ချစ်သူ ့စိတ်ကုန်မှာစိုး
ဂန္တဝင်မြောက် နှုတ်ခမ်းပါးက
မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ
အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ…….
မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက
ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ…
အပြင်မှာ.
မှောင်သလား လင်းသလား…????
မကွဲပြားတော့ဘူး။
နေထွက်၊နေဝင်
ကျွန်တော်နဲ ့မသက်ဆိုင်သလို…
မေ့ကို စွဲလမ်းမှုဟာ
ကော်ပီသီချင်းမဟုတ်
နီကိုတင်းမဟုတ်
အဓမ္မမှုမဟုတ်ပေမယ့်….?????
နောက်လူတွေ ဘာသာပြန်ဖို ့
ထားပေးခဲ့ရင်း….
ကျွန်တော်ကတော့
အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့
အနာဂတ်ကို အမှတ်တမဲ့နဲ ့…….
ခရီးဆက်နေဆဲ…………။
ဘဝဆိုတာသာ
ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့
Whiteboard တစ်ချပ်ပေါ်က
မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင်
ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို
ပြန်ချေဖျက်ခွင့်ရချင်တယ်…….
ဘယ်သူမှ မဖိတ်ခေါ်ဘဲ
ငါဝင်ရောက်လာခဲ့သလို
ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ
ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….
5 comments
maetu
November 16, 2011 at 11:23 am
စိတ်ကုန်မှာလဲ စိုးတယ်ပြောတယ်။ထွက်သွားမယ်ဆိုတော့ ဘယ်လိုသဘောလဲ အကိုရာ။နားမလည်တော့ပါဘူး။
ရှုပ်သွားတယ်။သဘောကျလို ့ကူးသွားပါရစေဗျာ။
moethuzar
November 16, 2011 at 11:34 am
မိမိသမိုင်းကိုပြန်ပြင်ရအောင် အမှားတွေကို မြင်တတ်ရင်အကောင်းဆုံးပေါ့။ရင်ဝှက်စာက မလွယ်ဘူးနော်။
အားကျပါတယ်။စိတ်တော့ မပျက်ပါနဲ ့ဟယ်။
Shwe Ei
November 16, 2011 at 1:49 pm
ကဗျာအရ ချစ်သူက စိတ်ကုန်သွားဘီ၊ ခေါင်းစဉ်ကတော့ စိတ်ကုန်မှာစိုးနေတုန်းဘဲ။ (တခုခုတော့မှားနေဘီ)
etone
November 16, 2011 at 3:17 pm
ဟိတ်….ချူသစ်
အပြူမယစ်ပေမယ့်
ညူတစ်တစ်လာမလုပ်ပါနဲ့
စိုတိတ်လာလျှင် ညူကစ်လိုက်မယ် ( လည်ပင်းကို 😆 )
tharbaw
November 16, 2011 at 9:45 pm
လည်ပင်းညှစ်မယ်တဲ့
ဘယ်သူ ့ကိုပါလိမ့်ဗျာ
ရေးတဲ့သူကိုဘဲ လုပ်လိုက်ဗျာ။အဲလူ ဂေါက်ကြောင်နေတယ်လေ။ဟီး ဟီး