““ဘာသာပြန်လွဲခဲ့သူ၏နိဂုံး”” (၁) ကျွန်မ၏ မြင်ကွင်းတွေ တဖြည်းဖြည်းဝေဝါးလာခဲ့သည်။ မကျပါနဲ့။ မကျပါနဲ့မျက်ရည်ရယ်။ အခုမှမျက်ရည် ကျနေလို့ရော အရှက်တွေ၊ သိက္ခာတွေကို အဖတ်ဆယ်လို့ရတော့မည်မဟုတ်ပဲ။ ကျွန်မကိုယ် ကျွန်မ အပြစ်တွေ တင်နေရုံကလွဲလို့ သည်ပြဿနာက ပြေလည်သွားမည်မဟုတ်မှန်း အလိုလိုသိနှင့်နေခဲ့ပြီလေ။ ကျွန်မကိုယ့်ကိုကိုယ် မလုံမလဲနှင့်ဆေးခန်းလာပြမိတာ မှားပြီလား။ မဖြစ်ပါစေနဲ့လို့ အခါခါဆုတောင်းခဲ့မိတဲ့ ကျွန်မ ဆုတောင်း မပြည့်တော့မှန်းသေချာနေခဲ့ပြီလေ။ ဆရာဝန်ရဲ့ ကိုယ်ဝန်သုံးလရှိနေပြီဆိုတဲ့စကားဟာ ကျွန်မရဲ့နားထဲ မိုးကြိုး ပစ်ချသည့်အသံထက် နှစ်ဆခန့်ကျယ်လောင်သွားသည်။ လင်ယောက်ျားမရှိပါပဲ ကိုယ်ဝန်လွယ်ရသည့်အဖြစ်က အပျိုစင်တစ်ယောက်အတွက် အရှက်သိက္ခာတွေ ဗျန်းဗျန်းကွဲရတော့မည်။ နောက်ပြီး သည်ကိစ္စတာ အမေသိသွား ခဲ့လျှင်ဆိုသည့်အတွေးက ကျွန်မဦးခေါင်းကို ရထားကျိတ်သွားသည်အလား။ အမှန်အတိုင်းဖွင့်ပြောရမည်လား၊ သိုဝှက် ထားရမည်လား ဝေခွဲရခက်လှသော ကျွန်မအဖို့ ကံဆိုးမိုးမှောင်ကျပြီလား။ သည်အချိန်မှာ ကျွန်မရဲ့ခြေလှမ်းတွေ မှန်ကန်ဖို့လိုသည်က အဓိကကျနေမှန်း […]