ကျွန်တော့…ကျေးဇူးရှင်(အပြီး)။။
ပထမနေ့ ရဲ့ အဖွင့်အစီအစဉ်နဲ့တင် ကျုပ်တော့နည်းနည်းဖြုံသွားပြီး ဒီပုံဆိုမဖြစ်ချေ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို သူတို့က ဆောက်နဲ့ထွင်းနေတာမဟုတ်ပဲ ပုဆိန်တွေနဲ့ပေါက်နေသလားအောင်း
မေ့ရတယ်ဗျ ကျုပ် အလုပ်ဆက်ဆင်းဘို့ မဆင်းဘို့ စဉ်းစားနေရတယ် ဒီလိုကြီးနေတိုင်းဖြစ်နေကြတာလား
ပြသနာတော့ တစ်ခုခုရှိလေမည် ကျုပ် အိမ်ကထွက်လာပြီး အလုပ်ထဲမဝင်သေးဘဲ စက်ရုံလမ်းထိမ်ကလက်ဖက်ရည်ဆိုင်ထိုင်
နေလိုက်တယ် သွားရင်ကောင်းမလားမသွားရင်းကောင်းမလား အိုကွယ်ဘာပဲဖြစ်ဖြစ်သွားချေမှကောင်းမယ် တစ်ရက်နဲ့အလုပ်
ထွက်တယ်ဆို သူငယ်ချင်းတွေကြား ပြောရတာအတော်မကောင်းတဲ့အဖြစ်တော့ အဖြစ်မခံနိုင် ကျုပ်လဲ ဘာပဲဖြစ်ဖြစ် စွန်လွှတ်စွန်းစာတဲ့စိတ်နဲ့ ခပ်တည်တည်ကြိတ်ရတော့မှာပဲလေ…
ရုံးပေါ်ရောက်တယ် ဆိုရင်ပဲ အိတ်ကလေးအသာချပြီး စာရေးမတွေမျက်နှာလိုက်ကြည့်မိတယ် အေးဆေးပဲ ရေမွှေးသယ်ကြီး
ကတော့မလာသေးပါဘူး..
““အကို မနေ့ က တော်တော်လန့်သွားလား”
““မလန့်ပါဘူးဟာ..နင်တို့ကိုမျက်နှာပူလို့ပါ””
“အောင်မလေးဒါက ..နေ့တိုင်းဖြစ်နေကျလေ””
““ကျမတို့ကတော့အေးဆေးပဲ..အခုတောင်သူ့အကြောင်းပြောနေတုံးအကိုရောက်လာတာ””
““အေးဟာနင်တို့ကနေ့တိုင်ရန်ဖြစ်နေမှာလား….ငါမနေတတ်ဘူးဟ””
““အဲလိုပဲ အကိုရေး ရောက်လာတဲ့ယောကျားလေးတွေပြေးတာပဲ မ ယုံအကိုအံဆွဲထဲကဖိုင်မှာရှာကြည့်””
ကျုပ်အံဆွဲထဲ ရှာကြည့်မိတော့ များလိုက်တဲ့ စီဗွီဖောင်တွေ ဒါပေမယ် စီဗွီတွေ ဖောင်ထဲက လူအကုန်လုံဟာ အလုပ်ဆင်း
ရက် (၁၀)ရက်ထက်မပိုပဲ အလုပ်ထွက်သွားကြတဲ့လူတွေချည်ပါပဲ တော်တော် တော့ အံဩဘို့ကောင်းသားဗျ တစ်ခုခုတော့
လွဲနေပြီဆိုတာသေချာနေပြီလေ ဒီလိုနဲ့ကျုပ်လဲ ဆုံးဖြတ်ချက်ချမိတယ် အလုပ်မပြုတ်မချင်းအလုပ်မထွက်တော့ဘူးလို့ပဲ
ခဏ အကြာမှာတော့ ရေမွှေးသယ်အန်တီကြီးလာပါပြီ အရင်ပုံစံပါပဲ အဝင်ဝထဲက စာရေးမအားလုံးကိုမျက်စောင်းထိုးပါတော့
တယ် ကျုပ်လဲ အသာလေးညိမ်ပြီးကြည့် နေလိုက်တယ် ထူးဆန်းတာကဒီနေ့ ဘာပြသနာမှရှာစရာမရှိတာပဲ ကောင်မလေးတွေ
ကလဲညိမ်နေကြတယ်လေ ကျုပ်လဲ ကျုပ်ကိစ္စလုပ်စရာရှိတာလေးတွေလုပ် အနှစ်နှစ်အလလ ဒီတိုင်းစုပေါင်းတွဲချုပ်ထားတဲ့
ကျုပ်အလုပ်နဲ့ပါတ်သက်တာတွေကို ဖိုင်အလိုက် သပ်သပ်ရပ်ရပ်တွဲ လအလိုက်သေသေချာချာချုပ် ဇယာတွေဆွဲ နှစ်ချုပ်တွေ
လုပ်နိုင်ဘို့ ပြင်ဆင်နေလိုက်တယ် ဇယားတွေကိုယ်တိုင်ဆွဲတယ် ဆိုလို့ အဲဒီအချိန်က ကျုပ်တိုရုံးမှာ ကွန်ပြူတာဆိုလို့ တစ်
လုံးပဲရှိတာကလားဗျ အဲဒီတစ်လုံးကလည်း ဒီရေမွှေးသယ်အန်တီကြီးတစ်ယောက်ပဲ ကိုင်တာတွေ့တာပဲလေ ရှင်းရှင်းပြောရ
ရင် ကျုပ်ကအေးဂျင့်သာလုပ်နေတာ ကွန်ပြူတာဒီလောက်မသိ အရင်ကလုပ်စရာရှိရင် ကွန်ပြူ တာဆိုင်အပ်လိုက်တာကိုဗျ
အခု အလုပ်ထဲက ကွန်ပြူတာကလဲ ကျွန်တော့် အထင် ခပ်စုတ်စုတ် နေပါလိမ်မယ် (နောက်မှ သိတာ Window 98 ဆိုလား)
ဘာပြသနာမှမရှိလူးလို့ ထင်ခဲ့တဲ့ကျွန်တော်ဟာ ကျွန်တော်သိပ်နားမလယ်တဲ့ အဲဒီကွန်ပြူတာအစုတ်တစ်လုံးကြောင့်ပဲ
ပြဿနာစတော့ တာပဲဗျ..
““ကောင်မလေးတွေ ငါကိုအတန်းတက် စာအုပ်တွေပေး ကွန်ပြူတာနဲ့သွင်းရမယ်””
ကောင်မလေးတွေ ကိုယ့်ဆိုင်ရာဆိုင်ရာ စက်လိုင်းအလိုက် စာအုပ်လေးတွေလာထပ်ကြတယ်လေ စာအုပ်တွေစုံပြီးဆိုတာနဲ့
ဒီအန်တီလဲ ကွန်ပြူတာကိုဖွင့်လိုက်ပါတော့တယ် ဟုတ်ကဲ ကျွန်တော်သိသလောက်ပြောရရင်တော့ ကွန်ပြူတာကိုTurn Off
လုပ်ပြီးမပိတ်ပဲ ပါဝါခလုပ်ကိုပဲ ဒီတိုင်းပိတ်ပစ်လိုက်လို့ နောက်တစ်ကြိမ်ပြန်ဖွင့်ရင်ပေါ်လာတတ်တဲ့ Progrem Page ပြာပြာ
ကြီးပေါ်နေတာကို တွေ့လိုက်တယ်ဆိုရင်ပဲ ပြဿနာစတက်ပါတော့တယ် ..
““ဟဲ့…ကောင်မတွေ မနေ့ကကွန်ပြူတာဘယ်သူကိုင်လဲ””
““ဘယ်သူမှမကိုင်ဘူး”” သံပြိုင်ဖြေလိုက်ကြတာပဲဗျ ဒါမျိုးကျ လူညီသား
““ဟဲ့ ..မကိုင်ပဲနဲ့ ဒီလိုဖြစ်စရာအကြောင်းမရှိ ဘူး ကောင်မတွေကိုက ဗျောင်လိမ်ဗျောင်စားဟာမတွေ””
““ဘယ်သူမှလဲမကိုင်ပဲနဲ့များ””
““မကိုင်ရင်ဖြစ်စရာ အကြောင်းကိုမရှိဘူး ..နင်တို့အဆင့်နဲ့ကိုင်စရာကို အကြောင်းမရှိဘူး ကောင်မတွေကိုက ငါ့စာရင်းတွေ
တစ်ခုခုပြောင်းထားကြည့် နင်တို့တော့တွေ့ပြီမှတ်””
အဲဒီကစပွဲကြမ်းကြတော့တာပဲဗျို့ ခဏနေတော့ ရေမွှေးသယ်အန်တီကြီးကပဲ ကျုပ်ကိုတာဝန်ပေးပါတော့တယ်..
““ငါ့မောင်..အန်တီကို လူစာရင်းခေါ်ပေးအန်တီနဲ့ပြန်တိုက်စစ်မယ်””
““ဟုတ်ကဲ့””
ကျုပ်နဲ့သူ ကွန်ပြူတာတစ်လုံးရှေမှာ လူစာရင်းတွေစစ်ကြရပါလေရောဗျို့ အဲဒီကစကျုပ်ဒုက္ခရောက်တော့တာပဲလေ
ကျုပ်က စာရင်းစာအုပ်ကြည့် သူကကွန်ပြူတာကြည့် ကျုပ်ကနာမည်ခေါ်ရင် သူကတိုက်စစ် လူပိုနေရင် နောက်ကစာရေးမ
တွေကို လှည့်ဆဲ လိုက်သေးတယ် ဟိုစာရေးမတွေကလဲပြန်ပြောပေါ့ လူလိုနေပြန်တော့လဲ တစ်ခါ ဆဲတာပဲလေ ဟိုမိန်းကလေးတွေကလဲ မခံပါဘူးပြန်ပြောတာပဲ သူတို့ကမှတော်သေးတော့တယ် ကျုပ်မှာတော့ ထွက်ပြေးရင်ပြေး မပြေးရင်
သေလိုက်ချင်တော့တာပဲလေ ဒီအန်တီကြီးနားကပ်ထိုင်နေရတော့ သူဆီကကြောင်သေးနံရယ် ဂျိုင်းချွေးနံတွေက မခံမရပ်
နိုင်အောင်ကျုပ်ကို ဒုက္ခပေးတော့တာပါပဲ ကျုပ်လဲ နှာခေါင်းကို သူမသိအောင် အသာလေးပိတ်ပေါ့ သူကများကျုပ်ဘက်လှည့်
ပြီးစကားပြောလိုက်တဲ့ အချိန်ဆို ကျုပ်က အသာလေးအသက်အောင့်ထားလိုက်တာပဲ အဆိုဆုံးက အဲဒီ အာပုပ်နံ့ပါပဲ ကျုပ်
ဘယ်လိုမှမခံစားနိုင်ဘူးလေ အသက်အောင့်လိုက် လွတ်သွားရင် နံလိုက် ကိုယ်ခန္တာကိုလည်း သူနဲ့ အတန်ငယ်ဝေးအောင်
ရယ် ပါစပ်အနံ့ မရအောင်ရယ် လိမ်လိမ်ကြီးလုပ်ထားရလွန်းလို့ ခါးတွေကိုနာလို့ အဲဒီအနံ့ကြီးကိုရှောင်ရတာရယ် သူစကား
လှည့်ပြောချိန်ကြာလို့ အသက်အောင့် ထားရတဲ့အချိန်တွေများလာလို့လာမသိဘူး လူတစ်ကိုယ်လုံဇောချွေးတွေ ပြန်ပြီး
ခေါင်မူးသလိုလို ခေါင်းကိုက်သလိုလို ညီးစီစီကြီးဖြစ်လာပြီး မူးလဲမတတ်ပါပဲ…ကျုပ်လဲဆုတောင်းလိုက်ရတာ ဒါကြီးမြန်မြန်
ပြီးပါစေလို့ပေါ့ ….။။
ဒီထက်ထူးခြားတာတစ်ခုရှိသေးတယ်ဗျ ဒီအန်တီကြီးက တစ်ခါမှမထင်းချိုင့်ယူလာတာကိုမတွေ့တာပါပဲ ကျုပ်လဲရုံးသွားရင်
ထမင်းချိုင်မယူပါဘူး အပြင်မှာဝယ်စားလိုက်တာပါပဲ ရုံးပိတ်ရက် စနေလိုနေ့မျိုးလဲ အပြင်ကပဲမှာစားလိုက်တာပါပဲ ဒီအန်တီ
ကြီးကတော့ ဒီလိုမဟုတ် ထမင်းချိုင့်လုံးဝမယူလာတဲ့အပြင် အပြင်ကလဲဝယ်မစားပါဘူး ထမင်းစားချိန်သူစားနေတတ်တာက
ဦးချိန်တီရက်ဆားတွေပဲဗျ ထူးထူးဆန်းဆန်း ထမင်းဆာရင်လျှက်စားလျှက်ပြီးရေသောက်နေတော့တာပဲကျုပ်ဖြင့်သူကိုယ်စား
ကြည့်ပြီးစိတ်မချမ်းသာလိုက်တာလေ ဒီလိုနဲ့ (၃)ရက်လောက် သူရဲ့ ရေမွှေးနံကိုအလူးအလဲခံပြီး အဲဒီလစာစာရင်းကြီးလဲ
ပြီးပါတော့တယ် ။ ဒီကြားထဲကျုပ်လဲ ကိုယ့်လုပ်ငန်းလုပ်စရာရှိတာလုပ်ပေါ့ ဒီလိုနဲ့ ကွန်တိမ်နာတွေ ပြန်လည်အင်ပို့ လုပ်ရ
ပြီးဆိုတော့ ကျုပ်နဲ့ အတူ ဒီအန်တီကြီးကအပြင်ကို လိုက်ပြီးလုပ်မယ်ဆိုတော့ အံဩမိသားပဲဗျ သူကဘာမှသိတာမဟုတ်ပဲ
ဘာလိုက် လုပ်မှာလဲပေါ့ ဒီလိုနဲ့ သူနဲ့ကျွန်တော် တစ်လလောက်အပြင်ကိုအတူတူသွားဖြစ်တာပါပဲ ကျုပ်တို့ရှစ်ပင်ဆိုတာက
လဲ ရုံးရောက်တာနဲ့ အပြင်ထွက်ဘို့လောက်လမ်းကြောင်းရှာနေတတ်တာကလားဗျ Shipping ကိစ္စများရှိ့လို့ကတော့
အပျောက်ပဲလေ ပြန်ကိုယ်မလာတော့တာပဲ ဒီရေမွှေးသယ်အန်တီကြီးက ကျုပ်နောက်ကိုလိုက်တာလဲ အကြောင်းရှိတယ်ဗျ
သူကလဲ ရုံးမှာထိုင်မနေချင်ဘူုးလေ ကျုပ်နဲ့အတူ ရုံးကိစ္စအကြောင်းပြ အပြင်လိုက်လာ မြို့ထဲရောက်တော့မှ လက်ဖက်ရည်
ဆိုင်ထိုင်ခဏနေတော့ သူအိမ်ပြန်သွားတော့တာပဲ ကျုပ်ကတော့ လုပ်စရာရှိတာတွေလုပ်ပေါ့ ..။။။
ဒီလိုနဲ့(၂)လလောက်ကြာတော့ မှတ်မှတ်ရရတစ်ခု ရှိခဲ့သေးတယ်ဗျ သူကနေ့တိုင်းတော့ အပြင်မလိုက်ပါဘူး လစာပေးတဲ့
ရက်မျိုး လစာတွေတွက်တဲ့ရက်မျိုးမှာ သူစာရေးမတွေနဲ့ နပန်းလုံးရန်ဖြစ်ကျန်ခဲ့တတ်တာပဲလေ ကျုပ်ကတော့ အကြောင်း
မရှိအကြောင်းရှာထွက်တော့တာပဲ ဒါကလဲ အပြင်မထွက်ရမနေနိုင်တဲ့ရောဂါပဲဗျ ရုံးမှာထိုင်နေရတာကို အကျဉ်းကျနေတယ်
လို့ ခံစားမိတာလဲပါတာပေါ့ .။။
တစ်နေ့ညနေပိုင်း ကျုပ် ဆိပ်ကမ်းကနေကွန်တိမ်နာကြီးထုတ်ပြီး စက်ရုံလွှတ်လိုက်ပြီဆိုတဲ့
အကြောင်းဖုန်းဆက်လိုက်တော့ ..ဒီအန်တီကြီးက
““ငါ့မောင်ရေ ..လုပ်ပါအုံး စက်ရုံနားမှာမီးလောင်နေပြီ..မီးတော်တော်ကြီးတယ်ကွဲ့…မင်းပြန်လာခဲ့ပါလား””
ကျုပ်လဲ နည်းနည်းစိတ်ချဉ်ပေါက်သွားတာနဲ့ ဘုကလန့်လုပ်လွှတ်လိုက်မိတယ်
““အော်ဟုတ်လားအန်တီ..မီးသတ်ကားတွေလာပါလိမ်မယ်..သူတို့က မီးလောင်ရင်ဘာလုပ်ရမယ်ဆိုတာသင်တန်းပေးပြီးသားလူတွေပဲ စိတ်မပူပါနဲ့အန်တီ””
ဟုတ်တယ်လေ စက်ရုံနားမီးလောင်တာကျုပ်လာပြောတော့ ကျုပ်ကဘာလုပ်ပေးလို့ရမှာကျနေတာပဲ ကျုပ်ပြန်လာတော့ရော
မီးကငြိမ်းသွားမှာကျနေတာပဲ ပြန်လာရင်လဲ ကျုပ်ရောက်တာနဲ့ မီးလောင်ပြာကျနေလောက်ပြီးပဲ မနက်ရုံးရှိသေးတယ်မီးမလောင်ဘူးဆို ရုံးတက်လိုက်မယ် မရှိတော့ရင်မတက်ဘူးပေါ့ဗျာ ကျုပ်လဲဒီလိုပဲတွေးနေလိုက်တယ်
(အဲဒီပူပန်မှုမျိုးကိုနောင်တစ်ချိန်ကိုယ်လူကြီးဖြစ်လာမှ ကိုယ်ချင်းစာတတ်လာပါတယ်)
ဒီအန်တီကြီးဟာ သူ့စာရေးမတွေနဲ့ရန်ဖြစ်ရင်သာဖြစ်နေရမယ် ကျုပ်ကိုတော့ ဂရုစိုက်ရှာပါတယ် ဒါကလဲတစ်လွဲမတွေးနဲ့ဗျ
သူရဲရုံးလုပ်ငန်းတွေကို သေသေချာချာသင်ပေးရှာတယ် လစာတွက်ပုံ/လူစာရင်းစစ်ဆေးပုံ/စီမံကွပ်ကဲပုံ/ဝင်ငွေထွက်ငွေ
စာရင်းပြုစုပုံ တော်တော်စုံစုံလင်လင်ပါပဲ ဒီအန်တီကြီးအစက ဒီလိုတွေဘာကြောင့်သင်ပေးနေမှန်းမသိပေမယ့် တစ်ခါတစ်
လေ သူနဲ့စကားပြောလေတိုင်း ဘောစိကို ကူညီဖို့ ရုံးလုပ်ငန်းဖြင့် စနစ်တကျဆောင်ရွက်ပေးဖို့တွေ တဖွဖွပြောရှာပါတယ်
ကျုပ်ကလဲ သူပြောတိုင်အကုန်လိုက်နားထောင်တာတော့မဟုတ်ဘူးလေ အခုလဲ ကူညီနေတာပဲဟာကိုလို့ စိတ်ထဲကနေ
စောဒက တက်နေတတ်တာပါပဲ ဒီလိုနဲ့ လုပ်လာလိုက်တာ (၄)လမြောက်ကို အရောက်မှာတော့ …
““မင်းလဲ ..ရုံးပိုင်းတော်တော်တတ်နေပြီပဲ ..အန်တီရှေ့အပတ်ထဲလောက်ခရီးထွက်စရာရှိတယ် မင်းပဲစက်ရုံကြည့်ပြီးညွှန်
ကြားပါ ..မရှင်းတာရှိရင် ဘောစိကိုမေးပေါ့ ..အန်တီဆီဖုန်ဆက်မေးလဲရတယ် နော်…””
““အန်တီက ဘယ်တော့ပြန်လာမှာလဲ””
ဒီနေရာမှာတော့သူဟာ သက်ပြင်ရှည်ဆွဲလို့ချရင်း
““အင်း….ပြန်လာတော့ အန်တီဖုန်းဆက်ပါ့မယ်ကွယ် ဟုတ်ပလား””
ဒီလိုနဲ့ ကျုပ်လဲ သိသင့်တာလေးတွေမေးထားသူမသွားခင် ကိုယ်မသိချင်ယောင်ဆောင်ထားတဲ့အပိုင်းတွေ မေးသင်တာမေး
လေ့လာသင့်တာလေ့လာနေလိုက်ရတယ်လေ တော်ကြာသူခရီးသွားတဲ့ရက်အခက်တွေနေမှ ဒုက္ခမဟုတ်လားဗျ ဘောစီ
ဆိုတာမျိုးကလဲ ခဏခဏမေးလို့ကောင်းတဲ့လူတွေမှမဟုတ်တာပဲ ဒီအန်တီမရှိလဲ ကိုယ်ကြံရည်ဖန်ရည်ဆက် လုပ်ရမှာ
ပဲပေါ့ ဒီလိုနဲ့ ဒီအန်တီကလဲ သူဘယ်သွားမယ်ဘယ်တော့ပြန်လာမယ် မပြောတာကဆိုးတာပဲလေ..။။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx နောက်ဆုံး မတော့ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
““မနက်အန်တီသွားမယ် ”“
““ဟုတ်ကဲခင်ဗျ””
““စက်ရုံလည်ပတ်နေဖို့ နဲ့ ရုံးလုပ်ငန်းပိုင်ဆိုင်ရာတွေသေချာဂရုစိုက်ပါကွယ်…မနက်အန်တီမလာတော့ဘူးနော်””
ဒီလိုနဲ့ အဲဒီနေ့ညနေထဲက ခရီးထွက်သွားလိုက်တဲ့ ရေမွှေးသယ်အန်တီကြီဟာ ကျုပ်ကိုတာဝန်လွဲပစ်ခဲ့တဲ့ စက်ရုံကြီးကို
တစ်ခါတစ်ရံမှ ပြန်မလာတော့ပါဘူး ကျုပ်ဘောစိကလဲ ဒီအန်တီကြီးအကြောင်းကို (၁)လလောက်အထိ တဖွဖွပြောနေခဲ့သော်
လည်း လိုက်ခေါ်ခြင်း လူကြုံမှာခြင်းလဲမလုပ်ခဲ့တာကို ကျုပ်အံဩဘွယ်တွေ့နေရပါတော့တယ် ဒီလိုနဲ့ ကျွန်တော်ဟာ ဒီအန်တီရေမွှေးသယ်ကြီးပေးထားခဲ့ ခုံတစ်နေရာမှာထိုင်းရင်း အလုပ်လုပ်လာလိုက်တာ အခုဆိုရင်တော့……။။။။။
အမှတ်တရအနေနဲ့ ဒီအန်တီကြီးရဲ့ ပါတ်စပို့ ဓါတ်ပုံလေးတစ်ပုံသာ ကျွန်တော့ စားပွဲခုံရဲ့
မှန်ပြားအောက်မှာကျန်ရှိလို့နေခဲ့ပါတော့တယ်….ခင်ဗျား……………။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
8 comments
“ဘီလူးကြီး”ogre
November 5, 2011 at 2:48 pm
အလုပ်တွေများတဲ့ကြားက
မနည်းပြီးအောင်တွန်းရေးလိုက်ရတယ်ဗျာ
နောက်မို့ဆို မန်းဂေးဇက်မှာအကြွေးတင်နေမှာ စိတ်မလုံဘူးလေ
လိုအပ်ချက်များအားသီးခံခွင့်လွတ်ကြပေတော့ဗျို့။။ 😛 🙂
ပေါက်ဖော်
November 5, 2011 at 3:18 pm
ဟွင်း.ဟွင်း..ဟွင်း..င့ါမောင်ရာ….
မမွှေးသော်လဲ အောင့်ကာနမ်း…အဲ.အဲ..အောင့်ကာ ရှူလိုက်တာ….ခုတော့ ထိုင်ခုံရပြီမလား.
အဲတာပေါ့..အောင့်နိုင်ရင်….အကျိုးရှိဆိုတာ..
😆
parlayar46
November 5, 2011 at 3:23 pm
ရေမွှေးသယ်အန်တီကြီးရဲ့ လုပ်ငန်းအပေါ် သံယောဇဉ်ကို ချီးကျူးပါတယ်ဗျာ။
အလုပ်ကို စွန့်ခွာတာတောင် ပစ်စလက်ခတ်မစွန့်ခွာပဲ ဂရုတစိုက်လွှဲအပ် စီမံခဲ့တာလေးကိုနှစ်ချိုက်ချီးကျူးမိတယ်။
အဲဒီ ရေမွှေးသယ်အန်တီကြီးဟာ ကိုဘီလူးရဲ့ ကျေးဇူးရှင်ခေါ်ထိုက်မထိုက်တော့ မသိပါဘူး – လုပ်ငန်းရဲ့ ကျေးဇူးရှင်အစစ်ဖြစ်တာတော့ သေချာပါတယ်။
လုပ်ငန်းအပေါ် တာဝန်သိ စေတနာထားတဲ့ အဲဒီမန်နေဂျာမျိုးတွေ များများပေါ်ပေါက်ပါစေဗျာ။
MaMa
November 5, 2011 at 4:23 pm
ဘီလူးကြီးရဲ့ ကျေးဇူးရှင်က အပြောဆိုးတာသာရှိတယ်၊ စိတ်ရင်းကောင်းတယ်လို့ပဲ ပြောရမယ်။ အပြောဆိုးတာက ခံနိုင်သေးတယ်။ စိတ်ရင်းမကောင်းရင်သာ သည်းခံချင်စရာ။
windtalker
November 5, 2011 at 6:37 pm
ကိုဘီလူးရေ
ကျေးဇူးရှင်ကို ကျေးဇူးသိတတ်တာကိုက ဖြစ်သင့်သော လုပ်ရပ် မင်္ဂလာတစ်ပါးပါပဲမလား ခင်ဗျာ
အကို ့ပုံကြည့်ရတာ ၊ အန်တီကြီးဆီ ပွဲတော်ရက်များမှာ ဂါဝရ သွားပြုမယ်လို ့မြင်မိပါတယ် ဗျို ့
koyinmaung
November 6, 2011 at 1:05 am
အန်တီကြီးအလုပ်ပြောင်းသွားတာထင်တယ်…..
Moe Z
November 6, 2011 at 10:06 am
သီလရှင်အပြီးဝတ်သွားတာဖြစ်မယ်
ဘာပဲဖြစ်ဖြစ်ကြည့်စရာ ပတ်စပို့ပုံလေးချန်ခဲ့ပေးသားပဲ
အလွမ်းပြေ 😛 နောက်တာ
သူတာဝန်ယူထားတဲ့အလုပ်ကို မျက်နှာလွှဲခဲပစ်မလုပ်သွားတာ
လေးစားစရာကောင်းပါတယ်
nature
November 6, 2011 at 9:26 pm
နောက်ပိုင်းစာရေးမတွေနဲ့ ဘယ်လိုနှစ်ပါးသွားသတုံး။ 🙂 စာရေးမတွေက.. ဘီလူးကြီးလာပြီဟေ့ ..
ဆိုပြီး ငြိမ်ဝပ်ပိပြားသွားကြလေသတည်းပေါ့။ 🙂
လုပ်ငန်းတိုင်းမှာအောင်မြင်ဖို့အတွက် လုပ်ငန်းကျွမ်းကျင်ပြီး စိတ်ကောင်းစေတနာ ရှိတဲ့လူယုံတယောက် တော့ အနဲဆုံးရှိဖို့ ရှိဖို့လိုအပ်ပါတယ်။ လူယုံတယောက်ကို ထိမ်းထားနိ်ုင်ဖို့ အတွက် လစာ ကောင်းကောင်း နဲ့ စည်းကမ်း ကောင်းကောင်းလိုအပ်တယ်လို့ ထင်ပါတယ်။