“ခင်ဗျားအဒေါ်ပေါ့ဗျာ၊ ကျွန်တော့ကိုဒေါ်စုနဲ့မိတ်ဆက်ပေးတာ”… ဆရာတင်မိုးမဆုံးမှီနှစ်ကLAဘက်တွင်ကျင်းပသော(အမျိုးသားနေ့ကိုလည်းကြိုဆိုသော)စာပေဟောပြောပွဲတခုသို့မောင်မိုးညိုရောက်သွားပါသည်။ မှတ်မှတ်၇ရယင်းကားဆရာ့ကိုနောက်ဆုံးအကြိမ်တွေ့ခွင့်ရလိုက်ခြင်းပင်။ ခမ်းမထဲများလှစွာသောလူအုပ်ကြောင့်ငြီးစီစီရှိဟန်တူသောဆရာကတံခါးပေါက်သို့နားမောင်မိုးညိုကိုခေါ်သွားပြီးသူအမေရိကားကိုရောက်လာပုံကိုဖေါက်သည်ချပါသည်။ “ခက်တယ်ဗျာ။ ဗမာတွေမညီညွတ်ကြဘူး။ နယ်စပ်ရောက်တုံးကလည်းကျောင်းသားချင်း၊ကျောင်းသားနဲ့ဝန်ထမ်းချင်းကြားပြဿနာရှိကြလို့ကြားဝင်ရင်းတခါတခါကိုယ်ပါတရားခံဖြစ်လို့နောက်ကိုအသာရှောင်ရတယ်။ သူများတိုင်းပြည်ရောက်လို့အနေအထိုင်လည်း မဆင်ခြင်ကြဘူး”….ဆရာ့၏စိတ်ပျက်ငြီးငြူသံကိုကြားရောင်မိသည်။ လနတ္တော်နှင့်စာပေဟောပြောပွဲကား ရှေးစာဆိုအသီးသီးကအမွှန်းတင်ရေးခဲ့သောရာသီနှင့်ပွဲလိုက်ဖက်ညီလှပေ၏။ မောင်မိုးညို၏အဒေါ် တော်သူဒေါ်ခင်မိမိ နှင့်ဆရာတင်မိုးတို့ကား ပြည်လမ်း (လိပ်ခုံးနောက်ကျောရှိ)ဘီအိုစီကောလိပ်ဟောင်း အဆောက်အဦတွင်တည်ရှိသောတက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင်အတူတွဲ၍နှစ်များစွာလုပ်ခဲ့ဘူးသောလုပ်ဖေါ်များပင်။ အဒေါ်လုပ်သူကားဆေးကျောင်းတွင်လာတက်သောမောင်မိုးညို တို့ညီအကိုနှစ်ယောက်လုံးကိုနေ့စဉ်သူ့ဆီလာထမင်းစားစေသည်။ အပျိုကြီးတဦးဖြစ်သည်နှင့်အညီစည်းကမ်း ကြီးလှသောအဒေါ်ဖြစ်သူကပြောဆိုဆုံးမမှုတွေလုပ်တိုင်းမျက်စောင်းထိုးစားပွဲတွင်ထိုင်အလုပ်လုပ်သောဆရာတင်မိုးကလှမ်းကြည့်ပြီးပြုံးပြတတ်သည်ကိုကောင်းစွာမှတ်မိမိသည်။ ဆရာနှင့်အတူတဌာနထဲလုပ်ကြသူ အချိုး့ကိုမှတ်မိပါသည်။ ဆရာဦးတက်တိုးနှင့်ဒေါ်နုယဉ်တို့၏သားကိုမြင့်အောင်၊ ပြီးတော့ စာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ဇနီးဒေါ်ခင်ကြည်ကြည်ကားဌာန၏အကြီးအကဲဖြစ်မည်ထင်ပါသည်။ အခြားစာရေးဆရာ၊ စာပေပညာရှင်များလည်းရှိကြေ ာင်းသိရသဖြင့်စာပေပညာရှင်များကျက်စားကျင်လည်ရာအရပ်ဟုဆိုရမည်။ ဆရာမရှိမှဆရာ့ကိုလွမ်းမိသလိုဆရာ၏ကဗျာနှင့်အဟောလေးတွေပြန်တမ်းတမိပေမဲ့အခါကနှောင်းခဲ့ပြီ။ ဆရာ့ဆီကအိမ်လိပ်စာတောင်းသောအခါ Alhambra မြို့ ကိုမြန်မာလိုရေးပြီးမြန်မာမှုပြုထားသောလိပ်စာကို ဆရာကမှတ်မှတ်၇ရရေးပေးပါသည်။ ခုထိရှိတုန်းပင်။ အင်္ဂလိပ်စာနှင့်မြင်နေကျစာကိုမြန်မာမှုပြုထားသည်ကို မြင်ရတော့ထူးဆန်းပေမဲ့၊ကျက်သေ၇ရှိသည်ဟုထင်ရသည်။ အော်..စာသမားပေသမားကိုး။ မောင်မိုးညိုတို့ဆေးတက္ကသိုလ်လိပ်ခုံးတွင်မှိုင်းရာပြည့်လှုပ်ရှားမှုပြီးခါစစာပေဟောပြော်ပွဲကိုအမှတ်ရမိသည်။ စီစဉ်ကြသူတွေကဆရာတင်မိုးကိုလက်လွတ်မခံရအောင်ဖိတ်ကြသည်။ ကဗျာနှင့်ကျောင်းသားကားကင်း၍မရ သောမိတ်ဖက်များတည်း။ ကဗျာကြောင့်နှစ်ကိုယ်ရေးကိစ္စအဆင်ပြေသွားကြသည်များရှိသကဲ့သို့၊ ကဗျာကဖန်တီးဖြေရှင်းပေးသောကိစ္စများလဲများစွာပင်။ အတိတ်နမိတ်ကိုပေးသည်ကားကဗျာ။ ရင်ထဲကခံစားချက်ကိုလှစ်ဟပေးသည်ကားကဗျာ။ စာလုံးဝါကျတိုတိုနှင့်အလွန်ထိရောက်ပပေစွ။ ကဗျာနှင့်ကင်းနိုင်သူမရှိတော့ဆရာ့ကိုတက္ကသိုလ်လောကကသိကြသည်။ လေးစားကြသည်။ ဆရာနှင့်အတူ (ထိုစဉ်က)အောင်ဆန်းသူရိယလှသောင်းကျောင်း(ပြည်လမ်းကြံတောနှင့်မျက်နှာချင်းဆိုင်)မှဆရာမောင်စွမ်းရည်ကိုလာမဖြစ်မနေဖိတ်ရသည်။ ၊ […]