ဆုမွန်ကောင်း

thit minDecember 24, 20111min24350

သူကြီးဦးခိုင်နဲ့တကွ ရွာသူရွာသားများဖြစ်ကြသောဆရာတော်ဆန်နီနေမင်း၊ ဆရာတော်ashinthusitta ၊

တီချယ်ကြီးတီတီနု၊ဦးပါလေရာ၊ဦးဒွန်၊ဦးဖော၊ဦးဖက်တီး၊ကိုnature ၊ အဘဆွေ၊ကိုပေါက်(မန္တလေး) ၊

ကိုဘလက်ချော၊ ကိုနိုးဇိုးမိ၊ကိုကြီးnaywoonni ၊ ကိုသန်းထွဋ်ဦး၊ကိုဘကြီး၊ကိုဘီလူးကြီး၊ ကိုကြောင်ကြီး၊

ကိုကြောင်ဝတုတ်၊ကိုကြောင်လတ်၊ကိုကြောင်လေး၊ကြေးမလောင်၊ ကိုကြွက်၊ကို KING၊ကိုDiamond Key ၊

ကိုDave ၊ကိုရှုံးနိမ့်မှုများနှင့်လူ၊ကိုနီဂိမိ၇၇၊ကိုကမ်းကြီး၊ကိုအာဂ၊ကိုထက်ဝေး၊ကိုဆန်နီ၊ကိုအလင်းဆက်၊

ကိုရင်စည်သူကို thuyazaw21451 ၊ကို Shwe Tike Soe၊ကို zarlay၊ကို chityimhtoo၊

ကိုchindwinsayargyi၊ကိုmyohtat၊ကိုTrue Answer ၊Ko Ko Aung၊ ကိုမှော်ဆရာ၊ ကိုလင်းဝေကျော်၊

koAnzartone ကိုအမတ်မင်း(ညီလေး)၊ညီမောင်ပေ၊ညီပေါက်ဖော်၊ညီလေးရွှေဘိုသား၊ ညီအင်ဇာဂီ၊whowho၊

ကိုchatsuကိုMg Ogga ၊ ကို- M-Lulin၊ကိုthat naing oo၊ကိုMaung Dae`၊ကိုmyohtat ၊ကိုkotun winlat

၊ကိုpho zaw ၊ကိုသားငယ် ၊ကိုsuper ၊ ကိုgoldstar ၊ကိုZaw Wonna ၊ကိုဂေါ်လီလုံးလေး ၊ကိုlu nyo chaw ၊

ကိုkokothandar ၊ကိုlulinmg ၊ကိုမိုးနတ်သားလေး၊ ကိုmyanmarcitizen ၊ko Kyaing ၊ကို than lone ၊ကို three

colors၊ ကို ဝေးလွင့်တိမ်၊ကို goldstar၊ကိုZaw Wonna၊ကိုNK၊ ကိုzaw min၊ကိုzay၊ဦးဦး

ကိုAnzartone ကိုဂျော်နီအောင်ပု၊ကိုတောတွင်းပျော်၊ကိုkuroko ၊ကိုPOL ၊ကိုmg wine ၊ မမ၊ မဝေဝေ၊မမှီ၊ မ Khin Latt၊

မaye-kk၊မပူးချ်၊ဒေါက်တာပဒုမ္မာ၊နွယ်ပင်, နီကီတာ,ဒေါက်တာမိုးသီတာစိုး၊မမိုးဇက်၊etone၊ဆူး၊မမိုးချမ်းမြေ့

ရွှေအိမ်စည်၊manawphyulay ၊စုံစုံ၊ ပန်ပန်,မyaungchikha၊ mandalarthu ၊ မNovy ၊မyuki ၊Amilay ၊

ko မင်းပြည့်ရှိန်

ko ying maung

ချစ်စ/ဆ ရာ

wathenmoe

tt lay

We R One

မီးလေး

ဖြိုး

မမလေး

ဇိုး

လုံး

ကြေးမုံ

ချာတူးလန်

Cobra

AKKO

koထူးဆန်း

koငြိမ်းချမ်း

Shanma TUmdy

ko phone_kyaw

နှင့်(နာမည်ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ပါနော်)

အားလုံး အားလုံးကို

Merry Christmas and Happy New Year!

ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူသည်……

ဤမည်သောနေရာကိုဖန်တီး၏။

ဤမည်သောနေရာကိုခိုင်ခန့်စေ၏။

လုံ့လစိုက်ထုတ်၏။ အချိန်ကိုပေး၏။

ငွေကိုအကုန်ခံ၏။

“ထကြွနိုးကြားလှပေသည်”။

သူသည် …

မရေးတတ်ရေးတတ် ရေးသူများကို လည်းတွဲခေါ်၏။

ရေးတတ်သူများကိုချီးမြှောက်၏။

လွတ်လပ်မှုကိုသူတတ်နိုင်သလောက်ပေး၏။

နိမ့်ကျသူများအား အားပေးမှုဟုဆိုထိုက်၏။

“ဪ သနားတတ်သူပေဘဲ”။

သူသည်…

သူ့ကိုစော်ကားပြောဆိုသူ၊များကို သီးခံ၏။

မကောင်းပြောသူကိုပင်လျှစ်လျှူရှူ၏။

ရေးသောစာတွင်မကောင်းခြင်းကိုပင်သတိပေး၏။

လွန်သထက်လွန်လာမှသာ အရေးယူပယ်ဖျက်၏။

“ဪ သီးခံနိုင်သူပါပေ”။

သူသည် …..

ရွာတွင်ဝင်လာသော မကောင်းဆိုးဝါးကိုပင် စောင့်ကြည့်တတ်၏။

ရွာသားများရန်ဖြစ်ခြင်းကိုမပြုစေရန်နှင့် ကာကွယ်တတ်စေရန် ဥပယ်တမျှဉ်နှင့် သင်ကြားတတ်၏။

“ဪ ဝေဖန်ထောက်ရှု နိုင်သူပါပေ”။

ဤသို့ ဤပုံ

နာယကဂုဏ်တို့နှင့်ပြည့်စုံသူသည်ကား “သူကြီးဦးခိုင်”ပင်ဖြစ်ပေတော့သည်ဟု

အပြစ်ကင်းသော ချစ်ခြင်းဖြင့် ကျနော် မောင်သစ်မင်းမှ မှတ်တမ်းပြုရင်း

သူကြီးဦးခိုင်နှင့်တကွမိသားစုဝင်အားလုံး ကျန်းမာ ချမ်းသာ လိုရာဆန္ဒပြည့်ဝ ပါစေလို့

နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ရပါသည်ခင်ဗျား။

အားလုံးသော ဂေဇက်မှ မိတ်ဆွေများလည်း

ထပ်တူထပ်မျှဆုကိုရပါစေလို့ဆုမွန်တောင်းပါသည်ခင်ဗျား။

~~~~~~~~~~~~~~~~~~~~~

နာမည်ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ပါ….အားလုံးကိုတောင်းပန်ရင်း နဲ့ “၂ဆ”
ဆုတောင်းပေးပါတယ်ဗျိုး။ ရွှင်လန်းချမ်းမြေ့ကြပါစေနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လေးစားစွာဖြင့်

(^^) မောင်သစ်မင်း

50 comments

  • ငပေါက်ဖော်

    December 24, 2011 at 10:46 am

    Merry Christmas and Happy New Year!ပါ သဂျီးခိုင်၊ကိုသစ်မင်း နှင့်.
    ရွာသူားများလုံး ခင်ဗျား
    ဥခိုင်နဲ ့..အကစ်သိုတို ့ပေးတဲ့ စေတနာ..မေတ္တာတွေ.ထပ်တူထပ်မျှရကြပါစေလို ့ပဲ.ထပ်လောင်းဆုတောင်းပေးပါရစေခင်ဗျ

  • Moe Z

    December 24, 2011 at 11:07 am

    ပို့စ်တင်ပြီးဆုတောင်းပေးတဲ့ ကိုသစ်မင်း၊ သဂျီးနဲ့တကွ ရွာသူရွာသားများအားလုံး
    နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့
    မိုးစက်ကလည်းဆုတောင်းပေးပါတယ် …
    MERRY X’Mas & HAPPY NEW YEAR!!

  • etone

    December 24, 2011 at 11:22 am

    သတိတရ ဆုတောင်းပေးတဲ့ ကိုသစ်မင်းကိုလည်း ကျေးဇူးတင်ပါတယ်နော် … ။
    ကိုသစ်မင်းကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နေပါစေနော် 🙂

  • yaungchikha

    December 24, 2011 at 11:24 am

    သူကြီးဦခိုင်၊ ကိုသစ်မင်း၊ ရွာသူားရွာသားအားလုံးကို Merry Christmas & Happy New Year လို့နှုတ်ခွန်းဆက်ပါတယ်ရှင်………
    ဦးသစ်မင်းရှင့် ရောင်ခြည်ခက မိန်းကလေးပါ၊ ယောက်ျားလေးမဟုတ်ပါရှင့်၊ ……………….. 😛
    အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်

  • TTNU

    December 24, 2011 at 11:40 am

    ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊(ဒုက္ခရောက်နေသူ အားလုံး ဒုက္ခကင်းကြပါစေ)
    ဘဝပ္ပတ္တာ စ နိဗ ္ဘယာ၊(ဘေးတွေ့နေသူအားလုံး ဘေးကင်းကြပါစေ)
    သောကပ္ပတ္တာ စ နိေဿာကာ၊(စိုးရိမ်သောကဖြစ်နေကြသူများ စိုးရိမ်သောက ကင်းကြပါစေ)
    ဟောန ္တု သဗ္ဗေပိ ပါဏိနော။

    အုပ်ချုပ်သူကိုခိုင်အစ တစ်ရွာလုံးအား မေတ္တာပို့ပါသည်။
    မေတ္တာများထုံမွမ်းသောရွာမှ ရွာသူမ တီချာ (အသက်အကြီးဆုံးဖြစ်မည်ယူဆရ)

  • ကြောင်ကြီး

    December 24, 2011 at 1:05 pm

    မီးလေး..ဖြိုး
    မမလေး..ဇိုး၊
    လုံး..ချစ်လေး
    ကြေးမုံ..ချာတူးလန်
    မပါပြန်
    တမင်ထားခဲ့ဟန်..
    ကိုရင်စည်သူ
    နှစ်ခါထပ်
    ဓာတ်ဆင်
    ဓာတ်ရိုက်တတ်..
    ကင်း Cobra
    AKKO မပါ
    ထူးဆန်း ငြိမ်းချမ်းရှာ…
    အဆုံးတယောက်
    phone_kyaw ပျောက်
    ဘယ်ဆီဘယ်ဝယ်ရောက်…။ 🙄

    • KING

      December 24, 2011 at 8:13 pm

      ဦးကြောင် နဖူးပြောင် အဲ မှားလို့ ကန်တော့ဗျာ 🙂
      ကျွန်တော့်နာမည်က
      အပျိုဖက်တဲ့ ကိုကြွက်ရဲ့ဘေးမှာ
      အပျိုတင်းတဲ့ ကို KING တဲ့ … 😛 😀 🙂

    • thit min

      December 24, 2011 at 10:07 pm

      တမင် မချန်ခဲ့ပါ အကိုCatရယ်။ ကျနော် အလောတကြီး ရေးလိုက်မိလို့ကျန်ခဲ့ရတာပါ။
      အားလုံးကိုတောင်းပန်ရင်း နဲ့ “၂ဆ” ဆုတောင်းပေးပါတယ်ဗျိုး။ ရွှင်လန်းချမ်းမြေ့ကြပါစေနော်။

  • Foreign Resident

    December 24, 2011 at 1:16 pm

    Dear Ko Thit Min,

    Thanks for your wishes !!!
    Same to you.

    Foreign Resident.

  • blackchaw

    December 24, 2011 at 1:30 pm

    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကိုသစ်ရေ။
    မှတ်မှတ်ရရ ဆုတောင်းမေတ္တာ ပို့သပေးတာ ကျေးဇူးပါဗျာ။

  • super

    December 24, 2011 at 1:31 pm

    Merry X’mass & New Year ပါဗျာ၊ သူကြီးဦးခိုင်၊ ကိုသစ်၊ ရွာသူားအပေါင်းတိုု့………..

    နှစ်သစ်တစ်ခါ ရောက်ပြန်တာ
    ဂဇက်ရွာကြီးရွာမှာ ပျော်ရွှင်စရာ
    ခရစ်မတ်ပွဲ အားလုံးပါဝင်နွဲ………………

    ပျော်ရွှင်ချမ်းမြေ့ကြပါစေ……… 🙂

  • pooch

    December 24, 2011 at 1:37 pm

    Merry Christmas and Happy New Year you too!!!!!!!!!!!!!!

    pooch….

  • မှော်ဆရာ

    December 24, 2011 at 3:16 pm

    ချမ်းမြေ့မေတ္တာ တုန့်ပြန်ပါသည် ..
    မှော်ဆရာ

  • comegyi

    December 24, 2011 at 3:30 pm

    Merry Christmas and Happy New Year!
    ပါခင်ဗျား သူကြီးနှင့်တကွ ကိုသစ်အပါအဝင်
    ရွာသူရွာသားအားလုံး အေးချမ်းသာယာကြပါစေ
    ကိုသစ်ဆုတောင်းသော မေတ္တာကြောင့်
    လှိုက်လဲကြည်နူးစွာ……….

  • kai

    December 24, 2011 at 4:38 pm

    ရွာသူားအပေါင်းနဲ့.. စာဖတ်လာသူမိတ်သဟာများ.. မင်္ဂလာအပေါင်းပြည့်စုံကြပါစေခင်ဗျား..

    အဟမ်း..
    ဆြာသစ်မင်းရေးလိုက်မှ.. လူလည်း.. ဘယ်နားနေရမလည်း မသိဘူးဖြစ်သွားတယ်..။
    ဂျပန်မှာ လူ့အလေ့အကျင့်တွေသင်ကြားခံထားရတော့.. အကြီးအကဲနေရာဆိုရင်.. သန့်ရှင်းရေးလုပ်ဖို့နဲ့.. အိမ်သာပြေးတိုက်ဖို့ချည်း.. တွေးမိတော့တာပါပဲ..။ 🙂
    ကိုသစ်မင်းရေ..
    အခုလို ချီးမြောက်ရေးပေးတဲ့အတွက်.. ကျေးဇူးကမ္ဘာတင်ပါတယ်နော…။

    တကယ်တော့..ဒီရွာကြီးသာယာစည်ကားနေတာ.. ဒီရွာသူားတွေကြောင့်ပါလို့..။
    ရွာထဲ.. အဖြစ်အပျက်တွေပေါ်လာရင်.. အလိုလိုထိမ်းညှိသွားတတ်စေအောင်.. ပံ့ပိုးကူညီသူတွေသူတွေကအဓိကပေါ့..။
    .. ဒီနှစ်ထဲ.. ဘဝတသက်တာ.. အင်မတန်အမှတ်ရစေသူတွေ.. တယ်များလာတယ် မြင်မိတယ်.။
    ဒီရွာသူားတွေနဲ့.. မန္တလေးဂေဇက်ဟာ.. အင်မတန်ကောင်းမွန်မြတ်တဲ့.. နေရာဒေသ ရွာကြီးတရွာဖြစ်လို့လာတာပေါ့..။
    ဘဝတသက်တာ မမေ့စရာတွေပါပဲ..။ တချို့ဆို.. လူချင်းတွေ့ချင်..စကားပြောချင်မိတယ်..။
    မန္တလေးဂေဇက်ကနေ.. ကောင်းတဲ့မိတ်ဆွေတွေ.. အသိသညာ၊ သတိပညာတွေ.. ပေးဝေမျှခဲ့နိုင်တာကို.. ရွာသူားတိုင်းက.. ဝမ်းမြောက်ဝမ်းသာနဲ့.. သတိရကြပါနော..။ ကုသိုလ်ယူကြပါ..။
    အဲ..
    နောက်ပြီး..
    … နောင်နှစ်ဆီ ဆက်ချီတက်ကြရအောင်..။

    ရောက်လာမဲ့နှစ်သစ် ၂၀၁၂မှာ..ဒို့မြန်မာတွေ.. ပျော်နိုင်၊မော်နိုင်ကြစေဖို့.. ဆုမွန်မေတ္တာပေးပါရစေနော..။
    အခြေအနေတွေပေးလာနေတာ မြင်နေရပါတယ်..။
    မြန်မာတွေရဲ့..ရွှေရောင်လွှမ်းသောနေ့ရက်များ.. ပြန်လာတော့မှာပါ…။
    .. ကိုယ်တိုင်စီကလည်း.. ကြိုးစားကြပါစို့..။

  • alinsett

    December 24, 2011 at 5:47 pm

    သူကြီးရေ… ဆရာသစ်မင်းရေးတာ တကယ် ့အမှန်ပါဗျာ။

    ဆရာသစ်မင်းလို ပဲ…. သူကြီးကို တင်စားချက်တွေ နဲ ့ဖွဲ ့နွဲ ့ချင်နေတာ။
    မရေးတတ်လို ့ ။

    ဆရာသစ်မင်းေ၇.. ကျွန်တော့်ကိုရော..အားလုံးကိုပါ..သတိတရ..ဆုမွန်ကောင်းတောင်းပေးလို ့ ကျေးဇူးပါပဲ..ဗျ။

  • MaMa

    December 24, 2011 at 7:04 pm

    ကိုသစ်မင်းရေ-
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
    ရွာသူားတွေ နာမည်ကို ဒီလောက် စုံစေ့အောင် ပြုစုရေးသားနိုင်လို့ (ကိုယ့်နာမည်လည်းပါလို့) အံ့ဩဝမ်းသာမိပါတယ်။
    ရွာသူားအားလုံးရဲ့ကိုယ်စားသဂျီးရဲ့ နာယကဂုဏ်ကို ဖော်ကြူးပေးလို့
    (ကိုယ်မပြောတတ်တာကို ပြောပေးလို့) လည်း ကျေးဇူးတင်ပါတယ်။

  • windtalker

    December 24, 2011 at 8:04 pm

    ကိုသစ်မင်း ၏ ဆုမွန်ကောင်းများ ကို လက်ခံ ဖတ်ရှူပြီး သကာလ
    ဂေဇက်မှ
    မောင်ပေ သည်မှ လည်း
    ဂေဇက်ပိုင် ဦးခိုင်နှင့် မိသားစု တို ့အား လည်းကောင်း
    ဂေဇက်လာ နှင့်
    ဂေဇက်ဝင် အပေါင်းတို ့အတွက် လည်းကောင်း
    မင်္ဂလာပါ ၊ မင်္ဂလာရှိစေကြောင်း ၊ မင်္ဂလာ နှစ်သစ် အခါသမယ ဖြစ်ပါစေကြောင်း…..
    ကျန်းမာ ပျော်ရွှင်…..
    ထီပေါက် ၊ ပိုင်ရှင်မပေါ်သော ဒေါ်လာ၁ဝသိန်းခန် ့ပါသည့် အထုပ်ကောက်ရကြပါစေ….
    ဆော်ကြည် ၊ ဘဲကြည်….
    ယူကြတော့မည်ဖြစ်သော ချစ်သူများလည်း ပျော်ရွှင်သော ဟန်းနီးမွန်း ဖြစ်လာပါစေ…..
    အိမ်ထောင်ရှင်များလည်း အားလုံးအဆင်ပြေပါစေကြောင်း….
    သည်တစ်သက် မစွံတော့ပါဘူး လို ့လက်လျှော့ပြီးကြကုန်သော အပျိုဂျီး လူပျိုဂျီးများ သည်လည်း ကိုယ့်စိတ်ကူး ထဲမှ ရံဖန်ရံခါသော်လည်းကောင်း ၊ အမြဲတမ်းသော်လည်းကောင်း ပုံဖော်ကြည့်လေ့ရှိသည့် လက်တွဲဖော် နှင့် တွေ ့ကြပါစေ……..
    တရားထူး ရှာနေကြသူများလည်း လိုရာခရီးကို အမြန်ဆုံးရောက်ကြပါစေ….
    လှိုက်လဲစွာ ဆုမွန်ကောင်းတောင်း မေတ္တာ ပို ့သလိုက်ပါသည် ခင်ဗျား

  • KING

    December 24, 2011 at 8:08 pm

    ကိုသစ်ရေ မင်္ဂလာပါ
    (မင်္ဂလာပါ ဆိုတာ မကောင်းမှုမှန်သမျှ ပပျောက်ပါစေ၊ ကောင်းမှုမှန်သမျှ ကျရောက်ပါစေဆိုတော့ တစ်ခွန်းထည်းနဲ့တင် တော်တော်လေးနက်တဲ့စကားပါ .. ဒီတော့ အပေါမပြို အပိုမပြောပဲနဲ့ ကိုသစ်အတွက် ခရစ်စမတ် သစ်ပင် ….)
    MERRY¨¨¨¨¨¨¨¨¨¨¨¨¨¨¨ ★¨¨¨¨¨¨¨¨ ¨¨¨¨CHRISTMAS
    ¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨**¨¨¨¨¨¨¨ ¨¨¨¨¨¨¨¨
    ¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨*o*¨¨¨¨¨¨ ¨¨¨¨¨¨¨¨¨¨¨¨¨¨
    JESUS¨¨¨¨¨¨¨¨¨¨¨¨¨¨¨*♥*o*¨¨¨¨¨ ¨¨¨¨¨¨¨IS THE
    ¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨**o**♥*o¨¨¨¨ ¨¨¨¨¨¨¨¨¨¨¨¨¨¨
    REASON¨¨¨¨¨¨¨¨¨¨**♥**o**o*¨¨¨¨ ¨¨¨¨¨THAT
    ¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨**o**♥***♥*o¨¨ ¨¨¨¨¨¨¨¨¨¨¨¨¨
    ¨WE¨¨¨¨¨¨¨¨¨¨¨*****♥*o**o***¨¨ ¨¨¨¨¨¨¨HAVE¨¨¨¨¨
    ¨¨¨¨¨¨¨¨¨¨¨¨¨¨**♥**o*****o**♥* ¨¨¨¨¨¨¨¨¨¨¨¨¨
    ¨¨¨¨¨¨¨¨¨¨¨¨¨******o*****♥**o* *¨¨¨¨¨¨¨¨¨¨¨¨
    CHRIST¨¨¨¨¨¨****o**♥**♥**o***♥ **¨¨¨¨¨¨¨MAS
    …¨¨¨¨¨¨¨¨¨¨¨¨¨¨¨_____l_l_____

    • KING

      December 24, 2011 at 8:55 pm

      ★*˚°。°*。°*。 ★*˚°。°*。°˚°★*˚°。°*。°*★*˚°。°*。°*★
      ˛°_██_*˚°。°/♥ \*˚°。°*。°*★*˚°。°*。°*★*˚°。°*。°*★
      ˛. (´• ̮•)*.。*/♫.♫\*˛.*˛_Π_____*˚°。*。°*❤*˚°。°*。°*★
      .°( . • . ) ˛°./• ‘♫ ‘ •\.˛*./______/~\*˚°。°*。°*°*❤ ˚°*★
      *(…’•’.. ) *˛╬╬╬╬╬˛°.|田田❤|門|╬╬╬╬╬*˚°。°*。°* ♥
      ★*˚°。°*。°*。★ MERRY CHRISTMAS & HAPPY NEW YEAR ★

  • weiwei

    December 24, 2011 at 8:25 pm

    ၂၀၁ဝ ဒီဇင်ဘာနဲ့ ယှဉ်ကြည့်လိုက်ရင် ၂၀၁၁ ဒီဇင်ဘာ (တစ်နှစ်) အတွင်း အလွန် တိုးတက်စည်ကားလာတာ တွေ့ရပါတယ် … နောက်နှစ် ၂၀၁၂ မှာ အခုထက်ပိုပြီး တိုးတက်စည်ကားလာလိမ့်မယ်လို့လဲ ယုံကြည်မိပါတယ် …

    Merry Christmas and Happy New Year to all Gazette members!

  • hmee

    December 24, 2011 at 10:41 pm

    နှစ်သစ်မှာ အားလုံး ပျော်ရွှင်ကြပါစေ။ သတိတရလေး ပြောချင်လို့ ခရစ်စမတ်တဲ့ ဒီမှာ ယေရှုမွေးဖွားရာ မြေဖြစ်ပြီး ဘာပွဲမှလည်း ရှိဘူး။ အလုပ်လည်း လုံးဝလုံးဝ မပိတ်ကြောင်းပါ။ သူများတွေ ခရစ်စမတ်မှာ လျှောက်လည် ပျော်ကြတုန်းကိုယ့်မှာ သနားစရာ အိမ်တွင်းပုန်းနေရပါကြောင်း။ 🙁

  • KoNyeinChan

    December 25, 2011 at 12:40 am

    Merry Christmas ပါ ကိုသစ်မင်း… အစောပိုင်း ကျုပ်နာမည် မပါလို ့ စိတ်ကောက်နေတာ 😀 😀 😀 စောစောကလေးတင် ကျွန်တော်နေတဲ့ Bukit Bintang ဧရိယာ (Kuala Lumpur) မှာ လူအတော်များများ ခရစ်စမတ်ကြိုဆိုပွဲ လုပ်ကြတယ်.. မလုပ်ခင် တစ်နာရီ နှစ်နာရီ အလိုကနေ အခု ဒီမလေးရှားစံတော်ချိန် ၂နာရီလောက်အထိ လူတွေ စပရေးဘူးတွေနဲ ့ တစ်ယောက်ကိုတစ်ယောက် တစ်ဖွဲ ့နဲ ့တစ်ဖွဲ ့ ဖြန်းနေလိုက်ကြတာဗျာ ပျော်စရာမကောင်းဘဲ စိတ်ညစ်စရာတွေဘဲ အများဆုံးတွေ ့နေရတယ်.. ရဲတွေ အများအပြားချထားပေမယ့် တချို ့နေရာတွေဆို ထိန်းမနိုင်သိမ်းမရ.. လာပါဦးမယ် နောက်အပတ် နှစ်သစ်ကူး.. ဒီ့ထက်ဆိုးသေး

  • မင်းပြည့်ရှိန်

    December 25, 2011 at 12:42 am

    တန်ဖိုးထားရပါသော မန်းဂေဇက်
    လေးစားရပါသော ဂေဇက် သဂျီးနှင့် ရွာသူားများ
    ချစ်ခင်ရပါသော လူသားအားလုံး ခရစ်စမတ်ကာလမှာ ပြုံးပျော်ကြည်နူးနိုင်ကြပါစေ။
    နှစ်သစ်ကို ခွန်အားအသစ်တွေနဲ့ ချီတက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

    အထူးအားဖြင့်
    မပြေလည်သေးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြဿနာများ နှစ်သစ်မှာ ပြေလည်နိုင်ပါစေ။
    ကချင်ဒေသ မှ ပြည်သူများ အန္တရာယ်ကင်းနိုင်ကြပါစေ… နှစ်သစ်မှာ ငြိမ်းချမ်းအေးမြမှုများ ရရှိပါစေ။
    ထိုထို ကဲ့သို့သော အခြားဒေသမှ ပုဂ္ဂိုလ်များလည်း စစ်ကြောင့်ဖြစ်သော ဒုက္ခများမှ ကင်းဝေးနိုင်ကြပါစေ။

    ကျွန်ုပ်တို့ ကမ္ဘာမြေကြီးလည်း ကမ္ဘာသူ ကမ္ဘာသားများ နှင့်အတူ ၂၀၁၂ မှာ ငြိမ်းချမ်းစွာ စိမ်းလန်းစွာ ခရီးဆက်နိုင်ပါစေ။

  • မှတ်မှတ်ရရ X’mas အချိန်လေးမှာ တောင်းဆုတွေ ချွေပေးလိုက်ပါတယ်ဦးသစ်ရေ
    ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာတွေ ရွာသူရွာသားတွေအပေါ် ကျရောက်ပါစေကြောင်း၊ နာမည်တပ်ပြီး အမှတ်တရ ဆုတောင်းပေးတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း..

  • တောတွင်းပျော်

    December 25, 2011 at 5:26 am

    မင်္ဂလာပါခင်ဗျာ…..
    ဒီ ဂေဇက်ရွာက သူကြီး၊ ရွာသူ/သားများ နှင် ့ ကျနော် ့လို ဝင်ရောက် ဖတ်ရှု ့နေသူ မိတ်ဆွေများကိုလည်း Christmas နှင် ့ New Year မှာ ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေလို ့ဆုမွန်တောင်းပေးရင်း ကျေးဇုူးတင်စကားလေး ပြောပါရစေ။

    ရေခြားမြေခြား အိမ်ဝေးနေရာက ဖတ်ရှု ့စရာ စာအုပ် အခက်အခဲရှိတဲ ့ ကျနော် ့လို စာဖတ် ဝါသနာပါသူအတွက် ဒီဂေဇက်ရွာလေးက အလွန်မှပဲ အဆင်ပြေလှပါတယ်။ သိမှတ်စရာ အတော်များများကို ဒီရွာကနေ ကျနော်ရလိုက်ပါတယ်။

    ကျနော် ့အတွက် တစ်နေရာတည်း တစ်ထိုင်တည်းနဲ ့ သုတ၊ရသ အစုံစုံကို ရယူခံစားနိုင်တဲ ့နေရာလေးပါပဲ..
    ရွာသူ/သားတွေရဲ ့ချစ်ခင်မှ ု ၊စည်းလုံးမှ ုတွေကိုလည်းတွေ ့ရတော ့ ရင်ထဲမှာနွေးနွေးလေး ခံစားရပါတယ်….

    ရွာသူ/သားများရဲ ့ ဒီဂေဇက်အပေါ်ထားကြတဲ ့ သံယောဇဉ်တွေများလည်း အံ့ဩချီးကျူးစရာပါပဲ…
    ထမင်းမေ ့ ဟင်းမေ ့ ဘဝတခြမ်းများ ဂေဇက်ဆီမှာ အပေါင်ထားသလား မှတ်လောက်တယ်…
    ဒီလိုပြောလိုက်လို ့ စိတ်မဆိုးလိုက်ကြပါနဲ ့နော်။

    ဒီမှာ ၁ဝလပိုင်း မိုးစကျ လုပ်ငန်းသိမ်း နားကတည်းက နေ ့စဉ်နီးပါး ဂေဇက်ကိုဖတ်လာခဲ ့တာ ၁၁လပိုင်း
    လလယ်ကစပြီး ဒီရွာကလေးဟာ ပိုပြီးစည်းကားလာတာကို သတိထားမိတယ်။
    သူကြီးရဲ ့အမျှော်အမြင်ကြီးကြီးနဲ ့ပြည်တွင်းနဲ ့ နိုင်ငံအရပ်ရပ်က မြန်မာတွေစုစည်းပြီး အတွေးအမြင် ဗဟုသုတတွေ ဖလှယ်ပေးနိုင်အောင် ဖန်တီးပေးခဲ ့တာ အထူးလေးစားမိပါတယ်။
    ဒီခေတ်ဒီခါမျိုးမှာ ကျနော်တို ့နိုင်ငံသားတွေအတွက် လိုအပ်နေတဲ ့နေရာလေးတစ်ခုလို ့ ရိုးရိုးလေးမြင်မိပါတယ်..

    အသံတိတ်သက်သက်သာ စာဖတ်နေရင်း စိတ်ထပေါက်လို ့မှ ကွန်မန် ့တစ်ခုတစ်လေသာပေးဖူးတဲ ့ကျနော် ့ကို ကိုသစ်မင်းက ဒီ ‘ ဆုမွန်ကောင်း ‘ ပိုစ်မှာ အခုတ်တရ
    အမှတ်တရ နာမည်ကို ဖော်ပြပေးလိုက်တော ့ ဘာပြန်ပြောလိုက်ရမှန်းမသိအောင်…….

    နွေးထွေးစွာ ခံစားလိုက်ရပါတယ် ခင်ဗျာ…….

    စာတွေဖတ်ခွင် ့ရနေအောင် ဒီရွာထဲက စာရေးသားတင်ပို ့နေသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ…

  • Khin Latt

    December 25, 2011 at 6:02 am

    ထုံးစံအတိုင်း နဲနဲ လျှာရှည်ပါရစေ။
    ခရစ်စမတ်ဆို ရေဒီယိုက ပုံပြင်လေးတပုဒ် အမြဲကြားရလေ့ရှိတယ်။ တော်တော်များများတော့ ကြားဘူးကြမှာပါ။
    မြို့လေးတစ်မြို့ ရဲ့ အခန်းကျဉ်းလေး မှာ အရမ်းချို့တဲ့ ပေမဲ့ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြ တဲ့လင်မယား နှစ်ယောက် ရှိတယ်တဲ့။
    ဆင်းရဲပေမဲ့ သူတို့မှာ ဂုဏ်ယူလေ့ ရှိတဲ့ အရာ နှစ်ခုရှိတယ်တဲ့။
    တစ်ခု က မိန်းမ လုပ်သူရဲ့ ရှည်လျား လှပ တဲ့ ဆံပင်၊ နောက်တစ်ခု က ယောကျာင်္းလုပ်သူရဲ့ အဖိုးဆီက အမွေဆက်ခံလာတဲ့ ရွှေနာရီ။
    တစ်ခုသော ခရစ်စမတ်ချိန်မှာ မိန်းမက ယောကျာင်္းလုပ်သူရဲ့ အတော်လေးကို ဟောင်းနွမ်းလာတဲ့ နာရီလက်ပတ်ကြိုးလေး အတွက် အသစ်တစ်ခု ဝယ်ပြီး ခရစ်စမတ် လက်ဆောင် အဖြစ်ပေးချင်ခဲ့တယ်။
    ပိုက်ဆံ မရှိတော့ သူ့ ဆံပင်အရှည်ကြီး ကိုဖြတ်ပြီးရောင်း၊ ရတဲ့ငွေ နဲ့ ငွေရောင် နာရီလက်ပတ်ကြိုးလေး ကို ဝမ်းသာအားရ ဝယ်ခဲ့တယ်။
    ညနေ သူ့ ယောကျာင်္း ပြန်လာတော့ တိုနေတဲ့ သူ့ဆံပင် တွေကို ကြည့်ပြီး ဝမ်းပန်းတနည်း ဖြစ်သွားတယ်။
    မိန်းမ ကတော့ ဝမ်းသာအားရ ငွေရောင်လက်ပတ်ကြိုးလေး ထုတ်ပေးခဲ့တယ်။
    တကယ်တော့ သူ့ ယောကျာင်္းက လဲ သူ့မိန်းမ အတွက် လက်ဆောင်ပါခဲ့တယ်။
    မိန်းမ လုပ်သူရဲ့ ရှည်လျား လှပ တဲ့ ဆံပင်ကို ဖီးဖို့ လိပ်ခွံဘီးလေး။ အဲဒီ ဘီးလေးရဖို့ သူလဲ တခုခု ကို ရောင်းခဲ့ရပါတယ်။ ဘာလေးကို လဲဆိုတာ သိကြတယ်မဟုတ်လား။

    အဲဒီဇာတ်လမ်း လေးမှာ သူတို့ နှစ်ယောက်စလုံး လက်ဆောင်တွေကို သုံးလို့ မရခဲ့ ကြပါဘူး။
    ဒါပေမဲ့လဲ သူတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်တယ် ဆိုတာ ကို တော့ သူတို့ အချင်းချင်း ပြခွင့်ရခဲ့ကြတာပေါ့။
    ပိုသိချင်ပါက – http://en.wikipedia.org/wiki/The_Gift_of_the_Magi

    ရွာသူရွာသား အပေါင်း တို့ရေ –
    ကျွန်မ တို့ လဲ ကိုယ့် ကိုယ်ပိုင်အချိန်လေးတွေကို sacrifice လုပ်ပြီး ဒီမှာ ကိုယ်ပိုင်အတွေး လေးတွေ၊ အတွေ့အကြုံလေးတွေ မျှရင်း၊ ဆွေးနွေးရင်း အချင်းချင်း ချစ်ခင်လေးစား မှုတွေပို လာပါတယ်။ ကိုယ့်တိုင်းပြည် နဲ့ လူမျိုး အတွက် ဒီထက် တဆင့်ပိုလို့ အကျိုးပြုနိုင်ကြ ပါစေကြောင်း ဆုတောင်း ရင်း နှစ်သစ် အတွက် ဆုမွန်ခြွေလိုက်ပါတယ်။

    ဂေဇက် ရွာသူ/သား အပေါင်း၊ မြန်မာပြည်သူ/သား အားလုံး ၊ကမ္ဘာသူ/သား အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ငြိမ်းချမ်းရေး သုခ ခံစားရရှိနိုင်ကြပါစေ။
    I wish we can sing together … here is the song for you. Enjoy!!!!

    We wish you a merry Christmas, We wish you a merry Christmas,
    We wish you a merry Christmas, And a Happy New Year!
    Refrain
    Good tidings we bring for you and your kin;
    We wish you a merry Christmas and a Happy New Year!

    2. Now bring us some figgy pudding,
    Now bring us some figgy pudding,
    Now bring us some figgy pudding,
    And a cup of good cheer! “Refrain”

    3. We all like our figgy pudding;
    We all like our figgy pudding;
    We all like our figgy pudding;
    With all its good cheer. “Refrain”

    4. We won’t go until we get some
    We won’t go until we get some
    We won’t go until we get some
    So bring it out here! “Refrain”

    5. We wish you a merry Christmas,
    We wish you a merry Christmas,
    We wish you a merry Christmas,
    And a Happy New Year!
    And a Happy New Year! “Refrain”

    CHEERS to သူကြီး ခိုင် for all his great efforts in here. 🙂
    Of course …
    CHEERS everyone and myself 😉

    • inz@ghi

      December 27, 2011 at 9:24 am

      အဟမ်း ……

      ဘာမှ မီဟုတ်တော့ဘာဘူးကွယ်…..
      အိမ်သန့်ရှင်းရေးလုပ်ရင်း …..ကျပ်ခိုး မွှန်တွားလို့ဘာ..
      ခိခိ…

      ခင်တဲ့
      ဂီ

  • Khin Latt

    December 25, 2011 at 6:14 am

    ဒီလို Post ကိုဦးဆောင်ပြီး တင်ပေးတဲ့ အတွက် ဆရာသစ် ကို လဲ
    Xie xie
    Arigato
    Merci
    Danke
    Dhanyawaad
    Khawp khun kha
    Thanks
    ကျေးကျေး
    ကျေးဇူးပါ။

    လေးစားစွာဖြင့် 😉

  • aye.kk

    December 25, 2011 at 7:23 am

    ဂေဇက်ဝင်က..
    နှလုံးပြည့်ဝ..
    ပညာလှကာ..
    နှစ်ဖြာကျိုးလျှင်..
    ကျေးဇူးမြင်၍..
    မင်္ဂလာပေါင်း..
    တောင်းဆုဖြာဝေ..
    ကိုသစ်ချွေသည်..
    နှစ်တွေဟောင်းလည်း..
    မပြောင်းပဲခင်ထာဝစဉ်..။

  • Ko Ko Aung

    December 25, 2011 at 9:48 am

    ရွာထဲ active member တွေ ဒီလောက်ရှိမှန်း
    ကိုသစ်မင်းပြောမှပဲ သတိထားမိပါတော့တယ်။

    ကိုသစ်မင်းလဲ နှလုံးစိတ်ဝမ်း ချမ်းမြေ့ပါစေဗျာ။

  • ဦးဦးပါလေရာ

    December 25, 2011 at 10:10 am

    မင်္ဂလာပါ ကိုသစ်မင်းရေ
    နှစ်သစ် မှာ ကိုသစ်မင်းနဲ့တကွ MG ရွာသူရွာသားအားလုံး ချမ်းမြေ့ ပျော်ရွှင်ကြပါစေ…လို့ ဆုမွန်တောင်းလိုက်ပါတယ်။
    နွေးထွေးတဲ့ အသိုင်းအဝိုင်းလေးထဲ ပါဝင်ခွင့်ရတာကိုလဲ ကျေနပ်စွာ ကျေးဇူးတင်နေမိပါတယ်။
    Bonus အနေနဲ့တော့ ဒီရွာထဲရောက်ပြီးမှပဲ ပို အမြင်ကျယ် ပြီး ဗဟုသုတတွေလဲ ပိုလို့တိုးပွားရရှိပါတယ်။
    အထူးသဖြင့် ကိုသစ်မင်းရဲ့ပိုစ့်တွေ ဖတ်ပြီးနောက်ပိုင်းမှာပေါ့။

    လာမယ့်နှစ်သစ်မှာလဲ ပိုပိုပြီး မေတ္တာတွေပေးလို့ မေတ္တာတွေ ပြန်ယူ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

  • ကျနော် 2010 မေလမှာ ရွာထဲကဖိတ်စာလေးတစ်စောင်ရောက်လာပါတယ်။
    ဘယ်သူပို့လိုက်တယ်ဆိုတာကိုတော့ မမှတ်မိတော့ပါ။
    ဖွင့်ပြီးဝင်ကြည့် အသင်းဝင်ပြီးစာတွေစတင်ပေးပါတယ်။
    “ဟိုမရောက်ဒီမရောက်ပေါက်တတ်ကရ” ဆိုတဲ့ပို့စ်လေးမှာ ကျကျနနဝေဖန်ကြတော့ အရမ်းနှစ်သက်သွားပါတယ်။
    နောက်တော့ ရေးရင်းဖတ်ရင်းပိုလို့ သဘောကျလာပါတယ်။
    ဒါနဲ့ဘဲကိုယ့်ကိုကိုယ်” ရာသက်ပန်အသင်းသား”အဖြစ်သတ်မှတ်လိုက်ပါတယ်။
    တစ်ခါတရံခြုံနွယ်ပိတ်ပေါင်းတွေထူ။
    တစ်ခါတရံ မုန်တိုင်းမွှေ။
    တစ်ခါတစ်ရံအမိူက်တွေပွထ။
    ဒါပေမယ့် စည်းလုံးညီညာအောင်ကြောင်းဖြာတာကြောင့်ရွာလေးက
    ဦးထွန်းလွင်စကားငှားသုံးရင်
    “အများအားဖြင့် သာယာပါသည်”
    နှစ်သစ်တွင်သာမက တစ်နှစ်ပါတ်လုံးရဲ့ နေ့တိုင်း အချိန်တိုင်းစက္ကန့်တိုင်းမှာ
    မင်္ဂလာအပေါင်းခညောင်းကျပါစေလို့ ရှေ့ကဆုတောင်းပေးတဲ့ ကိုသစ်နောက်က သံယောင်လိုက်
    ပြီး ဆုတောင်းပေးလိုက်ပါတယ်။

  • thit min

    December 25, 2011 at 2:03 pm

    အားလုံးကိုလေးစားကျေးဇူးတင်ပါသည်။ ၂၀၁၂ မှာလည်းခင်မင်ရင်းနှီးစွာဆတ်လက်ချီတက်ကြပါစို့။
    တစုံတရာ မောင်သစ်မင်းမှားခဲ့တာရှိရင် အားလုံးကခွင့်လွှတ်ပေးပါ။
    အားလုံးကိုလည်းမည်သည့်အမှားမဆိုမောင်သစ်မင်းခွင့်လွှတ်ပါသည်ခင်ဗျား။

  • nature

    December 25, 2011 at 2:15 pm

    Merry Christmas ပါ ကိုသစ်မင်းရေ။ ဒီရက်ကတော့ ခရစ်ယာန်ဘာသာဝင်တွေအထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် တရက်ပါပဲ ။

  • manawphyulay

    December 25, 2011 at 3:11 pm

    လာမယ့်နှစ်များစွာလည်း ဒီလို အိမ်လေးတစ်လုံးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားလုံး လက်တွဲသွားချင်တယ်။
    ★* 。 • ˚ ˚ ˛ ˚ ˛ •
    •。★.★ 。* 。
    ° 。 ° ˛˚˛ * _Π_____*。*˚
    ˚ ˛ •˛•˚ */______/~\。˚ ˚ ˛
    ˚ ˛ •˛• ˚ | 田田 |門| ˚
    အိမ်
    နွေးထွေးစွာ ကြိုဆိုသောအိမ်
    အေးချမ်းမှုများ ပေးစွမ်းတဲ့အိမ်
    နားလည်မှုများနဲ့ တည်ဆောက်ထားသော အိမ်
    ပျော်ရွှင်မှု ကြည်နူးမှုတွေ ဝေမျှတဲ့ ဒီအိမ်လေးမှာ
    သူကြီးနဲ့ ရွာသူရွာသားများ အမြဲစည်းကားစွာ ရှိနေစေဖို့
    နှစ်ဟောင်းမှ နှစ်သစ်တိုင် ဆုတောင်းလိုက်ရပါတယ်…………….

  • thit min

    December 25, 2011 at 8:52 pm

    ပေးတဲ့ဆုနဲ့ပြည့်ရပါစေ။
    အားလုံးလဲပြည့်ဝပါစေ။
    ပုံလေးတွေလည်းကျေးဇူးပါ။
    ဒီနေ့ညခရစ်စမတ်နေ့မှာ ဒီမှာစနိုး နဲနဲလေးကျနေခဲ့သော်လည်း ဖွေးမသွားခဲ့လို့မပြနိုင်တော့ပါဘူး။
    နှစ်တိုင်း ခရစ်စမတ်နေ့မှာ စနိုးလေးတွေကျတတ်ပါတယ်။
    (^^) ခင်မင်စွာ

  • xman

    December 25, 2011 at 10:40 pm

    အေးချမ်းလှပတဲ့
    အခု Christmas ညချမ်းလေးမှာ-
    သူကြီး ကိုခိုင် ၊ ဆရာသစ်မင်း နဲ့တကွ မန်းဂေဇက် အဖွဲ့သားအားလုံး
    ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့
    ဆုမွန်တောင်းလိုက်ပါတယ်။

    • thit min

      December 25, 2011 at 10:43 pm

      ko Xman ရေ Merry Christmas ပါခင်ဗျာ။
      ရွှင်လန်းချမ်းမြေ့ပါစေ။

  • ဆူး

    December 26, 2011 at 10:14 am

    လူဆိုတာ အတ္တတော်တော် ကြီးတယ် ငါစွဲများ.. ကိုယ့်နာမည်ရဲ့လားလို့ အမြန်ကြည့်လိုက်တယ်။
    မင်္ဂလာ နှစ်သစ်ပါ။
    အားလုံးပဲ ကျန်းမာ ရွင်လန်း ချမ်းမြေ့ကြပါစေ။
    နှစ်သစ်မှာ စနစ်သစ်နဲ့ အောင်မြင်မှု အသစ်တွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။
    ရွာသူား အပေါင်းလည်း နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။

  • tt lay

    December 26, 2011 at 11:57 am

    မင်္ဂလာပါရှင်………………
    နွေးထွေးသောမေတ္တာရိပ်ပိုင်ရှင် သူကြီးနှင့်တကွ မန်းဂေဇက်မိသားစုများ မင်္ဂလာရှိသောနှစ်သစ်နှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်ကြပြီး ပြီးပြည့်စုံတဲ့ ဘဝကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။

  • နီကီတာ

    December 26, 2011 at 2:42 pm

    Merry Christmas and Happy New Year to you!

    ဒါနဲ့ နီကိတာ မဟုတ်ပါဘူး
    နီကီတာပါ
    ဒီနာမည်လည်း ပြောင်းပစ်ချင်လာဘီ…

    • thit min

      December 26, 2011 at 10:20 pm

      နီကီတာ ရေပြင်လိုက်ပြီနော်။ စိတ်မညစ်နဲ့ဝေ့။
      အဆင်ပြေသွားမယ်နော်။ ကိုရင်စည်သူကို ဓာတ်ရိုက်ခိုင်းလိုက်။(^^)

  • amatmin

    December 26, 2011 at 3:04 pm

    ဆရာသစ်ရေ မင်္ဂလာနှစ်သစ် ဖြစ်ပါစေ…

    အကိုရဲ့ နာမည်ထည့်ပေးပြီး ဖတ်သိရတဲ့လူ အမှန်တကယ်ပျော်ရွှင် ကြည်နူးရတဲ့ ဆုမွန်ကောင်း အတွက်ကျေးဇူးပါ..
    ဒီပို့စ် ဖတ်ပြီး ခံစားလိုက်ရတဲ့ ကြည်နူးအေးချမ်းမှုကို နောက်နှစ်သစ် ရက်များစွာ အထိ အားလုံးသော ရွာသူားများ
    ကိုယ်စီ သယ်ဆောင်သွားကြပြီး. အများအတွက် ကိုယ်စီအတွက် အားအင်သစ်တွေ ပေးစွမ်းနိုင်ပါစေလို့ဆုတောင်းသလို…
    ဆရာသစ် လည်း ရွာ့မေတ္တာယူ ပြီး ဒိထက်မက မေတ္တာများစွာပေး နိုင်ပါစေဗျာ….

    ချစ်ခင်လေးစားစွာဖြင့်

  • nigimi77

    December 26, 2011 at 11:58 pm

    အင်္ဂုလိမာလ ကြီး လက်ညိုးတွေ ဖြတ်ပြီး တောထဲမှာ ဘာသိဘာသာနေ နေတာကို ……. ။

    လာပြီး မြူဆွယ်နေတယ် …..။ ခင်လို ့ နောက်ထှာနော် ။ 🙂

    ကိုယ့်ဒေါသနဲ ့ကိုယ် ဆိုပေမဲ့ အလုပ်ပြီးချိန် ညနေ ၅ နာရီခွဲ ရေချိုးထမင်းစားပြီးချိန်က စပြီး

    ဂေဇာတ်ကိုပဲ အရူးအမူး ဖတ်ပြီး မနက်ကို ၅နာရီ အိပ်ရာပြန်ထတာကြောင့် တညကို အိပ်ချိန်

    ၃ နာရီလောက်ပဲ ရတဲ့ ပင်ပန်းမှုတွေဟာ ဒီ ” ဆုမွန်ကောင်း ” ဆိုတာကို ဖတ်လိုက်ရတာနဲ ့တင်

    အကြွေးကြေသွားပါပြီ ။

    အမှန်အတိုင်းပြောရရင် အင်္ဂုလိမာလ လို လူဇိုးဂျီးတွေက ဆုမွန်ကောင်း စာရင်းထဲမှာ မပါလောက်

    ဖူးလို ့ မှတ်လို ့ ဝင်မဖတ်ဖြစ်ခဲ့ပါဘူး ။ 😛

    နှစ်သစ်မှာ Junior ကိုသစ်မင်းလေးတွေ ထပ်ပြီး ပေါ်ပေါက်လာစေဖို ့ မျှော်လင့်ပါတယ် ။

    • small cat

      December 27, 2011 at 9:04 am

      “”နှစ်သစ်မှာ Junior ကိုသစ်မင်းလေးတွေ ထပ်ပြီး ပေါ်ပေါက်လာစေဖို ့ မျှော်လင့်ပါတယ် ။””

      ဆုတောင်းထဲမှာ ဒီဆုတောင်းအကောင်းဆုံးပဲ။
      တစ်ယောက်တည်းအားနဲ့ဆောင်ရွက်တာထက်
      ဒီလို လူမျိုးတွေမျာများ စုပေါင်းအားနဲ့ဆောင်ရွက်လိုက်ရရင်………..

Leave a Reply