လင္းစက္ရာJuly 13, 20131min2555
ကော်ဖီတွေခင်းကျင်းထား သကြားမလို ၊ သံပုရာမလို ငါအဲ့လို ရိုးရှင်းပစ်လိုက်တယ်…။ အလှတရားတစ်ခုကို လှေနံဓါးထစ် ၊ ရင်တစ်ခင်းလုံး ဆောင်းဖြစ်သွားတဲ့ အခါ အရိုးခံတွေ ဝင်္ကဘာဆန်လာတယ်…။ ဘယ်လို ပြန်ဆောက်တည်မလဲ………။ ခြေသံတွေ တရှပ်ရှပ်နဲ့ သဲကြိုးပြတ်နေတဲ့ စကားလုံးအဟောင်းတွေ ၊ နှလုံးသားက ပြတ်ရွေ့တွေ များလာပုံရတယ်…။ အမှတ်တရတွေ ဖောက်ခွဲပစ်ဖို့ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား..၊ နှစ်ချို့ အရိပ်အငွေ့တွေ ဖျက်သိမ်းဖို့ ကိုယ့်ကိုယ်ကိုယ် သဘောတူလက်မှတ်ထိုးရဦးတော့မယ်..။ အသေအပျောက်များတဲ့ ညတွေ လူယဉ်ကျေးပီပီ လိုက်လျောညီထွေနေဖို့ ဆေးခါးတွေ မျိုမျိုချပြီး မှောက်အိပ်ခဲ့ရတာများပေါ့..။ အဲဒီလိုနဲ့ ရင်နာတတ်လာတာ……။ အတ္တမကြီးချင်ပါဘူး.. (ငါ) စမ်းချောင်းတစ်ခုလို စီးဆင်းချင်ရုံ..၊ ပုစာ္ဆတွေ ရှင်းမထုတ်ချင်လို့ ပုစာ္ဆတွေက ငါ့ကို ရှင်းထုတ်တယ်.. မေးခွန်းများများ မေးပါ..၊ ငါဖြေချင်မှ ဖြေမယ် […]


လင္းစက္ရာDecember 17, 20121min1875
အဲဒီ မုန်တိုင်းငယ်ရဲ့ မျက်ဝန်းက ငါ့ကို ရူးသွပ်သွားစေတာ…။ ( လိပ်ပြာသက်ရောက်မှု ဆန်ဆန် ) အချစ်က သူ့နှုတ်ခမ်းပါးကို ဆွဲဖွင့်လိုက်ပြီး ရောက်တတ်ရာရာ ခံစားမှုတွေ ကဗျာဖြစ်စေသတည်း လို့ ကောင်းချီးပေးတယ်…၊ အဲဒီလိုနဲ့ ငါ ကဗျာဆရာဖြစ်လာတာ…။ ကောင်းကင်ကို အရောင်မဆိုးဘူး..၊ ပန်းတွေကို ရနံ့မသွင်းဘူး..၊ ငှက်တွေကို တေးမသင်ဘူး..၊ အရှိန်အဟုန် တစ်စုံတစ်ရာအတိုင်း ငါ အလိုက်သင့် စီးမျောသွားတာပဲရှိတယ်…။ ဘုရားသခင်ကို ဖယ်ပြီး သိပ္ပံက စကြဝဠာကို ဖန်ဆင်းပြတယ်..။ ငါ့ကို ဖယ်ပြီး နှလုံးသားက ကဗျာကို ဖန်ဆင်းတယ်…။ အဲဒီတော့ မင်း အငွေ့အသက်တွေ ရိပ်သန်းနေတာ ငါကိုယ်တိုင်လည်း မတတ်နိုင်ဘူး…။ အချစ်ထဲကို ပြုတ်ကျသွားတယ် ၊ သူများတွေတော့ မသိဘူး ငါကတော့ ခွေးကျဝက်ကျ ၊ […]


လင္းစက္ရာDecember 3, 20121min44624
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ (ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့ ဖတ်ရတန်ပါတယ်…) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D ကျ ွန်တော်ဟာ ဝယ်ပြီးခါစ Levi’s ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။ “ညီလေးရယ်…..သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ” ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ […]


လင္းစက္ရာDecember 1, 20121min30312
မြန်မာအသင်းရဲ့ ပွဲတွေကို လက်ဘက်ရည်ဆိုင်မှာ.. အိမ်မှာ ထိုင်အားပေးနေခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ မျက်နှာတွေကို အဲ့ ဘောလုံးသမားတွေ မြင်စေချင်လိုက်တာဗျာ…။ မျှော်လင့်တစ်ကြီးနဲ့ ကြည့်နေကြတဲ့ မျက်နှာတွေ မျက်ဝန်းတွေ.. ။ ဂိုးလည်း အသွင်းခံလိုက်ရရော.. လက်ခုပ်ဝိုင်းတီးကြတယ်…။ ရှုံးတာကို ဝမ်းသာသလို ၊ သူတို့ ဘယ်လိုမှ မခံစားရသလို (ဟန်ဆောင်ပြီး)…။ တကယ့်တကယ် ကျွန်တော်သိပါတယ်ဗျာ.. အားလုံးရဲ့ ရင်ထဲမှာ အရှုံးကို မကျေနပ်ကြဘူး ။ မခံချင်ကြဘူးဆိုတာ…။ တစ်နှစ်လာလိုက် မျှော်လင့်မိလိုက် ၊ နောက် မျှော်လင့်ချက်တွေ ရိုက်ချိုးခံရလိုက်နဲ့…။ အားပေးတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေ ၊ စိတ်တွေကို အားကစားတာဝန်ရှိသူတွေနဲ့ ဘောလုံးသမားတွေ မြင်ယောင်ကြည့်ကြပါဦးဗျာတို့ရယ်…။


လင္းစက္ရာDecember 1, 20121min1875
လက်ပန်းတောင် ကိစ္စမှာ အမေစု ဒီနေရာကို လာမှာ သိသိကြီးနဲ့ လာခါနီးမှ ဒါမျိုးကပ်လုပ်တာဟာ နိုင်ငံရေးကစားကွက်တစ်ခုလားလို့ ထင်မြင်မိပါတယ်..။ အမေစုဟာ အစိုးရက ဖြေရှင်းရမယ့် ကိစ္စတွေမှာ စည်းကမ်းရှိရှိနဲ့ ဝင်မပါပဲ စောင့်သာ ကြည့်နေခဲ့ပါတယ်..။ ဒီကိစ္စမှာလည်း အမေစုရဲ့ မူရင်းရည်ရွယ်ချက်က သွားရောက်လေ့လာရုံ ၊ ပြည်သူတွေကို မျှမျှတတ အေးအေးချမ်းချမ်း ရှိအောင် ဖြောင်းဖျရုံ လောက်ပဲ လုပ်ဖို့ သွားရောက်တာလို့ မြင်မိပါတယ်..။ အခုတော့ အမေစု လာခါနီးမှ ဒီလို လုပ်လိုက်တော့ ဒီကိစ္စဟာ အမေစု ခေါင်းပေါ် ပုံကျလာပါတယ်… ။  အမေစုလာတဲ့အခါ ဒီကိစ္စကို တရားမျှတမှုရဖို့ လူတွေက တောင်းဆိုကြမှာပဲ..။ ပြည်သူတွေကို မျက်ကွယ်မပြုတတ်တဲ့ အမေစုဟာ မဖြစ်မနေ ကြားဝင်ရတော့တာပေါ့…။ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးပါ့မယ်ဆိုပြီး […]


လင္းစက္ရာNovember 23, 20121min1975
အုံ့ပျနေတဲ့ အရိုင်းစိတ်ကို ခေါင်းလောင်းသံက ပြန်သတ်သွားတယ်.. င့ါကိုယ်ငါ ဘယ်နှစ်နာရီထိုးခဲ့ပြီလဲ မသိဘူး..။ လူတွေက မနက်ခင်းပဲလိုချင်တယ် ဆိုကြပါစို့ ငါတို့ ရှေ့ဆက် ပူပြင်းအိုမင်းသွားဖို့ပဲ ရှိတော့မပေါ့…။ အမှောင်ထဲက အရုဏ်ကိုထိုင်စောင့်ရတာ ပိုပြီးမျှော်လင့်ချက် ရှိမလားလို့…..။ တံခါးစေ့ထားတဲ့ ထောင်ချောက်တိုင်းကို ငါတွန်းဖွင့်ဝင်ရောက်တတ်တယ် အလဲလဲ အကွဲကွဲ တစ်ခါတစ်လေ မချိသွားဖြဲလေးနဲ့…၊ ဖုံးကပ်နေတဲ့ အညှိတွေကို မိုးထဲရေထဲထပ်ပစ်ထားပြီး အနက်တွေကို ပိုနက်သွားစေတယ်…။ နရက်မီးပွင့်တွေကြားမှာ ဘဝသံသရာတေးသွားနဲ့ကမယ်… နှစ်ပါးခွင်လေးတော့ မြိုင်ချင်သား..။ ဆယ်ယူတိုင်း ဆယ်ယူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မမိဘူး.. ငါကိုက လှုပ်ခတ်လွန်းတဲ့ အမှုန်တစ်ခု..။ ဘုရားရှိခိုးဖို့ သတိရတယ်..။ အိပ်ရာဝင်ဖို့ သတိရတယ်..။ သူမကို သတိရတယ်..။ နွေဦးလွင်ကို သတိရတယ်..။ ဟိန်းလတ်ရဲ့ ဗန်ဒါရွက်တွေကို သတိရတယ်..။ ညတာက ဆန့်ထွက်လာပြန်ရော…။ ဒီနေ့အသုံးမပြုတော့ဖို့ […]


လင္းစက္ရာOctober 5, 20121min1802
နေခုနစ်စင်းမလင်းဘူး ၊ လမင်းတစ်ရာမသာဘူး ၊ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ တစ်လွင့်လွင့်ပျံသန်းသွားနေသမျှ မြက်ဖျားပေါ်က အိပ်မက်လေးတစ်စလည်းဖြစ်ရဲ့…။ ရေခဲမြစ်တစ်စင်းရဲ့ မြစ်ဖျားခံရာလည်းဖြစ်ရဲ့…။ အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့ အကြောင်းအရာတွေကြီးကျယ်စရာမလိုပါဘူး ၊ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ အရွေ့စွမ်းအင်တွေ မြေဆွဲအားတွေနဲ့ ဟင်းလင်းဖွင့်ထားတဲ့ ကြမ်းပြင်ကို တိတိပပပေါက်ခွဲလိုက်ဖို့လည်း တန်ခိုးအာဏာရှိလေရဲ့…။ ကုန်လွန်သွားဖို့လည်း ဒီမနက်ကိုဆုမတောင်းဘူး..။ ဖြတ်သန်းရောက်ရှိလာတဲ့ လေပြည်ထဲလည်း ခိုဝင်မသွားဘူး..။ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ ဟောဒီမှာ! ဝိုင်တစ်ခွက် ၊ ဟောဒီမှာ! ဓားတစ်လက် ၊ ချပ်ဝတ်တန်ဆာတွေကြားထဲအထိ ရိုက်ခတ်လိုက်ဖို့လည်းဝန်မလေးဘူး..။ လက်ဖျားတွေ ထုံကျဉ်သွားကြတယ် ။ သွေးကြောတွေ အေးစက်သွားကြတယ် ။ ဒါပေမယ့် ငါချိတ်ဆွဲထားတဲ့ အဲဒီနှင်းပွင့်လေးရှိတယ်…။ တဂိုးကို သိချင်မှသိမယ် ၊ ဗန်ဂိုးကို သိချင်မှသိမယ် ၊ […]


လင္းစက္ရာAugust 25, 20121min974
ဆောင်းတစ်ခုလုံး အရည်ပျော်ကျမသွားရုံတမည် အလွမ်းတွေက စိုထိုင်းဆ များလွန်းရဲ့….၊ ဒီည မျက်ဝန်းညိုတွေ အိပ်မောကျနေပြီလား… ငါ့အလွမ်းတွေ နာဖျားတုန်း……။ လက်နက်တွေမှ သတ်ဖြတ်တတ်တာမဟုတ်ဘူး အလွမ်းသိစိတ်နဲ့ ငါ တတိတိ ချည့်နဲ့လာတယ်…၊ အုန်းမောင်းခေါက်ပါ.. လင်းကြက်တွန်ပါ.. အမှောင်တွေထဲ တိတ်တိတ်ဆိတ်ဆိတ်….. ကြာလွန်းတယ်…။ မင်းနှုတ်ခမ်းအတွန့်အကွေးမှာ ဝိညာဉ်တစ်ခုလုံး ခိုစီးသွားတာတောင် မင်းမသိလိုက်ဘူးလား…ကောင်မလေး ဒါမှမဟုတ် မင်း ကျွမ်းကျင်လိမ္မာတာဖြစ်မယ်…။ (အဲဒီ) ပန်းနုရောင်ပဉ္စလက်နဲ့ ဝင်သက်ထွက်သက်တွေ ကာရံပျက်စေတာ ငါ ဦးညွတ်ပါတယ် ကောင်မလေး ၊ ရင်တစ်ခွင်လုံး ဂျိုးဂျိုးဂျိမ့်ဂျိမ့် ဆောင်းအငွေ့တွေ ပျောက်ဆုံးသွားတဲ့အထိ မုတ်သုံတွေ ပြန့်ကြဲစေခဲ့တယ်..၊ လက်ဖျစ်တစ်တွက်တိုင်း ကုဋေတစ်သိန်းသော (စိတ်)ဖြစ်စဉ်တွေတိုင်းကို သက်ရောက်မှုရှိလောက်အောင် မင်း ခမ်းနားခဲ့ပါတယ် ကောင်မလေး…။ အရှုံးတွေနဲ့ ယဉ်ပါးပြီးသားပေမယ့် ဆောက်တည်ရာမရ ငါ ကြောက်လန့်နေရတုန်းပဲ..ချစ်သူ..။ ပျစ်ခဲအေးစက်သွားတဲ့ […]


ကဗျာတွေ ရေးလို့မရဘူး….။ တဟုန်းဟုန်းလောင်နေတဲ့ အမှောင်ထဲ ကျီးမဟုတ် ကြက်မဟုတ် စကားလုံး အဟောင်းတွေပဲ ထွက်ထွက်ကျတယ်….။ လောင်းကစားဆန်ဆန် အလျော်အစားလုပ်ချင်တာလဲ မဟုတ်ပါဘူး…၊ ခြေထောက်တွေ ရူးသွပ်သွားတဲ့အထိ ဦးနှောက်တွေ ညောင်းကိုက်သွားတဲ့အထိ တစ်စုံတစ်ရာရချင်ပေမယ့် ဘာတစ်ခုမှ မရခဲ့တော့…… ခပ်ပြုံးပြုံးပဲ မှောင်လိုက်တယ် ၊ (ငါက) အစတည်းက တုံးပြီးသားပဲ …။ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ အသေအချာလေ့ကျင့်ထားပေမယ့် အလိုက်အထိုက်ယဉ်ကျေးရင်း ငါ့ကိုယ်ငါ မမိတော့ဘူး..၊ အသက်မပါမှန်း သိသိနေတာခါးတယ်..။ နံရံများ နားတွေဖွင့်ထား ၊ လေထုထဲ အတောင်ပံတွေ ဝှက်ထား ၊ ညနေများ …ပေကျံညစ်ထေး ၊ သွေးအေးတဲ့ ငါးများလိုလူတွေ…..။ ဆည်းဆာကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ် ငါ့ဖြတ်သန်းမှုထဲ ဘာတစ်ခုမှ မခမ်းနားခဲ့ဘူး နှာခေါင်းရှုံ့လိုရင် ရှုံ့ကြ ၊ ဒါပေမယ့် ငါက […]


လင္းစက္ရာFebruary 16, 20121min1203
အိမ်ရှေ့လမ်းမက အပွင့်ဝါဝါတွေ ပန်ထားတဲ့ညအဖြစ် အသွင်ပြောင်းသွားချိန် ၊ ကျွန်တော်ဟာ သူမပစ်ချထားတဲ့ချစ်ခြင်းတွေနဲ့ အစွမ်းကုန်လောင်ကျွမ်းပြနေတဲ့ ကြယ်ရူးတစ်ကောင်ဖြစ်နေခဲ့တယ်…။ စိတ်ဖြစ်စဉ်တွေ ဖိတ်တစ်ဝက်စဉ်တစ်ဝက်နဲ့ ကျွန်တော် ပုံအောလင်းပထားတဲ့ခံစားမှုဟာ သူမအတွက် ဖျဖျလေးတောင် လင်းရဲ့လားမသိဘူး…။ ကောင်းကင်ရဲ့အချိုးအစားတစ်ခုလုံးကို ကျွန်တော်သိမ်းပိုက်ခမ်းနားချင်တာ မဟုတ်ပါဘူး….။ သူမတစ်ကိုယ်စာ လဲ့ဖြာရူးသွပ်ချင်ရုံ..။ ×     ×     ×     ×     ×     ×     × ရွှေအိုရောင် အပြုံးတွေကို ဆည်းဆာရဲ့ အနားစွန်းပေါ်မှာမြင်တိုင်း ကျွန်တော် တုန်ယင်အေးစက်သွားဖူးတယ် ။ မှော်ဝင်နေတဲ့ နာရီ တစ်ချို့တစ်ဝက်ကို ကမာ္ဘဦးလူတွေရဲ့ ရိုးသားမှုမျိုးနဲ့ ကျွန်တော် ပြင်းပြတပ်မက်ခဲ့ဖူးတယ် ။ ပါးပြင်ထောင့်စွန်းက သွေးကြောမွှာတွေရဲ့ ကကြိုးကို ကျွန်တော် မရိုးတမ်း ခိုးငေးခဲ့ဖူးတယ်..။ […]


လင္းစက္ရာFebruary 6, 20121min1282
သွေးစုပ်ဖုတ်ကောင်ဆန်ဆန် အမှောင်   ၊  ခံစားမှု ကပြောင်းကပြန် ကိုယ်ခန္ဓာ လွတ်ကျနေသော ဝါကျများ မနေ့တစ်နေ့က ရှိနေသေးတဲ့________၊ ဒီနေ့နဲ့မနက်ဖြန် ရှိပါဦးတော့မလား ? ရထားတစ်စင်းနင်းကြိတ်ခံရတာတောင် ခေါင်းထောင်ကြည့်ပြီး နံပါတ်မှတ်တယ် ။ (ဖို့ကြိုးစားတယ် ။ ) ကဲ… ဘယ်လောက်များ သူရဲကောင်းဆန်လိုက်ပါသလဲ ? နှင်းဆီပွင့်ချပ် ၊ အမည်းရောင်အသည်းပုံ ၊ အဆိပ်လူးမြား ၊ ခေါက်သိမ်းထားလိုက်စမ်းပါ သင်တုန်းဓါးတစ်လက်လို…။ ခဲဖျက်တစ်တုံးရဲ့ အဖျက်စွမ်းအား ၊ နူကလီးယားဗုံးတစ်လုံးရဲ့ အဖျက်စွမ်းအား ၊ ငြိမ်းချမ်းမှုချင်း ဘယ်လောက်တောင် ကွာခြားလိုက်ပါသလဲ ? သမိုင်းဝင်တဲ့ အလှဆုံးလက်နက်များ ၊ သမိုင်းမဝင်တဲ့ မျက်ရည်အပိုင်းအစများ ၊ ‘ ပန်း ‘ ဆိုတာ နှစ်ခါပြန်မဖူးကြဘူးရယ်…။ အကွာအဝေးတွေ ပုံသဏ္ဍာန်ပျက်လာတယ် […]


လင္းစက္ရာJanuary 30, 20121min1894
အမှောင်တွေ ပုံသဏ္ဍာန်မဲ့ ဖြာထွက် ၊ နံရံလေးဘက်ထဲက အရိပ်တစ်ခု ဆန့်တန်းရုန်းထွက်လာခဲ့ ၊ စေးထန်းနေတဲ့ အလွမ်းတွေချန်ထား ၊ သမားရိုးကျ အနာတရတွေချန်ထား ၊ အဲဒီနောက် အခွံချည်းသက်သက်ပြန်ဖြစ်သွားတယ်…။ ဟောဒီမှာ! နှုတ်ခမ်းတွေက ကုပ်ကုပ်ကွေးကွေး သွေးညစ်တွေ အစွေးသားနဲ့ လူအရေခွံခြုံထားတဲ့ ခပ်ရိုင်းရိုင်း ဝံပုလွေတစ်ကောင် ..။ ဟောဒီမှာ! ရလိုမှုတွေ အထပ်ထပ်နဲ့ မရောင့်ရဲတတ်တဲ့လူတွေထဲက သွေးစုပ်တတ်တဲ့ တစ္ဆေတစ်ကောင် ..။ ဟောဒီမှာ! စိတ်ကူးတွေ ဖွာလန်ကြဲနေတဲ့ အကြောလျော့ရုံပြုံးတတ်ဖို့ သင်လို့ကို မတတ်နိုင်တဲ့ ခပ်ကျဲကျဲလူတစ်ကောင် ..။ လူတွေအတွက် မြို့ပြက မှော်ရုံဆန်ခဲ့သတဲ့…။ လူတွေအတွက်(ပဲ) လူတွေက သားရဲဆန်ခဲ့သတဲ့…။ ဟွန်းသံကလွဲပြီး အသံအားလုံးဆူညံနေတဲ့အထဲ ငါလည်း ပျောက်ဆုံးလွင့်ပါးသွားတယ်…၊ ခိုတစ်အုပ်သိတယ်.. လမ်းဘေးကုက္ကိုပင်အိုကြီးသိတယ်.. အနီးအပါးက လေထုသိတယ်.. လူတွေကတော့ […]


လင္းစက္ရာJanuary 28, 20121min1977
ညနေတွေပန်သူမဲ့ တိမ်တိုက်တွေ ခဝါချသွားတဲ့ မိုးငွေ့ရနံ့ ပျင်းတွဲမှုန်ဖျ ပြတင်းတံခါးမှာ ပါးကွက်ကြားလေးစွန်းထင်းထားတယ်…။ ခရမ်းပြာဘာသာစကားနဲ့ ကဗျာတစ်ပုဒ် သူမဖြစ်ရဲ့… အဓိပ္ပါယ်တွေ ကိုင်းညွတ်ရုံ..၊ မြေမကျဝါကျတွေကိုတော့ စွန်ကြိုးဖြတ်ထားစမ်းပါ..၊ အရှိတရားတွေ ပုံပျက်သွားနိုင်တယ်..။ ပြဿဒါးတွေ ကျောပိုးထားတဲ့ နာရီများ  ၊  မြစ်တစ်စင်း ကကြိုးတွေမိုးခိုရအောင်…၊ မှော်ရုံတေးချင်းမှာ သွေးကြောတွေ ကတုန်ကရီ မီးတောင်ရှင်တွေလို မျက်လုံးများ ရီမောကြတယ်…။ မဟာတံတိုင်းခြားထားသလို မျက်နှာတော် ညိုလှချည့်..၊ တစ်ရံတစ်ခါအပြုံးတွေ မျဉ်းပြိုင်များ စူးစိုက်နေကြ နှုတ်ခမ်းတွေပေါ်က ငါ့ ရှင်သန်ခြင်းကို ဘယ်သူပိုင်သထားတာလဲ….ကောင်မလေး..။ ဖြူလွပြောင်းနွဲ့ရုံ ဝတ်ကြေတန်းကြေလင်းပရုံနဲ့ ည, ညတွေကမာ္ဘပျက်တာ သစ္စာမဲ့တဲ့လကို မိုးသားတွေခိုးဝှက်ထားမှန်း စုံလုံးကန်းမျက်ရည်စတွေ အသံမဲ့ မေ့လျော့သွားကြတယ်…။ ဂါထာတွေ မမန်းမှုတ်ပဲ ထုတ်ချင်းခတ် သိမ်းပိုက်တော်မူပါ.. ချပ်ဝတ်ဓါးသွားတွေ ငါခွာချထားတာကြာပေါ့…၊ အရိုင်းဆန်ခဲ့လည်း အညွတ်အနူးကြွေကျဖူးတဲ့ […]