panpanJuly 22, 20111min84118
စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ဦး(အမည်မမှတ်မိပါ)ပြောသွားတာလေး သတိရလို့ ပြောချင်တာတွေ အမှန်အတိုင်းပြောပါတော့မယ် (မရိုက်ကြပါနဲ့နော် 😀 ) ဂျပန်ကလေးတစ်ယောက်က အင်္ဂလိပ်တစ်ယောက်ကို ပါးရိုက်လိုက်လို့ တရားရုံးမှာဖြေရှင်းရပါသတဲ့ တရားရုံးမှာ အကြောင်းအရင်းမေးတော့ ကလေးကဘာပြန်ပြောလဲ….“ကျွန်တော့ကိုကြည့်ပြီး ဟောဒီအင်္ဂလိပ်ကြီးက မင်းရုပ်က ငါတို့အင်္ဂလိပ်လူမျိုးနဲ့ တူတယ်ကွ လို့ပြောပါတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဒါကျွန်တော့်မိဘတွေကို စော်ကားတာပဲဆိုပြီး ပါးရိုက်ခဲ့တာပါတဲ့”။ အဲလို နားထောင်လိုက်ရပါတယ်…။ စာရေးဆရာကလည်းထပ်ပြောပါတယ်..။ ကျွန်တော်တို့မှာရော…အဲလိုမဟုတ်ဘူးတဲ့။ အဲဒီမှာ ကျွန်မထပ်တွေးမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကလူတွေဟာ(လူတိုင်းနီးပါးဖြစ်ကုန်ကြပြီ) တော်တော်ကို မျိုးချစ်စိတ်နည်းပါးကြတာပဲ ဟိုနိုင်ငံကြည့်ဟိုနိုင်ငံကိုအားကျ အတုခိုး၊ ဒီနိုင်ငံကိုကြည့်ဒီနိုင်ငံကိုသဘောကျ။ ကောင်းတာတွေအတုခိုးပါလား၊ စည်းကမ်းရှိတာတွေ အားကျပါလား ခုတော့ ဘယ့်နှယ်…လောလောဆယ် ခေတ်အထဆုံးဖြစ်နေတဲ့ ကိုရီးယားအားကျတယ်။ ဇာတ်ကားတွေကြည့်ပြီးတော့။ မင်းသားလေးကချောလိုက်တာဟဲ့။ မင်းသမီးလေးဆံပင်ပုံကလှလိုက်တာ၊ ဒီတိုင်းငါလည်း လိုက်ညှပ်ဦးမယ်။ ဇာတ်ကားတစ်ကားပြီးသွားရင် မင်းသားမင်းသမီး ဖက်ရှင်တွေကျန်နေခဲ့တယ်။ ဆိုင်တွေမှာလည်း အဲဒီဖက်ရှင်ပစ္စည်းတွေ ရောက်ကုန်တယ်၊ […]


Yan ShinJuly 22, 20111min4087
တစ်ညနေ ကျွန်တော်တို့ အလုပ်သိမ်းပြီး ရေးချိုးနေတုန်း ညစာထမင်းမစားခင် ရက်သောက်ခြင်လို့ ကျော်ထွေးကို ရွာထိပ်က(တာပေါ်က) အရက်ဆိုင်မှာ အရက်သွားဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ ရေချိုးပြီး တစ်ချို့ ကောင်တွေက အမြည်းတွေဘာတွေပြင်ပြီး ငါးတွေဘာတွေ ကျော်ပြီး တစ်ချိုု့မသောက်မဲ့ကောင်တွေက ထမင်းတွေဘာတွေတောင်ခူးခပ်စားနေကြပါပြီ။ ဟ ကျော်ထွေးလည်းမလာသေးပါလား ကြာလှချည့်လားဟ ပြောနေတုန်းပါပဲ မောင်ကျော်ထွေးအရက်ဝယ်က ပြန်လာပါပြီ ဟကောင်ကျော်ထွေး တာပေါ်အရက်သွားဝယ်တာကြာလှချည့်လားကွာ အာ ဦးဌေးကလည်း မကြာပါဘူး ဘာမကြာရမှာလည်း မင်းမစောင့်နိုင်လို့ တစ်ချို့တောင် ထမင်းစားပြီးသွားကြပြီ မင်းကွာ ဒီနေရာနဲ့ဒီနေရာ ဒီလောက်ကြာရလား အဲလိုကြာမှာဆိုးလို့ စက်ဘီးယူသွားခိုင်းတာတောင် ဦးဌေး…. အဲဒီစက်ဘီးကြောင့်ပိုကြာတာပေါ့ ဟေ… ဘာဆိုင်လဲကွ စက်ဘီးနဲ့ဆို ပိုမြန်ရမှာပေါ့ အဲဒီစက်ဘီးက ဟိုလဲဒီလဲနဲ့ ဟဘာလို့လဲရမှာလည်းကွ ကျွန်တော်မှ မစီးတတ်တာ ဟေ………………….. မင်းမစီးတတ်ပဲ ဘာလို့ယူသွားတာလဲ ဟင်.. ဦးဌေးပဲ […]


မောင် ပေJuly 21, 20111min3789
အောက်ဖော်ပြ ပါ ဇါတ်လမ်းတွင် ပါသူ တို ့၏ အမည် နာမ များ မှာ မည်သည့် ဂေဇက်ဝင် တို ့၏ နာမည် ကို မှ ယူသုံးထားခြင်း မဟုတ်ပါကြောင်း ။ မည်သည့် ဂေဇက်ဝင် ကို မှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါကြောင်း တင်ကြို အကြောင်းကြား အပ်ပါသည် ။ အညှီအဟောက် မပါအောင် တတ်နိုင်သမျှ ကြိုးစားထားပါသည် ။ ( အချို  ့ဂေဇက်ဝင်များ က ကျွန်တော့် ကို အညှီအဟောက် ရေးသားသူ တစ်ဦးဟု ထင်နေပါသဖြင့် ) လိင်ကိစ္စ နိုးဆွသော စာတစ်ပုဒ် မဟုတ်ကြောင်းကို လည်း အာမခံ ပါသည် ။ […]


naywoon niJuly 21, 20111min3192
ကိုလင်းသူက အရက်တစ်ခွက်ကို ဆွဲယူပြီးနေဝန်းနီ ကိုပေးတယ်…။ သူကလည်းတစ်ခွက်ဆွဲယူပြီး ရေနဲနဲ ထပ်ထည့်လိုက်ပြီး တစ်ငုံ သောက်လိုက်တယ်..။ အရက်ကို ချက်ချင်း မြိုချသောက်လိုက်တာတော့ မဟုတ်ပါဘူး..။ ပါးစပ်ထဲမှာ ငုံထားပြီး မှ ဖြေးဖြေးချင်း မြိုချလိုက်တာပါ….။ ပြီးတော့ အခန်းအပြင်ဘက်ထွက်သွားတယ်..။ ခဏနေတော့ စာအုပ်တစ်ထပ် ကိုင်ပြီး ပြန်ဝင်လာတယ်…။ နေဝန်းနီကို ပေးတယ်…။ ပြီးတော့မှ…. “ ငါတို့ မြန်မာ ကဗျာမှာ ရာသီဖွဲ့ ကဗျာဆိုတာရှိတယ်..။ နောက် ပန်းကိုဖွဲ့တယ်..။ တော တောင် ရေေမြေဖွဲ့တယ်..။ နောက် မယ်ဖွဲ့ မောင်ဖွဲ့ ဘုန်းတော်ဖွဲ့ဆိုတာတွေ ရှိခဲ့တယ်..။ နောက်ခေတ်ပေါ်ကဗျာမှာ အနုပညာဟာ ပြည်သူအတွက် ဖြစ်ရမယ်လို့ ခံယူပြီး ပြည်သူတွေရဲ့ ခံစားချက်တွေကို အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း တစ်ပြေးညီ […]


နွယ်ပင်July 21, 20111min65252
ဒိပိုစ့်ကို သူငယ်ချင်းတစ်ယောက်က သူ့တွေ့ကြုံလာတဲ့ အင်တာနက်ဆိုင်အကြောင်းပြောပြလာလို့ ရေးဖြစ်တာပါ အခုတစ်လော အင်တာနက်ဆိုင်တွေက ဟိုနေရာ ဒီနေရာမှာ မှိုလိုပေါက်လာကြတာ တော်တော်လေးကိုများတယ် ။ ဒါပေမယ့် လိုင်းကောင်းတဲ့ ဆိုင်ကတော့ သိပ်မရှိလှဘူးပဲ အဲတော့ လိုင်းကောင်းတဲ့ ဆိုင်ကို သွားပြီး သုံးကြတဲ့ သူတွေအများကြီးပါ ။ ဒီလိုပဲ သူငယ်ချင်းကလဲ အနီးအနားမှာ အင်တာနက်ဆိုင် ရှိတာတောင် မသုံးပဲ သူသုံးနေကျ ဘားလမ်းထဲ က အင်တာနက်ဆိုင်ထဲမှာ အမြဲလို သွားသုံးဖြစ်ပါတယ် ။သူ့အမျိုးသားကလဲ သဘောင်္သားဆိုတော့ မြို့တစ်မြို့ကို ကမ်းကပ်ပြီဆို သူ့မှာ အင်တာနက်ဆိုင်ကိုပြေးပြီး ဖုန်းခေါ်ရတာလဲ အမောပေါ့ အရင်တုန်းက Pfingo ကို ဝယ်ပြီး အလုပ်မှာ ခေါ်ဖြစ်ပင်မယ့် အခုနောက်ပိုင်း Pfingo က ဝယ်ဖို့ အဆင်မပြေတော့ ဘားလမ်းထဲက […]


မောင် ပေJuly 21, 20111min48512
အောက်ဖော်ပြ ပါ ဇါတ်လမ်းတွင် ပါသူ တို ့၏ အမည် နာမ များ မှာ မည်သည့် ဂေဇက်ဝင် တို ့၏ နာမည် ကို မှ ယူသုံးထားခြင်း မဟုတ်ပါကြောင်း ။ မည်သည့် ဂေဇက်ဝင် ကို မှ ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါကြောင်း တင်ကြို အကြောင်းကြား အပ်ပါသည် ။ အညှီအဟောက် မပါအောင် တတ်နိုင်သမျှ ကြိုးစားထားပါသည် ။ ( အချို  ့ဂေဇက်ဝင်များ က ကျွန်တော့် ကို အညှီအဟောက် ရေးသားသူ တစ်ဦးဟု ထင်နေပါသဖြင့် ) လိင်ကိစ္စ နိုးဆွသော စာတစ်ပုဒ် မဟုတ်ကြောင်းကို လည်း အာမခံ ပါသည် ။ […]


fattyJuly 21, 20111min57815
ပြီခဲတဲ့တစ်လလုံး … ကျနော်ကိုယ် ငွေ့ငွေ့လေးဖျာနေတာ ၃ ပါတ်လောက်ရှိနေပါပြီ။ အဖျားတာရှည်ခြင်းသည်မကောင်းသော လက္ခဏာမို့ ပြနေကြဆရာဝန်ကြီးဆီ ပြန်ပြရပါတော့တယ်။ အထူးကု နာမည်ကြီးဆရာဝန်ကြီးတစ်ဦးပါ။ ရန်ကုန်မှာဆိုရင် Top စာရင်းဝင်ဆရာကြီးတစ်ဥိးပါ။ ဘာကြောင့်ကျနော် အဲဒီလိုကောက်ချက်ချရသလဲ ဆိုရင် … ဘွဲ့တွေ အများကြီးပါ။ အထူးကုတစ်ဦးလဲဖြစ်ပါတယ်။ လူနာ ၁၀ဝ ခန့်ကို နေ့စဉ်ကြည့်နေရသူဆရာကြီးပါ။ လူနာ ၁၀ဝ ခန့်ဆိုတာ တနေရာထဲမှာ ပြောတာပါ ဆေးခန်းထိုင်တာက ၃ နေရာလောက်ရှိပါတယ်။ နိုင်ငံရပ်ခြားက တခါတလေရောက်လာတဲ့ ဆရာဝန်တွေတောင် ဆရာကြီးထံမှာ patient များပုံကို တအံ့တဩဖြစ်ကြရပါတယ်။ ကျနော်ကတော့ ၃ လ သိို့ ၆ လ တစ်ကြိမ် ပြနေကြပါ။ ဒီတခါတော့ အဖျားတာရှည်ပြီး လူက နုံးချိနေတာကြောင့်ကြားဖြတ်သွားပြရပါတယ်။ ဆရာကြီးက ဆီး […]


Foreign ResidentJuly 21, 20113min59122
Dear villagers, I would like to discuss some things. Please read this poem first ( from Moe Ma Kha ). Credit <http://moemaka.com/index.php?option=com_content&task=view&id=9452&Itemid=1>   အမေရိကန်ဟာ လင်းယုန် မစစ်တော့ဘူး … ဗျိုင်းဖြစ်သွားခဲ့ပြီ ( ကမာပုလဲ ) ဒီကနေ့ မနက် ရှစ်နာရီကျော်မှ … အိပ်ယာက နိုးတယ်။ အိပ်ရာက နိုးတော့ ရေချိုး၊ ပဲပေး ပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ်။   လ္ဘက်ရည်ဆိုင်ရောက်တော့ မိတ်ဆွေတွေနဲ့တွေ့တယ် တွေ့တော့ တောင်စင်ရေမရ ပြောကြ၊ စကြ၊ နောက်ကြ ရယ်ကြ မောကြပေါ့လေ … အဲဒီကနေ ဘယ်သူ […]


နွယ်ပင်July 20, 20112min64317
ဗိုလ်ချုပ်ပြတိုက်သို့ အဝင် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြသူများ ။ မနေ့က အာဇာနည်နေ့ဆိုတော့ သူငယ်ချင်းတွေစုပြီ ဗိုလ်ချုပ်အောင်းဆန်းပြတိုက်ကို သွားဖြစ်ခဲ့ကြတယ် ။ နက်မောက်လမ်းကို ရောက်တော့ ဗိုလ်ချုပ်ပြတိုက်ကို သွားကြည့်ကြမယ့် သူတွေက အများသားပဲ ။ ဗိုလ်ချုပ်ပြတိုက် ရှေ့ရောက်တော့ အထဲတည်းက ပြထားတာတွေကို ဓာတ်ပုံရိုက်မယ်ပေါ့ ပြီးရင် မသွားဖြစ်တဲ့ သူငယ်ချင်းတွေကို ပြမယ်ဆိုပြီး အားခဲထားတာ ပြတိုက်အဝင်ဝမှာက ဆိုင်းဘုတ်ကြီးက ဆီးကြိုလို့ ။ ဝင်ပေါက်တွင် ကင်မရာ ၊ လက်ကိုင်ဖုန်း နှင့် MP3 / MP4 တို့အားယူဆောင်ခွင့် မပြုသော ဆိုင်းဘုတ် ။ အဲတာနဲ့ ပါလာတဲ့ ပစ္စည်းလေးကို အလုအယက်အပ်ပြီး […]


naywoon niJuly 19, 20111min3333
ညနေခင်း အဆောင်ကထွက်လာတော့ ကိုမြင့်ဇော်က “ ဒိနေ့ သိပ်သောက်မလာနဲ့ဦး..။ ကိုယ့်ဟာကိုယ် ထိန်းသောက် ကိုယ့်ဟာကိုမှ မထိန်းရင်ဘယ်သူမှလာထိန်းမှာမဟုတ်ဘူး…။ ကိုယ့်အကြောင်းကိုယ် အသိဆုံး..။ ကိုယ်ဘယ်လောက်သောက်ရင် ဘယ်လိုမူး နိုင်မယ်ဆိုတာ သိ..။ နို့မို့ဆို အရက်ဆိုတာ …မအိုဆေးဖြစ်သွားလိမ့်မယ်..။ မအိုဆေး…ဆိုတာကောသိရဲ့လား? အရက်ကို ချင့်ချိန်မသောက်တဲ့သူတွေဟာ ဘယ်သူမှ အ်ုအောင်မနေရဘူး.။ အရွယ်ကောင်းတုန်း သေသွားကြတာချည့်ပဲ..။ ဒါကြောင့် အိုအောင်မနေရလို့ မအိုဆေးလို့ပြောတာ” အော်… အရက်ဆိုတာက မအိုဆေးတဲ့လား? ကိုလင်းသူရဲ့ ဆိုင်ကိုရောက်တော့ ကိုလင်းသူရဲ့ညီ ကိုဇော်နဲ့တွေ့တယ်..။ “ ကိုနေ အဆင်သင့်ပဲနော်…။ နောက်ခန်းထဲမှာ ဒရိုင်းဂျင် ထောင်ထားတယ်..။ အကိုကြီးက ကိုနေ့ကို ဂုဏ်ပြုမလို့တဲ့ ဆူစရာလည်းရှိတယ်လို့ပြောနေတယ်ဗျ..။ “ “ ခုသူဘယ်သွားလဲ” “ သံပုရာသီး သွားရှာလေရဲ့..။ ဆိုင်မှာထားတဲ့ သံပုရာသီးကို ညီမလေးက […]


ထာ၀ရJuly 19, 20111min4126
ခုတလော တွေကြုံနေရတဲ. အပေါ် စာရေးချင်စိတ်ပေါ်လာလို. အခုပိုစ်.လေးကိုတင်လိုက်တာပါ ကျွန်တော်တို.ပတ်ဝန်းကျင်  ရုံးမှာ ၊ ဆိုင်မှာ  အလုပ်ရုံတွေမှာ လူတွေဟာ ဝမ်းစာရေးအတွက် မဖြစ်မနေ လုပ်ငန်းခွင် ဝင်ကြတဲ.အခါ လုပ်ငန်းနဲ.ပတ်သက်တဲ. ပြသနာတွေ အခက်အခဲတွေ အမှားတွေ တွေ.လေ.ရှိကြတာ ထုံးစံပါဘဲ  ၊ အဲဒီမှာ ပြသနာတခုခု ဖြစ်ပြီဆိုရင် အများဆုံးတွေ.ရတာက ခေါင်းရှောင်ကြတာပါဘဲ တကယ်တာဝန်ရှိတဲ.လူကလဲ ကိုတာဝန်ယူထားတဲ.အပေါ် ကျေပွန်မှုမရှိတာကို ဝန်မခံရဲကြဘူး တခြားအကြောင်းအရာတခုပေါ်လွဲချရတာနဲ.အောက်လက်ငယ်သားအပေါ် ပုံချရတာနဲ.   ဒါတွေကိုတွေ.ရတဲ.အခါ  စိတ်ပျက်မိတာအမှန်ပါဘဲ တချိုကလဲ အလုပ်ပြုတ်မှာကြောက်လို. တချို.ကလဲစိတ်ကြီးဝင်ပြီးငါသာတော်ငါသာတတ်နဲ.တကယ်ပြသနာလဲ ဖြစ်ရော ဟိုလူကြောင်.ဒီလူကြောင်.နဲ.သူများကိုပုံချပြန်ရော ။ အခုခေတ်မှာ တာဝန်သိတတ်မှု ၊ တာဝန်ယူတတ်မှု  ကို အလေးထားတတ်တဲ. ဝန်ထမ်း တွေ ခေါင်းဆောင်တွေ အရေးတကြီး လိုအပ်နေပြီလို. ထင်တယ်ဗျာ နောင်လာမယ်.မျီုးဆက်တွေ အတွက် […]


Foreign ResidentJuly 18, 20112min4318
Dear Villagers,   I understand that “ ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။” But, I really want to share some great articles & I would like you to know that Burma has one great intellectual satire author again.   Dear Kai, please forgive me for this post.   ´အပြန့်အပြန့်အပြန့်လားကွဲ့ အပြားအပြားအပြားပါဗျို့´   ရွှေငွေကျောက်သံပတ္တမြားစတဲ့ တွင်းထွက်သယံဇာတ၊ ဆန်ဂျုံပဲပြောင်းစတဲ့ လယ်ယာထွက်ကုန်သယံဇာတ၊ ရေနံသဘာဝဓါတ်ငွေ့စတဲ့ ကုန်းတွင်းကမ်းလွန် […]


naywoon niJuly 16, 20111min3432
လန်းလာတဲ့စိတ်ကလေးမပျောက်သေးခင်မှာပဲ ရေချိုး အဝတ်အစားလဲပြီး ထမင်းစားဖို့ အဆောင်မီးဖိုဘက်ကိုထွက်ခဲ့တယ်…။ အဆောင်ကပဲတာဝန်ယူပြီး ထမင်းချက်ကျွေးတာပါ…။ အခန်းထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်ကရောက်နှင့်နေပြီ…။ အဆောင်ပိုင်ရှင်က ဈေးချိုထဲမှာဈေးရောင်းထာဆိုတော့ နေ့ခင်းမရှိတတ်ဘူး..။ ဒါကိုအခွင့်ကောင်းယူပြီး နေဝန်းနီတို့က ကဲနေကြတာလေ…။ အခန်းထဲတင်မဟုတ်ဘူး မီးဖိုထဲမှာပါ အရက်ကိုယူပြီးသောက်လားရောက်ရဲ့နဲ့…။ အဆောင်ပိုင်ရှင်ကလည်း ပြဿနာ မဖြစ်ပြီးရောဆိုပြီထားပုံရပါတယ်…။ အနီးတစ်ဝိုက်မှာက ကျောင်းသားလက်ခံပြီးထားချင်တဲ့ အိမ်က ခပ်များများရယ်…။ ဘာပဲဖြစ်ဖြစ် ကျောင်းသားရှိနေတဲ့ အိမ်က သူခိုးမကပ်ရဲဘူးလေ….။ တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့ ဘယ်သူ့လက်ချက်မှန်းမသိဘဲဖြစ်သွားတာ များတာကိုး…။ ဟိုတုန်းက ကျောင်းသားခေတ်ဗျ…။ မန္တလေးက လမ်းတွေ က တစ်လမ်းမောင်းတွေရှိတယ်..။ လမ်းပြောင်းပြန်စီးရင် ဒဏ်ရိုက်တာတွေရှိတယ်..။ ကျောင်းသားတွေပဲ လမ်းပြောင်းပြန်စီးရဲတယ်…။ ကျောင်းသားတွေ လေးငါးဆယ်ယောက် အုပ်စုဖွဲ့ပြီး စီသွားရင် မဖမ်းဘူး…။ တစ်ယောက်ထဲစီးသွားရင်တော့ဖမ်းတယ်လေ…….။ အဲဒိတော့ မီးဖိုထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်က သောက်ဖို့ရာ […]