အိမ်အိုတော့ကျားကန် …. လူအိုတော့ ပန်းပန်(၂) (အဲဒိမှာ …ဇာတ်လိုက်ဘယ်သူထားရမလဲ စဉ်းစားနေတာ …။ တစ်ပတ်လောက်ရှိမှ သွားတွေ့တယ်…။ ငမူးအကြောင်း အရင်စပြောရင် ဖတ်ကောင်းမလားလို့…..:P) ငမူးအကြောင်း အရင်စပြောရမယ်ဆိုရင် သူကနှစ်ဘက်သော ဘိုးဘွားတွေရဲ့ အချစ်တော်…။ အပြင်မှာ မောင်နှမတွေကြားထဲမှာ မိဘတွေက ဂလန်ဂဆန်လုပ်ပေမဲ့..။ ဘိုးဘွားတွေနဲ့တည့်အောင်ပေါင်းတယ်….။ သူ့ဟာသူမူးနေပေမဲ့ ဘိုးဘွားတွေကို ထမင်းကျွေးပြီး နင်းနှိပ်ပေးပြီးမှ သူဖာသာသူ သွားစရာရှိတာသွား သောက်စရာ ရှိတာသောက် လုပ်တယ်……။ ဘယ်မှ မသွားချင်လည်း အောက်ထပ်က သူ့အခန်းထဲမှာပဲ… တစ်ညလုံးသောက်တယ်….။ သူ့အခန်းတစ်ခုပဲ တစ်ညလုံးလျှပ်စစ်မီးထွန်းခွင့်ရတယ်…။ ကျန်တဲ့ အခန်းတွေမှာ ညရှစ်နာရီလောက်အထိပဲ ထွန်းခွင့်ရတယ်…။ တစ်ခါတစ်လေလည်း သူ့အခန်းထဲမှာပဲ သူ့အပေါင်းအသင်းတွေ နဲ့ အရက်သောက်တတ်တယ်…..။ အဲဒိလိုညမျိုးမှာ အိမ်မှာရှိတဲ့သူတွေ အိပ်ရေးပျက်မဲ့သာကြံထား……။ တစ်ခါတစ်ခါကျတော့လည်း သူက သူ့အပေါင်းအသင်းတွေနောက်လိုက်သွားပြန်ရော……..။ ဘယ်မှမသွားချင် […]