ကိုင်ရို၏ ဆိုင်ကိုမက်ထရီ အတတ်ပညာအား တူးဖော်ခြင်း
ဆိုင်ကိုမက်ထရီ” အတတ် ဆိုသည်မှာလူတစ်ဦးတစ်ယောက်၏ အဝတ်အစားကို ကိုင်ကြည့်ရုံနှင့် ၎င်းလူ၏ အ တိတ် ပစ္စုပ္ပန် အနာဂါတ် အဖြစ်အပျက်များကိုဟောပြောနိုင်သောပညာဖြစ်သည်။ ကျွန်တော်တို့ ကြည့်ကြတဲ့ နိုင်ငံခြား ဇာတ်ကားတွေထဲမှာလို အဝတ်စတစ်ခုခုကို ကိုင်ကြည့်ရင် အဲ့ဝတ်ခဲ့တဲ့သူရဲ့ အတိတ်ကို မျက်လုံးထဲ မြင်ရတဲ့ ပြကွက် ပုံစံမျိုးလိုဖြစ်ပါတယ်။
(ကျွန်တော် သုံးတဲ့လိုင်းက ကွန်နက်ရှင် သိပ်မကောင်းဘူးဗျာ.. ဒီပို့စ်တင်တာ နှစ်ခါရှိပြီ… အဆင်မပြေဘူး.. မနေ့ကလည်း မဟိဒ္ဓိပညာရပ်ကို ပို့စ်တင်တာ အဆင်မပြေဘူး.. ကွန့်မန်က အော့ဖ်ဖြစ်နေတယ်ဗျာ။ ခုထပ်ကြိုးစားကြည့်ထားတာ..။)
သက်မဲ့အရာဝတ္ထု များကိုလည်းလက်တွင် ဆုပ်ကိုင်၍ သုံးသတ်ကြည့်ပြီး ၎င်းဝတ္ထုပစ္စည်း၏ အတိတ်ရာဇဝင် အဖြစ် အပျက် သို့မဟုတ် မည်သည့်တိုင်းပြည် မည်သည့်နေရာမှ လာသည် စသည်ဖြင့် အတတ်ဟောနိုင်လေ၏။ လူနာများ၏ အဝတ်အထည်ကို ကိုင်၍ သုံးသတ်ပါကဘာရောဂါဖြစ်နေသည် ၊ ဘယ်ဆေးနှင့် ပျောက်မည် စသည်တို့ကိုသိနိုင်လေသည်။
လက္ခဏာဆရာကြီးကိုင်ရိုသည် လက္ခဏာပညာအပြင် ဤပညာကိုလည်းတစ်ဖက်ကမ်းခတ် တတ်မြောက် လေသည်။ တစ်ခါ၌ ဘုရင်တစ်ပါး၏ လက္ခဏာကိုဖတ်၏။ ငယ်စဉ်မှစ၍ အဖြစ်အပျက်ကိုအစဉ်လိုက် မှန်ကန် စွာဟောပြောရာဘုရင်ကမယုံပဲသူ့အတ္ထုပတ္တိရေးထားသောစာအုပ်စာတမ်းများကိုဖတ်ထားသဖြင့် ဟော နိုင်သည်ဟုပြောလေ၏။
နောက်တစ်ကြိမ် ၎င်းဘုရင်ကြီး၏ အမတ်ကြီးကကိုင်ရိုထံလာမေးသောအခါ ဘုရင်ကိုင်သော လက်ကိုင်ပဝါကို တောင်းပြီးလက်ဖြင့် ဆုတ်ကိုင်၍ ဤဆိုက်ကိုမက်ထရီပညာဖြင့် ဘုရင်၏ တိုင်ပြည်တွင် လောလောဆယ်ဆယ် သူပုန်ထနေကြောင်းဟောပြောလိုက်ရာမယုံသဖြင့် သံကြိုးရိုက် မေးမှ အမှန်အကန် ဖြစ်နေသည်ကိုသိရလေသည်။ ထိုအခါမှ ဘုရင်ကအကြီးဆုံးဘွဲ့ထူးဖြင့် ချီးမြင့်လေတော့သည်။
လူတစ်ဦး တစ်ယောက်ဝတ်သော အဝတ်အထည်များတွင် ၎င်း၏ ဓာတ်ငွေ့ ဓာတ်သက်များကူးလူးနေလေရာ ၎င်းအဝတ်အထည်ကို လက်ဖြင့် ကိုင်တွယ် သုံးသတ်ခြင်းပြု၍ ထိုဓာတ်ငွေ့ ဓာတ်သက် များအားဖြင့် ဆက်သွယ် စေပြီး ၎င်းအကြာင်းကိုသိရလေသည်။ မြန်မာပညာများတွင် လူတစ်ဦးတစ်ယောက်ကိုကောင်းဆိုး ဖြစ်စေအောင် ၎င်း၏ အဝတ်အထည်ကို မီးထွန်းလေ့ရှိကြ၏။ ၎င်းလူနင်းသွားသောခြေရာကိုပင် ဓာတ်ရိုက်ကြလေသည်။ သဘောမှာထိုသူ၏ ဓာတ်ငွေ့ ဓာတ်သက်များကိုဖမ်းယူခြင်းပင် ဖြစ်သည်။
လူတစ်ဦး၏ ဓာတ်ငွေ့ ဓာတ်သက် အနံ့စသည်တို့သည် အခြားသူတစ်ဦး၏ ဓာတ်ငွေ့ဓာတ်သက် အနံ့တို့နှင့် မတူချေ။ ထို့ကြောင့် အနံ့ခံကောင်းသောစုံထောက်ခွေများသည် အဝတ်အထည် တစ်ခုခုကိုအနံ့ယူပြီးထိုအ ဝတ်အထည် ပိုင်ရှင်ထံအရောက်သွားနိုင်ခြင်း ဖြစ်လေသည်။ လူပေါင်းထောင်သောင်းထဲမှာပင် မိမိ၏ဆရာကိုအနံ့ခံပြီးလိုက်နိုင်လေသည်။ ဆိုင်ကိုမက်ထရီပညာမှာလက်၏ အတွေ့ သိမ်မွေ့ခြင်းပင်ဖြစ်သည်။ မျက်မမြင် များမှာလက်များအလွန် သိမ်မွေ့သဖြင့် လက်ဖြင့် စမ်းသပ်၍ စာဖတ်ခြင်း -စန္ဒယားတီးခြင်းစသည်တို့ကိုသူမတူအောင် လုပ်နိုင်လေသည်။ အချို့မှာလည်ချောင်းပေါ် လက်တင်ထားရုံနှင့် ပြောဆိုသောစကားများကိုနားလည်နိုင်လေသည်။
ဆိုက်ကိုမက်ထရီအတတ်ပညာကိုတတ်လိုပါကလက်ကိုသိမ်မွေ့အောင် လေ့ကျင့်ပေးရမည်။ လူတိုင်းဤပညာကိုတတ်နိုင်ပါသည်။ လူတိုင်းတွင် အခံရှိပါသည်။ အနည်းနှင့် အများအမြန်နှင့် အနှေးသာကွာပါသည် အစတွင် ပိတ် ၊ ပဒုမ္မာ ၊ ပိုးထည် ၊ ချဉ်ထည် ၊ ကတ္တီပါ ၊ သားမွေး ၊ ကျေက်ခဲ ၊ ကျောက်မီးသွေး ၊ ရွှေ ၊ ငွေ ၊ သစ် ခေါက် စသည်တို့ကိုစမ်းသပ်လေ့လာရမည်။လက်သည် တဖြည်းဖြည်းသိမ်မွေ့လာလိမ့်မည်။ နောက် မျက်စိမှိတ်၍ ဆုတ်ကိုင် စမ်းသတ်ကြည့်ရုံနှင့် သိနိုင်လာလိမ့်မည်။ ဤကဲ့သို့ ဆိပ်ငြိမ်သောနေရာတွင် နေ့စဉ် အချိန်မှန် တစ်နေ့လျှင် နာရီဝက်မျှ လေ့လာပေးပါကရက် လ အနည်းငယ်အတွင်းပေါက်ရောက်နိုင်ပါသည်။
ဤကဲ့သို့ လေ့ကျင့်ပြီးတစ်စတစ်စ အရာဝတ္ထုများကိုစမ်းသတ်ကြည့်ရှု့ရမည်။ မိတ်ဆွေဆီမှ ပေးပို့လိုက်သောစာကိုမဖွင့်ပဲလက်ထဲဆုပ်ကိုင်ပြီးအာရုံပြုကြည့်ပါ။ ထိုစာမှ မည်ကဲ့သို့ ထူခြားသည် ၊ မည်ကဲ့သို့ စိတ်ထဲမှာပေါ်လာသည်ကိုစသည်တို့ကိုမှတ်သားထားပါ။ နောက် အဖြစ်အပျက် အမှန်အကန်နှင့် နှိုင်းယှဉ်ကြည့်ပါ။ စိတ် ထဲပေါ်လာသည့် အတိုင်းဟောကြည့်ပါ။ တစ်နေ့မှာအမှန်ကိုသိမြင်လာပါလိမ့်မည်။
ပစ္စည်းတစ်ခုခုကိုဖတ်လိုသောအခါ ၎င်းပစ္စည်းကိုညာလက်ဖြင့် ဆုပ်ကိုင်ထားပါ။ နောက် စိတ်ဖြင့် သုံးသတ် ဆင်ခြင်ကြည့်ပါ။ မကြာမီထိုပစ္စည်းတွင် ပါလာသောဓာတ်ငွေ့ ဓာတ်သက်အားဖြင့် ပစ္စည်းရှင် ကိုယ်တိုင်ရှိဓာတ်ငွေ့ ဓာတ်သက် ဆက်သွယ်စေပြီး ၎င်း၏ အဖြစ်အပျက် အမှန်အကန်ကိုထင်မြင်လာပါလိမ့်မည်။ ထိုသူ၏ ကျန်းမာရေးအခြေအနေကောင်းဆိုး ၊ ကံကြမ္မာ ၊ အကျင့် စာရိတ္တမှစ၍ အားလုံးသိနိုင်ပါသည်။ လူနာဖြစ်လျှင် သင့်တော်မည့်ဆေးကိုသိနိုင်ပါသည်။ မကြာမီလူတစ်ယောက်နှင့် ပါတ်သက်သောသာရေး ၊ နာရေး ၊ ပစ္စည်းပျောက် ၊ သတ်မှု့ ဖြတ်မှု့ ၊ ခရီး ၊ ရန်သူ ၊ လာဘ်ရမရ ၊ မတော်တစ်ဆဖြစ်ခြင်း ၊ ကလေးမွေးခြင်း ၊ အလုပ်အကိုင်မှစ၍ အားလုံးသိမြင်နိုင် စွမ်းရှိလာလိမ့်မည်။
ဤပညာဖြင့် သုံးသပ်ကြည့်ရာတွင် တစ်ခါတစ်ရံတိုက်ရိုက်အဖြေကိုမသိဘဲ သွယ်ဝိုက်သောနည်းဖြင့် သိရတတ်သေးသည်။ ဥပမာ – လူနာတစ်ဦး၏ ရောဂါကို ကြည့်လိုက်သောအခါ မိမိ၏ ဝမ်းဗိုက်ထဲ၌ နာလာလျှင် ထိုသူမှာအစာမကြေရောဂါရှိသည်ဟုသိအပ်၏။ မိမိဦးနှောက်ထဲ၌ နာကျင်ကိုက်ခဲ၍ စိတ်အားညှိုးငယ်သွားလျှင် ထိုသူတွင် စိတ္တဇရောဂါရှိနေပြီဟုသိရမည်။ မိမိစိတ်ထဲ၌ ဝမ်းနည်း ကြေကွဲလာလျှင် ထိုသူမှာစိတ်ဆင်းရဲခြင်း ဖြစ်နေသည်ကိုသိရ၏။ ဤကဲ့သို့ အမျိုးမျိုးကောက်ယူရလေသည်။
ဤပညာဖြင့် ဟောပြောရန် အကောင်းဆုံး ဝတ္ထု ပစ္စည်းများမှာစာ ၊ ဆံပင် ၊ ခြေသည်း ၊ လက်သည်း ၊ နာရီ ၊ လက်ကောက် ၊ နားကပ် ၊ လက်စွပ် ၊ ရှပ် ၊ ကော်လာ ၊ ကြယ်သီး ၊ လက်ကိုင်ပဝါ ၊ တဘက် ၊ စောင်မှစ၍ ထိုသူ ဝတ်စားသော ပစ္စည်းများ ဖြစ်ရမည်။ အသားနှင့်ထိ၍ ဝတ်စားဆင်ယင်သော အရာဝတ္ထုတို့မှာအကောင်းဆုံး ဖြစ်သည်။
ထိုသို့ ပစ္စည်းများကိုလက်ဖြင့် ဆုပ်ကိုင်၍ သုံးသတ်ကြည်ကမတွေ့မမြင်လျှင် မိမိနဖူးပေါ် ကပ်ပြီးမျက်စိမှိတ် စဉ်းစားသုံးသတ်ပါကပေါ်လာလိမ့်မည်…..
8 comments
ဆူး
November 15, 2011 at 1:57 pm
ကိုရင် ရေ ရန်ကုန်မှာ သင်္ဘောသီး ဝယ်စားရင် ဆေးမတို့ ဆေးမစိမ် ပင်မှည့်သီးလေး ရွေးလို့ ရအောင် ဘယ်လိုများ အာရုံပြုရမလဲ.. ဝယ်လာပြီး အိမ်မှာ စိတ်လိုက်မှ အရောင်ဝင်းမှည့်မှည့် သင်္ဘောသီးက အရသာ ၂မျိုး ထွက်နေတယ် ချိုသလိုလို ငန်သလိုလိုနဲ့ စားရမှာလည်း ဓါတ်မြေဩဇာ နဲ့ ပစ်ရမှာလည်း နှမြောပါတယ်။ ဒါကြောင့် အစကတည်းက မှန်မှန် ကန်ကန် ခွဲခြား သိသိပြီး မဝယ်ခဲ့ရင် ကောင်းသားလို့ တွေးမိပါတယ် ဒါကြောင့် မမှားရအောင် အာရုံပြုနည်း ရှိရင် သင်ပေးပါ။
(မနေ့က ပိုစ်လေး တဝက်နဲ့ ပျောက်သွားတယ်.. မီးလင်းသလို ဖြစ်လာရင်ပြီးတော့ မပါတော့ဘူးနော် ဒီနေ့လည်း တင်ထားတာ မတွေ့ဘူး)
ကိုရင် ပိုစ်တွေကို လေးစားပါတယ် စိတ်ရှည်ရှည်နဲ့ နည်းမှန် လမ်းမှန် လုပ်နိုင်ရင် ဖြစ်မြောက်နိုင်မယ် ထင်ပါတယ်။ နည်းပညာတွေကိုတော့ ဗဟုသုတ အဖြစ်တော့ မှတ်သားထားပါတယ်။
ba gyi
November 15, 2011 at 3:05 pm
ကိုရင်ပြောတဲ့ ဆိုင်ကိုမက်ထရီ ဆိုတာမျိုးဟာ။မြန်မာပြည်မှာ တစ်ချို့ အကြားအမြင် ဟောသူ တွေနဲ့ခပ် ဆင် ဆင်ပဲ၊ ကျနော် ဒုတိယအကြိမ် စစ်ကြောရေးပါသွားတော့၊အိမ်ကမဒမ်က ။ကျနော့်ဓါတ်ပုံလေးယူသွားပြီး။
ဆရာမတစ်ဦးထံသွားကြည့်တယ်၊သူကအဲသည်ဓါတ်ပုံကိုင်ကြည့်ပြီးမျက်လုံးမှိတ်အာရုံခံဟောဒါ တဲ့။
ဘယ်လိုနေရာရောက်နေတယ်၊ ဘယ်နေ့ပြန်လွတ်မယ်ကအစပြောတာ၊ကွက်တိမှန်တယ်ဆိုပဲ။အံ့ဩစရာ။
ကိုရင်စည်သူ
November 15, 2011 at 3:29 pm
@ဘကြီး
ီဒီလိုမျိုး အဘကြုံခဲ့တာကို ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်…
ဒီပညာတွေက တကယ်ရှိတယ်၊ တကယ်ကျင့်ကြံရင်လည်း
ဖြစ်တယ်ဆိုတာ ကျနော် ရွာသားတွေကို သိစေချင်ပါတယ်…
တွက်ကိန်းနဲ့ ဟောတဲ့ဗေဒင်တွေထက် သမာဓိနဲ့ဆောက်ပြီး
တည်ထားတဲ့ အကြားအမြင်က ပိုပြီး မှန်ကန်လာတာကို
နောက်ပိုင်း ကျနော် လေ့လာတွေ့ရှိရပါတယ်… ကျွန်တော်တို့ အဘမင်းသိင်္ခလည်း
နောက်ပိုင်း အကြားအမြင်ပုံစံမျိုးနဲ့ ယတြာတွေပေးခဲ့ပါတယ်…
ပေါက်ဖော်
November 15, 2011 at 3:31 pm
ကျနော်က..အဘမင်းပေင်္ခ တပည့်ပါ..
အဲလိုအာရုံခံနည်းတွေ.ကျနော့်အဘက အကုန်သင်ပေးသွားခဲ့ပါတယ်
ထူးဆန်းတာက.ဆံပင်တို ့.လက်သည်းတို ့နဲ ့..အာရုံခံရင်..မရပါဘူး..
ဒေါ်လှသန်းချီတန်တဲ့..ကျောက်စိမ်းတို ့…စိန်ပွင့်ကြီးတို ့နဲ ့..အာရုံခံရင်တော့.ကွက်တိမှန်ပါတယ်..
ဒါပေမဲ့..ဟောပြီးရင် ပစ္စည်းပြန်မပေးပါဘူး.. 😆
နောက်ဒါပါ ကစည်သွတ်ရာ…
တစ်ကယ်ဖြစ်ချင် တစ်ကယ်ကျင့် အဟုတ်..ဖြစ်မှာပါဗျာ..
😯
windtalker
November 15, 2011 at 7:51 pm
တိန်…
တစ်ခါထဲပါ ဟ
နင်ကလဲ ။ အကုန်ဖော်တာပါဘဲလား
ကပေါက်ဖော်
အီးတီ
November 15, 2011 at 7:10 pm
ကိုစည်သူ ဘယ်သူနဲ ့ရန်ဖြစ်ထားလဲ။ နီရဲနေပါ့လား။
windtalker
November 15, 2011 at 7:50 pm
ကိုရင်ရေ ၊ အနီတွေကို ပြန်စိမ်းပေးလိုက်တယ်နော်
အီးတီ မေးသလို ဘဲ ။ ဘာတွေ ရှော ့ရှိနေလဲ မသိဘူး ။
ဒါနဲ ့အခု ကိုရင်ပို ့စ် ပါ ပညာလို ့ခေါ်ရမလား မသိဘူး
တစ်ချို ့ဖဲကျားတွေ (ဖဲရိုက်စား)တဲ့ကောင်တွေ က
လက်ချောင်းလေး တွေကို သဲ၊ကျောက်၊ဖန်ကွဲ တွေ နဲ ့ကျင့်ယူထားတာလေ
ဖဲထုတ် ၅ မျိုးလောက် ကို သူတို ့က အပိုင်ပြောနိုင်တယ်
ဖဲတစ်ချပ် ကို မကြည့်ဘဲ ကိုင်လိုက်ရုံနဲ ့အဲ့ဖဲ က ဘာလဲ ဆိုတာ
ပေါက်ဖော်
November 15, 2011 at 7:58 pm
ရဲရဲလေးတွေကြည့်ရတော့လဲ ..အမြင်တစ်မျိုးထူးတယ်လို ့ပဲ မှတ်ပါ၏..
ကစည်သွတ်ပြောတဲ့အတိုင်း ကျင့်ပြီးမှ…. ဘသူလာရဲသွားသလဲဆိုတာ..အာရုံခံ ကြည့်ဦးမယ်..
မှန်းစမ်း..မှန်းစမ်း..ဘူတွေနီလာနီသွားကြသတုံး
😯