နည်ရဲဇော်October 7, 20111min4308
လူသားနှစ်ဦး။ ရောဂါကသည်းတာချင်းလည်းအတူတူ။ ဆေးရုံအခန်းတစ်ခုအတွင်းလာဆုံမိကြသည်။ တစ်ယောက်ကတော့ သူ့အဆုပ်ထဲက အရည်တွေ စီးဆင်းစေရန် နေ့ခင်းဘက်ဆို တစ်နာရီလောက် ခုတင်ပေါ်ထထိုင်ခွင့်ရှိသည်။ သူ့ကုတင်က ထိုအခန်းအတွင်းရှိတစ်ခုတည်းသော ပြတင်းပေါက်ဘေး နားတွင်ရှိသည်။ တစ်ခြားတစ်ယောက်ကတော့ တစ်ချိန်လုံး ကုတင်ပေါ်မှာကျောခင်းနေရရှာသည်။ သူတို့နှစ်ယောက်သား ရောက်တတ်ရာရာ စကားပြောရင်းဖြင့်သာပျင်းရိညည်းငွေ့ဖွယ်အချိန်တွေ ကို ဖြတ်သန်းကြရသည်။ အိမ်ကမိန်းမနဲ့ကလေးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ သူတို့စစ်ထဲဝင်တုန်းကအကြောင်း၊ အားလပ်ချိန်ပျော်ပွဲစားထွက်တုန်းကအကြောင်း စုံအောင်ပြောကြသည်။ နေ့ခင်းဘက် ခုတင်ပေါ်လှဲနေရာကနေ ထထိုင်ခွင့်ရတဲ့အချိန်ဆို သူက ပြတင်းပေါက်ကတဆင့် အပြင်ဘက်က မြင်ရသမျှကို သူ့အခန်းဖော်အား ပြောပြလေ့ရှိသည်။ တဖက်ကုတင်က ပုဂ္ဂိုလ်အတွက်တော့ ဒီတစ်နာရီလေးအတွင်း  သူ့ကမ္ဘာလေးသည် အသွေးအရောင်စုံလှုပ်ရှားသက်ဝင်နေ သည့် ဆေးရုံခန်းရဲ့အပြင်သို့ဖြန့်ကျက်ကွန့်မြူးနိုင်ပေသည်။ ပြတင်းပေါက်မှ လှပသည့်ရေကန်လေး ရှိသည့် ပန်းခြံကိုလှမ်းမြင်ရနိုင်သည်။ ကလေးငယ်များ လှေကလေးတွေစီးကြ၊ ငွေငန်းဖြူနှင့် ဘဲများမြူးထူး ရေကူးကြ။ ငယ်ရွယ်သူစုံတွဲလေးများလက်ခြင်းချိတ်လျက် ရောင်စုံယှက်သွေးဖြာနေသည့် […]


ေမာင္ရိုးOctober 7, 20111min82213
အခုပြောချင်တာလေးကတော ့ ရွှေထည် ဒုံး ဝယ်တဲ့အကြောင်းပါပဲ ။ ဒုံး ထည်ဆိုတာကအလျော့ ့တွက်လက်ခမပါပဲရွှေတန်ဘိုးကိုပေါက်ဈေးနဲ့တွက်ပြီးရောင်းတာကိုဆိုလိုတာပါ ။ တကယ်တန်းသာအဲဒီလိုဝယ်ခွင့်ရမယ်ဆိုရင်၊ ဝယ်ရတဲ့သူတွေအနေနဲ့မနစ်နာပါဘူး။ ဒါပေမဲ့ — ဒုံး ထည်တွေကို ဆိုင်အနေနဲ့ဘယ်လောက်မှန်မှန်ကန်ကန်ရောင်းသလဲဆိုတာစဉ်းစားစရာပဲ — ဒုံး ထည်ဘယ်လိုဖြစ်လာရသလဲလို့လေ့လာကြည့်တော့ —ဆိုင်တွေကရောင်းလိုက်တဲ့ရွှေထည်ပစ္စည်းကို ဝယ်သူကဆိုင်ကိုပြန်ရောင်းတဲ့အခါမှာ –အလျော့တွက်ဘိုး၊လက်ခနဲ့ကျောက်ဘိုးတွေနှုတ်ပြီးလက်ရှိပေါက်ဈေးထက် အနည်းဆုံး (၁၅၀၀၀) လောက်ခွာပြီးပြန်ဝယ်ထားတဲ့ရွှေထည်တွေပါ။ဆိုင်ပြန်တွေဆိုပါတော့–အပေါင်ဆုံးတွေလဲ ပါ ပါတယ်။ဒီလိုဝတ်ပြီးသားရွှေထည်တွေကိုအရောင်တင်ဂျီးဆေးပြီးပြန်ရောင်းတာကို ဒုံး လို့ခေါ်တာပါ။ ဒီတော့ ဒုံး ထည်တွေမှာပိန်တာတို့၊ ပွန်းတာတို့ လည်းပါနိုင်ပါတယ်–ဘာပဲဖြစ်ဖြစ်အလျော့တွက်လက်ခမပါရွှေပေါက်ဈေးနဲ့ဝယ်ရရင်တော့ဝယ်သူရောရောင်းသူပါမနာပါဘူး။ဆိုင်ရှင်ကအသစ်အဖြစ်ရောင်းစဉ်ကတည်းကမြတ်ပြီးသားပါ–ပြန်ဝယ်တော့လည်း သူ့ဘက်ကမနာအောင်လျော့ပြီးဝယ်ထားတာပဲ– တချို ့ရွှေဆိုင်ကြီးတွေကတောင်အနာလွတ်ရင်အရောင်တင်ပြီးအသစ်ဈေးနဲ့ပြန်ရောင်းတယ်ဆိုပဲ– ဒါပေမဲ့ဆာမိတို့တွေဝယ်ကြရတဲ့ ဒုံး ထည်အများစုကတော့အဲဒီလိုမဟုတ်ကြေင်းပါ–ဆိုင်တိုင်းကိုမဆိုလိုပေမဲ့မြို ့သစ့်ဆင်ခြေဖုံးနဲ့ မြို ့ငယ်လေးတွေမှာရောင်းကြတဲ ့ ဒုံး ထည်တွေကတော ့အောက်ပါအတိုင်းဖြစ်ပါတယ်— ဒုံး လို ့ဆိုလိုက်တာနဲ ့အများသိပြီးတဲ့အတိုင်းအလျော့တွက်၊လက်ခ မပါရပါဘူး။ ဟုတ်ကဲ့ ့–သူတို့ရောင်းတာကလဲဘောက်ချာထဲထည့်မရေးပါဘူး– […]


“ဖြစ်သင့်တာလေးတွေပြောကြရအောင် အမှတ်တစ်( ယာဉ်ရပ်နားခနဲ့မန္တလေး)” မန္တလေးမှာ 78လမ်း၊လမ်း80၊84လမ်း၊26ဘီလမ်း ၊လမ်း30 ၊35အေလမ်း ဆိုတဲ့လမ်းတွေက အဓိကလမ်းမကြီးတွေဖြစ်ကြပါတယ်။ အဲဒီလမ်းမကြီးတွေပေါ်က သတ်မှတ်ထားတဲ့နေရာတွေမှာမော်တော်ကား တို့ ဆိုင်ကယ်တို့ရပ်တယ်ဆိုရင် ယာဉ်ရပ်နားခကောက်ပါတယ်။ အရင်ကတော့ ဆိုင်ကယ်တစ်စီး တစ်ရာကောက်ပါတယ်။ တကယ်ကောက်ခံတာက မန်းလေးစည်ပင်သာယာကပါ။ ဒါပေမယ့် ပုဂ္ဂလိက ကို ကန်ထရိုက်ပြန်ပေးတယ်လို့ ထင်ပါတယ် ရပ်နားခကောက်ခံသူတွေက ဝန်ထမ်းပုံမပေါက်ဘဲ မိုက်ကယ်ပုံပေါက်နေတာများလို့ပါ။ အဲဒီလမ်းမတန်းမှာရှိတဲ့ စားသောက်ဆိုင် မုန့်ဆိုင် ဘဏ် လက်ဖက်ရည်ဆိုင်တွေမှာလာကြတဲ့သူနဲ့ ကောက်ခံသူကြားမှာ ဒီယာဉ်ရပ်နားခ နဲ့ပါတ်သက်ပြီး မကြာခဏစကားများကြရပါတယ်။ အဲဒီအခါမှာ အချို့သော ဘဏ်တွေ နဲ့ ဆိုင်တွေက ယာဉ်ရပ်နားခကို သူ့တို့ဆီလာတဲ့သူ့ဖောက်သည်က မပေးရအောင်ကြိုတင်လို့ ညှိနိုင်းလို့ဆောင်ပေးလို်က်တော့ အဲဒီနေရာအတွက်က ပြဿနာအေးသွားပါတယ်။ (ဆောင်ထားတဲ့ဆိုင်များကလဲ ဆိုင်လာယာဉ်များအတွက်ရပ်နားခပေးဆောင်ရင်မလိုပါဆိုပြီး စာကပ်ထားတတ်ပါတယ်) ဒါပေမယ့် ယာဉ်ရပ်နားခကို စိုက်မဆောင်တဲ့ဆိုင်အတွက်ကတော့ အဲဒီဆိုင်ကိုလာတဲ့သူနဲ့ကောက်ခံသူကြားမှာပြဿနာကတော့ ဖြစ်မြဲ့ပါဘဲ။ […]


“ မကျစကောင်း ကျစကောင်း” တစ်ရက် ကိုအောင်မောင်းရယ် ကျနော်ရယ် ကိုဆန်းရယ် လက်ဖက်ရည်ဆိုင် အတူထို်င်ဖြစ်ကြပါတယ်။ ကျနော် လက်ဖက်ရည်ဆိုင်ကိုအလာ နေပူပူမှာ မျက်မှန်မတပ်ဘဲဆိုင်ကယ်စီးလာတော့ မျက်စေ့ထဲကိုဖုန်ဝင်တာရော လေတိုးတဲ့အရှိန်နဲ့နေအပူရှိန်ကြောင့်ပါမျက်ရည်ပူတွေကျလာပါတယ်။ ကျနော်မျက်ရည်ကျတာကို လှမ်းကြည့်နေတဲ့ ကိုဆန်းက ပြုံးစေ့စေ့နဲ့ မုတ်ဆိတ်တိုနံ့နံ့ကို ပွတ်နေတာမြင်တော့ သူ့မှာပြောစရာရှိနေပြီဆိုတာကို ကျနော်ရိပ်မ်ိလိုက်ပါတယ်။ သူ့ဘာသာသူဆိုရင် စကားတစ်ခွန်းစဘို့ ခက်ပေမယ့် ပြောပြီဆိုရင် အရှည်ကြီးပြောပြတတ်တဲ့ ကိုဆန်းအကြောင်းကို သိနေတဲ့ကိုအောင်မောင်းက “ကိုဆန်း ဘာတွေများတွေးမိလို့ ပြုံးနေပြန်တာလဲ”လို့မေးလိုက်တော့ ထုံးစံအတိုင်း မေးစေ့လေးကို လက်နဲ့ပွတ်ပြီး “ခင်ဗျားမျက်ရည်ကျတာမြင်တော့ ဒီတစ်ခေါက် ခရီးမှာကြုံခဲ့တာလေးကို သွားသတိရလိုက်လို့ပါ။ ဒီလိုဗျ…………”လို့အစချီပြီး သူ့အတွေ့အကြုံလေးကိုပြောပြပါတော့တယ်။ { ပြီးခဲ့တဲ့လက ကျနော့်ဆရာက အလုပ်တစ်ခုကိုလက်ခံထားလိုက်တယ်။ အလုပ်ကတော့အကြွေးဟောင်းတွေလို်က်တောင်းပေးရတဲ့အလုပ်ဗျ။ ကုမ္ပဏီတစ်ခုက သူတို့ရဲ့နယ်ကုန်သည်တစ်ချို့ဆီက ကုန်ကြွေး မရတာတွေ အတော်လေးများနေတာရယ် ငွေမသွင်းတဲ့ရက်ကြာနေတဲ့ ကုန်သည်တွေလဲ ရှိနေတယ်ဆို […]


နည်ရဲဇော်October 3, 20113min3332
ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။ ၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent […]


blazeOctober 2, 20112min3212
စာသင်သားဘဝမှာ အချိန်ရဲ့အများစုကို စာကျက်မှတ်ခြင်းဖြင့် ကုန်ဆုံးကြရပါသည်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စာကျက်မှ စာမေးပွဲအောင်မည့်အတွက် မဖြစ်မနေကျုံးရုန်းကြရပါသည်။ တစ်ခါတစ်လေ စာမေးပွဲကျသည့်အခါ၊ ဒါမှမဟုတ် အမှတ်နည်းသည့်အခါမျိုးတွင် လူကြီးမိဘတွေက “ကျမှာပေါ့ စာ မှ မကျက်ဘဲကိုး။´´ ဟုကြိမ်းမောင်းခံရသည်။ တစ်ချို့တွေက လည်းပြောကြသည်။ “ကျွန်မကတော့ ကျက်တာပဲ။ ဉာဏ်က သိပ်မကောင်းတော့ ကျက်သမျှ မမှတ်မိဘူး။ ´´ “စာမေးပွဲခန်းထဲရောက် သွားတော့ ကျက်ထားတာတွေမေ့ကုန်ရော။ ´´ မှတ်ဉာဏ်ဆိုသည့်အရာကို ကျွန်တော်တို့က သဘာဝတရားကြီးနှင့်ရောထွေးထားတတ်သည်။ မွေးကတည်းက ပါလာသည့်အရာတစ်ခု၊ မိမိပြုပြင်ဖန်တီးဖို့ တတ်စွမ်းနိုင်သည့်အရာမဟုတ်ဟု တွေးထင်တတ်ကြသည်။ ဒါကြောင့်လည်း“သူကတော့ ဉာဏ်ကောင်းတယ်။ ကျက်သမျှ အကုန်မှတ်မိတယ်။ ဒီကလေးကတော့ ခပ်ထုံထုံထဲကပါ။ ဘယ်လောက်ကျက်ကျက် စာမေးလိုက်ရင်မရဘူး´´ဟူသည့် မှတ်ချက်တွေ မကြာခဏကြားနေရတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကလေးတွေကိုစာသင်သည့်အခါ မကြာခဏ ထိုကလေးမျိုးကိုတွေ့ရတတ်သည်။ တစ်ခါတစ်ခါ […]


“တစ်စေ့ တစ်ဆုပ် တစ်မှုတ်တစ်ခွက်” တစ်ရက် ကျနော်အလှူတစ်ခုရောက်တဲ့အချိန်က ဧည့်သည်တွေအတော်လေးကို စည်ကားတဲ့အချိန်လေးဖြစ်နေပါတယ်။ ကျနော်ကလည်း ဒီပြင်ဆွမ်းကျွေးတစ်ခုကို ဝင်နေရသေးတော့ အရောက်နောက်ကျပါတယ်။ အဲတော့လည်း ခါတိုင်းလို ကိုယ့်မိတ်ဆွေတွေရှိတဲ့နေရာကိုတကူးတကလိုက်ရှာမနေနိုင်ဘဲကြုံတဲ့လွတ်နဲ့နေရမှာ ဝင်ထိုင်လိုက်ရပါတယ်။ ကျွန်နော်နဲ့အတူထိုင်ဖြစ်တဲ့သူတွေက ယူနီဖောင်းလေးတွေနဲ့ဆိုတော့ပုဂ္ဂလိကလုပ်ငန်းကဝန်ထမ်းလေးတွေဖြစ်မယ်လို့ဘဲထင်မိပါတယ်။ သူတို့အထဲက နည်းနည်းလေးသွက်လဲသွက်တဲ့ကလေးမလေးက ထမင်းအုပ်ထဲက ဒါန်ပေါက်တွေကို သူနဲ့အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ ပုဂံထဲကိုလိုက်ထည့်ပေးနေပါတယ်။ ပန်းကန်ထဲကို အပြည့်အမောက်ကြီးထည့်ပေးတာပါ။ တစ်ချို့ကလေးက” မကုန်လောက်ဘူးနော် လျှော့အုံး”လို့ပြောတာတောင် သူက ခပ်တည်တည်ပါဘဲ။ တကယ်တမ်းစားတော့လဲ မကုန်တဲ့သူတွေကများပါတယ်။ ဒန်ပေါက်ဆိုတာ နဂိုရ်ကထည်းက အီတဲ့အမျိုး တော်ရုံလူအများကြီးမစားနိုင်တဲ့ အစားအစာကိုးဗျ။ အဲတော့ သူတို့ကုန်အောင်မစားခဲ့တဲ့ ဒါန်ပေါက်တွေက ပုဂံထဲမှာ ပိုးလိုးပက်လက်နဲ့ကျန်နေခဲ့ပါတယ်။ စားသောက်ပြီးတော့အအီပြေသောက်ရအောင်ချထားပေးတဲ့ လိမ္မော်ရည် ကျပြန်တော့လဲ အရင်အတိုင်း။ ခွက်တွေထဲကို အပြည့်ထည့် မသောက်နိုင်တော့ တစ်ဝက်တစ်ပျက်နဲ့ ခွက်တိုင်းနီးပါးလောက်ကျန်နေတာပါ။ ကျနော်မှာအလှူ့ရှင်အစား ကြားထဲကနှမျောနေမိပါတယ်။ နောက်နေ့မနက်ရုံးရောက်တော့ […]


thit minSeptember 29, 20111min85619
လူမှုရေးနယ်ပယ်တွင်လိုက်လျှောညီထွေပေါင်းသင်းပြီး၊ အလိုက်အထိုက်နေလေ့ရှိသောကျနော်သည်လူမှုရေးကောင်းသည်ဟူ ပြောရန်မဝံ့ရဲသော်လည်းလူမှုရေးညံ့သူမဟုတ်သည်ကိုတော့ရဲဝံ့စွာအာမခံနိုင်ပါသည်။ သို့သော် ကျနော် “ကြောင်မှုရေး”တွင်ကားလွန်စွာညံ့ကြောင်းဝန်ခံရပေမည်။ နားရှုပ်သွားပါသလား? ရှင်းပါမည်။ လူ့လောကအသိုင်းအဝိုင်းတွင်ကိုယ်နဲ့အယူအဆမတူသူများနှင့်ပြောဆိုငြင်းခုံကြရသည်မှာသဘာဝပင်ဖြစ်သည်။ ဘွဲ့လွန်သင်တန်းများ၏ဆီမီနာများ၊ (Academic meeting)အကယ်ဒမစ်မီတင်များ၊ ရှေ့နေများ၏အချေအတင်ပြောဆိုငြင်းခုန် ဆွေးနွေးကြသည်မှာရန်ဖြစ်တော့မည်ထင်ရလောက်အောင်ဖြစ်တာမျိုးပင်ရှိသည် လွှတ်တော်အစည်းအဝေးများတွင်ထရိုက်ကြ ထထိုးကြ၍ပွဲဆူကုန်သည်မျိုးလည်းသတင်းများတွင်တွေ့ဘူးသည်။ အစည်းအဝေးခန်းများတွင်ဘဲဥပုံဒါမှမဟုတ်လေးထောင့်စပ်စပ်စားပွဲများခင်းထားရခြင်းမှာတယောက်နှင့် တယောက်ထမဌိုးနိုင်ရန်ဖြစ်သည်ဟုဆရာမောင်စူးစမ်း၏ စာတပုဒ်တွင်ဖတ်ဖူးသည်။ မည်သို့ပင်ဆိုစေကာမှုလူအချင်းချင်းဖြစ်၍အယူအဆမတူငြင်းခုန်မှုလောက်နဲ့တော့အခင်မင်မပျက်နေနိုင်ကြပါသည်။ အငြိုးအတေးအာဃာတရှိသည်ဆိုဦးတော့မိမိကိုယ်တိုင်ဝန်ချတောင်းပန်မှုဒါမှမဟုတ်ကြားဝင်ဖြန်ဖြေပေးမှုနှင့်ပြေလည်သွားနိုင်ပါသည်။ ကျနော့မှာကား အကြောင်းတိုက်ဆိုင်၍နိုင်ငံရပ်ခြားသို့ရောက်ခဲ့ရသည်။ စရောက်ခါစဖြစ်သဖြင့်အားလပ်ချိန်မျကြည်(TV) ကြည့်သည်ကများသည်။ တနေ့(TV)အစီအစဉ်တခုမှကြောင်လေကြောင်လွင့်များအ ကြောင်းပြသည်။ (Narrator)သတင်းနောက်ခံပြောသူကလဲအပြောကောင်းလှသည်။ ဤနိုင်ငံတွင်ကြောင်လေကြောင်လွင့်တသိန်း ခွဲခန့်ရှိမည်ဟုခန့်မှန်းကြောင်းဆိုပါသည်။ သူတို့၏နေထိုင်သွားလာပုံကိုတင်ပြသောမှတ်တမ်းရုပ်ရှင်ကိုပြပါသည်။ ဘော့စ်ဟု (Narrator)ကနာမည်ပေးထားသောကြောင်လေကြောင်လွင့်တကောင်၏နယ်မြေသတ်မှတ်ပိုင်ဆိုင်ပုံ၊ မယားယူထားပုံ၊ ကြောင်တို့၏ အသက်၁၅နှစ်ဆိုသည်မှာလူသားတို့၏အသက်၆၀ ကျော်အရွယ်နှင့်အတူတူဟုယူဆနိုင်ပုံ၊ စသဖြင့်စိတ်ဝင်စားစရာကောင်းလှသည်။ ဤသို့နှင့်သထိထားကြည့်မိတော့မိမိနေသောအိမ်နားတွင်လည်းကြောင်လေကြောင်လွင့်များစွာရှိကြောင်းတွေ့ရသည်။ တပတ်နှစ်ကြိမ်အမှိုက်သိမ်းစံနစ်အရတညကြိုပစ်ထားကြသောအမှိုက်ကန်လေးထဲမှ အမှိုက်တို့ကိုမွှေနှောက်ရှာဖွေစားသောက်နေ ကြသောကြောင်အများအပြားတွေ့ရသဖြင့်စိတ်တွင်အကြံတခုဖြစ်မိသည်။ စူပါမားကက်များတွင်ကြောင်စာအိတ်များတွေ့ဖူးသည်။ အဲဒါဝယ်ကြွေးရလျှင်သူတို့လဲစားရမည်၊ အမှိုက်တွေလဲမပွနိုင်တော့ဟုစဉ်းစားမိသည်။ သို့နှင့်မိမိနေသောအခန်းက၂ ထပ်၏ကော်ရစ်ဒါထောင့် ဆုံးဖြစ်နေ၍အဆင်ပြေစွာပင်ကြောင်စာခွက်၊ ရေခွက်များချပြီးမနက်တကြိမ်၊ ညအိမ်ပြန်လာချိန်တကြိမ်အစာထဲ့ရေထဲ့ကြွေးဖြစ်တော့သည်။ ဤအိမ်တွင်(၁၂) နှစ်ကျော်နေခဲ့သဖြင့် ၁၂ နှစ် ဤအလှူခံပုဂ္ဂိုလ်တို့အားဒါနပြုခဲ့သည်။ ကြောင်များအားလုံးလာစားပုံရပါသည်။ […]


ငွက္ကေလးSeptember 29, 20111min3576
လေးထောင့်မှန်ပုံးထဲတွင် ငါးကလေးများကူးခတ်နေကြသည်။ ထို့ကြောင့် ကမာ္ဘကြီးလုံးနေမှန်း သူတို့သိမည် မထင်ပါ။ ခြေလေးချောင်းသတ္တဝါများနှင့် တောင်ပံပါသောငှက်များ အကြောင်းကိုလည်း သူတို့ယောင်လို့တောင် စဉ်းစားမိကြလိမ့်မည် မဟုတ်။ မိုးမျှော်တိုက်ကြီးများနှင့် ကားတဝီဝီအကြား၊ စိမ်းလန်းသော တောင်တန်းကြီးများ နှင့် နေရှိန်ပြင်းသည့် ကနာ္တရတို့ကိုလည်း သူတို့အလည်အပတ်ရောက်ရှိရန် ဖြစ်နိုင်မည်မထင်ပါ။ ဤသည်မှာ ကျွန်တော်၏ အိမ်တွင် မွေးထားသောငါးကလေးများ အကြောင်းဖြစ်ပါသည်။ သူတို့သည် အဓိပ္ပာယ်မဲ့သော လုပ်ရပ်အချို့ကိုလည်း တစ်ခါတစ်ရံလုပ်တက်သေးသည်။ ကန်ရေလဲရန်အကြံ နှင့် သူတို့ကိုပုံးထဲထဲ့ရန် ဖမ်းသောအခါ အမြဲထွက်ပြေးနေတက်သည်။ ငါးဖမ်းဇကာလေးထဲမှလည်း တစ်ခါတစ်လေ ခုန်ခုန်ထွက်တက် သေးသည်။ ခုန်ထွက်လို့ကြမ်းပြင်ပေါ်ကျလျှင် ခေါင်းမူးပြီး အီစလံဝေရုံသာ ရှိမည်ကို ၎င်းတို့တွေးမိကြ ဟန်မတူချေ။ သူတို့သည် အိမ်ဧည့်ခန်းထဲတွင် အလှပြရုံ၊ အဖျော်ဖြေခံ သက်သက်မျှသာဖြစ်သည်။ သူတို့သည် ပညာသင်၍စာကျက်ရန်မလိုသလို၊ တီထွင်ကြံစမှု့ပြုရန်လည်း တာဝန်မရှိပါ။ ကမာ္ဘကြီးကိုကယ်တင်ရန် […]


manawphyulaySeptember 29, 20111min4519
လူသားတစ်ယောက်သည် မွေးဖွားသည့်အချိန်မှစပြီး ရွေးချယ်၍ ရနိုင်သည့်အရာနှင့် ရွေးချယ်၍ မရနိုင်သည့် အရာတို့က တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဟု ဆိုနိုင်ပါသည်။ ရွေးချယ်၍ မရနိုင်သော အရာကတော့ လူတစ်ယောက်ရဲ့ ရုပ်ရည်အဆင်းသဏ္ဌာန်ပင်ဖြစ်ပါသည်။ မည်သူမဆို ရုပ်ရည်ရူပကာ လှပချင်ပါသော်လည်း ထိုမိမိမွေးရာပါ အကောင်း ပကတိရုပ်ရည်ရူပကာအား ရွေးချယ်ပိုင်ခွင့်မရှိချေ။ တချို့က ပြောကြမည် ပလတ်စတစ်ဆာဂျီ လုပ်ရင် ရတာပဲလို့ ဆိုချင်ဆိုကြမည်။ ထိုကြောင့် အကောင်းပကတိလို့ သုံးနှုန်းထားခြင်းဖြစ်ပါသည်။ မိခင် ဖခင်တို့၏ မျိုးရိုးဗီဇအရ အသားအရေ မည်းခြင်း၊ ဖြူခြင်းရှိနိုင်သည်။ သို့သော် ရုပ်ဆင်းရူပကာမှာ လှချင်မှ လှမည်၊ ရုပ်ဆိုးချင်လည်း ဆိုးနိုင်ပေသည်။ မည်သည့်နည်းနှင့်မျှ ရွေးချယ်၍ မရနိုင်ချေ။ ကိုယ်လက်အင်္ဂါ မပြည့်မစုံနှင့် မွေးဖွားလာသည့်ကလေးများပင် အနမတဂ္ဂရှိပေသည်။ တစ်ဖန် ရုပ်ဆင်းရူပကာလှသည့် ကလေးဖြစ်စေ၊ မလှသည့်ဖြစ်စေ ထိုကလေးအဖို့ […]


နွယ်ပင်September 28, 20111min47410
လင်းနေ ကြယ်ဖြူနဲ့ တွေ့တဲ့အချိန်မှာတော့ သူထင်ထားသလို ကြယ်ဖြူက မှားမှန်းသိလို့ နောင်တရမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက် အကြောင်းကို အဆုံးသတ်ဖို့ ချိန်းတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်းနေအတွက် လုံးဝမမျှော်လင့်တဲ့ စကားတစ်ခွန်းကို ကြယ်ဖြူကပြောလိုက်တာပဲလေ ။ ဒီစကားဆိုတာ သူတို့နှစ်ယောက်အတွက်တော့ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးလို့ လင်းနေက ယူဆတယ် ။ဒါကြောင့် အရင်ကလို ကြယ်ဖြူက သူ့ကိုစိတ်ကောက်လို ပြောတာပဲလို့ တွေးပြီး ကြယ်ဖြူပြောတာကို မကြားသလိုလုပ်လို့ ကြယ်ဖြူကို ချော့ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် ကြယ်ဖြူမျက်နှာကတော့ အေးစက်လို့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ ဒီအချိန်မှာပဲ လင်းနေတစ်ယောက် ကြယ်ဖြူ တစ်ကယ်ပြောနေတယ်ဆိုတာကို သိလိုက်ရတယ် လင်းနေအတွက် ဘယ်လိုမှ မဖြစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကြယ်ဖြူကို ဖျောင်းဖျလို့ မဖြစ်နိုင်ဘူးဆိုတာကိုပဲ အတွင်တွင်ပြောနေမိတယ် […]


naywoon niSeptember 27, 20111min3685
မဆုံးတဲ့….သီချင်း—၃၂ “ ကျောင်းအပ်မှာဆို မနက်မှလာတော့ လာ လ္ဘက်ရည်သောက်ရအောင်” လို့ပြောပြီး ကောင်မလေးသုံးယောက်ကို လမ်းတစ်ဘက်က စမ်းသီတာ လ္ဘက်ရည်ဆိုင်ကို ခေါ်လာခဲ့တယ်..။ စောစောက စတဲ့ ကောင်မလေးက သဲသဲတဲ့ လေ…။ လ္ဘက်ရည်ဆိုင်ရောက်တော့ မိမာက တစ်စခန်းထပါတော့တယ်..။ “ ဟဲ့ …။ သဲသဲ ရဲ့ နေဝန်းက ငါ့ရဲ့ သူငယ်ချင်းပဲ..။ ဒီထက်မပိုဘူး..။ နင်ကြိုက်ရင်ကြိုက်လိုက်” တဲ့…။ ကောင်မလေးက ရယ်ကျဲကျဲ ပဲ..။ အပြုံးမပျက်ဘူး..။ နေဝန်းနီ ဘက်ကိုလှည့်ပြီး…။ “ ဟုတ်သားပဲ.. ကိုနေဝန်းကြီးက လာရင်း မူးမူးလာတာကိုးဗျ …။ ဟိုက စိတ်ညစ်မှာပေါ့…။” ဆက်စနေသေးတယ်..။ မိမာက “ ဟာ….. ဒီ သဲ စုတ်ပလုပ်မလေးကတော့……။ သူကငါ့ သူငယ်ချင်း..။ သူ့ဖာသာ […]


koyin sithuSeptember 27, 20111min3652
ပြာရီမှုံမှိုင်းနေသော မိုးတိမ်တိုက်ကြီးတစ်ခုအောက်တွင် နောက်ဆုံးတစ်ဖွာကို ရှူရှိူက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက်ေ ကျွန်တော်က စီးကရက်ကို လက်ခလယ်နှင့် ကော်ထုတ်လိုက်သည်။ မိုးရေစက်များ ဖွဲဖွဲကျလာနိုင်သည်ဟု တွေးလိုက်မိပြီး ရင်ခုန်မိသွား၏။ ရန်ကုန်သည် သူမ တစ်ခုခုကို နားကျဉ်းရမည်ဆိုလျှင် ဘာကို ရွေးချယ်နာကျဉ်းမလဲဆိုတာ ကျွန်တော် သိချင်နေသည်။ သဘာဝတရားဟာ အချက်အလက် မခိုင်လုံ၊ မပြည့်စုံဘဲနှင့် သွေဖည်နေတတ်တာလည်း ကျွန်တော်အသိ။ ကျပ်ကျပ်ညှပ်ညှပ် ဒီဦးခေါင်းခွံထဲမှာ ကြီးထွားလာနေတဲ့ ဦးနှောက်ကြီးကို ဘယ်လိုလုပ်ရမယ် ကျွန်တော်မသိပါ။ ဘလော့ဂါတွေ စတင်ခဲ့တဲ့ ဘလော့ဂင်းအတတ်နဲ့ ကျွန်တော့် ပို့စ်လေးတွေ နေသားကျလာတော့မှ ကျွန်တော်နည်းနည်းအသက်ရှူချောင်လာ၏။ ကျွန်တော့် တောင်တန်းတွေဟာလည်း ဒီလိုနဲ့ တဖြည်းဖြည်း ပြာမှိုင်းနေတတ်ခဲ့ပါပြီ။ အထက်တန်းကျောင်းသားဘဝက ကျွန်တော့် မျက်စိရှေ့မှာပင် တဖြည်းဖြည်းလှလာသော သူငယ်ချင်း ကောင်မလေးကို ကျွန်တော်က ဖြူစင်မြဲ ဖြူစင်နေအောင် […]