အဖေ

SonnyNovember 24, 20111min11413

ဒီကဗျာကိုပြီးခဲ့တဲ့အာဇာနည်နေ့ကရေးထားခဲ့တာပါ။ ရွာသားများအကြိုက်မတွေ့ရင်လည်း ကျွန်တော်မျိုးသေသင့်ပါတယ်။

 “အဖေ”
ဒို့ဗိုလ်ချူပ်
အပိုမလုုပ်၊
စစ်ခနပ်(Cygnus car)မစီး
စစ်ဘိနပ်ကြီးနဲ့။
သူခိုးကျင့်သူခိုးမကြံ
ရိုးရိုးကျင့်အမြင့်မစံ။
မသေချာတာက…..
ကိုလွှမ်းမိုးအဖေ အရက်သမား
(အဖေကကြိုက်တတ်လို့
အရက်ပုလင်းပြေဝယ်ကာအပြန်)
သေချာတာက….
ကိုလေးဖြူအဖေ ဗိုလ်ချူပ် ပါ
(ဒုက္ခတွေထည်လဲတွေ့တဲ့အခါ
အခြားလူမရှိဘူးကျွန်တော့်စိတ်မှာ
အမြဲမြင်ရောင်တမ်းတမိတာ အဖေ။)

ချစ်ခြင်းအားဖြင့်..ကိုဆန်နီ ၂၄-၁၁-၂၀၁၁

 

  “Father”

Our General

None in vain has he done

Ridden no car Cygnus such

Worn Army Boots he stuck!

 

Has he never thought ill

How humble his heart is

And lived and live and will live!

 

Mixed up with

Ko Hlwan Moe’s Dad Drunkard

(On way back home..bought a bottle of alcohol..forced by Dad the Drunkard)…

 

Be clear with

Ko Lay Phyu’s Dad the Hero

(picturing my Dad the Hero..

no other one…yearn for Dad

….when faced with

Clourful Calamities in our life…………)

 

With  love,

Sonny 24th  November 2011

 

 

 

13 comments

  • small cat

    November 25, 2011 at 7:43 am

    အပေါ်ကစာတွေထပ်နေလို့ဖတ်မရဘူးဖြစ်နေတယ်၊

    • Sonny

      November 25, 2011 at 9:18 pm

      ှsmall cat,
      ကော်နက်ရှင်တော်တော်ညံ့နေတုန်းတင်လိုက်မိပါတယ်
      တောင်းပန်ပါတယ်နော် ကိုပေါက်ဖေါ်ကွန်မင့်မှာဖတ်ကြည့်ပါခင်ဗျာ။
      ချစ်ခြင်းအားဖြင့်ကိုဆန်နီ

  • ပေါက်ဖော်

    November 25, 2011 at 9:36 am

    “အဖေ”
    ဒို့ဗိုလ်ချူပ်
    အပိုမလုုပ်၊
    စစ်ခနပ်(Cygnus car)မစီး
    စစ်ဘိနပ်ကြီးနဲ့။
    သူခိုးကျင့်သူခိုးမကြံ
    ရိုးရိုးကျင့်အမြင့်မစံ။
    မသေချာတာက…..
    ကိုလွှမ်းမိုးအဖေ အရက်သမား
    (အဖေကကြိုက်တတ်လို့
    အရက်ပုလင်းပြေဝယ်ကာအပြန်)
    သေချာတာက….
    ကိုလေးဖြူအဖေ ဗိုလ်ချူပ် ပါ
    (ဒုက္ခတွေထည်လဲတွေ့တဲ့အခါ
    အခြားလူမရှိဘူးကျွန်တော့်စိတ်မှာ
    အမြဲမြင်ရောင်တမ်းတမိတာ အဖေ။)

    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ ၂၄-၁၁-၂၀၁၁

    ကျနော်လဲ ကလေးဖြူ ့ အဖေသီချင်း ကြိုက်တယ်ဗျာ..
    အကြိုက်ချင်းတူနေပြီ…

    • Sonny

      November 25, 2011 at 9:26 pm

      ကိုပေါက်ဖေါ်ရေ…
      လေးဖြူဆိုရင်ကျွန်တော်ကအသည်းစွဲဗျ။ အကြိုက်ချင်းတူတာ ဝမ်းသာပါတယ်။
      အကြိုက်ဆိုတာ ကိုုယ့်ချစ်သူနဲ့တောင် တူခဲ တယ်လေ။ ha..ha..har…..
      လေးဖြ cd တွေဆိုများသောအားဖြင့် မူရင်း ပဲအားပေးပါတယ်။
      လေးဖြူုရဲ့အဝါရောင်ကိုက်ခဲ့မှု တို့. ဝမ်းနည်းချင်းမှတ်တမ်းတို့၊ မငြိနဲ့ တို့၊ အမဲလိုက်အက တို့၊
      ရွှေတောင်ပံ တို့၊ သတိမေ့သွားတဲ့ည တို့ အို…အကုန်လုံးကြိုက်ပါတယ် ဗျာ။။
      ကျွန်တော့်ကဗျာလေး ကို အရေးတယူ ဖေါ်ပြပေး တဲ့ ကိုပေါက်ဖေါ်ကိုThanks a million. ပါနော်။
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..

  • windtalker

    November 25, 2011 at 3:24 pm

    ပေ့ အဖေကတော့
    ဆိုက်ကားတစ်စီးငှား
    ဟိုဈေး ဒီဈေးပြေးလွှား
    ဈေးရောင်းရှာကျွေး သွား
    သူထွက်သွားတာ တစ်ဆယ့်ငါး
    ပေ့ဘဝအတွက်
    အမှတ်ရစရာများ
    မမေ့မလျော့ ထား
    ရည်စူး ဒါနများ
    လှူကာ အမျှပွား

    • TTNU

      November 25, 2011 at 11:54 pm

      Windtalker … လျှောက်ပြောနေ။
      မင်းဒက်ဒီ ဘာတွေရောင်းတာလဲ။
      ABCD ရောင်းတာလား။
      ဒါဆိုမောင်မောင်ပေ ဆက်ရောင်းပါလား။
      ကိုဆန်နီ ဆို ABCDEFG နေ့တိုင်းဈေးရောင်းသည်။

      • windtalker

        November 26, 2011 at 11:35 am

        ကကြီး ခခွေး လေးတွေ ကို
        ဖတ်ကောင်းအောင် စာစီရေးဖို ့
        ကြိုးစားနေမိသူ
        မောင်ပေ လေးရယ်ပါ
        ဆရာမကြီး ရယ်
        အေဘီစီဒီ က တော့
        သိပ်မဝေးတော့ပါဘူး
        ကိုဆန်နီ နဲ ့
        ဆရာမကြီး ရှိနေပြီဘဲ

  • Sonny

    November 25, 2011 at 9:41 pm

    ညီလေး ဝင်းတော့ကာရေ..
    လှူကာ အမျှပွား ဆိုတာလေး က ရင့်နင့်စရာ ဖြစ်သလို ဝမ်းသာစရာပါ။ သာဓုခေါ်ပါတယ်ကိုပေ။
    အမှတ်ရစရာများ တွေရှိတိုင်း အလှူလေးတွေလုပ် အမျှပေးဝေ ကောင်းပါ့ဗျာ။
    ကိုလေးဖြူသီးချင်းလေး ခံစားကြည့်ပါး
    “..ဖြစ်မယ် ပျက်မယ် သေချင်းတရား တစ်နေ့ကြအော်မုချ ကြုံမှာ သိတယ် သိလည်းပဲ..မျက်လှည့် ပြသလိုပဲ..”
    ဆိုသလိုပါပဲ ညီရေ..
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

    • windtalker

      November 25, 2011 at 10:04 pm

      အကိုရေ
      ဆောင်းဘောက်စ်ကောင်းကောင်းနဲ ့၊ စက်အကောင်းစားတွေ နဲ ့
      ကာရာအိုကေ သီးသန် ့ဆိုင် ရှိတယ်လေ
      အဲ့ရောက်လို ့ကတော့
      အသားကုန် ဟဲနေကြတွေ ပေါ့ ဗျာ

  • thit min

    November 26, 2011 at 11:12 am

    လေးဖြူ ဆိုရင် နှင်းဆီဝင်ဂဘာ အကြိုက်ဆုံးပဲ။
    ~~~~~~~~
    ကိုဆန်နီ ကအဖေဆိုလို့ စဉ်းစားမိတယ်။
    “အားကိုးရာ ဦးဆောင်သူ” လို့အ ဒိတ်ပယ် ထွက်တယ်နော်။
    ဒါဆို အားမကိုးရသော ။။ဦးဆောင်သူများဆိုရင်ကော လို့ စဉ်းစားမိတယ်
    “ဖြေကြည့်ကြပါလား” အတွေးချင်းတိုက်ကြည့်ရအောင် (^^)

  • TTNU

    November 26, 2011 at 9:39 pm

    ဆရာသစ်ရေ…
    တီချာလည်းဝင်ပါမယ်။
    အဖေ= အားကိုးရာ ဦးဆောင်သူ
    အားကိုးရာ ဦးဆောင်သူ = နာယက
    အားမကိုးရသော ဦးဆောင်သူများ = အ နာယက
    အ နာယက = ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊

  • Sonny

    November 27, 2011 at 12:12 am

    ကိုသစ်မင်း ရေ…မင်္ဂလာပါနော်
    အဖေ “အားကိုးရာ ဦးဆောင်သူ” သူလို့ အဓိပ္ပါယ် ထွက်တယ် လို့အခုမှသိပါတယ်.
    ဒါပေမဲ့ အားကိုးရတာပဲဖြစ်ဖြစ် အားမကိုးရတာပဲဖြစ်ဖြစ အဖေကတော့ အဖေပါပဲနော်..
    သူတောင်းစားလည်းအဖေ သမတကြီးလည်းအဖေ အတူတူပါပဲ။ ဦးသိန်းစိန်ကိုဆိုလိုတာမဟုတ်ဘူးနော်။
    Range တစ်ခုကိုဝင်ကြည့်တာပါ။ ဒါပေမဲ့ အဖ၊ အဖေ နေရာ ရောက်နေတဲ့လူတွေက အားကိုးထိုက်သူ ဦးဆောင်လမ်းပြကောင်းသူတော့ဖြစ်သင့်ပါတယ်။အကိုသစ်ဆွေးနွေးလိုတဲ့ အားမကိုးရသော
    ဦးဆောင်သူများကို name ရရင်တော့ ငယ်ငယ်က အမြဲကျောင်းနောက်ကျတဲ့ မော်နီတာမျိုးတွေ၊ အရက်သောက်ဖဲရိုက်မိန်းမရိုက်နဲ့ယောကျင်္ားသားမျိုူးတွေ၊
    ဆရာဖြစ်ပြီး တပည့် အပေါ် နာသုံးနာ မကျေတဲ့သူတွေ၊
    အမျိုးပျောက်မှာ စိုးမကြောက်တဲ့ နိုင်ငံခေါင်းဆောင်တွေ၊
    ဘုန်းကြီးဝတ်ပြီး ညစာ ခိုးစား ကွမ်းစား ဆေးလိပ်သောက်ဘောပွဲလောင်းသူတွေ။
    အာဏာရှိပြီး အာဏာအလွဲသုံးစားလုပ်သူတွေ၊
    ှုဥပဒေ ပြုခွင့်ရပြီး မြန်မြန်ပြု မြန်မြန်ပြင်ချင်သူတွေ
    တိုက်ဆောက်ပြီး ဘိလပ်မြေ မစစ်တာတွေနဲ ရော အမြန်ဆောက်
    အမြန်ပြီး အမြန်ပျက် ဆောက်လုပ်သူတွေ
    မည်သူ့ကိုမျှ မရည် ရွယ်ပါ။ နောက်ထပ်ရှိပါသေးတယ် အကို ရေ။ အချိ်န်ရမှဆက်ရေးအုံးမယ် နော်။
    ဪ..ကျွန်တော် ကတော့ လေးဖြူ ရဲ့ Denis Martin ကြော်ငြာ သီချင်း သိပ်ကြိုက်တယ်။ ဒေါင်းလုပ်လုပ်လို့ရတယ် ထင်တယ်။ လူငယ်တွေကို ကြိုးစားဖို့အားပေးထားတယ်။
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • thit min

    November 27, 2011 at 8:59 am

    ဆရာမကြီးတီတီနုရေ
    ကန့်လန့်တိုက်၊ပြောတာမှန်သမျှခေါင်းညှိတ်၊လေယူရာတိမ်း၊ကိုယ့်ဘတ်ကိုယ်ယက်၊ဂမူးရှူးထိုး၊
    အုပ်စုနဲ့မှလုပ်ရဲ ကိုင်ရဲ သူများကိုတိုက်ခိုက်ရဲ သော ဤ ခြောက်မျိုး ကိုတော့ အကြီးအကဲအရာထားနေရလို့ကတော့
    ဟုတ်ကဲ့။ဟုတ်ကဲ့ ပါခင်ဗျား။
    ဆရာဆန်နီရေ
    ဖခင်ဆိုတာ ဖခင်ပါဘဲ မှန်ပါသည်ခင်ဗျာ။
    ကျနော်ဆိုလိုတာကဖခင်ပီသသော၊အကြီးအကဲပီသသော၊နာယကပီသသောလို့ ဆိုလိုခြင်းသဘောပါခင်ဗျာ။
    ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက်ကိုကိုးကားချင်ပါတယ်။
    စာရိတ္တသီလ၊ ဝါရိတ္တသီလ ရှိရမယ်ဆိုတာကိုပါ။
    အကြီအကဲ ၊နာယက၊ အဖေ ပေါ့လေ
    စားဝတ်နေရေး ငွေရှာပေး ဆိုတဲ့ ကလေးကဗျာလေးက စလို့ မိဘကျင့်ဝတ်၊နာယကဂုဏ်ခြောက်ပါး အစရှိသဖြင့်
    လူလောက ရဲ့စောင့်ထိန်းစရာများကိုတော့ အခြေခံလိုအပ်ကြောင်းအထူးပြောစရာမလိုပါဘူးပေါ့ခင်ဗျာ။
    အဲဒီတော့ စာရိတ္တသီလ(ကိုယ်စောင့်ထိန်းရတဲ့သီလ) လို့ဘဲ အတိုချုပ်ပြောပါရစေ။ “စံ” တခု ပေါ့ဗျာ။
    နောက်ဒုတိယ စံတခုကို ကြည့်ရင်တော့ ဝါရိတ္တသီလ (ကိုယ် “လုပ်” ရမဲ့ သီလ) ပါတဲ့။
    ကျနော် စဉ်းစားမိလိုက်တာကတော့ Morality နဲ့ Responsibility လို့ဖြစ်သွားတယ်။
    ဆရာဆန်နီရေးသော “ဖခင်” ကဗျာအရတော့ ကိုက်ညီတာကိုတွေ့ရမှာပါ။
    တာဝန် ကျေသော ဖခင်ပါ။အဲဒီလိုလေးပါ။

    ဟုတ်တယ် ။ ကိုယ်ကျင့်တရားလဲ ပျက်မယ်။ တာဝန်ယူမှုလဲမရှိဘူးဆိုရင် တာဝန် မကျေသော ဖခင်။
    ဖခင် ပီသသော ဖခင် (သို့) နာယက (သို့) အကြီးအကဲ ခေါင်ဆောင် ဖြစ်နိုင်ခြင်းမှဝေးပါပြီလို့ထင်မိတယ်။
    ဆိုင်တော့ မဆိုင်ဘူးပေါ့နော်။
    ဒီလိုဘဲ ဆွဲယူတွေးကြည့်တာ။
    Mr. President လို့ခေါ်တယ်မလား။
    Morality နဲ့ Responsibility ရှိပါစေ သမ္မတကြီး ရေလို့များရည်ရွယ်လေရော့သလားလို့အတွေးကစားမိပါကြောင်း။
    (အမျိုးသမီးဆိုရင်Madame President လို့ခေါ်တာရှိပေမဲ့ သဘောတရားကိုပြောတာမို့ M+R လို့ဘဲဆိုပါရစေခင်ဗျ))

Leave a Reply