manawphyulayJuly 16, 20111min32415
ထောင့်ကိုးရာမျိုး ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း လမြတ်ဝါဆို၊ လပြည့်ကျော်တွင် လဆန်းတစ်ရက် နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင် သံသရာတစ်ကြော လောကကြီးတွင်း ဖြစ်တည်လာခဲ့ အကျွန်ုပ်သည် လူ့ဘုံခန်းဝါ သုခဒုက္ခ အဖုံဖုံကြား လူမှန်းသိစ အရွယ်ကပင်၊ မာနဝင်ကာ တငါငါနှင့် စားကာသောက်ကာ ပျော်ပါးကာလျှင်၊ သာယာချိုမြ ကိုယ့်ဘဝကို ပြည့်ဝစုံလင် အဟုတ်ထင်ခဲ့… အရွယ်ရောက်လတ် ဘဝရုန်းကန် လူ့လောကထဲဝင်ကာမျှ ကျဆင်းစိတ်ဓာတ် အဖန်ဖန်တင်းရင်း ဘဝအမောတွေ ပြေခဲ့ရ နှစ် လ ရာသီ အလီလီပြောင်းရင်း မသေသေးသရွေ့ ဆက်လက်ဆောင်ရွက် လမ်းမှန်ကိုလျှောက် အောင်မြင်မှုကို ရှေးရှုနေရင်း တက်လှမ်းလာမည့် အနာဂတ်ခရီး မျှော်မှန်းရင်း အကျွန်ုပ်သည် အောင်မြင်မှု ပန်းတိုင်ဆီသို့……


naywoon niJuly 15, 20111min54214
“ Xxxxx အိုး——— ကော်နီ အိပ်မက်မက်တယ်လေ……….x ) x x x x ဘယ်သူ့………. မှလည်း ပြောပြမရအောင်ပဲ……. ကော်နီ တစ်ယောက်ထဲ ကြိတ်ပြုံးရုံသာ x x x x x အိုးးးးးးးးး ကိုကိုအရမယ်ဆိုတာပဲ……….. ????????????? အိပ်မက်မို့ တို့ သက်သာတာ…………” အိုး ဟိုးးးးး နေဝန်းနီ အိပ်မက်ဆိုပြီး ဘယ်နဲ့ ကော်နီ့ အိပ်မက်က ရောက်လာပါလိမ့်…။ ခေါင်းစဉ်ချင်းဆင်လို့ လင့် ခ် ပေးလိုက်ပုံရပါတယ်…။ ငယ်ငယ်က ကော်နီ့ အိပ်မက်ဆိုတဲ့သီချင်းလေးပါ…။ ခုတော့ နေဝန်းနီလည်း မငယ်တော့ သလို မကော်လည်း 45 လောက်တော့ ရှိရော့မယ်…။ ကိုယ့်က်ုကိုယ်သာ အသက်နှစ်ဆယ်ကျော်ကတည်း ကဆက်မမှတ်တော့တာ….။ အင်း အသက်နျစ်ဆယ်ကျော်ခဲ့ […]


Khon YenaungJuly 14, 20111min62523
နေညို ယင် ရွှေဘို ကိုလွမ်းတယ် မဲဇာတောင်ခြေ စီးထွေထွေတည့် တော့ မဟုတ်ဘူး ပေါ့နော်။ ဇာတိမြေအကြောင်း နဲနဲ ပြောချင် လို့ပါ။ ဇာတိမြေကို ခင်တွယ်စိတ်ဆိုတာလူတိုင်း အဲ တိရိစာ္ဆန် တိုင်းလို့တောင် ပြောလို့ရပါတယ်။ကိုယ့်မွေးရပ်မြေကိုတော့ ခင်တွယ်တတ်ကြပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသမှာ ရာသီဥတု အေးလွန်းလို့ နေစရာ၊စားစရာ မရှိတဲ့ အချိန် ကမာ္ဘ ့ မြောက်ဖျားက တောင်ပိုင်းဒေသကို ခဏရွှေ ့ လာကြရတဲ့ ဆောင်းခိုငှက်ကလေးတွေ အချိန်တန် ယင် အိမ်ပြန်ကြတာ ပါဘဲ။ ကိုခင်မောင်တိုး ရဲ ့ သိပ်နံမည်ကြီးတဲ့ သီချင်း ဆော်လမွန်ငါးတို့ အပြန် ဆိုတာ နားဆင်ဘူးတယ် မဟုတ်လား။ ဇာတိမြေ ခင်တွယ်စိတ် ဆိုတာ သိပ်အရေးကြီးမှန်း သိသာတာတစ်ခုကတော့ နှစ်ပေါင်းများစွာ […]


နွယ်ပင်July 14, 20111min76221
လူတစ်ယောက်အတွက် ကိုယ့်ကျင့်တရားနဲ့ သိက္ခာ ဘယ်လောက်အရေးကြီးတယ်လို့ထင်ပါသလဲ …………….. လူတစ်ယောက်ရဲ့ ရိုးသားမူကရော သူ့ ဘဝအတွက် ဘယ်လိုနေရာမျိုးမှာရှိနေသင့်တယ်လို့ ထင်ပါသလဲ …………….. အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ အဲလူအတွက် ရိုးသားမူနဲ့ ကိုယ်ကျင့်တရားကရော ဘယ်နေရာလာက်မှာ ရှိနေသင့်ပါသလဲ …………. ဒီလိုမေးခွန်းလေးတွေ ဝင်လာရတာက ……………… မနေ့ကတော့ အလုပ်က ကိစ္စတစ်ခုနဲ့အစိုးရဘဏ်တစ်ခုမှာ ငွေသွားထုတ်ရမယ့်ကိစ္စကပေါ်လာတယ် အရင်က အပြင်က ပုဂ္ဂလိက ဘဏ်တွေနဲ့ပဲ လုပ်နေကြဆိုတော့ အခုစိုးရဘဏ်ဆိုတော့ နည်းနည်းကြောင်တောင်တောင်ဖြစ်နေတာပေါ့ (10း00) နာရီလောက်ကတည်းက ဘဏ်ကိုရောက်နေတာ (11း 00) နာရီထိုးတဲ့ အထိငွေက မရသေးတော့ တာဝန်ရှိသူကိုသွားမေးတော့ ငွေလွှဲတဲ့ စာကတော့ ရောက်ပါပြီ ဒါပေမယ့် ဘဏ်ထဲမှာ ငွေမရှိသေးတော့ ခဏလောက်စောင့်ရမယ်တဲ့ အဲတာနဲ့ စောင့်နေတဲ့ သူတွေကိုကြည့်လိုက်တော့ ကိုယ့်အပြင် (9/10) […]


Yan ShinJuly 14, 20111min3082
မိတ်ဆွေများခင်ဗျား လွန်ခဲ့သော နှစ်ရက်က မိုးခါးရေပုံပြင်လေးအကြောင်းပြောပြီး မတူသော အမြင်များကို ဆွေးနွေးခဲ့ကြပါတယ်။ ခုအဲဒီပုံပြင်လေးကို ကျွန်တော်တို့သူငယ်ခြင်းတွေပြောပြတဲ့ မတူတဲ့ ပုံပြင်လေးတွေ ပြောပြပါတယ်။ ဆက်လက်ငြင်းခုန်ကြပါစို့။ ……………………………………… အဲဒီလိုနဲ့ သူတို့အတတ်နဲ့သူတို့ အရူးတွေကြားထဲမှာ မရူးသူ သူတို့နှစ်ယောက် အရူးဖြစ်ပြီး ဘယ်လိုမှမနေနိုင်တော့လို့ သူတို့နှစ်ဦးနောက်ဆုံး မိုးခါးရေကိုလိုက်သောက်ပြီး ရူးသွားကြတယ်တဲ့။ လူကြီးမင်းတို့ရေ ကျွန်တော့်သူငယ်ခြင်းတစ်ယောက် လက်ဘက်ရည်ဆိုင်မှာ ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါကို ကျွန်တော်တို့ သူငယ်ခြင်းတွေ ငြင်းခုန်မိကြပါတယ်။ ပုံပြင်ကို တစ်ယောက်အမြင်တစ်မျိုးနဲ့ပြောကြပါတယ်။ တစ်ဦးသောသူငယ်ခြင်းကပြောပါတယ်။ ဘုရင်ကြီးနဲ့ အကြံပေးပုရောဟိတ်ကြီး ဒုတ္ခရောက်ရပုံကိုပါ။ သူတို့လုပ်တာမဟုတ်တဲ့မမှန်တဲ့ အကြောင်းပါ။ တစ်ကယ်ဆို သူတို့က ကြိုသိနေတာပဲ ပြီးတော့ သူတို့မှာ လုပ်ပိုင်ခွင့်တွေ လုပ်နိုင်ခွင့်တွေရှိနေတာပဲ။ သူသာ ဘုရင်ကြီးနေရာမှာဆိုရင် တစ်တိုင်းပြည်လုံးကိုမောင်းကြေးနင်းခတ်ပြီး ကြေငြာမှာပေါ့။ နောက်ခုနစ်ရက်ကြာရင် မိုးခါးကြီးရွာမည့်အကြောင်း […]


naywoon niJuly 13, 20111min3175
အဲဒိလိုရယ်စရာပြောနေရင်းက ….. “ ငါတို့မလဲ ခုလောလောဆယ် အိုမာခယမ်ရဲ့ ရူဘိုင်းယက် ကဗျာထဲကလို ချစ်သူရင်ခွင်မရှိသေးတော့ ဒီလိုပဲ ကိုယ့်ဖာသာကိုယ်ပျော်အောင် နေတတ်သလိုနေကြရတာပဲလေ….” ကိုမြင့်ဇော်က ငြီးတွားသလိုပြောတော့ နေဝန်းနီကလည်း အားကျမခံ “ ဟုတ်ပါ့ဗျာ.. ဘာတဲ့………. ပေါင်မုန်တစ်ယှက် ဝိုင်တစ်ခွက်နဲ့ လရောင်ရွှန်းမြ ညတစ်ညမှာ ချစ်သူရင်ခွင် မှေးစက်ရလျှင် ငါ့မှာ ပျော်ဖွယ်နိမ္ဗာန်တည်း ….ဆိုတဲ့ ကဗျာသွားလို မှေးစက်စရာ ချစ်သူရင်ခွင်မှ မရှိသေးတာ ရှာရမှာပေါ့ “ လို့ပြောလိုက်တာနဲ့ ကိုမြင့်ဇော်က ….. “ စောစောကအိပ်ဖို့ အခန်းရှိတယ်ဆိုတဲ့ နောက်လိုက်သွားပါလား တစ်ညတာတော့ မှေးစက်စရာ ရတာပေါ့” တဲ့လေ…….. “ အမလေး အဲဒိလိုမနောက်နဲ့လေ….ကိုကိုဇော်” “ နောက်ပါဘူး အတည်ပြောနေတာ ပိုက်ဆံ ငါးဆယ်လောက်ပါရင် ဖြစ်လောက်ပါတယ်” တဲ့လေ…….. […]


သူရႆဝါJuly 13, 20113min2671
  “သူရဿဝါနှင့် ဘလော့အဝါ့ဒ်” တစ်ရံရောအခါ အလွန်တရာမှ ခေတ်မှီ တိုးတက်၍ မြန်ဆန် သွက်လက်သော အင်တာနက် အမည်တွင် ခေတ်ကြီး တစ်ခေတ် ရှိခဲ့လေသည် ဟူ၏။ စာရေးဆရာ၊ စာရေးသူကို အင်္ဂလိပ် အခေါ်အရ ဝရိုက်ထာ (Writer) ဟု အမည်ပညတ် သတ်မှတ်လေ့ ရှိကြရာ ထိုခေတ်တွင် အင်တာနက် အွန်လိုင်းပေါ် တက်၍ ကဗျာ၊ ဝတ္ထု၊ စိတ်ကူးယဉ် စသည့် စာတိုပေစ လေးများကို ရေးသားကြသည့် အချို့သော စာရူးပေရူး ကလေးများကို အွန်လိုင်းဝရိုက်ထာ (Online Writer) ဟုလည်း ခေါ်တွင်သမှု ပြုကြပေ၏။ ၎င်းတို့ ရေးသားပြုစု အပ်သော စာကြောင်းစာသား အစုအဖွဲ့ များကိုလည်း ဘလော့ (Blog) ဟု အမည်သညာ […]


Yan ShinJuly 12, 20111min54621
သက္ကရဇ် ၂၀၀ဝ လောက်တုန်းကပါ။ ကျွန်တော်တို့ နေထိုင်ရာနယ်မြို့ ကလေးရဲ့ လက်ဘက်ရည်ဆိုင်ကလေးမှာ သူငယ်ခြင်းတွေစုထိုင်နေရင်း ရောက်တတ်ရာရာ စကားတွေဖေါင်နေတုန်းပေါ့။ သူငယ်ခြင်းတစ်ဦးက ပုံပြင်လေးတစ်ပုဒ်ပြောပြပါတယ်။ လူကြီးမင်းတို့လည်းကြားဘူးပြီးဖြစ်မှာပါ။ သူပြောတဲ့ပုံပြင်လေးက သိပ်မထူးဆန်းတဲ့ ပုံပြင်လေးပါ။ မိုးခါးရေသောက် တဲ့။ မိုးခါးရေသောက်ပုံပြင်လေးကို ပြန်ပြောပြပါရစေ။ ဟိုးရှေ့ရှေးတုန်းကပေါ့ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့ သူ့ရဲ့အကြံပေး ပုရောဟိတ်ကြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အကြံပေး ပုရောဟိတ်ကြီးက နောက်ခုနစ်ရက်ကြာရင် သူတို့တိုင်းပြည်မှာ မိုးခါးကြီးရွာမှာကို ကြိုသိဆိုပဲ။ အဲဒီမိုးခါးရေကို သောက်သုံးမိသူတွေ အားလုံးရူးမယ်လို့ အကြံပေးပုရောဟိတ်ကြီးကသိနေပါတယ်။ အဲဒါကို သူကသိထားတော့ သူ့ရဲ့ဘုရင်ကြီး ကိုလာတွေ့ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘာလဲ ဆွေးနွေးနေကြတာပါ။ ရွှေဉာဏ်တော်စူးရောက်တဲ့ ဘုရင်ကြီးက အဲဒီမိုးကြီးရွာရင် သိထားကြတဲ့ သူနဲ့ အကြံပေးပုရောဟိတ်ကြီးတို့ မသောက်မိဘို့ ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။ သိပ်တော်တဲ့ အကြံပေးပုရောဟိတ်ကြီးပါ။ သူပြောတဲ့အတိုင်း […]


naywoon niJuly 11, 20111min2762
အဲဒိနေ့ညက 34 သံဂုံးကျော် အောက်နားလေးက ရှိန်ကြီးလ္ဘက်ရည်ဆိုင်နဲ့ ကပ်ရက် ဆရာကိုလင်းသူဆိုင်ကိုရောက်သွားသေးတယ်..။ အရင်နေ့က မတွေ့ခဲ့လို့ ခုညတစ်ခေါက် ဝင်ကြည့်တာလေ..။ ရွှေဒေသ စာပေဆက်ဆံရေးတဲ့ နာမယ်ကခပ်ဆန်းဆန်းလေး ကဗျာဆရာက ပေးထားတဲ့နာမယ်လို့မပြောရဘူး..။ (သူ့လိုပဲ နာမယ်ပေးထားတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိသေးတယ်..။ မျက်ပါရပ်မီးပွိုင့် က စာအုပ်အငှားဆိုင်က ဒုတိယ ချစ်သူ စာပေ ဆက်ဆံရေးတဲ့…။ အဲဒိစာအုပ်ဆိုင်လေးအကြောင်းကိုတော့ စာရေးဆရာ နွမ်ဂျာသိုင်းက သူ့ရဲ့ တိမ်တောင်ညိုပြာ ဝတ္ထုမှာ ရေးဖူးပါတယ်..။ မှတ်မိနေလို့ပါနော်.. ကြော်ငြာတယ်မထင်ပါနဲ့…။ ) ဆရာကိုလင်းသူက ခုတော့ မရှိတော့ပါဘူး ….။ လွန်ခဲ့တဲ့ ဆယ်နှစ်အလွန် ကဆုံးပါးခဲ့ပါပြီ….။ အံဩစရာကောင်းတာက နေဝန်းနီက ဆရာကိုလင်းသူကို မသိရှာဘူး…။ ဆရာကိုလင်းသူကနေဝန်းနီကို သိနေသတဲ့လေ….။ နဲနဲစောသေးလို့လားမသိဘူး ဆိုင်ထဲမှာလူရှုပ်နေသေးတယ်…။ 31 လမ်း 80 ထောင့်မှာလည်းဆိုင်ခွဲရှိသေးတယ်ပြောတယ်..။ […]


Yan ShinJuly 11, 20111min3736
ကျော်ထွေးတို့စာ စာမတတ်ပေမဲ့ ကျွန်တော်တို့ပြောစကားကိုတော့ မြေဝယ်မကျ နားထောင်ပြီး အလုပ်ကျိုးစားရိုကျိုးတဲ့လူငယ်လေးတွေပါ။ အလုပ်ဆိုလည်း မခိုမကပ်အားကျိုးမာန်တက်လုပ်ကြပါတယ်။ ဘယ်လောက်တောင်လုပ်သလဲဆိုရင် ကျွန်တော်တို့စကားကို ဘယ်လောက်တောင် နားထောင်သလဲဆိုရင် လူလေးယောက်လောက်မရွှေ့မှ ရမယ့်စက်ကြီးကို ကျော်ထွေးတို့ လူငယ်လေးနှစ်ယောက်ပဲ ရှိပေမဲ့ ရအောင်ရွှေ့ဆို ရအောင်ရွှေ့ကြတဲ့သူတွေပါ။ တစ်နေ့ ကျွန်တော်တို့ လယ်ကွင်းစိုက်ကွက်ကနေ ညောင်တုန်းမြို့စိုက်ပျိုးရေးရုံးကို မြေဩဇာ သွားထုတ်ဘို့ရှိနေပါတယ်။ အဲဒီအချိန်ကလည်း မိုးနှောင်းပိုင်းဆိုတော့ ကွင်းထဲမှာ သုံးတဲ့လှေတွေ ဒေါက်တင်ချိန်ပါ။ ကျွန်တော်ညောင်တုန်းသွားကာနီး တပည့်ကျော် ကျော်ထွေးကိုမှာပါတယ်။ အဲဒီအချိန်က မနက်(၇)နာရီချိန်လောက်ပါ။ ကျွန်တော်တို့ အစောင့်တဲမှာလည်း သူတစ်ယောက်တည်းရှိပါတယ်။ အဲဒီနေ့က မောင်ကျော်ထွေးက တဲစောင့်တာဝန်ပေါ့။ ကျန်တဲ့သူတွေက လုပ်ကွက်ထဲမှာ။ ကျော်ထွေး ငါညောင်တုန်းသွားမလို့။ နေ့လည် (၁၂)နာရီလောက်မှပြန်ရောက်မယ်။ ငါပြန်လာရင် ဒီလှေရေးဆေးပြီးသားတွေ့ခြင်တယ်။ (အဲဒီလှေက ယောက်ကျားကြီးနှစ်ယောက်လောက် တစ်နေကုန်ဆေးမှ ပြီးနိုင်လောက်အောင် ကြီးတဲ့လှေပါ။) ဒါပေမဲ့ […]


“ကိုပေါက်လမ်းသလားနေသည်- အပိုင်းလေး (ယောင်လည်လည်တစ်ယောက်ထဲ) ဒီပုံလေးကတော့ ရန်ကုန်မြို့ရဲ့ မီးပွိုင့်နံဘေးမှာ ကလေးပြပြီးတောင်းနေတဲ့သူပါ။ ကိုယ့်အားကိုယ်ကိုးပြီးရန်ကုန်မြို့ကြီးထဲကို ချီတက်ရတော့မယ်ဆိုတာသေချာသွားပြီဆိုတော့ ပထမဆုံးလုပ်ရတာကတော့ တရားဝင်မတော်ရသေးတဲ့ တူတော်မောင်ကို စုံစမ်းစပ်စု လုပ်ရပါတော့တယ်။ ဒီကနေဆူးလေသွားရင် အငှားကားစီးရင်ဘယ်လောက်အများဆုံးပေးရသလဲတို့၊ ဒီနားကနေဘတ်စ်ကားစီးမယ်ဆိုရင် ဘယ်ကားနံပါတ်ကို စီးရသလဲတို့၊ ဘယ်အရပ်ကအခုနေတာရဲ့ ဘယ်ဘက်မှာ ရှိသလဲတို့။ ကြည့်မြင်တိုင်က ဘက်ဘက်မှာလဲတို့ ရွှေပြည်သာစက်မူ့ဇုံဘယ်ကသွားလဲတို့၊ ဆင်မလိုက်သင်္ဘောကျင်းကိုသွားရင် ဘယ်နားက ကားစီးရင် ရသလဲတို့ ။ အာရှတော်ဝင်က ဘယ်နားမှာလဲတို့ မြေနီကုန်းစီးတီးမတ်ဆိုရင် ငါတို့အိမ်ကနဲ့ ဘယ်လောက်ဝေးလဲတက္ကစီငှားရင်ဘယ်လောက်ပေးရမလဲ ဆိုတာတွေကို စုံတကာစေ့နေအောင် မေးရပါတော့တယ်။ ကျနော်တကယ်သိတာကတော့ ဆူးလေဘုရားပါဘဲ။ ကျောင်းသားဘဝ သူငယ်ချင်းတွေဆီအလည်သွားရင်း ပျော်ခဲ့ရတဲ့ လှည်းတန်းနဲ့ရန်ကုန်တက္ကသိုလ်ဧရိယာတွေသိတယ်၊ ဦးချစ်ဆိုင်သိတယ် ဂျဒ်ဆင်သိတယ် သစ်ပုတ်ပင်သိတယ်။ အင်းလျားကိုသိတယ်။ စက်မူ့တက္ကသိုလ်ဘက် ဆေးဝါးစက်ရုံနား က ဈေးသက်သာတဲ့ ထမင်းဆိုင်တွေကို သိတယ်။ ကျောင်းထဲက […]

visspassana.jpg

ဆရာသခင် Master ဆရာဆိုတာ ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ထွက်ပါလိမ့်မယ်။ အလွယ်ပဲ နေ့စဉ်ဓူဝ သုံးလေ့ရှိကြရာမှာ ဆိုက်ကားနင်းသူကိုလည်း ဆိုက္ကားဆရာ၊ စာသင်ပြသူကို ကျောင်းဆရာ၊ ရုံးပြင်ကန္နားတွေမှာလည်း ဆရာ၊ ဆရာဝန်ကိုလည်း ဆရာ၊ စသဖြင့် အလွယ်တကူကနေ လေးစားသမှုအထိ ခေါ်ကြပါတယ်။ စစ်တပ်ထဲမှာတော့ ကိုယ့်ထက်နိမ့်တယ်ဆိုတဲ့ အနေနဲ့ နှိမ့်ခေါ်တာပါ။ စစ်ဗိုလ်က သူ့လက်အောက်က တပ်ကြပ်၊ တပ်ကြပ်ကြီး များကို ဆရာ၊ ဆရာကြီးလို့ ခေါ်ပါတယ်။ ပြန်တမ်းဝင်အရာရှိ မဟုတ်ပေမဲ့ သူတို့ရဲ့ကျွမ်းကျင်မှု လုပ်သက်ကို အသိအမှတ်ပြုတဲ့သဘော ဖြစ်ပုံရပါတယ်။ ဒီအထိတော့ ပြောစရာ မဟုတ်သေးပါဘူး။ စစ်တပ်က ဗိုလ်ကြီး၊ ဗိုလ်မှူးများ အရပ်ဖက်ရုံးတွေကို တဆင့်မြင့်၊ နှစ်ဆင့်မြင့် ရာထူးတွေနဲ့ ခုန်ပျံကျော်လွှား ဝင်ရောက်လာတဲ့အခါ လက်အောက်က စီနီယာအရပ်သား အရာရှိကြီးများကို အစမှာ ဆရာလို့ […]


ဆူးJuly 9, 20111min64723
အလှူကိစ္စ တခုနဲ့ နယ်ဘက်ကို ခရီးထွက်သွားတော့ အမျိုးတွေကလည်း ရှိပြန်တော့ ဧည်သည် သွားလုပ်ပြီး စကားလေး ရှေးဟောင်းနှောင်းဖြစ် မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အကြောင်း စုံနေအောင် စမြုံပြန်နေကြတာပေါ့။ အဲဒီ အိမ်ရဲ့ ဘေးကပ်ရပ်က သင်္ကန်းရောင်းတဲ့ ဆိုင်တဆိုင် ဖြစ်နေတဲ့ အပြင် ထိုဆိုင်နဲ့ နှစ်အိမ် တစ်အိမ်လို ဖြစ်နေကြပါတယ်။ နယ်မှာ နေတဲ့ လူတွေ တော်တော် များများ က ထိုကဲ့သို့ ဖော်ရွေပြီး အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြတယ်။ ဒီလိုနဲ့ စကားထိုင်ပြောပြီးနေတုန်း စကားဆူဆူညံညံ ကြားတော့ ထပြီး သွားကြည့်လိုက်ကြတယ်။ ဟဲ့… ဟဲ့.. ဘာဖြစ်တာလဲ.. အပြေးသွားကြည့်တော့.. ဘေးနားက သင်္ကန်းရောင်းတဲ့ ဆိုင်မှာ ဘုန်းကြီး တပါး အသက် ၄၅ […]