ဇီဇီMay 9, 20181min7797
A house is made of walls and beams. A home is built with loves and dreams.   ဘာရယ်မဟုတ်။ ဒီမနက်မှ ဒီပို့(စ) လေး ၂ ပုဒ် ဖတ်လိုက်ရတော့ ဒီထဲ မှတ်တမ်းတင်ထားချင်တယ်လေ။ ကိုယ် အားကျပေမဲ့ လိုက်မလုပ်နိုင်တဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်မျိုးလေးမို့  စိတ်ထဲ ထိတယ်။ ဆရာနေမျိုးဆေး မှာ သူ့ အတွေးအခေါ်နဲ့လိုက်လျောညီထွေတဲ့ ပါရမီဖြည့်ဖက်၊ ပတ်ဝန်းကျင်နဲ့ ဘဝ ရှိနေတယ်။ ဘဝ အကျိုးပေးကောင်းတယ်ခေါ်ရမလားပဲ။ ဘာကိုမှ မငဲ့ပဲ ပြောရရင် ကိုယ်နေချင်တဲ့ ဘဝနေထိုင်ဖြတ်သန်းမှု မျိုးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ https://www.facebook.com/naymyo.say.5/posts/1274925249198413 ကျနော်တို့ အိမ်ဆောက်မယ်လို့ စိတ်ကူးထားတာ လွန်ခဲ့တဲ့ […]


Mon LayMarch 7, 20181min3720
ခုတလော..ည(၈)နာရီ (၉)နာရီဆို YBS ကားတွေမရှိတော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ မွန်လေးဟိုတလောက သူငယ်ချင်းတစ် ယောက်နဲ့ ဒင်နာသွားစားတာ ရန်ကင်းနားတစ်ဝိုက်ပါပဲ။ အပြန်ကျတော့ မိုးကလည်းချုပ်နေတော့ ၁မှတ်တိုင်ကိုလမ်းမလျှောက်ချင် တော့တာနဲ့YBS ပဲစီးတော့မယ်ဆိုပြီးစောင့်တာစောင့်တာ နာရီဝက်ကျော်တဲ့ထိ မြို ့ထဲကအပြန်ကားတွေပဲလာတော့တယ်။ မြို ့ထဲပြန်သွားမယ့်ကား တစ်စီးမှကိုမလာတော့တာ။ မိုးကလည်းတဖြည်းဖြည်းချုပ်လာတော့ ထပ်မစောင့်နိုင်တော့ပဲ လမ်းကကြုံရာ တက္ကစီစီးပြန်ခဲ့ရတယ်။ အဲလို YBS တွေညဘက်မဆွဲတော့လို့ တရားမဝင်ပြေးဆွဲနေတဲ့ ကြားကားတွေပေါ်လာတာ ကောင်းတယ်ပဲဆိုရမလားပဲ။ အဲ့ကြားကားတွေကိုလည်း မဖမ်းဆီးဘူးဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးက ပြောတာကို သတင်းမှာဖတ်လိုက်ရပါတယ်။ YBS ကားတွေ ညဘက်မှာမပြေးဆွဲလို့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ညဘက် ကြားကားများကို မဖမ်းဆီးခြင်းဖြစ် ကြောင်းကို မတ်လ ၆ ရက်က အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရဲမှူးသန်းမြင့်က […]


Mon LayAugust 25, 20171min2602
ကျွန်မ ကလေးဆန်..တဲ့ အတွေးတွေ..ရှိချင်ရှိနေမိမယ်☺☺ ကျွန်မ ကလိမ်ကကျစ်..ဆန်တဲ့ ယုတ်မာတဲ့..အတွေးမျိုးတော့ မရှိဘူး😣😣 ကျွန်မ စပ်စုတတ်တဲ့ စကားမျိုးတော့..ဆိုချင်ဆို မေးချင်မေး…နေမိမယ်😉😉 ကျွန်မ လှည့်ဖျားတတ်တဲ့ မာယာများတဲ့…စကားမျိုးတော့ မဆိုတတ်ဘူး😃😃 ကျွန်မ သံသယကြီး…တတ်တဲ့ စိတ်ထားမျိုးတော့ ရှိချင်ရှိ…နေမိမယ်😒😒 ကျွန်မ သစ္စာမဲ့တဲ့ လုပ်ရပ်မျိုး…တော့ မလုပ်နေ..တတ်ဘူး😄😄 ကျွန်မ စိတ်ကောက်နေ..မိတတ်တဲ့ အချိန်အခါမျိုးတော့..ရှိချင်ရှိမယ်😌😌 ကျွန်မ မရိုးသားတဲ့ စိတ်သဘောထား..မျိုးတော့ မပိုင်ဆိုင်..ထားဘူး😀😀 ကျွန်မ မျက်ရည်ကျ..တတ်တဲ့ အချိန်အခါ…မျိုးတော့ ရှိနေတတ်..တယ်😔😔 ကျွန်မ ကလဲ့စားချေတဲ့ အပြုအမူမျိုး…တော့ မလုပ်ဆောင်…တတ်ဘူး😊😊 Credit ဒီစာလေးကိုဖတ်ကြည့်တော့မှ.. ကိုယ်နဲ့တိုက်ဆိုင်မှုတွေရှိပါလားလို့တွေးမိတယ်..ကိုယ့်အပေါ်မကောင်းမြင်တာရှိမယ် အကောင်းမြင်တာရှိတယ် ကိုယ့်ဘက်ကစေတနာသန့်သန့်နဲ့ လိပ်ပြာသန့်နေရင် နေရမှာကော သေရမှာပါအေးဆေးပဲ ဘယ်သူမှဂရုစိုက်စရာမလိုဘူး ငါသာသည် ငါ့ရဲ့အရှင်ပဲ


Mon LayAugust 21, 20171min5566
တကယ်တမ်းကျတော့လေ..လူတစ်ယောက်ကိုဘယ်လောက်ချစ်ချစ်..ကိုယ့်ကိုချစ်တဲ့သူကကိုယ့်အလုပ်ကိုလည်းနားလည်ပေးနိုင်မှ.. သည်းခံပေးနိုင်မှရေရှည်လက်တွဲလို့ဖြစ်မှာလေနော်..ဥပမာ မွန်လေးဆို၁နှစ်ကိုခရီးက၄ ၅  ခုလောက်မသွားရရင်မနေနိုင်တာ… အဲလိုတွေအနေဝေးတာကိုသည်းခံနိုင်ပေးရမယ်.. မိတ်ဆွေအပေါင်းအသင်းယောကျာ်းလေးတွေနဲ့အလုပ်ကိစ္စနဲ့တွေ့ရင်လည်းနားလည်ပေးရနိုင်မယ်.. အဲလိုမျိုးတွေသည်းမခံပေးနိုင်ရင်တော့.. ၂ယောက်ထဲက၁ယောက်ကအလုပ်က်ုစွန့်လွှတ်ရင်လွှတ်၊မလွှတ်ရင်ကိုယ်ချစ်ရတဲ့သူကိုစွန့်လွှတ်ရမှာပဲလေနော်


Mon LayAugust 9, 20171min3104
မြန်မာပြည်မှစီးပွားရေးလုပ်ငန်းအများစုသည် နိုင်ငံတကာမှ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းရှင်၏ နာမည်ကို ပိုမိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒါကတော့ ဘယ်သူပိုင်တဲ့ဘဏ်၊ ဘယ်သူပိုင်တဲ့ လေကြောင်းလိုင်း၊ ဘယ်သူပိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းနာမည်ထက် လုပ်ငန်းရှင်၏နာမည်ကို အဓိကထားကာ အလုပ်လုပ်ကိုင်ကြသည်။ နိုင်ငံတကာတွင် အောင် မြင်နေသော လုပ်ငန်းများကိုကြည့်လျှင် Citibank ပိုင်ရှင်၏ နာမည်ကို စဉ်းစား၍မရ၊ Microsoft ကို Bill Gates ထူထောင်ခဲ့သည် မှန် သော်လည်း လက်ရှိအုပ်ချုပ်နေသူမှာ နာမည်သိပ်မကြီးသည့် အိနိ္ဒယမှ အမှုဆောင်အရာရှိချုပ်တစ်ဦး၊ နိုင်ငံတကာလေကြောင်းလိုင်းများသည် မည်သူပိုင်သည်ထက် ဝန်ဆောင်မှုနှင့် အန္တရာယ်ကင်းမှုကို မူတည်ပြီး သူ့ခရီးသည်နှင့်သူ ရှိကြသည်။ ထိုကုမ္ပဏီအများစုသည် ပိုင်ရှင်မည်သူဆိုသည်ထက် လုပ်ငန်းအမှတ်တံဆိပ်များကို ပိုမိုအလေးထားကြသည်။ လုပ်ငန်းအမှတ်တံဆိပ်ပေါ်မူတည်ပြီး ထိုလုပ်ငန်းများ၏ တန်ဖိုးကို သတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံးတွင် […]


Mon LayMarch 25, 20171min2992
ဟိုတစ်နေ့ကမြို ့ထဲကနေမြေနီကုန်းဘက်ကိုYBS နဲ ့သွားခဲ့ပါတယ်။ နေကလည်းပူတော့ အဲကွန်းကားကောင်းကောင်းသန့်သန့် လေးပဲစီးမယ်ဆိုပြီးစောင့်စီးတာ YBS 37တစ်စီး မွန်လေးဆီကိုရောက်ချလာရော။ သူကအနောက်ကတက်လို့မရဘူး။ အရှေ့ကပဲ တက်လို့ရအောင် အရှေ့တံခါးပဲဖွင့်ပေးပါတယ်။ စပယ်ယာလည်းမပါပါဘူး.. တက်တာနဲ ့ပိုက်ဆံထည့်ဖို့ပုံးချပေးထားပါတယ်။ အဲဒါနဲ့မွန်လေးလည်း လက်ထဲမှာအသင့်ကိုင်ထားတဲ့ပိုက်ဆံအကြွေ ၂၀ဝ တန်ကို ထည့်လိုက်ပါတယ်။ကိုယ့်နောက်ကလူတွေအဲလိုထည့်သွားကြပါတယ်။ ကားပေါ်ရောက်တာနဲ ့အေးခနဲဖြစ်သွားပြီး နိုင်ငံခြားမှာစီးခဲ့ရတဲ့ဘတ်စ်ကားတွေလိုမျိုး ခံစားလိုက်ရပါတယ်။ အဲဒါနဲ့ဆင်းမယ့်မှတ်တိုင်မရောက်ရင် ၁မှတ်တိုင်အလိုမှာ ဆင်းရမယ့်အနောက်ပေါက်မှာ သွားရပ်လိုက်ပါတယ်။ အဲ့မှာစာကပ်ထားတာတွေ့ပါတယ်။ ” ဆင်းမယ့်မှတ်တိုင်မရောက်ခင် ကြိုပြီးဘဲလ်တီးပါ” တဲ့။ဝါး…. အိုးလားလား။ဘဲလ်ကိုရှာကြည့်တော့လည်း ဘေးနားလေးမှာတွေ့နေရော။  မွန်လေးစီးဖူးတဲ့YBS ထဲမှာဒီလောက်နိုင်ငံခြားအဆင့်မှီတာ မတွေ့ဖူးသေးတာ။ ဒါပထမဦးဆုံးစီးခြင်းပါ။ တကယ့်ကို နိုင်ငံခြားမှာစီးဖူးခဲ့တဲ့ခံစားချက်မျိုးကိုပြန်ခံစားရတော့..ကိုယ့်နိုင်ငံကိုဒီတစ်ခါတော့ချီးကျူးလိုက်ပါတယ်။အထိုက်အသင့်တော့ပြောင်းလဲနေပြီပေါ့နော်။ ဒါနဲ့ကိုယ်လည်း ဘဲလ်တီးလိုက်ပြီးခဏနေတော့ မှတ်တိုင်ရောက်တော့ ဆင်းသွားလိုက်ပါတယ်။ တကယ့်ကို Amazing ပါ။


သီ ဟ ထြန္းMarch 6, 20171min5405
၁၀၀၀ဝတန်တစ်ရွက်ဟာ ဘယ်လောက်ပဲဟောင်းနွမ်း စုတ်ပြတ်သပ်နေပါစေ ၁၀၀၀ဝ တန်က ၁၀၀၀ဝ တန်ပါဘဲ တန်ဖိုးမပြောင်းပါဘူး သင်ဟာဘယ်လောက်တန်ဖိုးရှိလဲ သိချင်ရင် အလုပ်တစ်ခုဝင်လုပ်လိုက်ပါ လောလောဆဲ သင်ဟာတောက်တိုမရဖြစ်ချင်ဖြစ်နေလိမ့်မယ် အားမလျော့ပါနဲ့ သင့်ရဲ့အရည်အချင်းက သင်နဲ့ သင့်လျောတဲ့နေရာကိုပို့ပေးပါလိမ့်မယ် တကယ်တော့ဘဝဆိုတာ Game တစ်ခုပါ level တစ်ခုတက်လေ စိတ်ဝင်စားဖို့ကောင်းလေ အခက်အခဲများလေ အဲ့ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်လေ ကိုယ်ကိုကိုယ် ယုံကြည်မှုရှိလေ ကျွန်တော်တို့ဆော့နေတဲ့ game တွေက သူများဖန်တီးထားတာ ဒါတောင်ဆော့လို့ကောင်းသေးတာ ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ game ကို ကိုယ်တိုင်ကိုယ်ကျ ဆော့ရမှာဆိုတော့ ကဲ့ စဉ်းစားကြည့် ဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းမလဲ ခန္ဓာကိုယ် နိဂုံးမချုပ်မချင်း game over မဖြစ်ဘူး


alinsettFebruary 15, 20173min6479
ပေါ်တင်ပဲဟေ့ ဆိုတာ မဲဆွယ်မလို့ :k:   မဲ မဆွယ်ခင် ဝတ္ထုတိုလေးတစ်ပုဒ် အရင် ဖတ်ပေးပါခင်ဗျ   ———————————————-       “တောက်… မီး ဖို မရလို့ ချမ်းရတဲ့အထဲ ဒီကျောက်ခဲကြီးကလည်း အေးစက်စက်နဲ့… သွားကွာ… ” ထိုသူက သူ့နံဘေး မြေပြင်မှ ကျောက်ခဲကြီးကို ဆွဲယူ လွှင့်ပစ်ရန် ပြင်လိုက်သည်။ “ဟာ … မလုပ်နဲ့လေ” အဖော်ဖြစ်သူက တား၏။ ပြန်မေးလိုက်သည်။ “ဒီ ကျောက်ခဲ အေးအေးကြီးက မီးခတ်ကျောက် ဖြစ်မလာနိုင်ဘူးလို့ ခင်ဗျား ပြောမလား” တောချောက်သံများပင် ခေတ္တ ငြိမ်သက်သွားလေသည်။ (ဝတ္ထုတို အမည် – ခရီးသည်များ ဝတ္ထု ရေးသားဖန်တီးသူ – တာရာမင်းဝေ ၁၉၉၇၊ […]


Mon LayDecember 19, 20161min2990
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


alinsettOctober 27, 20161min4188
မရှက်တမ်း ဝန်ခံကြေးဆိုရင်. . . မနက် မိုးလင်းတာနဲ့ မသောက်ရရင် မနေနိုင်ဘူး ဖြစ်လာတာ။ မသောက်ရရင် ကတုန်ကယင်ကြီး။ အဟုတ်ပြောတာ။ (အခု ခေတ်စားနေတဲ့စကားနဲ့ ပြောရရင် အသားတွေတောင် တဆတ်ဆတ်တုန်တယ်တို့ ဘာတို့ပေါ့- *ဤကား စကားချပ်) သောက်လိုက်တော့မှ ရွှင်မြူးတက်ကြွလာတာ။ အဟုတ်ပါဆို။ မနက် မနက် ရုံးကို ပြေးရချိန်ဆို အိမ်ကနေ ကားထုတ်ပြီး ပါရမီလမ်းပေါ် ရောက်တယ်ဆိုရင်ကိုပဲ လမ်းတွေက ပိတ်။ တိုးဟယ် ကျော်ဟယ် ခွဟယ်နဲ့ သွားကြိုရမယ့် ကိုယ့်ရုံးကအရာရှိအိမ် (တာမွေဘက်ကို) ရောက်ချိန်နဲ့ -ကိုယ့်အိမ်က ထွက်ချိန်ကြားမှာ ဆိုင်တစ်ဆိုင်ဆိုင်ထဲ ဝင်ပြီး ထိုင်သောက်ဖို့ အချိန်မရဘူး။ အဲ့တော့ ဆိုင်ကနေ ဝယ်လာ။ ကားပေါ်ရောက်တော့မှ မီးပွိုင့်မိတုန်း—- (ကားပေါ်မှာ ခွက်မပါတော့) ဆိုင်ကနေ ဝယ်လာတာလေးကို […]


padonmarJune 6, 20161min4648
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။ တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။ အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။ ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။ ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။ မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ […]


padonmarMay 16, 20162min62512
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


padonmarMay 13, 20163min52811
ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။ တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။ အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။ ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။ ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။ သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။ မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ […]