Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Kyi LwinOctober 31, 20131min2621
မင်္ဂလာပါ ။ မန်းဂေဇက် ရွာသားများ ခုတလောတော့ သည်းခံဖတ်ရှု အားပေးကြပါလို့ မေတ္တာရပ်ခံရတော့မှာပဲ။ ဘာလို့လဲဆိုတော့ ဖတ်မိတဲ့ ကဗျာ များကို လက်ဆင့်ကမ်းချင်တဲ့ စိတ်ကြောင့် ဒီနေရာမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ။ ကူးပေး လိုက်ရတာတွေအတွက် အားနာ မိပါတယ်။ ကိုယ်တိုင် ရေးချင်တာတွေက အကြောင်းအရာ ရလိုက်  လက်က စာရေးတဲ့ဆီ မရောက်နိုင် တဲ့ အချိန်အခါ ဖြစ်နေလေတော့ ကိုယ်တိုင်မရေးဖြစ်ပေမယ့် ကိုယ်ဖတ်ရတာလေးတွေ ဝေငှ ချင်တော့ကာ ခုလိုပဲ ကူးပေး လိုက်တာကို နားလည် ခွင့်လွှတ်တန်ကောင်းပါရဲ့လို့…။ဒီကဗျာ ကို ဖတ်ရ တဲ့အခါ တို့တိုင်းပြည်ရဲ့ ပြဇာတ် တပုဒ်ကို ကြည့်နေရသလိုမို့… လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄  နှစ်ကတည်းက  ကပြ အသုံးတော်ခံခဲ့ကြတဲ့ သူတွေ ကို […]


Kyi LwinOctober 30, 20131min3955
ဆရာတင်မိုးရဲ့ကဗျာလေးတပုဒ် ပါ။ သူ့ ခံစာမှု ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြ တတ် ရဲ့။ ဖေ့စ်ဘုတ်ခ် မှာ ဖတ် ရင်း ကူး တင်လိုက်ရပါတယ်။   ကြည်ကြည်လွင် ရန်ကုန်မြို့။   ကျွဲမလင်   အရိပ် “က” နေသလို စိတ္တဇ အရုပ်တွေပေါ်လာ ရာသီတွေမှား နာရီတွေနားနေတဲ့ ဗမာပြည်က ဖြစ်စဉ်များ။ ကိုယ့်အရောင်က မှုန်မှုန် သူ့ရောင်စုံက တလျှပ်လျှပ် ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည် မတည်ငြိမ်လို့ တလှုပ်လှုပ် ရေပေါ်ရေးတဲ့အရုပ်များ။ မုန်တိုင်းမွှေလို့ နင်းချေခံရတဲ့ မြန်မာ့မြေပုံ ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး အမှောက်မှောက် အမှားမှား အချောက်ချောက် အချားချား မတောက်ကြွားနိုင်တော့ပါတကား။ အိမ်အတွင်းမှာ သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက် ပွဲလှန့်ပြီး ဗိုလ်လုပ် […]


Kyi LwinOctober 25, 20131min86210
မင်္ဂလာပါ မန်းဂေဇက် ရွာသားများ။ ကျန်းမာတော်မူကြရဲ့နော်။ ဟိုးတလောက အဟောင်းတန်းမှာ စာအုပ်လေးတချ ို့ ဝယ်ခဲ့တဲ့ အထဲက ဖတ်စေချင်တာလေး ရှိလာပြန်တော့ မန်းဂေဇက်ရွာဆီ အလည်ပတ်ရောက်ခဲ့ပြန်တယ်။ အစားကောင်းမက်တဲ့ သူများ အစားကောင်းကောင်းစားရရင် ချစ်သူ ခင်သူတွေကို သတိရတတ်တယ်လို့ ဆိုသလို ကိုယ်နှစ်သက်တဲ့ စာတွေ ဖတ်မိတဲ့အခါ မန်းဂေဇက်ကို သတိတရနဲ့ ဝေငှချင်တဲ့ ဆန္ဒ ဖြစ်လာပါတယ်။ ကဗျာကို နှစ်သက်သူများ အတွက် အထူးရည်ရွယ်ပါတယ်။ ဆရာဒဂုန်တာရာရေးတဲ့ တဟီတီသွားရအောင် ဆိုတဲ့ ခေတ်ပေါ် ကဗျာကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မဂ္ဂဇင်းတခုထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ စကားလုံးအတိအကျ မမှတ်မိတော့ပေမယ့် ကာရံ က မမိ တမိ မြန်မာရှေ့ ကဗျာ တွေလို ဆိုလို့ မချော နားဝင်မချ ိုလို့ […]


Kyi LwinSeptember 27, 20131min2564
သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ================================== ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ……။ ♠ အဆုံးထိဖတ်ဖြစ်အောင်ဖတ်ပေးကြပါ။ ————————————————————————————– ” အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ … အတွင်းကမာ္ဘ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို အရင်လုပ် ….. ( သီတဂူဆရာတော်ကြီး ) မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ ့မြောက်ဘက် ကက်ရှ်မီးယားရဲ ့အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ ့ရဲ ့ဌာနချုပ်မြို ့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို ့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ […]


Kyi LwinSeptember 27, 20131min3123
မင်္ဂလာပါ မန်းဂေဇက်ရွာ။ အခုလည်းဖတ်စေချင်တာလေးကူးပေးရပြန်သပေါ့။ ဖတ်ပြီးသားလူတွေရှိလည်းခွင့်လွှတ်တော်မူကြပေရော့။ ကြည်လွင် ရန်ကုန်မြိုံ။   မြန်မာနိုင်ငံနဲ့စစ်တပ်အာဏာသိမ်း။ ဆရာကြီးဦးဝင်းတင်ရဲ့ ခေတ်စကားအစီအစဉ်မှာ အခုတပတ် “မြန်မာနိုင်ငံနဲ့ စစ်တပ် အာဏာသိမ်း” တဲ့ကိစ္စအကြောင်း စုစည်းတင် ပြထားတာကို RFA မှတဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဒီအပတ်တော့ ၁၉၈၈ တုန်းက အာဏာသိမ်းတဲ့ကိစ္စကို ပြော ချင်တယ်ဗျ။ အခု ကျနော်တို့တိုင်းပြည်မှာ အာဏာသိမ်းတဲ့ ရက်ပိုင်းကို ရောက်တဲ့အချိန်မှာ ဦးသိန်းစိန်ဘက်ကနေပြီးတော့ သမ္မတဘက်က နေပြီးတော့ လှုပ်လှုပ်ရှားရှားလုပ်လာတာတွေရှိတယ်ဗျ။ ဥပမာဆိုပါ တော့ ဒေါ်စုကိုတွေ့တယ် ဟိုရက်တွေတုန်းက၊ တခါ ဒေါ်စုနဲ့ထပ်ပြီး တော့ ဒီရက်အတွင်းမှာတွေ့ပြန်တယ်။ နောက်တခါ ရှစ်လေးလုံး ကျောင်းသားတွေ မင်းကိုနိုင်တို့ ကိုကိုကြီးတို့စသည်ဖြင့်ပေါ့ဗျာ ဒီလူ တွေကိုလည်း ခေါ်ပြီးတော့တွေ့တယ်။ ဆိုလိုတာက ဘာလည်းဆိုတော့ ဒီကိစ္စတွေကလုပ်တာက တိုက်ဆိုင်နေတာလား၊ […]


Kyi LwinSeptember 26, 20131min3204
မင်္ဂလာပါ ။ မန်းဂေဇက် ရွာသူကြီးနဲ့တကွရွာသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြမယ်ထင်ပါတယ်။ ခုတလောတော့ စာရေးစရာလေးတွေ တွေ့နေပေမင့် မရေးနိုင်တာကြောင့် ဖတ်စေချင်တာလေး ကူးပေးရပြန်တယ်။ ကျန်းမာကြပါစေရှင်။ ကြည်လွင် ရန်ကုန်မြို့။   “စင်ပေါ်ရောက်လာတဲ့ ဟွာဟွေး” ကုမ္ပဏီကို ပေးထားသော အမည်ကပင် သံသယရှိချင် စရာ။ ဟွာဟွေးဆိုသည်မှာ တရုတ်၏လက်ချက်- Chinese Actionဟု ဆိုလိုသည်။ ၎င်းမှထုတ်လုပ်လိုက်သော တယ်လီဖုန်းကိုသုံးစွဲ သူများထံမှ လည်းကောင်း၊ ကြေးနန်းဆက်သွယ်ရေး ကွန်ရက်မှ လည်းကောင်း အချက်အလက်များ ကို တိတ်တဆိတ် ထောက်လှမ်းရ ယူနေသည်ဟု စွပ်စွဲချက်များ ရှိနေသည်။ အမေရိကန် လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဟွာဟွေးထုတ် ကိရိယာများကို အရေးကြီးသော ဆက်သွယ်ရေး ကွန်ရက်တွင် အသုံးမပြုရန် သတိ ပေးထားသည်။ သမ္မတ […]


Kyi LwinSeptember 23, 20131min3863
ဒါလေးတော့ ဖတ်စေချင်လို့ ကူးပေးလိုက်ပါတယ်။ 7 DAYS NEWS JOURNAL  မှာပါတဲ့ သရော်စာပါရှင့်။ ကြည်လွင် ရန်ကုန်မြို့။   ချိုးဖြူလေးကို အားနာပါ ———— ရေးသားသူ- ဘစီ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကျုပ်တို့တိုင်းပြည်မှာ ပြောလာလိုက်ကြရတာ လွတ်လပ်ရေးရပြီး ကတည်းကပဲနော်။ ဒါပေမဲ့ ကနေ့အထိ မငြိမ်းချမ်းနိုင်သေးဘူးဖြစ်နေတာလည်း အားလုံးအသိပဲ။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ တပ်ဦးမှာရှိခဲ့တဲ့ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သူမသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တဖွဖွပြောခဲ့ရတယ်။ ဒါ ပေမဲ့ သေသာသွားရော မြင်မသွားရပါဘူးဗျာ။ ငြိမ်းချမ်းရေးစကား ပြောသာပြောရ မငြိမ်းချမ်းနိုင်သေးတာမို့ သူ့လေးချိုးကြီးတစ်ပုဒ်ထဲ မှာ “ပြေ(ပြည်)ရွာမှာ သေတာ လောက် မကောင်းချိန်မို့” ဆိုပြီး တောင်မှ ဆရာကြီးက ထည့်ရေးသွားတာတွေ့ရဖူးသဗျ။ အခုအချိန်ထိလည်း ကျုပ်တို့ဟာ ဆရာကြီး […]


Kyi LwinSeptember 19, 20131min3687
အလိမ်ခံရခြင်း။   တနေ့သောအခါ မန်းဂေဇက် ကမ္ဘာ စာ – ပြည်သာ ဝယ် မွှေကာ နှောက်ဆဲ ခေါင်းစဉ်တစ်ခု ဆွဲဆောင် ပြု၏။ ´ကျွန်တော် လူလိမ်´ သိချင်စိတ်ကဲ ဖတ်မိဆဲဝယ် များလှ မှတ်ချက် ထို အချက်ကြောင့် ဝင်ဖတ်မိသော် ကျွန်မ ဖတ်မိ အပြစ်ရှိ။   ဘာညာဘာညာ မဟာရာဇာ ပညာရှိ ငတိ သူအလွန်သိ လိမ်လျှင် ခံကြရသူ များလှပါဘိ။ ၁၉.၉.၂၀၁၃ မှတ်ချက်။ စာ- ပြည်သာ ( ရွှေပြည်သာ နှင့် မဆိုင်ပါ။) အလိမ်ခံရသူထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ကြောင်း မှတ်တမ်းတင်ခြင်း။ နောက်ပြီး သည်းခံ ဖတ်ရှုတော်မူကြပါရန်ရှင့်။ လူကြီးမင်း ယခု ဖတ်နေသော စာ သည် စာပေ […]


Kyi LwinSeptember 16, 20131min40814
ဝါတွင်းချိန်။   ငှက်ကလေးတွေ စိုးစီ စိုးစီ ဝင်းပေါက်မှာ မြည် ချိ်န်တန်ပြီ ညီမထွေးရဲ့ ဆွမ်းချက်စို့လေး။   ဦးပေါင်းကို ဆွမ်းတော်တင် သုံးချောင်းထောက်ပြင် သံလွင်လွင် ကြေးစည်တီးလို့ ထွန်း တဲ့ ဆီမီး။   အမျှတဲ့ သုံးကြိမ် ဝေ သွန်းတဲ့ ညောင်ရေ မာပါစေ ကမ္ဘာသား အောက်ထက် နံလျား။   ရွာဦးက ကြေးစည်သံ ကျောင်းဝေဠုဝန် ဆွမ်းတော်ခံ ကိုရင်ကြွလိမ့် ဆွမ်းအုပ်ပြင်ပါ့။   ကိုရင်ကြီး ပျိုတို့မောင် ညှိုးနွဲ့ယောင်ယောင် ပျိုတို့မောင် မာပါစ မေးလိုက်ပါကြ။   မာပါရဲ့ အထွေးရယ် ပြောလိုက်ပါကွယ် ရွာလယ်မှာ ကိုရင်ပန်းလို့ ညှိုးလျ ရိနွမ်း။   ကပိယ အဖိုးအို  ( […]


Kyi LwinAugust 30, 20131min5149
မင်္ဂလာပါ။ မန်းဂေဇက်ရွာ သူကြီးနဲ့ တကွ ရွာသူ ရွာသားအပေါင်း ကျန်းမာတော်မူကြပါစ။ မန်းဂေဇက် ရွာ ဆိုလို့ ခု ဒီဖက် အိုင်တီ ခေတ်ကြီးမှာ ပြော ပြော နေကြတဲ့ ကမ္ဘာဟာ ရွာကြီး တစ်ရွာ ဖြစ်သွားပြီ ဆိုတဲ့ စကားလေး ကို သတိရမိသေးတော့ ။ ကမ္ဘာ ပြားပြီလို ဆိုတဲ့ သူကလည်း ဆိုကြသကွဲ့။  နည်းပညာ နဲ့ ဆက်သွယ်ရေးတွေ အင်မတန် မြန်ဆန် တိုးတက်လာတာကို တင်စား ကြသပေါ့လေ။ မှန်သပေါ့။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် အထိ ရွှေတို့ရဲ့ နိုင်ငံမှာ လူ့မလိုင်တွေရဲ့ အဆင်တန်ဆာ တစ်ခု ၊ အဆောင်အယောင် တစ်ခု အနေနဲ့ ရပ်တည်ခဲ့တဲ့ လက်ကိုင်ဖုန်းတွေဆိုတာ […]


Kyi LwinAugust 23, 20131min91117
မင်္ဂလာပါ သူကြိးနဲ့ တကွ မန်းရွာသူ ရွာသားမျာ။ ကျန်းမာတော်မူကြရဲ့နော်။ ခုတလော ရွှေမြန်မာတွေ ကိုယ့်အမျိုးကိုယ်ချစ်ဖို့ လှုံ့ဆော်ကြ၊ မျိုးစောင့် ဥပဒေဆိုပြီး တပ်လှန့်ကြနဲ့ တော်တော်လေး အလုပ်များနေကြရှာတယ်။ အဲဒီလို မျက်စိဖွင့် နားစွင့် လာတာကြောင့် ရပ်ကွက်တွေထဲမှာ ယဉ်ကျေးလိမ်မာ သင်တန်းတွေ ဖွင့်လိုက်တာတော့ တော်တော် အကျိုးအမြတ်ရှိတဲ့ လုပ်ရပ်ပဲ။ တို့များ ယုံကြည် ကျင့်သုံးတဲ့ဗုဒ်ဓ ( ဓ သေးသေး မရှာတတ်လို့ပါ။) ဝါဒ အခြေခံ တရားကိုက အပြစ်မပေး ၊ ဆု မပေးဘူး။ ကိုယ်ကျင့်ရင် ကိုယ်ရမယ်။ ကိုယ်လုပ်တဲ့ ကောင်းမှု မကောင်းမှု- ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံ ပြန်တာပဲ။ ကောင်းရင် စံ ၊ မကောင်းရင် ခံ ။ […]


Kyi LwinAugust 16, 20131min4017
မင်္ဂလာပါ ။ မန်းဂေဇက်ရွာ သူကြီးနဲ့တကွ ရွာသားများ ကျန်းမာတော်မူကြပါစ။ မန်းဂေဇက်ရွာထဲ ရောက်တုန်း ရောက်ခိုက် ရှိသမျှ စာမျက်နှာတွေ မွှေနှောက် လျှောက်လည်မိမိတဲ့အခါ ရွာသားတွေ ကို တော်တော်ပဲ ချီးမွမ်းမိပါတယ်။ နေ့စဉ်နေ့တိုင်း အသစ် အသစ်သော အကြောင်းအရာတွေကို ရေးလည်း ရေးနိုင် တင်လည်း တင်နိုင်ကြသမို့ စိတ်နောက် လက်ပါ လုပ်နိုင်စွမ်းရှိကြပါပေရဲ့လို့ မုဒိတာပွါး ချီးမွမ်းမိပါရဲ့။( ဒါ့အပြင် ကွန်နက်ရှင်လည်း ကောင်းစေကြောင်း ဆုတောင်း မေတ္တာပို့မိပါရဲ့။ ဒါကလည်း အရေးကြီးသကိုး။ ဘယ့်ကလောက်ရေးရေး ဒီ ကွန်နက်ရှင်မကောင်းလို့ကတော့ တယ် လဲ ဒေါမနဿ ဖြစ်စရာပေကိုး။) ရေးတင်ကြတဲ့အကြောင်းအရာတွေကလည်း ထောင့် စုံ ပါဘိသနဲ့။ ဖတ်ရှုအားပေးသူများအတွက် မှတ်ချက်လဲရေးဖို့ပါတော့ တယ် အဆင်ပြေတာကိုး။ အဲ တော်သေးတာတစ်ခုက မန်းဂေဇက်ကို […]


Kyi LwinAugust 12, 20131min3996
မင်္ဂလာပါ ။ မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။ မနေ့က သုခရိပ်မြုံရောက်ခဲ့တာလေး မျှဝေချင်တာနဲ့ ရေးလိုက်ရပါတယ်။ မိတ်ဆွေမိသားစု က ဖိတ်လို့ သုခရိပ်မြုံကို ရောက်ခဲ့ပါတယ်။ နေရာကတော့ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့သစ် ၁၁ ရပ်ကွက် တပင်ရွှေထီးလမ်း အမှတ် ၉၇၉/ ၉၈၂ မှာပါ။ ခုခံအားကျဆင်းရောဂါရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အငယ်ဆုံး တစ်နှစ်ခွဲ ၊ နှစ် နှစ် ကနေ အကြီးဆုံး အထက်တန်းကျောင်းသားအထိ အသက်အရွယ်စုံ မိန်းကလေး၊ယောက်ျားလေး စုစုပေါင်း ၁၁၁ ယောက်ရှိပါတယ်။ သူတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ ဝန်ထမ်းအင်အားက ၃၅ ယောက်ပါ။ လစဉ်အလှူရှင်တွေ ရှိသလို စေတနာအလျှောက် လာရောက် လှူဒါန်းသူတွေကလည်း လှူဒါန်းကြပါတယ်။ ဒီလူမမယ် ကလေး တွေကနေ ဆယ်ကျော်သက် […]