Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူ့ကျင့်ဝတ်ကို စောင့်ထိန်းပါ။

koyin sithuNovember 26, 20111min62528

ပထမဆုံး ဒီပို့စ်ကို တင်ရတာတော့ ကာယကံရှင်တွေကော ပတ်သက်တဲ့ လူအားလုံးကို ထိခိုက်စေလိုတဲ့ စိတ်လုံးဝမရှိပါဘူး။ ဒီအကြောင်းအရာလေးကလည်း ကျွန်တော့် မေလ်းထဲကို Forward က တစ်ဆင့်ရောက်လာတာပါ။ ဒါကြောင့် ရွာသူားတွေ အကျိုးနှင့် နောင်လူတွေအတွက် သင်ခန်းစာရအောင် တင်ပေးရခြင်းဖြစ်ပါတယ်။ အကြောင်းအရာကို ကျွန်တော် အကြမ်းရှင်းပြပါ့မယ်။ ဒီလိုပါ… ကောင်လေးက အရင်ကအလုပ်မရှိ အကိုင်မရှိပေါ့။ အဲ့ဒီမှာ အွန်လိုင်းက ကောင်မလေးတစ်ယောက်နဲ့ ငြိတယ်။ ရည်းစားဖြစ်တယ်။ ကောင်မလေးက ရေကော့တော့ ချူတယ်။ ရှင်းရှင်းပြောရရင် အချစ်ကို အယောင်ပြပြီး ဘဝလှေကားထစ်လို အသုံးချတယ်။ ကောင်မလေးက ဘဏ်မှာ အကပ်နဲ့အလုပ်သွင်းပေးလိုက်တယ်။ ဘဏ်ကနေ နေရာချပေးတော့ မန်းလေးကို ရောက်တယ် အဲ့ဒီမှာ နောက်မန်းလေးသူ တစ်ပွေနဲ့ ထပ်ငြိပြန်တယ်။

နှစ်ဦးစလုံးကို လက်ထပ်စာချုပ်အတုနဲ့ နှစ်ဦးသဘောတူ စာချုပ်ချုပ်တယ်။ နောက်တော့ ရန်ကုန်က ကောင်မလေးက ကိုယ်ဝန်ရသွားရော… အဲ့ဒီကျတော့ တာဝန်မယူတော့ဘူး။ ကောင်မလေးခမျာလည်း အဲ့ဒီကောင်လေး မိဘတွေဆီ

သွားတောင်းဆိုပေမယ့် ဟိုက လာတောင်းမယ်ဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်ထားတယ်။ ဟိုကောင်လေးကလည်း မျက်နှာပြောင်တိုက်ပြီး လုံးဝမယူဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ အချိန်ဆွဲပြီး ထိန်းထားတယ်။ ထိန်းထားမရတာက

ဗိုက်ကတစ်နေ့တစ်ခြားပူလာလေပြီ။ နောက်ဆုံး ရန်ကုန်က ကောင်မလေးခမျာ ကိုယ်ဝန်လည်းမဖျက်ချဘူး။ ကလေးကို ကိုယ့်ဘာသာကိုယ်မွေးမယ်ဆိုတယ် မိခင်စိတ်နဲ့ ပိုက်ဆံကြိုးစားစုနေတာကို တွေ့ရပါတယ်။ ဒါကို မိန်းကလေးဘက်က

သူငယ်ချင်းတစ်ဦးက မခံမရပ်နိုင်ဖြစ်တာနဲ့ မေလ်းကနေ ဖွလိုက်တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးမှာ ကျွန်တော် ပြောချင်တာက နှစ်ဦးသဘောတူကြည်ဖြူလို့  အတူနေကြတယ်ဆိုရာမှာ ထားနိုင်ရင်

မိန်းမအယောက်တစ်ရာလည်း ထားနိုင်ပါတယ်။ ဒါပေမဲ့ ခြေချော်လက်ချော်လို့ ကိုယ်ကြောင့် ရတဲ့ ကိုယ်ဝန်ကိုတော့ ယောက်ျားတစ်ယောက် အနေနဲ့ တာဝန်ယူရပါ့မယ်။ ဒီလိုကောင်တွေရှိလို့လဲ ယောက်ျားထုတွေ နာမည်ပျက်ရတာ

တော်တော်ကြာပါပြီ။ ယောက်ျားဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံရဲရမယ်။ သူများသားသမီး စော်ကားထားတုန်းက

စော်ကားပြီး ကိုယ့်ရင်သွေးရလာမှ နှမချင်း ကိုယ်ချင်းမစာ ရူးချင်ယောင်ဆောင်နေတာတော့ အရမ်းကို အောက်တန်းကျလွန်းပါတယ်ဗျာ။

 

မိန်းကလေးဆိုတာလည်း ဒီဘက်ခေတ်မှာ အမြင်လေးသာတင့်နေတဲ့ (အသံသာရှိ အဆံမရှိတဲ့) ယောက်ျားတွေကို အချစ်လို့ သတ်မှတ်ပြီး ပုံပြီးမယုံဖို့ အရေးကြီးပါတယ်။ တချို့မိန်းကလေးတွေက ကိုယ်မှမဖြစ်သေးရင် ဒီဖြစ်ရပ်တွေကို အလကားပါ ပုံပြင်ပါလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် မကြွေသင့်ပဲ ကြွေခဲ့ရတဲ့ မိန်းမကောင်းလေးတွေကို ကျွန်တော် တွေ့မြင်နေရတယ်။ ဒီမေလ်းက ကောင်လေးဆိုရင်ဗျာ… ရုပ်ကလေးက ခပ်ဖြောင့်ဖြောင့်လေး၊ ဟန်းဖုန်းလေးနဲ့ ဘဏ်မှာလည်း အလုပ်လုပ်တယ်ဆိုတော့ သာမန်အမြင်နှင့်ကြည့်ရင်တော့ ရိုးသားမယ်၊ အကျင့်စာရိတ္တကောင်းမယ်၊ ငွေကြေးလေးလည်း ပြည်စုံပုံရမယ်တော့ အကြမ်းဖျင်း ထင်လို့ရပါတယ်။ အဲ့ဒီလိုမျိုး ရုပ်ရည်လေးဗန်းပြပြီး ထမီနား ခိုစားနေတဲ့ ကောင်လေးတွေကလည်း ယခုခေတ်မှာ ဒုနဲ့ဒေးပါ။ သတိထားစေချင်လို့ပါ။… စေတနာကောင်းဖြင့်သာ Forward Mail ကို သင်ခန်းစာယူဖွယ် သာဓကအနေနဲ့ပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(ဇာတ်လမ်းလောက်ကိုပဲ ပြောပြချင်တဲ့သဘောနဲ့ပဲ Detail တွေကို အကုန်ဖျက်ထားပါတယ်ဗျာ)

ပထမဆုံး ဒီလူရဲ့ biography ကို အရင်ပြောပြထားတာပါ။ ဒီကောင် အရင်က
မြေတိုင်းအလုပ်သမား အလုပ်ကမရှိတာ များတယ်။ အဲဒီ့အချိန်မှာ ရန်ကုန်က
ကျွန်တော့်သူငယ်ချင်းကောင်မလေး

နဲ့ online ပေါ်မှာ ခင်ကြတယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ အပြင်မှာ တွေ့ကြ၊ သူငယ်ချင်းတွေဖြစ်ကြတာပေါ့…။ဒီကောင်က
ရုပ်ရည်လေးက ရိုးရိုးသားသားပုံစံလေးဗျ။ ဒါနဲ့ပဲ
ကျွန်တော့်သူငယ်ချင်းမလေးနဲ့
ချစ်သူတွေဖြစ်သွားကြပါလေရော……။ကျွန်တော့် သူငယ်ချင်းမလေးကလည်း
အရမ်းချစ်တတ်တဲ့ကောင်မလေးပါ။ သူ့ဘာသာ လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါး
နေတတ်ပေမယ့် သူ့အပျိုစင် ဘဝလေးကိုထိန်းသိမ်းထားတာ ဒီကောင်နဲ့
မတွေ့ခင်ထိပေါ့ဗျာ။ နောက်ပိုင်း ဒီကောင့်ကို ကျွန်တော့ သူငယ်ချင်းက
တအားချစ်ပြီး အလိုလိုက်ခဲ့တာ သူ့အပျိုစင်ဘဝလေးပါ
ပါသွားတယ်ဆိုပါတော့ဗျာ….။အစပိုင်းမှာ ဒီကောင်က
ကျွန်တော့သူငယ်ချင်းကောင်မလေးကို တော်တော်ချစ်
တော်တော်ဂရုစိုက်တာပေါ့ဗျာ…..။ဂရုစိုက်မှာပေါ့ ကျွန်တော့် သူငယ်ချင်းက
ဝင်ငွေကောင်းတယ်လေ။ သူလိုအပ်တာတွေ မှန်သမျှ ပူဆာစရာမလိုအောင်ကို
လိုက်ဖြည့်ဆည်းပေးတတ်တဲ့ ကောင်မလေးပါ။ချစ်သူဖြစ်ပြီး ၁ နှစ်ကျော်လောက်မှာ
လက်ထပ်ဖို့အတွက် ငွေစုချင်လို့ အလုပ်လိုချင်တဲ့အကြောင်း ပြောတယ်။
ကျွန်တော့်သူငယ်ချင်းကလည်း ကြိုးစားပမ်းစားရှာပေးလိုက်တာ ဘဏ်မှာ
ဒီကောင်အလုပ်ရသွားတယ်။ အလုပ်ရခါစတော့ ဒီကောင်က
အချိုးမပြောင်းသေးပါဘူး….။ အလုပ်က မန္တလေးကို Transfer နဲ့
ပို့လိုက်တော့ ဒီကောင်က (ဇ) ပြလာတာပဲ။ မန္တလေးရောက်ပြီး (၂)လ အကြာမှာ
မန္တလေးသူတစ်ယောက်နဲ့ ငြိသွားတယ်။ ရိုးရိုးငြိရင်
ကျွန်တော်တို့လက်ခံနိုင်ပါတယ်….။ ဒါပေမယ့် ဒီကောင်က လက်သွက်တယ်ဗျ
မန္တလေးသူကိုလဲ ဝါးပစ်လိုက်တယ်.။မန္တလေးသူ ယုံအောင်လည်း တရားမဝင်စာချုပ်မှာ
လက်မှတ်ထိုးထားကြတယ်။ကျွန်တော့်သူငယ်ချင်းကောင်မလေးကတော့ ဒီအကြောင်းတွေ
သိခဲ့ပေမယ့် မမေးရက်ဘဲ တစ်နေ့ပြင်လာနိုးနိူးနဲ့
မျှော်လင့်နေတာပေါ့….။သူတို့ဘဏ်က ရန်ကုန်ကို Transfer
ပြန်ပို့လိုက်တော့ ကျွန်တော့်သူငယ်ချင်းလေးနဲ့
ပြန်တွေ့ကြတာပေါ့ဗျာ….။မန္တလေးမှာ စာချုပ်နဲ့ လက်မှတ်ထိုးလာလို့
ဒီကောင်က ရန်ကုန်မှာ ငြိမ်နေမယ်ထင်လား……….?
မနေပါဘူးဗျ။ကျွန်တော့် သူငယ်ချင်းကောင်မလေးကို
အကြိမ်ကြိမ်ထပ်မံကျူးလွန်စော်ကားပါတယ်။ကျွန်တော့် သူငယ်ချင်းမလေးက
မန္တလေးသူကို သူပိုချစ်နေမှန်းသိတော့နောက်ဆုတ်လိုက်မယ်လို့
ပြောရှာပါတယ်….။ဒါကို ဒင်းက လက်မခံဘူးလေ…။ငါ့အမှားတွေ ပြင်ပါ့မယ်
ဆိုပြီး ကျွန်တော့်သူငယ်ချင်းကို အယုံသွင်းတယ်။
ငါယူမယ့် မိန်းမကလည်း မင်းတစ်ယောက်တည်းပဲ ဖြစ်ရမယ် လို့ လည်းသူ
ထပ်ခါထပ်ခါပြောပါတယ်။မန္တလေးသူကိုလည်း လုံးဝမပြတ်ဘူး။မန္တလေးသူလေးကိုကျတော့
ဘယ်လိုပြောတယ်ထင်လဲ…..ရန်ကုန်မှာ အိမ်ကပေးစားမယ့်သူရှိတယ်တဲ့ (အဲဒါ
ရန်ကုန်က ကျွန်တော့်သူငယ်ချင်းကိုပြောတာလေ…။)ပြီးတော့
မန္တလေးသူကိုပြောပါတယ် မင်းကိုမှ မရရင် ဘယ်မိန်းမကိုမှ
မယူပါဘူးတဲ့…။မန္တလေးသူလေးကလဲ ယုံရှာပါတယ်။ဒီကောင်က သူ့ရဲ့ဆန္ဒကို
သိက္ခာနဲ့ မထိန်းနိုင်တော့ ကျွန်တော့်သူငယ်ချင်းမလေးကိုလဲ
ထပ်ကျူးလွန်ပြန်တယ်။အခု ကျွန်တော့်သူငယ်ချင်းမလေးက
သူနဲ့ရတဲ့ကိုယ်ဝန်လွယ်ထားရတယ်…။ သူက ဒီကောင်ကို အရင်ဆုံးပြောပြပြီး
ယူဖို့ပြောတော့ ကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ အတင်းတိုက်တွန်းပြီး
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးထားပါတယ်…။သူ့အတွေးထဲမှာတော့ မိန်းမ
(၂)ယောက်ကိုအလွယ်ယူလိုက်တာပေါ့ဗျာ။ကျွန်တော့်သူ့ငယ်ချင်းလေးခမျာ ဒီကောင်
သူ့ကို လက်ထပ်ဖို့အတွက် ရှိခိုးပြီးတောင် တောင်းပန်ခဲ့ပါတယ်….။ဒါပေမယ့်
ဒီကောင်က ခါးခါးသီးသီးကို ငြင်းခဲ့ပါတယ်…။ သူငယ်ချင်းမလေးခမျာ
ကိုယ်ဝန်ကို ဖျက်မချရက်တော့ ဒီကောင့်မိဘတွေဆီ အားကိုးတကြီးပြေးပြောရတာပေါ့။
ဒီကောင့်မိဘတွေကလည်း အရမ်းကို လူပီသပြီး
သမီးချင်းကိုယ်ချင်းစာစိတ်အပြည့်ပါပဲ….။
မိသားဖသားပီပီ လာရောက်တောင်းရမ်းပါ့မယ်လို့ အလွယ်ပြောဆို ချော့မော့ပြီး
ကျွန်တော့်သူငယ်ချင်းမလေးကို အိမ်ကို ပြန်လွှတ်လိုက်ကြတယ်ပေါ့…..။
ဒီမအေက ဒီသားမွေးထားတာ သဘာဝကျပါတယ်လို့ ကျွန်တော်တို့
မှတ်ချက်ချလောက်အောင် ကို သူ့အမေကလည်း သူ့သားလို
ကလိမ်ကကျစ်စကားပြောတာပေါ့ဗျာ (အင်းပေါ့ဗျာ အမေကိုက
မိန်းမချင်းကိုယ်ချင်းမစာမှတော့ သူမွေးတဲ့သားက ယောကျင်္ားကတိမတည်တာ
မဆန်းဘူးလေ)
အဲဒီ့လို ပြန်လွှတ်လိုက်ပြီးကတည်းက ကျွန်တော့်သူငယ်ချင်းကို
ကိုယ်ဝန်အခြေအနေတောင်ဖုန်းဆက်မမေးတာ ဒီနေ့ထိဆို တစ်လပြည့်တော့မယ်…။
ဒီကိုယ်ဝန်က သူ့သားနဲ့ရတဲ့ သူ့မြေးပါ…..(သူအလှည့်ခံရမှာစိုးလို့သာ
အဲနေ့ကတည်းက ဖျက်ချဖို့သူမတိုက်တွန်းခဲ့တာနေမှာပေါ့)။
ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းမှာ သူတို့တစ်နေ့ လာတောင်းနိုးနဲ့
မျှော်နေလိုက်တာ ခုဆို ဗိုက်လည်း ဖုံးဖိလို့မရတဲ့ အနေအထားပေါ့…..။
သူ့အလုပ်ထဲမှာလည်း အရှက်က ကွဲ…တကယ်ဆို သူ အဲဒီကောင့်ကို စိတ်နာနေတာပဲ
ဖျက်ချလိုက်လို့ရတယ်လေ….ဒါပေမယ့် မွန်မြတ်တဲ့ မိခင်တစ်ယောက်စိတ်
သူ့ဆီမှာ အပြည့်ရှိ်နေတယ်….ကျွန်တော်တို့ သူငယ်ချင်းတွေ သူ့ကို
လေးစားပါတယ် ရင်လည်းနာတယ်  ဒါပေါ့ဗျာ မတန်မရာလူအတွက်
မိန်းမကောင်းလေးတစ်ယောက်ဘဝပျက်တာ
မျက်မြင်ကိုယ်တွေ့ဖြစ်သွားကြတယ်…..။သူ့ကိုသနားလို့
ကျွန်တော့်သူငယ်ချင်းမိန်းကလေး ယောကျာင်္းလေးတွေအားလုံး သူ့ကွယ်ရာမှာ
မျက်ရည်ကျမိကြတယ်….။
သူ့အကြောင်းကြားကြားပြီးချင်း ကျွန်တော့့် ကောင်မလေးတောင် ယောကျာင်္းတွေက
ဒီလိုပဲလားဆိုပြီး ကျွန်တော့်ကို စကားနာထိုးလို့ ကျွန်တော်တို့
ရန်ဖြစ်ကြသေးတယ်….။
အမှန်တော့ ဒီလိုကောင်မျိုးရှိလို့ ကျွန်တော်တို့ ယောကျာင်္းတွေ အကုန်
အထင်သေးခံကြရတာပါ။
ကျွန်တော်တို့တွေကရော သူ့ဆွေမျိုးတွေကပါ ဒီကောင်နဲ့ ဒီကောင့်မိသားစုကို
တရားစွဲဖို့ တိုက်တွန်းကြတယ်…..။သေချာတယ်နော် ဒီကောင့်ကို တရားသာစွဲရင်
အမှုက မနည်းဘူးဗျ။သက်သေတွေ ခိုင်လုံနေတယ်လေ…..။အနည်းဆုံးတော့ ၁၀
နှစ်အသာလေးဘဲ….။
ရှေ့နေကောင်းကောင်းရှိလို့တောင် ကျွန်တော်တို့
တိုင်ပင်ကြပြီးပြီ…။ဒါပေမယ့် လူမဆန်တဲ့ အဲဒီ့မိသားစုကို
ကိုယ်ချင်းမစာသင့်ဘဲ ကိုယ်ချင်းစာပေးလိုက်တဲ့ မိသားစုကတော့
ကျွန်တော့်သူငယ်ချင်းကောင်မလေး မိသားစုပေါ့ဗျာ….။အဲဒါကို
ဒီကောင့်မိသားစုက ငပေါတွေလို့များ ထင်နေကြလားမသိဘူး….။ကျွန်တော့်
သူငယ်ချင်းကောင်မလေးခမျာ သူ့ဖာသာသူ ကလေးကို အဝေးမှာ တစ်ယောက်တည်း
သွားမွေးဖို့ နေရာရှာပြီး ပိုက်ဆံစုနေရပါတယ်…..။
ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲဗျာ….။တာဝန်မကျေတဲ့ ချစ်သူရဲ့ရင်သွေးကို
သူတစ်ယောက်တည်း ရဲရဲရင့်ရင့်နဲ့ လူ့လောကထဲ အရောက်ခေါ်ဖို့ကြိုးစားတာ
ဘယ်လောက်လေးစားစရာကောင်းတဲ့ မိန်းမလဲ….  ။  ။
ဒါကြောင့် online ပေါ်က သူငယ်ချင်းအားလုံးကို
မေတ္တာရပ်ခံပါတယ်….ဒီယုတ်မာတဲ့ မိသားစုနဲ့ ယုတ်မာတဲ့ အဲဒီ့ကောင်ကို
ဖုန်းနဲ့ပဲ ဖြစ်ဖြစ် လမ်းတွေ့ရင်ပဲဖြစ်ဖြစ် ဆဲပေးကြပါဗျာ….။
လက်လှမ်းမီရာ မိန်းကလေးတိုင်းကိုလည်း forward Mail နဲ့ ပို့ပေးကြပါ။
မိန်းကလေးတွေ ထပ်ပြီး နစ်မွန်းမှာ စိုးရိမ်လို့ပါ….။
ဘာပဲဖြစ်ဖြစ်ဗျာ ချစ်သူချင်း နှစ်ဦးနှစ်ဖက် ကျေနပ်လို့
အတူနေကြတယ်ဆိုပေမယ့်…..ခုလိုမျိုး ကိုယ်ဝန်လွယ်ထားရတာကို
တာဝန်မယူတာကတော့ ကျွန်တော်တို့ ယောကျာင်္းထုကြီးကို
သိက္ခာချနေသလိုပါပဲ….။မိုက်ရိုင်းလွန်းတဲ့ ဒီကောင့်အမေနဲ့
ဒီကောင် ကို ကျွန်တော်တို့ သူငယ်ချင်းအားလုံးက ရင်ထဲကနေ
ကျိန်ဆဲနေကြတာပါ…online Friend တွေ အားလုံးလည်း ကူညီပြီး
ကျိန်ဆဲပေးကြပါ…။နှမချင်းစာနာရင် ကူညီပြီး ဒီကောင့်ကို
အရှက်ခွဲပေးကြပါ…….။မတရားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်နဲ့
သူ့ရဲ့ရင်သွေးလေးအတွက် ကျွန်တော်တို့အားလုံးကုသိုလ်ကောင်းမှုလုပ်တဲ့အနေနဲ့
ဒီကောင့်ကို ပညာဝိုင်းပေးချင်ပါတယ်…။ကူညီကြပါခင်ဗျာ….။ဪ
ပြောရဦးမယ် ဒီကောင့်မှာ သိပ်ရိုးသားပြီး ချစ်စရာကောင်းတဲ့
ညီမလေးတစ်ယောက်တော့ရှိတယ်….။
ကျွန်တော်တို့ကတော့ ဘာမှ မလုပ်ပေမယ့်
အဲဒီ့မိန်းကလေးက သူ့အစ်ကို အတွက် ဝဋ်ကြွေးတွေ ပေးရဦးမယ်…။
သူ့အမေအတွက်လည်း ရင်နာစရာ အဖြစ်မျိုး ဖန်ဆင်းပေးရဦးမယ်…..။
ရန်ကုန်က ကျွန်တော့်သူငယ်ချင်းအတွက်…..မန္တလေးက ကောင်မလေးအတွက်ရော
ဒီကောင့်ညီမက သူ့ဘဝလှလှလေးကို ဒီကောင့်တစ်မိသားစုလုံး ရင်ကွဲအောင်
ဝဋ်ဆိုတာအတွက် အပျက်ခံရဦးမှာပဲ…..။နောင်ဘဝရောက်မှ
ဒီကောင့်အလှည့်ထင်ပါတယ်….။
ဒီကောင့်ရဲ့ နောင်ဖြစ်ထွန်းလာမယ့် သမီးမိန်းကလေးသာဆိုရင်
မိန်းကလေးနှစ်ယောက်ရဲ့ဘဝအတွက် ………..။   ။
online Friend တွေအားလုံး လည်း သိမှာပါ ကိုယ်ပြုသည့်ကံအတွက်
ကိုယ့်ထံပဲ့တင်လာတယ်ဆိုတဲ့ စကားကို…..။
ဒီတနှာကောင်  ကို online Friend အားလုံးက forward
လုပ်ပေးရုံသာမက
အပြင်က လူတွေကိုပါ လူယုတ်မာတစ်ယောက်အကြောင်း ဗဟုသုတရအောင် ပြောပေးကြပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

(မိန်းကလေးများကို ကိုယ်ချင်းစာသော သူငယ်ချင်းတစ်စု)

 

28 comments

  • thit min

    November 26, 2011 at 11:07 pm

    ညီ ရေ့
    အဲဒီ ကေ့စ်ကကြာခဲ့ပြီနော် ။ ကိုယ့်မေးလ်မှာ ရဘူးတယ်။၁နှစ်ကျော် ၂နှစ်နီးပါးရှိပြီထင်ရဲ့။ ခု ကလေးတောင်မွေးပြီး
    လောက်ပြီ။(မွေးမယ်ဆိုရင်ပေါ့)

    • ကိုရင်စည်သူ

      November 26, 2011 at 11:26 pm

      ဟုတ်တယ်.. ကိုကိုသစ်ရေ..
      ကေ့စ်ကြာနေပြီ… ဒါပေမယ့် အဲ့ဒီဖြစ်ရပ်လေးကို
      ပြန်နွေးပြီး ပညာပေးပုံစံမျိုး ရေးချင်တာဗျ… (အိုင်ဒီယာမရတာလည်းပါတာပေါ့)
      အဲ့သလို အဖြစ်မျိုးလေး နောက်တစ်ခု
      ကျနော်အခုတလော ပြန်တွေ့လိုက်ရလို့
      အကြောင်းအရာလေးတစ်ခုကို ဥပမာပြပြီး
      မိန်းကလေးတွေ ပိုပြီး သတိချပ်မိအောင်ပါဗျာ….
      တိုင်စာလည်းမဟုတ်ပါဘူး.. ပစ်စာလည်မဟုတ်ပါဘူး။
      ပညာပေးစာပို့စ်အနေနဲ့ရေးလိုက်တာပါ…
      အားလုံးခင်ဗျာ… စေတနာ အမှားရှိသွားပါက
      ကိုရင်စည်သူက အပြစ်တင်ကြပါကုန်…. 🙂 🙂 🙂

  • waymg

    November 26, 2011 at 11:15 pm

    ဒါက တိုင်စာလားဟင်… မသိလို့ပါ.. :mrgreen:

    • thit min

      November 26, 2011 at 11:20 pm

      ဟုတ်ဘူး၊ သူကြီး စနှိုက်ပါရှေ့ကို ခဏဝင်ရပ်ကြည့်တာတဲ့ …………..
      မဟုတ်လဲ ဘန်းတဲ့အခါ သူလဲပါ၊ ပါသွားတဲ့အတူတူ ပွစိ ပွစိ လုပ်ကြည့်ချင်သွားတာလေ (^^)

      • ဆူး

        November 27, 2011 at 11:01 am

        သင်္ဘောသီး စည်ကြီး သဂျီး ဘန်း ရင် ဒို့ အရေး ဆိုပြီး ထ အော်ကွာ.. ဟိဟိ..
        ဒီရွာထဲမှာ အဲလို အော်ရင် ဝိုင်းအော်ပေးမယ်။

  • မှော်ဆရာ

    November 26, 2011 at 11:46 pm

    ဖတ်ရင်းနဲ့ ရင်ထဲနင့်လာတယ် ..
    မိန်းကလေးဆိုတာကလဲ ချစ်မိပြီဆိုရင် ဦးဏှောက်ကြီးကို လွှင့်ပစ်လိုက်တတ်ကြတာကိုး …
    အချစ်မလွန်ကြဖို့ သတိထားစရာပေါ့ ။
    ကျွန်တော့ သူငယ်ချင်း မိန်းကလေးတစ်ယောက် သူ့ဘဲနဲ့ အရမ်းတွဲလို့ (ဒီလောက်ဆို နားလည်ဗျာ) ကျွန်တော့မှာ သူ့ကိုခေါ်ပြောတော့ သူက ဘာပြောတယ်မှတ်တုန်း ..။
    ငါ့ဘဲက ငါတစ်ယောက်ထဲ ချစ်တာတဲ့ ။အချိန်တန် ငါ့ကိုပဲ ယူမှာတဲ့ ။
    ကျွန်တော် တစ်ခွန်းပဲ ပြန်မေးလိုက်ပါတယ် ..
    နင့်ဘဲ အခုအချိန်မှာ မပြောကောင်းမဆိုကောင်း အက်ဆီးဒန့်နဲ့ သေသွားရင် နင့်ကို ပတ်ဝန်းကျင်က ဘယ်လို ပြောမယ်ထင်သလဲ လို့။
    သူ ဘာမှကို မပြောနှိုင်ပဲ ငိုင်ကျသွားပါတယ် …။ ဒါလေးက အချစ်လွန်တဲ့ မိန်းကလေးတွေ စဉ်းစားစရာပါ ။ ကိုယ့်ဘဲကို ယုံတယ်ဆိုပေမယ့် ကံတရားဆိုတာ ကြိုမမြင်နှိုင်ပါဘူးနော် ..။ အချစ်မလွန်ကြပါနဲ့ …။
    ပိုစ်ထဲမှာ ပါတဲ့ကောင်ကတော့ ထားပါတော့ ။ မုဒိန်းကောင်တွေတောင် ရှိတာပဲဗျာ ..။ အလွယ်ရ နှိုက်မှာပေါ့ .။
    သူခိုးခိုးလို့ အပြစ်တင်တာထက် .. အိမ်တံခါးကို လုံအောင် ချက်မချထားမိတာ ကိုယ့်အပြစ်ကိုး …
    ဖခင်မဲ့သားလေးကို သတ္တိရှိရှိ မွေးမယ်ဆိုတာကတော့ ချီးကျူးစရာပါ ..။
    ဒီလိုမျိုး နောက်ထပ် ကလေးတွေ မွေးမလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ ..။
    မိန်းကလေးတွေ ဖတ်နှိုင်ကြပါစေသော် …..
    ယောကျင်္ားလေးတွေ စောင့်ထိမ်းနှိုင်ကြပါစေသော် …

  • မိုးနတ်သားလေး

    November 27, 2011 at 12:07 am

    ကျားလေ
    ကိုးတောင်ကျားနော်
    အတောင်နှစ်ဆယ့်မင်းယောကျင်္ားနော်။
    အကိုရေးတဲ့အကောင်ကြောင့်ယောကျာင်္းတွေသိပ်က္ခာကြတယ်ဗျာ။
    နောင်တချိန်မှာမဟုတ်ဘူးအခုချက်ချင်းဒဏ်ခတ်နိုင်တဲ့နည်းရှာဗျာ။
    နတ်သားသဘောသာဆိုဒီလိုကောင်ကိုတခါတည်းနတ်ကွပ်လုပ်လိုက်မယ်။သူကမှာကလေးမလိုချင်
    မိန်းမမလိုချင်တာကိုလေ။အကိုရေပညာပေးများများလေးရေးပေး။မြန်မာမိန်းခလေးတွေ
    အသိပညာတွေတိုးတက်အောင်နတ်သားတက်နိုင်သလောက်ရေးပါမယ်။

    • မှော်ဆရာ

      November 27, 2011 at 12:28 am

      ဟ နတ်သားရ အဲဒါ မိန်းမမလိုချင်တာ ကလေး မလိုချင်တာ မဟုတ်ဘူးကွ ..
      တာဝန်မလိုချင်တဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား အချောင်သမားလို့ ခေါ်တယ်ကွ..

      • ကိုရင်စည်သူ

        November 27, 2011 at 12:39 am

        နတ်သားနဲ့ မှော်ဆရာ ဘယ်သူက
        ပိုတန်ခိုးရှိလဲဟင်… မသိလို့ပါ.. မသိတာ.. 😉 😉 😉
        (ပိုစွမ်းအားရှိတဲ့သူကို ဆရာတင်ဖို့မေးတာပါ… အဟီး.. 😀 :D)
        မဆီမဆိုင် ကြော်ငြာဝင်ဦးမယ်..
        ကျွန်တော်တို့ သိုင်းညီနောင် ခုနှစ်ဖော်ဖြစ်တဲ့ ယောက်ျားပီသလှပေသော
        ပေါက်၊ ပေ၊ လူး၊ ဂီ့၊ တီ၊ မှော်၊ စည် တို့ကတော့..
        အသံရော အဆံပါ ပြည့်စုံတဲ့ ခွပ်ဒေါင်းလေးတွေ
        ဖြစ်တာကိုတော့ ရွာသူလေးတွေ သိစေဖို့ စကားချပ်လေး ပြောချင်ပါတယ်..
        (တကယ်ပါ.. အာမခံပါတယ်ဂျာ..) 🙂 🙂

      • ပေါက်ဖော်

        November 28, 2011 at 11:28 am

        ဝုတ်ဒယ်..ဝုတ်ဒယ်..
        အဲလို ဆေးခပ်ဖို ့နေနေသာသာ..ကိုယ့်ဆေးဖိုးတောင် ကိုယ်မလောက်ဘူး….
        အဲတာကြောင့် ရိုးရိုးသားသား ခွတ်ဒေါင်းလေးဒွေဖစ်ပါတယ်..
        ပုံ
        ကိုယ့်ကို ဆေးခတ်ရင်တော့ ငြိမ်ခံနေမဲ့..
        ခွတ်ဒေါင်းငယ်..

  • Gipsy

    November 27, 2011 at 12:37 am

    ပေါ့ပေါ့နေပေါ့ပေါ့စားက အချောင်သမားလား ဟင်…။
    ဟိုနေ့က ပေါ့ပေါ့ပါးပါးပဲ နေ ၊ ပေါ့ပေါ့ပါးပါးစဉ်းစား ဆိုထားလို့ပါ.. ၊။ 😆

  • aye.kk

    November 27, 2011 at 1:46 am

    ယုံလွယ်လွန်းရင်ခံရတယ်..
    တစ်ရွာသားကိုရည်းစားထားတော့ မှားတတ်တယ်..
    ပဝါပါးကိုကြက်သားထုတ်တော့ စွန်းတတ်တယ်တဲ့..
    အိမ်ထောင်မှုဘုရားတည် ဆေးမှင်ရေစုပ်ထိုး..
    ွှဤသုံးချက်မပိုင်လျှင် နောင်ပြင်ရန်ခက် ဆိုသလိုပါဘဲ..
    အခုခေတ်မိန်းခလေးတွေ သိသင့်ပါတယ်..ဆင်ခြင်ရအောင်ပါ.. မြန်မာမိန်းခလေးတွေက်ို အရင်ကလုံမပျို
    လို ့ခေါ်ပါတယ် လုံမလို ့ခေါ်ရတဲ့ အကြောင်းရင်းအဓိပါယ်ရှိပါတယ် မိန်းမတို ့အိန္ဒြေ ရွှေပေးလို ့မရဆိုတဲ့
    အတိုင်း မိမိတို ့ရဲ ့ကာအိန္ဒြေကို လုံခြုံအောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရလို ့လုံမလို ့ခေါ်ဆိုကြတာပါ
    ယနေ ့ခေတ်မိန်းခလေးတွေကို “စော်”လို ့သုံးစွဲခေါ်ဝေါ်လာကြတာဟာ အင်မတန်ပင်မိုက်ရိုင်းရာကြပါတယ်
    နှမသားခြင်း ကိုယ်ချင်းမစာတဲ့အဓိပါယ် သို ့သက်ရောက်သွားပါတယ် ခေါ်တဲ့အတိုင်းလဲစော်ကားပြုမူမှုများ
    ဖြစ်လာတာမြင်တွေ ့နေရတာဟာ ဝမ်းနည်းဖွယ်ရာကောင်းလွန်းလှပါတယ်..ထိုသို ့ခေါ်ဆိုမှုများအားလည်း
    ပြင်သင့်လှပါတယ် ကိုရင်စည်သူရေ..အခုလိုမျိုးအဖြစ်ဆိုရင် အရင်ကပြောပုံအရ နွားမဖင်ရွှံ ့ပိတ်ခံရ ဆိုပြီး
    ကဲ့ရဲ ့ခံရမှာပါ အနှိုင်းပြစကားပါ နွားမလောက်ပင်အသုံးမကြဘူးလို ့အပြောခံရတဲ့ အပြင် စထွေးခွက်ပက်
    လက်မျှောကာ သတ်သေရမဲ့ အဖြစ်ပါ..ကာအိန္ဒြေ နဲ ့ပတ်သက်ရင် လုံခြုံအောင်ထိန်းသိမ်းနိုင်ရမှာ မွေးရာပါ
    မိန်းခလေးတွေရဲ ့တာဝန်ဖြစ်သလို ယနေခေတ်လူရွယ်လူပျိုတို ့ကလည်း နှမသားရင်းစောင် ့ရှောက်ကြရတဲ့
    ဝတ္တရားရှိကြရပါတယ် အခုလိုအဖြစ်မျိုး မကြုံကြစေဖို ့အတွက် “စော်”ဆိုတဲ့အသုံးနှူံး ပျောက်ဖို ့လိုသလို
    “လုံမ”ဆိုတဲ့ မြန်မာမှုဓလေ့ တို ့ပြန်လည်ထွန်းကားလာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျမရဲ ့ အမြင်လေးကိုပြောပြလိုက်ပါရစေ..။

  • E.T

    November 27, 2011 at 4:29 am

    မိမိ၏ ဘဲဘဲကို ချစ်လွန်းသော မိန်းကလေးများသတိထားကြပါ။ ကိုယ့်ကိုကိုယ်တောင် မယုံရတာ သူများကို ယုံဖို ့ဆိုတာ အဝေးကြီးပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ ချစ်လွန်း၍ အလိုလိုက် လက်ခုပ်တီးမည် ဆိုပါက စိတ်ချရသည့် နည်းလမ်းတွေ အများကြီးပါ။ မဖြစ်သင့်တာတွေ မဖြစ်အောင် အရာရာ safety first ပါ။

  • small cat

    November 27, 2011 at 5:45 am

    ကိုအီးတီရေ မသိနားမလည်သူများကိုသေချာလေးသင်ပေးလိုက်ပါဦး

  • E.T

    November 27, 2011 at 6:19 am

    တားတားက သင်္ဘောသီး လူရိုးလေးပါ။ ဆေးလောကအကြောင်း သိပ်နားမလည်ပါ။ ကြားဖူးတာတွေပဲ ရှိတာပါ။ အလိမ္မာအိမ်ပါလေးကို မေးရင်ပိုသိမယ်ထင်တယ်။ ဆရာဝန်လို ့ ကြားမိလို ့ပါ။ လက်ခုပ်မတီးခင် သောက်တဲ့ဆေး။ လက်ခုပ်တီးပြီးမှ သောက်တဲ့ဆေး။ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတို ့ကို ကိုအလိမ္မာအိမ်ပါလေးမှ ဗဟုသုတ အနေနဲ ့ ရှင်းပြပေးရင်ကောင်းမယ် ထင်ပါတယ်။ သိထားသင့်တယ်လို ့ လည်းထင်ပါတယ်။ ကျန်ညီနောင် ၆ ဖော် အဲဒီဆေးတွေအားကိုးနဲ ့ ထင်တိုင်းကြဲမှာလည်း ကြောက်ရသေးတယ်။

    • inz@ghi

      November 27, 2011 at 10:44 am

      ဘာ ဆေးလာက နားမလည်တာလဲ ပြောတွားဒါလည်း စုံလို့…
      ဒါလား နားမလည်တာ ….နားများလည်ရင်…. ဟွန့်…
      သူ့ကျ လက်ခုတ်တီးမယ်ဆိုတာချည်းပဲ
      ပီးတော့ သူများတွေ ကျတော့ ထင်တိုင်းကျဲမလေးဘာလေးနဲ့ ..

      ထပ်မေးလိုက်ပါဦးလား…….
      လက်ခုပ်ကြာကြာတီးတဲ့ဆေးတို့
      လက်ခုတ် အသံကျယ်ကျယ်မြည်တဲ့ဆေးတို့ …..
      ခနခန တီးလို့ရတဲ့ဆေးတို့…..

      😛

      • windtalker

        November 27, 2011 at 11:28 am

        အဲဒီဆေးတွေ ကို လိုချင်ရင်
        အရှေ ့ကျွန်း က
        ရှမ်းကုလား မင်းသားလေးနဲ ့ရုပ်ဆင်တဲ ့
        ဇာဒူးကြီး ဆီ မှာ မှာလို ့ရကြောင်း
        သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား
        ( အခမဲ့ ကြေငြာ ဝင်ခြင်း ဖြစ်ပါသည် ။ “ဦးဖိုးကျား ၏ အခမဲ့ ကူလီထမ်းခြင်း” ကို အားကျပါသဖြင့် )

        • မှော်ဆရာ

          November 27, 2011 at 1:53 pm

          ဟယ် ဇာဒူးကြီးဆိုပါလား …
          အရေးကြီးတာက ဇာ ကို ရိုက်ရင် shift ကို သေသေချာချာ ဖိပြီး ရိုက်ပေးကြပါခင်ဗျား
          shift မနှိပ်ပဲ ဇာ ကို ရိုက်ရင်တော့ ဂီဂီ နာမည်ပျက်ကိန်းမြင်မိပါ၏ ..

          လွတ်(စ်)လမ်းထောင့်မှာ အသစ်ဖမ်းဖို့ စောင့်နေသူ …
          မင်းမြတ်စက်ကြာ မှော်ဆရာ

        • inz@ghi

          November 28, 2011 at 6:14 am

          နာမည်ပျက်မှာတော့ သိပ် စိတ်ပူဒေါ့ဘာဘူး…
          ဆြာသမားတို့ တယောက်တမျိုးဖျက်ကြလို့ ဖျက်စရာတောင် ကျန်သေးရဲ့လားမသိ…
          ခုချိန်မှာ နောက်တယောက်ယောက်ကများ နာမည် ဖျက်ချင်ရင်တောင် အတော်ခက်သွားဘီ

          9လောက်ရှိတယ်..
          နာမည်ပျက်ချက် …များပြောပါတယ်…

          :'(

    • manawphyulay

      November 27, 2011 at 7:40 pm

      လူရိုးမို့လို့ပဲ စုံနေတာပဲ ဆရာဝန်တောင် မေးစရာမလိုအောင် သိထားပုံရတယ်…

    • E.T

      November 28, 2011 at 5:42 am

      အဟင့် တားကကြားဖူးနားဝ ရှိတာလေးလည်းပြောရသေးတယ်။ လူကို ဝိုင်းနှိပ်ကွပ်နေကြတယ် 🙁 လူရိုးလေးပါဆို မယုံကြဘူး။ သင်္ဘောသီးဆိုတဲ့ နာမည်ကြောင့်လား မသိ။ ဒွတ်ခ၊ ဒွတ်ခ 😀 စေတနာနဲ ့ ပြောတာပါဗျာ။ ဥပမာ- အလိုမတူပဲ အနိုင်ကျင့်ခံရလို ့ ကိုယ်ဝန်ရတာတွေ၊ ဒီပိုစ့်ထဲက မိန်းကလေးလို မတော်တဆ ကိုယ်ဝန်ရတာတွေ အပြင်မှာ အများကြီးရှိတယ်လေ။ တာဝန်မယူတတ်တဲ့ ယောက်ျားလေးနဲ ့ တွေ ့ရင် မိန်းကလေးဘက်က အရမ်းနစ်နာပါတယ်။ အဲဒါကြောင့် သိထားသင့်တယ်ထင်လို ့ပါ။ တီးပြီးမှ သောက်တဲ့ဆေးက ကျွန်တော့် နာမည်နဲ ့တောင် ဆင်နေသေးတယ်။ အရှေ ့ကျွန်းက ဇာဒူးကြီးပြောတဲ့ ကြာကြာတွေ ကျယ်ကျယ်တွေ ခနခနတွေတော့ မသိဘူး။ ဇာဒူးကြီးသုံးနေကြဆိုတော့ သူပဲသိလိမ့်မယ် ထင်တယ် 😛

  • ကြောင်လတ်

    November 27, 2011 at 6:50 am

    ဦးဇင်းဆန်နီနေမင်းရဲ့ ဒီတစ်ပတ် ဂျာနယ်ပါ ရှယ်ဆောင်းပါးကိုသွားဖတ်ကြည့်ကြပါဦး။

  • ကြောင်ကြီး

    November 27, 2011 at 10:35 am

    အရင်ကတော့ မိန်းခလေးတွေကို သနားတယ်။ နောက်ပိုင်းတော့ မိန်းခလေးအများက မစောင့်ထိန်း (စကားလုံးကို အတော်လျှော့ပေးထားတာနော်) ကြတာမို့ သနားစိတ်မဝင်တော့ဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မည်တာပါ။ ဒီစကားလုံး လွန်ခဲ့တဲ့နှစ်ပိုင်းတွေလောက်ကအထိ ပြောရင် ရင့်သီးကောင်း ရင့်သီးပါမယ်။ နောက်ပိုင်းမှာတော့ မြင်တွေ့ကြားသိနေရတာ အလိုတူအလိုပါ သို့မဟုတ် အလွယ်ပေးချင်တဲ့ သဘောရှိပါတယ်။ သူများတွေလို ရည်းစားထားချင်တယ်၊ အတူနေချင်တယ်။ သိပ်အချောအလှကြီး မဟုတ်ရင် ပိုဆိုးပါတယ်။ ပိုနူးရနှပ်ရ လွယ်ပါတယ်။ ခေတ်ကာလအရ လူတွေရဲ့ လိင်ဆက်ဆံမှုအပေါ် အမြင်များ ပြောင်းလဲလာတဲ့ပုံပေါ်တယ်။ ကောင်းတယ် သဘောတူတယ်လို့ ပြောခြင်းမဟုတ်ပါ။ အစကနဦးမှာ မိန်းခလေးများဖက်က အလွယ်ပေးတယ်ဆိုပေမဲ့ ယောက်ျားလေးများလို တွေ့ကရာနဲ့ ဖြစ်ဖို့ရည်ရွယ်ဟန် မတူပါဘူး။ ပထမ တွဲသွားတွဲလာလုပ်တယ်၊ နီးစပ်မှုပိုလာရင် အတူအိပ်လိုက်တယ်။ ယောက်ျားလေးဖက်ကတော့ အတည်ဖြစ်ပေမဲ့ ငယ်စဉ်မှာ လက်ထပ်ယူဖို့အထိဆိုတာ ခပ်ရှားရှားပါ။ အသက်နဲနဲကြီးလာလို့ အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့အရွယ်ဆိုရင်တော့ ဖြစ်နိုင်ခြေများတယ်။ အဲသလိုဖြစ်ပြီး ရည်းစားနဲ့ပြတ်သွားတဲ့ မိန်းခလေးအဖို့ ရဲသွားပါပြီ။ အပျိုစင်လို ရှိုုးတိုးရှန်းတန့် မဖြစ်တော့ဘူး။ ပါးစပ်ကတော့ မြန်မာမိန်းခလေး ဘာညာပေါ့လေ၊ သို့သော် သူလိုချင်တာရဖို့ ဝန်မလေးတော့သလို နောက်တယောက် ထပ်ပြောင်းသွားလည်း ဝမ်းမနည်းတော့ပါဘူး။ နေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝန်းက အပြည့်အဝ လက်မခံလို့သာ ငြိမ်နေရတယ်၊ အခြေအနေပေးတာနဲ့ လွတ်လပ်ခွင့်ကို အသုံးချတတ် သွားပါပြီ။ သဂျီးပြောတဲ့ ယောက်ျား၊ မိန်းမ အခွင့်အရေး တန်းတူဖြစ်သွားပါတယ်။ ပုံမှန်ခေတ်ယဉ်ကျေးမှုအဖြစ် ရောက်သွားတဲ့အခါ နာတယ်သာတယ် အယူအဆ ပျောက်သွားမှာဖြစ်ပေမဲ့ အခုလို အုတ်ရောရော ကျောက်ရောရော ဖြစ်နေချိန်မှာတော့ ရိုးရိုးသားသာ ခံလိုက်ရသူများ ရှိသလို၊ သူများကို လက်ညှိုးထိုး အပြစ်ပုံချသူများ၊ မပြေးတတ်တဲ့ ကြွက်ယောင်ဆောင်သူများနဲ့ ရှုပ်ထွေးနေအုံးမှာဖြစ်ပါတယ်။

  • blackchaw

    November 27, 2011 at 11:11 am

    ကယ်တင်ရှင်လိုပါတယ်
    ကယ်တင်ရှင်လိုပါတယ်
    ကယ်တင်ရှင်လိုပါတယ်
    ခင်ဗျာ အော် ဟုတ်ကဲ့ပါ ကရင်စည်သူ
    အော် ကယ်တင်ပေးရမယ်ပေါ့နော်
    အော် ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်ခင်ဗျာ
    ကိုရင် စည်သူ တဲ့ ကယ်တင်ရှင်လုပ်ပေးပါတဲ့
    အော် လက်ခုတ်တီးပြီး အားပေးဦးမှာတဲ့ ခင်ဗျာ။ ဟားဟား။
    နောက်တာနော် ကိုရင် အတည်မယူနဲ့ဦး။

  • Shanma TUmdy

    November 27, 2011 at 10:26 pm

    ဒီလိုခေတ်.. ဒီလိုခါကြီးမှာ .. နောက်ငါးနှစ်ဆယ်နှစ် ကြာရင် မြန်မာမိန်းကလေးများ ..
    ဟိုနေ့က ဘယ်ပိုစ့်မှာဖတ်မိတာပါလိမ့် ..အမေရိကန်ကကျောင်းသူတစ်ယောက် .. အပျိုစင်ဘဝနဲ့ ကောလိပ်မသွားချင်ဘူးဆိုလား .. အဲလိုဖြစ်တော့မှာလား .. ဘုရားဘုရား . စိတ်ဓာတ် .. စည်းကမ်း .. ပညာတဲ့..
    စိတ်ဓာတ်က အရင်လာတာ.. . မိဘတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်..

  • cryingsoul

    November 28, 2011 at 9:15 am

    တက်သလောက်လေး ပြောရမယ်ဆိုရင်တော. ခေတ်ကာလတွေဟာလဲပြောင်းနေပြီဆိုတော. ယောကျာင်္းလေးတွေကလဲစည်းစောင်.နိုင်ဖို.လိုပါတယ် မိန်းကလေးတွေဘက်ကလဲ အပေးမကြမ်းဖို.လဲလိုပါတယ် တကယ်လိုဖြစ်ခဲ.ရင်လဲ ယောကျာင်္းလေးဘက်ကဆေးမတိုက်ရင်တောင် မိန်းကလေးဘက်ကအလိုက်သိစွာသောက်သင်.ပါတယ် ဗျ လုပ်တုန်းကတော.လုပ်ထားကြပြီး ပိုက်ဆံလေးနည်းနည်းလောက်ကိုမနှမြောနေသင်.ပါဘူး (ပြောတာလေးများရိုင်းသွားရင်ခွင်.လွတ်ပေးကြပါလို.) ပြောချင်ပါတယ်

  • မိုးချမ်းမြေ့

    November 28, 2011 at 2:08 pm

    အင်း….ဖတ်ရတဲ့သီတင်းတွေကတော့…လူစိတ်ကင်းမဲ့နေတဲ့ တိရစ္ဆာန်ရဲ့ စရိုက်မျိုးတွေပါလားဗျို့..။
    မိန်းကလေးကလည်း…ယောက်ကျားလေးတွေဆိုရင်…သတိထား….
    ယောက်ကျားလေးကလည်း…မိန်းကလေးဆိုရင်…သတိထားရမယ့် အချက်တွေကို…လေ့လာသင့်တယ်လို့
    ထင်ပါတယ်။…ကြုံတုန်းလေး…“မဃဒေဝ” ရဲ့ အလင်္ကာထဲက..စာပိုဒ်လေးတွေကို လေ့လာမိတာနဲ့ ရေးပြ
    လိုက်ပါတယ်…။
    မိန်းမဟူငြား၊ သဘောအားဖြင့်၊ ယောက်ကျားတကာ၊ ဆက်ဆံရာကြောင့်၊ ပမာမယွင်း၊ လှေနှင့်
    မြင်းသို့၊ စီးနင်းသူနောက်၊ ကောက်ကောက်ချည်းသာ၊ ဆောင်ရာပါရှင့်။ မိစ္ဆာစာရ၊ ကျင့်“ပါပ”လည်း၊ မိန်းမ
    ဓလေ့၊ ပျောက်မမေ့တည်း။….တဲ့… ဒါက…ယောက်ကျားလေးတွေ..သတိထားရမယ့် အချက်….။
    နောက်တစ်ခုက….မိန်းကလေးတွေ..သတိထားရမယ့်အချက်နော်…။
    လင်မွဲ၊ လင်နာ၊ လင်သူရာကြိုက်၊ လင်မိုက်၊ လင်ပျင်း၊ လင်ဖျင်း၊ လင်အို၊ အလိုအဖြည့်၊ မပြည့်ဆန္ဓ၊ ရှိတုံကလျှင်၊ မိန်းမဟူသည်..မဖွယ်မရာ၊ ပြုထိုက်စွာ၏…တဲ့..။
    ကဲ…ဝိုင်းတော်သားတို့ရေ…
    ဘာပဲပြောပြော…တကယ်တော့….မိန်းကလေးဖြစ်ဖြစ်…ယောက်ကျားလေးပဲဖြစ်ဖြစ်..မှားတာက
    လူမဟုတ်ဘူးဗျနော်….။ တကယ်မှားတာက “ကိလေသာ”ပါ…။ ကိုယ်ပြုတဲ့ကံပေါ့..။ သတိထားပြီးနေမယ်
    ဆိုရင်…သမုဒယကြောင့်…ဒုက္ခဖြစ်ရခြင်းမှကင်းမှာပါပဲ..။ ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူ၊ အနေအထိုင်
    တွေကိုသာ…အမြဲစစ်ဆေးနေရုံပါပဲ…။ ဒါတွေက…သူများကိုသွားပြီး စစ်ဆေးနေရတာမျိုးတော့ မဟုတ်ဘူး…။ ကိုယ်ကောင်းရင်…ကိုယ့်ပါတ်ဝန်းကျင်လည်းငြိမ်းချမ်းမှာလေ….။ သို့သော်လည်း…မကောင်းတဲ့ပါတ်ဝန်းကျင်ဆိုတာကတော့…ဒီကမ္ဘာပေါ်မှာမနေပဲ..တခြားဂြိုလ်သွားနေ
    ကြည့်ပါလား….တွေ့နေရမှာပါပဲ…ရှောင်လို့မရဘူးဗျ…။ ဘာ့ကြောင့်လဲဆိုရင်…လူတစ်သောင်းမှာ….
    တစ်ယောက်လောက်တောင်..တရားအသိနဲ့…တရားရှိရှိ…ပြောဆို၊ ပြုမူ၊ နေထိုင်ကြတာက…တွေရခဲသား
    ဆိုတော့…..။ သို့သော်လည်းပေါ့…အပေါင်းအသင်းတို့ရာ…တစ်ယောက်အစ…တစ်ရာဆိုသလို….မိမိ
    ကိုယ်ကိုသာ….အတတ်နိုင်ဆုံး..သတိထားစစ်ဆေးကြည့်ကြစို့လား..။ ပြီးမှ…သူများကို အကဲခတ်ကြတာ
    ပေါ့…နော့…။

  • sealion

    December 3, 2011 at 12:58 pm

    တိရိဆန်သား မိုက်ရိုင်းတယ်ကောင် တွယ်ချင်တွယ်ပေါ့ ကိုယ်ဝန်ရှိရင်တော့ တာဝန်ယူရမယ် မယူချင်ရင် မဥနဲ ့ပေါ့

Leave a Reply