naywoon niJuly 27, 20111min2801
မဆုံးတဲ့ ….သီချင်း—၁၈ *သစ္စာမဲ့တဲ့ ပိတောက် တစ်နှစ်လုံးလမ်းလျှောက်နေတယ်..။ *တစ်ပင်လုံးဝါထိန် ရနံ့များမှိန်ပျောက် နေရာတစ်ကာ သူရောက်နေတယ်..။ *ချောက်လှန့်မှုအိပ်မက် တစ်ညလုံးနှိပ်စက် နွေညတွေကို အိပ်ရေးပျက်စေခဲ့..။ * ကဗျာသမားဘဝ ထင်ထားသမျှထက်ကြမ်းရှ (ဒါပေမဲ့) ရင်ထဲက ဒုက္ခချိ်ုမြိန်နေ…။ *အပျိုမ လှအောင်ဖန်တီး နမ်းရှိုက်ပြီး နွမ်းမသွားခင်…။ * အလှဖွဲ့ ကဗျာ ရသမဲ့ကဗျာ ဘဝရဲ့ကဗျာ ဗလာကဗျာ ခပ်နာနာထုထောင်း ဖုန်ခါပြီးရောင်းလိုရောင်း….။ အတွေးမပြောင်း သဏ္ဍာန်ဟောင်းနဲ့ ယိုင်နဲ့နဲ့ နိုင်မဲ့ကစားပွဲ တစ်ခု နှစ်တွေကျော်လွန်ခဲ့ပြီလေ…….။ * ပေတံတစ်ချောင်နဲ့ ဆယ့်ခြောက်နှစ်ရဲ့ အစွန်းတစ်ဖက် ပြီးခဲ့တဲ့ အတိတ်ဟာ အိပ်မက်သာသာပါပဲ..။ * ရာသီအိုဖာထေး အမြင်မှေး အထင်သေး သွင်သွင်ကျိုးနေတဲ့ ခြေထောက်ရဲ့ အောက် မျက်ရည်ပေါက်တွေကျခဲ့ဖူးတယ်..။ အဲဒိလိုနဲ့..။ ငါ သွားစမ်း […]


သူတောင်းစားနဲ့အတူတူ သီချင်းတွဲဆိုဘူးပါသလား ကျွန်တော် ကိုယ်တိုင်ကတော့သူတောင်းစား တစ်ယောက် မဟုတ်ဘူးဗျ ။အင်း…….. သူတို့လင်မယားသုံးယောက်နဲ့ အတူ သီချင်းတွဲဆိုဘူးတယ် ဗျ ..။။ လင်မယားသုံးယောက်ဆိုလို့ တစ်မျိုးမထင်လိုက်နဲဗျ ဒီကောင်က သူတောင်းစားသာဆိုတယ် မိန်းမနှစ်ယောက်ယူထားတာလေ  သူနဲယူထားတဲ့ကောင်းမလေးတွေက ငယ်ငယ်လေးတွေဗျ အသက် ရှိမှ ဆယ့်ငါးဆယ့်ခြောက် ပေါ့ သူကလဲ ခပ်ငယ်ငယ်ပါပဲ သူအသက်ကတော့ နှစ်ဆယ် လောက်ရှိမယ်ထင်တယ် ပထမ စပြီယူထားတဲ့မိန်းမကြီးနဲ့က ခလေးတစ်ယောက်မွေးထားတယ်လေ သူနာမည်က“““မောင်ကို”””တဲ့..ခြေထောက်လေးတစ်ဖက်က နည်းနည်းတော့ ဆာတာတာနဲ့ပဲ သူ့မိန်းမနှစ်ယောက်နာမည်တော့ မမှတ်မိတော့ဘူးဗျ မောင်ကိုဟာ မြန်မာပြည် အနှံအပြားမီးရထားနဲ့သွားလို့ရတဲ့နေရာမှန်သမျှ မြိ့ရွာတွေမှာ သူမနေဘူး မရောက်ဘူးတဲ့မြို့ မရှိသလောက်သလောက်ပါပဲ ယခင် ငယ်စဉ်ကတော့ သာမန် သူတောင်းစားတစ်ယောက်လို့ တောင်းစားခဲ့တာပါတဲ့ ဒါပေမယ့် သူဟာ သူလုပ်နေတဲလုပ်ငန်းအပေါ်မှာ တိုးတက်ခြင်စိတ်တော့ရှိတယ်လို့ပြောရမယ်ဗျ… သူတောင်းလို့ရသမျှထဲက ပိုက်ဆံကိုစုပြီး..စဉ်အိုးလေးတွေဝယ် ထီးရွက်စုတ်တွေလိုက်ကောက် […]


alinsettJuly 27, 20111min4378
တစ်ယောက်ကို တစ်ယောက် က ချစ်တယ် ဆိုတာ ဘုရားစိုက်တဲ ့ပန်းကလေး ပွင့်လာတာ တဲ ့။ တာရာမင်းဝေရဲ ့ စာ ထဲ မှာ ငါ ဖတ်လိုက်ရဖူးတယ် ။ ငါနဲ ့ နင့်ကြားမှာ ပန်းကလေးတွေတော့ ပွင့်ခဲ ့ပါရဲ ့။ ဒါပေမယ့် ့လေမုန်တိုင်းတွေ က ရက်ရက်စက်စက် တိုက်ချသွားတော့ အားလုံး…… ကြွေ…ပျက်…….ပျောက်…ဆုံး…းးးးးးးးးးးးး းးးးး းးးး။ ကွယ်………… ကံကြမ္မာ ဆိုတာ ဓါးထမ်းပြီး လာတတ်မှန်း အစကတည်းက ဘာလို ့မတွေးတတ်ခဲ ့မိပါလိမ့် ။ လက္ခဏာဗေဒ ကျမ်းကြီး ဘေးချ ပြီး……. ကိုယ် ့ဘာသာ ပြန် စစ်ဆေးခဲ ့ချိန်တုန်းကတော့…. နှလုံးလမ်းကြောင်းမှာ ကျွန်းပါနေမှန်း […]


နွယ်ပင်July 27, 20111min67119
ကြော်ငြာဆိုတာ ကျော်အောင် ညာရတဲ့ သဘောမျိုးပေါ့ လူစိတ်ဝင်စားအောင် မိမိရဲ့ ကုန်ပစ္စည်းကို မော်ဒယ်လ်တွေ စိတ်ကူးအသစ်အဆန်းတွေနဲ့ ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက် ပြသခြင်းတစ်မျိုးပါပဲ ။ဒီအထဲကမှ ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ပြရင်း ဒါရိုက်တွေ ကြော်ငြာရှင်တွေရဲ့ သတိမထားမိလိုက်တဲ့ အမှားလေးတွေကို တွေ့မိသလောက် လေးပြောပြချင်မိတာပါ ။ ပထမဦးဆုံး သတိထားမိတဲ့ ကြော်ငြာလေးက ရဲတိုက်နဲ့ ဖွေးဖွေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Glanz ခေါင်းလျှော်ရည်ပါ ။ ဂေါ့စ်တစ်ဖက်ရှင် ဒီဇိုင်းလေးတွေဝတ်စားထားပြီး ပရိသတ်စိတ်ဝင်စားအောင် သီချင်းမြူးမြူးလးနဲ့ရော ရိုက်ကူးထားလို့ လူတော်တော်များသတိထားမိတဲ့ ကြေငြာလေးပေါ့ ။ ဒါပေမယ့်ပြောချင်တာက ခေါင်းလျှော်ရည် ကြော်ငြာပါဆိုမှ ကိုယ်စားပြုရိုက်ကူးပေးရတဲ့ မင်းသားရဲ့ ဆံပင်က ငှက်သိုက်ကြီးဖြုတ်စွပ်ထားသလို ရှုပ်ပွလို့ ဒီခေါင်းလျှော်ရည်နဲ့ လျှော်လို့ပဲဖြစ်နေသလိုလိုနဲ့ပေါ့ အမှန်က ဖြစ်သင့်တာက ဒီထက်အဆင်ပြေမယ့် ဆံပင်ပုံစံမျိုးကို လုပ်သင့်တယ်ထင်တာပဲလေ […]


တောသား ၊ မွေးစားသား နဲ ့ဘဝသမား ……………………………. ကျမ လူမှုရေးနဲ ့ပတ်သတ်ပြိး လူငယ်တွေကိုအားပေးတဲ ့ စာစုတွေရေးလေ ့ရှိပါတယ်။ ကျမနှစ်သက်မိတဲ ့ဆောင်ပါးလေးကတော့ ဆီဖြစ်တဲ ့နှမ်းတလုံးနဲ ့ဒါဏ်ရာများနဲ ့အိုးကလေးပါပဲ။ ကျမတိုဟာလူတစ်ယောက်စိဖြစ်တယ်..။ မွေးဖွားပြိးကာလ၊မိမိကိုယ်ကိုဘာကောင်မှန်းမသိသေးတြ ့ဘဝ။ အဲ ့ဒိလို ဘဝတွေမှာ အားငယ်စရာကောင်းလှပါတယ်..။ ကြိးမားတြ ့ကောင်းကင်ကို ကြည့်ပြိးကျမ..အမြဲရေရွတ်တတ်တာက..”ငါ ကဘာလည်း… ငါ့ဘာလို ့..အထိးကျန်စွာတယောက်တည်းလူလာဖြစ်ရတာလဲ”….မကြာခဏပေါ့.. တခါတရံ..ကျမဘဝဟာ..ပျောက်ဆုံးနေသလိုခံစားရပါတယ်..။ အထူးသဖြင့် လူငယ်တွေဟာလူဖြစ်တဲ ့အပေါ်မှာအားငယ်စိတ်တွေရှိကြတယ်…။ ကျမဘဝဆို..မိဘရင်းတွေမရှိခဲ ့လို ့လည်း..စိတ်ပျက်အားငယ်ဘူးခဲ ့ပါတယ်။ ရန်ကုန်မြို ့..မှာမွေးတဲ ့သူတွေ၊ မိဘရင်းတွေကမွေးတဲ ့သူတွေ အကြောင်းတော့ကျမမသိပါဘူး..။ ကျမတို ့လိုတောကလူတွေပိုပြိးအားငယ်တတ်လို ့ထင်မိပါတယ်..။ ပြိးတော့မွေးစားကလေးဘဝနြ ့ကြိးပြင်းရလို ့လည်း..။ .ကျမကိုကျွေးမွေးရတြ ့မိဘတွေကိုလည်း..အားနာခဲ ့ဘူးပါတယ်။ […]


naywoon niJuly 25, 20111min2621
နေဝန်းနီ တိုု့နှစ်ယောက် ဖြိုလိုက်တာက ဂျင်တစ်လုံး လဲကုန်သွားပါပြီ.။ လူတွေကမလည်သေးပါဘူး..။ ကိုဇော်ပြောသလို လေတိုးမခံရသေးလို့ထင်ရဲ့..။ အပြင်မှာ မျုးရွာနေတာတောင် ချွေးပြန်နေသေးသလိုပဲ..။ ဂျင်ထည့်ထားတဲ့ ဖန်ခွက်လေးကို လှည့် ကစားရင်းက ကဗျာတွေရဲ့ ခြေရာကိုလိုက်ခံနေရပါပြီ..။ ကိုမြင့်ဇော်နဲ့ မူးယစ်ဝေသော အရက်ကဗျာ ဝိုင်းကို ပြန်လှန်နေရပါပြီ..။ ဒီတစ်ခါ ကိုလင်းသူ ဝင်လာတော့ နေဝန်းနီတို့ရဲ့ ကဗျာစာအုပ်လေးပါလာတယ်..။ သူတစ်ယောက်ထဲ အသံထွက်ပြီး ဖတ်နေလေရဲ့…………။ “ ခေါင်းစဉ်က ချိန်ခွင်လျှာပေါ်မှာ အိပ်စက်ခြင်း..။ အင်း..။ ထူးအိအ်သင်က နာရီပေါ်က မျက်ရည်စက်များဆိုတော့ ဆရာနေဝန်းနီကလည်း ရာသီပေါ်မှာ အိပ်စက်ခြင်းတို့ ချိန်ခွင်လျှာပေါ်မှာအိပ်စက်ခြင်းတို့ ဖြစ်ပေါ်လာတာပေါ့လေ……..။ (မှတ်ချက်…… ရာသီပေါ်မှာ အိပ်စက်ခြင်း ကဗျာက မန္တလေး တက္ကသိုလ် မြန်မာစာဌာန မြကွန်းသာ နံရံကပ် စာစောင်မှာ ပါဖူးပါတယ်..။ နေဝန်းနီရဲ့ […]


မောင် ပေJuly 25, 20111min58519
ဂိတ်မှူး များ ၊ ဒရိုက်ဘာ များ ၊ စပါယ်ယာ များ နားနေရာ ၊ ကားဂိတ်၏ ရုံးခန်း အတွင်း ဝယ် လင်းလင်း ကို ဦးကိုကို က လက်ကမ်း ကြိုဆို နှုတ်ဆက်လာသည် ကို မြင်လိုက်ရသော အခါ …. လင်းလင်း တစ်ယောက် ဒေါသပုန်ထ ပြီး ဦးကိုကို အား ပြေးထိုးလေတော့သည် ။ ဖြစ်ချင်တော့ လင်းလင်း ထံတွင် ပညာသင်ရန် လိုက်ပါလာသူ မျိုးကျော်  က အချိန်မှီ ဆွဲနိုင်လိုက်သည် ။ ဦးကိုကို က ပြုံးလျှက်  ပင် ခပ်အေးအေး ပြောလာသည် ။ “ လင်းလင်း ရေ …၊ မင်း […]


yaungchikhaJuly 25, 20111min4719
ကျမအသက် ၁၃ နှစ်လောက်မှာပေါ့ ကျမတို့ ဒီဇင်ဘာကျောင်း ၁ဝရက်ပိတ်ချိန် တစ်ရက်မှာ ချာတိတ် လာခဲ့….လာခဲ့…လို့ ကျမမောင်လေးနှစ်ယောက်ရဲ့ ခေါ်သံကိုကြားရရင်ပဲ အမေနဲ့အတူ ကျမပါထွက်ကြည့်မိပါတယ်၊ ကျမမောင်လေးတို့ခေါ်နေတဲ့ ချာတိတ်ဆိုတာ ခွေးလေး တစ်ကောင်ဖြစ် နေတာကို တွေ့ရပါတယ် ခွေးလေးက ကျမ မောင်လေးတို့ခေါ်တဲ့နောက်ဆီ ပြေးလိုက်ပြီး ဆော့နေပါတယ်၊ အမေက ဘယ်သူ့ခွေလည်းလို့မေးတော့ အိမ်မှာမွေးမလို့ခေါ်လာတာတဲ့၊ ကျမမောင်လေး အလုပ်ရှင်က အဲ့ဒီခွေးလေးကို အိမ်မကပ်ပဲလျှောက်လည်နေလို့ သူတို့မမွေးချင်တော့ဘူးတဲ့ မင်းတို့မွေးချင်ခေါ်သွားဆိုပြီး မောင်လေးကိုပြောလို့ မောင်လေးက အိမ်မှာမွေးဖို့ခေါ်လာခဲ့တာတဲ့၊ ကျမတို့ အမေကတော့ ခွေးမမွေချင်းဘူးပြန်ခေါ်သွားလို့ပြောပါတယ် ဒါပေမယ့် ကျမတို့က သနားပါတယ် မွေးရအောင်ပါလို့ ကျမတို့မောင်နှမတွေ အားလုံးတောင်းဆိုတာနဲ့ ခွင့်ပြုလိုက်ပါတယ် အဲ့ဒီခွေးလေးကလည်း ကျမတို့အိမ်ကို ရောက်တဲ့နေကစပြီး ဘယ်မှ လျှောက်မလယ်တော့ပဲ အိမ်မှာပဲအမြဲနေတယ်၊ ကျမမောင်လေးတွေ အလုပ်သွားချိန်ဆို အမြှီးလေးနှံ့ပြီး […]


“ဘယ်လောက်ပေးမလဲ?” ဘဌေးညတရေးနိုးတော့ ဟိုဘက်နားလေးက ကာရာအိုကေဆိုသံတွေတိတ်နေပြီ။ ဒီတော့ ညသန်းခေါင်ကျော်ပြီဆိုတာသိလိုက်ပါတယ်။ ပါးစပ်ထဲကချဉ်လာတာနဲ့ ညကကျန်နေတဲ့ဆေးပေါ့လိပ်အတိုလေးဖွာ၊ လူကအိပ်ရေးမဝတော့ မူးမူးဝေဝေ၊ ဒါပေသိစိတ်ထဲမှာအရက်ထပ်သောက်ချင်စိတ်ကပေါက်လာ၊ ညကလက်ကျန်ပုလင်းကိုလိုက်ရှာ ကျန်တာလေးပုလင်းလိုက်မော့၊ ပြီးတော့မှရေတစ်ခွက်နောက်ကလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ ထိုင်နေရာတာကြာပြီ ဆိုရင် ခြင်ကိုက် အဲတော့ တစ်ခါပြန်အိပ်၊ အဲဒီမှာ အမက်ခြင်ဆုံးအိပ်မက်ကို မက်လိုက်ရတာပါဘဲ။ လင်းခါနီးမက်တဲ့အိပ်မက်ဆိုတော့ ချက်ခြင်းလက်ငင်းအကျုးိပေးမယ်လို့ အနက်ကောက်သပေါ့ဗျာ။ တကယ်ပြောရရင် ဘဌေးအလုပ်ကမယ်မယ်ရရ မရှိပါဘူး။ ဘူတာကြီးအရှေ့ဘက် 31လမ်းနားက အဆောက်အဦးအပျက်ကြီးနားမှာအိပ်မယ်။ ပိုက်ဆံလိုက်တောင်းမယ်။ ရရင် အရက်သောက်မယ်။ ဗိုက်ဆာတဲ့အခါ ပိုက်ဆံရှိရင်ဝယ်စား မရှိရင်တော့ တောင်းစားမယ်ပေါ့။ အဓိကကတော့ အရက်မှန်မှန်သောက်ရဘို့ပါဘဲ။ ဘဌေးအသက် လေးဆယ်ကျော်လို့တော့ပြောကြ ပေမယ့် ဘဌေးကိုယ်တိုင်တောင် အတိအကျမသိပါဘူး။ ဒီဘူတာကြီးနားမှာရောက်နေတာဖြင့် ဟိုအရင်ဘူတာအဟောင်းဘဝ သူခပ်ငယ်ငယ်ကတည်းက။ အမေကဘူတာကြီးထဲမှာ”ရေကုသု်ိလ်”အမည်တပ်ထားတဲ့ ရေတို့ ရေနွေးကြမ်းတို့ရောင်းတဲ့အလုပ်လုပ်တယ်။ အဖေက ကြုံရာကျပန်းကုန်ထမ်းတယ်။ တရားဝင်ခန့်ထားတဲ့ […]


naywoon niJuly 23, 20111min2621
နေဝန်းနီလည်း ကဗျာ တစ်ပုဒ်ဖတ်လိုက် အရက်တစ်ငုံ သောက်လိုက်နဲ့..။ ကိုမြင့်ဇော်ကို သတိရလာတယ်..။ သူပါလာရင်ကောင်းမှာပေါ့လေ…။ မိုးလေးဖွဲဖွဲရွာနေတဲ့ ဇူလိုင်လလယ်မှာ ကဗျာစာအုပ်တစ်ထပ်နဲ့ စည်းဇိမ်ယစ်နေတာလေ..။ ကိုလင်းသူက အထဲဝင်လာလိုက် ဆိုင်ရှေ့ထွက်သွားလိုက်နဲ့..။ နေဝန်းနီ လက်ထဲက စာအုပ်ကိုပြန်ဆွဲယူပြီး တစ်နေရာကိုထောက်ပြတယ်..။ “ စောစောက ကိုယ်ရေးတဲ့ ကဗျာကို အမွှမ်းတင်တာမဟုတ်ဘူး..။ ဒီကဗျာကိုဖတ်ကြည့်..။ ပြီးခဲ့တဲ့ 15 နှစ်လောက်ကထဲက ဆရာမောင်သာနိုးက ပြောထားတာရှိတယ်..။ မြန်မာ မော်ဒန်ကဗျာ ဆိုလို့ မူးလို့တောင်ရှူစရာမရှိဘူးတဲ့..။ တို့တစ်တွေ မော်ဒန်လို့ သဘောထားရေးဖွဲ့နေပေမဲ့ နိုင်ငံတစ်ကာစံနှုန်းနဲ့ကြည့်ရင် အဆင့်မမီသေးဘူးဘဲ..။ လေးလုံးစပ်မဟုတ်တာ နဲ့ မော်ဒန်မဖြစ်ဘူး..။ ကာရံ မပါတာတစ်ခုနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှတာနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှသလို အတွေးပါရမယ်..။ စောစောကပြောသလို အများကို ကိုယ်စားပြုရမယ်..။ ဆရာတာရာရဲ့ စကားလုံးတွေ ဘယ်လောက်လှသလဲ […]


မောင် ပေJuly 23, 20111min4439
မနက် ၅ နာရီ လောက် ကတဲ က ကားကြီးကွင်းထဲ တွင် လင်းလင်း တစ်ယောက် စိတ်လှုပ်ရှားခြင်း ကြီးစွာ ဖြင့် စောင့်နေခဲ့သည် ။ မမ လိုက်ပါလာသော ကားဆိုက်သောအခါ မမ ကို     ခေါ ်ပြီး  လဘက်ရည် ဆိုင် တစ်ဆိုင် သို ့အရင်ဝင်သည် ။ “ ပြောစမ်းပါဦး…မ ရယ် .. မောင် ဖြင့် တစ်ညလုံး အိပ်လို ့ကို မပျော်ဘူး ၊ ဘာတွေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ” “ အင်း….မောင်…မမ ကို ဟိုတယ်တစ်ခု အရင်လိုက်ပို ့ပေး ၊ အဲဒီမှာ ၂ ရက်လောက် နေမယ် ၊ […]


နွယ်ပင်July 23, 20111min107630
ငယ်သူငယ်ချင်း တစ်ယောက် စကာင်္ပူက ခဏပြန်လာတော့ သွားတွေ့ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောမိကြတယ် အဲ့ဒီမှာ အဓိကပြောဖြစ်ခဲ့တာက အထက်တန်းကျောင်းသူဘဝက အကြောင်းတွေပဲ အရွယ်လေးတွေကလဲ ရနေပြီဆိုတော့ ပြန်မရနိုင်တော့တဲ့ အထက်တန်းကျောင်းသူဘဝလေးကို တန်းတန်းတတ ပြောမိကြတယ် အဲဒိမှာ သူငယ်ချင်းတစ်ယောက်က စပြောတယ် ……… “ဟဲ့ နင်တို့များ ကလေးရရင် ငါတို့ တက်ခဲ့တဲ့ ကျောင်းမှာ ယောင်လို့များသွာမအပ်မိစေနဲ့တဲ့ ကျာင်းမဖွင့်ခင်က ငါ့သမီးလေးကို ဘယ်ကျောင်းမှာ အပ်ရမလဲဆိုပြီး ငါတို့တက်ခဲ့တဲ့ကျောင်းမှာ သွားစုံစမ်းတာ ဆရာမတွေက ငါတို့ကိုမှတ်မိနေတုန်းပဲ သမီးကရော အမေလိုပဲလားဆိုပြီး ငါယောကျာင်္းကို ငါတို့ အကြောင်းတွေ အကုန်ဖောက်သည်ချလိုက်တာလေ သိတယ်မဟုတ်လား ဟို ဆရာမ နန္ဒာလှိုင်လေတဲ့ …….” နွယ်ပင်တို့ကလဲ ဟုတ်လား တီချယ်ကလဲ အရင်ပုံစံလေးပဲလား ဘယ်လိုလဲ ဝလားဆိုပြီးမေးကြာတာပေါ့ အမှန်ကတော့ နန္ဒာလှိုင်ဆိုတာ တီချယ်နာမယ်အရင်းမဟုတ်ဘူး […]


သရက်ပင်က သရက်ဖူးတွေဖူးဖွင့်ကြကုန်ပါပြိ။ ဒိအချိန်ဆိုသရက်ပွင့်တွေလှိုင်လှိုင်ပွင့်ပြိဆိုတာသိနေပါသည်။ သရက်ဖူးပွင့်တို ့အနံတွေလေထဲ မှာရှူရှိုက်ရင်း………. လူတစ်ယောက်ရဲ ့ဘဝမှာ…မေ ့မရတဲ ့အကြောင်းအရာအဖြစ်အပျက်ဘယ်လောက်များများရှိနိုင်ပါသလဲ…။ အတိတ်ဆိုတာ ဖိစီးနှိပ်စက်တတ်တယ် ။ တုတ်နှောင်တတ်တယ်..။ ခြောက်လှန် ့တတ်တယ်.. အတိတ်ဆိုတဲ ့ဇုန်ထဲ မှာ..ကျမဘဝမှာမေ ့မရတဲ့သူငယ်ချင်းတွေရှိခဲ ့ဘူးပါတယ်…………။ ကျမသူငယ်ချင်းကို ဘယ်လောက်ချစ်ခင်သလဲဆိုတာ…..ဆောင်းနှင်းပွင့်ရဲ ့မြူူမှုန်လေးတွေသိတယ်….။ ဧရာဝတိမြစ်ကြိးသိတယ်……….။ အင်တာနက်နိုင်ရွာကြိးသိတယ်….. ဟော……..ဒိသရက်ဖူးပွင့်တွေလည်း..သိကြတယ်လေ..။ ဒါပေမဲ ့ပေါ့လေ..ဒါပေမဲ ့ဘာကြောင် ့သုံးရလဲဆိုရင်..လူ ့ဘဝဆိုတာဒါပေမဲ ့တွေပွစာကျဲအောင်… တည်ဆောက်ထားတဲ ့ဝါကျရှည်တကြောင်းနဲ ့တူတယ်။။ ကိုယ် ့ဖြစ်ချင်တာမဖြစ်တဲ ့အခါ………… ကိုယ်လုပ်ချင်တာမလုပ်ရတြ ့အခါ………….. ကိုယ်လုပ်ချင်တာ လုပ်ရတြ ့အခါ………….. ကိုယ်လုပ်တြ ့အရာ..အဆင်ပြေတဲ ့အခါ…အဆင်ပြေတဲ ့အခါမှသုံးတယ်..။အကြောင်းပြချက်တမျိုးပေါ့… ကျမလည်း ဒါပေမဲ ့လေ..ကိုသုံးစွဲ ရမယ်………။ ကျမဘဝမှာမေ ့မရခဲ ့တဲ […]