Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အချစ်ကို စွန့်လွတ်ရမည့်အချိန်

si toneAugust 25, 20121min64620

*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်………….
တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့
လာခေါ်တော့ Si Tone သူ ့ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ ့စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး
မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်…………..
တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး
Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက
အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်….
တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပါွယ် မရှိတဲ့နေရာလေးပါ..
Si Tone နှစ်သက်ပါတယ် သူခေါ်သွားလို့ပါ….
အဲဒီနေရာမှာ Si Tone နဲ့ သူနဲ့ စကားတွေအများကြီးပြောပါတယ်…………… ခဏကြာတော့ သူရဲ့
နုတ်ခမ်းတစ်စုံက Si Tone ရဲ့ ပါးပြင်ပေါ်ကိုကျရောက်ခဲ့ပါတယ်……. Si Tone တကယ်ကိုရင်တွေခုံ
ပီး အရမ်းလဲပျော်ပါတယ်… သူ ့အနမ်းအတွက် Si Tone ဂုဏ်ယူခဲ့ပါတယ်….. ပြီးတော့ သူ ့ပါးစပ်ဖျား
က နေ ပြောခဲ့ပါတယ်… ဇာတ်သိမ်းလိုက်ကျအောင်တဲ့ ။ Si Tone ချက်ချင်းပင် မျက်ဝန်းလေးက
မျက်ရည်ဝဲ ခဲ့ပါတယ်… ပီးတော့ သူပေးခဲ့တဲ့ အနမ်းအတွက် Si Tone ဂုဏ်မယူချင်တော့ဘူး……
အဲဒါနဲ့ပဲ Si Tone သူ ့ကို ချစ်တဲ့ စိတ်ကလေးနဲ့ သူ ့နဲ့အတူ ဇာတ်သိမ်းလိုက်ပါတယ်… Si Tone ရဲ့
ရင်ထဲမှာ ဗလောင်ဆူပီး မွန်ကြပ်နေပါတယ်…. ပီးတော့ အဝေးက လာသော လေကို ရှူလိုက်တယ်
သူခေါ်လာတဲ့နေရာကို ကြည့်ပီး စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်.. “ ဒီနေရာလေးက ငါ့အတွက်
တကယ်ကို အဓိပါွယ်ရှိပါတယ်….”
Si Tone သူ ့ကိုကျေးဇူတင်ပါတယ်…. သူ Si Tone ကို လွမ်းရမဲ့နေရာလေးပြခဲ့ လို့ပါ…..
သူ Si Tone ကို တောင်ပန်းပါတယ်… သူ Si Tone ကိုထားခဲ့ရတော့မယ်ဆိုလို့ပါ…..
နောက်တော့ သူက Si Tone ကိုပြန်ဖို့ပြောလာတယ်……. Si Tone ခေါင်းတာညိမ့်လိမ့်ပါတယ်…..
ပီးတော့ Si Tone သူ ့ရဲ့စက်ဘီး အနောက်ထိုင်ခုံလေးမှာ ထိုင်ပီး ဖြေးဖြေးလေးနှင်းနေတဲ့ သူ ့ရဲ့
ခါးလေး ကို တင်းတင်းလေးဖက်ထားပီး သူ ့ကျောကုန်းလေးပေါ်ကို Si Tone ရဲ့ခေါင်းလေးမှီလိုက်ပါတယ်…
ပီးတော့ Si Tone ရဲ့ ရင်ခွင်ထဲမှာ ကဗျာလေးတစ်ပုဒ် ရေးဖွဲ ့လိုက်ပါတယ်…..
“ ပန်းပွင့်ဖို့အရေး ခက်ခဲပေမယ့်
ညှိုးတဲ့အချိန်ကတော့ ခဏလေးပါ
လူတစ်ယောက်ကို ချစ်ဖို့ခက်ခဲပေမယ့်
လူတစ်ယောက်ကို ခွဲခွာဖို့ကတော့ ခဏလေးပါ
ချစ်တဲ့သူနဲ့ ခွဲခွာရတာ အချိန်ခဏလေးပေမယ့်
အဲဒီလူကို မေ့ပစ်ဖို့က ခက်ခဲပါတယ်…”

Si Tone ရဲ့ ဇာတ်လမ်းလေးနဲ့ တိုက်ဆိုင်လို့ပါ……. အဲဒါကြောင့် ဒီပုံတင်ထားတာပါ

အဲဒီနောက်ပိ်ုင် Si Tone အချစ်ကို စွန့်လွတ်လိုက် ရပါတယ်……..
ကယ်…… ဒီရွာထဲက သူငယ်ချင်းတွေကော…. အချစ်ကို စွန်ု့လွတ်လိုက်ရတော့မယ်ဆိုရင်
ဘာလုပ်မလဲ…… ???????

Si Tone ကတော့ ရင်ထဲမှာပဲ ကဗျာလေးတစ်ပုဒ်ပဲရေးခဲ့ပါတယ်…….
Si Tone ရေးထားတဲ့ စာထဲမှာ… Si Tone နာမည်အစား စာဖတ်သူနာမည်ထဲ့ဖတ်လို့ရပါတယ်….

20 comments

  • si tone

    August 25, 2012 at 4:21 pm

    Si Tone ဒီစာ မှာ အဓိက ပြချင်တာက Si Tone ရဲ့ ကဗျာလေး ကို ဒီရွာထဲက သူငယ်ချင်းတွေကို ချပြချင်တာပါ……..

  • aung moethu

    August 25, 2012 at 5:18 pm

    စကားပြေ ဝတ္တုပုံစံရေးမယ်ဆို အတော်ကောင်းတဲ့ ပို့စ်လေးထွက်လာမှာပါ။ ခုစာကျတော့ ပို့စ်လို့ခေါ်ရမလား ၊ စကားပြေလည်း မဟုတ် ၊ စကားပြောလည်းမဟုတ် ၊ ပုံပြင်လည်းမဟုတ်။ ခံစားတစ်ခုကို အဖြစ်အပျက်တစ်ခုကို ရေးပြရင်း ရောသွားတယ်လို့ ထင်ပါတယ်.။ ဘာပဲဖြစ်ဖြစ် ခံစားချက်လေးပေါ့နော့်။

  • P chogyi

    August 25, 2012 at 6:05 pm

    အချစ်ကိုစွန့်လွှတ်လိုက်တာလား၊
    ချစ်သူကိုစွန့်လွှတ်လိုက်တာလား၊
    ချစ်သူကိုစွန့်လွှတ်လို့ရတယ်၊
    အချစ်ကိုစွန့်လွှတ်လို့မရဘူး။
    နိဗာန်ကိုမဝင်နိုင်သရွှေ့ ချစ်ခြင်း၊ မုန်းခြင်းရှိနေမှာပါ။

  • မောင်ပေ

    August 25, 2012 at 6:36 pm

    ဘာမှမပူနဲ ့တော့ ဆီတုံးလေးရေ
    ဒီနေ ့ကစလို ့ ဆီတုံးလေးကို ကိုပေ စဂျစ်မှာတော့မို ့
    စိတ်ညစ်စရာတွေအားလုံး မေ့ပစ်လိုက်ပါတော့ကွယ်
    ဟီဟိ

    • snow white

      August 26, 2012 at 4:37 pm

      လေးလေးပေဘာပြောတယ် စနိုးလေးကိုကောဟင် ။။။။

      ပို့စ်လေးဖတ်ရတာ ကောင်းပါတယ် တကယ်တော့ အချစ်က ကိုယ်ဘက်ကချစ်နေရပြီဆို ကိုယ့်ဘက်ကခံစားရတော့မယ် ဆိုတာ သိသာတယ် အရွယ်ရောက်လာတဲ့လူငယ်တော်တော် မျာများမှာပေါ့နော် အသည်းကွဲကျ ချစ်ကျကြိုက်ကျ ကွဲကျပြတ်ကျ ကြုံဆုံဖြစ်ပျက်နေတဲ့ လူလောကပါဘဲလေ ။။

  • မိုး မင်းသား

    August 25, 2012 at 6:56 pm

    ပန်းပွင့်ဖို့အရေး ခက်ခဲပေမယ့်
    ညှိုးတဲ့အချိန်ကတော့ ခဏလေးပါ
    လူတစ်ယောက်ကို ချစ်ဖို့ခက်ခဲပေမယ့်
    လူတစ်ယောက်ကို ခွဲခွာဖို့ကတော့ ခဏလေးပါ
    ချစ်တဲ့သူနဲ့ ခွဲခွာရတာ အချိန်ခဏလေးပေမယ့်
    အဲဒီလူကို မေ့ပစ်ဖို့က ခက်ခဲပါတယ်…….

    စီတုံးလေးရေ…….ကိုပေကလည်းစဂျစ်တော ့မှာမို ့ဘာမှမပူပါနဲ ့ကွာ…..

    ကိုပေတစ်ယောက်လုံးရှိနေပေးပါလိမ် ့မယ်…..

    ကြိုးစားထား…စီတုံးလေးရေ……အားပေးနေမှာပါ….

    ချစ်ခြင်းမေတ္တာဖြင် ့း)

  • si tone

    August 25, 2012 at 9:36 pm

    ကျေးဇူ တင်ပါတယ်…………. အားလုံးကို Si Tone ရှစ်ပါတယ်……………..

  • surmi

    August 25, 2012 at 11:36 pm

    အင်းးးးးးးးး ရှစ်ပါတယ်ဆိုတော ့
    ဒါ ဆွာ ၊ရေတာရှည် ၊တောင်ငူဘက်ကလေသံဘဲ
    ဒါမှမဟုတ်
    နှစ်လုံးထီဂဏန်းပေးတာလားးးးးး
    ဦးလေးတို ့ကတော ့မခံစားချင်တော ့ပါဘူး အဲဒီအချစ်ကြီးကို
    ပြုတ်စားလို ့မှမရဘဲနော ဟုတ်စ

  • ကြောင်ကြီး

    August 26, 2012 at 9:38 am

    နင်က ဘာဂေါင်လဲ..အင်ဂျီးလား အွန်ဂျီးလား ရှင်းရှင်းပြောစမ်း။ ငါ့မှာ ဖီလင်ဟတ်ကော့ဂျီး.. 🙁

    • Foreign Resident

      August 26, 2012 at 9:58 am

      ဦးကြောင် ၊ ဦးကြောင် ။ အခုတော့ မှတ်သွားပြီ မဟုတ်လား ။ 😀

    • kai

      August 26, 2012 at 3:42 pm

      ကျုပ်အမေအကြောင်း… တွေးနေမိတာတောင်ပျောက်သွားတယ်..
      တော်တော်ပြောင်တဲ့.. ကိုကိုကြောင်…
      စောစောမသိ.. ထိပဟ… :mrgreen:

      ( ဆိုတော့… Si Tone အနေနဲ့.. စိတ်မခုစေလိုပါဘူးနော.. ပျော်ပျော်ပဲပေါ့.. )

    • Inz@ghi

      August 27, 2012 at 1:45 am

      စိတ်ကိုပဲ ဒုံးဒုံးချ လိုက်ပါတော့ ကိုကိုကြောင်ရယ်

      အာ. ဟိ

  • YE YINT HLAING

    August 26, 2012 at 4:15 pm

    စက်ဘီး လေးနဲ့ ထိုင်ပြီး ဆွေးနေပုံ လေး မြင်လိုက် ရတော့ ရင်ဘတ်ထဲ က အိပ်မက်ဟောင်း အခွေထဲက လင်းနစ် ရဲ့ နေညိုချိန် သီချင်းလေး သတိရ သွားသဗျား !

  • etone

    August 26, 2012 at 7:39 pm

    ညီမလေး si tone ရေ

    အစ်မကတော့ အဲ့ဒီလိုနေရာသာ ခေါ်သွားခံရလျှင် အရမ်းကြီးစိတ်တိုပြီး ပါးကို ဘယ်ပြန်ညာပြန်ရိုက်မိမှာပါပဲ … အဟိ 😀 ဟုတ်တယ်လေ…ကတ်စေးနည်း ပြီးအဲ့လိုနေရာခေါ်လာတာကိုး ။ ရှောပင်းစင်တာလိုမျိုးဖြစ်ဖြစ် ၊ အစားသောက်တွေရတဲ့နေရာမျိုးဖြစ်ဖြစ်ဆိုတော်သေးတယ် ။
    သူမျက်နှာကြည့်ပြီး စားလို့မှမရ ၊ ဝတ်လို့မှမရတာ … အဟီး :mrgreen:

    အရမ်းချစ်တတ်ပေမယ့် ၊ အရမ်းလည်းဗိုက်ဆာတတ်တဲ့
    etone 😆

  • si tone

    August 26, 2012 at 8:00 pm

    ဟုတ်တယ်……….. Si Tone လဲမေ့သွားတယ်…………………………….

    • ကြောင်ကြီး

      August 26, 2012 at 8:10 pm

      အဆီကိုစား
      အသားကိုမြို
      ကြောင်ကြီးရယ်
      မြီးတံတို
      ဟိုလိုလို
      ဒီလိုလို
      အရိုးတော့
      မစူးပါရစေနဲ့
      စီတုံး နင်ဂ ဘာဂျီးလဲ.. 😥

      • Moe Z

        August 26, 2012 at 8:30 pm

        သများရဲ့မိတ်ဆက်တဲ့ပို့စ်ကိုသေချာလည်းမဖတ်ပဲနဲ့ လူဇိုး :mrgreen:

      • Mလုလင်

        August 26, 2012 at 11:20 pm

        ခုမှ .. ခုမှ .. မျက်ရည် လေးစမ်းစမ်း နဲ့ ..

    • etone

      August 26, 2012 at 8:14 pm

      အလကားစတာပါ ညီမလေးရယ် … စိတ်ညစ်နေတာဆိုလျှင် ပျော်အောင်စတာပါ … ။
      အချစ်ဆိုတာနဲ့ ပတ်သတ်လို့ စိတ်ထဲမှာ သိပ်ပြီး … ဟဲဗီးကြီးမခံစားစေချင်ဘူး … မချစ်တတ်လို့မဟုတ်ပါဘူး .. သူများတွေထက်ကို ပိုပြီးချစ်တတ်တဲ့အပြင် အစွဲလမ်းပါ ကြီးတတ်ပါသေးတယ် ဒါပေမယ့် … တစ်ခါတစ်လေ .. အဲ့ဒီစိတ်က ကိုယ့်ကို ပြန်ပြီး ပူလောင်စေတယ် ။ 🙄

  • သုရှင်

    August 27, 2012 at 11:06 am

    တစ်ချို ့များကျတော့လည်း ဘာရေးလိုက်ရေးလိုက် ဖတ်လို့ ကောင်းနေတာဘဲ
    ဒို့များကျတော့ ဘာရေးလိုက်ရေးလိုက်…………… ဒဿန နဲ့ ကိုမလွတ်ဘူး။
    ဟူး……..မောတယ်

Leave a Reply