Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Diamond KeyFebruary 23, 20122min75639
        သူ့ကို ကျွန်တော်တို့ မျှော်နေကြတယ်။ သူ့ကို သတိရနေကြတယ်။ သူ …………. ဘယ်ဆီကို ရောက်နေပြီလဲ။ **********************************           သူရှိနေခဲ့စဉ်တုန်းကဆိုရင် မနက်ခင်းတိုင်းမှာ အိပ်ရာက ထတယ်ဆိုတာနဲ့ သူ့အိမ်လေးကို သန့်ရှင်းရေးလုပ်တယ်။ ကျွန်တော်တို့လာရင်ကြွေးဖို့ စားစရာတွေ ပြင်ထားပေးတယ်၊ ပြီးတော့ ကျွန်တော်တို့တွေ အလာကို မျှော်နေတတ်တယ်။ ကျွန်တော်တို့တွေ သူ့အိမ်ကို ရောက်လာပြီ ဆိုရင် ကျွန်တော်တို့က သူကြွေးတာတွေ အားမနာတမ်း တဝစားကြတယ်။ သူ့အိမ်မှာ ဆူညံနေအောင် စကားတွေဖေါင်ဖွဲ့ကြတယ်။ သီချင်းတွေ ဆိုကြတယ်။ ဆော့ကြတယ်။ သူကတော့ ကျွန်တော်တို့တွေနဲ့ မလှမ်းမကမ်းမှာ ကော်ဖီခွက်လေး တစ်ခွက်၊ ဂျာနယ်လေးတစ်စောင်နဲ့ စာဖတ်နေတတ်တယ်။ တစ်ခါတရံမှာ ကင်မရာ တစ်လုံးနဲ့ ကျွန်တော်တို့တွေကို ဓါတ်ပုံတွေ ရိုက်တယ်။ *********************************** ကျွန်တော်ငယ်ငယ်တုန်းကတည်းက သူ့ကို […]


Diamond KeyFebruary 20, 20121min52323
        ကျွန်တော်တို့ ပတ်ဝန်းကျင်က အင်တာနက်သုံးသူတွေ ဆီကနေ တခါတရံမှာ သရဲ၊ ဘာညာတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေ ကြားကြားနေရပါတယ်။ တစ်လောက ကျွန်တော် Facebook စာမျက်နာမှာ တွေ့လိုက်ရတဲ့ သတင်းလေးက တစ်ခြားနိုင်ငံတစ်ခုမှာ ဘုန်းဘုန်းတွေ တရားနာနေတုန်း သရဲမတစ်ဦးလာတာတွေ ဆိုသဗျ။ ဖေါ်ပြထားတဲ့ပုံက အောက်က ပုံပါ။ အဲဒီမှာ မူရင်းဆိုဒ်ကိုပါ လင့်ပေးထားပါတယ်  http://www.thaighoststory.com/read-ghost-tid-5132-page-e.html . ဒါပေမယ့် ကိုယ်က မဖတ်တတ်တော့ ဘာလေလဲပေါ့။ ဒီနေ့ကျွန်တော်တွေ့လိုက်ရတဲ့ Facebook က သတင်းလေးမှာ ဒီလိုတွေ့ရပါတယ်။  “၂ရ ရက်နေ့ ညနေက မင်္ဂလာဒုံ ဆေးရုံ မှာ ကလေးလေးတစ်ယောက် ခွဲခန်းဝင်တာ ပုံမှန်အတိုင်း OT record အနေနဲ့ သူနာပြုတွေက ဓါတ်ပုံရိုက်ထားတယ် ။ ခွဲစိတ်တာလည်းပြီးတော့ […]


Diamond KeyFebruary 16, 20121min63035
လွန်ခဲ့တဲ့ ရက်တစ်ရက် (၁၀-၀၂-၂၀၁၂) က မန္တလေးမြို့ လမ်းတစ်နေရာမှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပါတယ်။ လမ်းဘေးက ယာဉ်ရပ်နားရာ နေရာကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို လမ်းအတိုင်း မောင်းလာတဲ့ Light Track ကားတစ်စီးက ဝင်တိုက်မိတာပါ။ အတိုက်ခံရတဲ့ ဆိုင်ကယ်က ကျိုးပဲ့ပျက်စီးကာ စီးလာတဲ့ မိန်းကလေးက ခြေဖမိုးက အရေပြားလံကာ ခြေထောက်က သွေးသံ တရဲရဲ ဖြစ်နေပေမယ့် တိုက်တဲ့ကား ယာဉ်မောင်းသူက ဆေးရုံဆေးခန်း လိုက်ပို့ပေးဖို့ နေနေသာသာ “တိုင်ချင်ရာတိုင်” ဆိုပြီး မောင်းထွက်သွားလို့ ဘေးက လူတွေက ကားနံပါတ် လိုက်မှတ်ပေးကာ တိုက်သွားတဲ့ ကားနံပါတ်ကို မှတ်ထားလိုက် နိုင်ကြပါတယ်။ အဲဒါ သွေးသံတရဲရဲ ဖြစ်နေတဲ့ လူနာကို ဆေးရုံဝိုင်းပို့ပေးကြပြီး ယာဉ်ထိန်းတပ်ဖွဲ့ […]


Diamond KeyFebruary 14, 20121min69621
ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု မန္တလေးမြို့မှာ ဒီရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ဘဏ်တစ်ခုဟာ ဘဏ်ငွေစုငွေ ရရှိစေရန် ဘဏ် ဝန်ထမ်းများကို အသုံးပြုကာ အပြောနှင့်မညီသည့် လုပ်ဆောင်မှုတစ်ခု ပြူလုပ်သွားကြောင်း လက်တွေ့ကြုံခဲ့ရသူများ၏ ပြောပြချက် အရ သိရှိရပါတယ်။ ထိုဘဏ်က ဝန်ထမ်းမိန်းကလေးတွေက ၎င်းဘဏ်ဖွင် ့ပွဲနေ ့နဲ့ အကြိုနေ့တွေမှာ account  ဖွင့် လိုသူများ ရှိပါက အိမ်တိုင်ယာရောက် (သို ့) ရုံးတိုင်ယာရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း၊ Account ဖွင့်မည် ့ Customers များအား T-Shirt တစ်ထည် ။ note book တစ်အုပ် နှင့် note pad တစ်ခုစီ လက်ဆောင်ပေးမည်ဖြစ်ပြီး ကျပ်ငွေ 10000 နှင့် […]


Diamond KeyFebruary 10, 20121min3525
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်အား ပူဇော်ခြင်း           ဖြေဆိုရတာ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်တယ် လို့သိရတဲ့ မြန်မာပြည်က တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကနေ တိပိဋကဓရ နဲ့ တိပိဋကကောဝိဒဘွဲ့တော်ရ သာသနာ့ အာဇာနည် ဆရာတော် တစ်ပါး ထပ်မံ ပေါ်ထွက်လာတယ်လို့ ယနေ့ ထုတ်ဝေတဲ့ သတင်းစာများမှ သတင်းအရ သိရှိရပါတယ်။ ၆၄ ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွှေးချယ်ရေး စာမေးပွဲမှာ ပလ္ဌင်အမှတ် (၂၁၆) အရှင် ဣန္နာစရိယ၊ သက်တော် (၄၇)၊ သိက္ခာတော် (၂၇) ဝါ၊ တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်း သည် အဘိဓမ္မပိဋက၊ အဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း သဘောရေးဖြေအောင်မြင်ကာ တိပိဋကဓရ၊ […]


Diamond KeyFebruary 6, 20121min67726
တစ်ကယ်တော့ စိန်သော့က လျှပ်တစ်ပြက် ဓါတ်ပုံတွေသာ ခလုပ်နှိပ်တာများပါတယ်။ ရိုက်စရာတွေ့တာနဲ့ ကင်မရာတန်းထုတ်၊ ဖြတ်ခနဲချိန်၊ ဂွတ်ခနဲ နှိပ်ရတဲ့ Pictorial ပုံတွေ၊ Record ပုံတွေကိုပဲ ရိုက်ဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာ လူပုံတွေပါရင်လဲ ပြင်ပလောကမှာ ဖြစ်ပျက်နေတဲ့ သဘာဝအခြေအနေတွေ အတိုင်း တွေ့တဲ့နေရာမှာ ဖြစ်နေတဲ့ အနေအထားတွေ အတိုင်းနှိပ်လိုက်တာပဲ များပါတယ်။ စိုင်ပစ်တာ မပိုင်ဘူးဗျ။ အဲ.. သူများတွေ စိုင်ပစ်ပြတော့ အားတော့ကျသားကလား။ တစ်နေ့ကတော့ အကြောင်းလေးတိုက်ဆိုင်လို့ စိုင်ပုံလေးတွေ နှိပ်ဖြစ်ခဲ့ပါတယ်။ ရွာထဲမှာ စိန်သော့ကို စိုင်ပုံလေးရှိရင် ပြပါဆိုလို့တစ်ကယ်နှိပ်ခဲ့တဲ့ Portrait လေးတွေ ပြပေးလိုက်ပါတယ်။ Modelလေးက တက္ကသိုလ်ပေါင်းစုံ ကာယအလှမယ် ပန်းမို့မို့မင်းခန့်တဲ့။       အားပေးအုံးမယ်ဆိုရင်တော့ http://www.facebook.com/KKDPC ကိုသာသွား Like ပါ။


Diamond KeyFebruary 5, 20123min61015
မြန်မာ့အလှကို ကောင်းကင်ကနေ ခံစားကြသူများ မြန်မာနိုင်ငံ အထက်အညာ ဒေသက ဟေမာန်ဆောင်းကာလ၊ ဖေဖေါ်ဝါရီလ မနက်ခင်းက အေးစိမ့်လှပါတယ်။ မန္တလေး အမရပူရက တောင်သမန်ဝန်းကျင်ကတော့ ဆောင်းမနက်ခင်း လင်းအာရုံ နှင်းဝေဝေအောက်မှာ တိတ်ဆိပ်စွာ အိပ်မောကျလျှက်ရှိနေပါတယ်။ ဒီလို အေးချမ်းတိတ်ဆိပ်နေတဲ့ လင်းအာရုံ မနက်ခင်းစောစောမှာ စောစီးစွာ နိုးထကာ တောင်သမန်အင်းစောင်းမှာ လှုတ်တရွရွ ဖြစ်နေသူ တစ်စုကတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိကာ သိပ်လှတဲ့ မြန်မာ့ရှုခင်းတွေကို ကောင်းကင်ယံက ခံစားကြမယ့် ဆွစ်ဇာလန်နိုင်ငံက မိုးပျံပူဖောင်း ချန်ပီယံ Mr.Peter Blaser ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၂၄ ဦးပါဝင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံကို ၁၄ ကြိမ်မြောက် အဖြစ် မိုးပျံပူဖောင်းတွေနဲ့ ၁၅ ရက်ကြာ လာရောက် […]


Diamond KeyFebruary 2, 20124min75131
အညတရ မြတ်ဒါနရှင် မြန်မာ့ အမျိုးသမီးကြီး ဒေါ်ဦးဇွန်း           ကမ္ဘာကျော် ခေါင်းလောင်းကြီး၊ ကမ္ဘာကျော် ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန်စေတီတော်ကြီး ရှိတဲ့ နေရာ၊ ဘုရားဟော ပိဋကတ်သုံးပုံ၊ ပိဋကတ်ပါဠိတော် စာမျက်နှာပေါင်း (၈၀၂၇) ကိုအာဂုံဆောင်နိုင်ကာ အဌကထာ၊ ဋီကာ စာမျက်နှာပေါင်း (၉၉၃၄) ကို ဖြေဆိုအောင်မြင်ပြီး တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့တော်ရ၊ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီး အဖြစ်မှတ်တင်းတင်ခံရတဲ့ သာသနာ့အာဇာနည် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာ ဘိဝံသ ပေါ်ထွန်းခဲ့ရာ ကမ္ဘာကျော်တဲ့ မြန်မာ့ရွာကလေး မင်းကွန်းကိုတော့ လူတိုင်းသိကြပါတယ်။ (https://myanmargazette.net/72360/travel ) မင်းကွန်းမှာ ရှိတဲ့ ကမ္ဘာကျော်ခေါင်းလောင်းကြီးရဲ့မြောက်ဖက် မလှမ်းမကမ်းလေးမှာ အုတ်ဂူလေးနှစ်ခု ရှိနေတာကိုတော့ မင်းကွန်းရောက်သူတိုင်းတော့ သတိမထားမိကြပါဘူး။ မင်းကွန်းခေါင်းလောင်းကြီးကနေ မြသိန်းတန်းဘုရားဆီ […]


Diamond KeyJanuary 15, 20122min108443
ကျွန်တော် ရွာထဲရောက်ကတည်းက ရွာသူရွာသားတွေနဲ့ တစ်ဦးနဲ့တစ်ဦး ဗဟုသုတတွေ ဖလှယ်၊ ရင်းနှီးမှုတွေ ဖြစ်နေကြပေမယ့် အပြင်မှာတော့ မတွေ့ဖြစ်ခဲ့သေးပါ။ လူခြင်းသာ မတွေ့ဖူးကြပေမယ့် ရွာထဲမှာတော့ ညီအကို မောင်နှမတွေ ဖြစ်ကာ စာသံယောဇဉ်တွေ၊ ဖုန်းနဲ့တော့ ရင်းနှီးနေကြပါတယ်။ တစ်နေ့က ကိုပေါက် (မန္တလေး) က ရွှေတို်က်စိုး ရန်ကုန်က ရောက်နေတုန်း အားလုံး ဒီနေ့ တွေ့ဖြစ်အောင် ဖုန်းတစ်လုံးနဲ့ စီစဉ်တော့ ကျွန်တော်က မဖြစ်ဖြစ်အောင်လာမယ်လို့ ပြောလိုက်ပါတယ်။ ရွာထဲက ညီအကို မောင်နှမတွေ တွေ့ရမှာ ဆိုတော့ မဖြစ်ဖြစ်အောင်သွားမယ်ပေါ့။ ဒါနဲ့ ကိုပေါက်ကို ဘယ်မှာ ဆုံမလဲ မေးလိုက်တော့ မန္တလေး၊ ကန်တော်ကြီးနားက ရှမ်းကလေးကျွန်းရွာထိပ်နားတဲ့။ အမယ်…ကိုပေါက် ရွှေးမှတော့ နေရာလေးက ဓါတ်ပုံသမား အကြိုက်နေရာလေးဗျ။ ဆုံဖို့ ချိန်းထားတဲ့ […]


Diamond KeyJanuary 9, 20121min73221
မနေ့က အပြင်ကို ကိစ္စတစ်ခုနဲ့ ထွက်အလာ (မန္တလေး) ၁၈ လမ်းနဲ့ ၈၆ လမ်းဆုံတဲ့ နေရာအရောက်မှာ လူတွေ အုပ်စုလိုက် ဖြစ်နေတာနဲ့ စုံစမ်းကြည့်တော့ ဆိုင်ကယ်တစ်စီးက လမ်းကူးနေတဲ့ အဖွားကြီး တစ်ယောက်ကို တိုက်မိပြီး မောင်းပြေးလို့ ပတ်ဝန်းကျင်ကလူတွေက ဝိုင်းဖမ်းလို့ မိခါစလို့ သိလိုက်ရတယ်။ ယာဉ်ထိမ်းကိုလည်း အကြောင်းကြားကြပါတယ်။ အဲဒီမှာ အခက်အခဲ တစ်ခုတွေ့ရတာက ဆေးရုံပို့ဖို့ ကားမရတာပါပဲ။ ဖြတ်သွားဖြတ်လာနဲ့ အနီးအနားက ကားတွေကလည်း လူနာကိုတင်ပြီး မပို့ရဲကြပါ။ ဒါနဲ့ အခုနောက်ပိုင်းကာလ မန္တလေးမှာ ဒီလိုကိစ္စမျိုးတွေ အတွက် အဆင်ပြေတဲ့ လူမှုကူညီရေး အသင်းတွေ ပေါ်လာတော့ လူမှုကူညီရေး အသင်းတစ်ခုကို ဖုန်းဆက်လိုက်တော့ ကားတစ်စီး ချက်ချင်းရောက်လာပြီး လူနာကို ဆေးရုံကို လိုက်ပို့ပေးပါတယ်။ ခဏအကြာမှာတော့ ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦး […]


Diamond KeyDecember 17, 20111min102521
 အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ         တစ်လောက ဟိုမှာဒီမှာ မောင်ကောင်း ၊ စံလင်း လက်မှတ်ပါတဲ့ ရှေးပိုက်ဆံတွေ ရှာကြ၊ ရောင်းကြ၊ ဝယ်ကြ နဲ့ အသံစုံ ကြားလိုက်ကြ ရပါသေးတယ်။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အသံတွေ တိမ်ကာ ညိမ်သွားခဲ့ပါတယ်။ ရွာထဲမှာတောင် ပိုက်ဆံပုံတွေ ပြကာရေးခဲ့ကြလို့ ဗဟုသုတ ရလိုက်ပါသေးတယ်။ ဟော..အခု ရက်ပိုင်းပြန်ကြားလာရ ပြန်တာက အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ၊ အင်္ဂလိပ်ခေတ်က ရှေးဟောင်းအောက်လင်းမီးအိမ်တွေ၊ ဟင်္သာပုံ ရှေးဟောင်းအလေးတွေ လိုက်ဝယ်နေကြတဲ့ အကြောင်းပါ။ ဘယ်လိုအနေအထားဆို ဘယ်လောက်တောင်ပေးနေတယ် ဘာညာ ကြားနေရပေမယ့် ကိုယ်နဲ့ အလှမ်းဝေးတော့ စိတ်လည်း သိပ်မဝင်စား ဖြစ်ပါဘူး။ တနေ့က အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တစ်လုံးကို ရောင်းဖို့ဝယ်ဖို့ လုပ်နေတယ်ဆိုလို့ ရွာထဲမှာ သတင်းလေးအဖြစ် ပြောရရင်  […]


Diamond KeyDecember 16, 20111min3793
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၇)           အရှေ့မှာ ပြောခဲ့သလို ရောက်ခါစဆိုတော့ ရဲဖမ်းမှာလည်းကြောက် (ကိုယ့်မှာက စာအုပ်မရှိတော့ဘူး ဆိုတော့ တရားမဝင်နေသူ ဖြစ်သွားပြီလေ)၊ ရှိစုရှိမဲ့ ပိုက်ဆံလေးလဲ ရဲကို ဘလန်ချာ မပေးချင်၊ ကိုယ်လည်း ဟိုနားသွားရရင် ရဲနဲ့တွေမှာလည်း ပူရဆိုတော့ ရှိစူရှိမဲ့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ကဒ်လေးတော့ လုပ်ထား လိုက်မယ်လို့ ဆုံးဖြတ် လိုက်တာပါ။ ကဒ်လုပ်ဖို့ကိုတော့ လူရင်းမိတ်ဆွေက စီစဉ်ပေးပါတယ်။ ကဒ်လုပ်ခိုင်းလိုက်ပြီး ၂ရက်လောက်နေတော့ လုပ်ခိုင်းတဲ့ ကဒ်ရလာပါတယ်။ ကဒ်ကိုပေးတဲ့အခါ အထက်မှာ ကျွန်တော်ပြောခဲ့သလို ကွေးလို့ရတာ၊ UV Light နဲ့ ထိုးပြတာတွေ လုပ်ပြပါတယ်။ ကဒ်ရတဲ့ အခါ ကျွန်တော်က ကဒ်ပေါ်က Data တွေကို အလွတ်ရအောင် ကျက်ထားရပါတယ်။ အမည်စာလုံးပေါင်းတွေက […]


Diamond KeyDecember 15, 20111min2653
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၆)           အလုပ်ဝင်စ ပထမလမှာပဲ မလေးငွေ ၂၀ဝ ကျော် လျော်လိုက်ရလို့ ဂိမ်းအလုပ်ကို တော်တော်တော့ လန့်သွားပါတယ်။ ဒီအတိုင်းဆို ဆက်လုပ်လို့ ဖြစ်ပါ့မလားပေါ့။ ကျွန်တော်တို့ ဂိမ်းဆိုင်တဝိုက်က စည်ကားတဲ့နေရာဖြစ်လေတော့ တစ်ခြားဂိမ်းဆိုင်တွေလည်း မလှမ်းမကမ်းတွေမှာ အများကြီးရှိနေပြီး မြန်မာအလုပ်သမားတွေ တော်တော်များများ ဒီပတ်ဝန်းကျင်မှာ ရှိပါတယ်။ ကျွန်တော့်အရင် နောင်တော်တွေနဲ့ သူတို့တွေက ရင်းနှီးနေကြတော့ ကျွန်တော်ရောက်ပြီး မကြာတဲ့ ကာလတွေမှာ မိတ်ဆွေတွေ ဖြစ်သွား ကြပါတယ်။ ကျွန်တော် ခံလိုက်ရတဲ့ သတင်းကြားကြတဲ့ အခါလာပြီး အားပေးကြရှာပါတယ်။ သူတို့တွေရဲ့ အရင့်အရင်က ဖြစ်ဖူးတဲ့ ဒီလို အလားတူ ဖြစ်ရပ်တွေ ပြောပြကြတာနဲ့ ကျွန်တော်အတွက်တော့ ဒီကိစ္စဖြစ်သွားတဲ့ အမြတ်က ဂိမ်းလောကရဲ့ နောက်ထပ် သိစရာတွေ အများကြီး […]