One kiss one Dirham
ဆိုင်တွင် Cashier အဖြစ်လုပ်ကိုင်နေသော ကျွန်တော်သည်ကား အိနိ္ဒယအမျိုးသားတစ်ဦး၊ သီရိလင်္ကာ အမျိုးသားတစ်ဦး၊ နီပေါ အမျိုးသားတစ်ဦး၊ ဖိလစ်ပိုင် အမျိုးသမီး ၂ ဦးဖြင့် အလှည့်ကျ လုပ်ငန်းခွင်ဆင်းရခြင်းဖြစ်သည်။ ရှားရှားပါးပါး အမျိုးသမီး ၂ ဦးသာရှိသည့်ဆိုင်တွင် တစ်ဦးမှာ ၄ဝ ကျော် ပုပုသေးသေး အိမ်ထောင်သည် အမျိုးသမီးနှင့် တစ်ဦးမှာ ၃ဝ ကျော် အတန်ငယ်လှသည်ဟု ဆိုနိုင်သော အပြိုဟုခေါ်သည့် ဖိလစ်ပိုင်မလေးတစ်ဦးတို့ ဖြစ်ကြသည်။
နေထိုင်ရာမြို့လေးသည်ကား လွန်စွာမှပင် အစွန်အဖျားကျလှပေသည်။ တစ်မြို့လုံးတွင်မှ ကုန်တိုက်စုစုပေါင်းတစ်ခု၊ အမေရိကန် စားသောက်ဆိုင်ဆိုလို့ KFC တစ်ဆိုင်ပဲ ရှိသည့်ကြားကမှ ကျွန်တော်တို့ဆိုင်သို့ လာရောက်ကြသူများ မျက်စိဘဝင်အေးစရာကြည့်ရှူရန်မှာ ထိုဖိလစ်ပိုင်မလေးမှတစ်ပါး ဘယ်သူမှမရှိကြသဖြင့် ထိုကောင်မလေး Cashier လုပ်သည့်နေ့ကား ရောင်းကောင်းသောနေ့သာ ဖြစ်တော့သတည်း။ ကျန်နေ့များတွင်မူ နှုတ်ခမ်းမွှေး ဖားလျားချထားသော အိန္ဒိယလူမျိုးနှင့် ကျွန်တော်၊ မျက်တွင်းဟောက်ပက်ပုံစံဖြစ်နေသော ယောကျာ်းတစ်ပိုင်း မိန်းမရိုင်း (မျိုးမစစ်ကိုပြောပါတယ်) နှင့် ပိန်ညောင်ညောင် နီပေါလူမျိုးတို့သာ အစွယ်ထုတ်ပြုံး (ဟယ်… ဟုတ်သေးပါဘူး) မချိသွားဖြဲ (ဒါလဲမဟုတ်သေးဘူး) မျက်နှာလိုမျက်နှာရ (ဒါမှ ဟုတ်သွားတယ်) အပြုံးဖြင့် ဆီးကြိုနေကြသည်သာ မြင်ရသောကြောင့် အမြဲတစ်စေ လူပါးမြဲဖြစ်သည်။ အကြောင်းမှာမူ ဖောက်သည်အများစုမှာ ကျားကျားလျားလျား ယောကျာ်းသားများသာဖြစ်ခြင်းကြောင့် ငယ်စဉ်က လေ့လာခဲ့ဖူးသော လျှပ်စစ်သဘောတရားကြောင့်သာ ဖြစ်ပေလိမ့်မည်ဟု ကိုယ့်ကျောကိုယ်သပ်ရင်း နှစ်သိမ့်ရတော့သည်။ အဖိုနှင့် အဖိုချင်းတွေ့လျင် အလိုအလျောက် တွန်းကန်ကြပြီး အဖိုဓါတ်နှင့် အမဓါတ်သာ ဆွဲဆောင်ခြင်း ပြုနိုင်တော့သည်မို့ လောကနိယာမတရား ဘယ်မှာမှ ရှောင်ရှားလို့ မရနိုင်ပါလားဟု။
ဒေသခံအများစုမှာ အာရပ်လူမျိုးများသာ ဖြစ်ကြသဖြင့် အများအားဖြင့် အာရဗီစကားကိုသာ ဘုံအနေနှင့် သုံးလေသည်။ နကန်းတစ်လုံး နားမလည်သော ကျွန်တော်တို့လို လူမျိုးများနှင့်ပြောသောအခါတွင်ကား အိုးနင်းခွက်နင်းအင်္ဂလိပ်စာဖြင့် ပြောဆိုသုံးနှူန်းကြသည်။ မည်သည့် အင်္ဂလိပ်လူမျိုးမှ နားမလည်နိုင်သော်လည်း သူလိုကိုယ်လို တစ်ခြမ်းပဲ့ အင်္ဂလိပ်စာသာတတ်သော ကျွန်တော်တို့ အဖို့မှာကား အတော်လေး အဆင်ပြေခြင်းဖြစ်တော့သည်။ လိုအပ်လျင် ကမ္ဘာသုံးဘာသာစကား (ခြေဟန် လက်ဟန်ဖြင့်) ပြောကြားခြင်းဖြင့် လိုရင်းသို့ ချောချောမွေ့မွေ့ ရောက်လေတော့သတည်း။
တစ်ရက်တွင်မတော့မူ ဆိုင်တွင်လာရောက်စားသောက်နေသည့် စားသုံးသူတစ်ဦး (ဖိလစ်ပိုင်မကို ပိုးပမ်းနေသူတစ်ဦးမှ) ထိုဖိလစ်ပိုင်မကို ပြောသောစကားနှင့် ၎င်းမှ ပြန်လည် အရွှန်းဖောက်လိုက်သည်ကို ကြားလိုက်မိသည့်တစ်ခဏ တစ်ဆိုင်လုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်ခြင်း ဖြစ်ရတော့သည်။
” အိုင် နိ ဝမ်း ကစ်(စ်) ”
” ဝမ်း ကစ်(စ်) ဝမ်း ဒါရ်ဟမ်း ” ဟု ဖြစ်တော့သည်။
ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလပ်စတစ်အိပ်အား ၎င်းတို့မှ Case (ကေ့စ်) ဟုခေါ်ကြသော်လည်း မပီသည့်အတွက် ကစ်စ် ဖြစ်သွားသည်ကို ထိုဖိလစ်ပိုင်မမှ ပြန်နောက်လိုက်သည်ကို ကျွန်တော် ဆိုင်သတင်းပေးကြီး ကြားလိုက်ရာမှတစ်ဆင့် အချင်းချင်း ပြန်ပြောကြရာမှတစ်ဆင့် နမ်းချင်ကြသူ အလုအယက်မှာ ထိုကောင်မလေးကိုတွေ့တိုင်း ငါ့မှာ ၃ ဒါရ်ဟန်းရှိတယ်၊ ငါ့မှာ ၁၅ ဒါရ်ဟန်းရှိသည်ဖြင့် ပါးစပ်ကြီးများတစ်ပြင်ပြင်နှင့် တွေ့တိုင်း စနောက်ကြသည်မှာ ယနေ့တိုင်အောင်သာဖြစ်တော့သည်။ မဆီမဆိုင်တွေးမိပါသေး၏၊ ထိုကောင်မလေးသာ ထိုအလုပ်ကိုလုပ်စားလျင် လစာကို လှည့်ကြည့်စရာမလိုတော့လောက်အောင်ပင် ဝင်ငွေတွေ ကောင်းလိမ့်မည် ဟူသတတ်။
(ဘဝအမောတွေကြားက ရယ်စရာအကြောင်းလေးတွေကို ဖြစ်သလို စာစီရေးသားလိုက်ရပါကြောင်း…)
16 comments
မှော်ဆရာ
November 30, 2011 at 12:03 am
တစ်ဒါဟန်းကို မြန်မာငွေနဲ့ ဘယ်လောက်ကျသလဲဟင်
အို…. ဘယ်လောက်ကျကျပါ…
အရေးကြီးတာ ဒါဟန်းနှိုင်ဖို့ အဓိက .. 🙂
ရှူံးနိမ့်မှုများနဲ့.. လူ
November 30, 2011 at 12:15 am
တစ်ဒါဟန်းမှ မြန်မာငွေ ၂၅ဝ ပဲကျပါတယ်ကွယ်
တန် မှတန်
လစာအပြုတ်သာ ဆိုရင်တော့လား
ဟွင်း ဟွင်း ဟွင်း.. 😛
မှော်ဆရာ
November 30, 2011 at 12:28 am
လစာအပြုတ်ဆိုရင် အမုန်းဆွဲပြီး ဗုံးကျဲပလိုက်လို့ ရမှာပေါ့နော်…
inz@ghi
November 30, 2011 at 7:00 am
ဆင်တူဖြစ်ရပ်လေး ….ကြုံဖူးတယ်ခည ..ဟီဟိ
အလုပ်မှာ …သူငယ်ချင်းကောင်မလေးနာမည်ကို ခနခန ခေါ်တဲ့ကိစ္စ ….
(ဥပမာဗျာ နာမည်လေးက သင်္ချာဝင့်ကြော် ဆိုပါစို့)
အလုပ်မှာ ဟဲ့ ..သင်္ချာဝင့်ကြော် ဟဲ့ ..သင်္ချာဝင့်ကြော်
ခနခန ခေါ်ပြီး ဟိုဟာမေး သည်ဟာရှင်းခိုင်းလုပ်ရတယ်ပေါ့ ….
ကြာတော့ ကိုယ်တိုင်လည်း အလုပ်ရှုပ်နေတဲ့အနှီ ငတိမက ဒေါပွပီး ….
သည်လူရီး ဘာလို့ သူများ နာမည် ခနခန ခေါ်နေလဲ …
တခါခေါ် ၅ဝ ဒါပဲ ဆိုပီး စ,နောက်လိုက်တာ …
ခပ် ရွှတ်ရွှတ် ငနာ တကောင်က ၁လလုံးခေါ်ရင်
ဘယ်လောက်လဲဟင်င်င်င်င်င် …… တဲ့….
ကောင်းရော….ဝိုင်းရီလိုက်ကြတာ …၅မိနစ်လောက်…
အဲ့ … မကြာပါဘူး အနှီငတိ ကျောကုန်းပေါ်က အုံးကနဲ
အသံကြီး ထွက်လာပါပေါ့လား…..ဟီး ……
(အနှီငတိသည် ကျွန်ုပ် ဖြစ်ကြောင်း ဝန်ခံရန် မေ့တွားဘာသည်…)
E.T
November 30, 2011 at 8:27 am
လောလောဆယ် မမိုးဇက်ကတော့ သူ ့ကော်မန် ့ကို ကအင်ကြီး ၁ခါ reply ရင် ၁၀ဝ ပါတဲ့။ မျက်စိနောက်လို ့တဲ့ 😛
lone
November 30, 2011 at 10:34 am
ဖိလစ်ပိုင်မလေးက one kiss ကို one dirham နဲ့သာလုပ်စားလို့ကတော့ … ဝင်ငွေကောင်းမကောင်းတော့မသိဘူး…နှုတ်ခမ်း ကင်ဆာဖြစ်လို့သေမှာတော့သေချာတယ်။ နောက်ပြီး ကပ်ပလီ မဲမဲကြီးနဲ့တွေ့ရင် …. အမလေး… 🙁
ရှူံးနိမ့်မှုများနဲ့.. လူ
November 30, 2011 at 10:45 am
အမ်မယ်… အမ်မယ်
ဖိလစ်ပိုင်မလေးတွေများ အထင်သေးလို့
သူတို့တွေက ဘယ်လူမျိုးပဲလာလာ မဖြုံရေးချ မဖြုံပါတဲ့
လူကောင်လေးတွေကသေးသေးလေး၊ သူတို့ကြိုက်တာက တစ်ကယ့်ဥရောပသားတွေလေ 😀
nozomi
November 30, 2011 at 10:46 am
ကိုရှုံးကြီး အရေးအသားကို တော်တော် သဘောကျသဗျာ
အဆင်ပြေရင် များများရေးစမ်းပါ
မိန်းမရပြီးရင် ရေးတဲ့ဘက် လှည့်နိုင်တော့မှာ မဟုတ်ဘူး
ကြောင်ကြီး
November 30, 2011 at 12:57 pm
ဘာပြုလို့လဲဗျ။ ငရုတ်ဆုံ ထောင်းရမှာမိုလို့လား။။။။။ 😀
nozomi
November 30, 2011 at 1:14 pm
ကိုကြောင်ဖြူတို့က
ချက်ဆို နားခွက်က မီးတောက်သလို
တန်းကို သိတော့တာပဲ
Moe Z
November 30, 2011 at 11:10 am
မြင်ဖူးသမျှ ဖိလစ်ပိုင်မလေးတွေကတော့ တစ်ယောက်မှမလှဘူး ကိုရှူံးလူရဲ့
သူတို့နဲ့ယှဉ်ရင်မြန်မာမလေးတွေက တော်တော်လှတယ် 😛
cryingsoul
November 30, 2011 at 11:12 am
ဝမ်းကစ် ဝမ်းတစ်ဒါဟန်း ဆို အဲ.ကောင်မလေးလဲ ထမင်းတောင်စားဝင်ပါ.မလားမသိ (ကွိကွိ)
inz@ghi
November 30, 2011 at 11:16 am
@Lone
ဟိုက သဘောလောက်ပဲ ပြောရသေးတယ် ..တူက တူကြိုက်ဒဲ့ …ကပ္ပလီကြီး စိတ်ကူးယဉ်ပုံဖော်နေပီ အာဟိ
@ကိုရှုံး
ဟဲဟဲ ဒါမိုးက ကြုံဖူးမှ သိဒါနော …..
@Nozomi
အဲ့သည့်အခါကျတော့လည်း မိန်းမဋီကာ ရေးပေမပေါ့ဗျာ
@Moe Z
ဒါကြောင့် ဇက်ကလေး ကို ဇက်ကြီးက ထောက်ခံရဒလာပေါ့ကွယ်….
ဟီဟိ. … စုပီးမန့်လိုက်ပီ ..မသိရင် ကိုယ်ကပဲ ပိုစ့် ရှင်လိုလို ဘာဂလိုလို…
ခင်လို့ စတွားတာပါ သဒို့သားလောင်းကြီးရေ့ …..
ကြောင်ကြီး
November 30, 2011 at 12:03 pm
ကောင်မလေး ဆိုရင်တော့ ဝမ်းkiss ပေါ့ဗျာ။ ကောင်ထီးက သွားတောင်းရင်တော့ ဝမ်းkick ပဲရလိမ့်မယ်။
Shwe Tike Soe
November 30, 2011 at 12:41 pm
တန်တယ်နော် ၁ကစ်ကို ၂၅ဝ ဆိုတော့.. ဒီမှာဖြင့် ၁ကစ် ကို ၅၀ဝ ဗျ ဟဟဟ
cobra
November 30, 2011 at 12:49 pm
ဟာာ တကစ်ကို၅၀ဝဆိုပါလား
ဘယ်မှာလဲဗျ