Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ်ရပ်မှန်..ဇာတ်လမ်း

alinsettMay 19, 20121min154822

( ၁ )

အရာရာဟာ..မုန်းစရာကောင်းလောက်အောင်…အေးစက်နေတယ်။

ည ..က လ…မရှိတဲ ့ည… ။

နှင်းစက်တွေ..တွဲလွဲ ခိုနေတဲ့ သစ်ပင်တစ်ချို ့ကလည်း..ငြိမ်သက် တိတ်ဆိတ်လို ့..။

ဟိုးဝေးဝေးက နာရီ သံချောင်းခေါက်သံ ဆယ့်တစ်ချက် ကြားလိုက်ရသလိုလို…..။ ဆယ့်တစ်ချက်လား..၊ ဆယ်နှစ်ချက်လား..မသေချာဘူး။

နာရီကို လက်ဖျံပေါ် လှမ်းကြည့်လိုက်ရုံနဲ ့ တိကျသေချာတဲ့ အချိန်ကာလ တစ်ခုကို သိရမှာ ဆိုပေမယ့်……

ကျွန်တော်..အချိန်ကာလ ဆိုတာကို မုန်းတယ် ။

အချိန် ကြာလာတာ နဲ့အမျှ… မေ့သင့်တဲ့အရာတစ်ခုကို မေ့သွားသင်ြ့ပီ….မဟုတ်လား။ ဒါပေမယ့်….

ရင်ဘက်ထဲက ဆွဲထုတ်ပစ်ပြီး… ဘာမှ မဖြစ်ပျက်ခဲံ့သလို…နေလိုက်ဖို ့…အခါခါ ကြိုးစားပါရက်နဲ ့………

ဘယ်လိုမှ မေ့လိုက်လို ့ မရဘူးကွယ်..။။ အတိတ်တွေက အတိတ်ဆီမှာပဲ.ကျန်ရစ်ခဲ့ပြီး… ပစ္စုပ္မန် ဆီ တစ်စွန်းတစ်စကလေးတောင်မှ လိုက်မလာရင်..ကောင်းမယ် ။

ဘုရားဘုရား..ကျွန်တော်….နောက်ထပ် ဘယ်အချိန်ထိ ဆက်…..လွမ်းနေဦးမှာလဲ.။

မနေ့ကမှ ဖြစ်ပျက်သွားခဲ့သလိုလို….ဘယ်အချိန်ထိ ထင်မှတ်နေဦးမှာလဲ..။

_____________________________________________________

( ၂ )

အဲဒီ အကြောင်းက လွဲရင်… တခြား ဘာမှ မတွေးတတ်တော့တဲ ့လူတစ်ယောက်လို…ဘယ်လောက်ထိ ဖြစ်တည်နေဦးမှာလဲ..။

မလို ချင်တော့ပါဘူးကွယ်…။ အသည်း နင့်အောင် ပုံအောပြီး..ချစ်ခဲ့ပြီးပြီပဲ.။ ပွဲ ပြိးီးပြီ ဆိုရင်…. အရာ အားလုံး ပုံမှန်အတိုင်း..လည်ပတ်သွားဖို ့..

မသင့်ဘူးလား။

အခုတော့….။ ဆောက်တည်ရာမဲ ့ သတိရခြင်းတွေက… လူတစ်ကိုယ် လုံးကို…လွှမ်းမိုး ခြုံ သိုင်း.လို့…။

ကမ္ဘာပေါ်မှာ မိန်းမ ဆိုလို ့ သူ..တစ်ယောက်ထဲပဲ.ရှိခဲ့..သလိုလို… သတိတွေ..ရ.. တမ်းတွေ…တ..လို ့.။

သူ ရက်ရက်စက်စက် ဖြတ်တောက် ခွဲခွါ ထားရစ်ခဲ့တာ တစ်နှစ်တောင် ရှိပြီ။ ဒဏ်ရာက အခုထိ မကျက်နိုင်သေးတာ..အံ့ဩစရာ..။

ကိုယ့် အသည်းကို.ကိုယ် မာ လှပြီ.ထင်ထား ခဲ့သမျှ အခုတော့..လွဲ ။ .ဝက်ဝက်ကွဲအောင်လွဲ….။

တကယ်ဆို…..သူကပဲ..စပြီး..လမ်းခွဲ စကား..ဆိုခဲ့တာ ။ သူ ကျွန်တော့်ကို လမ်းခွဲနိုင်လို ့….၊ သူ ့ နှလုံးသားမှာ..ကျွန်တော် မရှိခဲ့လို ့ ….

လမ်းခွဲ ခဲ့ပြီးပြီ..ပဲ ။
________________________________________________________
( ၃ )

သူ ့ရဲ ့ စိမ်းကား ရက်စက်မှုတွေအောက်မှာ… လဲ..ကျသွားခဲ့တယ် ။

အားယူ ပြန်..ထ ပေမယ့်…ယိုင်နဲ ့…နေဆဲ..။

တစ်သက်လုံး..ဆောက်တည် လာသမျှ ကို… တစ်ချက်ထဲနဲ ့…ရိုက်ချ…ဖြိုဖျက်လိုက်တဲ ့ သူ ့ကို..မုန်းလိုက်သင့်တယ် ။

မေ ့လိုက်သင့်တယ် ။

နာကျည်းဒေါသတွေနဲ ့ လက်ညိုး ငေါက်ငေါက်ထိုးပြီး…………………….

” သားသတ်သမားလို…မိန်းမ……” လို ့ ပစ်ပစ်နှစ်နှစ်…ပြောချ လိုက်သင့်တယ် ။ ဒါပေမယ့်………………………

အဲဒီနေ ့က ကျွန်တော်…..ဒူး ..ပဲ ထောက်ဖြစ်ခဲ့ပါတယ် ။

“” ငါ ့ကို…လမ်းခွဲ ထားရစ်ခဲ့တာက လွဲရင်..နင်ကြိုက်တာ လုပ်ပါ ။ နင် ကြိုက်တဲ ့အပြစ်ပေးပါ ။

ငါ…………….နင့်ကို မခွဲနိုင်လို ့ပါဟာ……….””

ယောကျာ်း တစ်ယောက်ရဲ ့မာန ဆိုတာတွေ..၊ အချစ်စစ်နဲ ့ချစ်ခဲ ့တဲ့ သစ္စာကြီးမားသူတစ်ယောက်ရဲ..ဂုဏ်သိက္ခာ…ဆိုတာတွေ..

ကျွန်တော် ရှေ့တန်း မတင်ခဲ့ပါဘူး ။

ကျွန်တော်….သူ ့ကို ချစ်လွန်းလို ့….. သူနဲ ့မခွဲနိုင်လွန်းလို ့….

ကျွန်တော့် ဘဝ တစ်ခုလုံးကို….သူ ့ ခြေထောက်အောက်… ဖြန် ့ခင်းပေးခဲ့တယ် ။

သူ….လှလှ ပပ နင်း လျှောက်သွားပါတယ် ။ မညှာမတာ… နင်း..သွားခဲ့တယ် ။
________________________________________________________________________

( ၄ )

စ်ိတ်နာနာနဲ ့….ဘဝထဲကနေ အပြိးအပိုင်…ဆွဲထုတ်လိုက်သင့်ပေမယ့်……………………….

အံ့ဩစရာကောင်းလောက်အောင်… သူ ့ကို အပြစ်မတင် ရက်ခဲ့ဘူး ။

_______________________________________________________

( ၅ )

ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်ချ လိုက်သလို….

” ကျွန်မကို မေ ့လိုက်တော့……. ” ဆိုတဲ ့စကားကို သူ…ပြောခဲ့ပြီးပြီ..။

သူ ့ ဘက်က စပြီး..အဆက်အသွယ်….မလုပ်တော့လို ့..ရင်ကွဲနေရပြီ ။

သေပစ်ချင်လောက်အောင်…..လောက ကို စိတ်ကုန်နေခဲ့ပြီ ။

ဘဝ ဟာ..အချည်းနှီးပဲ..လို ့ မြင်နေပြီ ။

ဒါပေမယ့်……………………………….

တစ်ခုတော့မေးချင်နေပါသေးတယ် ။

“” နင်….ငါ့ ဆီက ဘာကို ထပ် ယူဦးမလဲ……””…..လို ့ ။

ယူချင်တာ ယူပါဦး. ။ လုပ်ချင်သလို လုပ်လိုက်ပါဦ း။ နင့် ရက်စက်မှုတွေကို….ထပ်ပြီး.ခံယူချင်သေးလို ့ပါ ။

နင့် အတွက်…ပေးဆပ်ချင်သေးလို ့ပါဟာ…..။
_________________________________________________________________—

( ၁ )

သူ ကျွန်တော့်ကို..အဆက်အသွယ် မလုပ်…ဖြစ်တောက်…ထားရစ် ခဲ့လို ့…… နာကျင်ရတဲ ့ဝေဒနာ ..နဲ ့….

သူ ….ကျွန်တော့် ဘဝတစ်ခုလုံးကို..တစ်စ စီ.ဖြစ်အောင်..ရက်ရက်စက်စက် ချိုးဖဲ့ ဖျက်ဆီး နေခဲ့လို ့….ခံစားရတဲ့ ဝေဒနာ….

အဲဒါ……………….အတူတူပါပဲ ။ ဘာ…..မှ…….မ……ထူး…..ပါ…ဘူး ။
_______________________________________________________________________-

( ၂ )

အခုတော့………

ရခဲ့ဖူးတဲ့ သီ ချင်းလေး တစ်ပိုင်းတစ်စကို….ရင်နာနာ နဲ ့

ဆိုညည်းနေချင်ပြီ …။
_____________________________________________________________________
( ၃ )

03311. a sar toe ma ya tae’ sone shown muu
အချစ်ကိုလေ….ကိုးစားခဲ့…

စိတ်အလိုကို..အား..ဖြည့်လို ့….

မျက်ကန်းတစ်ယောက်လို …………

အရာရာကို..စွန် ့…ခဲ့တာ…..

ပွင့်ချိန်မှာ…ပန်း..ကလေး…ပွင့်ခဲ့ပြီ….

မေတ္တာရေ…ခမ်း….ခြောက်လို ့……နွမ်း…ခဲ့ပြီ။

ကြင်နာသူ..ပါးကလေး.. ဘယ်သူ…နမ်းပြီ…လဲ…..

ကယ်တင်ရှင်…လက်ကလေး……..ဘယ်သူ….ဖမ်းကိုင်…ပြီလဲ……

ရင်အပူမီး…..

ဘဝ…ဆုံး…ထိအောင်…..လောင်ကာ…နေမယ်…..

ငြှိမ်းမယ့်သူ…..ဘယ်…မမြင်နိုင်…….ယနေ ့တိုင်ပဲ…………………………..

နှောင်း..ချိန်မှ…သတိရ..မိ…နုပျိုတဲ ့ နှလုံး..သား……………………….

ကျျွမ်းခဲ့ပြီးပြီ………………….

ဘယ်အရာ.နဲ ့အစားထိုး…မလဲ…

ဘဝ ကံကြမ္မာ…ဒုက္ခ..တွင်းထဲမှာ…..

ဇာတ်ဆရာရယ်…ခိုင်း…သမျှ…

လုပ်………….ဖို ့..သာ……

………………………………….
………………………………….
…………………………………
…………………………………………..။

________________________________________________________________________-

( ဝန်ခံချက် )

တစ်ယောက်သော သူကလေးကို….သေသေချာချာ ရည်ရွယ်၍ ရေးသားသော

ခံစားချက် စာသားများ.ဖြစ်ပါသည် ။

ထို သက်ဆိုင်သူသည်….. စာနာ နားလည်..တတ်သော..နှလုံးသားဖြင့် ခံစားပေးပါရန်……၊

ကျွန်တော့် စာများကို အမြဲလိုလို ဖတ်ရှု. ခံစားပေးခဲ့ကြသောာ..

စာချစ်သူ.မိတ်ဆွေများကတော့…..

ရသ ဝတ္ထုတိုလေး တစ်ပုဒ် အဖြစ်…ခံစား…ဖတ်ရှုပေးပါ..လို ့.။

( သီချင်းသည်…စိုင်းထီးဆိုင် သီဆိုခဲ့သော..

” အစားထိုးမရတဲ့ ဆုံးရှုံးမှု..”.အမည်ရှိ…ဂီတ အနုပညာ တစ်ခု ဖြစ်ပါသည် ။ )

_________________________________________-

လေးစားစွာဖြင့်..

အလင်းဆက်

alinsett.art@gmail.com

22 comments

  • windtalker

    May 19, 2012 at 8:36 pm

    ပါးတစ်ချက်ရိုက်ရင် နားတစ်ဖက်ကိုက်
    အားတစ်ချက်စိုက်ပြီး နွားသတ်မိုက်
    ခါးတစ်ဘက်ပိုက်ပြီး ဟားတိုက်လိုက် ။…
    အားပေးသွားကြောင်းပါ

  • အလင်းဆက်

    May 19, 2012 at 8:51 pm

    ကိုပေ..ရေ.။ ကျွန်တော့် စာတွေဆို အမြဲလိုလို အားပေး ဖတ်ရှု.ပြီး..ခံစားပေးတတ်လို ့ ကျေးဇူးပါ ။

    အားလုံး ခင်မင် လေးစားလျက်

  • ထို သက်ဆိုင်သူသည်….. စာနာ နားလည်..တတ်သော..နှလုံးသားဖြင့် ခံစားပေးပါရန်……၊
    အင်းနော်. စာနာ နားလည်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်ဗျာ

  • ဒရက်ကူလာ ဖရဲ

    May 20, 2012 at 10:41 am

    စိမ်းကား ရက်စက်မှုတွေအောက်မှာ…လဲမကျနဲ့ အလင်းဆက် တိုတို ဒရက်ကူလာရှိတယ်
    သားသတ်သမားလို…မိန်းမ… မပြောနဲ့ အသည်းစားဘီလူးမလို့ပြောလိုက်ပါ
    ဒူးမထောက်ပါနဲ့ မိန်းမတွေပေါတယ် မိန်းမကောင်းရှားတယ် ညီလေးရေ
    အကိုပြောချင်တာတော့ ညီလေး ဖူးစာရှင်နဲ့ဆုံနိုင်ပါစေ
    စိတ်ဓာတ်မကျနဲ့အချစ်အတွက်နဲ့

    အကိုလည်း ပျံတော့မယ်နော် ချစ်ဒရက်ကူလာမလေး စောင့်နေလို့
    တာတာ ဖလပ်ဖလပ်

  • Kaythi Lin

    May 20, 2012 at 11:38 am

    ဒူးရင်သီးကို ရင်မှာပိုက်ရင် ဆူးနေလိမ့်မယ် ……
    ဒါပေမဲ့ အထဲက အသီးလေးရဲ့ အနံ့ နဲ့ အရသာကို ကြိုက်ရင်တော့ တစ်မျိုးပေါ့ …..
    တစ်ချို့သော လူတွေက နာကျင်ရမှန်းသိရက်နဲ့ ချစ်နေတက်ကြပါတယ် ……
    မေ့ဖို့အတင်းကြိုးစားရင် ပိုမေ့ရခက်တက်လို့ အတင်းမကြိုးစားပါနှင့်လို အကြံပေး ကွန့်မန့်ရေးလျှက် ….

  • ထုံးဘဲဥ

    May 20, 2012 at 3:08 pm

    အချိန် က ကုစားပေးသွားမှာပါ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်နေလိုက်ပါ။
    ပျော်ပျော်နေသေခဲ၊ မော်တော်နေရေထဲ။ 😆

  • ဗိုက်ကလေး

    May 20, 2012 at 3:43 pm

    တစ်ယောက်သော သူဂလေး ဖတ်မိပါစေဗျား..
    အူးဗိုက်ကလေးမှ အားပေးသွားပါရဲ့

  • ညလေး

    May 20, 2012 at 4:21 pm

    `တစ်ယောက်သောသူ´ဆိုတဲ.ကောင်မလေး…
    တာ်တော်ကံကောင်းတာပဲနော်……
    အားပေးသွားပါဂျောင်း…….

  • shwe kyi

    May 20, 2012 at 5:10 pm

    အချိန်ကကုစားတယ်ဆိုပေမယ့် တိုက်ဆိုင်မှုရှိတိုင်းတော့သတိရတတ်ပါတယ်။
    စိတ်ချ ဒီဒါဏ်ရာက သေရာပါမှာလို့အားပေးလိုက်ပါရဲ့..။
    စာနာမှုများစွာဖြင့်…

  • manawphyulay

    May 20, 2012 at 5:45 pm

    အင်း အရမ်းခံစားပြီး တစ်ယောက်သောသူ ဖတ်သွားပါတယ်လေ… စိတ်ကိုဖြေပါတော့ အဟိ… 😛

    • ဗိုက်ကလေး

      May 20, 2012 at 5:50 pm

      ကြော်ငြာဝင်တာလား ဒေါ်ပျိုကြီးရ

  • အလင်းဆက်

    May 20, 2012 at 6:37 pm

    ဆုတောင်းစကားလေး အတွက်.ကျေးဇုူးပါ နာဂရ…ရေ ။

    မနော တစ်ယောက်က ဘယ်လု်ိက ဘယ်လို တစ်ယောက်သောသူ..ဖြစ်သွားတာလဲ..ဟင်။
    အင်း…မနောက တစ်ယောက်တည်း.ဆိုတော့ တစ်ယောက်သော.သူ..ပေါ့ .။ဒါလည်း.ဟုတ်နေတာပဲ။

    ဒရက်ကူလာဖရဲ.ရေ.. ကျွန်တော့်အတွက် ဖူးစာရှင်…ရှာပေးပါလား။ ကဗျာဆရာမ…ဆို ပို အဆင်ပြေမယ်.လေ။ အဟိ ။

    ကေသီလင်း ရဲ ့အကြံပေး..စကားလေးက လည်း…တကယ်ကောင်းပါတယ်။

    ထုံးဘဲဥ..ရေ..မော်တော်နေရေထဲ..ဆိုတာ. တကယ်လား။ အားပေးစကားအတွက် ကျေးဇူးနော် ။

    အူးဗိုက်ကလေးရေ..တစ်ယောက်သောသူက တကယ် ့ကို ဖတ်မိမှာ။ သေချာတယ် ။
    ဘာလို ့လဲ..ဆိုတော့..သူက ဂေဇက် ထဲမှာကို.ရှိတယ် ။ ဘယ်သူလဲ.ဆိုတာတော့ မပြောသေးဘူး ။

    ညလေး..ရေ..
    အဲဒီ တစ်ယောက်သောသူ..ပဲ..ကံကောင်းသလား။ ကျွန်တော်ပဲ..ကံဆိုးသလား…ဆိုတာ… ခုထိ မဝေခွဲတတ်သေးပါဘူး။ အားပေးသွားလို ့ကျေးဇူးပါ ။

    ရွှေကြည်..ရဲ ့ အားပေးစကားကြောင့်..အားတွေ.တောင်…အင်း….
    ရှိသွားပါတယ် ။ အဲဒီ လို ဒဏ်ရာမျိုးက….နာကျင်နေပေမယ့်..အနာခံချင်တဲ ့ စိတ်ရောဂါ..လ.ိုပါပဲ.နော် ။
    သေရာပါ…မယ့် ဒဏ်ရာ….။ သိပ်ကြောက်စရာပဲ။

    အားလုံးကို ခင်မင်လေးစားစွာ…

  • lin naing

    May 20, 2012 at 8:48 pm

    ကို ့နာမည်က လင်းနိုင်ပါ
    အစ်ကိုအသက်ကဘယ်လောက်လဲဆိုတာကိုတော့မသိပါဘူး
    ဒါပေမဲ ့ အစ်ကိုရေးထားတဲ ့စာသားတွေက အရမ်းကိုကျွန်တော်နဲ ့တိုက်ဆိုင်နေတယ်
    ကျွန်တော့်မှာလဲချစ်သူတစ်ယောက်ရှိခဲ ့ဘူးပါတယ်
    သူနဲ ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ ့ပါတယ်
    သူကျွန်တော့်ကို အရမ်းချစ်တက်အောင်သင်ပေးခဲ ့ပါတယ်
    ဒါပေမဲ ့ သူ မသင်ပေးခဲ ့တဲ ့အရာကတော့ အသဲကွဲတာကိုဘယ်လိုကုစားရမလဲဆိုတာပါပဲ
    သူနဲ ့ကျွန်တော် မတွေ ့ရတာ 1 လ လောက်ရှိခဲ ့ပါတယ်
    ပြန်တွေ ့ခဲ ့တော့ “နင် ငါ့ကိုမေ့လိုက်တော့”တဲ ့
    ကျွန်တော်စာမရေးတက်ပေမဲ ့ အစ်ကို ့စာကိုဖက်ရတဲ ့အချိန်မှာစာရေးချင်စိတ်တွေအရမ်းပဲဖြစ်ပေါ်လာခဲ ့ပါတယ်
    ကျွန်တော်ဆုတောင်းပေးပါတယ်နော်
    အစ်ကိုရဲ ့မျှော်လင့်ချက်တွေ ပြည် ့စုံလာမှာပါ
    ပျှော်ရွှင်ပါစေနော်
    Goodnight နော်

  • kyeemite

    May 21, 2012 at 9:16 am

    ရင်အပူမီး…..

    ဘဝ…ဆုံး…ထိအောင်…..လောင်ကာ…နေမယ်…..

    ငြှိမ်းမယ့်သူ…..ဘယ်…မမြင်နိုင်…….ယနေ ့တိုင်ပဲ…………………………..

    ကြိုက်သဗျာ…ကိုထီးသီချင်းစာသားလေးကို….
    အလင်းတွေဆက်နိုင်ပါစေဗျာ…

  • ကြောင်ကြီး

    May 21, 2012 at 10:08 am

    တယောက်သောသူသို့
    စောက်ပေါလူလို့
    လျောက်ပြောမဆူဖို့
    ကျောက်ကျောလှူဗျို့..။

  • Crystalline

    May 21, 2012 at 11:34 am

    ကိုအလင်းဆက်
    တစ်ယောက်သောသူလေးကို တခါတုန်းက ခပ်ဝါးဝါးအိပ်မက်တခုလို့ သဘောထားနိုင်မယ့် အချိန်အမြန်ဆုံးရောက်ရှိလာပါစေလို့ ဆုတောင်းပေးပါတယ်။

  • jujuma

    May 21, 2012 at 11:55 am

    တစ်ယောက်သောသူ ကောင်မလေးရေ .. အဲလိုလုပ်ရဘူးကွယ့် ..
    ဝဋ်လည်တတ်တယ်… 😀

  • etone

    May 21, 2012 at 11:59 am

    အလင်းဆက်ရေ .. အဲ့ဒီလို ..နာနာကျင်ကျင် အသည်းခွဲထွက်သွားမယ့် မိန်းမများကြိုသိလျှင် … ဟိုတစ်ခါ ကျိုက်ထီးရိုးသွားကတည်းက ခြေထောက်နှစ်ချောင်းကိုင်ပြီး … ချောက်ထဲ တွန်းချခဲ့ရမှာ .. အဟဲ 😆

    %%%%%%%%%%%%%%

    လောကမှာ တွေ့ဆုံကြုံခွဲက ဓမ္မတာပါ … ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ချစ်ချစ် … တစ်ချိန်မဟုတ်တစ်ချိန် ခွဲရမှာချည်းပါပဲ … ။ ဒီကြားထဲ မမျှော်လင့်ပဲ သေကွဲကွဲတာတို့ ၊ ရှင်ကွဲကွဲတာတိုကလည်းရှိသေးတယ် …. ။ အရမ်းကို ချစ်နေကြတဲ့အချိန် .. ကွဲကွာခြင်းဆိုတာကိုလည်း သတိမေ့နေတတ်တယ်ကြတယ်နော် … ကိုယ့်ဆန္ဒအတိုင်းဘာမှ ပြုပြင်ပြောင်းလဲ နိုင်စွမ်း မရှိတာမို့ …. (ကံ)ရှိသလောက် အနားမှာ နေရတဲ့အချိန်လေး … သာယာနေဖို့ပဲ လိုအပ်တာပါ … ။ သာယာချိန်တွေက ဝေးကွာချိန်မှာ အဆိပ်တွေဖြစ်ခဲ့လျှင်တောင် …. ချိုမြိန်တဲ့ အဆိပ်လို့ပဲ … တင်စားမိလိမ့်မယ်ထင်တယ် … ။ 🙄

  • အလင်းဆက်

    May 22, 2012 at 7:13 pm

    မမအိတုံရေ..။ ကျိုက်ထီးရိုးသွားတုန်းက..သူ မပါဘူးဗျ။ အဲဒီ တုန်းက သူငယ်ချင်းတွေ ချည်းပဲ..စု သွားကြတာ ။ ပါရင်တောင် သူက အမြင့်မကြောက် ဘူး ကျွန်တော်က အမြင့်ရောက်ရင်…ချောက်ထဲ ကို ခုန်ချ ချင်စိတ်ပေါ်တတ်တဲ ့ရောဂါ..ရှိတာ ။ သူ ့ကို မတွန်းချ မိပဲ.ကိုယ် ့ဘာသာ ခုန်ချ မိမှာဗျ။ အခုတော့..ဒဏ်ရာ တစ်ခု အနေနဲ့ပဲ..ရှိတော့ပါတယ်။
    ကျွန်တော့်မှာ..ရှေ ့ဆက်..လုပ်စရာတွေ..အများကြီး .ရှိသေးတယ် ။ နှလုံးသား..ဒဏ်ရာ တစ်ခု အတွက်နဲ ့..လောက ကို အရှုံးပေးလိုက်လို ့မ ဖြစ်သေးဘူးလေ။
    ချိုြ်ိမိန်တဲ ့အဆိပ်…ဆိုတဲ ့စကားလုံးလေးကို ..ကြိုက်တယ်..မမအိရေ.။
    _________________________

    jujuma ရေ…သူ..ဝဋ်မလည် နိုင်ပါဘူး။ ကျွန်တော်..ခွင့်လွတ်တယ် ။
    သူ ့ကို လည်း ခွင့်လွတ်နိုင်တယ် ။ ကိုယ် ့ကိုယ်ကို လည်း..ခွင့်လွတ်ထားတယ် ။
    ________________________
    crystalline..ရေ.. ဆုတောင်းစကားလေး အတွက် ကျေးဇူးပါနော ့။ ကျွန်တော်လည်း.ဒီလိုပဲ.ဆုတောင်းနေရပါတယ်။
    __________________________
    ကိုကြောင်ကြီး.ရေ..ကျွန်တော် ကျောက်ကျော လှုူူတဲ ့နေ ့ ကိုကြီးကိုလည်း..ဖိတ်မယ် ။
    လာ စားနော့ ။
    _________________________
    ကိုကြီး …မိုက်..ရေ..
    သီချင်းလေးက အရမ်းကောင်းတာဗျ။ သီချင်းလးကို ကြိုက်တယ်..ဆိုလို ့ ဝမ်းသာ လိုက်တာဗျာ။
    _____________________________
    ကိ်ုလင်းန်ုိုင်ရေ.. ကျွန်တော့် အသက်က 24 ပြည့်ြုပီး ပါပြီ။
    ကျွန်တော့် စာတွေက ကိုလင်းန်ုိုင်နဲ ့အရမ်းကို တိုက်ဆိုင်သွားတာလား။
    တိုက်ဆိုင်မှု အတွက်.. ကျွန်တော်လည်း..တမျိုး တမည် ခံစားလိုက်ရပါတယ် ။
    ကျွန်တော့်လို အဖြစ်မျိုး..ထပ်တူ ခံစားဖူးတဲ ့..သူ ကို တွေ ့
    ရတော့…… အင်း..ကိုယ် ချင်းလည်းစာတယ် ။
    ဒါပေမယ့်..ဒါကိုတော့ ကျွန်တော်တို ့ မေ့နိုင်အောင် မေ့မှ ရမယ် ဗျ။
    ကျွန်တော်တို ့ ရှင်သန်ရာလောက မှာ ( ကျွန်တော်တို ့ တိုင်းပြည်မှာ )
    လိုအပ်နေတာ တွေ တစ်ပုံကြီးပဲ.ကျွန်တော်မြင်နေရတယ် ။
    တစ်ချို ့အရာတွေက ကျွန်တော်တို ့လို သာမန်လူငယ်တွေ.ဖြည့်ပေးလို ့ရတယ် ။
    တစ်ချို ့လိုအပ်ချက်တွေကတော့..ကျွန်တော်တို ့လို..လူငယ်တွေ.မဖြည့်ပေးနိုင်ဘူးလေ။
    ကျွန်တော်တို ့ဖြည့်ပေးလို ့ရမယ့် အရာတွေ..အတွက်
    တတ်နိုင်သလောက် ဖြည့်ပေး.ရင်း..လုပ်ဆောင်ပေးရင်းနဲ ့ပဲ..အချိန် ကုန်စေတော့မယ်ဗျာ။
    ကျွန်တော့် သဘောပါ ။ ကိုလင်းနိုင်ကို ဆရာလုပ်တာ မဟုတ်ဘူးနော် ။ ကျွန်တော့်သဘောထားကို ပြောပြတာပါ။
    ကိုလင်းနိုင်လည်း… ဒဏ်ရာကို ရခဲ့ဖူးတယ်..ဆိုတာလောက်ပဲ..ထားလိုက်ပြီးတော့…ဘဝကို ကောင်းသည်ထက်ကောင်းအောင်..ရှေ ့ဆက်သွားနိုင်မှာပါ…။ ကျွန်တော်..တို ့က..အသည်းကွဲတယ် ဆိုတဲ ့အခြေအနေမှာတင် ရပ်မနေပဲ..
    ဘဝကို..ကောင်းမွန်အောင် ၊ တိုးတက်အောင်…
    အများအကျိုးတွေ.များများသယ်ပိုးနိုင်အောင်…ဆက်လက် ရှေ့ဆက်သွားနေဖို ့လိုနေတယ်..လို ့ ထင်ပါတယ် ။

    ကျွန်တော် ့ စာမူလေးက ကျွန်တော့်အတွက်…ခံစားချက်.။
    ပြိးတော့ ကိုလင်းနိုင်ရဲ ့ခံစားချက်..
    ပြီးတော့…စာဖတ်သူတွေရဲ ့….ရသ စာမူလေး တစ်ပုဒ်….

    အရာအားလုံး..တစ်ချိန်ချိန်မှာ..အဆုံးသတ်ရစမြဲ..ပါပဲ.လေ။

    အားလုံးကို ခင်မင်လေးစားလျက်

    အလင်းဆက်

  • lin naing

    May 22, 2012 at 7:36 pm

    အစ်ကို ကျွန်တော်ထက် တစ်နှစ်ကြီးပါတယ်
    ကျွန်တော်က23ပဲရှိပါသေးတယ်
    အစ်ကို ့ကို အကူအညီ တစ်ခုလောက်တောင်းချင်တယ်ဗျာ
    အစ်ကို ့လိုပဲ ကျွန်တော်လည်း စာ
    လေးတစ်ပုဒ်လောက်တင်ချင်တယ်ဗျာ
    အဲ ့ဒါ ဘယ်လို စည်းကမ်းတွေရှိသလဲဆိုတာ အစ်ကိုသိထားတာရှိရင်ပြောပြပါ
    လိုက်နာလို ့ရအောာင်ပေါ့ ဖြစ်နိုင်လို ့ကူညီမယ်ဆိုရင် ပြောပြပါနော်
    ကျွန်တော်က စာရေးရတာကို ဝါသနာပါလို ့ပါနော်
    အစ်ကို ကျန်းမာရေးဂရုုစိုက်ပါနော်
    ဒီညအတွက်တော့ ပျှော်ရွှင်စရာ အိမ်မက်ကလေးကိုပိုင်ဆိုင်ခွင် ့ရရှိပါစေနော်
    အစ်ကိုအပေါ် သိပ်ကိုအရမ်းချစ်တက်တဲ ့ ချစ်သူတစ်ယောက် ရရှိပါစေလို ့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် ဒါပဲနော် Goodnight ပါနော်

  • moe minthar

    May 22, 2012 at 7:37 pm

    ဖရဲရေ…တော်တော်မွှေနေပါလားဟင်…….

    ဒေါ်အလင်းဆက်ခဗျ…..သနားပါ…..တယ်….(အရှိုင်းလေသံ)

    လင်းနိုင်ရေ…..အတင်းကိုင်ပါရစေ……..ပုဆိုး…ပုဆိုး…ဟိ..ဟိ

    အလင်းဆက်ရေ…တကယ်ခံစားသွားရတယ်လေ…….

  • အလင်းဆက်

    May 22, 2012 at 7:43 pm

    အဲ.. ကိုလင်းနိုင်… ကျွန်တော်ကလည်း ..သိပ်မကျွမ်းကျင်သေးတော့..
    သူကြီး..ဆီပဲ.မေးပါလား။ သူကြီးရေ… လုပ်ပါဦး။ဒီမှာ ကိုလင်းနိုင်လေး..မျက်စိသူငယ်နားသူငယ်နဲ့လေ။

    ဒီဝက်ဘ်ဆိုက်မှာ… စာရေးနည်း စည်းကမ်းတွေကို..သေချာ ညွန်ပြ ထားတယ်လေ။
    နည်းနည်း ကလိလိုက်ရင် ရပါတယ် ။

    စာတွေ ရေးနော် .ကိုယ.် ့ညီရေ..။
    စာတွေ…ရေးပြီး..ကိုယ် ခံစားရတာတွေ.ကို..ရင်ဖွင့်လိုက် ။
    ကိုယ် လည်း….ကိုလင်းန်ုငရေးမယ့် စာတွေကို မျှော်နေမယ် ။
    ခင်မင်သော.
    alinsett.art@gmail.com

Leave a Reply