Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


စဆရ ႀကီးFebruary 23, 20141min93321
မီးခိုးငွေ့များ အပေါ်သို့လွင့်ပျံသွားသည်ကိုကြည့်ရင်း ကိုရင်စိုင်းတစ်ယောက် လက်ကျန်ဆေးလိပ်တိုလေးကို ပြာခွက်ထဲ ခပ်ပြင်းပြင်းထိုးချေပြစ်လိုက်သည်။ မိန်းမက မကြိုက်ပါဘူးဆိုကာမှ သောက်ချင်နေလွန်းသည့်ဆေးလိပ် မှတ်ရောဟယ်ဟုဆိုကာ မကျေမနပ်စိတ်ကြီးဖြင့် ထိုးထည့်လိုက်ခြင်းလဲဖြစ်သည်။ မိန်းမသာ ဒီအကြောင်းသိရင်တော့ ငါးသလောက်ပြုံးလေးနှင့် မျက်စောင်းလေးတစ်ချက်ထိုးပြီး ကျေနပ်ပြုံးကြီးတစ်ချက် ထိုးနေပေဦးမည်ဟုလည်း တွေးမိသည်။ တစ်ကယ့်တစ်ကယ်တော့ ၁၆ နှစ်သားကပေါင်းလာတာ ခုလောက်တော့ လွယ်လွယ်နဲ့ပြတ်ပါ့မလားလို့။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ခက်တော့လည်း အတော်လေးခက်သည်။ ဘဝမှာလိုချင်တိုင်းဖြစ်တဲ့သူ သိပ်တော့မရှိနိုင်ပေ။ လိုချင်တာလေးတွေနှင့် ဖြစ်နေတာလေးတွေ အနီးစပ်ဆုံးတူညီရင်ပြီးတာပဲဆိုပြီး ကျေနပ်နေကြရသူတွေသာများပေမည်။ ကိုရင်စိုင်းတစ်ယောက်လည်း ထိုနည်းလည်းကောင်းသာပေါ့။ တစ်ချို့သောသူများထက် သာသည်မှာ ကိုရင်စိုင်းမှာ ချစ်စရာ ဇနီးမယားလေးရှိသည်ပေါ့။ ထို့ထက်ပိုကောင်းသည်မှာ ထိုချစ်ဇနီးလေးလဲ ကိုရင်စိုင်းအနားမှာ ရှိနေသည်ပေါ့။ ထိုသို့တွေးပြီးသကာလ အနားမှာရှိနေသော၊ နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေသော ဇနီးနဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်လေသည်။ သာယာကြည်နူးဖွယ်ရာကောင်းလှပေစွ။ ထို့နောက် ကုတင်ဘေးမှ ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။ မနက် […]


စဆရ ႀကီးFebruary 2, 20141min57921
နေ့တစ်နေ့တာသည် နေဝင်ခြင်းဖြင့် အစပြုလေ၏။ သို့ဆိုလျင် လူအများမှတ်ယူထားသည်နှင့်များ ဆန့်ကျင်နေလေမလားရယ်မသိ။ တစ်ကယ့်တစ်ကယ်တော့ ကိုရင်စိုင်းတစ်ယောက် နေ့တစ်နေ့ကို နေဝင်ချိန်မှ အစပြုရခြင်းဖြစ်သည်။ နေဝင်ပြီဆိုသည်နှင့် ယခုနေရပ်မှ အာရပ်လူမျိုးများအပါအဝင် နေထိုင်ကြသူ လူမျိုးပေါင်းစုံမှာ ဇွန်ဘီများလို Chicken Chicken Chicken ဟုအော်ကာ ထွက်လာကြလေ၏။ တစ်ချို့များမှာတော့ မော်ရိုကို ကြက်၊ ဖိလစ်ပိုင် ကြက်၊ တရုတ် ကြက်၊ ရုရှား ကြက်၊ အာဖရိက ကြက် အစရှိသည်တို့ကို လိုက်ရှာကြသော်လည်း ကိုရင်စိုင်းတို့ထံသို့မူ စားစရာကြက်များဝယ်ရန်သာ လာကြခြင်းဖြစ်၏။ တစ်ခါတစ်ရံများတော့ တွေးမိပြန်သေးသည်။ ကြက်တစ်ကောင်လုံး လွှင့်ပြစ်ရတယ်ကိုမရှိပေ။ ကြက်ကို အရင်းပြုပြီး အသားများသောနေရာများကို ကြက်သားလုပ်ရောင်း၊ မလိုအပ်တော့သည့် ကြက်မွှေးများကို ကြက်တောင်လုပ်ရောင်း၊ အတွင်းကလီစာများကို တရိစ္ဆာန်စာလုပ်ရောင်း (မြန်မာတွေစားတာတော့ ချွင်းချက်ပေ။)၊ ကြက်သားမှတစ်ဆင့် ဆင့်ပွားပြီး […]


စဆရ ႀကီးJanuary 15, 20141min2855
ကျွန်တော်နှင့် မဆီမလျော်ခြင်းများသည် မိတ်ဆွေဖြစ်နေခဲ့သည်ဆိုပါတော့… ထိုကဲ့သို့မဆီမလျော်ဖြစ်ခြင်းကြောင့်ပင် ကျွန်ုပ်သည်ကား မိတ်ဆွေဖွဲ့မိခြင်းဖြစ်ပေတော့မည်။ တစ်ကယ့်တစ်ကယ်တော့ ကောင်းကင်ကြီးကို ဇောက်ထိုးထားမိခြင်းဖြစ်သည်။ ခုံးခုံးကြီး ဖြစ်မနေတော့ပဲ ခွက်ခွက်ကြီးဖြစ်နေသည်ကို မြေကမ္ဘာ ခုံးခုံးကြီးမှ ငေးကြည့်နေခြင်းသက်သက်သာဖြစ်သည်။ ထို့အတွက်ကြောင့် ကမ္ဘာကြီးသည် လုံးဝန်းသောပုံမရှိပဲ လုံးသည့်အခါလုံး ခွက်ခွက်ကြီးဖြစ်သည့်အခါဖြစ် အားလုံးအဆင်ပြေပါသည်ပေါ့။ တစ်ခုပဲရှိသည် ကမ္ဘာကြီးကလုံးနေပြီး ကောင်းကင်ကြီးက ခွက်နေရင်ဖြစ်ဖြစ် ကောင်းကင်ကြီးက လုံးနေပြီး ကမ္ဘာကြီးက ခွက်နေရင်ဖြစ်ဖြစ် အကောင်းထဲကအဆိုး ကန့်လန့်ဖြစ်ခြင်းမှာတော့ ဆုံမှတ်တစ်ခုတော့ ဖြစ်လာမှာပါပဲ။ မျဉ်းပြိုင်တွေမှသာ မဆုံနိုင်တာလား၊ ကိုးလိုးကန့်လန့်ဘဝမှာတော့ ငါတို့တစ်ခါတော့ ဆုံမှတ်သေချာပေါက် ရှိလာနိုင်ဦးမှာပေါ့လေ။ ။ စိုင်းကွမ်းခေး (ခေတ္တလူ့ပြည်)


စဆရ ႀကီးJanuary 9, 20141min2965
သူများတွေ ဟက်ပီးနွားရူးရီးယားဟုအော်သံကြားလိုက်ရလေသည်။ ကိုရင်စိုင်းတစ်ယောက် ဆိုင်ရှေ့မှ လူတန်းရှည်ကြီးကိုတစ်ချက်ကြည့်လိုက်၊ ဆိုင်ထဲမှ ပျာယာခတ်နေကြသော ဝန်ထမ်းများအား ချွေးတစ်လုံးလုံးဖြင့် လိုက်လံစီမံခန့်ခွဲနေရင်းမှ ခဏတာရပ်လိုက်ပြီး နှုတ်ဖျားမှ အသံမထွက်ပဲ ခပ်ဖွဖွလေး ရေရွတ်လိုက်ပါ၏။ နှစ်သစ်မှာ အစဦးဆုံးတောင်းတဲ့ဆုပေမလား၊ ကောင်းမယ်ထင်တာလေးပေါ့.. “ပျော်ရွှင်စရာများ ဆောင်ကြဉ်းပေးမည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေသား..” ဟုသာ။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ိ ကိုရင်စိုင်းတစ်ယောက် တစ်မြေရပ်ခြားတွင် နှစ်ပေါင်းအတော်အတန်ကြာပေပြီ။ အိမ်မြှောင်မဟုတ်သည့် နိုင်ငံမြှောင်များဟုလည်းတစ်ချို့က ဆိုကြသေးသည်။ ဆိုချင်လဲ ဆိုလောက်စရာပင်၊ သူများနိုင်ငံတွေမှာ သူများလူမျိုးတွေ ကောင်းစားနေတာကို စိ်န်နားကပ်ရောင်နှင့် ပါးပြောင်နေရသည့်ဘဝ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရသည့်ဘဝတွင်မတော့ မဝရေခမ်း သူတို့ဂုဏ်တက်စေမည့် အထိမ်းအမှတ်နေရာကြီးများကို နောက်ခံထားပြီး စပ်ဖြီးဖြီးပုံကြီးများရိုက်ပြီး ငါကွ.. ဟု ဓါတ်ပုံများရိုက်ပြီးလည်း ကြွားရမည်မည်ကို ရှက်လွန်းလှပေသည်။ သူတို့တွေ တိုးတက်သည်ကို အားကျရင်းဖြင့်သာ ငါ့မြေ၊ ငါ့ရေမှာများ ဒီလိုခေါင်းဆောင်ကောင်း၊ […]


စဆရ ႀကီးDecember 27, 20131min58210
ကျုပ်မျှော်လင့်ချက်ကြီး ရုတ်တရက်ကျကွဲသွားသည်။ စိတ်ကူးများတော့ တစ်စစီကြေမွလျက်သားနှင့်.. ဟိတ်လူ ခင်ဗျားက ကိုယ့်ကိုယ်ကို လူလို့ထင်နေတာကိုး လောကကို ဇောက်ထိုးကြီးကြည့်နေမှတော့ အတည့်အတိုင်းရှိနေတာတွေ ခင်ဗျားအမြင်မှာ တော်တော် ကိုးလိုးကန့်လန့် နိုင်နေမှာပဲ… ဟု မျက်မှောက်ပစ္စုပ္ပန်ကြီးက ကိုရင်စိုင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပိုးစိုးပက်စက်ပြောလေသည်မှ ကိုရင်စိုင်း ရင်ဘတ်ကြီးတစ်စုံကို ငုံ့ကြည့်မိသည်။ သွေးစိမ်းရှင်ရှင်ထွက်လျက်သားနှင့် မျှော်လင့်ချက်တွေ အငွေ့တစ်ထောင်းထောင်းထ ပျောက်ကွယ်သွားသည်ကို ပြန်မြင်ရချေသည်တည့်။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ထိုလက ကိုရင်စိုင်း ၁၀၀ဝ တိတိ လစာရပါ၏။ လူကြုံရှိသဖြင့် လိုချင်သည်ဆိုသော CK White ကိုရှာတာ မတွေ့သဖြင့် CK One ၁၆ဝ တန်တစ်ဗူးကိုဝယ်ပြီးနောက် နည်းနေပါသေးသည်ဟုဆိုကာ ကိုရင်စိုင်းနေထိုင်ရာ တောမြို့လေးမှ အဆင့်ဆင့်ခရီးနှင်ကာ ဒူဘိုင်းမြို့ပေါ်သို့ရောက်လာလေ၏။ အကူအညီတောင်းထားသူများမှ ၂ဝ တန်ဆိုင်ကိုလိုက်ပို့သည့်အတွက် စိတ်ဆိုးရလေ၏။ နောက်ဆုံးတွင်မတော့ လိုက်ရှာရင်း […]


စဆရ ႀကီးDecember 21, 20131min42211
ကိုရင်စိုင်းတစ်ယောက် ငယ်နုစဉ် ကျောင်းသားဘဝများတုန်းက ကိုရင်စိုင်းတို့ တက်ခဲ့ရာကျောင်းကြီးသည် ကိုလိုနီခေတ်က ကျောင်းဟောင်းကြီးဖြစ်သည့်အတွက်ကတစ်ကြောင်း၊ ဘေးပါတ်ဝန်းကျင်တွင် စစ်စတာဆောင်နှင့် ဖာသာဆောင်များသာ ဝန်းရံနေသည်ကတစ်ကြောင်း၊ ကျောင်းနားမှ ရှေးဟောင်း ရွှေနှလုံးတော် ဘုရားကျောင်း ခန့်ခန့်ညားညားကြီးကို အစွဲပြုပြီး ကိုရင်စိုင်းတို့ ကျောင်းတော်ကြီးကို ချက်ကြီးကျောင်းဟု ခေါ်ဝေါ်သမုတ်ကြလေ၏။ ချက်ကြီးဆိုသည်မှာ တစ်ကယ်တော့ ချာ့ချ်ကြီး လို့ ပြောလိုရင်းဖြစ်ချေသည်တမုန့်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ၁၆ နှစ်သား၊ တစ်ကယ်တော့ ထိုအရွယ်သည် မိဘရင်ခွင်မှာ ခိုလှုံလို့ကောင်းတုန်း၊ ကလေးသဘာဝ အပူအပင်ကင်းတုန်း၊ ထိုအချိန်က ကိုရင်စိုင်းတစ်ယောက် လမ်းသစ်ထွင်ခဲ့ပါသည်ဟု ကွကိုယ်ကို သမုတ်သည်ပေါ့။ အများအမြင်မှာတော့ မိဘရင် ခြေအစုံကန်လေသည်ပေါ့။ တစ်ကယ်တော့… ကိုရင်စိုင်း တစ်ယောက်တည်း အထီးကျန်ခဲ့လေခြင်းပေါ့။ ရောက်ရာပေါက်ရာဆိုပြီးထွက်ခဲ့သည်။ မြန်မာစကားလဲသိပ်ပြီးတော့ မပီ၊ လူတွေအကြောင်းလဲ သိပ်နားမလည်သည့် ကိုရင်စိုင်းတစ်ယောက် ခိုင်းသမျှတော့ သေအောင်လုပ်နိုင်သည်ဆိုသည့် […]


စဆရ ႀကီးDecember 19, 20131min64126
ပြောရမယ်ဆို ဒီနေ့ပေါ့.. ဒီနေ့ဆိုတော့ ဘယ်နေ့လို့ပြောရလဲဆိုတော့ နေ့စွဲဆိုရင် ကြာသပတေးနေ့ပေါ့နော် ရက်စွဲနဲ့ဆိုရင်ပေါ့နော်.. ဘယ်လိုပြောရမလဲဆိုရင်ပေါ့နော် ၁၉-၁၂-၂၀၁၃ ပေါ့နော်.. အဲလိုဆိုတော့ပေါ့နော်.. ဂလိုလေးပြောတယ်ဆိုတော့လည်း ကိုရင်စိုင်းကြီးကို ဘာလား ညာလားပေါ့နော် ပြောကြမယ်ပေါ့.. ဘယ်လိုပဲပြောကြ ပြောကြလေပေါ့နော်.. မယုံကြည်သူများ စာရင်းသွင်း၊ ရက်ချိန်းလေးတော့ ယူထားစေလိုတယ်ပေါ့နော်.. ကျန်တာတော့ ဘာမှ တာဝန်မယူဘူးပေါ့လေ ပေါ့နော်၊ ငိငိ။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ” ငင် “ ကိုယ့်အစိကိုယ် မယုံနိုင်ဖစ်တွားသည်။ ကိုရင်စိုင်းကို လွတ်ထွက်တော့မည် (မှားလို့) လက်ထပ်တော့မည်တဲ့။ မယုံကြည်လိုက်လေခြင်း။ သုံးနှစ်ကြာ ပြတ်လိုက်၊ ဆက်လိုက်၊ ဖုတ်လှိုက်၊ ဖုတ်လှိုက်နဲ့ ရည်းစားဘဝ ဆုံးခန်းတိုင်လေချေပြီတည့်။ လွန်စွာမှာ ပျော်လိုက်လေခြင်း၊ တျောက်တည်းဘွမှ လွတ်လေခြင်းဟု။ အချိန်သည်ကား… ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ မိန်းမယူတော့မည်ဟု ပိုင်ဆိုင်သည်လေးများ […]


စဆရ ႀကီးNovember 15, 20131min72720
တင်းသည်။ တင်းသည်ဆိုသည်ထက် တင်းလွန်းလို့ ပေါက်ကွဲထွက်ကုန်သည်ဟု ဆိုသည်က မှန်ပေမည်။ ဘယ့်နှယ့်… ကိုရင်ရှူံးကို မွေးဖွားသန့်စင်ခဲ့သောသူ.. ထိုသူသည် ရေကြည်ရာ မြက်နုရာ ရှာသည်လို့ ဆိုလေမလား ဝဋ္ဋ်ကြွေးကုန်သွားသည်ဟု ဆိုလေမည်လား.. ငယ်ချစ်ကိုစွန့်ခွာလို့ ချစ်သူအသစ်နှင့် ဘဝသစ်ကို စသွားလေပြီ… သူမ၏ ချစ်လှစွာသော သား/သမီးများကို သံချောင်းလေးမှမခေါက်၊ အနည်းငယ်သော်မျှ အကြောင်းမကြားပါလေပဲ သူမတစ်ယောက် ဘဝပြောင်းလိုက်လေ၏။ မျက်စိသူငယ်၊ နားသူငယ်နှင့် ရုတ်ချည်းပြောင်းလဲသွားခြင်းကို နားမလည်ခြင်းမှာတော့ သားကြီး၊ သမီးကြီးများ မရှင်းပြသဖြင့်လည်းကောင်း၊ အရွယ်မရောက်သေး၊ မရင့်ကျက်သေးသော သားသမီးများ နားမလည်နိုင်ခြင်းမှာတော့ အပြစ်တစ်ခုဟု မဆိုသာနိုင်ပေ။ အရာရာတိုင်း ကောင်းဖို့ချည်းသာ ဖြစ်လာသည်ပေါ့လေ။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ကိုရင်ရှူံးသိလိုက်ရသည်။ သိလိုက်ရဆို ကိုရင်ရှူံးသည် ကိုရင်ရှူံးဆိုလျင် ထိုမိခင်ကြီး၏သားတစ်ယောက်အနေနှင့် တွဲသိမြင်ကြခြင်းလည်းဖြစ်သည်။ ကိုရင်ရှူံးတစ်ယောက် ရှူံးနိမ့်၊ နိမ့်ကျနေသောအချိန်တွင် ရင်ဖွင့်စရာသည် […]


စဆရ ႀကီးNovember 7, 20131min2621
ကျုပ်စာတွေရေးတယ်.. စာတွေရေးတယ်ဆိုတာထက် အနုပညာလို့ ဆိုလို့ရမယ့် အနုအရွ ပညာတစ်ခုလို့ဆိုမယ့် ခံစားချက်တွေ စာတွေရေးဖြစ်တယ်။ ဖျက်ပြစ်လိုက်တယ် ကျုပ်ကဗျာတွေရေးတယ်.. ရေးပေမယ့်လည်း၊ ကဗျာကို ဖတ်ကြည့်ရင်တော့ မြန်မာလို ရေးထားတာပဲ၊ ရင်ဘတ်နဲ့ဖတ်မှ၊ အနုပညာကို သိမှ နည်းနည်းခံစားတတ်မယ်ထင်ပါရဲ့.. မြန်မာလိုဖတ်ပြီး လိုသလို ဆွဲတွေးဘာသာပြန်ပြီး အဖျက်ခံလိုက်ရပြန်တယ်.. တော်သေးရဲ့.. ဒီကဗျာလေးတော့ ကော်ပီကူးထားမိပေလို့ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အကယ်လို့များသာ သင်သည် ချစ်ခြင်းနှင့် မသင့်မြတ်သည်ဟုဆိုပါတော့ ထိုချစ်ခြင်းသည် သင့်ထံ ကြာကြာမနေလိုပေ။ အကယ်လို့များသာ သင်သည် ချစ်ခြင်းနှင့် ရန်ဖြစ်ထားသည်ဆိုပါတော့ ထိုချစ်ခြင်းသည် သင့်အား စိတ်ကောက်နေပေလိမ့်မည်။ အကယ်လို့များသာ သင်သည် ချစ်ခြင်းကို မပိုင်မဆိုင်ရဘူးဆိုပါတော့ ထိုချစ်ခြင်းသည် သင်နှင့် အဝေးကွာဆုံးအရပ်တွင်သာ ရှိနေလိမ့်မည်။ ထို့ကြောင့် အိုဘယ့် အသင်ချစ်ခြင်း သင့်အား ငါမြတ်နိုးလွန်းလှပေ၏။ ငါ့ကိုယ်အား […]


စဆရ ႀကီးNovember 5, 20131min5038
ခကျွန်တော်သည် ရင်ဘတ်ကြီးအဟောင်းသားဖြင့်။ အဲကွန်းမရှိသည့် မဟာရန်ကုန်ဟု ရန်ကုန်သူ ရန်ကုန်သားများမှ ကျွန်ုပ်တို့လို့ တောင်ပေါ်သားများကို မှိုချိုး၊ မြှစ်ချိုးပြောသည်ကို လွန်ခဲ့သည် ဆယ်စုနှစ် နှစ်စုကျော်ခန့်က ခံစားခဲ့ရသည့် ခံစားရင်းများကလဲ ရှိနေသည်ကတစ်ကြောင်း၊ ရန်ကုန်သားဆိုတာ ဘောင်းဘီလေထိုးကြီးများကို အထဲမှ အရိုးဂေါက်ဂက်များဖြင့် တန်ဆာဆင်ရင်း ကျွန်ုပ်တို့နားမလည်သည့် မြန်မာစကားပြော အမြန်စကားများကို ပြောဆိုသူများ အနေနှင့်လည်းကောင်း၊ ရန်ကုန်သူဆိုသူများမှာ ကျွန်ုပ်တို့နယ်သူများ မဝတ်ရဲသည်များ ဝတ်ကြပြီး ကျွန်ုပ်တို့ နယ်သူများ မပြောရဲသည်များ တစ်နင့်တစ်ပိုးကြီး ပြောဆိုတတ်သူများ အနေနှင့် လည်းကောင်း၊ ရန်ကုန်သားများ လေတိုက်လျင် လဲကျတော့မည့် အခြေအနေတွင်တောင်မှ လေမလျှော့ပဲ ရန်ကုန်တွင် ထိုသို့သော ကိုယ်ခန္ဒာ အလှပိုင်ရှင်များမှာ အဘယ်မျှ ကောင်မလေးများ ကြိတ်ကြွေကြောင်းကို ကြားရပြီးနောက် ကိုရင်စိုင်းတို့လို တောင်ပေါ်သားများမှာ လက်မောင်းအိုးတုတ်တုတ်ကြီးများပေါ်တွင် မျက်ရည်ပေါက်များအား ကြမ်းရှရှသုတ်ရင်း […]


စဆရ ႀကီးOctober 22, 20131min39410
ကျွန်တော့်အတွက် မထူးခြားသောနေ့များသည် ထူးထူးခြားခြားဖြစ်တည်လာလေ၏။ ကဲပါလေ မထူးတော့ပါဘူးဆိုပြီး ကိုယ့်တစ်နေ့တာကြီးကို မျက်နှာသစ်ပြီး မြောက်ပြန်လေ နွေဦးကာလတွင် ဝှေ့ရမ်းသွားသကဲ့သို့ အေးစက်စက် ပူလောင်လောင်ကြီးဖြင့် နိုးထလာလေ၏။ မုတ်သုန်လေနံ့ပါသော ရေတစ်ခွက်ကို သစ်လိုက်ရင်း ကန္တာရ ညတစ်ညကို အေးမြခြင်းသက်သက်ဖြင့်သာ ကြိုလိုက်၏။ ကောင်းလေစွ…။ ကျွန်တော် ဝင်သက်တစ်ချက်တော့ မှတ်မိလိုက်သည်။ နောင်အကြိမ်များတော့ ဝင်လေလား ထွက်လေလားမသိ၊ သက်ပြင်းမောကြီးတွေ ဝင်သက်ထက် ပို်များတာတော့ အမှတ်ထားမိလေ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++ ကောင်းကင်တွင်မတော့ နေတစ်စင်း ရှင်းရှင်းလင်းလင်း ချိတ်ဆွဲထား၏။ ကိုရင်စိုင်းတစ်ယောက် လောင်ကျွမ်းနေသော ကိုယ်ခန္ဒာကြီးတစ်ခုကို ရေအနည်းငယ်မျှဖြန်းပြီး နေ့စဉ်ဝတ်ရုံနေကျ ဟန်ဆောင် မျက်နှာဖုံးကြီးတစ်ခုနှင့် လူရိုသေ ရှင်ရိုသေ ဝတ်ရုံတစ်ခုကို ချုံလွှမ်းပြီးသောအခါတွင်မတော့ တစ်နေ့တာကို လူသားတစ်ယောက်ပီသစွာ ဖြတ်သန်းရန် အခန်းတံခါးကို ဖွင့်လိုက်သည့် တစ်ခဏ…….. စူးရှစွာ ဝင်လာသော […]


စဆရ ႀကီးOctober 20, 20131min3052
ကျွန်တော်နှင့် လွဲချော်ခြင်းများသည် နေသားတကျ ရှိနေပြီထင့်။ အရာရာတိုင်း လွဲချော်မြဲ လွဲချော်လျက်သာတည့်။ ထို့အတွက်ကြောင့်ပင် ကျွန်တော်သည် လောကကြီးကို ဇောက်ထိုးလေ့လာခဲ့ပါ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ကိုရင်စိုင်းတစ်ယောက် ငယ်ဘဝကတည်းက အဲဒါဘုရားဟဲ့ဆိုပြီး လက်အုပ်ချီ၊ ကန်တော့၊ ကန်တော့ ဆိုသည့် တိုက်တွန်း၊ အကျပ်စေခိုင်း၊ အမိန့်သံပါသော စကားတစ်ခွန်းကြားတွင် သူတို့ ရှစ်ခိုးခိုင်းရာကို လက်အုပ်ချီမိုးပြီး ရှစ်ခိုးခဲ့ရဖူးသည်။ တစ်ခါတစ်ရံ အပြင်ခေါ်သွားသော အခါတွင်မတော့ အဲ့ဒါ သိပ်တန်ခိုးကြီးတာ၊ ကန်တော့လိုက်လေဆိုလို့ ကန်တော့ရပြန်ပါလေရော။ ဘာရယ်ညာရယ်မသိ၊ ဘေးနားက သူများတွေ မျက်လုံးကြီးမှိတ်ပြီး တစ်ချို့က နှုတ်ခမ်းတစ်လှုပ်လှုပ်နှင့်၊ တစ်ချို့က မျက်လုံးကြီးမှိတ်၊ လက်အုပ်ကြီးချီလျက် ငြိမ်လျက်သားနှင့် အတော်လေးကြာသောအခါမှ ပုဆိန်ပေါက် ကန်တော့လိုက်သည်ကို လေ့လာဖန်များသောအခါ ကိုရင်စိုင်းလဲ မျက်လုံးကြီးကိုမှိတ်၊ တော်တန်လောက်ပြီဟု ထင်သော အခါတွင်မှ ပုဆိန်ပေါက် ကန်တော့ပြီး […]


စဆရ ႀကီးOctober 14, 20131min43610
တစ်ကယ်လို့များ.. ကျွန်ုပ်သည်သာ ငှက်တစ်ကောင်အဖြစ် ဒီလောကကြီးထဲမှာ မွေးဖွားလာခဲ့မယ်ဆိုလျင် အတောင်တစ်စုံကို ဖြန့်ကျက်ပြီး ကောင်းကင်ကြီးထက်တွင် စိတ်တိုင်းကျပျံဝဲရင်း လေဟုန်နှင့်အတူ မျောလွင့်ပါရင်း အရာရာတိုင်းအထက်မှ ပျံသန်းသွားလာနေပေလိမ့်မည်။ ကျွန်ုပ်သည်ကား အမြင့်ပေ ၁၀၀ဝ ကျော်မှသော်လည်းကောင်း၊ အမြင့်ပေ ၁၀ဝ ကျော်မှသော်လည်းကောင်း ပျံသန်းမြဲ ပျံသန်းနေပေမည်။ သေချာခြင်းတစ်ခုကတော့ ကျွန်ုပ်သည် လွတ်လပ်စွာ ပျံသန်းနေရခြင်းဖြစ်၏။ ကျွန်ုပ်အတွက် နိုင်ငံတစ်ကာ နယ်နိမိတ်များသည်လည်း အရေးမပါ၊ မပျံသန်းရဇုန်ဆိုသည်မှာလည်း လားလားမှ မဆိုင်ပေ။ လက်တည့်စမ်းမည့် လောက်လေးခွရန်မှ ကင်းလွတ်ရာ အမြင့်ပေမှသာ ပျံသန်းရန်လိုပေ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ တစ်ကယ်လို့များ.. ကျွန်ုပ်သာ ရေပျော်ငါးတစ်ကောင်ဖြစ်ခဲ့ပါမူ ကျွန်ုပ်ရှင်သန်ခြင်းတစ်ခုအတွက် မွေ့လျော်ရာ ရေပြင်တစ်နေရာတွင်သာ ကူးခတ်လှုပ်ရှားနေပေလိမ့်မည်။ ကြယ်ငါးတစ်ချို့လိုတော့ ကမ်းခြေစပ်များတွင် ရှင်သန်ခြင်းမပြုလိုပေ။ ထိုမနုဿလူသားဆိုသူများ ချစ်သလိုလိုနှင့် အလွယ်လေး ကောက်ယူသွားကြခြင်းသာခံရသည်။ တစ်ချို့မှာတော့မူကား ဟင်းလျာအဖြစ်တောင် […]