Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှမ်းပြည်က ချယ်ရီ၊သံတွဲမှာ ကြွေရှာလေခဲ့ပြီ…….

လွန်ခဲ့သော ၂၀၀၆ ခုနှစ်က သံတွဲမြို ့အကျဉ်းထောင်ထဲကနေ နာမကျန်းဖြစ်လာတဲ့လူနာ
တစ်ယောက် ခြေကျဉ်းခတ်လျှက် သံတွဲဆေးရုံမှာ ဆေးကုသဖို ့ထွက်လာပါတယ်။ကုသလို ့
ဘယ်လိုမှမရတဲ့ အတွင်းတက်ရောဂါ(အသေးစိတ်ကိုနောက်မှပြောပြပေါ့မယ်)နဲ ့ကွယ်လွန်
သွားခဲ့ပါတယ်။သူနဲ ့အတူတူ ရှမ်းပြည် SNLD က ဦးခွန်ထွန်းဦးတို ့အဖွဲ ့တွေတသီကြီး
ထောင်နန်းစံရပါတယ်။သူကတော့ ရှမ်းမျိုးဆက်သစ်လူငယ်များအဖွဲ ့က သချင်္ာမြင့်သန်း(ခ)
ဦးမြင့်သန်း(တောင်ကြီး)ဘဲဖြစ်ပါတယ်။
သူဟာ သံတွဲအကျဉ်းထောင်မှာ ထောင်ဒဏ်(၇၉)နှစ်ကျခံနေရသူတစ်ယောက်ဖြစ်ပါ
တယ်။ကွယ်လွန်သွားချိန်ထိ(ဆေးကုသမှုခံယူနေရစဉ် ကာလတလျှောက်လုံး)ခြေကျဉ်းခတ်
လျှက်တန်းလန်းနဲ ့ပါ။သူကွယ်လွန်ချိန်မှာ ကျွန်တော်တို ့လက်ပေါ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး
သူမြင်တွေ ့ချင်ခဲ့တဲ့ ခုလို ပွင့်လင်းညင်သာတဲ့ အချိန်အခါကို လည်းအလွဲကြီးလွဲသွားခဲ့ပီပေါ့။
သူ ့အတွက်နောက်ဆုံးအနေနဲ ့သူ ့အတွက် ကဗျာတစ်ပုဒ်ကို ကဗျာဆရာ/နိုင်ငံရေးသ
မားကြီးတစ်ယောက်က ရေးစပ်ပေးခဲ့ပါတယ်။ဖတ်ရှုအားပေးကြပါဗျာ။

*ရှမ်းပြည်က ချယ်ရီ
ထုံသင်းလို ့လှိုင်သည်
သံတွဲမှာ ခါတော်မှီ
ဝါဆိုရန်လာသည်။
ခင်ကြီးမပျော် ကျောင်းတော်ကအို
ဆွမ်းတော်လို ့ ချိန်ခါမသင့်
မမျှော်လင့်တဲ့ ဝေဒနာ ရောက်၍လာသည်။
*စင်္ကြန်မလျှောက်၊တရားမှတ် ဘုရားတည်
ဓိဠာန် ခြင်းသည် အောင်မြင်ရာ၏။
*ဒေါသက နေရာယူ၊ပူတာကတစ်မျိုး
ဆူတာက ရိုး(၇၉ ဝါကို)
ကိုယ်တိုင်တောင်မဆိုလိုက်ရပီမို ့
ဈာန်မမှီ ဉာဏ်ရည် မကူးတော့ပြီ
သံတွဲမှာ မနေလိုတော့ ရှမ်းပြည်ကိုသာမျှော်ရှာသည်။။

19 comments

  • thit min

    January 14, 2012 at 6:52 pm

    သင်ပုန်းချေရေးဆိုတာ ခုချိန်မှာအရမ်းလိုအပ်သောအရာပါဘဲ။
    ဒါပေမဲ့ ခံခဲ့ရသူတွေကတော့ မိသားစုဝင်တွေရဲ့ “အသက်” တွေအထိပါတယ်ဆိုရင်
    သင်ပုန်းချေရေးကို လက်တွေ့မှာလွယ်ပါ့မလား။
    ကိုယ့်နဲ့မတူ ကိုယ့်ရန်သူ၊ ကိုယ့်ထက်သာမနာလို သူတွေအများစုရှိနေကြရတဲ့အထဲ
    သင်ပုန်းချေရေးလမ်းစဉ်ဆိုတာ တကယ်ခံခဲ့ရရင် တော်တော်ခက်မယ်ထင်တာဘဲ။
    အခြေအနေက ကျနော်တခါကပြောသလို ငါတို့ပျားအုံကြီးကိုလဲမပျက်စေနဲ့မင်းတို့ရှဉ့်
    လေးတွေလဲ ဖြည်းဖြည်းလျှောက်ကြပေါ့ကွာဆိုတဲ့အနေအထားမဟုတ်လား။
    လူအမျိုးမျိုး စရိုက်အမျိုးမျိုး ငါကဟိုးအစကတည်းကအနစ်နာခံထားတာကွဆိုတဲ့ ကိုယ်ဟာကိုယ်
    မှော်ကွန်းတင်သူရဲကောင်းအမျိုးမျိုး နဲ့ အသက်လောက်အရေးကြီးတဲ့ “စည်းလုံးညီညွတ်ရေး”
    ဝေးမှာကြောက်တယ်ဗျာ။
    ဗိုလ်ကျတတ်တဲ့စိတ်၊ဆရာလုပ်ချင်တဲ့စိတ်၊ငါဗိုလ်မလုပ်ရရင်ကြည့်မရဘူးဆိုတဲ့စိတ်တွေနဲ့ရင်လေးတယ်။
    အနိဌာရုံတွေလဲမမြင်ချင်မကြားချင်မပြောချင်တော့ပါဘူး။အရည်အချင်းရှိတဲ့ခေါင်းဆောင်ရဲ့နောက်က
    နေ နောက်လိုက်ကောင်းများပီသစွာစည်းလုံးစွာကြိုးစားရေးကိုဘယ်လိုများဖော်ဆောင်နိုင်ကြမလဲ။

  • ကိုသစ်မင်းရေ.
    တကယ်တော့ ရင်နစ်သည်းချာ အသည်းနှလုံးတွေ ကွဲထွက်အောင်ခံစားနေကြရ၊ခံစားခဲ့ကြရတဲ့
    မိသားစုဝင်တွေမှာ ပြောပြမတတ်လောက်အောင်ပေါ့ဗျာ။ဒါပေမယ့် ကိုကိုကြီးရဲ ့စကားလေးတစ်ခွန်း
    ကို ရဲဘော်တွေ၊ရဲဘက်တွေအားလုံးတူညီနှလုံးသွင်းထားကြနိုင်မှာပါ။အစအဆုံးတော့ မရေးတတ်တော့
    ဘူးဗျ။မှတ်မိသလောက်ရေးပ

  • Foreign Resident

    January 15, 2012 at 3:45 am

    အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
    လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။

    မှန်တာပြောရရင်
    တရားမျှတမှု ကိုတောင်းဆိုတာ ဆိုတဲ့ အနက် အဓိပ္ပါယ် အပြင်
    အရမ်းလေးနက်တဲ့အနက် အဓိပ္ပါယ် တွေလည်းရှိပါသေးတယ် ။

    လူသား အသိုင်းအဝိုင်းကြီး မှာ လူတစ်ဦးချင်းစီမှာ အချင်းချင်း ယုံကြည်မှုရအောင် ၊
    လူသား အသိုင်းအဝိုင်းကြီး ပေါ်ကိုလည်း ယုံကြည်မှုရအောင် ၊
    လွယ်လွယ်ပြောရရင်
    မတရားမှုတွေကို နောက် ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲအောင် ၊
    လူ့ အသိုင်းအဝိုင်းကြီး မပြိုကွဲအောင် ၊
    ထိန်းညှိပေးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ် ။

    အနှစ်ချုပ်ပြောရရင်
    အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
    ဖြစ်သင့် ဖြစ်ထိုက်တဲ့ ၊ မရှိမဖြစ် လိုအပ်တဲ့ ၊ လုပ်ကို လုပ်သင့်တဲ့ ၊
    ရေရှည်ကိုထည့်သွင်းစဉ်းစားတဲ့ တောင်းဆိုမှု တစ်ခုဖြစ်ပါတယ် ။
    ( အချိန် နှင့် အင်အား ကိုတော့ စောင့်ရမှာပေါ့လေ )

    ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်ဆိုတဲ့ ” သည်းခံ ” ဆိုတဲ့ စကား နှင့် ပါတ်သက်လို့ကတော့ ၊
    တိုင်းပြည် တစ်ခုကို တိုးတက်အောင် တည်ဆောက်တဲ့အခါမှာ ၊
    ” မဟုတ် မခံ ” ဆိုတဲ့ စိတ်ဓါတ် နှင့် စနစ်က
    ” သည်းခံ ” ဆိုတဲ့ စနစ် ထက် ပို အကျိုးပြုပါတယ် ။

  • ဟုတ်ပါတယ် ကိုFRကြီးပြောသလို………..

    ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်ဆိုတဲ့ ” သည်းခံ ” ဆိုတဲ့ စကား နှင့် ပါတ်သက်လို့ကတော့ ၊
    တိုင်းပြည် တစ်ခုကို တိုးတက်အောင် တည်ဆောက်တဲ့အခါမှာ ၊
    ” မဟုတ် မခံ ” ဆိုတဲ့ စိတ်ဓါတ် နှင့် စနစ်က
    ” သည်းခံ ” ဆိုတဲ့ စနစ် ထက် ပို အကျိုးပြုပါတယ် ။
    ကျနော်ကတော့ လက်ခံပါတယ်ဗျ။

  • Gipsy

    January 15, 2012 at 7:02 pm

    စိတ်မကောင်းဖြစ်မိတယ်ဗျာ…။
    ဒုက္ခတွေ ခါးစည်းခံခဲ့ရပြီး သူ့ခမျာ နမိတ်ကောင်းတွေကို မသိနိုင်တော့ဘူးပေါ့….။

  • myaphay

    January 15, 2012 at 8:01 pm

    ဟုတ်တယ်ကွာ မောင်ရင်ပြောသလိုဘဲလေ။ဒီတိုင်းလေး ပုံမှန်ပြန်ထွက်လာနိုင်သူတွေရှိသလို၊ကျန်းမာရေးချို ့ယွင်းလာတာတွေ၊
    ထောင်ထဲကနေ လူသေစင်နဲ ့ထမ်းထုတ်သွားတာတွေ အများကြီးပါနေသားကွာ။ဒါပေမယ့် လွတ်လပ်ပွင့် လင်းလာနေတယ်ထင်ရပီ
    ဘဲလေ။အကြွေစောခဲ့ပေမယ့်လဲ သူတို ့ကသမိုင်းမှာ မှတ်ကျောက်တင် ဂုဏ်ပြုခံနေရမှာပါကွာ။

  • maetu

    January 15, 2012 at 8:17 pm

    ရှမ်းပြည်က ချယ်ရီပန်းလေးက သံတွဲမြို ့မှာ ကြွေသွားတယ်
    ဆိုတဲ့ ကဗျာလေးအပေါ် လေးစားမိပါတယ် အကို။မြို ့ခံတွေ
    အတွက်တော့ မှတ်မှတ်ရရ ရှိနေအုံးမှာပါ။လွယ်လွယ်တော့
    မေ့ပျောက်လို ့ရနိုင်ပေါ့မလား။

  • moethuzar

    January 15, 2012 at 8:30 pm

    ချယ်ရီပန်းလေးတွေများ သံတွဲဖက်ရွေ ့လာသလားလို ့။
    အော် လွမ်းစရာတွေထဲက လူတစ်ယောက် တိတ်တိတ်
    လေးခွဲခွာ သွားခဲ့ရတာပေါ့နော်။

  • ကြောင်ကြီး

    January 15, 2012 at 11:19 pm

    ဦးမြင့်သန်း ဗမာ၊ သူ့မိန်းမ ရှမ်းလို့ အင်တာနက်သတင်း တပုဒ်မှာ ဖတ်ဖူးတယ်။ ရှမ်းပြည်အရေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ဗမာ (ရှမ်းဗမာလည်းဖြစ်နိုင်တယ်) တဦးဖြစ်ပါတယ်။ ဤနေရာမှ သူရဲကောင်း ဦးမြင့်သန်းအား ဦးညွှတ်ဂုဏ်ပြုပါသည်။ ကောင်းရာသုဂတိ လားပါစေ..။

  • ကိုကြောင်ကြီး၏ ဆုတောင်းမေတ္တာ အားလုံးသူပေါ်သက်ရောက်နိုင်ပါစေဗျာ။ဦးမြင့်သန်းမှာ လက်ရှိတောင်ကြီးမှာ
    သားတစ်ယောက်ရှိနေပါသေးတယ်။သူ မဆုံးခင်က ဆေးရုံပေါ်မှာ ခြေချင်းခတ်လျှက်တန်းလန်း ဆေးကုသခံနေရတာ။
    နောက်ဆုံးသေတော့တောင်မှ ခြေချင်းခတ်လျှက် ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကို ကျွန်တော့်ဆီမှာ ကျန်နေပါသေးတယ်။
    ဒီအချက်အလက်တွေဟာ ဘယ်တော့မှ ဟောင်းနွမ်းမသွားပါဘူး။အားလုံးသူ ကြည့်ရအောင် တင်ပေးချင်ပါတယ်။
    ဒါပေမယ့် ကျနော် နည်းနည်းတော့ စဉ်းစားနေတယ်ဗျာ။
    ကြည့်ပြီး လေ့လာနေရသလောက် ဘယ်သူမှန်းမသိရအောင် အနှီထို လူသည် အနီတွေပေးနေလေ၏။ခက်နေလေပြီဗျာ။

  • awra-cho

    January 16, 2012 at 12:31 pm

    ဓါတ်ပုံနဲ့ ဆိုသူ့အတွက်မ ကောင်းပါဘုူး၊ စောင့်ထိန်းရမယ်လေ၊

  • ဟုတ်ပါတယ်ဗျ။ကျနော်က စစ်အာဏာရှင်တွေရဲ ့ရက်စက်မှုတွေကို အားလုံးမျက်မြင်ကိုယ်တွေ ့
    ဖြစ်အောင်လို ့ပါ။သူ ့သားကိုယ်၌က လဲခွင့်ပြုထားပါတယ်။ဒါပေမယ့် ဆရာဦးမြင့်သန်းအတွက်
    ကြောင့် စဉ်းစားနေတာပါခင်များ။

  • Wow

    January 16, 2012 at 4:19 pm

    ဦးမြင့်သန်း ကောင်းရာသုဂတိလားပါစေ… ဘဝဆက်တိုင်း အချုပ်အနှောင်ခံရခြင်းမှ ကင်းဝေးပါစေ…

  • manawphyulay

    January 16, 2012 at 4:55 pm

    ယုံကြည်ချက်တစ်ခုနဲ့ တိုက်ပွဲဝင်ခဲ့တဲ့သူတွေ ဒုနဲ့ဒေး ကြွေလွှင့်သွားကြတဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ ယုံကြည်မှုပန်းတိုင်ကို သူတို့မသေခဲ့ရင်လည်း ဆက်လက်လျှောက်လှမ်းသွားကြမယ့်သူတွေပါပဲ။ တိုင်းပြည်အတွက်တော့ တအားပေါ့ရှင်။

    • ဟုတ်ပါတယ်ဗျ…..သူလိုလူမသိဘဲသေသွားခဲ့ကြသူတွေလဲရှိနေမှာပါ။ဒါပေမယ့် နောက်လာမယ့်
      မျိုးဆက်တွေမှာ ခုလိုလူမျိုးတွေအများကြီးပေါ်လာဖို ့မျှော်လင့် ဆုတောင်းနေမိပါတယ်။

  • tharbaw

    January 16, 2012 at 6:08 pm

    ကျွန်တော်သိတဲ့ နိုင်ငံရေးသမားအချို ့ကပြန်လွတ်လာသူတွေရှိသလို၊ထောင်ထဲကျန်နေသေးတာလဲ
    ရှိနေသေးတယ်။ထောင်ထဲမှာတော့ ကျန်းမာရေးကောင်းတယ်လို ့ဆိုရအောင် မတွေ ့မိဘူး။အားလုံး
    ကိုယ်စီ ဝေဒနာတစ်မျိုးတွေနဲ ့ချည်းပါဘဲ။တော်တော် စိတ်ဓာတ်ခိုင်မာသူတွေပါဗျာ။လေးစားဂုဏ်ယူ
    မိပါတယ်။ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ပြုပါရစေ။

  • ကိုရှမ်းပြည်သား(တောင်ပိုင်း)ခင်များ အကိုရှာမတွေ ့တဲ့ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ ့ရဲ ့ဦးမြင့်သန်းအတွက်
    ကဗျာတစ်ပုဒ်နဲ ့သူ ့ဘဝ တစေ့တစောင်းပေါ့ဗျာ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 20, 2012 at 7:56 pm

    ကျွန်တော့်အသက်က ဦးမြင့်သန်းတို့ကျောင်းသားအဖွဲ့တည်ထောင်တဲ့အချိန်မှာ မပါနိုင်ခဲ့ပေမယ့်
    ကျွန်တော်လေးစားရမယ့်လူတစ်ဦးပါ ။လူမျိုးမတူပေမယ့်လဲ ပြည်နယ်အရေးတွက် တိုင်းပြည်ရေးတွက်
    သက်စွန့်ကျိုးပန်းထောင်တန်းမကြောက် သွေးရဲရဲတောက်တဲ့သူလိုလူကိုအမြဲလေးစားလျက်ပါ။
    ကျွန်တော့်တို့ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့သူရဲကောင်းတစ်ယောက်ပေါ့ဗျာ။
    ဒါပေမယ့်ကျွန်တော်တို့လောကကြီးရဲ့ဓမ္မတာအတိုင်း ပန်းပျိုးသူသည်ပန်းအားမချိုး သီးပျိုးသူသည်သီးအား
    မစားနိုင်ရက် ဆိုတဲ့စကားလေးကိုပြောလိုက်ချင်ပါတယ်။ သူကြိုးပမ်းခဲ့တဲ့ ဒီမိုကရေစီရဲ့အသီးအပွင့်လေးတွေ
    မခံစားရတာပေါ့ဗျာ။ ဒါပေမယ့်အဲဒီလိုလူတွေက သူများအကျိုးရှိရှိခံစားတဲ့အခါဝမ်းသာအားရဖြစ်တတ်ကြတယ်ဗျ။
    တမလွန်ကနေ သာဓုခေါ်နိုင်မှာဖြစ်လို့ သူ့အတွက်အားရမိပါတယ်ဗျာ။ နှမြောမိတာ ဝေမျှမစားနိုင်လိုက်တာပဲ
    ဗျ။ ဒီလိုပုဂ္ဂိုလ်မျိုး ကောင်းရာမရောက်ဘယ်သူရောက်တော့ပါမလဲဗျာ။ အများအကျိုးအတွက်စွန့်စားဝံ့သူပဲဟာ။
    စကားမစပ် အစ်ကိုတော့မလုပ်ပါနဲ့ဗျာ ညီလေးလုပ်ပါ အစ်ကိုခေါ်တော့ သေမင်းကျွန်တော့်ခေါင်းအလံဖြူ
    နဲ့နင်လဲနီးပြီဆိုပြီးစိုက်သွားသလိုပဲ ကျွန်တော့်အသက်ကခုမှ နှစ်ဆယ်ရှိသေးတာရယ်။ ဝါသနာပါလို့သာ
    ရွာရိုးကိုးပေါက် လျှောက်ပျံသံပေးလုပ်နေတာရယ်။ ကျွန်တော့်မားမားကြီးသိသွားရင် နင်ကိုနိုင်ငံရေးနဲ့ကင်း
    ကင်းနေပါဆို နင်ကကွန်ပျူတာနဲ့မြင်းစီးထွက်တယ်လို့ပြောမှာသေချာသဗျာ။

  • ဟုတ်ပါပီဗျာ။ကျနော်က အသက်ကြီးလေတော့လဲ နားလည်မှုပြုခွင့်ပြုရမှာပေါ့အကို….အဲလေ…ညီလေးရေ..
    ခုလို အားပေးဖတ်ရှု ထိမိတဲ့ ကွန်မန် ့လေးအတွက်ကျေးဇူးပါ။သူ ့အကြောင်းတစေ့တစောင်းနဲ ့သူမသေခင်က
    ကြောင်းလေးတွေကို နောက်မှနည်းနည်းစီတင်ပေးသွားမယ်ဗျ။

Leave a Reply