etoneAugust 31, 20101min23812
ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ “ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး” ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က “အခု မိုဘိုင်းဖုန်းတွေမှာ […]


introAugust 16, 20101min1322
LGကုမ္ပဏီက ၎င်းတို့သည် Googleထုတ် Operating Systemဖြစ်သော Androidကို အခြေခံထားသည့် Tabletကွန်ပျူတာသစ်တစ်မျိုး ထုတ်လုပ်သွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး ယခုနှစ် နောက်ဆုံး(၃)လပါတ်အတွင်း ယင်းTabletကွန်ပျူတာသစ် ဈေးကွက်ထဲ ရောက်ရှိလာမည်ဟု ပြောကြားထားသည်။ Open Sourceအဖြစ် ပေးထားသည့် Androidကို အဓိက Operating Systemအဖြစ် သုံးစွဲမည်ဟု LGက ပြောကြားထားသော်လည်း အခြားအသေးစိတ် အချက်အလက်များနှင့် ဈေးနှုန်းတို့ကို LGက ကြေညာခြင်း မရှိသေးပေ။ (LG UX10 Tablet Computer) LGသည် ယခုကွန်ပျူတာသစ်အား Tabletကွန်ပျူတာ လောကကို ကြီးစိုးထားသည့် Appleထုတ် iPadအား အဓိက ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ။ LGက ယင်းကွန်ပျူတာသစ်သည် နှစ်ကုန်ပိုင်းတွင် ကုမ္ပဏီမှ […]


kaiAugust 13, 201010min580
နောက်လဆို Verizonကန်ထရိုက်ကုန်မှာမို ့ဘယ်ဖုန်းဝယ်ရမလဲ လိုက်ကြည့်ရင်းတွေ့တာလေးတွေပါ။ ပလင်န်လည်း ဘယ်ဟာကောင်းသလဲမသိသေးပေမဲ့ လောလောဆယ်ရှိနေတဲ့ Verizon ကိုလည်း ကြည့်နေပါတယ်။ အဲဒီမှာ ဒရွိုက်ဖုံးတွေရှိတာကိုး။ Cell Phone Plan Comparison http://www.myrateplan.com/ လုပ်ချင်တာတွေတော့တော်တော်များပါတယ်။ ဖုံးနဲ့ဓါတ်ပုံ၊ ဗီဒီယိုရိုက်မယ်၊အသံဖမ်းမယ်၊ ဖြစ်နိုင်ရင် အင်တာနက်ကို လက်ပ်တော့နဲ့ ဖုန်းကိုမိုဒမ်အဖြစ်သုံးပြီးလည်း တက်ချင်ပါတယ်။ 4G ဇုံထဲမပါတာမို ့သိပ်မထူးဘူးလို့တော့ထင်ပါတယ်။4G ဇုံတွေကို အောက်က ဝက်ဘ်ဆိုက်မှာ စစ်ကြည့်တာပါ။ အမေရိကအတွက်ပဲဆိုပါတော့..။ http://shop.sprint.com/en/stores/popups/4G_coverage_popup.shtml http://coverage.sprint.com/IMPACT.jsp iPhone ကိုတော့ Androidနဲ့ယှဉ်ရင် မကြိုက်ပါခင်ဗျ။Apple  ရဲ့ iPhone ကိုအထိမ်းအကွပ်တွေနဲ့ မလွတ်လပ်ဖူးခံစားမိလို့ပါ။ အဲဒါနဲ့ iPhone iOS ကိုပယ်ပါတယ်။ ဖုံးတွေထဲ Android OS ကိုပဲကြည့်တာပါ။ Linux Base ဆိုတော့လေ..။ အဲဒီလိုနဲ့ […]


etoneAugust 12, 20101min1087
Please check your phone. There are 15 numbers of serial no. Nokia ကုမ္ပဏီဟာ တကမာ္ဘလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့ IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။ ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။ Phone serial no. x x x x x x ? […]


marnatJuly 26, 20101min510
ဒါကတော့ notepad မှာသူ.အလိုအလျှောက်စာရေးပေးမှာပါ။ Notepad အသစ်တစ်ခုဖွင့်လိုက်ပါ။ set wshshell = wscript.CreateObject(“wscript.shell”) wshshell.run “Notepad” wscript.sleep 2000 wshshell.AppActivate “Notepad” WshShell.SendKeys “Ma” WScript.Sleep 500 WshShell.SendKeys ” Yar” WScript.Sleep 500 WshShell.SendKeys ” I ” WScript.Sleep 500 WshShell.SendKeys “Love ” WScript.Sleep 500 WshShell.SendKeys “You” ပြီးရင် Mayar.vbs ဖြင့် Save မှတ်လိုက်ပါ။ Run ကြည်.လိုက်ပါ။ Notepad ပေါ်မှာMa Yar I Love You ဆိုပြီးသူဘာသာသူရေးပါလိမ့်မယ်။


marnatJuly 24, 20101min1246
ပထမဦးဆုံးNotepad အသစ်တစ်ခုကိုုဖွင့်ပါ။ အောက်ပါ code ကို copy ကူးလိုက်ပါ။ StrText=”Ma Yar I love you” Set Objvoice=Createobject(“SAPI.SpVoice”) ObjVoice.Speak StrText ပြီးရင် Ma.vbs ဖြင့် Save မှတ်လိုက်ပါ။ Run ကြည်.လိုက်ပါ။ “Ma Yar I love You” ဆိုပြီးအသံထွက်ခဲ့ပါမယ်။ ထက်ပြီးအသုံချချင်သူများ”Ma Yar I love You”နေရာမှာပြောင်းနိုင်ပါတယ်။


Yin Nyine NwayJuly 22, 20104min660
Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။ mgy.exe တွေ့ရတဲ့နေရာတွေကတော့ C: , C:Windows , C:Windowssystem32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။ သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders […]


ospreyJune 29, 20101min1322
စားရေးသူ ကိုယ်တိုင်ယနေ့ကြုံခဲ့တာပါ။ မနက် ၉းဝဝ နာရီ လောက် (သက်ဆိုင်ရာနယ်မြေအလိုက်) အရောက်သွားပြီး ဖောင်အရင်ယူဖိုံ့လိုပါတယ်း နောက်ကျရင် နောက်တနေ့ကူးသွားပါလိမ့်မယ် ။သွားယူရာတွင် ဓါတ်ပုံ ၃ ပုံ၊ မှတ်ပုံတင်မိတ္တူ ၂ စောင်၊ သန်းခေါင်စာရင်း မိတ္တူ ၁ စောင် နဲ့အတူ ၆ ကျပ်တန်တံဆိပ်ခေါင်း ကို တခါတည်းဝယ်သွားပါ ။ ဖောင်ဝယ်ပြီးရင် လိုတာတွေဖြည့်ပြီး အမြန် ထပ်ပါ ။ စာရင်းသွင်းပြီးတာနဲ့ ဘဏ်ကိုအမြန် ပြေးပါ ။ ကားမရှိရင် တက်စီ ဌားသွားပါ။(နို့မို့ရင် နောက်နေ့ကူးပါလိမ့်မယ်။) ဘဏ်မှာ ငွေ ၁၀၀ဝိ အပိုကုန်ပါလိမ့်မယ်။ ၅၀၀၀၀ဝိ သိန်း သွင်းပြီးတာနဲ့ ချက်ခြင်း ဖောင်ဝယ်တဲ့နေရာ ကို ပြေးပါ ။(ကားနဲ့ပြောတာနော်) အဒီမှာ လက်မှတ်ထိုးပြီးတာနဲ့ […]


wailynnooJune 8, 20106min1091
Smartphone လုပ်ငန်းကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် Apple နဲ့ Google ကြားကပြိုင်ဆိုင်မှုဟာ တဖြည်းဖြည်း ပြင်းထန်လာပါပြီ။ လွန်ခဲ့တဲ့လက Google က Android 2.2 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တနင်္လာ နေ့က Apple က iOS 4 ဆိုတဲ့ သူ့ရဲ့  latest mobile operation system ကို ပြုလုပ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ Apple ရဲ့ iOS 4 ကို June 21 မှာ customer တွေစတင်အသုံးပြုနိုင်တော့မှာပါ။ အဲဒီ OS မှာ အားလုံးစောင့်မျှော်နေတဲ့ multitasking feature ကိုရနိုင်ပါတော့မယ်။ အဲဒီ feature ကြောင့် ကျွန်တော်တို့ သီချင်းနားထောင်နေရင်း e-mail […]


wailynnooJune 5, 20101min700
သင့်မှာ iPhone နဲ့ပတ်သတ်ပြီး application လေးတစ်ရေးနိုင်မယ့် idea လေးတစ်ခုရှိရင် သင်ကိုယ်တိုင်ရေးစရာမလိုဘဲ ပိုက်ဆံရနိုင်မယ့်နည်းလမ်းလေးပါ။ သင့် idea ကို ဒီဆိုဒ် http://www.medlmobile.com/index.php?page=appincubator ကိုအကြောင်းကြားလိုက်ပါ။ အဲဒီ company ရဲ့ developer တွေက သင့် idea ကို application အဖြစ်သို့ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီအတွက် ပိုက်ဆံပေးစရာမလိုပါ။ ဒါပင်မယ့် iTunes App Store မှာတင်ရောင်းလို့အမြတ်အစွန်းရခဲရင်တော့ အဲဒီအထဲက 75% ကို ရေးခအဖြစ်ယူပါလိမ့်မယ် 25% ကိုသင်ရပါလိမ့်မယ်။ ဒီနေ့ဘဲ idea ထုတ်ပြီးပို့လိုက်ပါ။ Ref: www.readwriteweb.com


Kaung Myat HtutMay 31, 20101min1142
MyanmarING အဖွဲ့အနေဖြင့် ပြည်တွင်းမှ အသုံးမလို စွန့်ပစ်ထားသော ကွန်ပျူတာပစ္စည်းများအား လိုအပ်နေသူများအတွက် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြောင်းလဲပေးသွားနိုင်ရန်အတွက် ယခု အစီအစဉ်အား စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အချို့သော အိမ်များနှင့် ရုံးများတွင် စက်ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့ယွင်းသွား၍သော်လည်းကောင်း၊ မော်ဒယ်နိမ့်သွား၍သော်လည်းကောင်း အသုံးမပြုဘဲ စွန့်ပစ်ထားသည့် ကွန်ပျူတာပစ္စည်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ရံပုံငွေ တောင့်တင်းသော ကျောင်းများမှလွဲ၍ ကျောင်းအများစု၏ ကွန်ပျူတာခန်းများတွင် ရှေးအခါက လှူထားခဲ့သည့် Macintosh စက်ဟောင်းများမှလွဲ၍ အသုံးပြုရန်အဆင်ပြေသည့် ကွန်ပျူတာများ မရှိသလောက် ဖြစ်နေပြီး ရှိသည့် Macintosh ကွန်ပျူတာများမှာလည်း အများစု ချို့ယွင်းနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အသုံးမပြု ပိုနေသော ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာအစိတ်အပိုင်းများအား MyanmarING […]


Kaung Myat HtutMay 31, 20105min2602
MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် အိုင်တီပညာရပ်နှင့်ပတ်သက်၍ ဝါသနာကြီးသော လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ APNG မှအခြေပြုခဲ့ပြီး ပြည်တွင်းတွင် Myanmar Egress နှင့်လက်တွဲ ၍ IT ပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ ခံယူထားသည့် တာဝန် MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ […]


agkyawthantMay 30, 20103min621
Window XP Speed မြန်အောင်လုပ်နည်း (၁) ကျွန်တော်တို့ မိမိတို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာကို တစ်နေ့ထပ်တစ်နေ့ နှေးနှေးလာတယ်လို့ ခံစားရပါတယ်။ တကယ်တော့ စက်ဆိုတာလဲ လူလိုပါဘဲ ။ ခရီးဝေးသွားမယ်ဆိုရင် ပစ္စည်းတွေကို သယ်တဲ့နေရာမှာ အဓိကနဲ့ သာမည ခွဲခြားပြီ သယ်ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ အကုန်သယ်မယ်ဆိုရင်တော့ လေးတိလေးကန်နဲ့ ပတီကောင်းလို့ အီပဲ့အီပဲ့နဲ့ သွားနေရမှာပေါ့ ဒါကြောင့် အဲဒီလို့ အီပဲ့အီပဲ့ မသွားရအောင် အပြေးသမားလို့ ပြေးနိုင်အောင် ကျွန်တော် Window XP ကို ဘာတွေတွေ ဖြုတ် ဘာတွေတော့ တပ်စသည့်တို့ကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ် ။ ကျွန်တော်မှာ အချိန်ရှိသလောက် စုံအောင်ရေးပေးပါမည်။ ကျွန်တော်ပုုံတော့ မရိုက်တော့ပါဘူး။ နားမလည်လို့ မရှင်းရင် ကျွန်တော်ကို ဆက်သွယ်လိုက်ပါ။ နည်းလမ်း(၁) […]