ဆိုင်ကိုမက်ထရီ” အတတ် ဆိုသည်မှာလူတစ်ဦးတစ်ယောက်၏ အဝတ်အစားကို ကိုင်ကြည့်ရုံနှင့် ၎င်းလူ၏ အ တိတ် ပစ္စုပ္ပန် အနာဂါတ် အဖြစ်အပျက်များကိုဟောပြောနိုင်သောပညာဖြစ်သည်။ ကျွန်တော်တို့ ကြည့်ကြတဲ့ နိုင်ငံခြား ဇာတ်ကားတွေထဲမှာလို အဝတ်စတစ်ခုခုကို ကိုင်ကြည့်ရင် အဲ့ဝတ်ခဲ့တဲ့သူရဲ့ အတိတ်ကို မျက်လုံးထဲ မြင်ရတဲ့ ပြကွက် ပုံစံမျိုးလိုဖြစ်ပါတယ်။ (ကျွန်တော် သုံးတဲ့လိုင်းက ကွန်နက်ရှင် သိပ်မကောင်းဘူးဗျာ.. ဒီပို့စ်တင်တာ နှစ်ခါရှိပြီ… အဆင်မပြေဘူး.. မနေ့ကလည်း မဟိဒ္ဓိပညာရပ်ကို ပို့စ်တင်တာ အဆင်မပြေဘူး.. ကွန့်မန်က အော့ဖ်ဖြစ်နေတယ်ဗျာ။ ခုထပ်ကြိုးစားကြည့်ထားတာ..။) သက်မဲ့အရာဝတ္ထု များကိုလည်းလက်တွင် ဆုပ်ကိုင်၍ သုံးသတ်ကြည့်ပြီး ၎င်းဝတ္ထုပစ္စည်း၏ အတိတ်ရာဇဝင် အဖြစ် အပျက် သို့မဟုတ် မည်သည့်တိုင်းပြည် မည်သည့်နေရာမှ လာသည် စသည်ဖြင့် အတတ်ဟောနိုင်လေ၏။ လူနာများ၏ အဝတ်အထည်ကို ကိုင်၍ သုံးသတ်ပါကဘာရောဂါဖြစ်နေသည် […]