Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နွယ်ပင်

အာဂAugust 1, 20121min151341

ကဒ်(၁)
နှလုံးသား ခြေတစ်လှမ်းအတိုးမှာ
လှုပ်မရအောင် ရစ်ပတ်ထားတာ….နွယ်ပင်
ကဒ်(၂)
လူတိုင်း
တစ်နေရာရာ
တစ်ချိန်ချိန်
တစ်စုံတစ်ယောက်ကြောင့်
အရစ်ပတ်ခံခဲ့ရမှာပဲ။

မိဘက သားသမီးကို
သံယောဇဉ်နဲ့
တစိမ်းတစ်ယောက်က
တစိမ်းတစ်ယောက်ကို
သံယောဇဉ်နဲ့
နေ့စဉ်နဲ အမျှ ကမ္ဘာပေါ်ကရစ်ပတ်မှုများ။

ကဒ်(၃)
ကျွန်တော်က သူမ ကို
သူမက ကျွန်တော်ကို
ချစ်ခြင်းများဖြင့်……။

ကဒ်(၄)
မွေးကတည်းကနေ မသိခဲ့တဲ့
လက်နှစ်ချောင်း ၁ဝ စုနှစ်တစ်ခုကျော်မှ
ဆုပ်ကိုင်မိချိန်
နွယ်ပင်

ကဒ်(၅)
ချစ်ခြင်းရဲ့ အကြီးအကျယ်အမြစ်တွယ်ခြင်းမှ စလို့
နှစ်ယောက်သား ရစ်ပတ်လိုက်ကြ
ကိုယ့်အတွက်….
ပင်ပင်ပန်းပန်း ချက်ထားတဲ့
သူမ ကိုယ်သင်းနံ့လေးက
အိပ်ယာဝင် ပုံပြင်တိုင်းမွှေးလို့
အို………………
သည်း..။ မောင်…။
ဖေကြီး…။ မေကြီး…။
အဘိုး..။ အဘွား…။
စသဖြင့်….သက္ကရာစ်တွေကြားထဲ
ရစ်လို့ ပတ်လို့ကောင်းဆဲ..။

အာဂ။

41 comments

  • မောင်ပေ

    August 1, 2012 at 5:58 pm

    ကိုအာဂနဲ့မနွယ်ပင်
    ထာဝစဉ်ပျော်ရွှင်
    ကျန်းမာချမ်းသာစွာနဲ့
    အနုပညာလောကမှာ
    အောင်မြင်ပါစေ

      • မောင်ပေ

        August 1, 2012 at 8:48 pm

        ကပေ က ပြောတာဒီလိုပါ
        မွန်မွန်လေးက ကပေ့ ကို ဂျစ်လို ့တဲ့
        မွန်မွန်လေးကော ၊ အပေါ်က ကွန်မင့်လိုဘဲ ဖြေမှာရားဟင်

        • မဟာရာဇာ အံစာတုံး

          August 1, 2012 at 8:59 pm

          နှာဘူးဂျီး !!!!!!!!
          အဲ့ဂလို ဖြေမှာဒဲ့ .. အဟိ
          😀 😀

  • kotun winlatt

    August 1, 2012 at 6:01 pm

    ကိုပေလိုပဲ ထပ်တူထပ်မျှ ဆုတောင်းပါတယ်ခင်ဗျာ…။

  • သန်းထွဋ်ဦး

    August 1, 2012 at 6:21 pm

    အိုတဲ့ထိ သေတဲ့ထိတိုင် ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးပါစေသောဝ်။

  • ကြောင်ဝတုတ်

    August 1, 2012 at 6:33 pm

    အဲဒါတော့လွန်တယ်ကွာ…
    ကိုယ့်မိန်းမကို ကိုယ်ပြန်ပြီးကဗျာဆပ်ထားတာ…

    ဒါမှမဟုတ် နင့်မိန်းမကိုကြူတုန်းက ကဗျာလား…
    ရှင်းရှင်းပြော…

    ဘာပဲဖြစ်ဖြစ်… သဘောကျသွားကြောင်း… ညီလေးရေ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • စိန်ဗိုက်ဗိုက်

      August 2, 2012 at 12:52 pm

      ဘာမှ မ ဟုတ်ဘူး
      ဘီအီးအများကြီး ကစ်လို ့ရအောင် ချုပ်နေတာ..
      🙂

  • ကိုရင်မောင်

    August 1, 2012 at 6:56 pm

    အဲ့ဒါပြောတာပေါ့ ….အရင်းနှီးဆုံးသူစိမ်းတွေ ဆိုတာ…..
    ကဲ…အားကျမခံနွယ်ပင်လေးကလဲ
    ကဗျာတပုဒ်လောက် တောင်းဆိုပါတယ်…

  • ဆူး

    August 1, 2012 at 7:17 pm

    ချစ်ကြပါ ချစ်ကြပါ.. ချစ်နိုင်သူတွေ ချစ်ကြပါ..
    ရွှေလက်တွဲ မြဲမြံစွာ နဲ့ ကြာရှည်စွာ ချစ်နိုင်ပါစေ။

    • Mလုလင်

      August 1, 2012 at 7:44 pm

      အားကျကြပါ .. အားကျကြပါ .. အားကျချင်တဲ့ သူတွေ အားကျကြပါ .. ကွိကွိ …

  • မဟာရာဇာ အံစာတုံး

    August 1, 2012 at 7:34 pm

    ဟိုလူကြီး ပြောသလိုပဲ ..
    ကိုအာဂနဲ့ မနွယ်ပင်လည်း
    ရွှေလက်တွေ အတူတွဲလို့
    အောင်မြင်တဲ့ ခရီးလမ်းမှာ လျှောက်လှမ်းနိုင်ပါစေလို့ ..

  • Crystalline

    August 1, 2012 at 7:40 pm

    မနွယ်ပင်အတွက်ဝမ်းသာပါတယ်နော့…မနွယ်ပင်အမြဲစိတ်ချမ်းသာရပါစေ..သားကောင်းသမီးမွန်လေးတွေထွန်းကားပါစေ..ကိုအာဂလည်းပိုမိုကြည်နူးဖွယ်ကောင်းသောကဗျာတွေစပ်နို်င်ပါစေ..

  • etone

    August 1, 2012 at 7:54 pm

    တပင်တည်း ရင်ထဲကနွယ် ….
    တပင်တည်း ရင်ထဲကနွယ် ….
    နွယ်……….. နွယ်…….. နွယ် ………..
    တကတည်းတော် ………. ပြောမပြောချင်ဘူး …….. မျက်နှာချင်းဆိုင်လျှင် ငါးမိနစ်ပြည့်အောင်မတည့်တဲ့ လင်မယား …….. အွန်လိုင်းပေါ်မှာ ကျီစယ်နေပါတယ် ဗျို့ ………. ။

    ဒါနဲ့ ……အစ်မနွယ်ပင်ကို ဖုန်းဆက်လိုက်တာ …. ဒီညပြန်လာလျှင် ဟင်းကောင်းကောင်းချက်ထားမယ်တဲ့… ခွိခွိ 😀

  • Moe Z

    August 1, 2012 at 9:16 pm

    တစ်ခုခုအထိမ်းအမှတ်နေ့များလား အန်နီဗာစရီလားမသိ..
    ဘာပဲဖြစ်ဖြစ်ပါ အခုလိုမြင်ရကြားရတာ မင်္ဂလာတစ်ပါးပါပဲ
    သက်ဆုံးတိုင် ခိုင်မြဲတဲ့ချစ်ခြင်းတွေနဲ့ သာယာပျော်ရွှင်ပါစေနော် 🙂

  • foe zaw

    August 1, 2012 at 9:24 pm

    မွေးကတည်းကဒီလက်နဲ့ထမင်းစားလာတာကိုဘယ်လိုမေ့လဲနော် ချစ်သူကြောင့်ပြန်သိသတဲ့ ကောင်းလိုက်တဲ့တင်စားချက် နော်………….

  • ပင်လယ် ပျော်

    August 1, 2012 at 9:48 pm

    ကိုအာဂနဲ ့မနွယ်ပင်တို ့တိုးလို ့တွဲလောင်း များစွာနဲ ့ ရာသက်ပန်ချစ်နိူင်ကြပါစေဗျာ…….

    • Khaing Khaing

      August 2, 2012 at 9:56 pm

      အပေါ်က ကိုပင်လယ်ပျော်ပြောသလိုပဲ ….. အဟီး (မွန်မွန်စာသားကို ခိုးချတာပါချင့် )

  • may flowers

    August 1, 2012 at 10:04 pm

    ကိုအာဂနဲ့ မနွယ်ပင်ရေ…ထာဝရ လက်တွဲ ပျော်ရွှင် ချစ်ခင် သွားနိုင်ကြပါစေ လို့လှိုက်လှိုက်လှဲလှဲ

    ဆုတောင်းပေးလိုက်ပါတယ်နော် ။

  • အရီးခင်လတ်

    August 1, 2012 at 10:07 pm

    တယ် “ချို” တဲ့ စာပါလား။
    စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊ ပျော်ရွှင်စွာ ရွှေရတု၊ စိန်ရတု များသို့ တိုင်ပါစေ။ 🙂

  • ရဲစည်

    August 1, 2012 at 10:59 pm

    ပျော်ရွှင်ကြပါစေသတည်း
    သားအထင်ပြောရရင်
    ဒီပို့စ်တင်တဲ့ နေ့က အူးအါဃနဲ့ အမ်တီ နွယ်ဗင်တို့
    မင်္ဂလာနှစ်ပတ်လည်များလားလို့
    အဲဒီတော့ ….
    ဆုတောင်းပေးပေမဲ့
    ခိုင်မြဲအောင် တည်ဆောက်ရမှာက
    အူးလေးတို့သာ ဖြစ်ကြောင်း …
    ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ရှိကြပါစေကုန်

    လျှောက်မူးယဲဆီနှင့်
    Drinking Free Asis (DFA) အဖွဲ့သားများ

  • ရဲစည်

    August 1, 2012 at 11:01 pm

    မူးမူးနဲ့ ရေးမိတာ မွှားလို့
    Drinking Free Asia လို့မှတ်ကျ ဖတ်ကြပါကုန်

  • surmi

    August 2, 2012 at 8:46 am

    ဘယ်နှစ် နှစ်မြောက်လဲမသိ
    ယနေ ့မှစ နှစ်တစ်ရာတိုင် ပျော်ရွှင်စွာလက်တွဲနိုင်ပါစေဗျာ

  • ကြောင်ကြီး

    August 2, 2012 at 9:15 am

    နွယ်မြက်သစ်ပင်
    သစ္စာရွှင်
    ဆေးဖက်ဝင်ပါ့
    ကျန်းမာစွ..
    နွယ်ပင်ရှယ်လင်
    တကယ်ကြင်
    အလွယ်ထင်က
    မှားမယ်ဗျ…
    နွယ်ချိုမယ်ပျို
    စံပယ်လို
    အရွယ်ဆိုလှ
    နှစ်ကိုယ်တ….
    နွယ်ကြသွယ်ကြ
    တယ်အားကျ
    လက်မထောင်ပြ
    ကိုအာဂ….။

  • the best

    August 2, 2012 at 9:16 am

    ကိုအာဂနဲ ့မနွယ်ပင်
    “ရစ်လို့ ပတ်လို့ကောင်းဆဲ..။” မှသည်

    “ရစ်လို့ ပတ်လို့ ထာဝရ ခိုင်မြဲ…။” ပါစေ။

  • P chogyi

    August 2, 2012 at 11:02 am

    ပိုးကောင်မွှားကောင်တွေ တက်အောင်လုပ်တာလဲ
    ဒီနွယ်ပင်။
    အိမ်ထရံလေးစုတ်အောင်
    လုပ်တာလဲ ဒီနွယ်ပင်။
    သူကြီးက အမှိုက်မရှင်းဘူးဆိုပြီး
    အပြောခံရအောင်လုပ်တာလဲ ဒီနွယ်ပင်ပဲ။

  • Liquid_Sn@ke

    August 2, 2012 at 11:09 am

    (အဟိ ..ဝင်နောက်ဦးမှ…)
    အူးလေး အူးလေးကသာ အန်နီဗာစရီတွေဘာတွေမို့ထင့်..
    နွယ်ဘင်ရယ်.. ဘလာဘလာ့ဘလာ … လုပ်နေတာ…
    ဟိုကတော့ …ဖိလေတဲ့ ငပုပ် ..အဲ့လေ ဖုတ်လေတဲ့ငပိ …
    ကွန်းမန့်လေးဘာလေးတောင် ဝင်မရေးဝူး …
    ရင်ဘတ်ထဲက ဂ တို့ … နှလုံးသည်းပွတ်ထဲက ဂ တို့
    ပြန်လုပ်ဖို့ ဝေးဇွ…
    မိန်းမဒွေများဗျာ … နေနိုင်ရက်ကြတာ ပြောပါဒယ်…. 😳

    ဇဂါးမစပ်ပါ..
    တောက်စ် ခေါက်မယ့် သဂျီးကို ခွက်စောင်းခုတ်မယ့်
    ရွာ့ တူကလေး ဘယ်တော့ချီရမတုန်း သိဂျင်ဇမ်းဘာဘိ…အဟိ..

    ဤကား အဟိအစ အဟိ အဆုံး ကျွန်ုပ်၏ မူပိုင် လက်ရာဖြစ်တော့သတည်း..။
    လိမ့်ဘီ
    ဒက်ဂလောက် ဒက်ဂလောက်….

    • မွန်မွန်

      August 2, 2012 at 12:01 pm

      စကားမစပ်..သိပ်မကြာခင်မှာ Gas_Sn@ke ဖြစ်တော့မယ်ထင်တယ်… 😛 😛 😛

      • Liquid_Sn@ke

        August 2, 2012 at 12:15 pm

        မဖြစ်ပါဘူးဗျာ…
        Solid Snake နဲ့ Liquid Snake ဆိုတာ ကျနော် အလွန်နှစ်သက်ခဲ့ဖူးတဲ့
        Cloned လုပ်ထားတဲ့ .အမွှာညီအစ်ကို Game Character ၂ယောက်ပါ….

        နောက်ပြောင်းမယ့် Nick ကတော့
        [P*D]Red_Sn@ke(13) ဖြစ်ချင်ဖြစ်ပေမပေါ့ …
        :mrgreen:

  • mocho

    August 2, 2012 at 2:44 pm

    အာ ဂ ရေ
    ကောင်းလိုက်တဲ့ စိတ် ကူး လေး ပါလား ကွယ်။ ကဗျာလေး ရော ၊ ရွာ ထဲ တင် လိုက် တဲ့ စိတ် ကူး လေး ရာပေါ့။ အမှတ် တရ နေ့ တခုခု ရဲ့ နှစ် ပတ် လည် ထင်ပါရဲ့။

  • kyeemite

    August 2, 2012 at 4:30 pm

    မောင်အာဂနဲ့ မနွယ်ပင်
    ရာဇဝင်တင်အောင် ချစ်ခဲ့ကြသလို
    ရာဇဝင်တည်အောင်
    အဓွန့်ရှည်စွာပေါင်းဖက်နိုင်ကြပါစေကုန်သတည်း…

  • ကြောင်ဝတုတ်

    August 2, 2012 at 8:25 pm

    အမြဲတမ်း သူ့ယောင်္ကျားအရက်သောက်ပြီး
    အိမ်ပြန်မိုးချုပ်ရင် ငိုသံပါကြီးနဲ့ ဖုန်းဆက်တတ်တဲ့
    ညီမလေးနွယ်ပင်

    ပြောချင်ရာပြော လုပ်ချင်ရာလုပ်
    ပြီးမှ မိန်းမရယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး
    ချော့တတ်တဲ့အာဂ

    သူတို့နှစ်ယောက် အင်နီဘာစရီထင်လို့
    သေချာဖုန်းဆက်မေးတော့မှ မဟုတ်ဘူးတဲ့

    အဘရဲစည်အဖြေ မှားပါတယ်ကွယ်
    မနက်ကဖုန်းဆက်တော့ အသံကစပ်ဖြီးဖြီးနဲ့ ဒေါ်နွယ်ပင်က
    သူတို့အန်နီဗာစရီက (့) လပိုင်းကြမှတဲ့ဗျား
    ကိုဗိုက်ပြောသလို ဘီအီးသောက်ဖို့ချုပ်နေတာဖြစ်ကြောင်း

    အစီရင်ခံသူ
    ကြောင်ဝတုတ်

  • MaMa

    August 2, 2012 at 9:14 pm

    တစ်ယောက်တမျိုး မန့်နေကြတဲ့အထဲမှာ မောင့်မူပိုင်ရှင် နွယ်ပင်လေး ပေါ်မလာသေးတော့…..
    မောင်မောင်ဂ စိတ်ထဲ ဘယ်သူတွေ ဘယ်လိုမန့်ပေမယ့် စိတ်ထဲမှာ ဟာတာတာနဲ့ ကျေနပ်နိုင်ပါ့မလား…….. [:*]

    • ကြောင်ကြီး

      August 3, 2012 at 9:37 am

      ကဲကဲ ဂလောက် သိဂျင်နေရင် အိုဂျီစပါယ်ရှယ်လစ် ဒေါက်တာကြောင်ကြီးမှ (အက်ဖ်အာစီပီ၊ အမ်ဒီ၊ အင်္ဂလန် အမေရိကန် ဖင်လန်ပြန်) တရားဝင်ဖွင့်ဟ ကြေငြာလိုက်ပါ့မယ်။ မနွယ်ပင်နဲ့ ကိုအာဂတို့ရဲ့ နှစ်ရှည်လများ စိတ်လိုလက်ရ ထမင်းမေ့ဟင်းမေ့ အားမာန်အပြည့် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ချက် မကြာခင် အကောင်အထည် ပေါ်တော့မည်ဖြစ်ပါဂျောင်း…
      မြန်မာပြည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဌာနဝံကျီး သီရိနွားပျံချီဦးခိုင်မှလည်း လက်ခမောင်းခတ် ဂုဏ်ယူဝမ်းမြောက်ဂျောင်း သိရှိရသည်။

  • နွယ်ပင်

    August 3, 2012 at 9:58 am

    ဟီးးးးးးးးးးးး အမှန်က နွယ်ပင်လည်း အခုမှသိတာပါ .. (သိရင် သူများထက်ဦးအောင်
    အရင်လာရေးမှာပေါ့နော် … 🙂 )
    2 ရက်နေ့ မနက်က ကိုဖက်က စောစောစီးစီး ဖုန်းဆက်ပြီး နွယ်ပင့်တို့ အင်နီဘာစရီလားလို့ မေးတော့မှ
    နွယ်ပင့်နာမည်တပ်ပြီး ကဗျာရေးထားမှန်းသိတာပါ …. အမှန်က အထိမ်းအမှတ်နေ့အတွက်ရေးတာ မဟုတ်ဘူးထင်တာပဲ … ဂ ကသူ့စိတ်ထဲပေါ်လာတဲ့ အချိန် ကဗျာရေးတက်တော့ ဒီလိုပဲ ရေးလိုက်တာဖြစ်မယ်ထင်တာပါပဲ .. ဘာပဲဖြစ်ဖြစ် နွယ်ပင်တို့ကို ဆုတောင်းပေးတဲ့စာလေးတွေရေးပေးကြတဲ့အတွက် ရွာသူားတွေအားလုံးကို ကျေးဇူးတင်ပါတယ် …

  • Ma Ei

    August 3, 2012 at 10:49 am

    ကျွန်တော်က သူမ ကို
    သူမက ကျွန်တော်ကို
    ချစ်ခြင်းများဖြင့်……။

    ထာဝရ ခိုင်မြဲပါစေကြောင်း
    ဆုမွန်ကောင်းဖြင့်…

  • Shwe Tike Soe

    August 3, 2012 at 11:13 am

    ဟယ်………. အသဲရယ်……. ဟတ်ထိတယ်ဟယ်……..ခွီးခွီးခွီး…

  • Rose Minn

    August 3, 2012 at 11:28 am

    သူငယ်ချင်း အရင်းတွေမို့ နောက်ကျ ဆုတောင်းစကားပြောရတဲ့ အတွက် စောရီးပါ။ သယ်ရင်းတို့ရယ်။
    သယ်ရင်းတို့ နှစ်ယောက်ကိုမြင်တိုင်း အရမ်း ကိုအားကျနေမိတာ။ ဘဝကို ရဲရဲကြီးဖြတ်သန်းရဲတဲ့ တကယ် အာဂအတွဲလို့ မချီးကျုးပဲမနေနိုင်ဘူး။ အာဂလဲ တကယ်တော်တယ် နံမယ်နဲ့ လိုက်အောင်ပါပဲ။ နွယ်လည်း တကယ့်ကို အိမ်သူကောင်းပြီသပါတယ်။ နောင် နှစ်ပေါင်း တစ်ရာတိုင် ကျန်းကျန်းမာမာဖြင့် ဂျုနီယာ ဂတို့ ဂျုနီယာ နွယ်လေးတွေနဲ့ အတူ ဖိုးဂ နဲ့ ဖွား နွယ် ပျော်ရွှင်စရာမိသားစုကြီး ဖြစ်ပါစေလို့ ရင်ထဲက ဆုတောင်းပေး ပါတယ်နော်။

    Rose

  • R Ga

    August 3, 2012 at 5:34 pm

    ကျွန်တော် က ဒီကဗျာလေးကို တင်ပြီး အခုမှပဲ ပြန်ဖတ်ရတာပါ။ ဒီလောက်လည်း ကွန့်မန့်တွေရလိမ့်မယ်လို့မထင်ခဲ့ပါဘူး။

    အဟိအခုတော့ ပိုက်ဆံလည်းရ… မိန်မကိုလည်း ချုပ်ပြီးသားဖြစ်သွားလေရော…ဟိ ဟိ…။

    အခုလို ဝိုင်းဝန်ပြီး ဆုတောင်း၊ ဩဘာပေးကြတဲ့ လေးစားခင်မင်ရတဲ့ ရွှာသူရွာသားအပေါင်းကိုလည်း ကျေးဇူးတင်အပ်ပါတယ်။

    ဘာကြောင့်ကဗျာကိုရေးဖြတ်လည်းဆိုရင် ကျွန်တော်က ကဗျာတွေရေးပေမဲ့ သူမ အတွက်တော့ တစ်ခါမှ မစပ်ဖြစ်ခဲ့လို့ပါ။ နောက်အဲဒီနေ့ကလည်း

    သူအတွက်ကဗျာရေးချင်စိတ်လေး ပေါ်ပေါက်လာလို့ အမှတ်တရအနေနဲ့ ရေးဖြစ်တာပါ။(နည်းနည်းမူးနေတာလည်းပါမလားပဲ အဟိ..ဟိ..) ဒါပေမဲ့ အခြားလူတွေလည်းခံစားလို့ရအောင်လည်း ရေးထားသော်လည်း ကဗျာ နာမည်ကြောင့်။ ကဗျာ စာသားတွေက ပုဂ္ဂိုလ်ရေးဆန်သွားသလိုဖြစ်သွားမှန်း သိလိုက်ရပါတယ်။

    အားလုံးကိုကျေးဇူးတင်ပါတယ်။

    ပါတယ်။

  • manawphyulay

    August 3, 2012 at 5:51 pm

    ဆရာ သာဂတိုးက ဒီလိုပြောတယ် အာဂရဲ့
    နွယ်မြတ်သစ်ပင် ဆေးဖတ်ဝင်တဲ့….
    အာဂအတွက်တော့… ဆေးဖတ်ဝင်တဲ့
    နွယ်ပင်များ ရစ်ပတ်ထားဆဲလား….
    သည်း…. မောင်….
    ဖေကြီး…. မေကြီး….
    ဘိုးဘိုး… ဘွားဘွား…ခေတ်ထိပဲ ရှေ့ဆက်သွားကြမလား…
    ဝမ်းသာစွာနဲ့ လက်ခုပ်တီး အားပေးနေမယ်ဗျား…

Leave a Reply