အတိတ်တွင်ကျန်ရစ်သောဆေးကုသမှုစနစ် မောင်မိုးညိုလွန်ခဲ့သောနှစ်အစိပ်လောက်ကမြန်မာ့ဆေးလောကကိုပြန်မြင်ယောင်မိသည်။ ဆရာဝန်ဆရာမတို့ သည်ဆေးရုံကိုအိမ်လုပ်နေခဲ့ကြသည်။ ကိုယ့်တာဝန်ကျရာအခန်းကလူနာတွေအကြောင်းကို ‘က’ကြီးမှအစ’အ’ အဆုံးသိယုံမကဂရုစိုက်သည်။ မစိုက်ဘဲနေကြည့်ပါလား။ အတိုင်ခံ၊အစစ်ဆေးခံရမည်မှာမလွဲ။ သို့အတွက် ဆရာဝန်ဆရာမအပေါင်းကအထူးဂရုပြုကြသည်။ ပြဿနာတက်သောကိစ္စများရံဖန်ရံခါရှိသော်လည်းတိုင်းကျော် ပြည်ကျော်မဟုတ်ပါ။ မဟုတ်တာလုပ်လျင် ဆရာဝန်လိုင်စင်ပြုတ်သည်။ မြန်မာနိုင်ငံဆေးကောင်စီကားဥပဒေ မျက်နှာကိုသာကြည့်သောရှင်ရိုသေလူရိုသေတို့နှင့်ဖွဲ့စည်ထားသောအဖွဲ့ဖြစ်သည်။ ဘယ်အစိုးရလူကြီးမင်းတို့ ကမှဝင်စွက်ဖက်ခွင့်မ၇။ ခုအချိန်ကားယင်းအဖွဲ့သည်လည်းထားရာနေစေရာသွားသူတို့ကြီးစိုးရာအဖွဲ့တခု ဖြစ်နေပေပြီ။ ဥပဒေကိုမှောက်လိုမှောက်၊လှန်လိုလှန်နေသည်။ အလိုမကျသူကိုဥပဒေပုဒ်မတတ်၍အရေး ယူခံရသောဆရာဝန်တို့လည်းမနည်းတော့ပြီ။ ပြင်ပဆေးခန်းဆေးရုံကြီးများတွင်အထူးကုဆရာဝန်ကြီး အပေါင်းတို့ကလည်း၊ မကြုံဘူးမကြားဘူးသော “ဤရောဂါကိုအာမခံနှင့်ကုသည်”ဟူ၍ပင်ကြေငြာကုသ လာကြပေပြီ။ သို့ဆိုလျင်မြန်မာနိုင်ငံ၏ယနေ့ရောက်ရှိနေသော “ကျန်းမာရေးအာမခံစနစ်မရှိ”သည့်ဆေးကုသမှုလောကကို ယခုအမေရိကန်အပါအဝင်တိုးတက်သောနိုင်ငံကြီးများတွင်တွင်ကျယ်စွာအသုံးပြုနေသော”ကျန်းမာရေးအာမခံစစနစ်ဖြင့်တည်ဆောက်ထားသော healthcare system” သို့ပြောင်းဘို့လိုနေပြီလား။