နေတစ်စင်း သူ့ချည်းပဲထွန်းလင်းနေလိုက်တာ သတ္တလောကကြီး ထိန်ထိန်ညီးလို့ အလျှံအဝါတွေတောက်ပ ကွယ်.. သူ့ချည်းသာလော။ အလင်းတွေဆောင် အပူတွေဖြန့်ဝေလို့ ဒီမြေကမ္ဘာကြီး လှုပ်ရှားသက်ဝင်စေလို့ ကွယ်.. သူ့ကြောင့်ချည်းလော။ တစ်ချိူ့များသူ့ကြောင့်ကြွေ တစ်ချို့ကသူ့ကြောင့်ဝေလို့ သူမရှိရင်ပဲ လူတွေခမျာ နေရေးနဲ့ သေရေးခက်သလိုလို ကွယ်.. သူမရှိရင် တစ်နေ့မရှိသလော။ အမှောင်ကိုဆောင်ကျဉ်း တစ်နေ့တာ အပူတွေငြိမ်းစေတော့မှ လမင်းရယ် ထွန်းလင်းပေလို့ လူသားတွေ အနားရယ်ယူလို့ သက်ရှိတွေ အိပ်တန်းဝင်လို့ လတစ်စင်းရဲ့ပွေ့ဖက်ခြင်းမှာ ငါတို့တစ်တွေ အိပ်စက်ပျော်လို့ သူ့ချည်းရယ်နဲ့မှ မပြည့်စုံပေတာလို့။