kaiAugust 25, 20243min3830
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့(၈) ယခုလမှာ Activism လုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်လိုကြတဲ့ activist တိုင်း သိနားလည်သင့်တဲ့ ဝေါဟာရလေးတွေကို အရင်ဆုံး လေ့လာကြပါစို့။Justice , injustice , ethics , ethical , Self – reflection , self – appraisalJustice ဆိုတဲ့ စကားလေးနဲ့ စကြရအောင်။ Justice ဆိုတော့ တရားမျှတမှုပေါ့နော်။ ပညာရှင်တယောက်က Activism is working to turn injustice into justice လို့ ဆိုထားပါတယ်။ injustice ဆိုတာက မတရားမှုများလို့ ဘာသာပြန်နိုင်ပါတယ်။ မြန်မာတွေ အားလုံးလိုလိုကောင်းကောင်းနားလည်ကြပါတယ်။ စစ်အစိုးရ ဖန်တီးထားတဲ့ injustice […]


kaiAugust 13, 20244min11090
Los Angeles – ၂၀၂၄ခုနှစ်၊ သြဂုတ်၁၃တွင် Casa Milagrosa ၏ စားသောက်ခန်းတွက် သည် အိမ်ခြေယာမဲ့၁၀၀ ကျော်သည် စားသောက်ဆိုင်တွင်စားသကဲ့သို့ နံနက်စာစားပြီး စကားပြောနေကြသည်။ Casa Milagrosa အဆောက်အဦး၏ရှေ့တွင် ” UCLA Health Bringing Care To You” ဟု‌ရေးထားသော Van ကားရပ်ထားသည်။ အိမ်ခြေယာမဲ့အချို့သည် social workers များနှင့် ကားဘေးက စားပွဲခုံများမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြောဆိုနေကြသည်။ Ethnic Media Services (EMS) နှင့် Department of Health Care Services (DHCS) က အိမ်ခြေယာမဲ့များနှင့် Medi-Cal expansion အစီအစဉ်ကို လေ့လာခွင့်ရရန် စီစဉ်ပေးခဲ့သည်။ Casa […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ July 25 ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် -ကိုးကန့်တပ်(MNDAA)က ဒီနေ့မနက် သိမ်းပိုက်နိုင်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီသတင်းဟာ မှန်ကန်မှုမရှိဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တုန့်ပြန်ပါတယ်။ ပညာရည်မြှင့်တင်တဲ့အနေနဲ့ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြား နိုင်ဖို့နဲ့ KG +9 အထိ မဖြစ်မနေ သင်ကြားရေးကို ၂၀၂၁ ကတည်းက မူဝါဒ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ပုဂ္ဂလိကကျောင်းတွေဖွင့်ခဲ့ပေမဲ့ စစ်တပ်ဝန်ထမ်း သားသမီးတွေဟာ အစိုးရအခြေခံပညာကျောင်းတွေမှာသာ အလေးထားတက်ရောက်ကြတာကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကိုကြည့်ရင် စစ်တပ်ကျောင်းနဲ့ အစိုးရကျောင်းတွေကသာ ထိပ်တန်းက ရပ်တည်နေကြောင်းလည်း ပြောပါတယ်။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စု များစွာမှာ တပတ်ကျော်ကြာ ရေကြီးရေလျှံနေပြီး […]


kaiJuly 30, 20244min4180
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းကိုကာကွယ်သည့်အထိမ်းအမှတ် Ripple Effect လမ်းလျှောက်ပွဲ။by SweSwe Aye ဇွန်၂၂၊ ၂၀၂၄ခုနှစ်၊ မနက်၉နာရီခွဲတွင် Torrance High School Zamperini Stadium ဝန်းထဲတွင် အထက်တန်းကျောင်းကျောင်းဝန်းထဲမှာ လူ၄၀၀ခန့်သည် စုဝေးနေကြသည်။ Little Tokyo Service Center က ကျင်းပသော တတိယအကြိမ်မြောက် သေကြောင်းကြံစည်ရေးကာကွယ်ခြင်း (Ripple Effect) အထိမ်းအမှတ်လမ်းလျှောက်ပွဲအတွက် လမ်းလျှောက်မည့်သူများစုဝေးနေကြခြင်းဖြစ်ပြီး Mental health organizations အသီးသီးမှ သတင်းအရင်းအမြစ်များမျှဝေမည့် စားပွဲများလည်းရှိသည်။ Ripple Effect လမ်းလျှောက်ပွဲများသည် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ကာသေဆုံးသွားသူများအတွက် သတိရအောက်မေ့ဖွယ်အတူတကွလမ်းလျှောက်ကြခြင်းဖြစ်ပြီး Little Tokyo Service Center ကဆောင်ရွက်နေသော Changing Tides (CT) program ၏ AAPI ကွန်မြူနတီအတွင်းဆောင်ရွက်နေသော စိတ်ကျန်းမာရေးကုထုံးပရိုဂရမ်များအပါအဝင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းကိုကာကွယ်ရေး […]


kaiJuly 30, 20244min3820
အမေရိကားတွင် ပုံနှိပ်သတင်းစာစတင်ထုတ်ဝေခဲ့ရာတွင် ယခုဇူလိုင်လ၌ ၁၈နှစ်တင်းတင်းပြည့်ပါသည်။ အယ်ဒီတာ့သင်ပုန်းပေါင်း ၁၈၇ပုဒ်ရေးခဲ့၏။ဖြတ်သန်းခဲ့သော ဤခရီးမနီးပါ။ မြန်မာစာပေသမိုင်း /ဇာနယ်ဇင်းလောကတွင် ဤသို့လည်းမရှိစဖူးပါ။ပုံနှိပ်သက်တမ်းကြာလာသည်နှင့်အမျှ ဖက်ဒရယ်နှင့်ပြည်နယ်အစိုးရတို့မှ အသိအမှတ်ပြုလာသလို အဆက်အသွယ်များလည်း ရလာပါသည်။သတင်းစာမှဦးစီး၍ မြန်မာ-အမေရိကန်လူထုနှင့်ပွဲတချို့လုပ်လာ နိုင်သလို တခြားလူမျိုးခြားအမေရိကန်များနှင့်လည်း ပိုမိုဆက်သွယ်မှုထူထောင်လာနိုင်သည်။မြန်မာ့ဂဇက်သည် အမေရိကားတွင်စတင်တည်ထောင်ခဲ့၍ မြန်မာ-အမေရိကန်တို့သတင်းနှင့် အကျိုးစီးပွားကိုသာ ရည်ရွယ်သဖြင့် ဤအမိမြေနှင့်နိုင်ငံတော်အတွက်သာ အဓိကဖြစ်ပါသည်။ အဖမြေမြန်မာပြည်ကိုလည်း ပစ်ပယ်ထားသည်မဟုတ်ပါ။ သင်ပုန်းတိုင်း၌ အမိမြေ/အဖပြည်ဆက်စပ်ရေးသား၍ အားထည့်လျှက်ရှိပါ၏။ လွန်ခဲ့သော ( ၂၄၈)နှစ် ဇူလိုင် ၄ရက်နေ့တွင် အမေရိက လွတ်လပ်ရေးရခဲ့သည်။ ဤသင်ပုန်းရေးချိန်သည် အမေရိက၏ရွေးကောက်ပွဲ နိုဝင်ဘာ ( ၅) သို့ ရက်၁၀၀ တိတိလိုရက် ဖြစ်သည်။အမေရိကန် ၂၄၄သန်းမဲပေးခွင့်ရှိနေသည့် လာမည့်ရွေးကောက်ပွဲသည် အမေရိကပြည်ထောင်စုသာမက ကမ္ဘာကိုပါ ပြောင်းလဲသွားနိုင်သည်ဟု နိုင်ငံရေးတတ်သိပညာရှင်များက ဆိုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ကြီးစွာပြောင်းလဲမှုဂယက်ရိုက်ပါလိမ့်။အမေရိကား၏ […]


kaiJuly 28, 20242min3410
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့(၇) A plea for A Return to the Barracksဗိုလ်နေမြဲ ကျားနေမြဲ Is the expression often usedEach to returnWhere each belongsSu Kyi to the political arenaWhere she excelsThe military to the frontlinesWhere they can protect and serveThe military knows not how to ruleUniforms don’t belong in the halls of parllamentSu Kyi cannot be the […]


kaiJuly 26, 20246min14030
Empowering the Burmese Community- Civil Rights 101 for the Burman- American Myanmar Gazette ၏ Empowering the Burmese Community ဒုတိယအစီအစဉ်ဖြစ်သော Civil Rights 101 for the Burman- American အစီအစဉ်ကို ၂၀၂၄၊ ဇူလိုင်၂၁ က Monetery Park ရှိ Garvey Ranch Park ၏ community room တွင် ကျင်းပခဲ့သည်။ Session 1 -Together We Stand: A Community Discussion on LGBTQ Rights အစီအစဉ်ပထမပိုင်းတွင် Together We […]


kaiJuly 26, 20241min3170
ပြင်သစ်ပြည်ပါရီမြို့မှာ… ကမ္ဘာ့အိုလံပစ်ပွဲကျင်းပနေပါတယ်..။ အဲဒီမှာ.. ‌ရွှေပွဲလာပရိတ်သတ် ၁၅သန်းလာဖို့ရှိတာမှာ.. ၂သန်းက… နိုင်ငံရပ်ခြားကလာကြတာ.. တဲ့..။ အခု.. အားကစား‌သမားတွေဆီမှာ.. ကိုဗစ်ပေါ့စတစ်တွေ.. တန်းစီနေတယ်ဆိုပါတယ်..။ ပါရီက.. အိုလံပစ်ရွာမှာ.. အားကစားသမားနဲ့…အဖွဲ့ဝင်.. အကူဝန်ထမ်း၁၄၀၀၀ ရှိတာဖြစ်ပြီး..ကိုဗစ်.. ပြန့်ထွက်သွားလို့ကတော့.. ပွဲပျက်ကိန်းပါ..။ ဟိုး.. ၄နှစ်ကကျင်းပတဲ့.. ၂၀၂၀ တိုကျိုအိုလံပစ်လည်း.. ကိုဗစ်ကြောင့်.. တနှစ် ၂၀၂၁ ဆီရွှေ့ဆိုင်း..ရွေ့ဆိုင်းရင်း.. အတင်းလုပ်တော့..လူမရှိသူမရှိ.. ခြောက်ကပ်ကပ်နဲ့ပြီးသွားခဲ့..။ အိုလံပစ်ဆိုတာမျိုးက… ဆိုင်ရာလက်ခံကျင်းပတဲ့.. တိုင်းပြည်ရဲ့.. စီးပွားရေးကို..ဆွဲတင်မောင်းနှင်နိုင်တာမို့… ဂျပန်တွေ.. ကိုဗစ်နဲ့… အိုလံပစ်စီးပွားမဖြစ်ခဲ့..။ ဟော.. အခု.. ပြင်သစ်အလှည့်..။ အမေရိကားပြည်တွင်းမှာလည်း.. ကိုဗစ်.. မျိုးသစ်တွေနဲ့.. ဖြစ်နှုန်းတရိပ်ရိပ်တက်လာနေပါတယ်..။ ခရီးသွားသူ.. လူစုလူဝေး.. အအေးခန်းထဲစုသူများ.. သက်ရှူစည်းကာ Mask တပ်…၊ ကာကွယ်ဆေး.. ထိုးနိုင်သလောက်ထိုးထားကြစေလို..။ သက်ကြီးများက.. အဓိကသတိထားကြပါ..။ အမေရိက… သမ္မတရွေးပွဲလည်း.. […]


kaiJuly 23, 20248min16110
“Utica, New York က အလယ်တန်းကျောင်းသား Nyah Mway သေဆုံးမှုနဲ့ ကွန်မြူနတီရဲ့ တရားမျှတမှုအတွက် တိုက်ပွဲ” – By SweSwe Aye Nyah Mway ဆုံးပြီး နောက်နှစ်ပတ် ဇူလိုင်၁၃၊ ၂၀၂၄ခုနှစ်၊ မနက်၁၁နာရီ – Utica မြို့၊ New York ပြည်နယ်ရှိ  220 Memorial Parkway မြက်ခင်းပြင်ပေါ်တွင် လူရာပေါင်းချီပြီး စုဝေးနေကြသည်။ ကရင်ဝတ်စုံဝတ်ထားသူများထဲတွင် ကလေးငယ်များလည်းပါဝင်သည်။ Utica community မှ လူဖြူ၊ လူမည်းများလည်းပါဝင်စုရုံးနေကြသည်။ ” He was 13. He can away. He was tackled. He was beaten. He […]


kaiJuly 18, 20242min4870
သမ္မတကြီးဟောင်းထရမ့်.. သမ္မတလောင်းအဖြစ်.. တရားဝင်လက်ခံပွဲမှာပြောလိုက်တာပါ..။ ပထမနေ့မှာလုပ်မှာတဲ့..။ “Drill baby drill” က… ၂၀၀၈ ကနာမည်ကြီးစကားလုံး.. ပြန်သုံးတာဖြစ်ပြီး.. အမေရိကားရဲ့ပိုင်နက်မြေက.. ရေနံတွေ.. အကုန်တူးထုတ်မယ်လို့ဆိုလိုတာဖြစ်ပါတယ်..။ တနည်းအားဖြင့်.. ကမ္ဘာ့ဥတုရာသီအစွန်းရောက်မှုကို.. မယုံ.. ရေနံ/ဂက်စ်ဆီကိုထုတ်နိုင်သမျှ.. ထုတ်ပြီး.. ကမ္ဘာကိုလည်းရောင်း.. အမေရိကားမှာလည်း.. ပေါပေါများများသုံးကြမယ့်သဘော..။ အရင်လိုပဲ.. ပြင်သစ်အကော့သဘောတူညီချက်က.. ထွက်မှာမို့… ကလိုင်းမိတ်ချိန်း … ဂလိုဘယ်ဝမ်းမင်း.. ဘာညာတွေဘေးချိတ်ပါပေါ့..။ နောက်တခု “close our borders,”က.. နယ်စပ်တွေပိတ်ပစ်မယ်… တဲ့ ..။ အမေရိကားရဲ့.. နယ်စပ်တွေကနေ.. တကမ္ဘာလုံးထောင့်‌ပေါင်းစုံက… လူတွေဝင်လာနေတာမှာ.. ရာဇဝတ်သားရော.. စိတ်ရောဂါရှင်ရော.. ဂိုဏ်းသမားတွေရော.. အကုန်ပါနေတာတဲ့..။ အဲဒါကြောင့်.. နယ်စပ်ကို.. တံတိုင်းပြီးအောင်ပြန်ခတ်ပြီးပိတ်မယ်..။ နိုင်ငံရေးခိုလှုံခွင့် A ပေးတာကိုလည်း.. ရပ်ပစ်မယ်ဆိုပါတယ်..။ ရောက်နေပြီးတဲ့သူတွေကိုလည်း.. သမိုင်းမှာရှိဖူးတဲ့.. သမ္မတအိုက်စင်ဟောင်ဝါလက်ထက်ကထက်ပိုပြီး.. အကုန်လာရာနိုင်ငံပြန်ပို့မယ်… […]