Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mr WorldWideSeptember 16, 20131min3838
အမေရိကန်ပြည်ထောင်စု၏ အာကာသအစီအစဉ်ဖြစ်သည့်  အစောပိုင်းကာလများက ထွက်ပေါ်လာခဲ့ဖူးသည့် အာကာသရေခဲမုန့်၏ ပုံသည် အမေရိကန်လူငယ်လူရွယ်လေးများ၏ စိတ်အာရုံကို ဖမ်းစားခဲ့ဖူးပါသည်။ ယခုအခါ နာဆာနှင့် အခြားသောသုတေသီများသည် အာကာသအတွင်း စိုက်ပျိုးနိုင်မည့် ဟင်းသီးဟင်းရွက်ပင်တစ်မျိုးကို သုတေသနပြု စမ်းသပ်စိုက်ပျိုးလျက်ရှိကြသည်။ ၎င်းအပင်၏ အမြစ်ငယ်လေးများသည် မြေကြီးနှင့် ထိတွေ့ခြင်း လုံးဝမရှိဘဲ ရှင်သန်ကြီးထွားလာမည်ဖြစ်ပြီး အပင်၏အရသာမှာလည်း ရေခဲမုန့်ခြောက် အတုံးလေးများထက် ပိုမိုအရသာကောင်းမွန်မည်ဖြစ်ကြောင်း သိရှိရပါသည်။ နာဆာသည် စားသောက်၍ရသော ဟင်းသီးဟင်းရွက်ပင်များကို အာကာသအတွင်း စိုက်ပျိုးနိုင်စေရန် ကြိုးစားခဲ့ရာ၌ ဆလတ်ရွက်စိုက်ပျိုးသည့် ရိုမေးနီးယားတောင်သူများကိုပါ နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် အင်္ဂါဂြိုဟ်ကဲ့သို့ ပတ်ဝန်းကျင်များ၌ ပဲပိစပ်နှင့် စပါးမျိုးများကို စိုက်ပျိုးနိုင်ရန်အတွက် နှစ်ရှည်အစီအမံများချမှတ်၍ သုတေသနလုပ်ဆောင်လျက် ရှိပါသည်။ ထိုကဲ့သို့ အာကာသအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုကြောင့် အာကာသယာဉ်မှူးများနှင့်အတူ သယ်ဆောင်သွားရမည့် လိုအပ်သောရိက္ခာများ၏ […]


မြစပဲရိုးSeptember 13, 20134min81618
အပြာဖျော့အစက် သည် ကမာ္ဘမှ အဝေးဆုံး စံချိန်တင် မိုင် သန်းပေါင်း ၃,၇၀ဝ (ကီလိုမီတာ သန်းပေါင်း ၆,၀၀၀) ခန့် အကွာအဝေး မှ ဗွိုင်ယေဂျာ အမှတ်(၁) အာကာသယာဉ် ၁၉၉ဝ ခုနှစ် တွင် ရိုက်ကူးခဲ့သော နေစကြာဝဠာ၏ မိသားစုဓာတ်ပုံများ ပုံတွဲထဲမှ ကမာ္ဘဂြိုဟ်ဓာတ်ပုံ ၏ အမည် ဖြစ်ပါသည်။ ဤဓာတ်ပုံ တွင် မြေကမာ္ဘကို အာကာသ ဟင်းလင်းပြင်ကြီးထဲမှ အစက်ကလေး တစ်စက် အဖြစ်သာ တွေ့မြင်ရပါသည်။ နက္ခတ္တဗေဒ ပညာရှင် ကားလ်ဆေဂန် (Carl Sagan) ၏ မေတ္တာရပ်ခံချက် အရ အဓိက ရည်မှန်းချက် ပြီးဆုံး၍   နေစကြာဝဠာမှ ထွက်ခွာလျက်ရှိသည့် ဗွိုင်ယေဂျာအမှတ် (၁) အာကာသယာဉ် ကို ကင်မရာ […]


Ko out of...September 8, 20131min4819
– ဓမ္မဝိဟာရီဆရာတော်တရားကို မနာကြားရခင် တချိန်တုံးက…… ကျွန်တော်နာလည်းမိသော လောကသုံးပါးကဒီလိုပါ… ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက…စသည့်ဖြင့်…..ဖြစ်ပျက်သမျှအရာတွေကို ဒုက္ခသစ္စာလို့မှတ်ခဲ့ပါတယ်… အဲဒီလောကက သုံးပါးကိုလည်း လောကဇာတ်ခုံပမာလို့လည်း နားလည်ခဲ့မိပါတယ်……..ကျွန်တော်တို့ဟာ အဲဒီလောကဇာတ်ခုံပေါ်မှာ မွေး၊အို၊နာ၊သေ..ရီလိုက်…ငိုလိုက်….လွမ်းလိုက်…ဆွေးလိုက် စသည်ဖြင့် အမျိုးမျိုးကပြရသည့် ဇာတ်ကောင်ပမာ အဖြင့်နားလည်မိခဲ့ပါတယ်…အဲဒီလိုနားလည်းခဲ့မိလို့လည်း လောကသုံးပါးကနေ မထွက်နိုင်ခဲ့ပါဘူး…. အခုတော့….ဆရာတော်၏ ကျေးဇူးကြောင့်….ကျွန်တော်ဒီလိုမျိုး နားလည်သဘောပေါက်မိတယ်…သမုတိနဲ့ ပရမတ်သဘောတွေနဲ့…တည်ဆောက်ထားသည့်… ဩကာသလောက…သတ္တလောကတွေဟာ…သဘာဝတရားတွေဘဲ…ဒီသဘာဝ တရားကနေထွက်ဖို့မလိုပါဘူး…ထွက်လို့လည်းမရပါဘူး…ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့က ဒီသမုတိ…ဒီပရမတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားလို့ဘဲ…သမုတိဆိုတဲ့ သမုတ်မှန်ဟာလည်းသူ့နေရာနဲ့သူ..သူတန်ဖိုးနဲ့သူရှိရမည့်အရာပါ…ပရမတ်လည်း လောကမှာ ရှိရှိသမျှ အရာတွေဟာ. ဓါတ်ကြီးလေးပါးဖြစ်တဲ့…ပထဝီ၊အာပေါ၊ဝါယော၊တေဇော စသည့်ဓါတ်တွေနဲ့ ကင်းလို့မရပါ..သဘာဝတရားတွေဟာ လိုအပ်လို့သူနေရာနဲ့သူ အစီစဉ်တကျ..ဟန်ချက်ညီညီ ဇီဝစက်အဖြစ်လည်ပတ် နေခြင်းဟာ မရှိမဖြစ် သူ့သဘာဝတရားအရ…. မွေး၊အို၊နာ၊သေ …ဥပါဒ်၊ဋိ၊ဘင် ဖြစ်တည်ပျက်ဆိုသည့် သူ့အလုပ်ကိုတော့ ….သူလုပ်နေရမှာ ဖြစ်ပါတယ်…. ဒါဖြင့်ရင် ဘုရားဟောသည့်လောက သုံးပါးဆိုတာ ဘယ်ဟာကိုယူရမလဲ?… ဓမ္မဝိဟာရီဆရာတော်ကတော့ […]


ムラカミAugust 28, 20134min227433
  မနက် ၅နာရီ သူမ အိပ်ယာထတယ်..   မနက် ၆နာရီ သူမဈေးသွားတယ်.. အပါတ်တိုင်း သူမ အုံးစားရတဲ့ကိစ္စက ဒီတပါတ် ကလေးတွေကို ဘာကျွေးမလဲ ဆိုတဲ့ တော့ပစ် ဖြစ်သပေါ့လေ။ မနက် ရနာရီ ဒီအချိန်ဆို သူမ ဘုရားကျောင်းမှာ စပြီး ချက်ပြုတ်နေရောပေါ့.. တခါမှ မစားဖူးပေမယ့် သူမ ဟင်းချက်တာ အလွန်ကောင်းတယ် ကြားဖူးရဲ့… တခါက ဟင်းစပ်ပေးတာတော့ ရေထဲက ကို မတက်ဘူးဗျာ.. ငါးရယ် ဂဏန်းရယ် ပုစွန်ရယ် နဲ့ တာလပေါ ရယ် က ခနခနကြားရနေရဲ့ မနက် ၈နာရီ သူမ ဆိုင်ကယ် တစီးနဲ့ဖြစ်စေ အသိတယောက်ယောက်ရဲ့ ကားနဲ့ ဖြစ်စေ ကလေးတွေလှည့်ပတ်ကြိုတယ်လေ.. မိုးများလို့ ကလေးတွေ […]


CourageAugust 23, 20131min60814
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


Zaw ThantAugust 20, 20131min140148
(၁) သဒ္ဓါနဲ့ပညာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရာမှာ သဒ္ဓါ နဲ့ ပညာ အားကောင်းမျှတဖို့လိုတယ်လို့ ဆုံးမတာကြားဖူးပါတယ်.. သဒ္ဓါဆိုတာက ယုံကြည်တာ၊ ပညာဆိုတာက ဘာသာတရားရဲ့အဆုံးအမတွေ တရားဓမ္မတွေကို နားလည်သဘောပေါက်တာ၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်တတ်တာ ဖြစ်ပါတယ်.. သဒ္ဓါသက်သက်ပဲ ရှိပြီး ပညာဉာဏ်မပါဘူးဆိုရင် အနှစ်မပါတဲ့ကိုးကွယ်မှု၊ မျက်ကန်းယုံကြည်တာမျိုး၊ ကြောက်လို့ ကိုးကွယ်တာမျိုးဖြစ်ပါတယ်.. ဟိုးရှေးတုန်းက မီးကို ကိုးကွယ်ကြ၊ မြေကြီးကို ကိုးကွယ်ကြ တာနဲ့ သဘောခြင်းအတူတူပါပဲ.. ဗုဒ္ဓဘာသာမှာတော့ ဒီလို စဉ်းစားမှုမဲ့ ကိုးကွယ်တာမျိုးထက် ပညာဉာဏ်နဲ့ ယှဉ်တဲ့ ယုံကြည်မှုမျိုးမှသာ အဓိပါယ်ရှိပါတယ်.. ကိုယ်နိုင်ငံမှာ ဆုတောင်းပြည့် ဘုရားတွေ အများသားနဲ့ တိုင်းပြည်က ဆင်းရဲနေတာ၊ ကားဝယ်ရင် ဘုရားကို ဦးတိုက်၊ နတ်ပြတာတွေ လုပ်၊ ဘုရားပုံတွေလည်းကပ်ကြပါရဲ့ကားတိုက်မှုနှုန်းတွေက သူများနိုင်ငံ ထက်များနေတာ တွေက သဒ္ဓါစိတ်နဲ့ […]


Ko out of...August 16, 20131min3673
– လူတွေမတိုးတက်တာ ကိုယ့်အမှာကိုသူပြောတာမခံနိုင်လို့…သူ့အမှားကို ကိုယ်ပြောတာမခံနိုင်ကြလို့ဘဲဖြစ်တယ်… – မာနဆိုတာကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ထင်တာ…ကိုယ်လုပ်တာကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ ထောက်ခံတာဘဲ… – ကိုယ်ပိုင်ဉာဏ်…ကိုယ်ပိုင်အသိဖြစ်ဖို့ဆိုတာ ကိုယ်ဟာကိုယ် ဝိဘဇ်ဇလုပ်မှရတယ်….ကိုယ့်ကိုယ်ကို အားကိုးဖို့ဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြစ်မှ အားကိုးမှု အစစ်အမှန်ဖြစ်မှာ… – ဘာမှ မဟုတ်တာတွေရဲ့ အစုတွေဟာ တခုနဲ့ တခု အသာစီးရအောင် လုံးပမ်းနေကြတယ်…. ကမ္ဘာမှာ ငါတို့ဘဲဟုတ်တယ်ဆိုတဲ့ အဖြစ်ရောက်ရမယ်ပေ့ါ…အဲဒါနဲ့လူတွေသေကြေတိုက်ခိုက်ကြတဲ့ အထိဖြစ်ကြတယ်…ဒါတွေရူးသွတ်ကြသူတွေရဲ့ တိုက်ပွဲတွေဘဲဖြစ်တယ်…


Mr WorldWideAugust 15, 20131min4784
သင်သည် အလွန်ဝေးကွာသောနေရာ ၊သို့မဟုတ် ဖုန်းအားသွင်းရန် အလွန်ခက်ခဲသောနေရာများသို့ ရောက်ရှိနေပါက သင်၏စမတ်ဖုန်းကို စိတ်အနှောင့်အယှက်ကင်းရှင်းစွာဖြင့် Astro3 Portable Battery Pack ဖြင့် ပြန်လည်အားဖြည့်သွင်းနိုင်တော့မည်ဖြစ်ပါသည်။ Astro3  သည် သင်တို့၏ စမတ်ဖုန်းများကို လုံလောက်သော အားဖြည့်သွင်းပေးနိုင်မှု ၆ ကြိမ် ၊သို့မဟုတ် ရ ကြိမ်အထိ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်း Astro3 Portable Battery Pack  သည် USB ၃ ပေါက်ပါရှိပြီး တစ်ပေါက်စီတိုင်း၌ သင်တို့၏ Device များနှင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်ကာ လုံလောက်သော အားပြန်လည်ဖြည့်သွင်းခြင်းကို လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါသည်။ Astro3 Portable Battery Pack သည် အလျား ၄.၄ လက်မ၊ အနံ ၃.၃ […]


alinsettAugust 14, 20131min4585
အင်တာနက် သုံးရင်း.. ဗဟုသုတ ရစရာ.. ဘာမျာ းရှိနေသလဲ..လို ့  တွေးရင်း..ဟို ဟို ဒီဒီ  လျှောက် ကြည့်ရင်းးးး အခု တင်ပြမယ့်  အကြောင်းအရာလေးကိ်ု.. တွေ့လိုက်တော့…… တော်တော်များများ.. ဖတ်ဖူးမှာ သေချာပေမယ့်… ပြန်ဖတ်မိလည်း..အကျိုး.. မယုတ်လောက်တဲ ့ စာမျိုးမို ့…ကူးယူဖော်ပြလိုက်ပါတယ်ဗျ ။ (((တင်ပြထားသူဆီမှ….. Share   ခွင့် တောင်းလာခဲ့ပါကြောင်းးးးး  )))   လေးစားစွာဖြင့်…. အလင်းဆက် ———————————————————     စားခြင်း(၄)မျိုး ၁။ ဒါနနှင့်စားခြင်း ၂။ သီလနှင့်စားခြင်း ၃။ သမထနှင့်စားခြင်း ၄။ ဝိပဿနာနှင့်စားခြင်း နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။ =========================================== ၁။ ဒါနနှင့်စားခြင်း ။ […]


ဘာသာရေး ကိုင်းရှိုင်းသူတွေဟာ ဘာသာမဲ့များထက် ညဏ်ရည် ပိုမိုနိမ့်ကျတယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်သော သိပ္ပံနည်းကျ ဆန်းစစ်ချက် ၆၃ခုအား ကိုးကား၍ စာတမ်းတစောင်က ဆိုသည်။ မိုင်ရွန်ဖက်ကာမင်န် ဦးဆောင်သော ရော့ချက်စတာ တက္ကသိုလ် သုတေသနအဖွဲ့မှ “အသိညဏ်ထက်မြက်မှုနဲ့ ဘာသာတရား ယုံကြည်သက်ဝင်မှု အနှုတ်လက္ခဏာဆောင် ပြောင်းပြန်အချိုးကျကြောင်း” စစ်တမ်း၆၃ခုအနက် ၅၃ခုတွင် တွေ့ရသည်။ ညဏ်ကောင်းသူများသည် အိုးမင်းရင့်ရော်သည့်တိုင် ယုံကြည်သက်ဝင်ရန် ခဲယဉ်းလှပြီး ၎င်းတို့ ဘာသာတရား ဝေးကွာရသည့် အကြောင်းအရင်းမှာ အရင်ထင်ထားသလောက် ရှင်းလင်းဖြောင့်စင်းမှု မရှိကြောင်း သုတေသီများ တွေ့ရှိသည်။   ယခင်လေ့လာချက်များတွင် ညဏ်ရည်မြင့်မားသူများသည် ပိုသိပိုတတ်သူများ ဖြစ်သောကြောင့်ဟု ရိုးရှင်းစွာ ယူဆသော်လည်း အကြောင်းဇစ်မြစ်မှာ ပိုရှုပ်ထွေးဖွယ်ရှိသည်။ ညဏ်ကောင်းသူသည် အိမ်ထောင်ရှင် ဖြစ်တတ်ကာ ဘဝတွင် အောင်မြင်မှု ပိုရလေ့ရှိသဖြင့် ဘာသာတရား […]


Mr WorldWideAugust 14, 20131min4452
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့သည် လေကြောင်းလိုင်းရှုပ်ထွေးမှုများကို အလွယ်ကူဆုံးဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ရပ်အား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းနည်းလမ်းမှာ လေယာဉ်များကို ပြန်လည်ပြုပြင် တီထွင်သွားရန်ပင်ဖြစ်ပါသည်။ လွန်ခဲ့သောငါးနှစ်ခန့်က သုတေသနအဖွဲ့သည် ပြေးလမ်းတိုတိုဖြင့် ပျံတက်၊ဆင်းသက်နိုင်ပြီး မြန်နှုန်း ပိုမိုမြင့်မားကာ ခရီးသည်ဦးရေ ၁၀ဝ အထိ တင်ဆောင်နိုင်မည့် Cestol ခရီးသည်တင်လေယာဉ်ကြီးကို ဒီဇိုင်းဆွဲ တီထွင်စမ်းသပ်ခဲ့ကြသည်။ ထိုလေယာဉ်ကြီးသည် ပေ ၃၀၀ဝ အရှည်သာရှိသည့် လေယာဉ်ပြေးလမ်းမှ လေထဲသို့ မတ်စောက်စွာ ထောင့်ချိုးပျံတက်နိုင်သလို လေထဲမှနေ၍လည်း ထိုလေယာဉ်ပြေးလမ်းသို့ မတ်စောက်စွာ ထောင့်ချိုးဆင်းသက်နိုင်ပါသည်။ အဆိုပါလေယာဉ်ကြီးသည် အရှိန်အနည်းငယ်ကို အသုံးပြုရုံဖြင့် လေပင့်အား  (Lift force) မြင့်မားစွာပင့်တင်ပေးနိုင်သည့် Circulation-Control Wing များကို အသုံးပြုကာ ဒီဇိုင်းရေးဆွဲ တီထွင်ထားကြောင်းနှင့် ယခုဆိုလျင်မိမိတို့အနေဖြင့် လေယာဉ်ကွင်းများရှိ လေယာဉ်ပြေးလမ်း အလျားများကို […]


Mr WorldWideAugust 13, 20131min3825
နှုတ်ခွန်းဆက်သလိုက်ပါ၏ သူကြီးနှင့်တကွ ရွာသူရွာသားများခင်ဗျာ။ ယခုအချိန်ကစပြီး ဘာသာပြန်သတင်းလေးများ ပြန်လည်ခံစားနိုင်ရန်စတင်လိုက်ပီ ဖြစ်ပါကြောင်း… အနာဂတ်ကာလတွင် ပင်လယ်သမုဒ္ဒရာထဲရှိ လျပ်စစ်စွမ်းအင်ထုတ် လေရဟတ်ကြီးများအတွက် အလုပ်ခေါ်စာများသည် အလုပ်သမားများအဖို့ အလွန်မျက်စိကျဖွယ်ရာခေါင်းစဉ်များ ဖြစ်လာပေဦးမည်။ ဘယ်လ်ဂျီယမ်ကုမ္ပဏီတစ်ခု၏ အဆိုအရ အလုပ်သမားများအတွက် အလွန်ခေတ်ဆန်၍ နေချင့်စဖွယ်နေရာများ တွဲဖက်ပါဝင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော လေရဟတ်ကြီးများသည် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး ( European Wind Energy Association ) ၏ အစီရင်ခံစာ၌ အဆိုပါ လေရဟတ်များမှာ ၂၀၃ဝ ခုနှစ်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုလေရဟတ်ကြီးများတွင်နေထိုင်မည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများနှင့် ပညာရှင်များသည် တာဘိုင်များပေါ်၌ တွဲဖက်တည်ဆောက်ထားသောနေရာများ၌ နေထိုင်ရမည်ဖြစ်ကာ အတိုင်းအဆမရှိ […]


who whoAugust 9, 20131min3251
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]