးကားတွေ ထုတ်တဲ့ မန်နေဂျာတွေက re-innovation ဘက် R&Dဘက်တွေမှာ ပိုက်ပိုက်တွေ ဖြုန်းလိုက်တော့
    စီးပွားလည်း ပျက်ရော ဖို့ထ်လည်း ကားရောပဲ …..
    တိုက်တိုက်ဆိုင်ဆိုင် ..ဂငယ်တွေက တော့ greener energy ဆိုပီး hybrid တွေ မိတ်ဆက်လာတဲ့ အချိန်ပေါ့ဗျာ..
    သဂျီးတို့ အမေရိကားမှာလည်း ပါတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ အသံ ကျယ်သထက် ကျယ်လာတာနဲ့ ကွက်တိပေါ့

    ခုခေတ်က သူဌေးဆို လူအများရှေ့ စံပြနေထိုင်ပြ ရမယ် …သူတော်ကောင်းလုပ်ပြရမယ် မဟုတ်လား …
    အရင်က SUVတွေနဲ့ ကောင်းဘွိုင်ဆန်ဆန် လုပ်ပြခဲ့တဲ့ ဆြာတွေ …ခုတော့ save da world ဆိုပီး hybrid တွေ စီးပြနေကြတယ်
    လို့ ဖတ်ဖူးတယ်ဆြာ …

    ပြန်ကောက်ရရင် …
    ကမာ္ဘ့ နံပါတ်၁ ကားထုတ်လုပ်သူ တိုယိုတာ အပါအဝင် အခြား ဂငယ် ကား ထုတ်လုပ်သူတွေကို niche လို့ ပြောတာ
    ကျနော် လက်မခံပါခင်ဗျား …
    သူတို့မှာ သူများ လိုက်မလုပ် နိုင်တဲ့ margin ရှိပေမယ့် သည်လူတွေဟာ niche မဟုတ်ပါဗျာ…
    တခုတော့ရှိတယ်ဆြာ …တိုယိုတာ ရဲ့ child brand ဖြစ်တဲ့ luxus ကို niche market player လို့ ပြောမယ်ဆိုရင်တော့
    ၁၀၀% လက်ခံကြောင်းပါဗျာ…

    တခါတည်းဆက်ရရင် အဲ့သည့်ဘဲတွေလည်း အခု အတော် တိုင်ပတ်နေတယ်ဗျ
    ဖူကုရှိမား တဝိုက်က သူတို့ရဲ့ မူလီတို့ ဘာတို့ buhin လို့ခေါ်တဲ့ အသေးစား အစိတ်အပိုင်းတွေ ထုတ်တဲ့နေရာတွေ အတော် ထိ
    သွားတာဗျ… ခုထိကို restricted area တွေထဲပါနေလို့ အတော် ဂျမ်းဖြစ်နေတယ်…

    စောက်ကိုရီးယား(ရိုင်းတာမဟုတ်ပါ အသံထွက်အတိုင်းရေးတာပါ ..ခစ်ခစ်..) ကို outsource ဖို့က ..ထုတ်လုပ်မှု စွမ်းအားမှာ
    ပြသနာကရှိ ….ဟွန်ဒိုင်းတို့ ရဲ့ ခိုးချမယ့် ရန်ကလည်း ရှိ…..
    နောက်ဆုံးတော့လည်း ကိုတရုတ်ကြီးဆီပဲ အရင်က ပေါက်ကြားမှာစိုးလို့ မပို့ခဲ့တဲ့ လိုကယ်လ်မှာပဲ အကုန်ခံထုတ်ခဲ့တဲ့
    နည်းပညာတွေ ပို့ပီး ထုတ်ရတော့မှာကိုး …
    မထုတ်နိုင်ရင် ဂလိုဘယ်လ် မားကတ်ရှယ်ယာ ဆုံးမှာ ဆိုတော့ ….ဂငယ်တွေလည်း အကျပ်ရိုက်တာပဲဗျို့ …

    သည်တော့ကာ ဂငယ်နဲ့ ချီးနား ကြားက technological gap ဟာ ပိုပီး ကျဉ်းမြောင်းလာဦးမယ့် သဘောလို့ ယူဆပါကြောင်း

    ခင်တဲ့..
    အရှေ့ကျွန်းက မာကတ်တာ…
    ဂိုင်း အင်ဇာဂီ…

    • ကြောင်ကြီး

      November 4, 2011 at 9:48 am

      အရှေ့ကျွန်းက မာကတ်တာ…
      ဂိုင်း အင်ဇာဂီခင်ဗျား..
      ဆရာသစ်ပြောတဲ့ Toyota,Nissan,Honda niche car market ဆိုတာ ဂျပန်တို့ရဲ့ကိုယ်ပိုင် ဒီဇိုင်း၊ နည်းပညာ၊ ဈေးကွက်ပညာ မှော်အတတ်များနဲ့ စွန့်ဦးတီထွင် ထိုးဖောက်အောင်ပွဲဆင်သွားတယ်လို့ မှတ်ယူကြည့်ပါခင်ဗျား။ အစကတော့ စစ်ပြီးခေတ်မှာ ဂျပန်အင်ဂျင်နီယာများ အမေရိကန်ကားကုမ္မဏီ၊ ထုတ်လုပ်ရေးစက်ရုံများဆီသွားပြီး လေ့လာရတယ်။ အဲဒီနောက်တော့ သိပ္ပံနည်းပညာများအပြင် အမေရိကန်တို့ မဖြစ်နိုင်လို့ထင်ထားတဲ့ JIT လိုထုတ်လုပ်ရေးဆိုင်ရာ အတွေးအခေါ် ပုံစံသစ်တွေ တီထွင်ပြခဲ့တယ်။ အမာထည်ရော အပျော့ထည် နှစ်ခုစလုံးမှာပါ ကိုယ်ပိုင်ဟန် နည်းစနစ်တွေနဲ့ ဦးဆောင်ခဲ့တာပါ။ တရုတ်ကတော့ လက်ရှိမှာ အမာထည်ကိုတောင် ကူးချနေရတဲ့ အဆင့်ပဲရှိပါသေးတယ်။
      ဆရာသစ်ရေ မှားရင်ပြင်ပေးပါခင်ဗျာ။
      ငြင်းသူအင်ဇီဂစ်
      မှားလျင်ဆရာသစ်
      မှန်လျင်ကြောင်ကြီးဟစ်
      ဖတ်သူအူတူတူဖြစ်..။ 😆

      • thit min

        November 5, 2011 at 4:48 am

        ဟုတ်ကဲ့ပါကိုအင်ဇာရေ
        Agreement ရော Arguement တွေကိုပါကြိုဆိုပါတယ်ခင်ဗျ။
        အက်တမ်ကိုခွဲမရဘူးလို့အော်ခဲ့တဲ့လွန်ခဲ့တဲ့ရာစုနှစ်များကိုခုရာစုနှစ်တွေကခွဲရတာကိုသက်သေပြလိုက်ပုံက
        အက်တမ်ကို ပရိုတွန်၊အီလက်ထရွန်၊ညူထရွန်လို့ ၃ မျိုးခွဲ ညူကလီးယားကို ယူပြီးကစားလို့ဖူကူရှီးမားတောင်
        ငဒူ-ျီးစားဖြစ်ရော့မလား(ဟဲ ဟဲ ပြောရင်းဘေးရောက်ကုန်ပြန်ပါပြီ)
        နစ်ရှေးဆိုတာ ခုလိုရာဇာတွေပေါနေတဲ့ခေတ်မှာတော့ ဟိုးစက်မှုတော်လှန်ရေးအစကလို့100% fully occupiedမဖြစ်နိုင်တော့ဘူးပေါ့ခင်ဗျာ။
        ပြိုင်ဘက်ပုံစံတွေကလဲVertical rival ကနေ Horizontal rival ဖြစ်လာပြီမဟုတ်လားဗျာ။
        (Lion share)ဈေးကွက်ရှယ်ရာများပြီးအဲဒီဈေးကွက်ကိုအတိုင်းအတာတခုအထိစိုးမိုးမှုကြာရှည်ပြီးသူများမဝင်နိုင်
        အောင်ထိန်းထားနိုင်ခြင်းလို့ပြောပါရစေ။
        နစ်ရှေးမရှေးဆိုတာအန်ကယ်ဆမ် မှောက်သွားချိန်၊ ကားအစီးရေနှစ်စဉ်သန်းချီးပို့ပေးနေတဲ့တိုရိုတာလဲမှောက်ပါတယ်နော့။
        ဘယ်လိုပြောရမလဲ သောက်စရာကတော့ တခုထဲမဟုတ်ဘူးပေါ့နော်၊အများတေ့စ်က”ကုတ်”ဘဲဆိုပြီးဖြစ်သွားတာမျိုးပေါ့၊
        ပြိုင်ဘက်ထက်”ပို”တဲ့သဘောကိုဆောင်တာပါ။
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        ကိုကြောင်ရေ
        အော် ကိုဘုတ်ရယ် ခင်ဗျားရဲ့ အရောင်လေးက သာသနာပြုရဟန်းများရဲ့ သင်ကန်းရောင်လေးပါပဲ။ထူး
        ပါပေ့ဗျာ။
        ဟာ ကိုကျီးကလဲ ခင်ဗျားကမှ သံဃာတော်အရှင်သူမြတ်များရဲ့ သပိတ်တော်အရောင်မို့ပိုထူးပြီလားဗျာ။
        ဆိုပြီး ခင်ဗျားနဲ့ကျနော် ကျီးဘုတ်မြှောက်၊ဘုတ်ကျီးမြှောက်နဲ့
        ချောင်းအရိုက်ခံနေရအုန်းမယ်နော်။ ဟဲဟဲ (^^)

  • ကြောင်ကြီး

    November 4, 2011 at 9:36 am

    ဆရာသစ်မင်း ပညာရှိဆိုတာ ကျနော့်ကို ထောက်ခံတာ တခုထဲနဲ့တင် လက်ခံလိုက်ပြီ။ ကျန်တာတွေက သူပြောတဲ့အတိုင်း တသွေမတိမ်းမှတ်ကြပါ….။ 🙂

  • pan pan

    November 4, 2011 at 9:47 am

    အရမ်းကောင်းတဲ့ပိုစ့်တွေ၊ ပညာရတဲ့ပိုုစ့်တွေကို ပရင့်ထုတ်ပြီးသိမ်းထားပါမယ်
    ပြီးရင် စာအုပ်ချုပ်လို့ရရင်စာအုပ်ချုပ်၊ ဒါမှမဟုတ်ဖိုင်တွဲထဲမှာ သေချာချုပ်ပြီးသိမ်းချင်ပါတယ်
    ကိုယ်တိုင်ပြန်ဖတ်ဖို့နဲ့ သူတပါးလည်းဖတ်ရအောင် (အိမ်ကမောင်လေးကိုလည်း အဓိကထားဖတ်ခိုင်းရမယ်)
    အဲလိုလေစိတ်ကူးမိပါတယ်
    ဒ့ါကြောင့် ကိုသစ်မင်းရဲ့ပိုစ့်ကိုလည်း ကူးသွားပါတယ်
    ပြန်ဆွေးနွေးဖို့တော့ လိုက်မမှီသေးလို့ ဘာမှမပြောတော့ပါဘူး 🙂

  • kai

    November 4, 2011 at 9:59 am

    အာလာလာ…။ အယိုယို.. မွေးမေလေ့..
    အတွေးအရေးတွေ တော်တော်မြင့်ကြတာပဲ..။

    အဟမ်း..
    ဂရင်း..ဂရင်း.. အစိမ်းရောင်ဆိုလို့..
    ပြောရရင်..မနှစ်က အသစ်စက်စက်ကြီး.. အက်စိဒန့်ဖြစ်တိုက်ခံလိုက်ရတာ..ကျုပ်ကားက.. နစ်ဆန်း အယ်တိုင်မာ ဟိုက်ဘရစ်ခဗျ..။
    သွားဝယ်တော့..ပွဲစားက.. နိုင်ငံရေးသမားတွေနဲ့မီဒီယာသမားတွေ အဝယ်အရမ်းလိုက်နေတယ်ဆိုတာပဲ..
    သူတို့က.. လူထုကြားထဲ..ကြည့်ကောင်းအောင်.. အိမ်ကဘင်န့်ဇ် သိမ်းထားပြီး လာဝယ်တာဆိုပဲ..။

    အဲဒီလိုနဲ့.. ဆက်စပ်ပြောရရင်..။
    ယူအက်စ်က.. ဘာကြံနေသလည်းတော့မသိ…။
    ချမ်းသာလာပြီး ကားဝယ်စီးတော့မယ့် သန်းရာဂဏန်းရှိတဲ့.. တရုတ်တွေမျက်နှာမှမထောက်.. နည်းပညာ အသစ်ဖက်လှမ်းနေလိုက်တယ်..။
    ၂၀၂၅မှာ တဂါလံ ၅၄.၅မိုင်ပြေးရတဲ့ကားလုပ်ခိုင်းလိုက်တာပဲ..။ ဥပဒေနဲ့ကို ချတာ..။
    တကမ္ဘာလုံးကနေ တရုတ်သွားထုတ်နေတဲ့ ကားလုပ်စက်တွေ.. ကားကနဲ့ဖြစ်တော့မယ်..။
    http://www.omaha.com/article/20111031/MONEY/710319939/-1

    အိုင်ပက်.. အိုင်ဖုန်း.. အီးလက်ထရောနစ်ပစ္စည်းတွေ.. .အကုန်အဲဒီလိုလုပ်နေတာပဲ.. နည်းပညာနဲ့ချိပ်ထားပြီးမှ.. ကစားနေတာ..။ 😆

    • inz@ghi

      November 4, 2011 at 10:04 am

      ပေါ်ပီ ….သဂျီးလည်း green wash လုပ်သတဲ့လား …
      သည်လူကြီး မလွယ်ဝူးပဲ …

      တားကတော့ ချမ်းသာရင် ဖာရာရီပဲ စီးမယ် …
      ခုတောင် စုဂမို ဘက်မှာ အဲ့ရာလေးတွေ တွေ့ရင် ပြေးပြေးပီး လျာနဲ့ယက်ချင်စိတ်
      မနည်းထိန်းထားရတယ် …..
      အဲ့ရာလေးတွေ ကို သကြားလုံး နီနီရဲရဲလေး လမ်းပေါ်ပြေးနေတယ်ပဲ မှတ်တယ်…

      • Foreign Resident

        November 4, 2011 at 10:28 am

        ကို inz@ghi ရဲ့

        Hybrid နှင့် Frrarri က
        အကြမ်းဖျင်း ဈေးဆယ်ဆ ကွာတယ်လေ ။
        ဒီကြားထဲ ၊
        Australia ကားဈေးက US နှစ်ဆ လောက်ရှိတယ် ။
        Frrarri အသစ်ဆိုရင် အဘလည်း မစီး နိုင်ဘူး ။
        ဟိုတနေ့က ဈေးကြည့်လိုက်တာ ၆ သိန်းတဲ့ ။
        ဝမ်းနည်းလာပြီ ။

        • inz@ghi

          November 4, 2011 at 10:33 am

          ဂျာ ….၆သိန်းတောင် …..
          ဂစ် …

          အစီး ၃၀ဝဆိုလားပဲ ထုတ်တဲ့မော်ဒလယ် ကြားဖူးသေးတယ်ဗျ. ….
          အတိအကျတော့မသိ …
          ကမာ္ဘပေါ်မှာ တစီး တိုက်ပီး ဂိသွားရင် ကျန်အစီးတွေ အလိုလို ဈေးတက် ဆိုပဲဗျ…

          အဲ့တော့ အပြင်မှာ မစီးနိုင်မယ့်အတူတူ
          ဝတ္ထုထဲမှာ ဟိုခေတ်ပျက်သူဌေးကြီးဆီက
          အထက်စီးနဲ့ အလကား ယူစီးပလိုက်တယ် …
          သွပ်သွပ် …

        • Foreign Resident

          November 4, 2011 at 10:52 am

          အဘက အသက်ကြီးပြီဆိုတော့
          Ferrarri လဲမမက်တော့ပါဘူးကွယ် ။

          ဒါပေမယ့် Rolls Royce လေးတော့
          မသေခင် စီးကြည့်ချင်သား ။

          အဟောင်းလေးပဲ ဝယ်စီးရင်လည်း
          လူတွေက ဝိုင်းဟားကြမှာ ။

          မောင် inz@ghi ပဲ အားကိုးရမှာပဲ ။

        • inz@ghi

          November 4, 2011 at 10:58 am

          ရတယ်အဘရေ့ …

          ခု လာ့စ်ဗေးဂတ်စ်မှာ ကျနော်နဲ့ အဘ သဂျိုင်ခီး ကို
          accommodation ကိစ္စ ပူစာတဲ့အခန်း ရေးလက်စ …

          အဘက ဘေ့စ်ဘော ကစားလို့ရအောင်ကြီးတဲ့ ရေချိုးခန်း နဲ့ အဘနဲ့ နောက်ထပ် စကီလေး ၁ဝယောက်လောက်ဆန့်မယ့်
          bathtub ပါတဲ့အိမ် ပူစာနေတုန်း ..
          ကျနော်က အမြင့်ပေ ၃သောင်းရထောင်ကျော်မှာ တပါတ်တခါ ပါတီပေးဖို့ ဘိုးအင်း ၇၆ရ တောင်းဆိုနေသတဲ့ …

          မန့်သ်လေးဘေး ဟော်တယ်ပိုင်ရှင်ပဲဟာ နော့် …..

    • inz@ghi

      November 4, 2011 at 10:41 pm

      တားကို မထောက်ခံလို့ တဂျီးကို ညိုညင်တွားဘီ ….
      နောက်တပါတ်မှာ ဆြာတို့ သိပ် ချစ် သိပ်ထောက်ခံတဲ့ Apple Inc. ကြီး..
      သမိုင်းတလျောက် လုပ်ခဲ့တဲ့ ၆တလွဲတွေ တူးဆွပြမယ် …
      (ကော်ပီရိုက် အဘရေ ….အဆဲခံချင်လို့ တားလည်း ရေးတယ်ဗျာ့ လို့ နာမည်တပ်ခွင့်ပြုပါခင်ဗျ…)

      technical point of view, marketing point of view, အပါအဝင် …
      data ယုံကြည်စိတ်ချရမှု အဆုံး …. သက်သေ ကောင်းကောင်းပြနို်င်သော …
      ယောက်ျားပီပီ အင်ဇာဂီ ကောင်းကောင်းပြန်စွာပြနိုင်သော
      ပို့စ် ဖြစ်ကြောင်း ကြိုတင် သတင်းပေးပါရစေ …

      ကျနော့်ကို ၆ရူးလို့ ဝေဖန်ကြမယ့် နှုတ်ခမ်းလေးတွေ ရေတွက်ထားချင်တယ်လေ …
      ကေပေရေ … သည်တခေါက် ရန်ကုန်ဆင်းလာရင် ….အောကတ္တှီပါ သဲကြိုးလေးတွေ
      နိုင်သလောက် ဆွဲခဲ့စမ်းပါ …. .. ကျုပ်ကို ၆ရူး၆ပေါ ဆိုပီး မဲ့ကြ ရွဲ့ကြတဲ့ နှုတ်ခမ်းလေးတွေ
      အထော်လွန်ပီး ပြတ်ကျသွားရင် သဲကြိုးတပ် စီးဖို့ပါ ….

      ခင်တဲ့ …
      မထော်မနန်း
      ဂိုင်း အင်ဇာဂီ…

      • kai

        November 4, 2011 at 11:22 pm

        Moore’s law မိုးဥပဒေသနဲ့တွက်ရင်ကို.. စီပီယူတွေ.. ဖြန့်ပြောရင်.. နည်းပညာတွေဟာ.. နှစ်တိုင်းပြောင်းနေ.. တက်နေတာမို့.. စက်ရုံတွေလုပ်ခဈေးကြီးတဲ့နေရာမဆောက်..မထုတ်ပဲ..တရုတ်ပြည်ဖက်ရွေ့ထားတာလည်းပါ, ပါတယ်..။ အီလက်ထထရောနစ်ပစ္စည်းတွေအတွက်ဆို.. နည်းပညာဟောင်းနေတဲ့ ကုန်ထုတ်စက်ရုံက သံထည်ထက်ဘာမှပိုသုံးမရတော့ဘူးလေ..။ 🙁

        အားရင်တော့ ..စတီဗ်ဂျျော့ဘ်စ်ရဲ့ စာအုပ်လေးပါဖတ်ပြီး ဖြည့်ပေးချင်ပါတယ်..။
        ရေးပါ..။ ပန်းသီး၆တလွဲတွေ တူးဆွပြ ကိုက်ပြပါ..

        …တကယ်တော့ အပ်ပဲလ်က မိုက်ခရိုဆော့နဲ့ အင်တဲလ်ပေါင်းထားတာထက်တောင် တန်ဖိုးကြီးနေတဲ့..စူပါပါဝါ ကော်ပိုရေးရှင်းကြီးဆိုတာလည်း ထည့်ရေးပေါ့..။

        Apple (AAPL) — $317.60 billion
        Microsoft (MSFT) — $201.59 billion
        Intel (INTC) — $115.21 billion

        Add it up. Wintel = $316.8 billion. Apple = $317.60 billion

      • Foreign Resident

        November 5, 2011 at 1:37 am

        ဂိုင်း အင်ဇာဂီ ရဲ့

        အဘက ဂိုင်း လို့ အသံထွက်ပေးတယ်နော်
        သူများတွေလို ဂေ့ လို့မထွက်ပေးဘူး
        တော်ကြာ ပြောရင်း ပြောရင်း နဲ့
        ဂေ့ ကနေ ဂေး ဖြစ်သွားမှစီုးလို့ ။

        အဘ ခင်လို့ပြောတာနော် ။ ဆရာဝင်လုပ်တာ ဟုတ်ဘူး ။

        ” technical point of view, marketing point of view, အပါအဝင် …
        data ယုံကြည်စိတ်ချရမှု အဆုံး …. သက်သေ ကောင်းကောင်းပြနို်င်သော …
        အင်ဇာဂီ ကောင်းကောင်းပြန်စွာပြနိုင်သော ”

        အဲလောက် ပြည့်စုံပြီး ၊ အဲလောက် ပြန်စွာပြမယ် လို့ရေးထားမှတော့ ၊
        အဲဒီ Post ကို ဘယ်သူက ဝေဖန် Comment ပေးရဲပါ့မလည်းကွယ် ။
        အဘတောင် ကြိုကြောက်မိတယ် ။
        ဂိုင်း အင်ဇာဂီက အားလုံးကောင်းပါသည် ခင်ဗျ ပဲကြားချင်လို့လား ။

        သိပ်မရက်စက်ပါနှင့်ကွယ် ။
        တနေရာလောက်တော့ ငြင်းစရာလေးဖြစ်အောင်
        အသာဟပေးလိုက်ပါကွယ့် ။
        နို့မို့ ပျင်းစရာကြီး ။

        အဲ ဟပေးလိုက်တဲ့နေရာကနေ
        ကိုယ့်စိတ်ကြိုက်ရိုက်လို့ရမယ့် အပိုင်နိုင်ဆုံးခွင်ကို
        မျှောခေါ်သွားမဲ့ မြောင်းလေး / လမ်းလေး တော့
        ကြိုဖေါက်ထားပေါ့ကွယ် ။

        ဒါမှ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဇတ်သိမ်းမယ်လေ ။

        ခင်တဲ့ အဘ ။

        • inz@ghi

          November 5, 2011 at 2:04 pm

          အဘနဲ့ သဂျီးရေ ….
          reply နောက်ကျလို့ ဗွေမယူစေချင်ဘူး …
          Apple အကြောင်းက တကယ်ရေးချင်တာပါ ….

          ကျနော့်ဘဝ အလှည့်အပြောင်းတွေနဲ့ အတော်လေး ကံဆုံခဲ့ဖူးတဲ့ company မို့ပါ ….
          မှန်တာ ဝန်ခံရရင် apple ကငယ်ချစ်ဦးပါ …..
          သို့သော် Steve Jobs ကို John Sculley က force to resign လုပ်ပြီးနောက်ပိုင်း
          ထွက်သမျှသော apple product တွေ တခုမှ ၆၃မကျတဲ့အချိန် …

          ကျနော်က Microsoft Windows 95, 98 ကတဆင့် ..programming ဘက်ကို
          ဝင်ဖို့ အားယူတဲ့အချိန်ဆိုပါတော့ …. ကျနော် အထက်တန်းကျောင်းသားဘွမှာ
          Microsoft Frontpage Programmer ဖြစ်လာခဲ့ပါတယ်. …(ခုတော့ Frontpageမတွင်ကျယ်တော့ပါ)

          Programming လို့ပြောရင် open source ဖြစ်တယ် …လွပ်လပ်တယ် ဖန်တီးမှု အဆုံးမရှိဘူး…
          အဝတ်လျှော်စက် ကအစ ဟန်းဖုန်း အလယ် အင်္ဂါဂြိလ်ပေါ်သွားတဲ့ ယာဉ် အဆုံး
          Java နဲ့ ရေးတယ် ဆိုပေမယ့် သာမာန် application ရေးတဲ့နေရာမှာ Java ရဲ့ productivity မကောင်းမှု
          ကို မခံစားနိုင်တဲ့ကျနော်ဟာ VB 6.0 , VB.Net ကတဆင့် ASP.Net Programmer ဖြစ်လာခဲ့ပါတယ်..

          ဒါတွေက Microsoft platform မှာပဲ အလုပ်လုပ်တဲ့ programming language ဖြစ်ပါတယ်…
          ကျနော့်ကို သူငယ်ချင်းတွေက စ တယ် ..သည်ကောင်က windows ပေါ်မှာပဲနေ windows ပေါ်မှာပဲ
          သေမယ့်ကောင် စားလို့ …

          ကျနော် လက်ခံပါတယ် …. ကျနော် Marketing Career မပြောင်းခင်အချိန်ထိ ..ကျနော် Microsoftကို
          ဖက်တွယ်ထားရပါတယ်. …ကျနော့်ကို ထမင်းကျွေးတဲ့ platform မဟုတ်ပါလား ….

          ကျနော် Mkt ကို ဇောက်ချ လုပ်တော့ …Apple Inc. ကို ပြန်လေ့လာရပြန်ပါတယ် ….
          Jobs ကလည်း …ပြန်ရောက်လာပီး …. အစွမ်းကုန် အောင်မြင်ခဲ့တာကိုးဗျ …..

          ဒါပေမယ့် ကျနော် လေ့လာဖြစ်တာက Mkt point of view အရ ဆိုရင် သည်ဘဲတွေ
          price skimming strategy လုပ်တဲ့ကိစ္စပါ …..နောက်တချက် competition အပေါ်မှာ
          သိပ် aggressive ဖြစ်တဲ့ကိစ္စပါ

          ကျနော် technical point of view အရ လေ့လာတာကတော့ apple’s limitations တွေ
          အကြောင်းပါ …. MS သိပ်မစွံပါဘူး ..သို့သော် သူက အခြေအနေအတော်များများအတွက်
          best fit ဖြစ်ပါတယ် … apple ဟာ ကောင်းပါတယ် ….သို့သော် ..သုံးတဲ့လူက
          power user ဖြစ်ဖို့လိုပါတယ်…

          နောက်တပါတ် ကျနော် တင်မယ်ပြော တာ ကျနော့်မှာ ချင့်ချိန်စရာလည်း များလို့ပါခင်ဗျား…
          ကျနော် သေဆုံးသွားပီးတဲ့ လူတယောက် ကို မကောင်းမပြောချင်ပါ..
          သို့သော် ထိုလူကို iGod လောက်ထင်နေတဲ့ လူစားတွေအတွက်တော့ သိသမျှ ပြောပြပေးချင်ပါသည်…
          Steve Jobs ဟာ programmer မဟုတ်သလို …electrical technician လည်း မဟုတ်ပါဘူး….

          သူ့ကို တ တတ်တဲ့ programmer တွေ ..hardware သမားတွေ ပါတ်ဝန်းကျင်မှာ သိပ်သိပ်များလာလို့
          ရေးဖြစ်ခဲ့တဲ့ စာစုတစုပါ … ကျနော် … what i’ve learnt from Steve Jobs မတိုင်ခင် ကတည်းက ရေးဖြစ်ခဲ့တဲ့
          ဆောင်းပါးဖြစ်ပါသည် ……

          ကိုယ်ပိုင် အမြင် အရ ပြောရရင် …Jobs ဟာ အလွန်ထူးချွန်တဲ့ artist တယောက် ဖြစ်ပါတယ် ..
          ဒါတွေကို ခံစားမျှဝေ ဖို့ ရည်စူးထားပါတယ်ခင်ဗျား…

          guy inz@ghi ,,,

  • ba gyi

    November 4, 2011 at 3:39 pm

    တရုတ်ကြီး ကို စူပါပါဝါ လို့ မမြင်သေးကြောင်း ဒေတာတွေနဲ့ သုံးသပ်သွားတာအလွန်ထောက်ခံပါသည်။
    အဓိကကျတဲ့ ကိုယ်ကျင့်သိက္ခာ ပိုင်း(Ethics) မရှိဘူးဆိုရင်၊ ယနေ့ ကဗ္ဘာ့လူသားတွေဟာ ယခင်တုန်းကလို နလပိန်းတုန်းတွေမဟုတ်တော့၊ အားကိုးမှု၊ယုံကြည်မှုတွေမှာ စကားပြောလာကြမှာပါပဲ၊ လောလောဆယ်
    နည်းပညာပိုင်းမှကလည်း၊ သူတို့ကိုယ်ပိုင်ထက် ဖက်စပ်တွေ၊ ခိုးချတာတွေကများတယ်။ သည်တော့ ဈေး ကွက်မှာ နေရာရ တယ်ဆိုပေမည့်၊ ကိုယ်ပိုင် brand နည်းတယ်၊လက်တွေ့တစ်ခုပြောရရင် ခု ကားအ ဟောင်းတွေဖျက်ပြီးကားတွေတင်သွင်းကြတော့ ရာခိုင်နှုန်း တော်တော်များများက ဂျပန် ကားစစ်စစ် လိုချင်လို့ -ဂျ ပန်ကိုပဲ တိုက်ရိုက်မှာကြတာအဖြေပါ။ သည်တော့ကျုပ်တို့ရွှေ မြန်မာတွေ အားမငယ်ကြနဲ့၊ တရုတ် လောက် ကို အမှီလိုက်လို့ရနိုင်ပါသေးတယ်၊ အရေးကြီးတာ အဲဒါကို ကိုသစ်ကြီး လောက် – ( သူရို့) မြင်ဘို့ လိုတယ်။ နည်းပညာရှိသူတွေအားလုံးနဲ့ ချစ်ကြည်ပြီး၊ နည်းပညာ ရအောင် လုပ် နိုင် ရ မယ်၊( ဘဘကြီး စိန်စိန်ရေ ) ကျုပ်တို့ ရွာသား ကိုသစ်ကြီးကို ဘေးမှာခေါ်ထားပါတော့ဗျို့။
    အရပ်းကျိုက်ပါသဗျို့၊ စောင့်ဖတ်နေပါမည်။

  • windtalker

    November 4, 2011 at 8:28 pm

    ကစ်သို ရဲ ့ ပို ့စ် ကို ဖတ်အပြီး ၊ မသိခဲ့သော မကြားဖူးသော အကြောင်းများကို သိရသည် ။
    ကွန်မင့်များ က လည်း အားရစရာပင် ဖြစ်သည် ။ လေးစားပါတယ် ကစ်သို

  • nature

    November 4, 2011 at 10:29 pm

    ….kai says:
    အာလာလာ…။ အယိုယို.. မွေးမေလေ့..
    အတွေးအရေးတွေ တော်တော်မြင့်ကြတာပဲ..။….
    သူကြီးကို ဒီလို အော်အောင်ရေးနိုင်တဲ့ thit min လက်စွမ်းကထက်ပါပေတယ်။ technical term တွေပါတော့ သိပ်နားမလည်ဘူးဗျ။ တော်တော်လေး အသားပါတဲ့ ပိုစ့် ခုလို့ မှတ်ချက်ချမိပါတယ်။

  • kai

    November 4, 2011 at 10:47 pm

    Breaking from Newsmax.com

    US, UK ‘Planning for War’ Against Iran

    Britain’s armed forces are accelerating contingency planning for a coordinated attack by the U.K. and United States against Iran’s nuclear facilities amid growing concerns over Iran’s weapons program.

    “Barack Obama and [British Prime Minister] David Cameron are preparing for war after reports that Iran now has enough enriched uranium for four nuclear weapons,” The Daily Mail in Britain reported.

    British military officials believe the United States may decide to step up plans for targeted missile attacks against some key Iranian facilities, and the officials “say that if Washington presses ahead it will seek, and receive, U.K. military help for any mission,” according to The Guardian in Britain.

    The stepped-up planning for a strike comes in advance of a report from the International Atomic Energy Agency (IAEA) next week that could be a “game changer” regarding Iran’s nuclear program, the Guardian reported.

    Military planners in the U.K. are exploring where to best deploy British ships and submarines equipped with Tomahawk cruise missiles in the coming months, as well as RAF jets armed with bombs and missiles, surveillance planes and air-to-air refuelers, according to The Mail.

    The planners also anticipate that the U.S. will ask permission to launch attacks from Diego Garcia, the British territory in the Indian Ocean, which America has used previously for conflicts in the Middle East.

    Sources in the British government and military have told The Guardian that President Obama is reluctant to launch an attack before next November’s election, but that could change in light of mounting anxiety over Iran’s nuclear development plans.

    The IAEA report next week is expected to provide fresh evidence of Iran’s weapons development activity, “bringing the Middle East a step closer to another devastating conflict,” The Mail observed.

    Adding to the urgency of dealing with Iran, officials now believe that the Islamic Republic has succeeded in restoring all the development capability it lost in a sophisticated cyber-attack last year. The Stuxnet computer worm, thought to have been engineered by the Americans and Israelis, sabotaged many of the centrifuges the Iranians were using to enrich uranium.

    “It is estimated that Iran, which has consistently said it is interested only in developing a civilian nuclear energy program, already has enough enriched uranium for between two and four nuclear weapons,” The Guardian disclosed.

    Also, the newspaper reported, one British official said that within the next 12 months, Iran may have hidden all the material it needs to continue a weapons development program inside fortified bunkers, and “this had necessitated the U.K.’s planning being taken to a new level.”

    Beyond 12 months, “we couldn’t be sure our missiles could reach them,” the official said. “So the window is closing. The U.S. could do this on their own but they won’t.”

    There are also signs that Tehran is becoming “newly aggressive,” a senior British source said, citing three recent assassination plots on foreign soil. Evidence shows that Iran was behind the murder of a Saudi diplomat in Karachi, Pakistan, in May, as well as a plot to assassinate the Saudi ambassador in Washington that was uncovered last month.

    Israeli Prime Minister Benjamin Netanyahu is reportedly urging a pre-emptive strike against Iran.

    The United States currently has about 98,000 troops in Afghanistan, to the east of Iran, and 43,500 in Iraq, to the west. The U.K. has nearly 10,000 troops in Afghanistan.

    But The Guardian has been told that military planners expect any attack on Iran to be waged predominantly from the air, with some naval involvement, although a small number of special forces could be employed on the ground.

    A spokesman for the British Ministry of Defence said: “We want a negotiated solution — but all options should be kept on the table.”

    © Newsmax. All rights reserved.

    • thit min

      November 5, 2011 at 8:26 am

      “………. United States may decide to step up plans for targeted missile attacks against some key Iranian facilities”
      ကျည်တတောင့်ဟာအာဖရိက က ကလေးတယောက်အတွက် ခြင်ထောင်ဝယ်ပေးနိုင်တဲ့တန်ဘိုးပါတဲ့။
      အဲဒီလိုဝယ်ပေးလိုက်ရင်အဲဒီကလေးတယောက် မလေးရီးယားကြောင့်မသေနိုင်တော့ဘူးတဲ့။
      မစ်ဇိုင်းတလုံးဆိုရင်…………….??????????????????

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 5, 2011 at 1:35 am

    စူပါတွေ ဘာတွေ အသါစာထားစမ်းပါ
    မျှစ်ချဉ်စိမ်နည်း
    ဒညင်းသီး အိုးစိမ်လုပ်နည်း
    ငပိဖုတ်နည်း
    ငါးခြောက်လှမ်းနည်းလေး ဘာလေးတွေ လုပ်စမ်းဘာ

    • thit min

      November 5, 2011 at 5:23 am

      ဟုတ်ကဲ့ဆရာအောင်ပုခင်ဗျား

      လေးစားပါတယ်။

      အချဉ်စိမ်မယ်ဆိုရင်
      (၁)ဆန်ဆေးရေ ဦးရေ၊
      (၂) ထမင်းကြမ်းနဲနဲ
      (၃)နေသာတဲ့အချိန်အခါ
      (၄)ဆား (ဂျပန်နဲ့ကိုရီးယားမှာတော့အချဉ်ဖောက်ဖို့သီးသန့်ဖော်စပ်ထားတဲ့ဆားရည်ရှိပါတယ်။)
      ဆိုပြီးအခြေခံအားဖြင့် ၄ မျိုးလိုပါတယ်။
      ကိုယ်အချဉ်စိမ်လိုတဲ့ အရာကို ရေနွေးနဲ့ နွမ်းအောင်ပြုတ်တဲ့နည်းလဲရှိသလို
      ဒီအတိုင်းလဲစိမ်လို့ရပါတယ်။
      အချဉ်ပေါက်ဘို့၂ ရက်ကနေ ၃ရက်နေပူလှမ်းဘို့ လိုပါတယ်။အလေးအပင်ဖိပြီးအချဉ်ဖောက်နိုင်ပါသေးတယ်။
      အဲ နေကောင်းကောင်းမပူဘဲ မိုးတွေအုံ့နေရင်လဲ အဖုံးလုံအောင်ပိတ်ပြီးမြေမြှုပ်စိမ်တဲ့နည်းကိုသုံးနိုင်ပါတယ်။
      အချဉ်စူးမှုတော့ကွာတာတွေ့ရပါတယ်။နောက်တမျိုးကတော့လေလုံမိုးလုံအခန်းထဲမှာစိမ်တဲ့နည်းတမျိုးရှိပါသေးတယ်။
      ကိုရီးယား၊ဂျပန်နည်းပါ။
      ဂျပန်မှာ ချဉ်ဖတ်ရောင်းစားပြီး မီလီယန်နာဖြစ်နေသူတွေရှိလို့ ဆရာပုရဲ့ကော်မန့်ကိုလေးစားရပါတယ်။
      ~~~~~~~~~~~~~~~~~
      ငါးပိဖုတ်ကတော့ သစ်သားယောင်းမမှာကပ်ပြီးဖုတ်တာနဲ့၊မြေသားစလောင်းဖုံးမှာကပ်ပြီးဖုတ်တာ ၂ မျိုးရှိပေမဲ့
      စလောင်းဖုံးကအကောင်းဆုံးပါလို့။
      ~~~~~~~~~~~~~~~~~~
      အဲ ငါးခြောက်လှန်းတော့မယ်ဆိုရင် သေသေခြာခြာရေဆေးထားတဲ့ ငါးကိုရေစင်အောင် အဝတ်သန့်သန့်လေးနဲ့
      သုပ်ပါခင်ဗျာ၊ ပြီးမှ ဆားနဲ့ရောပြီး(ပရဆေးဆိုင်မှာဝယ်ရင်ရတဲ့)
      ယမ်းစိမ်းနဲ့ နဲနဲ စီပက်ပေးပါ။ယင်မနားအောင်ရယ်၊အစိုအလွယ်တကူမပြန်အောင်ပါ။
      အရမ်းသုံးတာမဖြစ်ဘို့လိုပါတယ်။ကင်ဆာဖြစ်နိုင်လို့ပါ။
      အဲ ပြီးမှ နေပူကောင်းကောင်းမှာလှမ်းပါ။မှန်လေးတချပ်တော့ထောင်ထားပါနော။ကျီးကန်းရန်ကာကွယ်ရေးပေါ့။
      တချို့ကကြပ်တိုက်ကျပါတယ်။အရသာမတူတာမို့ နေလှမ်းတာအကောင်းဆုံးပါလို့ပြောပါရစေ။

      လေးစားစွာဖြင့်
      မောင်သစ်မင်း

  • thit min

    November 5, 2011 at 5:03 am

    ပန်ပန်ရေ
    အမကိုချစ်တဲ့မောင်လေးရှိနေတာဝမ်းသာပါတယ်၊မိသားစုနွေးထွေးမှုဆိုတာစိတ်ခွန်အားတမျိုးပါ။
    အားကျပါတယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဆရာခိုင်
    ကားလလို့ဂွန်းကို လဲ စတီးဂျောဗလိုချစ်တယ်ပေါ့။နစ်ဆန်းဆိုလို့ပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဘရာသာFR ရေ
    ဟုတ်ပ၊ညင်းစရာရှိမှ ပျင်းစရာမဖြစ်မှာ ဟုတ်လိုက်လေဗျာ။
    အဲအိမ်မှာတော့ခန ခန မညင်းနဲ့နော်။တော်ကြာ ဟိုကဆရာဝန်မဆိုတော့ အညှာကိုင်လိုက်မှာစိုးရိမ်လို့။(^^)
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုဘဂျီးရေ
    သစ်မင်းသိတာမပြောပလောက်ပါဘူး။
    ပြီးတော့ ဘကြီးစိန်နားမှာ ဆရာဒေါက်တာမောင်မြင့်တယောက်လုံးရှိနေတာဘဲ၊(သစ်မင်းရဲ့မြင်ဆရာပေါ့နော်)
    ဆရာမကြီးဒေါ်ရီရီမြင့်ရှိနေတာဘဲ။တခုဘဲ ပြောတဲ့အတိုင်းလုပ်မလုပ်။အဲတာလေးဘဲ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ညီမောင်ပေရေ
    လွန်စွာကျေးဇူးတင်ပါသည်၊ အားဆေးတိုက်လို့။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုနေးချားရေ
    ကျနော် terms တွေကိုအတတ်နိုင်ဆုံးမြန်မာလိုပြန်ထားတယ်လို့ထင်မိပါတယ်။မရှင်းတာရှိမေးပါခင်ဗျာ။
    လေးစားကျေးဇူးတင်လျှက်။

    • nature

      November 5, 2011 at 11:18 am

      …..လောလောဆယ်တရုတ်ထုတ်တွေမှာJapan, USA Background တွေမခံထားတဲ့ ထုတ်ကုန်တွေမှာEthic သိပ်မရှိပါဘူး။ (Skecher ကြိုက်တဲ့သစ်မင်းတောင်ဒီမှာတရုတ် Skecher တွေချည်းဖြစ်နေလို့မစီးတော့ပါဘူး၊….
      ethic ဆိုတဲ့ ယုံကြည်မှုက ဘယ်လိုသဘောလဲဗျ။
      Skecher ဆိုတာကရော ဘာအဓိပါယ်လဲမသိဘူး။

      • thit min

        November 5, 2011 at 5:37 pm

        ethic ဆိုတာလိုက်နာရမဲ့စဉ်းကမ်း၊ကျင့်စဉ်၊အကျင့်သိတ်ခါ ဖြစ်ပါတယ်။ဈေးကွက်တခုမှာရှိရမဲ့အကျင့်သိတ်ခါ၊
        (မရိုးမသားမလုပ်မှု)ပေါ့ဗျာ။
        Skecher ဆိုတာက ဖိနပ်ခင်ဗျ။ Boot စတိုင်ပါ။အရောင်ကတော့အစုံရှိလို့ Boot လိုတော့အနက်ကြီးဘဲမဟုတ်ဘူးပေါ့နော်။တော်တော်အစီးခံတယ်ဗျ။အကြမ်းပတမ်းရတယ်။

  • koyinmaung

    November 5, 2011 at 9:15 am

    ဆရာကိုသစ်မင်းကတော့လက်လန်တယ်ဗျို
    ချဉ်စိမ် ဖုတ် အခြောက်လှမ်း နည်းတောင်
    မလွတ်တန်းသိနေပါလား….

  • blackchaw

    November 5, 2011 at 11:39 am

    ကိုသစ်ရေ။
    မအီမသာ မဖြစ်ပါဘူးဗျာ။
    ဒီလိုကိစ္စတွေကျတော့ ကျွန်တော် တကယ် နားမလည်လို့
    အမှားပါသွားမှာ စိုးလို့ပါ။ နောက် ကျွန်တော် ဂဇက်တံခါးစောင့်ကြီး ကိုလည်း
    ရေးနေတော့ ကိုသစ်တို့လိုလူတွေရဲ့ ပို့စ် ကို မဖတ်ဘူးထင်တာ စိုးတာပါ။
    Participate ဝင်လုပ်တဲ့သဘောပါဗျာ။
    ကျွန်တော်နားလည်ရင် သေသေချာချာ ဆွေးနွေးပါတယ်။
    ခွင့်လွှတ်ပါဗျာ။

    • thit min

      November 5, 2011 at 6:45 pm

      ဟုတ်ပါဘူး ကိုဘလက်ရေ့
      ခင်ဗျားကိုတကယ်စိတ်ပူတာဗျ။ ပို့စ်တွေလဲအကုန်ဖတ်၊ကော်မန့်တွေလဲအကုန်ဖတ်ရတာခုတလောပို့စ်တွေက
      လဲများလာတယ်လေ။နေမကောင်းဖြစ်မှာတကယ်စိုးလို့ပါဗျာ။

  • Koyin Sithu

    November 5, 2011 at 5:48 pm

    ကိုသစ်ရေ… စူပါတော့ မဖြစ်သေးဘူး…
    မြန်မာပြည်မှာ ကားရောင်းစင်တာတွေဖွင့်ရင်
    ဂျပန်မိတ်လေးတစ်စီးတော့ ဝယ်ဖို့စုနေတယ်…
    ကိုသစ်ပေးတဲ့ ငပိဖုတ်နည်းတော့ သေချာမှတ်သွားတယ်..
    ဆရာမပြနည်းမကျ… ဆရာမသင် ပလာယာမမြင်..

  • နီလေး

    November 9, 2011 at 10:42 am

    နီလေးတို့မသိသေးတာတွေကို သိရတဲ့အတွက် ကိုသစ်မင်းကိုကျေးဇူးတင်ပါတယ် အပြင်မှာ ဒီလိုစာမျိုးဖတ်ရဖို့ဆိုတာမလွယ်ပါဘူး စာအုပ်ဝယ်ဖတ်မယ်ဆိုရင်တောင် တစ်ဦးတစ်ယောက်ရဲ့အမြင်နဲ့ရေးထားတာတွေကိုပဲဖတ်ရမှာပါ စာရေးသူအပါအဝင်ရွာသားတွေရဲ့အမြင်ကိုဖတ်ရတာ တကယ်ကိုတန်ဖိုးမဖြတ်နိုင်ပါဘူး ခုတော့ ကိုယ်ဖတ်ချင်တဲ့ခေါင်းစဉ်ကို ကလစ်တစ်ချက်နှိပ်ယုံနဲ့ဖတ်ရတယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး ငယ်ငယ်လေးကတည်းက ဒီလိုအကြောင်းအရာတွေကို စိတ်ဝင်စားပြီးလေ့လာချင်တယ် စာအုပ်ရှာပြီးလေ့လာရအောင်ဆိုကလဲ ဘယ်လိုစာအုပ်မျိုးကို ဖတ်ရမယ်ဆိုတာ တကယ်မသိခဲ့ရိုးပါ တနေကုန် ဝုန်းဒိုင်းကျဲသွားနေရတာဆိုတော့ စာဖတ်ဖို့သိပ်အချိန်မရခဲ့ပါဘူး ခုတော့အလုပ်လဲလုပ်ရင်း ကိုယ်သိချင်တာတွေကိုလဲ ဖတ်ရတာဆိုတော့ တကယ်ကိုကျေးဇူးတင်ပါတယ်

Leave a Reply