kaiJune 24, 20161min2147
ရန်ကုန်တိုင်း၊ သံလျင်မြို့တွင်တည်ရှိသော သဘာဝတရားရိပ်သာတည်ထောင်သူနှင့် ပဓာန နာယကဆရာတော်ဘဒ္ဒတ္တဦးဥတ္တမသာရသည် Los Angeles မြို့သို့ကြွရောက်လာပြီး ဒေါက်တာအောင်မျိုးသန့်၏ San Jose Yangon Dental Group တွင် တရားချီးမြှင့်၍ သွားဆေးကုသိုလ်ဒါနအလှူကိုလက်ခံစဉ် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ (ဒေါက်တာ အောင်မျိူးသန့်+ မဝေဝေလွင်၊ ဒေါက်တာဇော်မင်းလတ်+ဒေါက်တာညွန့်ညွန့်၊ သား Ryan တို့ိမိသားစုက ဆရာတော်ကို နဝကမ္မကုသိုလ်ပြုခဲ့ပါသည်။) ဆရာတော်၏ကိုယ်ရေးအကျဉ်း ဆရာတော်ကို ၁၉၆၉ခုနှစ်၊ အောက်တိုဘာ၂၆ရက်နေ့က ကသာမြို့တွင်ဖွားမြင်ခဲ့ပြီး သား၃ယောက်တွင်အကြီးဆုံးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ရန်ကုန်မြို့၊ ပုဇွန်တောင်(၄)နှင့် အခြေခံပညာအထက်တန်းကို ဗိုလ်တထောင်(၅)အခြေခံပညာအထက်တန်းကျောင်းတို့မှအောင်မြင်ခဲ့ပြီး ၁၉၉၂တွင်ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ(ဂုဏ်ထူးတန်း)ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၃မှ၁၉၉၉ခုနှစ်ထိ စတိုးဆိုင်ဖွင့်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉တွင် မိုးကုတ်၅ရက်တရားစခန်းတွင် အချိန်ပိုင်းစတင်အားထုတ်ခဲ့ပြီး ဦးဘခင်ရိပ်သာ၊ ဦးဂိုအင်ဂါတရားစခန်းနှင့် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၁ဝရက်တရားစခန်း၃ခုဝင်ခဲ့ကာ အိမ်တွင်လည်း တရားအားထုတ်ခဲ့သည်။ ၂၀၀ဝခုနှစ်မှစပြီးနေ့စဉ်ပုံမှန်တရားအားထုတ်ခဲ့ကာ ၂၀၀၂ခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၊ […]


black chawMay 12, 20161min24987
(ဘလက်ချော – မေး) ပြီးခဲ့တဲ့ ၂ လလောက်က ခိုင်ထူးချစ်သူတွေကြားမှာ အငြင်းပွားမှု တွေရှိခဲ့ပါတယ်။ စစ်ကိုင်းလမ်း နဲ့ ပတ်သက်လို့ပေါ့။ ကိုနေဝင်း ကြီးက စစ်ကိုင်းလမ်း ၂ ဆိုပြီးတော့ ကိုရန်ပိုင်ကို ရေးပေးလိုက်ပါတယ်။ အဲဒီသီချင်းထဲမှာ စစ်ကိုင်း မန္တလေး နောက်ဆုံး ကားတော့ မှီကောင်းမယ် ထင်ရဲ့ ဆိုတဲ့ စာသားပါခဲ့ပါတယ်။ အဲဒီမှာမှ စစ်ကိုင်းလမ်းဆိုတာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းမဟုတ်ဘူး။ မန္တလေး ဘက်က စစ်ကိုင်းလမ်း…၊ တချို့ကလည်း ကြည့်မြင်တိုင်ဘက် က စစ်ကိုင်းလမ်း ဘာညာပေါ့ဗျာ။ ငြင်းကြပြုု ကြတာတွေ ရှိခဲ့ပါတယ်။ (ခိုင်ထူး – ဖြေ) ကျွန်တော် သိသလောက်ကတော့ တချို့က ရထားသံ မကြားရဘူးတဲ့။ ကြားရတယ်လို့။ ညဘက်မှာ လူခြေတိတ်တဲ့အချိန် ၁၁ […]


black chawMay 11, 20161min1762
(ဘလက်ချော မေး) အစ်ကို့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးက မဆလ ခေတ်ကတည်း က အပိတ်ခံခဲ့ရတယ်ပေါ့။ အခုမှ ပြန်ဆိုခွင့်ရ…၊ပရိသတ်ကလည်း ပြန်နားထောင်ခွင့်ရလာတဲ့အခါ ဒီသီချင်း ကို စီးရီးစ်ထဲမှာ ပြန်ထည့်ဖို့ ရှိမလား သိချင်ပါတယ်။ (ခိုင်ထူး ဖြေ) အဲ့ဒီကောင် ကော်ပီ သီချင်းကြီးဗျ။ ကော်ပီကို ကျွန်တော်တို့က ပြင်လိုက်တဲ့ သဘောပေါ့။ (ဘလက်ချော မေး) ကော်ပီ အစစ်တော့မဟုတ်ဘူးပေါ့…။ (ခိုင်ထူး ဖြေ) အစစ်ပါပဲ…။ နည်းနည်းပြင်လိုက်တယ်ဆိုတာ စကားပြောတွေ ဘာတွေ သူတို့ဆီမှာ မပါဘူးပေါ့။ စကားပြောတွေကလည်း ဇာတ်လမ်းတွေက နည်းနည်းတော့ ရှတ်တယ်ဗျ။ ဒါ အခုမှ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်…။ အဲဒီသီချင်းက ဘာလို့ တောက်လျှောက်မကျလဲ ဆိုတော့ စကားပြောတွေက ကွန်မြူနစ်တွေ ရေးတဲ့ […]


black chawMay 10, 20161min2366
    (ဘလက်ချော မေး) တူးတူး သီဆိုခဲ့တဲ့ အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။ အဆင်သင့်ပဲဟေ့ ကို ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။ အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။ (ခိုင်ထူး ဖြေ) အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ အခွေကို ရင်းလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ဒါတွေက အကျိုးတော့ မယုတ်ပါဘူး။ ကျွန်တော် မထုတ်ဘူးဆိုတာက               […]


black chawMarch 11, 20164min32516
ပန်းရဲ့လမ်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့  သားထွေး နှင့် အင်တာဗျူး ဖြစ်ပါသည်။ မေးခွန်းများ စီစဉ်ထားခြင်း မရှိပဲ ဝိတိုရိယ ဆေးရုံရှေ့က ဖီးလ် စားသောက်ဆိုင်မှာ ထိုင်ပြောခဲ့ကြခြင်း ဖြစ်၏။ အမှန်တော့ လွန်ခဲ့တဲ့ ၂၀၀၇ လောက်တုန်းက ကိုသားထွေး နှင့် သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးသဖြင့် ခင်မင်ခဲ့ဖူးပါသည်။ အခုအချိန်အထိ မှတ်မိနေသော ကိုသားထွေး အား ကျေးဇူးတင်ရပါ၏။     ကိုသားထွေး က ကိုမောင်မောင် တို့ ကိုနေဝင်းတို့ ကိုရဲလွင် တို့လက်ပေါ်မှာ ကြီးပြင်းခဲ့ရသူတဲ့။ အဲ့ဒါကိုက စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အလုပ်သဘောထက် ကျွန်တော် သိချင်တာလေးတွေ မေးဖြစ်သဖြင့် အင်တာဗျူး က နှစ်နာရီ လောက် ကြာခဲ့ပါတယ်။ ဒါကြောင့် နှစ်နာရီ အင်တာဗျူး လို့ ခေါင်းစဉ်တတ်လိုက်ရပါတယ်ဗျာ။   မြန်မာဂဇက်  –  ကိုသားထွေးရဲ့ လောလောဆယ် အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။   သားထွေး – လောလောဆယ် […]


မြစပဲရိုးSeptember 13, 20152min33014
ကျွန်မ သူ့ကို လော်စရာ မလိုပါ။ သွားလော်လိုက်ရင်တောင် သူ့ နယ်ကသူ တွေ က သူတို့လောက်တောင် သိလို့လား လို့ ပြန်မေးကြမှာ။ ဟုတ်ပါတယ်။ ကျွန်မ ချစ်သူငယ်ချင်း “နီနီဒွန်း” က ငယ်ဘဝ မှာ သူ့ကျောင်း က “လသာ (၂)” ပါ။ သူငယ်တန်း ကနေ ဒသမတန်း ထိပေါ့။ ချစ် အစ်မဒုံ တို့ ချစ်မမ တို့ ရဲ့ ညီမတော်ပေါ့။ သူလဲ အပျိုကြီး ပါဘဲ။ . နောက်တော့ စီးပွါရေးတက္ကသိုလ် က ဘီကွမ်း ဘွဲ့ ရပါတယ်။ . ကျောင်းပြီးတာ နဲ့ သူ့ အမေ ဆေးခန်း ရှိရာ အရပ် “ပေါက်ခေါင်းမြို့” […]


kaiJuly 30, 20151min16910
ယခုလ ထင်ရှားကျော်ကြား မြန်မာ များကဏ္ဍမှာ အမေရိကားမှာနှစ်ပေါင်း ၄ဝကျော်အခြေချနေထိုင် လျက်ရှိပြီး အမေရိကားအသိအမှတ်ပြုရှေ့နေလိုင်စင်ရ ဦး Frank သောင်းဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ●အန်ကယ့်ဇာတိနဲ့ ကိုယ်ရေး အကျဉ်းပြောပြပါဦး။ ဇာတိက ပုသိမ်  ပုသိမ် ABM (American Baptist Mission) ကျောင်းက ၁၉၅၈မှာ အထက်တန်းအောင်တယ်။ B.A ဘွဲ့ကို ၁၉၆၂ကရတယ်။ ၁၉၆၅ မှာ B.L ဥပဒေဝိဇ္ဇာဘွဲ့ကို ရပါတယ်။ ၁၉၆၆မှာ ရှေ့နေလိုင်စင်ရတယ်။ ●အမေရိကားကို ဘယ်တုန်း ကထွက်လာတာလဲ။ ဘာ့ကြောင့် လဲပြောပြပါ။ ကျနော်က မြန်မာပြည်မှာ ရှေ့နေလိုင်စင်ကို ၁၉၆၆ခုနှစ်ကရတယ်။ မအူပင်ခရိုင်ရဲ့အစိုးရရှေ့နေအလုပ်ကို ၁၉၆ရကစပြီး ၁၉၇ဝထိလုပ်တယ်။ အမေရိကားကို ၁၉၇၂ခုနှစ်က ရောက်ပါတယ်။ ကျနော်မြန်မာ ပြည်မှာရှေ့နေလုပ်ခဲ့တုန်းက များသောအားဖြင့်က နလက၊ ခလက တို့က […]


kaiJuly 28, 20151min26625
                      ၂၀၁၅၊ ဇွန်၂၈နေ့လယ်ပိုင်းက Las Vegas မြို့ Life Care Center of Paradise Valley မှာရှိနေဆဲဖြစ် တဲ့ ဆရာမောင်သာရကိုသွားတွေ့ခဲ့ပါတယ်။ ဆရာ့ အခြေအနေကလွန်ခဲ့တဲ့၃လဧပြီလဆန်းတုန်းကထက် အများကြီးတိုးတက်လာတာတွေ့ရပါတယ်။ ပထမတခါ သူဆေးရုံမတက်ခင်က “ငါအခြေအနေမကောင်းဘူးဟ။ လာခဲ့ကြဦး” ဆိုဖုန်းဆက်ပြီး ပြောတဲ့အသံ က တော်တော်မောနေပုံရပြီး နောက်တပတ် လောက်ထိ ဆရာ့ဆီဖုန်းခေါ်မရခဲ့ဘူး။ ဧပြီလကကျမတို့ရောက်သွားချိန်မှာ တော့ ဆရာကဆေးရုံကဆင်းပြီး Life Care Center of Paradise Valley မှာပြောင်းပြီးနေရပါတယ်။ အဲ့ဒီ့တုန်းက နှလုံးနဲ့အဆုတ်အခြေအနေကခုထက်ပိုဆိုးတာမို့ မျက်နှာကဖောနေပြီး လူကလည်းမောနေတာမို့ စကားပြောတဲ့အခါမှာ အားယူပြီး […]


kotun winlattJune 24, 20152min21612
ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။   ~~~~~~~~~~~~~~~~~~~~ မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ? ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။ မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။ ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။ အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။ မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…? ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။ မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…? ဖြေ။ […]


kaiMay 29, 20151min34522
ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ US-Myanmar Exchange Gala Dinner မှာPanel Discussion မှာပါဝင်ဖို့ မြန်မာပြည်ကနေရောက်ရှိလာတဲ့ ဒေါ်ခိုင်ခိုင်နွယ် Joint Secretary UMFCCI (The Union of Myanmar Federation of Chambers of Commerce and Industry) နဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ♠ ဒေါ်ခိုင်ခိုင်နွယ်ရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျမကမော်လမြိုင်ဇာတိ။ ၁၉၇၄ မှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က B.Sc(Zoology) ဘွဲ့ကို ရတယ်။ ၁၉၇၉ မှာ မဟာသိပ္ပံဘွဲ့ကိုရတယ်။ ဆေးဝါးသုတေသနမှာ အလုပ်လုပ်ခဲ့တယ်။ ပါရဂူဘွဲ့ Plan အတွက် ဒေဝူးအထည်ချုပ်ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ Assumption University of Thailand မှာ Business English ဆရာမအဖြစ် […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min30836
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


manawphyulayMarch 19, 20151min914
နိုင်ငံခြား အတွေ့အကြုံလေးများကို သိချင်မိသည့် သကာလ မလေးရောက်သူတစ်ဦးရဲ့ အတွေ့အကြုံလေးများကို မနောဖြူလေးတစ်ယောက် မေးမြန်းခဲ့ပြီးနောက် ပြောသည့်အတိုင်း ပြန်လည် မျှဝေလိုက်ပါသည်။ ကျွန်တော်တို့ ရဲနဲ့ တွေ့ပုံလေးများနှင့် ဖြေရှင်းနည်းလမ်းကလေးများက တော့ ဒီလိုပါဗျာ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ စက်ရုံကို နောက်ပိုင်းမှာ အေးဂျင့် ကမ်ရဲ့ ဦးဆောင်မုှကြောင့် မြန်မာ အလုပ်သမား ၄ဝခန့် ထပ်ပြီး ရောက်ရှိလာချိန်မှာတော့ လူတွေက များလာ(မြန်မာ အလုပ်သမားတွေပေါ့နော်)။ရဲတွေက ရိပ်မိလာကြတော့ ထမင်းစားချိန်တွေဆိုရင် ဆိုင်ကယ်တစ်စီးပေါ်မှာ နှစ်ယောက်စီ စီးပြီး ငွေရှာနည်းလမ်းစပြီပေါ့ဗျာ။ အခုနောက်ပိုင်းတော့ တစ်ယောက်ကို တစ်စီး ဖြစ်သွားပါပြီခင်ဗျာ။အထုူးသဖြင့် ညနေပိုင်း ၆နာရီကျော်လောက်ဆိုရင် ပတ်လာကြပြီပေါ့နော်။ အဲဒါကြောင့် အားလုံး စုပြီး ထွက်မဲ့အစား လူခွဲထွက်ကြရတာပေါ့။၅ယောက်မှာ တစ်ယောက်က ထမင်းအလှည့်ကျ ထွက်ဝယ်ပေါ့နော်။ကိုယ် မိရင် ကိုယ်ရှင်းလေ။ရဲတွေက […]