“ကံကြီးထိုက်သူအကြောင်း”
ဒီကောင့်အကြောင်း ပါးစပ်ထဲထည့် မပြောချင်ပေမဲ့ နောက်လာနောက်သားတွေအတွက် ဆင်ခြင်နိုင်အောင်လို့ ကျွန်တော် ပြောရအုံးမယ်။ ဒီကောင်ဆိုတာက ကျွန်တော့ရဲ့ အိမ်နီးချင်း မောင်မောင်။ ကျွန်တော်တို့ ရွာလေးမှာ ငရဲအရှာဆုံးလူကို ပြောရရင် ဒီကောင်ဟာ ဂရင်းနစ်စံချိန်တောင် ချိုးမဲ့ကောင်။
မိုးလင်းတာနဲ့ မောင်မောင် ဘာလုပ်လဲ မမေးနဲ့။ အရင်ဆုံး အရက်နဲ့ မျက်နှာသစ်တော့တာပဲ။ သောက်လည်း သူ့ဘာသာသူ အေးဆေးနေမယ်မှတ်လို့လား။ ဝေးသေး..မအေကို အရင်ဆုံး ဆဲဆိုကြိမ်းမောင်း နေတော့တာပဲ။ ပြောပုံကိုလည်း ကြည့်ပါအုံး။
“ခင်ဗျားကြီးက မနက်စောစောစီးစီး ဘုရားရှိခိုးတာ ကျယ်ကျယ်မဆိုစမ်းပါနဲ့
ကျွန်တော် အိပ်ယာကနေ လန့်..လန့် နိုးတယ်ဗျ”
အမေက…
“သားရယ်.. မိုးလင်း နေပြီပဲဟာ
ထပါတော့လား”
“ဟာဗျာ…ဒီအဘွားကြီးကလည်း တော်တော် လျှာရှည်နေပါလား
မနေ့က အရက်ရှိန် အကင်းမသေသေးလို့
ခေါင်းကိုက်နေရတဲ့ကြားထဲ ပါးစပ်ပိတ်ထားစမ်းဗျာ”
နောက်ဆက်တွဲ မောင်မောင် အော်ငေါက်သံကြောင့် သူ့အမေလည်း ဘာမှ ပြန်မပြောတော့ဘူး။ ဘုရားကို စိတ်ထဲကပဲ ရှိခိုးပစ်လိုက်တယ်။ အဲ့ဒါသာကြည့်တော့ သူ့အမေကို ခင်ဗျားကြီး၊ အဘွားကြီးတွေနဲ့ ပြောတာ။ တစ်ခါတစ်ခါ ပါးစပ်နဲ့တောင် မဟုတ်ဘူး။ လက်တွေကပါ ရိုင်းချင်လာတာ။
သူ့အမေကလည်း သည်းခံရှာပါတယ်။ အမေတစ်ခု သားတစ်ခုပဲ မဟုတ်လား။ ဖတဆိုးသားလေးမို့ ငယ်တည်းက အလိုလိုက်ထားသမျှ အခုတော့ အမိုက်စော်ကားနေရှာပေါ့။ ဒီသားကို အိမ်ထောင်ချပေးတော့လည်း ရက်အနည်းငယ်တော့ ခြေငြိမ်ပါတယ်။ နောက်ဆုံးတော့ မူလဗီဇတွေပြတော့ မယားနဲ့ မတည့်။ မယားကလည်း အိမ်ပေါ်ကနေ ပြေးတော့တာပါပဲ။ ဒါကိုပဲ သူ့မယားအိမ်ပေါ်က ဆင်းတာ “ခင်ဗျားကြီးကြောင့်” ဆိုပြီး အမေကို မူးလာတိုင်း ပတ်ပတ်ရမ်းနေတော့တာပဲ။
သူ့အမေကတော့ အမြဲခွင်လွှတ်ပါတယ်။ ဒါပေမဲ့ လောကကြီးကတော့ အမှိုက်တွေကို ကြာကြာရှင်သန်ခွင့် ဘယ်ပေးနိုင်မှာလဲ။ အဲဒီနေ့ကတော့ မောင်မောင်အတွက် ကံကြမ္မာငင်တဲ့နေ့ပေါ့။ နွေခေါင်ခေါင်ကြီး ညနေခင်းအချိန်မှာ မိုးက သည်းထန်စွာ ရွာနေပါတယ်။အဲ့ဒီအချိန်မှာ မောင်မောင်ဟာ သူ့မိုက်ဖော် မိုက်ဘက်နှစ်ယောက်နဲ့ ယမကာဝိုင်း ကျင်းပနေတာပေါ့။ သူ့အမေကိုတော့ အမြည်းတွေ လုပ်ခိုင်ထားတယ်လေ။ သူ့အမေက တုန်တုန်ချိချိနဲ့ အိမ်မှာ ရှိတဲဟာလေးတွေတော့ ကြော်လှော်ပေးပါတယ်။
သူ့အမေက တုန်တုန်ချိချိနဲ့ ကန်စွန်းရွက်ကြော်လေးကို သူ့တို့ ဝိုင်းရှိရာသို့ လာချပေးတယ်။ အဲ့ဒီမှာပဲ ပြဿနာ စတော့တာပါပဲ။ သူ့ကို အမြည်းကောင်းကောင်း မချပေးရလားဆိုပြီး…
“ဒီအဘွားကြီးကတော့ အမြည်းတောင်
ကောင်းကောင်း မလုပ်တတ်ဘူးလား
ဒီကန်းစွန်းရွက်တွေက ဘာလုပ်လို့ရမှာလဲ” ဆိုပြီး ပြောပြောဆိုဆို မောင်မောင်က ကန်စွန်းရွက်ခွက်ကို ကန်ပစ်လိုက်တယ်။
သူ့အမေကတော့ လေသံအေးအေးနဲ့…
“ညနေပိုင်းမို့ သားရယ်
ဟင်းစား ရှာလို့ မရဘူးလေ” ဟု အကျိုးအကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါကိုပဲ သူက ပြန်အတွန့် တက်ရမလားဆိုပြီး သူ့အမေကို ရိုက်လားနှက်လား လုပ်တော့တာပဲ။ ဖုန်း..ဒိုင်း အသံတွေနဲ့ သူ့သူငယ်ချင်းတွေ တားမှ အမေ့ကို ရိုက်သံနှက်သံတွေ ရပ်သွားတော့တယ်။ ဒါလည်းပြီးရော သူငယ်ချင်းတို့ကို “မင်းတို့အတွက် ငါ အမြည်းသွားရှာမယ်” ဆိုပြီး အပြင်ကို ပြေးထွက်သွားတယ်။
သူ့သူငယ်ချင်းတွေလည်း သူ့နဲ့အတူ ပြေးလိုက်သွားကြတယ်။ သူငယ်ချင်းနှစ်ယောက်နဲ့ အိမ်ကလှေကို အတူထမ်းပြီး ပင်လယ်ထဲမှာ ငါးဖမ်းထွက်ဖို့ ကွန်တွေလည်း ယူသွားတာပေါ့။ သူ့အမေကတော့ အရိုက်အနှက်ခံရတာတောင် မငြူစူဘဲ သူ့သားကို အဝေးကနေ
“သားရယ်.. မိုးတွေ ကြီးနေတယ်
မသွားပါနဲ့ ” လှမ်းအော်ပြောသေးတယ်။
အဲ့အသံကြားတော့ မောင်မောင်က ဒီအဘွားကြီး ဒီလောက်လုပ်ထားတာတောင် မမှတ်သေးဘူးလို့ စိတ်ထဲက ရေရွတ်ရင်း သူငယ်ချင်းတွေနဲ့အတူ ငါးဖမ်းထွက်ခဲ့တာပေါ့။ အကုသိုလ်များ နောက်ဘဝမကူးပါဘူးဆိုတာကို မောင်မောင်နဲ့ တွေ့မှ ကျွန်တော် သင်ခန်းစာရလိုက်တော့တာပဲ။
သူတို့ မိုးတအုံးအုံးကြားမှာ ငါးဖမ်းထွက်နေတုန်း လျှပ်စီးတစ်ချက် အလက်မှာ “ဝုန်း…” အသံကြီး လှေပေါ်ကို ခုန်ဆင်းလာပါတယ်။ အဲ့ဒီအသံက ဗုံသံနီးနီးကျယ်ပြီး လှေပေါ်မှာရှိတဲ့ မောင်မောင် ခေါင်းပေါ် တည့်တည့်သို့ တိုက်ရိုက်ထိမှန်သွားတယ်။ မောင်မောင်လည်း ဘာဖြစ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ မိုးကြိုးအထိမှာ သူ့အကုသိုလ်နဲ့အတူ မိုက်ဇာတ်သိမ်းတော့တာပါပဲ။
သူနဲ့ လှေပေါ်မှာ ပါလာတဲ့ မိုက်ဖော်မိုက်ဘက် ညီနောင်နှစ်ယောက်ကလည်း တစ်ယောက်က နားပင်းပြီး တစ်ယောက်ကလည်း မောင်မောင်နောက် လိုက်သွားရှာတယ်။ ကျန်ခဲ့တဲ့တစ်ယောက်က ရွာကလူတွေတွေ့ပြီး ကယ်နိုင်လို့ ပင်လယ်ထဲမှာ ရေနစ်မသေတာပါ။ လှေတစ်ခုလုံးလည်း မီးစွဲလောင်လို့ ပင်လယ်ပြင်မှာ မီးလောင်ဂယက်တွေ ထသွားတော့တာပဲ။
မနက်မိုးလင်းတော့ မောင်မောင့် အလောင်းဟာ ကမ်းစပ်မှာ လာတင်နေတယ်လေ။ မီးသွေးတစ်တုံး ညှော်နံတသင်းသင်းနဲ့ လူသေအလောင်ကြီးကို အဲဒီ့ရွာကလူတွေ အထူးအဆန်းမို့ တအုံးအုံးနဲ့ လာကြည့်ကြတယ်။ သူ့အမေလည်း သူ့သားကို မြင်ရော “အမယ်လေး.. အမေ့သားမိုက်ကြီးရဲ့..” လို့ပြောပြီး သတိလစ်သွားတော့တာပဲ။ ရွာကလူတွေကတော့ အိမ်က သားသမီးတွေကို ခေါ်ပြီး “အမေစော်ကားရင် အဲ့လိုမျိုး ကံကြီးထိုက်တတ်တယ်” ဆိုတာကို ပြနေကြတယ်လေ။
ကျွန်တော်လည်း အဲ့ဒီအကြောင်းကို တွေ့တဲ့သူတိုင်း သင်ခန်းစာရအောင် လက်ဆင့်ကမ်းပြောနေတော့တာပဲ။ အခုတောင် သူငယ်ချင်းတွေကို သိစေချင်လို့ ဤဘလော့ဂ်မှာ တင်လိုက်ရပါတယ်။
***အမေဆိုတာ အနန္တော အန္တနငါးပါးထဲမှာပါပြီး မစော်ကားထိုက်ကြောင်းနှင့် စော်ကားပါက ကံကြီးထိုက်တတ်ကြောင့် ဤဇာတ်လမ်းကို ပမာပြု၍ သင်ခန်းစာယူနိုင်ကြပါစေ။***
စေတနာဖြင့်…
စေပိုင်ထွဋ်(ပုသိမ်)
13 comments
aungnng87
February 4, 2012 at 3:05 pm
ဒီလိုကောင်မျိုးဒီလိုသေသွားတာကောင်းတယ်။ ဒီလိုဆိုတာမိုးကြိုးပစ်ခံရပြီးသေတာကိုပြောတာ….ဖတ်ရင်းနဲ့တောင်ဒေါသထွက်တယ်။ ဆိုးတဲ့သူကတော့အသွေးထဲအသားထဲကနေကိုဆိုးတဲ့ဉာဉ် ပါလာတာဘဲ။ သင်လို့မရဘူး။
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 3:13 pm
ရသ တစ်ခုခု
သင်ခန်းစာ တစ်ခုခု ရသွားရင်ပဲ ရေးရကျိုးနပ်ပါတယ်
စိန်ပေါက်ပေါက်
February 4, 2012 at 3:21 pm
ခပ်ဆင်ဆင် ဗွီဒီယို တစ်ကားကြည့်ဖူးတယ်ဗျ
အဲအထဲမှာတော့ မြေမြိုသွားပါတယ်..
မိဘကိုစော်ကားလို ့ ဒုက္ခရောက်မရောက်တော့ မသိဘူး.
မိဘကိုလုပ်ကျွေးပြုစုတဲ့လူတွေတော့ ဒုက္ခမရောက်ကြဘူးဆိုတာ မြင်ဖူးပါကြောင်း.ခင်ဗျား
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 3:30 pm
ဟုတ်ပေါ့
ကိုစိန်ပေါက်ပေါက်ရေ…
မိဘကျေးဇူးသိတတ်သူတွေက အနည်းဆုံးတော့ ထမင်း မငတ်ဘူးဗျ
အမှန်အတိုင်း ပြောရရင်
ကိုစိန်ပေါက်ပေါက် ပြောတဲ့ ဗီဒီယိုကား ကျွန်တော် မကြည့်ဖူးတာ အမှန်ပဲ။
ကျွန်တော့် ဘေးပတ်ဝန်းကျင်မှာ မိုးကြိုးပစ်ခံရတာကို မြင်ရင်းနဲ့
မိဘစော်ကားလို့ မိုးကြိုးပစ်တဲ့ အကြောင်းမျိုး ဇာတ်လမ်းဆင်ပြီး ရေးကြည့်မိတာ။
အတုယူပြီး ရေးတာမဟုတ်ကြောင်းတော့ အာမခံပါသည်။
ခင်လျှက်
စေပိုင်ထွဋ်(ပုသိမ်)
Foreign Resident
February 5, 2012 at 5:13 am
” ဇာတ်လမ်းဆင်ပြီး ရေးကြည့်မိတာ “
kai
February 4, 2012 at 3:54 pm
တကယ်ကတော့… မိုးကြိုးပစ်တာဟာ.. ကောင်းကင်ကလေထုနဲ့.. မြေကြီးနဲ့.. ဒစ်စ်ချချ်လုပ်လိုက်လို့ ဖြစ်တာပါ..။
ဘာကြောင့်ဖြစ်သလည်း.. အသေးစိတ်လည်းလေ့လာပြီးလို့.. သိကြတဲ့သိပ္ပံခေတ်ရောက်နေပါပြီနော..။
ရှေးကတော့..လျှပ်စစ်ဆိုတာတောင်ဘာမှန်းမသိတာမို့.. သိကြားမင်း.နို့ဆီမင်းတို့ကပဲ..လုပ်သလိုလိုပေါ့…။ 🙄
ပြောရရင် မိုးကြိုးဖျက်အား..သတ်အားကမနည်းဘူး..။
ယူအက်စ်မှာတင်.. တနှစ်မှာ ..လူ၄၀ဝလောက် မိုးကြိုးဒဏ်ကြောင့်..သေကြေဒဏ်ရာရကြတယ် ဆိုပါတယ်..။
ငွေကြေးအားဖြင့် ဒေါ်လာဘီလီယန်ချီဆုံးရှုံးပါတယ်.။
မြန်မာပြည်မှာဆို.. အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပလပ်မှာ.. သေသေချာချာ ဂရောင်းမချထားလို့.. ပျက်တာမနည်းလောက်ပါဘူး..။
ဒေါ်လာသန်းချီလောက်မယ်ထင်ပါတယ်..။
အယူလွဲနေတာကနေ.. မစဉ်းစားနိုင်အောင်ဖြစ်ကြပြီး.. ပြင်ဆင်ပြုပြင်တာမလုပ်ကြတာမို့… တခြားနိုင်ငံတွေထက်.. အများကြီးပိုမှာသေချာပါတယ်..။
ကမ္ဘာမှာတော့.. တနှစ် လူ ၂သောင်း၄ထောင်သေသတဲ့..။
မိုးကြိုးပစ်တဲ့အခါ.. ကိုယ့်မထိအောင်.. ကိုယ့်ပစ္စည်းမဆုံးရှုံးအောင်.. ကာကွယ်နည်းလမ်းတွေလည်း.. အမြဲထုတ်ပြန်ပါတယ်..။
အောက်မှာတော့.. လူတွေမိုးကြိုးမပစ်ခံရအောင် ရှောင်နည်းလမ်းပါ.. 🙂
What does lightning do to people?
Cloud-to-ground lightning can kill and injure people by direct or indirect means. It is not known if all people are killed who are directly struck by the flash itself. The lightning current can branch off to a person from a tree, fence, pole, or other tall object. In addition, flashes may conduct their current through the ground to a person after the flash strikes a nearby tree, antenna, or other tall object. The current also may travel through power or telephone lines to a person who is in contact with electric appliances, tools, electronics, or a corded telephone. Lightning can also travel through plumbing pipes and water to a person in contact either with a plumbing fixture or a person in water, including bathtubs, pools, and the running water of a shower.
Damage to the human body:
Lightning affects the many electrochemical systems in the body. People struck by lightning can suffer from nerve damage, memory loss, personality change, and emotional problems. There is a national support group for lightning and electric shock survivors.
An example is some single nerve cells, such as those extending from the brain to the foot, can be as long as 6 feet or more. These types of cells are most prone to lightning damage due to the instantaneous potential difference across the length of the cell as lightning begins to enter the body.
The intense heat of the lightning stroke can turn sweat instantly to steam and the tremendous pressure of the steam has been known to blow people’s boots, shoes, and clothing off them. In places where metal is in contact with or close proximity to the body, such as jewelry or belt buckles, burn marks are found. Likewise, burn marks are found in places where the body had been sweaty, such as the feet, underarms, and chest.
How to stay safe when lightning is around – “If you can hear it, fear it!”
ချစ်ရင်ထူး
February 5, 2012 at 1:25 am
အဲဒါတော့ ဟုတ်ပါတယ် သူကြီး..
ကျွန်တော် တို့မြန်မာပြည်မှာ မီတာ တွေ စ ရခါစက ခလုတ်ကို နှိပ်တာနဲ့ မီးလင်းလာတာကြီးကိုု ကြောက်လို့ဆိုပြီးတော့ အလကား ပေးတာတောင် မယူကြတဲ့သူတွေရှိပါတယ်…
——————————————————————————————————
မိုးကြိုး ပစ်တယ်ဆိုတာ သူကြီး ပြောသလို ပါပဲ ၊ ဒါပေမယ့် လူတိုင်းကိုတော့မ မှန်နှိုင်ပါဘူး
အနီးအနားက ဥပမာ သစ်ပင် တစ်ပင် ပင် ကနေ Ground ကို ဆင်းသွားရင် မိုးကြိုး မပစ်တော့ပါဘူး၊ လယ်ကွင်းထဲမှာ တစ်ယောက်တည်း ဆိုရင်တော့ မှန်နိုင်ပါတယ်၊ Metal တွေ ဝတ်ဆင်ထားရင် ပိုပြီးတော့ ထိမှန်နိုင်ပါတယ်..
ဒါပေမယ့် ဗုဒ္ဓဘာသာတွေ အနေနဲ့ဆိုရင် ကံမကောင်းတဲ့သူမှ မှန်နိုင်တာပါ… ကံမကောင်းတဲ့သူ ဆိုတာ မကောင်းတာ လုပ်တဲ့သူပါ…
(အင်္ဂလိပ်-မြန်မာ အဘိဓါန် en2mm12@mmgeeks.org)G talk မှာ Add ပြီးတော့ မသိတာများ ဘာသာပြန်နိုင်ကြပါစေ)
MAUNG
February 4, 2012 at 6:52 pm
မိုးကြိုး ရှောင် နည်းလေး english လို အပြင်၊ မြန်မာစာလေးနဲ့ ဆို ပိုလို့တောင်ကောင်း ဦးမယ် ။
Ko Toe
February 4, 2012 at 8:52 pm
(ကု)ိkai က နိုင်ငံခြားမှာနေလို့ သိပ္ပံသမားလဲဖြစ်လို့ အခုတင်တဲ့ပို့ကို ” ဘာကြောင့်ဖြစ်သလည်း.. အသေးစိတ်လည်းလေ့လာပြီးလို့.. သိကြတဲ့သိပ္ပံခေတ်ရောက်နေပါပြီနော ” အခုလိုပြောတာလို့ထင်မိပါတယ်ဗျာ ။ ကျတော်ကတော့ သိပ္ပံနယ်လွန်ဖြစ်ရပ်တွေ တကယ်ရှိတယ် ဆိုတာကို အမှန်ယုံတယ်ဗျာ (ကို)စိန်ပေါက်ပေါက်ပြောပြတဲ့ ဗွီဒီယိုဇာတ်ကားလည်းကျတော်ကြည့်ဖူးပါတယ်ဗျာ
fatty
February 4, 2012 at 9:58 pm
အဲ ကျနော့ညီတယောက်လဲ အဖေအေမေကိုပြန်ပြန်ပြောတဲ့အထဲပါသဗျ
့အမေကဆရာမပေါ့ဗျာ သား၉တန်းဖြေဖို့မအောင်နိုင်မှန်းသိလို့ဆရာမအချင်းချင်းတောင်းပန်ပြီး
အောင်မှတ်လေးတော့ရအောင်ကူညီကြပါဆိုလို့ ဆရာမတွေက ကျောင်းစစ်ဘဲမမြင်ချင်ရောင်ဆောင်နေပါ့မယ် အောင်မှတ်လောက်တော့ကူးပါဆိုပြီးသနားလို့ခွင့်ပြုကြပါတယ် .. ။ မေးခွန်းပေးတာလဲမကျက်ဘူးလေ ။ စာမေးပွဲအခန်းထဲရောက်တော့ဆရာမတွေက
မမြင်ချင်ရောင်ဆောင်ပေးကြပါတယ်။ သူကလဲအိမ်ကနေပြင်ဆင်လာတာကိုကူးဘို့လုပ်တာပေါ့
အဲဒီမှာယူလာတဲ့စာရွက်က ကျပျောက်ပြီးမကူးလိုက်ရဘူးလေ။ အဲဒီနှစ်လဲကျပါရောလား။ နောက် ၉တန်းလဲမအောင်တော့ပါဘူး။ အကိုအကြီးဆုံးက ကနေဒါမှာ အကိုအလတ်က သဘောင်္ကပတိန်
သူကရွှေပြည်သာမှာ လူတောမတိုးရဲ့ဘူး … စဉ်းစားသာကြည့်ကြပါတော့ … ကံကြီးထိုက်တာပေါ့ ။
ချစ်ရင်ထူး
February 5, 2012 at 1:35 am
“ကျတော်ကတော့ သိပ္ပံနယ်လွန်ဖြစ်ရပ်တွေ တကယ်ရှိတယ် ဆိုတာကို အမှန်ယုံတယ်ဗျာ”ကိုတိုး ပြောတာကို ကျွန်တော်လဲ လက်ခံပါတယ်၊ တစ်ချို့သော ဖြစ်ရပ်တွေဟာ သိပ္ပံပညာမှာ မရှိတာတွေရှိပါတယ်၊ ဥပမာ စတုတ္ထဈာန် ဝင်စားနေတဲ့ သူ ဟာ အသက်မရှူပါဘူး၊ (အဲဒါကတော့ ကိုယ်တွေ့ မဟုတ်ပါဘူး) ဖားအောက် တောရကို သွားရောက် လေ့လာနိုင်ပါတယ်၊
chityimhtoo
February 5, 2012 at 10:17 am
တဂျီးသွားမပြောနဲ့ သူက ဘကြောင်ကြီးတို့ မိုက်ကယ်ဂျော်နီအောင်ပု တို့ပြောသလို အတ္တဝါဒီသမားရီး။
သူ့မှာ သီအိုရီဘဲရှိတယ် ခန္တာဉာဏ်မရှိဝူး…. 😛
စေပိုင်ထွဋ် (ပုသိမ်)
February 5, 2012 at 11:15 am
ခန္ဓာဉာဏ်ရောက်ရင်တော့ သူကြီးနဲ့ အပေါင်းအပါတွေ
မဂ်ဆိုက်
ဖိုလ်ဆိုက် နိုင်လောက်ပြီ
ပုထုဇာဉ်ဆိုတော့လည်း သိတော့သိတယ်
မကျင့်တာက အပြစ်မဟုတ်တာ ခွေးလွှတ်လိုက် အဲ ခွင့်လွှတ်လိုက် အဟိ