ဘယ်လိုခေတ်ပျက်ကြီးလဲ..???
တစ်ထောင့်တစ်ညပုံပြင်တွေသာ ပြောလို ့ကုန်သွားနိုင်တယ် လူတွေရဲ ့အကျင့်ပျက်ခြစား၊တိရစ္ဆာန်စိတ်ပေါက်နေတာကို ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပေါ့….
ဘာရယ်တော့မဟုတ်ပါဘူး။မင်းမှုထမ်း ၊အစိုးရဝန်ကိုထမ်းပြီးဆိုတာနဲ ့ခိုးမစားရင် စားဖို ့တောင်အနိုင်နိုင်ပေါ့၊ကုသိုလ်ကောင်းမှုအလှူအတန်းဆိုတာဝေးရောပေါ့နော့။တစ်ချို ့ရုံးဌာနတွေများဆို တစ်နှစ်ပတ်လုံးကျွေးမွေးစရိတ်(၇၀၀)ကျပ်နဲ ့ရပ်တည်နေရတာ ဒီကနေ ့ဖွတ်ကြားဒီမိုကရေစီခေတ်ထိပါဘဲ။
အဲဒီလို မလောက်ငှလေတော့ ရုံးဌာနတွေမှာ ဖြတ်စား၊လာဘ်စားတွေပေါ်လာတာအဆန်းမဟုတ်ပါဘူးနော့။ဒီနေ ့ထိအောက်ခြေမှာ ဝန်ထမ်းစုတ်၊ဝန်ထမ်းပျက်တွေ ကိုစိတ်ထင်သလိုခိုးစားခိုင်း၊ဝှက်ခိုင်း၊နောက်ဖေးမီးဖိုချောင်လှေကားကနေ အထုပ်ပါမှဝင်ရတဲ့အိမ် ရှိနေသေးတဲ့ဒီခေတ်ဟာ ဖွတ်ကြားခေတ်၊ကတုံးပေါ်ထိပ်ကွက်တဲ့ခေတ်၊ပါလေရာငပိချက် အာဏာရူးတွေမှော်ထတဲ့ခေတ်ပျက်ပါဘဲ။
အများအားဖြင့်ကျွန်တော်တို ့ဒေသခံတွေရဲ ့အများစုသောလူထုက ဆင်းရဲသားလူတန်းစားတွေမို ့၊ဒီလူတွေအပေါ်မှာ အနိုင်ကျင့် ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ၊အမြတ်ထုတ်တဲ့စိတ်ဓာတ်မျိုးကို သာမန်အောက်တန်းကျတဲ့စိတ်ဓာတ်ပြောလို ့မရတော့ဘူး။ဒီစိတ်က အင်မတန်ယုတ်ညံ့တဲ့တဲ့ “လူ ့တိရစ္ဆာန်တို ့”ရဲ ့စိတ်ဘဲဖြစ်တယ်လေ။ဆရာတစ်ယောက်ကပြောတာကတော့““လူ ့တိရစ္ဆာန်တွေများသထက်များလာရင် လူ ့လောကကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်ကြီးဖြစ်သွားပါမယ်””တဲ့။
ကျွန်တော်တို ့ဟာလူ ့လောကကြီးကိုခဏတာအလည်လာသူတွေမို ့တနေ ့ပြန်ကြရမှာပေါ့။အိမ်အပြန်လမ်းလေးဖြောင့်အောင်လို ့………..
15 comments
rapperlay
November 15, 2011 at 11:40 pm
ဒါဆို ရင်ပေါ့နော်၊
သင့်တဲ့လမ်းလေး ခင်း၍ လျှောက်သင့်ပြီပေါ့နော်၊
သပွတ်အူထ အရိကျအောင်ပြောခံနေရတဲ့ အာနရှင် တွေမှာလဲ
အရမ်းအပြစ်မကြီးဘူးပေါ့နော် ၊
maetu
November 16, 2011 at 11:20 am
လူ ့လောကကြီးဆီသို ့အလည်လာသော ဧည့်သည်များတဲ့ ကောင်းတဲ့အသုံးနှုန်းလေးပါလား။ခေတ်ပျက်တော့ ခေတ်ပျက်ပါလား ဘယ်လိုလဲတော့
မပြောတတ်ပါဘူး။အမြန်အေးချမ်းပါစေ တောင်းဆုပြုပါရစေ။
ကြောင်ကြီး
November 16, 2011 at 1:14 pm
လူ့တိရာစာ္ဆန်တွေကတော်သေး၊ လူ့ဘီလူးတွေ များလာတော့ တိုင်းပြည်ကို လုယက်သတ်ဖျက် စားသောက်လိုက်ကြတာ လူတွေမှာ အရိုးပဲကျန်ပါတော့လား။။ 😥
etone
November 16, 2011 at 2:51 pm
လူ့ဘီလူးက တိုက်ရည်ခိုက်ရေ မိုက်တယ်နော် … အဟဲ 😛 ရှောင်လင်ကျောင်းက ကိုးဆယ့်ကိုးဆက်မြောက်တပည့်ဆိုပဲ … ။ အခုတော့ ရှောင်လင်က ခိုးထွက်ပြီး ကြောင်လိုက်ဖမ်းနေသတဲ့ … ။ အရက်ဆိုင်မှာ ပြန်သွင်းမလို့ပါတဲ့လေ 😀
etone
November 16, 2011 at 2:48 pm
ဒါပေါ့ မော်မော်သီးရယ် .. (ဒီnick လေးကို သဘောကျနေတုန်းမို့ပါ … ဟီး ဆောရီး 😀 )
မြို့နံမယ်သာ ထည့်မရေးတာ … ဒေသသံအတွက် တောက်ခေါက်သံကလည်း ပြင်းတယ်နော် … ။
သူတို့ခေတ်နဲ့ သူတို့ဇာတ်ဆိုတော့လည်း … ကိုယ်တိုင်က ဘာမှ မလုပ်နိုင်သေးတဲ့ အခြေနေ ၊ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့ လို့ပဲ ပြောလိုက်ပါတော့ …. ။
Gipsy
November 16, 2011 at 3:58 pm
မိုးတွေကလဲ ရွာဘဲ ရွာန်ိုင်လွန်းတယ် … ဘယ်တော့မှ တိတ်ပါ့မလဲနော်…
မြိ့နာမည်မပါတာက ငပွကြီးတို့မြို့ ဖြစ်နေလို့ထင်တယ်…
လိုုက်ဖျက်နှောင့်ယှက် အာဏာရှင် အလိုကျ ကပြသုံးတော်ခံတွေ ကလဲ တစ်မှောင့် .. ။
etone
November 16, 2011 at 4:48 pm
ဖားနိုင်မှ ဝါးနိုင်မယ့်ခေတ်ဆိုတော့လည်း … မပြောလိုတော့ပါဘူး … ။ ဝဋ်ရှိသရွှေ့သီချင်းသာ အော်ဆိုလိုက်ပါတော့ အိမ်ကြီး ရခိုင်သားတို့ရေ 🙁
Gipsy
November 16, 2011 at 4:52 pm
မှန်လိုက်လေ မ etone ရာ…
တူဘဝလဲ မရချင်ပါဘူး…
ပေ ချည်းပဲ ဖြစ်နေလို့ ခက်နေတာကလား…။ 😥
myaphay
November 16, 2011 at 6:03 pm
မိုးကလဲ ရွာမယ့်ရွာတော့ စနေမိုးလို အမိုက်အမှောင်မိုးပေမို ့
ပင်လယ်ထွက်ဝမ်းစာရှာနေတဲ့ ကိုတံငါတွေလဲ မပြောတတ်တော့ဘူး။
သူတို ့စားဖို ့၊သောက်ဖို ့ရှာပေးနေရသလိုဖြစ်နေတယ်လေ။
htet way
November 16, 2011 at 6:38 pm
ဒီလိုပဲလေ
အပြန်လမ်းဆိုတာကိုစဉ်းစားတဲ့လူရှိသလို
မစဉ်းစားမကြောက်ရွံ့တဲ့လူလည်းရှိလို့သာပေါ့နော်
ဖျက်စားရိုက်စားညာစား ဟောက်စားခြောက်စား….စား
ဝေးလွင့်တိမ်
November 16, 2011 at 6:49 pm
တို့မြို့ဟာ ဘီလူးကြီးများထွက်ချဉ် ဝင်ချဉ် ခိုနားရာ ။ (ဘီလူးကြီးများ = ရသမျှကိုအားမနာတမ်းစားသူများ)
မောင်သန်းထွဋ် ဦး
November 16, 2011 at 9:25 pm
ဒီလို နဲ ့ဘဲဆယ်စုနှစ်ပေါင်းများစွာကုန်လွန်ခဲ့ပီဘဲလေနော့်။
တနေ ့တော့ ကောင်းလာမယ်မျှော်လင့်ရုံကလွဲရင် မတတ်နိုင်တော့ပါဘူး။
ဒါပေမယ့်ပြုသမျှ ခံနေရမယ့်ခေတ်မဟုတ်တော့တာအသေချာဆုံးပါဘဲ။
မောင်တုတ် ကြီး
November 19, 2011 at 2:10 pm
ထိုင်ပီးဆက်သာ ဆုတောင်းနေရုံထက် အကိုတို ့လက်တွေ ့လုပ်ကိုင်ကြည့်ကြပါလား။ကျနော်တော့
အကိုတို ့လောက်မကျွမ်းကျင်လေတော့ ခက်နေပါပီဗျာ။တိုင်းပြီးပြောရဲဆိုရဲနေရအောင် ဘာအားကိုး
နဲ ့မိုက်နေတာလဲ တော့ မသိအောင်ပါလား။အဟင်း. အဟမ်းးး
ကျိန ္တလီသား
November 19, 2011 at 11:59 pm
မိုက်တဲ့သူက marywee ပါ ၊ မသိတာပဲကောင်းတယ်၊
naywoonni
November 19, 2011 at 10:25 pm
သင်္ခ ါရတွေပါ…။ ကောက်ရိုးသင်္ခ ါရ မြက်သင်္ခ ါရ …။ အဲဒိလိုတော့မဟုတ်ဘူး…။ သူတို့ ကတစ်ခါတစ်လေ သံမဏိ သင်္ခ ါရ တွေ ဖြစ်ဖြစ်နေတတ်တာတော့ ဆိုးဗျ…။ 😀