နွယ်ပင်September 27, 20111min59311
ဒါပေမယ့် ဘယ်အရာမှ ကြာကြာဖုံးကွယ်လို့ မရတဲ့ လောကသဘာဝအရာ လင်းနေတစ်ယောက် ကြယ်ဖြူကောင်လေးနဲ့ တွဲနေကြတာကို သိသွားခဲ့တယ် ။ ဒီတစ်ခါမှာတော့ လင်းနေက ကြယ်ဖြူကိုတော်တော်လေးကို စိတ်တွေဆိုးသွားခဲ့တယ် ။ ကြယ်ဖြူအပေါ် ဒီလောက်နားလည် ပေးခဲ့တာ အကြင်နာပိုခဲ့ရတာ သူမမျက်နှာကို မှန်လိုကြည့်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့ ရတာတွေအတွက် သူပြန်ရလိုက်တာက ဒီလိုပုံစံမျိုးလားဆိုပြီး စိတ်ထဲမှာ တော်တော်လေး ခံစားနေရတယ် ။ ကြယ်ဖြူရဲ့ ယုံအောင်ပြောတက်တဲ့ ပုံပြင်တွေကို မယုံတော့ဘူးလို့လဲ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် ကြယ်ဖြူပဲဟာ ခေသူမှမဟုတ်တာ အရင်က လင်းနေကို နာရီဝက်လောက် ချော့ရရင် အခု (15) မိနစ်လောက်ပိုချော့လိုက်ရတယ် ။ ဆိုတဲ့သဘောမျိုးပဲပေါ့ နောက်ဆုံးတော့ နင်ငါ့ကိုတစ်နေ့ပိုင်ဆိုင်မယ် ဆိုတာ ကျိန်းသေနေတာပဲ ဆိုတဲ့စကားတစ်ခွန်း နဲ့ လင်းနေအလျှော့ပေးခဲ့ရတယ် […]


koyin sithuSeptember 26, 20111min3508
ချစ်သူ… လူတစ်ယောက်ဟာ ပန်းတစ်ပွင့်မဟုတ်နိုင်ဘူး၊ သို့ပေမဲ့ မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခုမဟုတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့နှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့ မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။ ချစ်သူ … အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောကရောက်နေပါရဲ့ ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာမြင်နိုင်ခဲ့ရဲ့။ လူအဖွဲ့အစည်းတစ်ခုကို ပေါင်းကူးဆက်သွယ်ဖို့လည်း အချစ်က မွေးဖွားမလာနိုင်ဘူး။ နားလည် လိုက်လျောမှု တစ်ခုတည်းနဲ့လည်း အချစ်က မွေးမဖွားလာနိုင်ဘူး။ […]

305-w3-600x450.jpg

နွယ်ပင်September 26, 20111min3375
ဇာတ်လမ်းရဲ့အလယ် တစ်နေ့ကြယ်ဖြူတစ်ယောက် သူ့သူငယ်ချင်း မျိုးမျိုးတို့အိမ်က အလှူကိုသွားခဲ့တယ် လင်းနေကိုပါဖိတ်ပင်မဲ့ လင်းနေက သူ့အိမ်ကိစ္စတစ်ခုနဲ့ အလုပ်များနေတာနဲ့ အလှူကို ကြယ်ဖြူနဲ့ အတူတူလိုက်မသွားနိုင်ရှာဘူး ။ အဲဒီအချိန်မှာ မျိုးမျိုးမောင်လေး စိုးမိုးရဲ့ သူငယ်ချင်းအုပ်စုကလည်း ရောက်နေတယ် ။ အဲဒီကောင်လေးအုပ်စုထဲမှာ ကြယ်ဖြူသတိထားမိသွားတာက အရပ်ရှည်ရှည် အသားဖြူဖြူ မျက်ခုံးနက်နက်ကလေးနဲ့ စကားပြောရင် ပြုံးပြီးပြောတက်တဲ့ ခပ်ချောချောကောင်လေး တစ်ယောက် ။ ကောင်လေးရဲ့နာမည်က မင်းငယ် ၊သူကအေးဆေးတယ် တည်ငြိမ်တယ် ၊ လူကြီးဆန်တဲ့ပုံစံလေးနဲ့ နောက်ကောင်လေးက ပြင်ဦးလွင်က ပြောင်းလာတာမကြာ သေးဘူး ။ ကောင်လေးကလည်း ကြယ်ဖြူကို သတိထားမိတယ် ၊ ဒီအစ်မကြီး မိုက်တယ်ပေါ့ ချစ်စရာကောင်းတယ်ဆိုပြီး ကြည့်နေတယ် နောက်တော့ စိုးမိုးကို အကူအညီတောင်းပြီး ကြယ်ဖြူနဲ့ မိတ်ဆက်ခိုင်းတယ် ဒီလိုနဲ့ နှစ်ယောက်သားခင်သွားကြတယ် […]

305-w2-600x450.jpg

နွယ်ပင်September 26, 20111min4779
ဇာတ်လမ်းရဲ့အစ ကောင်မလေးရဲ့ နာမည်က ကြယ်ဖြူ အသက်က (20) စွန်းစွန်း ပုံစံလေးက အခုခေတ် ကောင်မလေး တွေရဲ့ ပုံစံအပြည့် ၊ သွက်သွက်လက်လက် စကားပြောဟန်လေး နဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးနဲ့ ဝတ်တက်စားတက်ဆိုတော့ ကောင်လေးတွေကြားမှာ ပေါ်ပြူလာဖြစ်နေသူတစ်ယောက်ပေါ့ ။ နောက်တစ်ခု ကြယ်ဖြူရဲ့ ထူးခြားချက်က ရည်းစားတွေ ထည်လဲတွဲတက်တာပေါ့ ။ ကြယ်ဖြူက ရည်းစားများသလောက် အပြောလဲကောင်းတဲ့အတွက် သူ့ရဲ့ရည်းစားတွေအများကြီးက သူမပွေရှုပ်တဲ့ အကြောင်းကို ဘယ်သူမှမသိကြဘူး ။ ဒီအထဲ့မှ ကြယ်ဖြူ သံယောဇဉ်အရှိဆုံးတစ်ယောက်က လင်းနေ ။ ဒီကောင်လေးကလဲ ခေသူတော့ မဟုတ်ဘူး ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်အပြောအဆိုနဲ့ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ပေါ်ပြူလာဖြစ်သူ ကောင်လေးတစ်ယောက်ပေါ့ ။ ကြယ်ဖြူက သူမရဲ့ရည်းစားတွေ အများကြီးထဲကမှ […]


သူကျောင်းပြန်တက်နိုင်ပြီ။ ကျောင်းပြန်တက်တဲ့နေ့မှာပဲ အံ့ဩစရာတွေက သူ့ကိုတန်းစီကြိုလင့်နေတယ်။ လွင်ဦးက ကျောင်းပြန်တက်နိုင်ပြီ။ ဒီကောင်က ခုမှ တော်တော်လေးစကားနည်းသွားတယ်လို့ သူထင်တယ်။ လွင်ဦးကိုတွေ့တော့ သူပျော်ပါတယ်။ ဒီကောင် ဒီလိုပုံပြန်ဖြစ်လာတယ်ဆိုတာ ယုံတောင်မယုံဘူး။ ဒီနေ့အဖို့ ဖိုးကျော့နဲ့ ဖိုးလွင်ကိုလည်းမမြင်မိပါလား။  သူကျောင်းမတက်နိုင်တဲ့ တစ်ပတ်အတွင်းမှာ ဘာတွေပြောင်းလဲပြီလဲ။ ကျောင်းခန်းဘက်ကို လွင်ဦးနဲ့အတူ လှည့်လာခဲ့တယ်။ အခန်းဝရံတာမှာ မိမိရယ် မီကျော်ရယ်ရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲနေကြတဲ့ သာလိကာမကို ဒီတစ်ခါပဲ တိတ်တိတ်ဆိတ်ဆိတ် နေတာ သူမြင်ဖူးတယ်။ “နင်တို့ဘာလုပ်နေတာလဲ ဟိုနှစ်ကောင်မရောက်သေးဘူးလား” မိမိနဲ့မီကျော်က သူ့အမေးကိုမဖြေပါဘူး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေကြတယ်။ “ဟင် ဟိုနှစ်ကောင်ကို ဝင်မခေါ်ခဲ့ဘူးလား လွင်ဦး” လွင်ဦးကလည်း သူ့အမေးကို မဖြေပါဘူး။သူ စိတ်ထဲမှာ တစ်ခုခုကို သိချင်လာတယ်။ “ဖြေကြလေ ဟာ နင်တို့သုံးယောက်ဘာဖြစ်နေတာလဲ ပြောကြလေ” မိမိနဲ့ […]


blazeSeptember 25, 20111min44611
ယခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ်ရေးသားလာခဲ့တဲ့ ဧရာဝတီ အကြောင်းအရာနှင့် ပတ်သက်လို့ ကျနော်လဲ ရှုဒေါင့် တနေရာ ကနေ ပါဝင်ဆွေးနွေး ပါရစေ၊ဟိုးအရင် မဆလခေတ်နှောင်းပိုင်း ကာလ လူငယ်အပေါင်းအသင်းတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး သီးချင်းတပုဒ်၊ အကြောင်းအရာတခု၊ (သို့) အချစ်ရေးရာကိစ္စတခုအပေါ် စိတ်တူကိုယ်တူ သဘောတူစွာနဲ့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောဆိုတိုင်ပင်တဲ့ ပုံစံလေးပေါ့ဗျာ၊… ဖော်ပြပြီးခဲ့တဲ့ ဧရာဝတီဆောင်းပါးတွေနဲ့ပတ်သက်လို့ တော့ အချက်အလက်အရကော အကြောင်းအကျိုးအရတွေပါ ဘာမှပြောစရာ ထောက်ပြစရာမရှိအောင် ပြီးပြည့်စုံပါတယ်။ဧရာဝတီကို ခံစားမှုအမျိုးမျိုးနဲ့ ရင်နင့်အမျှ ခံစားချက်ရှိသူများလို ကျနော်လဲဘဲ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းနဲ့ ရင်ခုန်ခဲ့ဘူးပါတယ် တချိန်တုန်းကပေါ့ဗျာ၊. အဲ့ဒီလို ပြည့်ပြည့်စုံစုံ အချက်အလက်ပေါင်းစုံနဲ့ ထောက်ပြကန့်ကွက်နေတာကို ကျနော်က အချိန်တိုကာလ အတွင်းဖြတ်သန်း ခဲ့ဖူးတဲ့ တရားဥပဒေလမ်းကြောင်း ဖက်ကနေ စိုးရိမ်စိတ်ကလေးတခုနဲ့ ဆွေးနွေးချင်တဲ့သဘောပါ ။နက်နဲရှုပ်ထွေးတဲ့ ဥပဒေအသုံးအနှုန်းတွေ […]


ကြောင်လေးSeptember 24, 20111min2330
တလောတုန်းက ရွာထဲလျှေက်ကြည့်ရင်း ဂွေးကြီးဆရာတော်အကြောင်းလေးဖတ်လိုက်ရတယ်။ ဒီအဖြစ်မျိုးကျွန်တော်တို့နယ်ဘက်မှာလည်းရှိပါတယ်။  ပုံပြင်မဟုတ်ပါ၊တကယ်ရှိတာပါ။ မြို့ပေါ်က ဆရာမလေးတစ်ယောက်   တောရွာတစ်ရွာကိုတာဝန်ကျပါတယ်၊အဲဒီရွာလေးကိုမော်တော်  ၃  နာရီလောက်စီးသွားရပါတယ်။ သူက တစ်ပတ်တစ်ခါမြို့ပြန်တတ်ပါတယ်။တစ်လလောက်ကြာတော့မြို့နယ်ပညာရေးမှူးထံလာပြီး ကျွန်မဒီရွာမှာမလုပ်ချင်တော့ဘူး ၊ရွာပြောင်းပေးပါ၊  မပေးရင်ကျွန်မ  အလုပ်ထွက်တော့မယ်လို့ ငိုယိုပြီးပြောပါတယ်။ပညာရေးမှူးလည်းဆရာမရှားနေတဲ့အချိန်ဆိုတော့ ပြောင်းပေးလိုက်ပါတယ်။ ဘာကြောင့်ပြောင်းတာလဲဆိုတော့ သူဆင်းရမဲ့ရွာနားကိုရောက်ရင်မော်တော်သမားက “နောက်ဖေးကုန်းဆရာမ ရွာရောက်တော့မယ်…ဆင်းဖို့အသင့်ပြင်ထားပါ“လို့ထပ်ကာတလဲလဲအော်လို့ပါတဲ့။ ရွာနာမည်က နောက်ဖေးကုန်း ပါ။ ဒီလိုနဲ့လကုန်လို့ ပညာရေးမှူးရုံးမှာလစာထုတ်တဲ့အချိန်ရောက်တော့၊အဲဒီဆရာမနောက်ရောက်သွားတဲ့ရွာကကျောင်းအုပ်က ပညာရေးမှူးကို အစီရင်ခံစာတင်ပါတယ်။ဆရာမဟာ ၂ ပတ်ထဲပဲကျောင်းတက်ပြီးနောက်မတက်တော့တဲ့အကြောင်းပါ။ ပညာရေးမှူးလည်း ဆရာမလေးရဲ့လိပ်စာအတိုင်းလိုက်၊မိဘတွေနဲ့တွေ့ပြောတဲ့အခါမိဘတွေက သမီးလည်းအရမ်းစိတ်ဆင်းရဲနေတယ်။သူ့သဘောပါပဲ၊သူအလုပ်ကထွက်ရင်ထွက်ပါစေတော့လို့ပြောပါတယ်။ ဒါနဲ့ပညာရေးမှူးလည်းမြို့နဲ့  ၂   မိုင်ခွဲလောက်ပဲဝေးတဲ့ရွာက ကျောင်းဆရာတစ်ယောက်နဲ့ချိန်းပေးလိုက်ရပါတယ်။ ကျောင်းဆရာဆိုတော့သိပ်ပြဿနာ မရှိနိုင်ဘူးပေါ့။ ဘာကြောင့်ပြောင်းပေးလိုက်ရသလဲဆိုရင် ဆရာမလေးနောက်ရောက်သွားတဲ့နေရာကလည်းမော်တော်နဲ့သွားရတာပါပဲ။ ရွာနားရောက်တော့ မော်တော်သမားတို့ရဲ့ထုံးစံအတိုင်း တကြော်ကြော်အော်လိုက်တာက “နောက်ဖေးကုန်း အဝပြဲဆရာမ ဆင်းဖို့အသင့်ပြင်ထားပါ“လို့အော်ပါတယ်တဲ့။ သူနောက်ရောက်သွားတဲ့ရွာနာမည်က အဝပြဲရွာ  ပါ။ ဇာတ်လမ်းကဒီမှာမရပ်ပါဘူး၊ဆရာမလေးကတော့ အဆင်ပြေသွားပါတယ်။ အဆင်မပြေတာက ဆရာလေးပါ။ […]


ရုတ်တရက် လွင်ဦးက သူ့ညီလေးကို ဆွဲခေါ်ပြီး ကျင်းထဲခုန်ချသွားတော့ အားလုံးကြောင်ကုန်တယ်။ ဟင်..ဟာဆိုပြီ အော်လိုက်သံတွေဟာ သင်းချိုင်းထဲမှာ ပျံ့နှံ့လို့။ သူလည်း ရုတ်တရက် ဘာမှန်းမသိလိုက်ပါပဲ  ဘာမှမလုပ်နိုင်အောင် ဆွံ့အ ထိန့်လန့်သွားတယ်။ “ဟ လုပ်ကြပါဟ…ကောင်လေးတော့ မလုပ်ကောင်းတာတွေလုပ်ကုန်ပြီ…..ဆွဲတင်ပါ…ဟ” “ဟုတ်တယ် လုပ်ကြပါဟ…..ဆွဲတင် ကောင်လေးနှစ်ယောက်လုံးကို အရင်ဆွဲတင်ကြပါ..” “ဘုရား ဘုရား ဘယ်လို ကောင်လေးတွေပါလိမ့်…..မကြောက်မရွံ့ ” ဝိုင်းကြည့်နေကြတဲ့ လူတွေဆီက တစ်ယောက်တစ်ပေါက်ထွက်လာသံတွေက သောသောညံနေတယ်။သူ  ကျင်းနားထိပြေးသွားလိုက်တယ်။ လွင်ဦးနဲ့ သူ့ညီလေးကို အပေါ်ဆွဲတင်ပြီးတော့ အပေါ်ရောက်တဲ့အခါ ရေတိုက်သူက တိုက်။ ယပ်ခတ်ပေးသူကပေးနဲ့ အခေါင်းကိုမြေမဖို့အားသေးဘူး။ လွင်ဦးတို့ညီအစ်ကိုကို လူကြီးတစ်ချို့က ပွေ့ခေါ်သွားကြတယ်။ ကောင်မလေးနဲ့ မိမိက မျက်လုံးကြီးပြူးပြီး ကြောင်နေကြတုန်း။ လိုက်ပို့ကြတဲ့ ကျောင်းသားတွေရော ကျောင်းသူတွေရော ဘာသံမှ မကြားရဘူး။ အရပ်ထဲကလူတွေကတော့ လွင်ဦးတို့ […]


koyin sithuSeptember 23, 20111min66116
ကျွန်တော်သည် ပြာလွင့်နေသော မိုးတိမ်များကို ငေးကြည့်နေရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံ ကာကွယ်နေရလေ၏။ ဒုက္ခဆန်သော ကျွန်တော့် နံနက်ခင်းတွေကို အလင်းထွန်းညှိပေးဖို့ ဘာဘီအရုပ်မလေးနှင့် တူသော ချစ်စရာကောင်းသော သူမသည် ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။ ရင်းနှီးခင်မင် ချစ်ခင်မှုများက ကျွန်တော့်တို့ နှစ်ယောက်အကြားကို အခိုင်အမာ ရစ်ပတ်ချည်နှောင်ခဲ့ပေမယ့် မသမာသူ ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ဟိုလိုလို၊ ဒီလိုလို လုပ်ခဲ့တဲ့အတွက် ကျွန်တော့်တို့ရဲ့ ဆက်ဆံရေးဟာ ယခုအချိန် ပျက်စီးခဲ့ရပါပြီ။ အချိန်အတော်အတန် ကြာမြင့်ခဲ့ပေမဲ့ သူမအကြောင်း စဉ်းစားမိလျှင် ကျွန်တော်က ရင်ခုန်နေဆဲ..။ သူမဟာ ကျွန်တော့်ကို ငြင်းခွင့် မရလောက်အောင် ရူးသွပ်စေခဲ့ပါတယ်… နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ […]


လွင်ဦးရဲ့ ညီက ဘာမှမပြောပဲ ငိုနေတော့တယ်။ ဘာဖြစ်လာတာလဲ။ “ဘာဖြစ်လို့လဲ ငမူးပြောလေ” “အဖေလေ….အမေကပြောတာ သေပြီတဲ့ အိမ်မှာလည်းလုူတွေအများကြီး ဟီးဟီး” “လာလာ သွားရအောင် လွင်ဦး” ” ဟေ့ကောင် ပြောလေ အဖေ ဘာဖြစ်တာလဲလို့” လွင်ဦးက သိချင်ဇော်နဲ့ သူ့ညီရဲ့ ပခုံးကိုကိုင်ပြီး လှုပ်မေးတယ်။ လွင်ဦးကိုကြည့်ပြီး သူတို့လည်း ကြောင်နေကြတယ်။ “ဟေ့ကောင် လာလာ မင်းအိမ်ကိုအရင်ပြန်ကြရအောင်…” မိမိ ရဲ့အိမ်ကနေ သူတို့ သူငယ်ချင်းတွေ လွင်ဦးရဲ့အိမ်ကို ချီတက်ကြရတော့တယ်။ သူ့ရဲ့စိတ်ထဲမှာလည်း လေးလံလို့နေပါတယ်။ လွင်ဦးရဲ့ အိမ်လမ်းကြားလေးနားကိုရောက်တော့ လူတွေက လွင်ဦးရဲ့အိမ်ဘက်ကို သွားနေကြတယ်။ လွင်ဦးရဲ့အိမ်ရှေ့ကိုရောက်တော့ အိမ်ထဲမှာ လူတွေ စည်နေတယ်။ သူတို့ အိမ်ထဲကိုဝင်လိုက်တော့- “အောင်မလေး ကိုအေးရဲ့ တော့် သားကြီး ပြန်လာပြီလေ။ တော် […]


naywoon niSeptember 21, 20111min2632
မဆုံးတဲ့ ….သီချင်း –၃၁ ဒီလိုနဲ့ပဲ ပျော်ပျော်ပါးပါး မီးရထားကြီးစီးပြီး အိမ်ကိုပြန်ခဲ့ကြတာပေါ့…။ ကျောင်းအပိတ် ဟိုဟိုဒီဒီ လျှောက်သွားပြီး အိမ်ပြန်တဲ့ အဖွဲ့နဲ့ ရောယောင်ပြီး ခပ်တည်တည် ဘယ်သွားသလိုလိုလုပ်ပြီး အိမ်ပြန်လာခဲ့တာပေါ့…။ ရထားပေါ်မှာလား…။ မူးပြီး ဆိုကြ ကကြ ဆဲကြနဲ့ပေါ့….။ အိမ်ပြန်ရောက်တော့ နေဝန်းနီတို့ ဘယ်နေတတ်မှာလဲ..။ အရက်မှသောက်မရတော့တာ…။ လ္ဘက်ရည်ဆိုင်မှာပဲ. …. တစ်နေကုန်..။ အဲဒိတော့ နေဝန်းနီတို့မှာ အတတ်တစ်မျိုးတိုးခဲ့ရတာပေါ့…။ နေဝန်းနီတိုဆီမှာ သုံးလုံးက နဲနဲပါးပါး လှုပ်ရှားနေကြပြီ…။ အဲဒိထဲမှာ အထက်တန်းကျောင်းတုန်းကဆရာတွေ လည်းပါရဲ့…။ သူတို့က တွက်တာလေ…။ ထိုးသားပေါ့…။ ဒိုင်မလုပ်ရဲကြပါဘူး..။ ကျောင်းဆရာတွေကိုးးး…။ အဲဒိတော့ နေဝန်းနီတို့ခင်မြာမှာ ဆယ်တန်းမအောင်ခင်က ကျောင်းပညာဆည်းပူးခဲ့ရတဲ့ ဆရာများထံပါးမှာ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ပထမနှစ်အပြီး ပြန်ရောက်ကာမှ သုံးလုံးတွက်တဲ့ပညာကို ဆက်လက် ဆည်းပူးခဲ့ရပြန်ပါရော့လား…။ နောက်မှ […]


koyin sithuSeptember 21, 20111min3313
ကောင်းကင်နှင့် မြေကြီးအကြားတွင် ရှိသော ဝိရောဓိလေညင်းများကို ကျွန်တော် အကြာကြီးစောင့်စားခဲ့သည်။ တိမ်မည်းမည်း တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွားကြသည်။ သော့ခတ်ထားခြင်းမရှိသော်လည်း တချို့တံခါးများမှာ ဖွင့်လို့မရ။ လေပြည်တွေ တသုန်သုန် တိုက်ခတ်နေ၏။ ဘဝမှန်ကို ထိုသူတို့အား မပြောလိုပါ။ ဖြည်းဖြည်းချင်တော့ ဖြစ်သွားမှာပဲပေါ့။ အချိန်တန်သည့် တိုင်အောင် နတ်ရုပ်ထုတွေ ကိုးကွယ်မှုက  ပျောက်မသွား။ သဘောက ဉာဏ်ကိစ္စအရာမှာ ချို့ယွင်းဆဲ။ ကျွန်တော် အချိန်တော်တော်များများမှာ လူပြိန်းဖြစ်ခဲ့ဖူးသည်။ လေအေးပေးစက် အခန်းထဲတွင် ထုံထိုင်းညံ့ဖျင်းခဲ့တာလည်း အမှန်ပင်ဖြစ်သည်။ ရာသီတစ်ပတ်နွမ်းလေးတွေ နောက်ပြန်လည်တုန်း ကိုငှက်ကြီး သီချင်းတွေ ကြိုက်တတ်ခဲ့၏။ မနက်ဖြန်တွေကို ဖုန်းတစ်လုံးထဲမှာ နှိုးစက်ပေးခဲ့၊ ဇယားကွက်ရေးဆွဲရင်း အကြာကြီး လူဖြစ်ဖို့ အားထုတ်နေမိ၏။ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ ဗို့စ်အား […]


ကောင်မလေးက သူ့ကို နားမလည်နို်င်စွာနဲ့ကြည့်တယ်။ သူကသာ ပြူးပြူးပျာပျာတွေဖြစ်နေပေမယ့် ကောင်မလေးက ဘာမှမသိတဲ့ပုံမျိုး။ သူ့က ဘာမှမဖြစ်တဲ့အကြောင်းအရာကို ဖြေရှင်းချင်နေတယ်။ ” မြတ်နိုး ဒီမှာလေ နှမ်းဆုပ်တွေ လာ ဒီကောင် ချာလီက နင့်တစ်ယောက်တည်းအတွက်တဲ့ မတရားပါဘူး။ ဒါကြောင့် ငါလုစားတာ..ရော့ နင်လည်းစား” “ဟုတ်လား ငါ သိပ်ကြိုက်တာ ချာလီ နင့်အိမ်က ဒီ နှမ်းဆုပ်က ပိုစားကောင်တယ် အန်တီကလုပ်ပေးမယ်ပြောတယ်နော် လုပ်ပြီးရင်တာ နင်ယူလာပေး မနေ့ညက ငါ ဝတောင် မဝ..ဘူး” “ရပါတယ် အမေလုပ်ပြီးရင် ငါယူလာပေးပါ့မယ် ” မီကျော်ကတော့ စားချင်တာစားရလို့လားမသိဘူး အူမြူးနေတယ်။ ကောင်မလေးကလည်း မရှက်တန်း မီကျော်နဲ့အပြိုင် နှမ်းဆုပ်တွေစားနေလိုက်တာများ မြိန်ရည်ရှက်ရည်ရှိတယ်။ သူကတော့ ဘေးနားကနေ ကျေနပ်နေရုံလေးတင်ပါ။ သူ ကောင်မလေးနဲ့ မီကျော်တို့ကို […]