ယခုလမှာ ကိုယ်တိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ ကမ္ဘာကျော် Playwright များရဲ့ Play များကို ဖော်ပြထားတဲ့စာအုပ်လေးများကို ညွှန်းလိုပါတယ်။ မြန်မာလို ပြဇာတ်လို့ခေါ်တဲ့ Play များကို ရွေးချယ်ရတာ အကြောင်းရှိပါတယ်။ ဧပြီ၂၃ရက်နေ့မှာ စာရေးသူရဲ့ညီမငယ် မေမမကျော်မြင့်ဟာ Florida မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ မေကျော်လေးဟာ စာရေးသူတို့မိသားစုမှာ ထူးထူုးခြားခြားအနုပညာကို ဝါသနာပါပါတယ်။ အထူးသဖြင့် ပြဇာတ်လေးတွေ၊ အငြိမ့်လေးတွေ ဝါသနာပါပါတယ်။မေကျော်လေးကို အမှတ်တရအနေနဲ့ သူအထူးနှစ်သက်တဲ့ပြဇာတ်ရေးဆရာကြီးတွေရဲ့စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ဖော်ပြလိုသူကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Shakespeare ပါ။ Shakespeare ရဲ့ comedies တွေ၊ tragedies တွေကို အားလုံးရင်းနှီးပြီးသားပါ။ Shakespeare ရဲ့စာအုပ်ဆို အထူးရွေးနေစရာမလိုပါ။ Shakespeare ရဲ့ play တိုင်း မကောင်းဘူးဆိုတာ မရှိပါ။ အားလုံးဝယ်ယူထားသင့်၊ […]