sofiadimpleAugust 13, 20101min790
အန္တရာယ်နံပါတ် -၃ ရဲ့ ကြောက်စရာ ကောင်းပုံတွေကို သိရပြီးတဲ့နောက်တော့ ဒီကနေဘယ်လို လွတ်အောင်ရုန်း မလဲ ဆိုတာ ဆက်ပြီးနည်းလမ်းလေးစဉ်းစားဖို့ဆိုပြီး ဒီစာလေးကိုစရေးဖြစ်တာပါ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ သိစရာ တွေပေါ်လာပြန်လို့ ဆက်ပြီးလေ့လာ မိနေတာကြောင့် ဒီနေ့တော့နောက်ဆက်တွဲအနေနဲ့ ပဲဆက်လိုက်ကြ ပါစို့နော်။ တကယ်တော့ ဒီအန္တရာယ်နံပါတ်-၃ ကို ရှောင်ဖို့ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် မြတ်စွာဘုရားရဲ့ တရားဦး ဖြစ်တဲ့ ဓမ္မစကြာတရားမှာကို ပဲ ဘုရားက ဒါဟာ ပယ်ရမယ့်တရားလို့ကို အရေးတကြီးဟောခဲ့တာနော်။ ပယ်ရမယ့် တရား(၂)မျိုးထဲမှာ သူကထိပ်ကပါနေတယ်ဆိုတော့ ဒါသိပ်ကို အရေးတကြီးရှောင်ရမှာပါလားလို့ မှတ်ထားလိုက် ရပါမယ်။ လောကီအာရုံ ကာမဂုဏ် ငါးပါးတို့မှာ ခုံမင်ပြီး ကိလေသာကာမချမ်းသာ ကို အဖန်ဖန်လိုက်စား ပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်သည် အလွန်ပင် ယုတ်ညံ့လှပါတယ်။ […]


sofiadimpleAugust 12, 20101min1060
အန ္တရာယ်နံပါတ်-၃ ရှေ့ကပြောခဲ့တဲ့ အန ္တရာယ်(၂)ခုကိုတော့ စာတွေ့ရော၊လက်တွေ့ပါ သိခဲ့ရပြီးပြီမို့ သတိလေးထားလို့ နှလုံးသွင်းတတ်သွားပါပြီ။ ကဲဒို့တွေဟာ ဒီအန ္တရာယ်(၂)ခု ကလွတ်ပြီဆိုပြီး စိတ်အေးထားလို့ မဖြစ်သေးဘူးနော်။ နောက်ထပ်ထပ်ပြီးသတိထားရမယ့် အန ္တရာယ်တစ်ခုကို ဒီနေ့ဆက်ကြပါဦးစို့။ ဟိုဖက်ကမ်းမှာကပ်ခြင်းဆိုတဲ့ ပထမ အန ္တရာယ်တုန်းကလည်း အစကတော့ ကိုယ့်ကိုကိုယ် အန ္တရာယ်စက်ကွင်းမိလို့ မိနေမှန်းတောင် မသိခဲ့ပါဘူး။ ခုသိရတော့ တစ်ခုခုဆို အော..ငါတော့ဖြင့် ဒီအန ္တရာယ် တွေနဲ့တိုးနေပါပေါ့လားလို့တွေးမိနိုင်လို့ အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်သွားတာပေါ့နော်။ ခုလည်းနောက်ထပ် ကျလာနိုင်သော အန ္တရာယ်တွေကိုမသိသမျှ    ကာလပတ်လုံး ကိုယ့်မှာ ဒီလို အန ္တရာယ်တွေ တစ်စုံတစ်ရာ နှင့် တွေ့နေရပါသော်လည်း ရန်သူကိုရန်သူမှန်း မသိတာကြောင့် ရှောင်ရကောင်းမှန်းမသိနိုင်တော့ပဲ တဖြည်းဖြည်းချင်းနဲ့ပဲ ဒီရန်သူဝါးမြိုတာကို […]


VisesaAugust 11, 20101min1360
မြန်မာ့(၁၂)လရာသီတွင်ဝါခေါင်လသည်ငါးလမြောက်ဖြစ်သည်။ ခရစ်နှစ်အနေဖြင့်မူ၊ဇွန်၊ဇူလိုင်လများတွင်ကျရောက်လေ့ရှိသည်။ မိုးဥတုဖြစ်သောကြောင့် မြန်မာတစ်ပြည်လုံးတွင်မိုးရွာသွန်းမှုများပြားသောအချိန်အခါဖြစ်သည်။ မြန်မာပြည်အရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ကောက်နှံပင်ပျိုငယ်တို ့သည် ရေပြင်ကျယ်ဖွေးဖွေးမှာ စိမ်းစိမ်းမြမြ ယိမ်းကသည့်နှယ် ထွက်ပြူနိုးထနေကြသည်။ ထို ့ကြောင့်လည်းရှေးမြန်မာတို ့က `ဝါဆိုဝါခေါင်-ရေဖေါင်ဖေါင်´– ဟု ဆိုရိုးစကားထားခဲ့ကြသည်။မြန်မာနိုင်ငံစစ်ပြီးကာလ(အေဒီ ၁၉၄၅-၁၉၆၅)တွင်၊ ခေတ်စမ်းစာပေ ကဗျာစာဆိုရှင်မင်းသုဝဏ်က`ဝါဆို ဝါခေါင် ရေတွေကြီးလို ့၊သပြေသီးမှည့်ကောက်စို ့ကွယ်။ ခရားဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီး တွယ်လိမ့်မယ်။ မျှော့နက် ဆိုတာဂျိုနဲ ့လားကွဲ ့၊ မြွေနဂါးတောင်ကြောက်ဖူးကွယ်။  ဒို ့လည်းလိုက်မယ် အတူသွားဖို ့၊ အုန်းလက်နွားလေးထားခဲ့မယ်´-စသည်ဖြင့် ကလေးကဗျာ ရေးဖွဲ ့ကာ ၊မြန်မာကျေးလက်ပြည်သူတို ့၏ ဝါတွင်းကာလ မိုးရာသီ ဓလေ့သဘာဝကိုပေါ်လွင်စေခဲ့ပါသည်။ထို ့အပြင်ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုတို ့၏ ဝါတွင်း ကာလ ရိုးရာဓလေ့ ကုသိုလ်ရေးရာလှုပ်ရှားမှုကို ထင်ဟပ်၍ ၊`ဆွမ်းအုပ်နီနီ […]


JuemyitAugust 10, 20101min39016
တကယ့် ဖြစ်ရပ်မှန် အကြောင်းလေးပါ… အချိန်ကတော့ ကြာခဲ့ပါပြီ… ၂၀၀၅ခုနှစ် ရန်ကုန်မြို. ၊ ကြည်.မြင့်တိုင်မြို.နယ် ၊ အထက(၂) ကျောင်းမှ ကလေးတွေအပေါ် သွေးစက်များကျခဲ့တာပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့… ၁၇.၂.၂၀၀၅ ခုနှစ် ကြာသာပတေးနေ. နေ.လည်၂း၁၅ နာရီ အချိန် ဆဌမတန်း(စီ)မှ ကျောင်းသူကျောင်းသား (၅) ဦးရဲ. စာသင်ခုံပေါ်သို. သွေးစက်များကျခဲ့တာပါ။ နောက်တစ်ရက်မှာလဲ ထိုကျောင်းသူကျောင်းသား (၅)ယောက်တို.ရဲ. ကျောကုန်း ၊ လက်ဖျံလက်ခုံ ၊ စာသင်ခုံ ၊ လွယ်အိတ်များအပေါ် သွေးစက်များထပ်မံကျခဲ့ပါတယ်။ တစ်ရက်လဲမက နှစ်ရက်လဲမက ကလေးတွေအပေါ်သွေးစက်များကျလို. ကလေးတွေကလဲ ကြောက်လန်.ခဲ့ရပါတယ်။ သွေးစက်ကျခံရတဲ့အထဲမှာပါတဲ့ ကျောင်းသူမနှင်းပွင့်အောင်က မျက်စိနဲ.ကိုယ်တိုင် သွေးစက်များဖျော်နေတာကို မြင်တွေ.ခဲ့ရတယ်လို.ဆိုပါတယ်။ ပိုပြီး ဆန်းတာကတော့ သွေးစက်ကျခံရတဲ့ကျောင်းသားကျောင်းသူတွေသာ သွေးစက်များဖျော်နေတာကို မြင်တွေ.ခဲရတာဖြစ်ပြီး ကျန်တဲ့သူတွေက […]


sofiadimpleAugust 10, 20101min920
မနက်ကပဲ ထမင်းစားရင်းတွေးမိနေတာလေး ပြောပြပါဦးမယ်။ ထမင်းလုတ်လေးကို ပါးစပ်ထဲ ထည့် လိုက်လို့ လျှာနဲ့ဒီချဉ်၊ငန်၊စပ်၊ အရသာလေးထိလိုက်တာနဲ့ကိုက ကြိုက်တယ် ၊မကြိုက်ဘူးဆိုတဲ့ တဏှာလေးက တန်းဖြစ် နေပါပြီ။ ကြိုက်တဲ့အရသာဆိုရင် ထပ်ပြီးအရသာခံဖို့ ဒီဟင်းကိုထပ်ထည့်လိုက်တယ်။ ဒါကိုကလောဘနဲ့နော်။ ကောင်း လိုက်တဲ့ဟင်းပဲ။ ဆိုပြီးတော့လေ တရှုးရှုးတရှဲရှဲနဲ့ ထပ်ထည့်လိုက် စားလိုက်နဲ့ကို အိုဘာပြောကောင်းမလဲနော်။ လောဘ တွေတန်းလန်းနဲ့ ထမင်းလုတ်တွေထည့်ပေးနေလိုက်တာ။ အော် ငါ့နှယ်နော်။ ခုချိန်မှာများ ကောက်ကနဲ သေသွားခဲ့ရင် တော့လား ။ သွားပေဦးပေါ့ ။ အပါယ်ဘုံကိုလေ။ စားရင်းနဲ့ကို အပါယ်သွားနေပါပေါ့လားလို့ တွေးမိသွားတယ်ဆိုရင်ပဲ တန်းပြီး ဖြတ်ရပါတော့မယ်။ ဒါကလည်းလေ ဒီစာလေးတွေ ရေးနေဖတ်နေလို့သာပေါ့။ မဟုတ်လို့ကတော့ဖြင့် ဘယ်လိုသိ ပါ့မလဲနော်။အော်ငါတော့ဖြင့်အန္တရာယ်နံပါတ်-၂နဲ့တွေ့နေပါလားလို့ သတိလေးကပ်လိုက်မိတယ်ဆိုရင်ပဲလျှာမှာဆက်တိုက် လေးလည်နေရှာတဲ့ ပဋိစ္စသမုပါဒ် စက်ဝိုင်းလေးခမျာ အရှိန်လေးလျှော့ပေးရရှာတယ်နော်။ ဒီကနေမှ […]


sofiadimpleAugust 9, 20101min1593
မနေ့ကတော့ အန ္တရာယ်နံပါတ်-၂ အရအပြင်အာရုံတွေအပေါ်မှာစွဲလမ်းနေမယ။် တနည်း ဒီခန္ဓာကြီးနဲ့ဆက်နွယ်နေတဲ့ခန္ဓာအပွားတွေအပေါ်မှာ စွဲလမ်းတွယ်တာနေမယ်။ ဆိုလို တာ ကတော့ ကိုယ် နဲ့ ဆက်နွယ်နေသမျှ     သက်ရှိ၊ သက်မဲ့တွေအပေါ်မှာ တကယ်ရှိ အဟုတ် ရှိထင်ပြီး စွဲနေမယ်ဆိုရင် ဒီခန္တာကြီးမှာ ပဋိစ္စသမုပါဒ် စက်ဝိုင်းကြီးကတော့ ချားယဟပ်ကြီးသဖွယ် အချိန်ပြည့်ကိုပဲ လည်လို့ကောင်းနေပါလိမ့်မယ်ဆိုတာလေးတော့ သိလိုက်ရပါတယ်။ ဒါဆိုဒို့တွေဟာ အန္တရာယ်စက်ကွင်းမိနေပြီလို့ သိထားရမှာပေါ့နော်။ ကဲသိသွားပြီထားတော့ သူကလွတ်ဖို့နည်းလမ်းလေးမသိပြန်လို့ရှိရင်လည်း သိပြီးမရုန်းနိုင်ဖြစ်တော့မယ်နော်။ ဒါကြောင့်ဘယ်လိုနှလုံးသွင်းနိုင်ရင် ဒီအန္တရာယ်ကလွတ်မှာပါလဲဆိုတဲ့အဖြေလေး ဆက်ထုတ် ကြည့်ကြတာပေါ့။ ဒါဆို ဒို့မတတ်နိုင်တာနဲ့ တတ်နိုင်တာခွဲလို့ စဉ်းစားကြည့်ကြမယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ကံအစွမ်းသတ္တိကြောင့် အခုဒီခန္ဓာကြီးကိုရလာပြီနော်။ မလိုချင်လည်းရနေပြီမို့ ဘာမှမတတ်နိုင်ဘူးနော်။ ဒါကကိုယ်ဖန်တီးလို့ရတဲ့အရာမှ မဟုတ်တာပဲ။ ကဲ ဒီရနေတဲ့ခန္ဓာမှာကလည်းပြူတင်း(၆)ပေါက်က တခါတည်းပါလာပြီးသားပါ။ ဒါတွေကိုနေ့စဉ်ဖွင့်လို့ ရှင်သန်ရုန်းကန်နေရတာပဲမလား။ ဒီတော့လည်း အပြင်ဧည့်သည်တွေက လာကြမှာပဲလေ။ […]


VisesaAugust 8, 20101min1552
၁၃၄၂-ခု၊တပို ့တွဲလဆန်း(၅)ရက်၊ပထမနေ ့။ လွန်ခဲ့သောအနှစ်(၃၀)ခန် ့ကဖြစ်ပါသည်။မြန်မာဗုဒ္ဓဘာသာဝင်တို ့၏အသိုင်းအဝိုင်းတွင် မိုးပျံဆရာတော်ကြီးတစ်ပါး၏ဓါတ်ပုံကိုဖူးမြင်ပူဇေါ်ကြရဖူးပါသည်။ထိုအချိန်ခါကကျေးဇူးတော် ရှင်တောင်ပုလုဆရာတော်ဘုရားကြီးကမြန်မာပြည်အနှံ ့လှည့်လည်တရားခြီးမြှင့်တော်မူကာ ထင်ရှားကျော်ကြားနေသောအချိန်လည်းဖြစ်ပါသည်။အချို ့ကဆရာတော်ကြီး၏ပုံတော်ဟူ၍ ယူဆကြပါသည်။အချို ့ကလည်းမြန်မာပြည်တောတွင်းတစ်နေရာတွင်သီတင်းသုံးနေတော်မူ သောဂျူံးဂျူံကျဆရာတော်ဘုရားဟူ၍ထင်မှတ်ကြပြန်ပါသည်။ပုံတော်နှင့်ပါတ်သက်၍ကွဲပြား သောအဖြေမထွက်ပေါ်ခဲ့ပါ။မိုးပျံဆရာတော်ကြီးဟူ၍သာ၊ထိုစဉ်အခါကမိမိကိုယ်တိုင်လည်း စိတ်မှာကြည်ညိုပူဇေါ်ခဲ့ရပါသည်။ဓါတ်ပုံတွင်ဖူးမြင်ရသောပုံတော်မှာသက်တော်ရွယ်တော်က အတန်ကြီးမြင့်တော်မူနေပါသည်။ဘေးတစ်စေါင်းမှဖူးမြင်ရသောပုံတော်ဖြစ်ပါသည်။ပုံတော် အရလက်တော်များအရိုးပြိုင်းပြိုင်းနှင့်အိုမင်းသောအမူအရာရှိပါသည်။ မိမိမှာထိုစဉ်အခါကမန္တလေးမြို ့၊ဗေါဓိကုန်းရပ်၊မဟာဗေါဓိဝိပဿနာယောဂီကမ္မဋ္ဌာန်းတိုက် တွင်အလုပ်လုပ်ရင်းနေထိုင်သောကာလဖြစ်ပါသည်။ကမ္မဋ္ဌာန်းတိုက်ကြီး၏ဝေယျာဝစ္စလုပ်ငန်း များကိုလုပ်ကိုင်ရင်းအားလပ်ချိန်တွင်ကမ္မဋ္ဌာန်းတိုက်ကြီးမှညွှန်ပြသောတရားနည်းစနစ်ဖြင့် တရားဘာဝနာများပွားများနေသောအချိန်လည်းဖြစ်ပါသည်။၁၃၄၂-ခုနှစ်၊တပို ့တွဲလတွင်၊ကမ္မ ဋ္ဌာန်းတိုက်၏ဝေယျာဝစ္စလုပ်ငန်းများအနည်းငယ်အားလပ်သောအချိန်အခါဖြစ်သောကြောင့်၊ အုပ်ချုပ်သူတို ့အားခွင့်ပန်ကာတရားအဓိဋ္ဌာန်ဖြင့်(၁)လအားထုတ်ရန်ရည်သန်လျက်တရားဝင် နေပါသည်။ထိုအချိန်ကာလတွင်မိုးပျံဆရာတော်ကြီး၏ပုံတော်ကိုဖူးမြင်ကြည်ညိုခွင့်ရခဲ့ပါသည်။ မိမိတရားဝင်ရက်(၅)ရက်မျှသောတစ်နေ ့တွင်မိမိတို ့အားအုပ်ချုပ်သောသီလရှင်ဆရာကြီး ဒေါ်စိတြာကရောက်လာ၍၊မိမိအားမိုးပျံဆရာတော်ကြီး၏ပုံတော်ကိုပေးပါသည်။ပုံတော်ကိုပေး ရင်းပြောခဲ့သည်မှာ၊ `ဒီ-ဆရာတော်ကြီးကမိုးပျံဆရာတော်ကြီး၊ထူးခြားတယ်။မင်း တရားအားထုတ်နေတဲ့အချိန် မှာ ဒီဆရာတော်ကြီးပုံတော်ကိုပူဇေါ်ထားပြီးတော့ဆုတောင်း၊အရှင်ဘုရားသိမြင်တော်မူတဲ့ သစ္စာလေးပါးတရားတော်ကိုရှင်းရှင်းလင်းလင်းသိမြင်ပါရစေ-လို ့ပဲဆုတောင်းပါ။တောင်တောင် အီအီတွေလျှောက်ပြီးတော့ဝေဖန်မနေနဲ ့။´-ဟူ၍ဖြစ်ပါသည်။ မိမိသည် ထိုစဉ်အခါကလူငယ်ဘဝဖြစ်ရာ၊အရာရာကိုလွန်စွာဝေဖန်ဆန်းစစ်တတ်သော အလေ့အထပြင်းထန်နေသောအချိန်ဖြစ်သည်။ထို ့ကြောင့်လည်းမိမိအကြောင်းကိုသိထား သောသီလရှင်ဆရာကြီးကသတိပေးစကားပြောခဲ့ခြင်းဖြစ်ပါသည်။သီလရှင်ဆရာကြီးကလာပို ့ သောကြောင့်သာလက်ခံ၍ခေတ္တမျှစူးစူးစိုက်စိုက်ကြည့်ရှုကြည်ညိုလိုက်ပါသည်။တိမ်သားများ သဖွယ်ရေးရေးငွေ ့ငွေ ့များကြားမှပုံတော်ကိုသာမန်မျှသာသဘောထားမိပါသည်။လေးလေး နက်နက်ခံစားမှုမရှိလှပါ။မိမိအားထုတ်နေသောကမ္မဋ္ဌာန်းကျောင်းအမှတ်(၃၂)(သဲတော ကျောင်း)၏ဘုရားစင်ပေါ်သို ့ပူဇေါ်တင်ထားလိုက်ပါသည်။ထို ့နောက်သီလရှင်ဆရာကြီးမှာ […]


VisesaAugust 7, 20102min1492
၁။တန်ခူးလ(Dagu/dagu:/) –                            ဝ၅းဝဝ နာရီ(05:00AM) “德股月”(缅历第一月) 上午–五点 ၂။ကဆုန်လ(Kahson/kahsoun/)-                      ဝ၄း၅ဝ နာရီ(04:50AM) “格松月”(缅历第二月) 上午–四点五十分 ၃။နယုန်လ(Nayon/najoun/)-                           ဝ၄း၄ဝ နာရီ(04:40AM) “纳容月”(缅历第三月) 上午–四点四十分 ၄။ဝါဆိုလ(Wazo/wazou/)        – ဝ၄း၃ဝ နာရီ(04:30AM) “瓦梭月”(缅历第四月) 上午–四点半 ၅။ဝါခေါင်လ(Wagaung/wagaun/)-                    ဝ၄း၄ဝ နာရီ(04:40AM) “瓦康月”(缅历第五月) 上午–四点四十分 ၆။တော်သလင်းလ(Tawthalin/todhalin:/)-           ဝ၄း၅ဝ နာရီ(04:50AM) “多德灵月”(缅历第六月) 上午–四点五十分 ၇။သီတင်းကျွတ်လ(Thadingyut/dhadin:gju¢/)-     ဝ၅းဝဝ နာရီ(05:00AM) “德丁聚月”(缅历第七月) 上午–五点 ၈။တန်ဆောင်မုန်းလ(Dazaunmon/dazaunmoun:/)-       ဝ၅း၁ဝ နာရီ(05:10AM) “德桑梦月”(缅历第八月) 上午–五点十分 ၉။နတ်တော်လ(Nadaw/nado/)-                                […]


sofiadimpleAugust 7, 20101min880
အန္တရာယ်နံပါတ်-၂ ကတော့ ဟိုဖက်ကမ်းမှာကပ်သွားခြင်းပါပဲ။ သူ့ဆိုလိုရင်းကတော့ အပြင်အာရုံ(၆)မျိုးနဲ့ သာယာမိန်းမောနေမယ်ဆိုရင်လည်း ဒီလူဟာချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့တူတဲ့ သမုဒ္ဒရာထဲကိုမရောက်နိုင်တော့တဲ့ သစ်တုံးကြီးလိုပါပဲ သံသရာဝဲဂယက်ထဲမှာ လည်ပြီးစုန်းစုန်းမြှပ်ရပါလိမ့်မယ် လို့ဆိုလိုတာပါပဲ။ အင်းတကယ်တန်း စဉ်းစားကြည့်ရင်ဒီ အန ္တ ရာယ်ကလည်းရှောင်နိုင်ဖို့တော့ သိပ်မလွယ်လှဘူးပဲ။ ဘာလို့လဲ မနက်မိုးလေးလင်းလို့မျက်လုံးလေးဖွင့်လိုက်ကတည်းက အပြင်အာရုံတွေကတန်းဝင်လာတာနော်။ ကောင်းတာလေးမြင် ရင်လောဘကတန်းဖြစ်ပြီ ။ လိုချင်လာတာနော်။ မကောင်းတဲ့အမြင်အာရုံကိုမြင်ရပြန်တော့ ဟောဒေါသတွေဖြစ်ရတယ်။ ဒါကမျက်လုံးလေးမှာဖြစ်နေတာ။ အဲလိုပဲ နားမှာလည်းသာယာတဲ့အ သံလေးများကြားလို့ကတော့ နားလေးများစွင့်လို့ လောဘတွေဖြစ်ပြန်ပြီ။ အသံဆိုးကြီးများကြားလို့ကတော့ တခါဒေါသတွေဖြစ်ရပြန်ရော။ ဒါကလည်းနားမှာ ဖြစ်နေတဲ့လောဘတွေ ဒေါသတွေနော်။ တစ်ခါ နှာခေါင်းကလည်းအအားများနေသလားမေးကြည့်ဦး ။ ကောင်းတဲ့ ရေမွှေးနံ့လေးများရရင် အားပါးမွှေးလိုက်တာနော်လို့ လောဘကတန်းဖြစ်သွားပြီ။ ဟောမကောင်း တဲ့ပုပ်စော်အနံ့တွေရလိုက်တာနဲ့ လူကမဲ့ရှုံ့ပြီး ဟင်းစိတ်ပျက်ပါတယ်…ဆိုပြီး ဒေါသတွေဖြစ်နေပြန်ရော ။ ဟောနှာခေါင်းမှာကလည်း ဒီဒေါသနဲ့လောဘပဲ လှည့်ဖြစ်နေပါပေါ့လား။ […]


VisesaAugust 7, 20101min1020
တစ်ရက်-တစ်ရာ၊နှိုင်းယှဉ်ပါ။ ရုပ်နာမ်ဖြစ်ပျက်၊မမြင်လျက်၊အသက်တစ်ရာရှည်၊ ရှည်ပါသော်ကား၊ကျိုးမများ၊ဘုရားဟောမိန် ့သည်။ ရုပ်နာမ်ဖြစ်ပျက်၊ရှုမြင်လျက်၊အသက်တစ်ရက်တည်၊ တည်ပါသော်ကား၊အကျိုးများ၊ဘုရားဟောမိန် ့သည်။ Compare in a day and hundred years long live in hundred years, but no seeing impermanent of the body; Buddha said that nothing of benefit although its alive. just alive in a day, but  seeing impermanent of the body;d Buddha said that having a lot of benefit although […]


Good IdeaAugust 6, 20101min1442
ဟိုလွန်ခဲ့တဲ့ရက်ပိုင်းက ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတယ်ဗျ ဘာတဲ့စတီဖင်ဟော့ကင်းဆိုတဲ့ သိပ္ပံပညာရှင်က သက်ရှိသတ္တဝါဆိုတာကို ကမာ္ဘမှာအပြင် အခြားဂြိုလ်တွေမှာလဲရှိတယ်ဆိုပီး ဖော်ထုတ်လိုက်တယ်ဆိုပဲ အဲ့ကိစ္စကလဲ တော်တော်လေးရေပန်းစားပီး လူတိုင်းပါးစပ်ဖျားမှာ တစ်အံ့တစ်ဩော ပြောရလောက်အောင်ဖြစ်သွားတာကိုတွေ.ရတယ်ဗျ ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်မို.ပဲလားမသိဘူး သိပ်ပီးတော့မအံ့ဩမိဘူး ။ ဘာလို.လဲဆိုတော့ ငယ်ငယ်ထဲက အိမ်ကအမေကြီးတို. ပီးတော့ အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းလေးတို.က မေတ္တာပို. အမျှဝေရင်ကြားဘူးနေကျလေ ။စင်္ကြာဝဠာတိုက်တစ်သောင်းမှာ ရှိကြကုန်သော သက်ရှိသတ္တဝါအားလုံးအား အမျှပေးဝေပါကုန်၏ဆိုပီး ကြားဘူးတယ်လေ ပီးတော့ ဘုရားဟောထဲမှာလဲရှိတာပဲ အနန ္တ စင်္ကြာဝဠာ အနန ္တ သတ္တဝါဆိုပီးလဲ ပါတယ်လေ အဲ့တော့ လူဆိုတာ ဒီကမာ္ဘတစ်ခုထဲမှာတင်မဟုတ်ပဲ အခြားအခြားသော နေရာများမှာလဲရှိတယ်လို. ဘုရားကဟောထားတယ်လို. ကျွန်တော်ကတော့ယူဆတယ်ဗျ ။ အဲ့တော့ ခုဆိုရင် အခြားကမာ္ဘ ဆိုတာ ရှိတယ်ဆိုတာကို လူတွေက ခုမှတစ်အံ့တစ်ဩဖြစ်နေ […]


Good IdeaAugust 6, 20101min2515
ကျွန်တော်တို. မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော ကိုးကွယ်သော နိုင်ငံဖြစ်သလို ။ လူတိုင်းကလဲ ဘာသာရေးကို ယုံကြည်စွာနဲ. ဘာသာရေးကို သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဟိုရက်က ရွှေတိဂုံ ဘုရားပေါ်ကို ရောက်သွားတော့ စိတ်ထဲမှာ ထင့်စရာလေး တစ်ခုကိုတွေလိုက်ရတယ်ဗျ။ ဘာလဲဆိုတော့ ဘုရားမှာ သစ်သီးဆွမ်းကပ်ထားတာ ပါ။ သစ်သီးဆွမ်းကပ်တာကတော့ အပြစ်ပြောစရာမရှိပေမယ့် ဘုရားကိုကပ်ထားတဲ့ သစ်သီးတွေကို အခွံမခွာပဲ အလုံးလိုက်ကပ်ထားတာကတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ. မဖြစ်သင့်ဘူးဗျ ။ ဘာလို.လဲဆိုတော့ ဘုရားရှင်ကဟောကြားတော်မူထား တဲ့ ထဲမှာ ဘုရားသားတော်ရဟန်းတွေနှင့် ဘုရားရှင်ကို သစ်သီး ဆွမ်းကပ်ရင် အသီးကို အလုံးလိုက်ကပ်ခွင့်မရှိပါဘူး ဘာလို.လဲဆိုတော့ သစ်သီးထဲမှာပါတဲ့ အစေ့က နောက်အတွက် အပင်ဖြစ်လာမှာမို.ပါပဲ။ ဒါမို. ရဟန်းတွေဟာ သစ်သီးကိုဘုန်းပေးချင်တယ်ဆိုရင် ခွဲထားသော သစ်သီးတွေကိုပဲ […]