ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ […]


  (က)   “မင်းစဉ်းစားကြည့်ကွာ ငါတို့လူတွေ အဓိက ကိုးကွယ်တဲ့ ဘာသာတရား အမျိုးအစား ဘယ်နှစ်ခု ရှိသလဲ” “ဗျာ …. လေးခုလေ …” “အင်း … နာမည်အရတော့ လေးခုပေါ့ကွာ ဒါပေမယ့် ငါတို့က နာမည်မတပ်ဘဲ ပြောရအောင်” “ဟုတ်” ကျွန်တော်လည်း ပညာရှိကြီး ပြောမယ့် စကားကို နားစွင့်နေလိုက်ပါတယ်။ ပညာရှိကြီးက ချက်ချင်း ဆက်မပြောဘဲ သူတည်နေတဲ့ ရေနွေးအိုးအောက်က မီးကို ယပ်ခပ်နေပြန်တယ်။ “ပညာရှိကြီး ဆက်ပြောပါဦးဗျ .. နာမည် အရ လေးခု ပြီးတော့ ဘာလဲဗျ” “အေး…” “မင်းတို့ လူငယ်တွေ ခုခေတ်ပေါ်တဲ့ Play Station ဂိမ်းကို ဆော့ဖူးမှာပေါ့” အဲ။ ပညာရှိကြီးက အသက်သာ […]


  “တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ .. မိုးစက်တွေ .. လေဝေ့လို့ တရွေ့ရွေ့ယူသလေ တိမ်ဦးလေးရေ .. လွမ်းငွေ့ကို ဆင် .. ဖေါ်မစုံကြွမ်း လွမ်းစိတ်တွေပွေ …” စစ်မြေပြင်စခန်းတစ်နေရာက ချစ်သူဇနီးကို ပြန်လွမ်းရတဲ့ နတ်သျှင်နောင်ရဲ့ အလွမ်းကို သီကြူးထားတဲ့ သီချင်းတစ်ပုဒ်ပါ။   ————————————– “ဒီအခွင့်အရေးကို အဆုံးအရှုံးမခံနိုင်ပါဘူး” သူ့စကားဆုံးတော့ ကျွန်တော်ဆက်မပြောချင်တော့ ဖုန်းကိုသာ ချလိုက်ရပါတယ်။ ပီစီအိုဆိုတဲ့ တယ်လီဖုန်းတဲလေးက ထွက်ပြီး ဆူးလေးဘုရားလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်ပြန်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်တော့ မန္တလေးသားပါ။ ရန်ကုန်မှာ အလုပ်လုပ်နေတာမို့ အမျိုးသမီးနဲ့ သမီးဖြစ်သူကို ခွဲပြီး နေရပါတယ်။ အခုတော့ သင်္ကြန်ပိတ်ရက်ကလည်း နီးပြီမို့ ကျွန်တော် ပျော်ရပါတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မိသားစုအတူတကွ နေနိုင်တဲ့ […]


    “ရှင်ရယ်နေရင် ကလေးတစ်ယောက်လိုပဲ … သိပ်ချစ်ဖို့ကောင်းတယ်သိလား” “ဟုတ်လား…” “အင်း… မိုးကို အဲဒီ ရယ်နည်း သင်ပေး” “အဲ…  ဘယ်လို သင်ပေးရမှာလဲ” “မသိဘူးလေ … ဒါနဲ့ ရှင် ဒီနေ့ ဘာလို့ အလုပ်မသွားတာလဲ” “မိုးနဲ့ တွေ့ချင်လို့ပေါ့” “အို.. မိုးနဲ့ တွေ့ချင်တာနဲ့ အလုပ်မသွားဘူးပေါ့ ဟုတ်လား ရှင်ဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး အလုပ်ကို ပေါ့လျော့လွန်းတယ် မထင်ဘူးလား” ကျွန်တော် ဘာဆက်ပြောရမှန်း မသိခဲ့ပါဘူး။ ဟုတ်ပါတယ်။ မမိုးစွေရယ်။ ကျွန်တော်ဟာ ပင်လယ် အနက်ထဲကသူ။ ခင်ဗျားဟာ မှော်တွေ ဝေနေတဲ့ စိမ်းညှို့ညှို့ တောအုပ်တစ်ခုပေါ့။ အဲဒီတောအုပ်ထဲက လူသူမသိသေးတဲ့ မှော်ပညာတွေနဲ့ ကျွန်တော့်ကို ပြုစားပါ။ မမိုးစွေကို ချစ်မိခဲ့တဲ့ နေ့က […]


  “အေးကွာ … မင်းရေးထားတာကတော့ မဆိုးပါဘူး” “ဟုတ်” “ဒါပေမယ့် .. တစ်ခု .. မင်း ကလောင်နာမည်ကြီးက ……………….” ဆိုပြီး အယ်ဒီတာချုပ်ကြီးက သူ့စကားကို ရပ်လိုက်တယ်။ ပြီးတော့ သူက ကျွန်တော့် စာမူကို နောက်တစ်ခါ အစကဖတ်ပြန်တယ်။ ဖတ်ပြီးသွားတဲ့အခါ သူက စကားဆက်ပြန်တယ်။ “အေး .. အက်ဆေးလေးက တော်တော်လေးကောင်းတယ်ဟေး” “ဟုတ် …” “ဒါပေမယ့် … ခက်နေတာက ….. ကလောင် ………… ကလောင်နာမည်ကြီး …… အဲဒီ ရင်နင့်အောင်ဆိုတဲ့ နာမည်ကြီး …” “ဗျာ … ဟုတ် … ဘာဖြစ်လို့လဲဟင်” “အေးကွာ …. နာမည်ကြီးက ရင်နင့်အောင်ပဲ လုပ်တော့မှာလိုလို …. […]


ဗုံဗုံFebruary 10, 20131min50728
“မိဗုံ နင်အချစ်ဆိုတာကို ဘယ်လိုနားလည်သလဲဟင် “  ထိုမေးခွန်းကို မေးအပြီး သူ့မျက်နှာကို အောက်ငုံ့ထားလိုက်သည်။ မိဗုံကတော့ အချဉ်ပေါင်းထုပ်ကို သဲကြီးမဲကြီး ပါးစပ်ဖြင့်ကိုက်ဖောက်နေရင်းမှ “ဘာ “ ဟု ပြန်ထူးသည်။ သူနည်းနည်းတော့ စိတ်ညစ်သွားသည်။ အချဉ်ပေါင်းလောက် သူ့စကားကို အာရုံစိုက်ပုံမပေါ်။ ဒီအချဉ်ပေါင်းထုပ်တွေက ညကမိဗုံ  ပွဲကြည့်ရင်း စားဖို့ဆိုပြီး သူဝယ်ထားသော အချဉ်ပေါင်းထုပ်။ မယ်မင်းကြီးမက ပွဲကြည့်တာ ဝါသနာမပါ ။ ပွဲဈေးတန်း၌ရှိသော မုန့်မှန်သမျှ စားဖို့တော့ ဝါသနာပါရှာလေသည်။ ပွဲကလည်း အရပ်ပြဇတ် ဝေးဝေးသွားစရာမလို ရွာထိပ်တွင်သာ။ တန်ဆောင်မုန်းလတွင် ရွာက အပျိုတွေ လူပျိုတွေ စုပေါင်းပြီး ကထိန်ခင်းသည်။ ပြီးလျှင် ကိုယ်တိုင်မင်းသမီး မင်းသားလုပ်ပြီး ပွဲကကြသည်။ သူကတော့ အလှုူ ငွေထည့်ဝင်ဖို့ရာကလွဲ ၍ ကျန်တာမတတ်နိုင်ပါ။ တစ်ကယ့် […]


:gee: သူ့နေရာနဲ့သူ :gee: ဒီကောင်မလေးက သူ့မေဂျာမှာကွင်းတဲ့။ ချစ်စရာလေးပါ အသားဖြူဖြူ မျက်နှာဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လုံးလုံးလေး။ ဝတ်တာစားတာလေးကလည်းလန်းရှာတယ်။နေရာကိုလိုက်ပြီးတော့လည်းဝတ်တတ်တယ်။ ကောင်မလေးက ရှမ်းမလေးပါ။တောင်ငူမြို့မဝင်ခင် ခပေါင်းတံတားအတက်နားက ထန်းတပင် မြို့နယ်ဘက်ခွဲထွက်သွားတဲ့လမ်းအနီးတဝိုက်မှာရှိတဲ့ ရှမ်း၊ပအို့ဝ်တွေနေတဲ့ရွာလေးတစ်ရွာကဆိုပဲ။ တောင်ငူမြို့ကအမျိုးသမီးအဆောင်တစ်ခုမှာနေပြီး တောင်ငူတက္ကသိုလ်မှာနေ့ကျောင်းတက်နေတာ။ ရှမ်းမလေးမို့ မျက်နှာလေးမှာတိုင်းရင်းသူတစ်ယောက်ရဲ့အရောင်ဖုံးလွှမ်းနေပြီးသား။ ပွင့်လင်းရိုးစင်းစွာနဲ့ပြောတတ်ဆိုတတ်ပုံလေးတွေကလည်းချစ်စရာ၊ခင်စရာလေးရယ်။ ကောင်မလေးနာမည်က နန်းမို့မို့တဲ့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ခင်ပွင့်တို့အဆောင်မှာ နန်းမို့မို့အကြောင်းအတော်လေးကိုပြောနေကြသည်။ ပြောကြတာတွေက- ဒီနေ့နန်းမို့မို့ဝတ်လာတဲ့ အကျီ င်္ပုံလေးလှလိုက်တာ။ ဟိုကောင်ကတော့နန်းမိုမို့ကိုလိုက်နေတာ ..စတာတွေရယ်ပါ။ မိန်းကလေးအချင်းချင်းတွတ်ထိုးနေတိုင်း နန်းမို့မို့အကြောင်းကနေ့စဉ်နီးပါးပါစမြဲ။ “အဲဒီနန်းမို့မို့က ငါတို့ရွာကပါဟယ် ရွာမှာတော့လုံးလုံးလို့ပဲခေါ်ကြတယ်။အမလေးကျောင်းမှာသာ ကျော့မော့နေတာ ရွာမှာဆိုသူ့ကိုလာကြည့်လိုက်ဦး အမြဲတမ်းပေတူးညစ်ပတ်နေတာ။သူ့အမေမုဆိုးမ ကဝက်တွေမွေးသလို အရက်လည်းချက်ရောင်းတယ်လေ။လုံးလုံးက ဝက်စာတွေလိုက်သယ်ရသလို အရက်လည်းချက်ရတယ်။ဒီကိုရောက်ပြီဆိုရင် လှပကျော့မော့နေတာ ရွာကလူတွေမြင်ရင်တောင် မမှတ်မိဘူး ဟိဟိ ရှောက်သီးကို သကြားရည်ဆမ်းထားတာပါ” ခင်ပွင့်ကအဆောင်သူတွေကို အမြဲထိုသို့ပြောတတ်သည်။တကယ်လည်း နန်းမို့မို့အကြောင်းတွေက ခင်ပွင့်ပြောသလိုအမှန်တွေချည်း။ နန်းမို့မို့နှင့်ခင်ပွင့်က […]


  (က) ကျွန်တော် ရေဆာနေပြီ။ ရေမသောက်ရသေးလို့တော့ မဟုတ်။ ရေသောက်ပြီးသား ထပ်ဆာနေတာမျိုးလည်း မဟုတ်ပြန်။ ကျွန်တော်ကတော့ တကယ့်အစစ်အမှန်ပုံစံမျိုးနဲ့ ရေဆာလို့ နေခဲ့ပြီ။ အဲဒီအချိန်မှာ ကျွန်တော့်ကို ရေတိုက်မယ့် လူတစ်ဦးရောက်လာတယ်။ “မင်းရေဆာနေတယ်ဆို” “ဟုတ်ပါ့ .. အစစ်ပဲ” “ရေဆာမှာပေါ့ .. မင်းရေမသောက်တာ နှစ်ပေါင်းများစွာ ကြာပြီ” “ဟုတ်ပါဘူး.. ကျွန်တော် ခုနလေးကမှ သောက်ထားတယ်” ထိုလူ တွေဝေသွားတယ်။ “မဖြစ်နိုင်ဘူး .. မင်းပုံစံက နှစ်ပေါင်းများစွာ ရေမသောက်လာတဲ့ လူနဲ့ တူနေတယ်” နောက်တော့လည်း ဘာဆက်ဖြစ်တယ် မသိဘူး။ တောင်တန်းတွေဘက်ကို သူထွက်သွားလိုက်တာ ပြန်မပေါ်လာတော့ဘူး။ အဲဒီတောင်တန်းတွေဘက်က တောင်ကျချောင်းရေများ ခပ်လာမလားလို့ သူ့ကို မျှော်ကြည့်ဖြစ်သေးတယ်။ မဖြစ်နိုင်ဘူး။ တကယ်က သူရောက်လာကတည်းက ကျွန်တော့်ကို တကယ် […]


၁။ တစ်နေ့ကပဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျုပ်တို့အဖွဲ့ ဆုံဖြစ်ကြတယ်ဗျ။ ပန်းချီဆရာ ကိုဘသက်။ တေးရေးဆရာ အေတီမိုး။ ဗိသုကာဆရာ ကျော်ထွန်း။ တည်းဖြတ်ဆရာ ကိုကိုငြိမ်း ရော။ နောက် စာရေးဆရာလူငယ်အချို့နဲ့။ မိုဘာက အဖြူလေးတောင်ပါသပေါ့။ အဲဒီမှာ ကိုဘသက်က စလိုက်တဲ့ စကားပေါ့။   “ကိုရင်နင့်အောင် …. ခင်ဗျား မှန်ကော ကြည့်ဖြစ်ရဲ့လား” “ဘာလို့လဲဗျ… အစမရှိ အဆုံးမရှိနဲ့ ခင်ဗျားစကားက” “ဘာဖြစ်ရမလဲဗျ … ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ဦး .. ဆံပင်က ဗုတ်သိုက် … နှုတ်ခမ်းမွှေး.. မုတ်ဆိတ်မွှေးတွေက ကြည့်လို့ကို မဟန်တော့ဘူးဗျ….” “အော် .. အဲဒါလား …. မအားဘူးဗျာ… မုတ်ဆိတ်ရိ်တ်ဖို့ကို မအားဘူး …..” “အန် … […]


(က) တစ် နဲ့ နှစ် ရန်ဖြစ်ကြတယ်။ တစ်ကအာကျယ်ကျယ်နဲ့ ပြောတယ်။ “ငါကအဆင့် တစ်ကွ မင်းထက်သာတယ်၊ ဘာမှတ်လဲ …” နှစ်ကဘာမှ ပြန်မပြောဘူး။ စာရွက်ပေါ်မှာတစ်ခုချရေးပြတယ်။ “၂ > ၁” တဲ့။ နောက်တော့ ဘာတွေဆက်ဖြစ်ကြလဲမသိပါဘူး။ ကျွန်တော်လှည့်ထွက်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် သုညဖြစ်သွားတယ်။ (ခ) အဘိုးအိုကထရီဇာကိုတစ်ချက်ကြည့်ပြီခေါင်းကိုခါရမ်းလိုက်တယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့လည်းသူကဘာမှ ပြန်မပြောဘူး။ ဒီလူဘယ်လိုလူလဲလို့ တွေးပြီး ကျွန်တော်လည်းခေါင်းကိုခါရမ်းလိုက်တယ်။   (ဂ) “မင်းကရင်နင့်အောင်လား” “အင်းလေ” “ငါ့နာမည်လဲရင်နင့်အောင်ဆိုရင် ရင်နင့်အောင် ဘယ်နှစ်ယောက်ဖြစ်သွားမလဲ” “နှစ်ယောက်ပေါ့ဗျာ” “ဒါဆိုဘယ်သူကရင်နင့်အောင် အစစ်လဲ” “ဟ .. ကျွန်တော်ကအစစ်ပေါ့ဗျ” “ဘာလို့လဲ … ငါနာမည်လဲရင်နင့်အောင် ပဲလေ” “ဟာ .. နာမည်နဲ့တော့ အစစ်အတုခွဲလို့ ရမလား” […]


  “ထီပေါက်ဖို့ဘာလုပ်ရမလဲ” “ထီပေါက်ဖို့ ထီအရင်ထိုးပါ” ရှင်းလိုက်တာဗျာ။ ထီပေါက်ဖို့ ထီအရင်ထိုးတဲ့။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ အဲလိုပါပဲ။ လောကကြီးက ဟုတ်တော့လည်း ဟုတ်နေတာများနဲ့ သဘာဝကျကျ ဖြစ်တည်ပျက်ဆီးနေလေရဲ့။ တစ်နေ့မှာပေါ့။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ကို သဘာဝကျကျ နမ်းပြီး ချစ်ခဲ့ဖူးပါရဲ့။ ကျွန်တော်ကလည်း သဘာဝကျကျကြီး ဘဝင်မြင့်သွားတယ်။ ပြီးတော့ သဘာဝကျကျပဲ သူ့ကို ကျွန်တော် ပြန်နမ်းပစ်လိုက်တယ်။ သူ့ဘာသာနေတဲ့ ပါးကို သူ့ဘာသာနေတဲ့ နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ရာ အားစိုက်ထုတ်မှုတစ်ခုနဲ့ ထိတွေ့တာကို အနမ်းလို့ ဘယ်သူက သဘာဝကျစေခဲ့ပါသလဲ…။ ကျွန်တော် မသိပါ။ နောက်တော့လည်း ကျွန်တော်တို့ရဲ့ အနမ်းတွေက သဘာဝမကျတော့ဘူး။ နမ်းတဲ့ အရာဝတ္ထုတွေနဲ့ အနမ်းခံအရာဝတ္ထုတွေက ပြောင်းလာတော့ သဘာဝမကျတဲ့ အနမ်းတွေ ဖြစ်လာတယ်။ တိမ်မတောက်တဲ့ ညနေခင်းတစ်ခုမှာ […]


  အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် သက်တန့်တစ်ခုက အလွမ်းဟု ကြေငြာစာတမ်းထိုးလိုက်ပါပြီ။ ဟုတ်ပါသည်။ ကျွန်တော် သူ့ကို လွမ်းပါသည်။ ထိုအလွမ်းကို နေဝင်ချိန်များက အသိအမှတ်ပြုကြသည်။ အိပ်တန်းတက်ငှက်တို့က အသိအမှတ်ပြုကြသည်။ လေတိုက်ရာ ယိမ်းထိုးနေသော သစ်အိုပင်ကြီးများက အသိအမှတ်ပြုကြသည်။ ကုန်ကုန်ပြောရပါလျှင် ရေကန်များ၊ အင်းအိုင်များ၊ တောင်တန်းများ အားလုံးက အသိအမှတ်ပြုလိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို လွမ်းပါသည်။ ကောင်းကင်နှင့် မလွတ်သော ကြယ်များက ခေါင်းငြိမ့်ထောက်ခံကြသည်။ နာရီလက်တံများက နောက်ပြန်ဆုတ်ရင်း အရည်ပျော်ကျသွားကြသည်။ သို့သော် သူကတော့ ကျွန်တော်ဆီ ရောက်မလာ။ ကျွန်တော် ထပ်ဆင့် လွမ်းရပြန်သည်။ ကျွန်တော်က အလွမ်းတွင် အက္ခရာမပါဘဲဖြင့် ဘဝဟူသော ဝါကျကို တည်ဆောက်ခဲ့သည်။ ပင်လယ်များက ကျွန်တော့်အတွက် ငိုကြသည်။ ကမာ္ဘက ကျွန်တော့်အတွက် မိုးချုပ်ပေးသည်။ […]


“လူတွေကကွာ… အေးအေးကို မနေနိုင်ကြဘူး ငါတို့ အလုပ်မလုပ်တာဘဲ အပြစ်တင်နေကြတယ်” ညမီးရောင်အောက်မှာ အသက်ဝင်နေတဲ့ လက်ဘက်ရည်ဆိုင်ရှိ စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာတာပါ။ ထိုစကားကို စတင်ပြောသူကတော့ မောင်မျိုး။ သူ့စကားကို ဘေးမှာ ထိုင်နေတဲ့ လေးယောက်အနက် သုံးယောက်ကတော့ အသီးသီး ခေါင်းညိတ်ထောက်ခံကြတယ်။ မညိတ်ခံနိုင်ရိုးလား။ အဲ့ဒီ ခေါင်းညိတ်နေတဲ့ သုံးယောက်က ပုလင်းတူဘူးဆို့ ဘဝတူ ၁၀၉\၁၁ဝ တွေပဲဟာ။ ဒီတော့ ခေါင်းညိတ်ထောက်ခံကြတာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့ အုပ်စုထဲမှာ ခေါင်းမညိတ်ဘဲ ကျန်တာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ နေမင်း ခေါင်းမညိတ်တာကို ကျန်တဲ့လေးယောက်စလုံးက သိပ်မကြည်ကြဘူး။ အာလုံးရဲ့စိတ်ထဲမှာတော့ နေမင်းကို သစ္စာဖောက်လို့ ဝိုင်းပြောနေမလားပဲ။ အဲ့ဒါကို နေမင်းက မသိတာမဟုတ် သိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို […]