ムラカミAugust 24, 20135min2056
နေရာယူခြင်း မြှုပ်နှံထည့်သွင်းကြော်ငြာခြင်း လို့တော့ ခေါ်မလားမသိဘူး ။ (မြန်မာလို ပြန်ထားတာ မရှိသေးဟုထင့်) Product placement, or embedded marketing, နဲ့ပါတ်သတ်လို့ European Union ရဲ့ အလိုတော်အတိုင်း ပြောရရင်တော့ “any form of audiovisual commercial communication consisting of the inclusion of or reference to a product, a service or the trade mark thereof so that it is featured within a programme”. အစီအစဉ်တခုမှာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု ကို […]


ムラカミAugust 21, 20132min2109
  Marketing effectiveness ကို ဒဲ့ ဘာသာပြန်ရင်တော့ မားကတ္တင်း လုပ်တာရဲ့ ထိရောက်မှု ပေါ့ဗျာ..။ အဲ့ဒါ တခါတခါ ပြောရခက်စ် သဗျ..။ ဘာကြောင့်တုန်းဆို မားကတ္တင်း ရဲ့ tricky အဖြစ်ဆုံး နေရာတွေထဲက တခုမို့ပါ…။ ကျနော် ပြောပြမယ်ဗျာ .. မြင်ယောင်ကြည့်။ ကြိုက်တဲ့ ဖလာရီ ကားကြော်ငြာ ဖွင့်လိုက် ..။ ဆက်စီ တောက်တောက်ယိုနေတဲ့ မော်ဒယ်ဘွိုင်းရယ်… အနီရဲရဲ အရောင်အသုံးရယ်.. အရှိန်ရယ်..လျှင်မြန်တာ ခေတ်မှီတာတွေရယ် နှုတ်ခမ်းနီမလေးရယ်.. (ယလဲ့ ..ဒါ ၁၉၈ဝပြည့်လွန်နှစ်တွေက ခေတ်စားတဲ့အဖွဲ့) အဲ့ … လက်တွေ့ အပြင်မှာ သွားကြည့် .. ဖလာရီ မောင်းနေတာ ထိပ်ပြောင်တွေ အများစု..။ ပြောချင်တာက ဂလို ..နုနယ်ပျိုမြစ်မှု […]


ကြီးကြီးကျယ်ကျယ် အသစ်အဆန်း ဘာထွက်မလဲ မျှော်နေသူ စမတ်ဖုံးရူးများအတွက် ဒီနှစ်ဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲလိုပြောတာ ဖုံးကောင်းကောင်းတွေ ထွက်မလာလို့ မဟုတ်ပါဘူး။ ပြောကြေးဆို အများကြီးပါ… HTC One၊ BlackBerry Z10၊ Samsung Galaxy S4နဲ့ Moto X တို့ရှိပါတယ်။ အဲဒီ ရှယ်ဖုံးတွေ ဝယ်မိသူတိုင်း နှစ်သက်ကြပါလိမ့်မယ်။ ပြောစရာရှိတာ အဲဒီဖုံးတွေကို ဘယ်လောက် အမွှမ်းတင်တင် ကြော်ငြာလုပ်လုပ် နည်းပညာ အလှည့်အပြောင်း ရယ်လို့ပြောဖို မရှိခြင်းပါ။ သူတို့အားလုံး ဒီပုတ်ထဲကဒီပဲ ဖြစ်လို့နေပါပြီ။ ၂၀၀ရခုနှစ်မှာ အက်ပဲလ်ကုမ္မဏီက အိုင်ဖုံးနဲ့ ခုန်ပျံကျော်လွှား အနိုင်ယူပြီး နောက်မှာတော့ သူ့ကို ပြိုင်ဖက်တွေ လိုက်မှီသွားကြတယ်။ အများစုအတွက် ဖုံးအားလုံးဟာ ပိန်မသာ လိန်မသာပါပဲ။ အက်ပလီကေးရှင်းတွေ သုံးလို့ရမယ်၊ […]


မန်းကဇက်ချစ်သူများ၏ အမှတ်တရစုစည်းမူ (၁) စာအုပ် လက်ထဲရောက်ရှိလို့လာပါပြီ။ စာအုပ်ရပြီဆိုတော့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ သင်ယူဖို့ ခံစားဖို့ တာဝန်ရှိလာပြန်သည်။ အပြာရောင်နောက်ခံ အဝါရောင်စာလုံးများဖြင့် သပ်သပ်ရပ်ရပ်စာအုပ်အသွင်အပြင်ရှိသည်။ စာအုပ်အဖုံတွင် ဖော်ပြချက် မှန်သမျှသည် စာအုပ်၏ မူလရည်ရွယ်ရင်းကို ကိုယ်စားပြုသည်ဟုလည်းခံစားမိပါသည်။ အပြာရောင် နောက်ခံ အဝါရောင် စာလုံး ဒေါင်းတံဆိပ် Member Only အစရှိသည်များသည် အဓိပါယ်မဲ့ မဟုတ်သည်ကသေချာသည်။ နောက်စာအုပ်၏ သမိုင်းမှတ်တမ်းကိုလည်းဒီလို သိခဲ့ရသည်။ ပထမအကြိမ် အုပ်ရေ-၅၀၀ ထုတ်ဝေသည့်ကာလ- ဇူလိုင်လ ၂၀၁၃ ခုနှစ် ဒါကလည်း ကဇက်စာပေ ပုံနှိပ်သမိုင်းပင်မဟုတ်ပါလား။ နောက်မာတိကာ။ ၁ မှ ၁၆ ထိတွေ့ရသည်။ ဒီထိတော့ဖတ်ရပြီ။ နောက်ပိုင်းသိချင်ရင်ဆက်ဖတ်ကြပါ


ムラカミJuly 11, 20138min26020
အတည်အကောင်း မရေးတာကြာပြီဆိုတော့လည်း ရေးလိုက်ပါဦးမယ်လေ..။ ကနဦး ပြောဖူးတဲ့ ဟာသလေးတပုဒ် အရင်ပြောပါမယ် (အမ်.. အတည်ရေးမယ်ဆို) ဟုတ်ကဲ့ ရေးတာလည်း ရေးတာပေါ့ .. ဒါလေးအာသာပြေရေးလိုက်ဦးမယ် အမေရိက ကအာကာသယာဉ်ပေါ်မှာ ဖြစ်ပါတယ်.. ဘောပင်တွေက မင်မထွက်ဘူးတဲ့..။ ဘယ်ထွက်မတုန်း ကမာ္ဘမြေဆွဲအားမရှိတော့ မင် က ဂလိုပဲ ပေပြီး နေနေတာကိုး ။ ဆိုတော့ ကမာ္ဘမြေဆွဲအားမလိုတဲ့ မင်ဖိအားပေးမှု စနစ် ပါတဲ့ ဘောပင်တီထွင်တာ ဒေါ်လာထောင်ချီ ပလုံပြီးနောက်ပိုင်း အောင်မြင်သွားပါတော့တယ်။ ဒီသတင်းကြားတော့ ဥရောပမြောက်ပိုင်းက အရက်သမား ရုရှ တွေက ရီပါတယ်။ သူရို့က ဘောပင်မင် မလိုက်တော့ ခဲတံ ပြောင်းသုံးပါတယ်တဲ့ ..။ ငိငိ (ဟာသသက်သက်ပါ) ဒါပေမယ့်တကယ် ပြောချင်တာက Lateral thinking နဲ့ […]


တခါတုန်းက ဟိုးမြန်မာပြည်၏အထက်ပိုင်း မြို့ကြီးနှစ်မြို့ကိုဆက်သွယ်ထားသော ဟိုင်းဝေး ခေါ် အဝေးပြေးလမ်းမကြီး ၏ အနီးတွင်ရွာကြီး တရွာရှိလေသည်။ အနှီးထိုရွာကြီးတွင် ဦးဝတုတ်ဆိုသူ ရွာသားကြီးတယောက်ရှိလေ၏။တဖန်အနှီးရွာသားကြီး ဦးဝတုတ်၌ မောင်ခင်လတ်ဆိုသော သားတစ်ဦးရှိလေသည်။ (ဤသိုဆိုရသော် မန်းကဇာတ်ထဲမှ မဟုတ်ကြောင်းထင်ရှားလေသည်။) ဆိုရသော်အနှီးဦးဝတုတ်သည် စိုက်ပျိုးရေးတွင်ဆိတ်ဝင်စား၍ (အရင်းပြုတ်၍) ဝါဿနာပါသောစားသောက်ဆိုင်ကိုရှိသမျှသောမြေယာများကို အရင်းပြု၍ အထက်တွင်ဆိုခဲ့သော အဝေးပြေးလမ်းမကြီးနှင့်မနီးမဝေးတွင်ဆိုင်ကို ဆောက်လုပ်လျက် မိမိတတ်ကျွမ်းသော အစားအစား(ရိုးရာအစားအစာ) များကိုမိမိကိုယ်တိုင်သာမက ရွာရှိ အလုပ်အကိုင်မရှိသောလူငယ် ကျား+မ များခေါ်ယူကာဖွင့်လှစ်ရောင်းချလေသည်။ ဆိုင် သို့လာရောက်စားသောက်သူများအလွယ်တကူလာရောက်စားသောက် နိုင်ရန် နှင့်မိမိဆိုင်ရောင်းကောင်းရန်မိမိတတ်သမျှ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသမျှဖြင့် အားထုတ်၏။ အဝေးပြေးကားလမ်း၏ခပ်လှမ်းလှမ်းအတွင်းပိုင်ဆိုတော့ ကားဆရာများမသိလိုက်ဘဲကျော်မသွားစေရန် အသွားအပြန်လမ်းဘေး ဆိုင်နှင့် တမိုင်သာသာလောက်ကပင် ဦးဝတုတ် ဆိုင်သို့ ဆိုသည့်လမ်းညွှန်ဆိုင်ဘုတ်ကို ထောင်၏။တဖန်နှစ်ဖာလုံခန့်ဆက်သွားလျှင်အလားတူ ဆိုင်ဘုတ်မျိုးကိုထပ်ထောင်၏။ ဤသို့နှင့်လမ်းညွှန်ဆိုင်းဘုတ်များသည် ဦးဝတုတ်၏ဆိုင်ဘက်သို့ကွေ့ဝင်သည်ထိ ထောင်ထားသောကြောင့် တွေ့မြင်ရသောကားဆရာများသတိပြုမိ၍ဆိုင်သစ်ကိုတော့ စမ်းစားကြည့်မယ် […]


no non negativeMay 7, 20131min35519
ဒီ ရွာသား တွေ ထဲမှာ Programmar/ SA ဘယ် နယောက် လောက် ရှိ ပါ သ လဲ? တ ကယ်လို များများ စားစား ရှိ ရင် အဲဒါ နဲ (Design Pattern) ပတ် သတ် ပြီး post တင်ချင် လို ပါ.   အလုပ် ရှာ နေ Programmar တွေရှီ ပါ သ လား? နောက် ပြီး ကျောင်းပြီး/သင်တန်းပီး  ကာစ တွေ ထဲ က နေ အလုပ် ရှာ နေ သူ တွေ ရှီ ပါ သ လား (မြန်မာ […]


ပတ်စဝေါ့ ကလည်းပျောက် ဒတ်စတော့ကလည်း ဖောက် ခပ်မျော့မျော့ ဘဝမှာ …… နောက်ဆုံးတိုင် သတိရနေလို့ နှုတ်ဆက် လိုက်ပါတယ် ….   အဟောင်း မဟုတ်ပေမဲ့ အကြောင်းချုပ်ရင် ….. ဒီသူတောင်းစုတ်ကလေးကို How? လို့ ကြိုဆိုနော် ကန်တော့ပွဲထိုးထားတယ် မမန့်လို့တော့ ဆန့်သွားမယ်မှတ် ဟင်း ….. ဟင်း :harr: :harr: :harr:


ムラカミMarch 7, 20136min2196
စီးပွားနယ်ပယ်ထဲမှာ သိပ်ကို Smart ဖြစ်တဲ့ လူတွေ ပေါများစွာရှိနေပေမယ့် ပြောင်မြောက်တဲ့ မာကတ္တာတော့ နည်းနေသေးတယ် လို့ ခံစားရပါတယ်။ အောက်ကအချက် ရချက်ကတော့ ပြောင်မြောက်တဲ့ မာကတ္တာတွေရှိထားသင့်တဲ့အချက် ရချက်ဖြစ်ပါတယ်။   1. စားသုံးသူရဲ့သဘောကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု ကျနော်ဟာ အမြရတစေ စားသုံးသူရဲ့ ပကတိအတွင်းသဘော ပါဝင်တဲ့ သတင်းအချက်အလက်များကို ရှာဖွေ လေ့ရှိပါတယ် Pepsi မှာတုန်းကပေါ့ ကျနော်တို့ဟာ စားသုံးသူအနေနဲ့ အများဆုံး သောက်သုံးလိမ့်မယ်လို့ မှန်းဆ တွက်ချက်ထားတဲ့ ပမာဏအတိုင်းဂိုထောင်ပြည့် အချိုရည်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်   သည်လို ထုတ်ပြီးတဲ့အခါမှာ ကမာ္ဘမှာ ပထမဦးဆုံးအနေနဲ့ ၂လီတာ ဝင်း ဗူးတွေ ကို မားကတ္တင်း အာရုံစူးစိုက်မှုနဲ့အတူ ဈေးကွက်ကို အရောက်ပို့ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ် […]


ムラカミMarch 5, 20135min49933
Status Quo ဒီစာလုံးကို ဘာသာပြန်ဖို့ လိုက်ရှာတော့ စကားပုံထဲမှာ သွားတွေ့လေရဲ့။ ဘာတဲ့ ပိုနေမြဲ ကျားနေမြဲ ဆိုတာ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ စာဖတ်သူများ သိထားကြတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ လုပ်နေလို့မရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါရဲ့။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ဖို့ မဖြစ်မနေ လိုအပ်လာကြပါတယ်။ ဒါဆို ကျနော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာကို တွေးမိရင်း Change အကြောင်းကို ရေးဖြစ်ပါတယ်။ တကယ်တော့ပြုပြင်ပြောင်းလဲရေး ဆိုတာ စီးပွားလုပ်ငန်း အဖွဲ့အစည်း တခုခုရဲ့ အရွယ်အစား ၊ စီးပွား နယ်ပယ် နဲ့ ခေတ် စနစ် စတာတွေကိုလိုက်လို့ အချိန်နဲ့ တပြေးညီ ကျင့်သုံးသင့်တဲ့အရာဖြစ်ပါတယ်။ ယနေ့ ကမာ္ဘဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ် ဆိုရင် […]


Wai Aung Chan MyoJanuary 24, 20131min3727
ပျိုးပင်များ ဈေးနှုန်းနှင့် ဝန်ဆောင်မှု   သစ်မွှေးမျိုးစေ့သည် နှစ်တစ်နှစ်၏ ဇွန်လပိုင်းတွင်သာ ရနိုင်သဖြင့် ပျိုးပင်ပေါက်များဝယ်ယူရာတွင် ကိုယ်ဝယ်ယူမည့် အချိန်ကာလပေါ် တွက်ချက်၍ ပျိုးပင်သက်တမ်းကို တွက်ချက်နိုင်သည်။ ပုံမှန်အားဖြင့် ပျိုးပင်သည် ၁နှစ်လျှင် ပျမ်းမျှ ၃ပေ ရှိသည်။ မျိုးတူသော်လည်း စိုက်ပျိုးပုံတူသော် သူ့ဗီဇပါလာသည့်ပေါ်မူတည်၍ ၁နှစ်သားပင်ဖြစ်သော်လည်း ၁ပေမှ ၅ပေခန့် အထိ အရွယ်မျိုးစုံဖြစ်နိုင်သည်။ ထို့ကြောင့် ပျိုးပင်ရောင်းသူများသည် အများအားဖြင့် ပေအလိုက် ပေါ်မူတည်၍ ရောင်းချကြ သည်။ တချို့မှာ ပျိုးအိတ်၏အမြင့်ပါထည့်တိုင်းသည်များကို ဂရုပြုပါ။ ကျနော်တို့ဆီမှပျိုးပင်များကို ပျိုးအိတ်မြေကြီးအပေါ်ပိုင်း မှစ၍သာ တိုင်းတာပါသည်။ တကယ်တမ်း အဓိက အပင်၏ကြံ့ခိုင်မှုမှာ အပင်အရပ်မြင့်ခြင်းသာမဟုတ်ဘဲ လုံးပါတ်တုတ်ခြင်းသည်လည်း အရေးပါသည်။ သို့သော် အသက်ကြီးပုများနှင့်တော့ မရောထွေးစေလိုပါ။ ထို့ကြောင့် ပျိုးပင်များ ဝယ်ယူရာတွင် အပင်မြင့်၍ […]


ムラカミJanuary 18, 20138min52819
မင်္ဂလာပါ ပိတ်သတ်ကြီးရေ …။ ဒီတခါ Branding ဘက်နည်းနည်း သွားချင်လို့ပါဗျာ…။ Theory တွေ Strategy တွေ မရေးချင်လို့ Brand တွေရဲ့ Physical image ဖြစ်တဲ့ Logo တွေ ၊ Packaging တွေမှာ သုံးတဲ့ အရောင်တွေက ပြောတဲ့ စကားတွေကို ဘာသာပြန်ချရေးရင်း ကိုယ်ထင်တာ ကိုယ် ပေါင်းစပ်ရေးသားလိုက်ပါတယ်ဗျို့…။     Brands တွေဟာ သူတို့ဟာ သန်မာသော စွန့်စားသော ပြင်းပြသော အသွင် ကိုဆောင်ချင်ရင် အနီရောင် ကို အသုံးပြုကြပါတယ်။   What it means: တကယ်တော့ အနီရောင်ဆိုတာ စွမ်းရည် နဲ့ ပြင်းပြမှု ကို အဓိပ္ပါယ် ဆောင်ပါတယ်။ […]


ムラカミJanuary 18, 20131min31723
မနေ့က တိုကီယို ရောက်တယ်…။ ဟိုစာအုပ်အနီလေး အသက်ဆက်ဖို့ရယ် အလုပ်ကိစ္စ ရယ် ဆိုပါတော့ … ။ ဘာရယ်မဟုတ် ၄-၅ရက်တော့ နေဖြစ်ဦးမပေါ့လေ…။ မနေ့က ရိုးရှင်းပြီး ထိရောက်တဲ့ မားကတ္တင်း တက္ကနီကွေး တခု မထင်မှတ်ဘဲ တွေ့ခဲ့တာလေး ဖောက်သည်ချချင်လို့ပါဗျာ…။ လွန်ခဲ့တဲ့ ၃ရက် က တိုကီယိုမှာ နှင်းတွေ ဖွေးဖွေးလှုပ်အောင် ကျခဲ့တယ်ဗျ…။ ပျမ်းမျှ ..တမိုက်ထု လောက်တောင် ရှိမလားပဲ ..။ အပူချိန် ရ ဒီဂရီ ကနေ အနှုတ်၁ လောက် ရှိတဲ့ကာလဆိုတော့ … ကျခဲ့တဲ့ နှင်းတွေက ရေခဲပုံတွေအနေနဲ့ နေရာတကာမှာ ခုထိ (နှင်းကျပြီး ၃ရက်မြောက်) ကျွင်းကျန်နေဆဲပေါ့ ..။ အဲ …လမ်းမတွေ မှာတော့ဖြင့် ကားတွေ […]