Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့ ထံ ပေးစာ (လချုပ် ၊ နှစ်ချုပ် အကောင်းဆုံး ပိုစ့်များ ရွေးချယ် ချီးမြင့်ပေးရန် တင်ပြခြင်း)

ေမွာ္ဆရာDecember 26, 20111min127752

သို့
အယ်ဒီတာ
မန္တလေး ဂေဇက် သတင်းစာ


အကြောင်းအရာ . . . လချုပ် ၊ နှစ်ချုပ် အကောင်းဆုံး ပိုစ်များ ရွေးချယ် ချီးမြင့်ပေးရန် တင်ပြခြင်း

အယ်ဒီတာ ခင်ဗျား .ယခုဆိုလျှင် မန္တလေး ဂေဇက်သတင်းစာသည် အသင်းဝင်ပေါင်း ၆၀၀ဝကျော် နှင့် ဖွဲ့စည်းထားပြီး တန်းမှီ ဝက်ဆိုက်တစ်ခုအဖြစ် ရောက်ရှိနေပြီ ဖြစ်ပါသည်။ အချို့ အချို့သော ပိုစ်များမှလွဲ၍ မန္တလေးဂေဇက်တွင် ရေးသားထားသော ပိုစ်အများစုမှာ စာဖတ်သူများအတွက် သုတ ရသ ပညာရပ်များကို ပေးစွမ်းနှိုင်ကြောင်းကိုလဲ တွေ့ရှိရပါသည်။
ထိုကဲ့သို့သော အကျိုးပြုပိုစ် ရေးသားသူများအား ချီးမြင့်သော အနေဖြင့်သော်လည်းကောင်း
စာရေးသားသူ အသင်းဝင်များအား စံအနေဖြင့် လေ့လာနှိုင်စေရန် လည်းကောင်း
ထိုကဲ့သို့သော အကျိုးပြုပိုစ်များကို ရေးသားသူ မြောက်များစွာ ထွက်ပေါ်လာစေရန် လည်းကောင်း
အကျိုးပြု ပိုစ်များအား စာဖတ်သူများမှ အချိန်တိုင်း ဖတ်ရှုနှိုင်စေရန် လည်းကောင်း

၁. သုတ ဆိုင်ရာ အကောင်းဆုံးပိုစ့်
၂. ရသဆိုင်ရာ အကောင်းဆုံးပိုစ့်
၃. သတင်းဆိုင်ရာ အကောင်းဆုံးပိုစ့်
စသည်အားဖြင့် ခွဲခြားပြီးလျှင် လချုပ် / နှစ်ချုပ် အကောင်းဆုံးပိုစ့်များကို အယ်ဒီတာ့အနေအားဖြင့် ရွေးချယ်ပေးသင့်ပါကြောင်း၊ ထိုသို့ရွေးချယ်ပေးပြီးလျှင် ရွေးချယ်ခံရသော ပိုစ်များအား နောက်လတစ်လလုံး စာဖတ်သူများ မဖတ်ရသူ မရှိရလေအောင် syicky posts အနေဖြင့် ဂုဏ်ပြု မှတ်တမ်းတင်ထားသင့်ပါကြောင်း ၊ ထို့နောက် The best of Editor’s choice အမည်ဖြင့် ခေါင်းစဉ်တစ်ခု ဖွင့်ထားပြီးလျှင် ထိုပိုစ်များအား သိမ်းဆည်းပေးထားသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။
ထိုသို့ ရွေးချယ်ခံရသော စာရေးသူများအားလဲ အဖိုးမမြင့်သော်လဲ ဂုဏ်သိက္ခာအားဖြင့် တန်ဖိုးမြင့်သော ဆုများ (ဥပမာ အယ်ဒီတာ့လက်မှတ်ထိုးထားသော ဂုဏ်ပြုမှတ်တမ်းလွှာအား အီးမေးမှ ပေးပို့ပေးခြင်း) စသည်ဖြင့် ချီးမြင့်ပေးသင့်ပါကြောင်း ကိုလဲ အကြံပေးတင်ပြအပ်ပါသည်။
နှစ်ကုန်ပိုင်းတွင်လဲ အကောင်းဆုံးပိုစ်များထဲမှ နှစ်ချုပ် အကောင်းဆုံးကိုလဲ ဆက်လက်ရွေးချယ်ပေးစေချင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မန္တလေးဂေဇက်တွင် အကျိုးပြုပိုစ့်များ နှင့် အကျိုးပြုပိုစ့် ရေးသားသူများ မြောက်များစွာ ထွက်ပေါ်လာနှိုင်ပါကြောင်း တင်ပြလိုက်ပါသည် ခင်ဗျား…။

မန္တလေးဂေဇက် အောင်မြင်မှုများစွာဖြင့် အဓွန့်ရှည်ပါစေသတည်း
မှော်ဆရာ

52 comments

  • မှော်ဆရာ

    December 26, 2011 at 1:46 pm

    အဲဒီလို စနစ်ကလေးသာ ရှိလို့ရှိရင် စာရေးသားသူများအနေဖြင့် ပိုပြီးတော့လဲ အားတက်သွားပါလိမ့်မယ်
    ကျွန်တော့အနေနဲ့ ပြောရမယ်ဆိုရင် ပိုစ်လေး အကောင်းဆုံး ရွေးချယ်ခံရပြီး အယ်ဒီတာထံက ဂုဏ်ပြုလက်မှတ်လေးရတာကို ပွိုင့်တစ်သိန်းဆိုတာထက် ပိုမက်တယ်ခင်ဗျ
    ပိုပြီးတော့လဲ အားရှိလာမှာ အမှန်ပါပဲ .. ကိုယ့်သမိုင်းအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်လေးတစ်ခုလဲ ဖြစ်သွားမှာပါ ..
    နောက်ပြီး အကျိုးမရှိတဲ့ ပိုစ်တွေရေးသားလာကြတာကိုလဲ အလိုလို ထိမ်းချုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်
    ကျွန်တော့အမြင်ပါ ..
    ရွာသူားတွေရဲ့ အမြင်လေးလဲ သိချင်ပါသေးတယ်

    • ဦးဦးပါလေရာ

      December 26, 2011 at 2:37 pm

      ကျုပ်ဝင်ဖြည့်အကြံပေးချင်တာလေးက
      best comment of the month/year ဆိုပြီးလဲ ကွန်မင့်တွေထဲက ရွေးချယ်ရင် ပိုကောင်းမယ်။
      ဒီထဲမှာ ကွန်မင့်သိပ်ကောင်းတဲ့ ဆရာကြီးတွေရှိတယ်နော။
      ကွန်မင့်ကောင်းတွေက ဆွဲတင်သွားတဲ့ပိုစ့်တွေလဲ မနည်းဘူး။
      ပြီးတော့ သူတို့က လက်လဲညီတယ်။ အတိုင်အဖေါက်လဲညီကြတယ်။

    • ငပေါက်ဖော်

      December 26, 2011 at 6:42 pm

      😕 😆 🙄 😯
      ဝေ့..ကမှော်ချာ..
      တဂျီးနဖူး ချွေးပြန်အောင် လုပ်တာလားဝေ့.. 😆

      လုပ်ဖြစ်မယ်ဆိုရင်လဲ..လုပ်ပါလို ့.အဟဲ.ဝင်ဆွေးနွေးရလျင်တော့

      သုတ၊ရသ၊ကဗျာ..ဘာညာတော့ ကျနော်မဝေခွဲတတ်လို ့..သဂျီးနှင့်တကွ.တခြားရွာစားများကပဲ..
      သင့်တော်သလို.သတ်မှတ်ပေး၍ နှစ်သက်ရာပို ့စ်ကို ရွေးချယ်နိုင်ပါကြောင်းလို ့.

      ပို ့စ်တော်တော်များများက အကောင်းဆုံးဖန်တီးပြီး တင်ပေးကြတဲ့အတွက် တော်တော်များများက
      ကောင်းကြတာပါပဲလို ့

      အဲအထဲကမှ ရွေးချယ်ခံချင်တဲ့ ရွာစားကျော် များကလဲ ဆရာတို ့ရဲ့ အကောင်းဆုံး
      လက်ရာလို ့ထင်တဲ့ ပို ့စ်ရဲ့ လင့်ခ်ကို ဖော်ပြပေးရင် သဂျီးက ရွေးချယ်ပေးတဲ့အခါ ပိုပြီး မြန်ဆန် လွယ်ကူ
      နိုင်မည်ဖြစ်ပါကြောင်းလို ့

      သေချောရှာနိုင်လျင်..ဒီအောက်က ပုဂ္ဂိုလ်တွေဆီမှာ လက်ရာကောင်းများ(အကျိုးပြုစာများ)
      တွေ ့နိုင်ကြောင်း လက်တို ့ပေး လိုက်ပါတယ်လို ့

      ♦ ကိုပေါက်(မန္တလေး)
      http://myanmargazette.net/author/kopauk-mandalay-2-2

      ♦ asiamasters
      http://myanmargazette.net/author/asiamasters

      ♦ ကိုသစ်မင်း
      http://myanmargazette.net/author/thit

      ♦ ဦးဖွတ်ကျား(ခ) Inz@gi
      http://myanmargazette.net/author/inzghi

      ♦ကိုဘလက်ချော(တံခါးစောင့်)
      http://myanmargazette.net/author/blackchaw

      ပြီးတော..
      အပေါ်မှာ ပြောခဲ့တလိုပါပဲဗျာ..
      တော်တော်များများကောင်းအောင်ရေးထားကြတဲ့အတွက်.ဆရာတို ့ရဲ့ အကောင်းဆုံးပို ့စ်လေးတွေ
      ဖော်ပြပေးလိုက်ရင် သဂျီးရွေးရတာပိုကောင်းမယ်လို ့ထင်ပါတယ်လို ့
      လို ့..လို ့..ရို ့ရို ့….အကုန်လုံးထက..အကုန်လုံးထကြ (ဆောဒီးနော်.ရေးရင်း ရောဂါထသွားလို ့)
      😀

  • KING

    December 26, 2011 at 1:55 pm

    နည်းနည်းတော့ ဝင်ရွှီးလိုက်အုံးမယ်
    မတူတဲ့ အမြင်ဆိုတော့ ……
    သူဂျီးက အမေရိကန်ဆိုတာ မပါမပြီးဆိုတော့
    အနောက်နိုင်ငံတွေက ထုံးစံအတိုင်း
    မှော်ဆရာလေး ပြောတဲ့
    ၁. သုတ ဆိုင်ရာ အကောင်းဆုံးပိုစ့်
    ၂. ရသဆိုင်ရာ အကောင်းဆုံးပိုစ့်
    ၃. သတင်းဆိုင်ရာ အကောင်းဆုံးပိုစ့် ဆုတွေ ချီးမြှင့်သလို
    သူနဲ့ ဆန့်ကျင်ဘက် ဆုလေးတွေပါ ချီးမြှင့်ပေးပါလို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ် …
    ရွှီးးးး ဖြောင်း ဖြောင်းးးး
    (စာကြွင်း ။ ဒါမှ ကိုယ်တွေနာမည်ပါမှာ … ) 😀

    • ဦးဦးပါလေရာ

      December 26, 2011 at 2:31 pm

      သူနဲ့ဆန့်ကျင်ဘက်ပိုစ့်တွေကိုတော့ ကျုပ်တို့ဘာသာချီးမြှင့်ကြမယ်လေ။
      အဆဲခံနိုင်တဲ့ကော်မတီတခုဖွဲ့ထားပြီး “အာပလာ” တဆု “အော့ကြောလန်” တဆု ဆို ဘယ့်နှယ်နေမလဲ 😀

  • windtalker

    December 26, 2011 at 1:58 pm

    မှော်ဆရာ့ ကို ကြည့်ရတာ
    ဉာဏ်ရည်တွေ ပိုကောင်း
    အတွေးအမြင် တွေ တယ်စူးရှ လာ ပါလား
    ဘာတွေများ သောက်သုံးလို ့ပါလဲ ဟင်..
    ဗျူးပါရစေနော်..
    ဂေဇက်ဝင် ညီငယ် ၊ ကိုကို ၊ ဦးဦး ၊ ဘိုးဘိုး တို ့အတွက်
    ဖြေပေးပါဦးဗျ

    • မှော်ဆရာ

      December 26, 2011 at 2:08 pm

      နေ့တိုင်း နေ့တိုင်း ပျာကညို တမတ်သားလောက် ပုံမှန် မှီဝဲပေးပါ ..

      • ကိုရင်စည်သူ

        December 26, 2011 at 2:14 pm

        မှော်ဆရာကြီး ဓါတ်ပုံများများရိုက်ပီး အင်းအားဖြိုးမောက်
        စိတ်ကြည် ဉာဏ်ရွှင်စေမယ့် အေဘီစီစတောက်လေး
        ပုံမှန်မှီဝဲလို့ဘာ…. 😆 😆

  • MaMa

    December 26, 2011 at 2:50 pm

    အဲလို ဆုတွေချီးမြှင့်မယ်ဆိုရင် မုဒိတာပွားနိုင်အောင် ကြိုးစားထားဦးမှ 😉
    (ဆိုလိုတာက အာပလာဆု၊ အော့ကြောလန်ဆုလည်း မရနိုင်ဘူးလို့… 😆 )

  • etone

    December 26, 2011 at 3:31 pm

    ဘာဆု ညာဆုတွေ တန်းဝင်တဲ့ လူမဟုတ်တော့လည်း …. အဲ့ဒီဆုတွေထက် ….. သဂျီးတစ်ယောက် ရန်ကုန်ပြန်ရောက်ပြီး ဘီယာလာတိုက်ပါစေဆိုတဲ့ ဆုပဲ .. တောင်းချင်ပါတော့တယ် … ရှလွှတ် .. ရှလွှတ် … ။ 😀

    နောက်နှစ်ထဲ သဂျီး ပြန်လာမယ်ပြောထားတယ်နော် … အပျော်မကြံရဘူး … 😆

    • နွယ်ပင်

      December 27, 2011 at 11:44 am

      etone ပြောတဲ့ အဆိုကို လုံးဝထောက်ခံပါတယ်ဗျို့…. 😆
      ကိုယ်တွေက ဘာဆု ညာဆုတွေထဲ တန်းဝင်မှာလည်းမဟုတ်တော့ ……

  • koaung

    December 26, 2011 at 4:02 pm

    ဆုရတဲ့လူများတယ်နော် သူကြီးရင်တုံလယ် လှူတဲ့လူများတယ်နော် သူကြီးစီပေါကျလယ် 😀

  • manawphyulay

    December 26, 2011 at 4:20 pm

    သူကြီးက သူ့လက်မှတ်တွေ အများကြီးထိုးပြီး လက်ညောင်းမယ့်အရေး တွေးနေတယ်ထင်တယ်… ဒီထဲမှာ စာအရေးအသား အရမ်းကောင်းတဲ့သူတွေအတွက် ဂုဏ်ပြုပေးသင့်ပါတယ်။ ကဗျာဆိုလည်း ကဗျာကဏ္ဍအလိုက်ပေါ့….

    • မှော်ဆရာ

      December 26, 2011 at 4:49 pm

      စော်တီးဗျာ
      ကဗျာကို မေ့ကျန်ခဲ့တယ် ..
      (၁. သုတ ဆိုင်ရာ အကောင်းဆုံးပိုစ့်
      ၂. ရသဆိုင်ရာ အကောင်းဆုံးပိုစ့်
      ၃. သတင်းဆိုင်ရာ အကောင်းဆုံးပိုစ့်
      စသည်အားဖြင့် )
      စသည်အားဖြင့်လို့ ပြောထားတယ်နော်
      တခြား အကြောင်းအရာတွေပါ ထည့်လို့ ရပါတယ်..
      ပြောသာပြောရ သူကြီးကလဲ မလာသေးဘူး …

  • kai

    December 26, 2011 at 5:07 pm

    …. ရွာထဲက.. ရွာလူကြီးများနဲ့.. ကာလသား/သမီးများကပဲ.. ဆိုင်ရာခေါင်းစဉ်တခုကို.. ၃ခုစီရွေးပေးပါလားခင်ဗျာ..။
    ၂၀၁၁ နှစ်ချုပ်အတွက်ပေါ့..။
    ဆိုတော့..
    တီချယ်နု၊ ကိုရင်မှော်၊ ရွှေအိမ်စည်၊ ဦးပါလေရာ၊ ကိုထူးဆန်း၊ ကိုရင်ပေ၊ ကိုရင်ပေါက်ဖေါ် တို့ကို ရွေးချယ်ရေးအဖွဲ့ထဲထည့်ချင်ပါတယ်..။ 🙂

    • မှော်ဆရာ

      December 26, 2011 at 5:18 pm

      သူကြီးတော့ လူမိုက်ငှားပြီ
      အယ်ဒီတာချွိုက်ပါဆိုမှ သူကြီးကပဲ ရွေးတာ ကောင်းပါတယ် သူကြီးရယ်
      ပြီးတော့ ၂၀၁၁ နှစ်ချုပ်ဆို မလွယ်လောက်ဘူး
      ခုတစ်လ ကုန်မှ နောက်လဆန်းမှာ သူကြီးကိုယ်တိုင်ပဲ ရွေးပေးလိုက်ပါ သူကြီးရယ်
      ဒီဇင်ဘာအတွက်ပေါ့
      လစဉ်အလိုက်အကောင်းဆုံးတွေရှိပြီးမှ နှစ်ချုပ်ရွေးလို့ လွယ်မယ်သူကြီးရဲ့

      • htoosan

        December 26, 2011 at 6:21 pm

        မှော်ဆရာ့ စကား အပြည့်အဝ ထောက်ခံပါတယ်။
        ၂၀၁၂ မှစပြီး တလစီ ထုတ်နှုတ်ထားပြီးမှ နှစ်ကုန်ကာနီးမှာ ပြန်တင်ပြီး ရွာသူားတွေကို vote လုပ်ခိုင်းသင့်ပါတယ် ။

    • koaung

      December 26, 2011 at 5:49 pm

      သူကြီးရေ ကျနော်နောက်လိုက်တာ စိတ်မရှိပါနဲ့ဗျာ ကျနော်ဒို့ (ပြည်ပ) မှရွာသားများကတော့ မန်းတလေးဂဇက်ကို အစဉ်လန်းဆမ်းရှင်သန်
      စေရေး ချောမွေ။စွာလည်ပတ်စေရေးက အဓိကကျသည်ဟုယူဆပါ၏ (ကျနော်အင်တာနက် အသုံးပြုခဲ့သော၁၅နှစ်ကျော်ကာလ) မှာ ဝဘ်ဆိုဒ်တော်တော်များများ ကိုလဲ သိခဲ့ဘူးပါတယ် မန်းတလေးဂဇက်ကိုလဲ မန်ဘာနဲ့ဝင်တာဆို ၃နှစ်ကျော်ပြီထင်ပါ၏ ကျနော်ဒို့ပြည်ပမှာနေထိုင်သူများဟာ အင်တာနက်မှမြန်မာဆိုဒ် များကိုသာ မြန်မာပြည်ကိုလွမ်းတိုင်း နေ့စဉ်နဲ့အမျှ ရှာဖွေ ကြရပါ၏
      (ဆိုလိုရင်း) ရှိသမျှ တွေ့ဘူးတဲ့ မြန်မာဆိုဒ် များဟာ အန်မတန်မှကျိုးစားကြသလို တိုးတက်ကောင်းမွန်ကြကြောင်း လဲ သတိထားမိပါ၏
      မန်းတလေးဂဇက် သည် တကဲ့လူမှုတိုးတက်ရေး နဲ့ လူထုအကျိုးပြုဝေဖန်ရေးများ တကယ်ကိုတဖက်တလမ်းကအကျိုးပြုနေတယ်လို့ ယူဆ
      မိသလို မြင်နေရပါ၏ သို့ပါသောကြောင်။တတ်နိုင်သည် ဖက်မှပန့်ပိုးရန်လဲ ဆန်ဒရှိပါ၏ ဆုံးဖြတ်ထားပါ၏ ပြည်တွင်းမှညီအကို မောင်နှမ များနှင့် သူကြီး အား ဟက်ပီနယူးရီးရား မန်းတလေးဂဇက်အစဉ်လန်းဆန်းပါစေ
      အစဉ်လေးစားလျှက် မောင်အောင် (အဲဗား ပြည်ပ)

      • kai

        December 28, 2011 at 5:02 pm

        ကိုရင်အောင်ခင်ဗျား..
        ဒီရွာမှာ.. တိတ်တိတ်ဆိတ်ဆိတ်လေး.. ခိုင်ခိုင်မာမာရပ်ပေးနေတဲ့အတွက်..လေးစားလျှက်ပါခင်ဗျား….။

        နှစ်သစ်မှာ ကျမ်းမာရွှင်လန်းပါစေရန်.. ဆုမွန်ပို့ပါ၏။ 🙂

    • ငပေါက်ဖော်

      December 26, 2011 at 6:55 pm

      ရက်စက်ပါပေ့.တဂျီးရယ်..

  • xman

    December 26, 2011 at 5:35 pm

    2011 တနှစ်လုံးစာဆိုရင်တော့ တစ်နှစ်လုံးပိုစ့်တွေ ဖတ်ထားပြီးသူတွေမှ ရွေးလို့ဖြစ်နိုင်မှာပါခင်ဗျား။
    ကိုမှော်ဆရာပြောတာ ထောက်ခံပါတယ်။ လစဉ်အလိုက် အကောင်းဆုံးတွေ ရွေးပြီးမှ ၂၀၁၂ မှာ နှစ်ချုပ်ပြန်ရွေးသင့်ပါတယ်ခင်ဗျား။
    ရွေးသူကလဲ သူကြီးသာ ဖြစ်သင့်ပါတယ်ခင်ဗျား။

    • windtalker

      December 26, 2011 at 7:18 pm

      အဟမ်း
      အူးခိုင် ၏ ညွှန်ကြားချက်အရ
      ဒါ့ပုံ ဆု ကို ရွေးခြယ်မည့် စည်းကမ်းများမှာ
      ၁ ။ ။ အရှိကို အရှိအတိုင်း မကွယ်မဝှက် ပကိတ တင် ပြ ထားသော ဒါ့ပုံ ဖြစ်ရမည် ။
      ၂ ။ ။ ရွေးခြယ်မည့် ပုံအားလုံးသည် နေ ့ခင်းတွင် ရိုက်သော ပုံများဖြစ်ရမည် ။ ဆိုသည်မှာ ဂွတ်လိုက်တင်း ဖြစ်ရမည် ။ မှောင်ရီဝိုးဝါး မစဉ်းစားပါ ။
      ၃ ။ ။ ဆုအဖြစ် ပမာဏ ရွေးခြယ်ခံရသည့် ဒါ့ပုံများ ကို ပလေးမန်း မဂ္ဂဇင်းတွင် အသုံးပြုခြင်း ကို ခွင့်ပြုရမည် ဖြစ်သည် ။
      အဟွတ်အဟွတ်..
      တော်သေးဘီ

      • ငပေါက်ဖော်

        December 26, 2011 at 7:45 pm

        ၄ ။ ။ လူပုံဖြစ်ပါက အထီးမပါစေရ
        တော်သေးဘီ အဟွတ်.အဟွတ်

      • inz@ghi

        December 27, 2011 at 1:01 pm

        ကျုပ်ပုံ ကိုကျောရာလားဟင်င်င်င်
        ပလေးဂဲမှာ သုံး. ..
        ခိခိ

  • ဦးဦးပါလေရာ

    December 26, 2011 at 6:35 pm

    ဒီလ ဒီဇင်ဘာကစပြီး လစဉ်ရွေးနှင့်တာ ပိုကောင်းပါတယ်ဗျာ။
    ခေါင်းစဉ်တွေ သူကြီးကပဲ ပြန်အတည်ပြုချပေးပါ။
    (ပဏာမ)ရွေးချယ်ရေးအဖွဲ့ လို့ ခေါ်မယ့်အစား အကြံပေးအဖွဲ့လို့ခေါ်သင့်ပါတယ်။
    အဲဒီအဖွဲ့ထဲမှာ ကော်နက်ရှင်မကောင်းလို့ ပိုစ့်အကုန်မဖတ်နိုင်တဲ့- အထူးသဖြင့် ဓါတ်ပုံပိုစ့်တွေကို ရှောင်နေရတဲ့ ဦးပါလေရာကိုမထည့်သင့်ပါဘူး။ ဦးပါလေရာကို ကန့်ကွက်ပါတယ်။
    အဲဒီအစား တကယ်ဖတ်/ထုတ် နေတဲ့ ကို Black Chaw ကို အဆိုတင်သွင်းပါတယ်။

    တကယ်လုပ်ရင် အခုလုပ်မှရပါတော့မယ်။ လကုန်ခါနီးလို့ပါ။ အကြံပေးအဖွဲ့ကို ပြန်ဖတ်ဘို့ အချိန်နဲနဲ (၅ရက်ခန့်) ပေးသင့်တယ်လေ။

  • aye.kk

    December 26, 2011 at 6:40 pm

    တော်သူကိုမြှောက်စားတာလဲ..ဂေဇက်ရဲ ့အားတစ်ခုပါလို့သူကြီးကိုပြောလိုက်ပါစေ..
    ဂေဇက်ကိုမြင်လို့လာဝင်လယ်မိပေမယ့်..ပညာရှိသူတွေရေးသားတာတွေဖတ်ရတဲ့အပြင်..
    ဗဟုသုတအစဉ်ရရှိနေလို့..ဂေဇက်ကနေမပြန်နိုင်ဖြစ်နေရတာလေးပြောပြလိုက်ပါစေ..။

  • ငပေါက်ဖော်

    December 26, 2011 at 6:40 pm

  • htet way

    December 26, 2011 at 7:00 pm

    မော်ဆရာ ကဗျာကျန်တာနင်သေချင်လို့လား
    ဒီတခါ ရေးတဲ့ ပို့စ် တို့လည်းထောက်ခံတယ်
    ရွေးပါ… ရွေးပါ။

    • မှော်ဆရာ

      December 26, 2011 at 7:19 pm

      အော် စသည်အားဖြင့်လို့ ပါပါတယ် ကိုကမ်းရ
      နောက်ဆို ကမ္ဘီရတို့ ကိုယ်တွေ့အချစ်တို့ ဘာတို့တောင် ပါချင်ပါလာမှာ
      ကဲ အကောင်းဆုံးဆုရှင် လောင်းလျှာများ
      ဆုလေးများရခဲ့ရင် နိဗ္ဗာန်ဆော် မှော်ဆရာ တဝက်ဆိုင်ပါကြောင်း

      • KING

        December 26, 2011 at 7:35 pm

        ကိုမှော်ရေ
        လာဘ်ပေးလာဘ်ယူ ဒို့ရန်သူတဲ့
        တော်ကြာ ငယ်ငယ်က သင်ခဲ့ရတဲ့ တံငါသည်နဲ့ တံခါးမှူးလိုဆိုရင်
        ………………. 😀

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 26, 2011 at 8:00 pm

    အံ့ဖွယ်သုတ မဖြစ်ဘူးမြဲ ဖြစ်ပေစွ
    လက်ကြောမတင်းတဲ့သူတွေက တစ်ယောက်ကိုတစ်ယောက် သဘာပတိခန့်နေကြတယ် 😀 😀 😀

    • windtalker

      December 26, 2011 at 8:23 pm

      အဟမ်း
      လကြောတင်းပါတယ်ဗျ
      မယုံရင် ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း
      ဟို်က် “က်” ကျန်ခဲ့တယ်
      ဖြည့်ဖတ်ပေးကြဘာ

  • thit min

    December 27, 2011 at 11:39 am

    ကျနော် ရွေးရမယ်ဆိုရင်တော့။
    သုတစာပေ ကို ၁။ကိုနိုဇိုးမိ ၂။ကိုစိန်သော့နဲ့ ညီလေးဂီဂီ
    ရသစာပေကို ၁။ကိုဘကြီး ၂။ ကိုရှုံးနိမ့်မှုများနှင့်လူ နဲ့ မမ
    ခရီးသွားဆောင်းပါးဆိုရင် ၁။မဝေဝေ နဲ့ မမှီ
    ကဗျာကတော့ သိဘူး။ပြောတတ်ဘူး။
    ဂေဇတ်အကျိုးပြုဆုံးစာရေးသူ ဆိုရင်တော့ ကိုဘလက်ချော ပါဘဲ။
    ကော်မန့်အကောင်းဆုံးဆုက တော့ ကိုအောင်ပု၊ကိုကြောင်ကြီးကိုတွဲဖက်ပေးမယ်။
    ဝထ္ထူတို ဆုကတော့ ကိုရင်စည်သူ။
    ပြည်သူ့အကျိုးပြုစာပေကတော့ အတွေးပါးပါးလေးတွေနဲ့ ထောက်ပြတတ်တဲ့ ကိုပေါက်(မန်း)ပါဘဲ။
    ပညာပေး စာ ဆုကတော့ ဆရာမကြီး တီတီနု နဲ့အဘဆွေ။
    စည်းကမ်းထိန်းသိမ်းရေးဆုကတော့ ညီငယ်မောင်ပေ။
    အထူးဂုဏ်ပြုဆု ပေး ရမယ်ဆိုရင် သူကြီးဦးခိုင် ပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    အားလုံးကိုပေးချင်တာတကယ်က…
    လူတိုင်းအပင်ပန်းခံရေးရတာမဟုတ်လား။
    ညီလေးမောင်ပေပြောသလို (ကူးပြီးလာတင်တဲ့သူကလွဲရင်)
    (^^) ခင်မင်စွာ

    • ငပေါက်ဖော်

      December 27, 2011 at 11:58 am

      အနော်ကတော့
      ကိုတစ်ရဲ့ ပို ့စ်ထဲမှာ များကီး ရှိပါကြောင်း
      ထပ်လောင်း.ဟတ်ချလောင်း ပြောသွားပါကြောင်း

      • thit min

        December 27, 2011 at 2:07 pm

        မဟုတ်ပါဘူးညီလေးရယ်
        အကိုရေးတဲ့ဟာက စာဖတ်များလို့၊အတွေ့အကြုံများလို့၊လက်တွေ့မှာလဲ ဆွေးနွေးပွဲတွေနဲ့ပါတ်သက်နေ
        ရလို့ ရလာတဲ့ အသိတရား၊အကျိုးအကြောင်းအဆိုးအကောင်းလေးတွေကို ပြန်ပြီး ပြောပြရုံသက်သက်ပါ။
        ဥပမာ ကွာ ညီလေးကော့သောင်းမှာနေဘူး လား?
        မြစ်ကြီးနားမှာရောနေဘူးလား? အကို ကအဲဒီနေရာတွေမှာနေဘူးလို့ အဲဒီနေရာတွေကအကြောင်းတွေပြန်
        ပြောပြတဲ့ တဆင့်သတင်းသယ်ဆောင်ပေးသူ သာဘဲ ဖြစ်တယ် ညီလေးရေ့။
        ပြောရရင် “အင်ဖော်မေးရှင်းကယ်ရီ” ပေါ့ကွာ။
        ရသရေးတယ်ဆိုတာကလည်း စကားပြောနေ ဆိုနေကြအတိုင်းရေးတာမျိုးပါ။
        ဘာမှထူးထူးခြားခြားမဟုတ်ပါဘူးကွာ။
        ကိုယ့်လိုဘဲ အဲဒီ”နေရာ” ရောက်ဘူးသူတိုင်း အဲဒီလိုခံစားဘူးသူတိုင်း ပြန်ပြောနိုင်မှာပါဘဲ။
        ကိုရင်စည်သူပြောသလို စေတနာ ဝါသနာ အနစ်နာ ရှိတယ် ဆိုရင်တော့ သူကြီးကအစ အားလုံးပါ တာဘဲ
        မဟုတ်လား။ ကိုယ်တယောက်ထဲမှမဟုတ်တာနော်။
        ပြောလက်စနဲ့ပြောရမယ်ဆိုရင်ငါ့ညီလေးရေးတဲ့ ဂေဇက်အသုံးပြုနည်းလမ်းညွန်လို့ ဟာမျိုး က တော်ရုံ
        စေတနာ၊တော်ရုံအတတ်ပညာနဲ့လုပ်လို့ရတာမှမဟုတ်တာလေ။ “စာပေဆု” ဆိုလို့သာပါ။
        ဂေဇက်အထောက်အကူပြု ဆုဆိုရင် မင်းကို ပေးကိုပေးရမှာ။
        အကိုပေးမယ်၊ဘယ်သူမပေး ပေးပေး ကိုယ်ပေးတယ်ဟေ့။
        နောက်ကျန်ခဲ့တဲ့ ဆု က ဟာသ ဆု ။
        ကိုဘီလူး ကိုပေးချင်တယ်။ သဘာဝကျကျ လက်တွေ့လောကရဲ့ ဟာသတွေရေးတတ်တဲ့သူ။
        သရော်စာ ဆုကတော့ ကိုကြောင်ကြီး က နံပါတ်တစ် ဟေ့။
        { ကိုယ်ဟာကိုယ် ပေးခြင်းဖြစ်ပါသည်၊ သူကြီးမင်း နှင့် မည်သို့မှ မသက်ဆိုင်ပါကြောင်းကြေညာမောင်း }

  • weiwei

    December 27, 2011 at 11:56 am

    မတူသောအတွေးနဲ့ပြောရရင် … ကျွန်မကတော့ ဆုပေးတဲ့စနစ်တွေကို အလွန်မုန်းပါတယ် … ငယ်ငယ်ကထဲက ဘိတ်ချီးကနေ အမြဲအောင်ခဲ့ရလို့ပါ (ကျတဲ့အခါတွေတောင်ရှိသေး :P) … ကျွန်မသာ လွတ်တော်ထဲရောက်ရင် စာမေးပွဲဆိုတာတွေကို မလုပ်ဖို့ အကြံပေးချင်တာ …. အတော်ဆုံး အကောင်းဆုံး ရွေးချယ်တာတွေကိုလဲ မကြိုက်ဘူး (တစ်ခါမှ မရဖူးလို့ 😛 )

    • hmee

      December 28, 2011 at 9:58 pm

      ကျွန်မလည်း မဝေကို ထောက်ခံတယ်။ ဘာလို့လဲဆို ကျွန်မလည်း တခါမှ ဆုမရဘူးလို့။ 🙂 အရင်လို ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ဆက်ရေးတာ ကောင်းမယ်ထင်ပါတယ်။ ကောင်းတဲ့ စာတွေဆို သူဂျီက သတင်းစာအတွက်ရွေးပါတယ်။ တော်ကြာ အရင်လို ပျော်စရာ မကောင်းရင် ဒုက္ခ။ 🙁 မှော်ဆရာရေ မမှီ အပျက်ဖက်က ပြောတာ မဟုတ်ဘူးနော် ရွာလေး ပျော်စရာ မကောင်းတော့မှာ စိုးလို့ပါ။

  • inz@ghi

    December 27, 2011 at 12:05 pm

    မူးပီးလဲနေတုန်း တက်သွားတဲ့ပိုစ့်ပဲ…

    (မန့်ပီဟေ့ ….ဝှား …အိပ်ချင်လာပြန်ဘီ)

    အဆဲဆိုဆုံး ဆု ဆိုလျင် ….. ကျနော့်ကိုပေးပါ….

    သတ်ပုံအမှားဆုံး ဆု ဆိုလျင် … ကျနော့်ကိုပေးပါ…

    ဖွန်အကြောင်ဆုံး ဆု ဆိုလျင် ..ကျနော် သာရထိုက်ပေသည်

    လိပ်ဂျပိုးဖြစ်အောင် အပြောတတ်ဆုံး ပါဆု ဆိုလျင်လည်း ဂီဂီ့ကို ထိပ်ဆုံးမှ ထား စဉ်းစားပေးကြပါ..

    အညင်းအသန်ဆုံး ဆု ဆိုပါကလည်း …ဂီဂီ ထိပ်တန်းဖြစ်ပေသည်….

    သဂျီးကို အကလိဆုံး ဆုပေးမည်ဆိုပါက …ဖရီကွမ်စီ တွင် ကိုကြောင်သာသော်လည်း …ဘာသာရေးတခုတည်းမဟုတ်
    လိုင်းအစုံ က ဒုက္ခခံ ရှာဖွေပြီး ..ကလိသည့်ဘက်တွင် …ဂီဂီသာပါသည်။

    အကျိုးမပြုဆုံး ဆောင်းပါးအရေးတင်ဆုံး ဆုပေးမည်ဆိုပါကလည်း …အော်လီဂျင်နယ်.. ခေါ်ဖီဖေ့စ်သမားများထက်
    ဂီ့ ကို ဦးစားပေးစဉ်းစားစေလိုပါသည်။ (ဖြတ်ညှပ်ကပ်ပီး ဆဲတတ်သေးတာကိုး …ခိခိ)

    ရွာထဲမှာ ဟိုလူမနေရ သည်လူမနေရ အလုပ်ဆုံး ဆု ပေးပါကလည်း ….ဂီဂီမှ လွဲ၍ …ရစရာလူရှိအံ့မထင်

    အနီကတ်အထိဆုံး ဆုပေးမည်ဆိုပါကလည်း …ဂီသာရသင့်သည်ထင်၏
    ရဲရဲတောက်သော ပို့စ်တိုင်း ဂီ့လက်နှင့်မကင်းသည်ချည်း…
    (အနီကဒ် စာရင်းတွင် …သဂျီးသည်အယ်ဒီတာဖြစ်သည့်အတွက် …အကျုံးမဝင်ပေ)

    ခိခိ

    ဝင်လောင်သွားဘာသည်ဗျို့…

    ဒက်ဂလောက် ဒက်ဂလောက်…

  • ကြောင်ကြီး

    December 27, 2011 at 12:25 pm

    ထိုင်နေအကောင်း
    ထသွားမှအကျိုး၊
    ပြင်လွန်းတော့
    ဖင်ချွန်း၊
    မဖင်မနိုင်ဘဲ
    ပဲကြီးဟင်းစား၊
    အစားမတော်
    တလုပ်၊
    အသွားမတော်
    တလှမ်း၊
    အပြောမတော်
    တသက်၊
    ပိုက်ဆံမရ
    ဘဂျီးနွားကျောင်း၊
    အနေမတတ်
    ခွစာမိ၊
    ဖြစ်နေအုံးမယ်ဗျို့….။

  • မိုးချမ်းမြေ့

    December 27, 2011 at 12:52 pm

    ဆုချီးမြင့်ရန်…ဆရာမှော်တင်ပြချက်မှာ..လွန်စွာသင့်တင့်လျောက်ပတ်လှပါ၏။ သို့သော်လည်းပေါ့…ဆေးကုဖို့တော့…ကြိုဆုထားကြဗျို့..။ မရသေးခင်မျှော်ရတာထက်…ဆုရတဲ့သူကို…ပိုပြီးကြည့်မရတာကလည်း….ဥမ္မတက…တွေရဲ့အလုပ်ဆိုတော့…ဆရာမှော်ရေ…ကောင်းသလိုလိုနဲ့…မျက်စိလည်းစပ်နေအုံးမယ်..။

    • မှော်ဆရာ

      December 27, 2011 at 1:19 pm

      ဥမ္မာတကောတွေထက်စာရင် ဂုဏ်ပြုမှတ်တမ်းတင် ခံရသူတွေကို အားကျပြီး ကြိုးစားပမ်းစား ရေးလာကြမယ့်သူတွေက ပိုများမယ်ထင်ပါတယ် မိုးချမ်းမြေ့ရေ ..

  • မှော်ဆရာ

    December 27, 2011 at 1:13 pm

    ကွန်မန်းပေးတဲ့ လူတွေကို ကျေးဇူးအများကြီးတင်ပါတယ်
    ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ချီးကျူးထိုက်သူကို ချီးကျူးခြင်းဆိုတာ မင်္ဂလာ တစ်ပါး ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အခုလိုမျိုး (ဆုဆိုတာထက်) ချီးကျူးဂုဏ်ပြုတာမျိုးကို ဖြစ်စေချင်ပါတယ်။ဘယ်လိုရည်ရွယ်ချက်တွေ ပါသလဲ ..
    အကျိုးပြုပိုစ် ရေးသားသူများအား ချီးမြင့်သော အနေဖြင့်သော်လည်းကောင်း
    စာရေးသားသူ အသင်းဝင်များအား စံအနေဖြင့် လေ့လာနှိုင်စေရန် လည်းကောင်း
    ထိုကဲ့သို့သော အကျိုးပြုပိုစ်များကို ရေးသားသူ မြောက်များစွာ ထွက်ပေါ်လာစေရန် လည်းကောင်း
    အကျိုးပြု ပိုစ်များအား စာဖတ်သူများမှ အချိန်တိုင်း ဖတ်ရှုနှိုင်စေရန် လည်းကောင်း
    အကျိုးမရှိသောပိုစ်များ ရေးသားလာခြင်းကို တဖက်တလမ်းမှ ထိမ်းချုပ်နှိုင်စေရန်လည်းကောင်း

    စသည်ဖြင့် ရည်ရွယ်ပါတယ် ။ အပေါ်မှာလဲ ရေးသားခဲ့ပါပြီ ..။
    အခုသူကြီးပေးနေတဲ့ ပွိုင့်ပေးနည်းစနစ်က အကျိုးပြုပိုစ်ရေးရင်လဲ ဒီလောက်ပဲ ၊ ဆဲစာရေးတင်ရင်လဲ ဒီလောက်ပဲ .ဖြစ်နေတော့ အကျိုးပြုပိုစ်ရေးတဲ့သူတွေကို ထိုက်ထိုက်တန်တန် ဖြစ်စေချင်တယ် ..။
    နောက်တစ်ချက်
    အယ်ဒီတာ့ချွိုက်လို့ ဆိုထားတဲ့အတွက် အယ်ဒီတာကိုပဲ ရွေးချယ်စေချင်တယ် ..
    တခြားတစ်ယောက်က (သို့) တစ်ဖွဲ့က ရွေးချယ်ရင် ပြဿနာရှိနှိုင်တယ် ..။မလိုသူတွေကလဲ ရွေးချယ်ရေးအဖွဲ့ကို အပြစ်ပြောလာနှိုင်တယ်..။ အယ်ဒီတာ့ စိတ်ကြိုက်ဆိုတဲ့အတွက် အယ်ဒီတာ သူကြိုက်တာ သူရွေးတယ်ဆိုရင် ဘယ်သူမှ စောဒက တက်စရာမရှိပါဘူး..။
    ဒါကြောင့်မို့
    – အခုလို စနစ်လေး ဖြစ်သင့် / မဖြစ်သင့်လေး ဆွေးနွေးပေးကြပါ ..( ဘာကြောင့် ဆိုတာပါလေးပေါ့)
    – နောက်တစ်ခုက ဖြစ်သင့်တယ် ဆိုရင် သူကြီးက ရွေးသင့်မရွေးသင့် ရွေးချယ်ပေးကြပါ.. (သူကြီး မရွေးသင့်ရင် ဘယ်သူက ရွေးသင့်တယ် ဆိုတာလေးပါ)
    တကယ်လို့ ဖြစ်သင့်တယ် / သူကြီးကိုယ်တိုင်က ရွေးသင့်တယ်လို့ဆိုရင်တော့ သူကြီးရေ ဂျီးတော်နွား ကျောင်းလက်စနဲ့ နဲနဲတော့ အပင်ပန်းခံလိုက်ပါဦးနော …

    • kai

      December 27, 2011 at 6:22 pm

      ဆြာမှော်ရေ..
      ကြည့်ရတာ.. ရွာထဲ.. ညီညွတ်မှုထိခိုက်သွားမှာစိုးပါတယ်..။
      ကျုပ်မလည်း.. တခါရေးဖူးသလို.. အယ်လ်အေအလှမယ်ရွေးပွဲ အမှတ်လေးကရှိနေတယ်လေ..။
      မယ်တွေလာပြိုင်ရွေးခံပါတယ်..။ ဆု ၁၊၂၊၃ ချပေးလိုက်တော့.. ကျန်တဲ့လူတွေနဲ့.. ဦးဆောင်လုပ်သူတွေ.. မိတ်ပျက်တယ်ပေါ့..။
      ဆိုတော့…
      နောက်နှစ်အထိ ရွှေ့လိုက်ပါရစေနော..။
      ၂၀၁၂ တော့.. အယ်ဒီတာချွိုက်စ် လုပ်ပါ့မယ်..။ အခုလည်း.. လုပ်နေတာပါပဲ..။ စတစ်လုပ်ထားတာတွေက.. အယ်ဒီတာချွိုက်တွေပါ..။ Category ကိုပါ.. Mandalay Gazette အောက်ပြောင်းပြောင်းထည့်ပါတယ်..။
      နောက်နှစ်ဆို တော်တော်လွယ်သွားမှာပါ..။
      😆

      တကယ်က.. မန်းကြတာမှာ.. မူရင်းပို့စ်တင်သူကိုပါ.. ပွိုင့်ခွဲဝေပေးထားတာမို့.. မန်းတာများများတက်ရင်.. ပွိုင့်တက်နေတာပါ..။
      ဒါကြောင့် အကျိုးပြုစာကို.. .. ရွာသူားတွေကိုယ်တိုင်.. ရွေးချယ်ချီးမြောက်ခွင့်ရှိနေတာလို့.. ပြောလို့ရပါတယ်..။

      အခုဆြာမှော့်ပို့စ်တင်..သာမန်ထက် ပွိုင့်၁၀ဝမက ပိုရနေပါပြီနော…။
      ပြဿနာတခုက.. ဆဲစာရေးရင်..ဝိုင်းဆဲရင်း.. အဆဲခံရသူကပါ..ပွိုင့်တွေတက်နေတာပါ..။
      အဲဒါကိုပဲ.. နည်းနည်း ညှိနိုင်ကြရင်ကောင်းမှာပါ…။

      နောက်တခုက.. မန္တလေးဂေဇက်က.. ပုံနှိပ်သတင်းစာလည်းရှိပါတယ်.။
      ဒီထဲက.. ပုံနှိပ်ဖေါ်ပြသင့်တာတွေ.. ရွေးထည့်နေတာ သတိထားမိမှာပါ..။
      ဆိုတော့.. အဲဒီခရက်ဒစ်က..ကြီးပါတယ်..။
      ကြီးဆို..
      မြန်မာပြည်ကယူအက်စ်သံရုံးက.. သတင်းစာကို.. အထောက်အထားအဖြစ်မှီငြမ်းတာလုပ်ပါတယ်..။
      အဲဒါလေး…။ 🙂

      • မှော်ဆရာ

        December 27, 2011 at 7:37 pm

        သူကြီးကောင်းမယ်ထင်သလိုသာ လုပ်ပါဗျာ
        ကျွန်တော်ကတော့ ညီညွတ်ရေး ပျက်ပြားနှိုင်တယ်လို့တော့ မထင်ပါဘူး
        ှုဥပမာဗျာ ဆရာသစ်မင်းဆို sticky အတင်ခံရတာ ပိုစ့်တိုင်းလိုလိုပဲ
        ဒါပေမယ့် ဆရာသစ်မင်းကို ဘယ်သူမှ မနာလို ဖြစ်တယ်လို့ မကြားမိပါဘူး
        ရွာသူားတွေက ဘုတ်တွေနဲ့ ကျီးတွေလို အပြန်အလှန် ရိုသေ လေးစားနေကြတာကိုး
        ဒါပေမယ့် ကိုယ်ရေးတဲ့ ပိုစ့် စတစ်ကီ ဖြစ်ချင်စိတ်နဲ့ ကြိုးစားပမ်းစားရေးလာကြတာကိုတော့ သတိထားမိပါတယ် ..
        နောက် ကျွန်တော် popular ဆိုတဲ့ ပိုစ့်တွေကို ကြည့်မိတယ် . အမယ် အဆဲခံထိတဲ့ ပိုစ့်တွေကလဲ ပေါ်ပြူလာထဲ ပါနေတယ်ဆိုတော့ တကယ်ရေးတဲ့သူတွေက နဲနဲ မှိန်နေသလိုလေးဗျ …။
        ဆိုတော့ တကယ်ရေးတဲ့သူတွေကို တကယ်ကို အကျိုးရှိစေချင်တာပါ.. ပီတိလေးရစေချင်တာပါ … ကျွန်တော်ထင်ပါတယ် သူကြီးလက်မှတ်နဲ့ ဂုဏ်ပြုလွှာလေးသာ အီးမေးနဲ့ရရင် ရတဲ့သူက တော်တော်ကို ဝမ်းသာပါလိမ့်မယ် ခင်ဗျား .. ပရင့်ထုတ်ပြီး မှန်ဘောင်နဲ့ကို သိမ်းထားမယ် ထင်ပါတယ်..။
        ဒါကြောင့် အယ်ဒီတာ့ ချွိုက် မဖြစ်နှိုင်သေးတဲ့ ကျွန်တော်က အယ်ဒီတာ့ချွိုက်ဖြစ်ထိုက်တဲ့ ထူးချွန်သူတွေ ၊ စေတနာကောင်းတဲ့သူတွေကိုယ်စား အကျိုးမျှော်လို့ နှိုးဆော်လိုက်ပါတယ် သူကြီးရေ ….

  • MaMa

    December 27, 2011 at 3:12 pm

    ခုတလော ပျောက်ချက်သားကောင်းနေတဲ့ ကိုဘလက်ကိုပဲ အကြံပေးခန့်အပ်ပြီး အဲဒီထဲကမှ သဂျီးကို ပြန်ရွေးခိုင်းရင် အဆင်ပြေမယ် ထင်တယ်။
    ကိုဘလက်ရဲ့ ပိုစ့်တိုင်းပေါ်မှာ အားစိုက်မှုက ဘယ်သူမှလိုက်မမီတာ လူတိုင်း အသိပါ။
    သဂျီးအနေနဲ့ ဒုတိယအဆင့်မှာမှ ရွေးချယ်ရမယ်ဆိုရင် တာဝန်အနည်းငယ် ပေ့ါသွားနိုင်တယ်လို့လည်း ယူဆပါတယ်။

    ဆြာသစ်ရဲ့ စာရင်းထည့်သွင်းခြင်းခံရတာကိုက တော်တော်ဝမ်းသာဖို့ ကောင်းနေပါပြီ။
    ကိုယ့်အဆင့်ကိုယ်သိတာမို့ အခုလို လက်စမ်းခွင့်ရနေတာနဲ့တင် သဂျီးကို ကျေးဇူးတင်နေမိပါတယ်။
    ရွေးချယ်ခံဖို့ကိုတော့ (ဝေဝေ့ လေသံနဲ့ ပြောရရင်) မခံယူဝံ့ကြောင်းပါ။

  • blackchaw

    December 27, 2011 at 3:20 pm

    အောင်မယ်လေး အသာလုပ်ပါ အန်တီမမရေ။
    ၂၀၁၂ ခုနှစ်အတွင်း လူမုန်းတဲ့ အလုပ်တွေကိုရှောင်ရမယ်လို့
    အဘဒေါက်တာမင်းသိင်္ခရဲ့ တပည့် လူငယ် ဗေဒကဝိ ကိုရင်စည်သူ က
    အဟောရှိပါတယ်ခင်ဗျာ။
    သူကြီး လုပ်နိုင်လောက်တဲ့ ကိစ္စ သူကြီးလုပ်ပါလိမ့်မယ်ဗျာ။
    ဆုဆိုတာကြီးက တာဝန်ကြီးပါတယ်ဗျာ။
    ကျွန်တော်ကတော့ မလုပ်စေချင်ဘူး။
    စိတ်ဝမ်းကွဲတတ်တဲ့အရာတွေ ရွာထဲမှာ မရှိစေချင်ဘူး။
    သူကြီးတစ်ခါတစ်လေလုပ်သလို sticky လေးလုပ်ပေးလိုက်ရင်
    ကျေနပ်သွားကြမှာပါ။
    ဟုတ်မဟုတ် ရွာထဲမှာ Sticky ပို့စ်ပိုင်ရှင်တွေကို မေးကြည့်ကြပါ။

  • anewgenerationbone

    December 27, 2011 at 6:52 pm

    သီချင်းလေးတစ်ပုဒ် မှီငြမ်းပြောရရင်တော့
    လူထဲကလူ
    လူသားထဲကကျတော် လူသားတိုင်းကို လေးစားပါတယ် ပေါ့ဗျာ
    ကျတော့်အမြင်ကတော့ ကမန့်တွေရဲ့ ပွင့်လင်းမှု့လေး ကြောင့်
    ကမန့်တွေကိုတော့ အကောင်းဆုံးဆု မပေးသင့်ဘူးထင်ပါတယ်ခင်ဗျ
    ဒါပေမယ့် တစ်ခါတစ်ရံ ကမန့်တွေက ပို့စ်တွေထက် လေးနက်နေတာတွေရှိပါတယ်
    တစ်ချို့ ကမန့်တွေဆို တော်တော် မှတ်သားစရာကောင်းတယ်
    ပြောရရင်လည်း ရွာလူကြီး အသက်ကြီးတာကိုး လို့ဆိုနေဦးမယ် 🙂
    ဘာဖြစ်လို့လဲဆိုတော့ ကမန့်တွေက အတွေးခေါ်တွေကို မြှင့်တင်ပေးတယ်လို့
    မြင်မိလို့ပါ
    တစ်ကယ်လို့ ကမန့်တွေကို ဆုပေးလိုက်ရင်
    အတိုက်ခံတွေ အားနည်းသွားနိုင်တယ်လို့ မြင်မိပါတယ်
    နားလည်သလောက်လေး ပြောမိတာပါ
    ဆရာကြီးတွေအကုန်လုံးကို လေးစားပါတယ်

  • ဦးဦးပါလေရာ

    December 27, 2011 at 7:07 pm

    ဆုရွေးဖြစ်တယ်ဆိုရင်လဲ လက်ခုပ်တီးတလှည့် သာဓုတလှည့် နဲ့ အားပေးရုံပါပဲဗျာ။

    တကယ်တော့ အခုအတိုင်းလဲ တော်တော်အဆင်ပြေနေပါတယ်။

    ဂေဇက်ရဲ့ပုံရိပ်က ပေါ့ပေါ့ပါးပါး ပျော်စရာလေး ဖြစ်နေတာကို ပိုကြိုက်တယ်ဗျို့….။

  • “ဘီလူးကြီး”ogre

    December 27, 2011 at 7:56 pm

    အကောင်းဆုံးဆုတော့ ရှိပြီး အဆိုးဆုံးဆုလဲရှိရမယ်
    ကျုပ်ကတော့ အဆိုးစာရင်းထဲပါလို့
    အဆိုးဆုံး ဆုဆိုတာလဲ လုပ်ကျဘာဗျ..ဒါမှ အနော်တို့ရမှာ…. 🙂 🙂

  • Mr. MarGa

    January 13, 2014 at 7:47 pm

    အင်း….
    အဆိုးဆုံးဆု လိုနေသေးသကိုးးးး :mrgreenn: :mrgreenn:

  • padonmar

    January 13, 2014 at 9:07 pm

    ဟယ်သကြားရယ်
    ဘယ်လိုများ အစဆွဲထုတ်လိုက်ပါလိမ့်။
    ဒီကိစ္စ ကမှော်က စခဲ့တာကိုး။
    ၂နှစ်တာကို Time machine နဲ့ပြန်သွားလိုက်ရသလိုပဲ။
    ပြောခဲ့ ငြင်းခဲ့ကြတာတွေ ဖြစ်လာတာလည်းရှိ၊မဖြစ်လာတာလည်းရှိ။
    နောင်ဖြစ်လာမှာတွေကိုလည်း ဘယ်လို သိနိုင်ပါ့မလဲ ဆိုတာလေး အတွေးပွားသွားပါ၏။

Leave a Reply