ထီပေါက်ပြီး ထီလက်မှတ်ပျောက်သူ
မအူပင်မှာ ထီပေါက်တာ သိန်း ၆ဝ ဆိုလား ၈ဝ ဆိုလား … ထိုသူက ရူးနေတာတဲ့ … အရူးဆိုတော့ ထီလက်မှတ်ပျောက်သွားတာပေါ့လေ ထီလက်မှတ်ပျောက်သွားတာကြောင့် ပိုက်ဆံမရဘူးတဲ့ … သူတို့အိမ်က အရမ်းဆိုမှ အရမ်းကိုဆင်းရဲတယ်တဲ့ … သနားပါတယ်နော် … အဲ့ဒီထီလက်မှတ် သူပြန်ရရင်ကောင်းမယ် … ထီပေါက်ပါရဲ့နဲ့ ထီလက်မှတ်ပျောက်နေရတယ်လို့ … ထီပေါက်တာ ကုသိုလ်ကံကြောင့် ဘာအကုသိုလ်ကံကြောင့် ထီလက်မှတ်ပျောက်သွားတာလဲမသိဘူးနော် …
ကြားဖူးတာပေါ့ .. ကိုယ်ကလည်.လှူ သူများကိုလည်း လှူဖို့တိုက်တွန်းရင် နောက်ဘဝမှာ တိုက်တွန်းတဲ့အကျိုးကြောင့် အခြွေအရံပေါတယ် ။ လှူတဲ့အကျိူးကြောင့် ချမ်းသားမယ် ။။။ ဒါ့ကြောင့် ကိုယ်ကလည်းလှူ သူများကိုလည်း လှူချင်အောင် လှူဖို့အားနည်းနေသူကို တိုက်တွန်းပေးပါ ။ ကိုယ်ကပိုက်ဆံမရှိလို့မလှူဘူး … သူများကို တိုက်တွန်းတယ် လှူချင်လာအောင်ပြောတယ် ဆိုရင် နောက်ဘဝ ပိုက်ဆံမရှိတောင် အခြွေအရံရှိတယ် ။ သူများလှူတာကို ပိတ်ပင်မယ်ဆိုရင်တော့ နောက်ဘဝ အရပ်ပုပြီး လူစင်မမှီဘူးတဲ့ ။ တစ်ချို့ရှိတယ်နော် … လှူတာကို မနာလိုဖြစ်ပြီး ပိတ်ပင်တာလေ …
21 comments
nigimi77
April 5, 2011 at 8:34 pm
နင်ဟာ အယူတိမ်းလို ့နတ်စိမ်းဖြစ်။ ဟဲ့ စီလုတ်မ။ နင့် အယူဝါဒက ဘာလဲ ဆိုတာ ဆင်က လယ်ပြင်မှာ ပုန်းလျှိုး
ကွယ်လျှိုးသွားသကဲ့သို ့ ကွင်းကွက် ကွင်းကွက်ကြီး ပေါ်နေသကွဲ ့။
ယနေ ့မှစ နှစ်တစ်ရာတိုင် နင်နဲ ့ငါ ရန်သူ ဖြစ်လေ သတံ့။
etone
April 6, 2011 at 2:05 am
ဆရာကြီး 77 သွားစ နေပြန်ပြီ ။ ဟိုက ဒေါမကီးလို့ တော်သေးတယ် … ။
ပွဲဆူအောင် မလုပ်ပါနဲ့ အေးဆေး နေပါစေလား ….. 😀
Gong Zhu
April 5, 2011 at 9:22 pm
အလှူအတန်း လှူဖို့တိုက်တွန်းတာ ရန်သူဖြစ်တယ်ဆိုတာတော့ သိပ်မရှင်းဘူး … ဒါပေမယ့် သူများရန်မူတိုင်း ကိုယ်က ရန်မများချင်ပါဘူး … ရန်ကိုရန်နဲ့ တုံ့ပြန်နေရင် အမုန်းသံသရာထဲမှာပဲ တဝဲဝဲ လည်နေတော့မှာပေါ့ … သည်းခံခြင်းသည် အောင်မြင်ရာ၏ တဲ့ … nigimi77 ဘာပြောပြောပါ ကိစ မရှိပါဘူး … ကိုယ့်စိတ်တွေပဲ ပူလောင်ရုံပဲရှိပါလိမ့်မယ် …
nature
April 6, 2011 at 12:00 am
Gong Zhu ရေ nigimi77 ကအရပ်ပုတယ်ထင်တယ်။လှုတာကိုမနာလိုဖြစ်ပြီး ပိတ်တာထက် နှမြောပြီးပိတ်တာကပိုများမယ်ထင်ပါတယ်။
etone
April 6, 2011 at 2:18 am
မအူပင် ဘယ်နားက အရူးလဲ … ။ မအူပင်မြို့က တကယ့်ကို ကျဉ်းကျဉ်းလေးပါ … လမ်းလျှောက်သွားလျှင် ၁နာရီခွဲလောက်ဆို ကမ်းနားလမ်း တပတ်ပတ်လို့ ရပြီလေ … ။ နေလို့ ကောင်းတယ် … ရိုးသားကြတယ် ….။ ဒီနှစ်တော့ အဲ့ဒီမှာ အနားသွားမယူဖြစ်ပါဘူး … အိမ်မှာပဲ နေရမှာ 🙁
ဆူး
April 6, 2011 at 5:02 am
မအူပင် သားတွေ ပြောတဲ့ စကား ရှိတယ်.. တစ်အိမ်က အီးပေါက်သံကြားရင်တော့ ဘယ်အိမ်ကလဲ မှန်းလို့ရတယ်တဲ့..
မအူပင်သား ငါးခူကင်စား.. ဟဲဟဲ.. မအူပင်တော့ အရင်က ခဏခဏ ရောက်တယ်။
မမလေး
April 6, 2011 at 7:22 am
မသိဘူး မအူပင်ဘယ်နားလဲတော့ မမေးလိုက်ဘူး … မအူပင် သမီးမှ မရောက်ဖူးတာ … ပြီးတော့ အရူးဆိုတော့ လက်မှတ်ကို ယောင်ပြီး ဖြဲမိလား … လွှတ်ပစ်မိလား သူကိုယ်တိုင်ကိုက သေသေချာချာမသိဘူးတဲ့ …
dream
April 6, 2011 at 8:17 am
မလှူရင် အရပ်ပုတယ်ဆိုတော့
အလှူအတန်းလုပ်တဲ့လူတွေကျတော့ အရပ်ကြီးများ နင်းကန်ရှည်နေမလားမသိ
တွေးမိတာပြောတာပါနော် 🙂
မမလေး
April 6, 2011 at 1:45 pm
အိပ်မက် မလှူရင် အရပ်ပုတာမဟုတ်ဘူး … သူများလှူတာကို ကိုယ်ကသွားပြီးပိတ်ပင်တာတို့ တားမြစ်တာတို့ဆိုရင် အရပ်ပုတာပါ …
ကြေးမလောင်
November 28, 2011 at 5:03 pm
ကြေးမလောင် ထီပေါက်ရင် သိပ်ကောင်းမှာပဲ။ ရူးတော့ မရူးချင်ဘူး။
inz@ghi
November 28, 2011 at 5:51 pm
ကြောင်မလေးတော့ မသိဘူး
ခွေးမလေးတော့ အိမ်မှာရှိတယ် …ခစ်ခစ်… (ကြွားဒါ….)
တနားလို့ခေါ်တင်ထားဒါ…
ဘတ်
လကုန်ရင် ကန်ချရတော့မယ်….
:'(
(ပါဠိလို မန့်သွားခြင်းဖြစ်ပါသည်သဂျီးတို့ ကစ်သိုတို့ အလွယ်တကူဖော်နိုင်ပါလိမ့်မည်….ဟီဟိ)
thit min
November 28, 2011 at 6:12 pm
နရုဟိုဒို၊ ဆိုင်ရှောကာရ စိုးတို့ အိုမို့တ ခဲ့သို နဲ။(^^)
ခါဝါအိအိ ဒက်ရှော။ အွန် ခဝအိကူနိုင်း တို့ ဒမဲမိတိုင်းကာရ။
ဒကာရ အဝေးကွင်း(မို့)၊အိမ်ကွင်း(မို့)နိုင်းရော အိတ ဒခဲ။
ရှိငိုတိုမို့ ၊ ဂေဇက်မို့၊ ခနိုဂျိုမို့ အွန်း အိစိုးဂရှိဒဝ။
ဝါ ခတ်တဝ။ မိုး အာဝါနိုင်း နနို။ နန်းဒဲ့ ဂဲဆု မတ်ဆုဒဲ့ အို ဝါရိတဲ့ နန်းနော့ အိမိ?
ဦးဖွတ်ကျား
November 28, 2011 at 6:37 pm
လိယူး တို့ရှိတဲ့ဝ ဖုတဆု အရု ရော်
ဟိတိုစုမဲ့ဝ [နဇဲ့]တို့[ဒကာရ] နို မွန်းဒိုင်းဒ
ခနိုဂျော် နို စုဘဲ့တဲ့နို [နဇဲ့] အို့ ဘိုခု နို စုဘဲ့တဲ့နို[ဒကာရ] ဂ ခိုင်းခဲ့ဆု ဒဲခီမဟန်း ဒဲ့ရှိတ…
ဖုတဆုမဲ့ ဝ, အိကျိငတ်ဆု ကာလ ဘီရုမာ နို ခနိုဂျော် က ခိုချိ ခုရု ယိုတေး ဂ
ခီမလီ ဒဲ့ရှိတ နိုဒဲ့ ……..မိုးရှိဝါခဲနိုင်းဂ ရှောဂ နိုင်း ဒ …
ဂျူးနိငတ်ဆု ချူးဂျွန်းဒဲ့ ဇန်းဘု ဂျွန်းဘီ ရှီ နခယ…
:D:D:D:D
အိဂျော်ဒက်စ်
thit min
November 28, 2011 at 6:52 pm
စိုး နန်းဒ။ ဆိုယူး ဥရုဆိုင်းဝ ရောကု ဝကာရိမတ်ရှိတ။ဟွန်းတိုး ရဒါ။
ဂျ ဂမ်းဘတ်တဲ့ ကန်းပီကိနိ ရှိတဲ့ကူဒါဆိုင်း။
အိမ မဒဲ့နော့ခိုတိုဝ အိုမဲဒဲ့တိုး။ ခိုရေကာရ နော့ကိုတိုဝ “တိုင်းဟဲန်းဒနဲ” တို့ အိအိတိုင်းဒက်စ။(^^)
😀
windtalker
November 28, 2011 at 8:43 pm
ဂျားကစ် စားဖူးသလီး
မစားဖူးရင် ဒေါ်တုတ်စိန် ဆီမှာ သွားစား
ဦးဖွတ်ကျား
November 29, 2011 at 10:56 am
ဆိုးဒ နဲ ..အဲ …..ဆိုရေခါရ …
ဥဂိုးခိ ဂ ဟွန်းတိုးနိ ခိဘိရှိကု နရု ဟဇု….
နဂိုယာ အီဒိုး အိလိုင် တေဲးအန်း ရှိတန် ဒက်စ်ဂ..
ဂျောဟိုး ရှူးရှူ တမယ် တိုကီယို နိ အီ နခယ တဲ့
ဟွန်းဘုချောကာရ အီဝလဲတဲ့…ရှိမတ်တ ရော်
မား …ရှောဂနိုင်းဂျန်…
အိရှော်နို ခိုင်းရှ ဂျနခတ နိုဒကဲ ဆိုင်းဝိုင်းဒဝါ
ကျနော်တို့ ရဲရဲတောက်နေဘီ ဆြာသစ်ရေ့
တော်တေးဘီ ….
ကြောင်ကြီး
November 29, 2011 at 11:45 am
ခူးရားဘက်ကဲရိုး…စီပန်းလန်ကျောက်…ခါလာခါတီးယား…အာမီဂို ကေပါးစား…အာဗျန်တိုး ဝီဝီ…တိုက်ကွမ်တို ချန်ဒူးဝှမ်…ဆဝါဒီခတ် ချင်းမိုင်မဲဆောက်…
naywoonni
November 28, 2011 at 5:51 pm
သူများလှူတာကို ကိုယ်ကသွားပြီးပိတ်ပင်တာတို့ တားမြစ်တာတို့ဆိုရင် အရပ်ပုတာပါ …))) ဆိုတော့ မလှူသင့်မလှူထိုက်လို့ လှူရမဲ့နေရာမဟုတ်လို့ အလှူခံပုဂ္ဂိုလ်နဲ့ လှူမဲ့ပစ္စည်းနဲ့ မအပ်စပ်လို့ တာမြစ်တယ်ဆိုရင်ကော…….
ကြောင်ကြီး
November 29, 2011 at 12:12 pm
သူများက စင်ကြယ်သဒ္ဓါစိတ် ဖြစ်နေချိန်မှာ သွားရောက်ပိတ်ပင်ရင် အပြစ်ရှိတယ်။ မြတ်စွာဘုရားလက်ထက်မှာ ရဟနာ္တတပါး အရပ်အတော်ပုရတဲ့ အကြောင်းသည် အတိတ်ဘဝတခုမှာ (ဆရာနီထင်သလို) မသင့်လို့ထင်တဲ့ အလှူတခုကို သွားပိတ်ပင်ခဲ့လို့။။။။ ဒီနေရာမှာ တခုရှိတာ ရဟနာ္တပုဂ္ဂိုလ်လောင်းသည် မှန်တယ်ဆိုပေမဲ့ တားလိုက်စဉ် စိတ်မှာ ဒေါသသင့်နေသလား မရှင်းဘူး။ စိတ်သာရှင်စော ဘုရားဟောလို့ အဆိုရှိတယ်။ မျက်မမြင် ရဟန်းတပါး စင်္ကြန်လျောက်စဉ် နင်းမိလို့ ပိုးကောင်များ သေကြေပျက်ဆီးရတာကို အပြစ်မရှိလို့ ဘုရားခွင့်လွှတ်တယ်။ ရှေးဘုရားတဆူလက်ထက် စေတီပရဝုဏ်ကို ပုံမှန်သန့်ရှင်းရေးလုပ်တဲ့ အမျိုးကောင်းသမီး ခြေမသန့်စင်ဘဲ ဘုရားဝတ်ပြုမိတဲ့ ရဟန်းတပါးကို ဆဲရဲတိုင်းထွာမိလို့ ပြန်ခံရတာ စာထဲမှာ အထင်အရှားရှိတယ်။ ဒီတော့ မှန်မမှန်အပြင် ဖြစ်ပေါ်နေတဲ့ စိတ်နဲ့လည်း ဆိုင်ပါအုံးမယ်။ တရားသဘောနဲ့ပြောရင်တော့ ကံပြုစဉ် ငါဆိုတဲ့ အတ္တပါသလား၊ ပါခဲ့ရင် ကုသိုလ်၊ အကုသိုလ် စိတ်ပေါ်မူတည်ပြီး အကျိုးပေးပါမယ်။ လှူသူက မမှန်ပေမဲ့ ငါအတ္တပါနေလည်း ဒါနအလုပ်ဖြစ်လို့ ကုသိုလ်အကျိုး အနည်းအများ စံစားရမယ်။ တားသူကတော့ မှန်သော်လည်း ငါအတ္တနဲ့ဆိုရင် အကုသိုလ်အကျိုး အနည်းအများ ခံစားရမယ်။ အရိယာခြင်းတောင် အဆင့်နိမ့်သူက အဆင့်မြင့်သူကို မသိလို့ ပြစ်မှားမိရင် ရှေ့ဆက်ဖြစ်မဲ့ညဏ်ပိတ်တယ်လို့ လေနာထနေတဲ့ ရဟနာ္တတပါး ဆွမ်းခံကြွအပြီး လမ်းမှာ ဆွမ်းဘုမ်းပေးနေတာကို မသင့်တော်ဘူးလို့ စိတ်ဖြစ်မိတဲ့ သောတာပန်ရဟန်းတပါး အချိန်မှီတောင်းပန်ရတာ စာထဲမှာရှိတယ်။
ဒီတော့ ကိုယ့်စိတ်ကိုယ်စစ်ကြည့်ပေါ့ဗျာ။ ကန့်ကွက်စဉ် မိမိစိတ်က ဖြူစင်သန့်ရှင်းနေသလား၊ မကြိုက်လို့ ပြောမိသလား၊ ငါမှန်တယ်ထင်လို့ ပြောမိသလား ဆိုတာ။ ကျနော့်အမြင်တော့ အတ္တကင်းနေရင် ဝင်ကိုမပြောတော့ဘူး။ ဒီတော့ အပြစ်လည်း မဖြစ်တော့ဘူးပေါ့။ အတိတ်ဆုတောင်းပါလို့ တရားဟော၊ ဆုံးမပေးနေရတဲ့ အရိယာများကတော့ စိတ်ထားတတ်နေပြီမို့ သူသူငါငါလိုနဲ့ မနှိုင်းသင့်ကြောင်း ထင်ပါတယ် ဆရာနီခင်ဗျား။။။
aye.kk
November 28, 2011 at 6:14 pm
အရုုးထီဘယ်လိုထိုးလဲမသိဘူးနော် အသိစိတ်ကင်းမဲ့နေတဲ့သူထိုးတာဒီတခါဘဲကြားဘူးလို ့အထူးအဆန်း
တော့ဖြစ်မိပါတယ် စေတနာသုံးတန် အရင်းခံမရှိတဲ့သူကိုလှူဘို ့တိုက်တွန်းမိရင်ကိုယ်ကစိတ်ပင်ပန်းတာဘဲ
ရှိမယ် သူလဲအကျိုးမရှိဘူးပေါ့လေ..လှူတာကိုပိတ်ပင်တာငရဲမကြောက်လို ့ဘဲဖြစ်မှာပါ..အမြင်လေးကိုပြော
ပြမိတာပါ..။
blackchaw
November 28, 2011 at 6:21 pm
အော အရူးတွေက ပိုပြီးထီပေါက်တတ်တယ်ဗျို့ aey.kk ရေ။
ထီခဏခဏ ပေါက်တဲ့ အရူး တွေ့ဘူးတယ်ဗျ။