koyin sithuSeptember 21, 20111min3042
မိုးရာသီဆိုသည်မှာ အစိမ်းရောင် လှလှလေးများကို လွမ်းရသည့် ကိစ္စဟု ကျွန်တော့်ဘဝတွင် တစ်ခါမှ မထင်ဖူးခဲ့ပေ။ အခုတော့ ကျွန်တော်သည် သူမနှင့် ပတ်သက်သမျှကို ပြန်စဉ်းစားရင်း ဖျားနေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်သည် ကျွန်တော့် အစွဲအလမ်းများကို ကူညီနိုင်လိမ့်မည်ဖြစ်ပါသည်။ လေထဲတွင် ရနံ့သေးသေးလေးများ ပျံသန်းနေကြ၏။ သူမသည် ကျွန်တော့်ရင်ထဲတွင် ဓါတ်ပုံရိုက်ထားသလို စွဲမြဲနေသည်။ ဘာကြောင့်မှန်း မသိဘဲ သူမအကြောင်း လေးနက်စွာ စဉ်းစားနေမိသည်။ ကာလတရားအတွင်း သူမ၏ ပုံရိပ်များသည် စက်တင်ဘာ မိုးရာသီ အမှတ်တရများဖြစ်ပါသည်။ သူမနှင့် မျက်လုံးချင်းဆုံတိုင်း ကျွန်တော့်ရင်ထဲတွင် အမည်မသိသော ရူးသွပ်မှုတစ်ခုရှိနေသည်ဟု ကျွန်တော် သတိပြု၏။ ကျွန်တော့် သွေးကြောထဲတွင် သူမ၏ နှုတ်ခမ်းများက ပျံ့နှံ့နေခဲ့ပြီ။ ကျွန်တော်က သူမကို ဂရင်း (Green) ဟု တိတ်တဆိတ် […]


  သူတို့လမ်းအိမ်ရဲ့ လမ်းသွယ်လေးနားကထွက်လာတော့ လမ်းထဲမှာလူရှင်းနေတယ်။ ရှေ့နားက လမ်းထိပ်မှာတော့ ဘတ္ထရီမီးလေးနဲ့ကွမ်းယာဆိုင်ကလေးက လင်းနေတယ်။ ရုတ်တရက် သူတို့လမ်းသွယ်လေးထဲကို ချိုးကွေ့ဝင်လာတဲ့ မီးရောင် နှစ်ပွင့်ကို မြင့်လိုက်ရလို့ လမ်းဘေးကပ်ရှောင်ပေးလိုက်တယ်။ မီးရောင်နှစ်ပွင့်နဲ့ ဆိုင်ကယ်နှစ်စီးက သူတို့ရှေ့မှာရပ်လိုက်တော့ မီးရောင် စူးစူးကြောင့် မောင်းလာသူကို မမြင်ရဘူး။ အဲဒီအချိန်မှာ သူကြားဖူးနေတဲ့ အသံတစ်သံကိုကြားလိုက်ရတယ်..။ “ချာလီ …ဟဲ့ နင်တို့အိမ်ကိုလာတာ ဟဲ့” ကောင်မလေးရဲ့အသံ..။ ဟုတ်တယ်။ ကောင်မလေးရဲ့အသံလေးပါ။ ချိုလွင်လွင်လေး။ အမေနဲ့ ဒေါ်လေး ဒေါ်စိန်ကြည်က ကြောင်အမ်းအမ်းနဲ့။ ခုမှကြည့်မိတယ်။ ဆိုင်ကယ်နောက်တစ်စီးပေါ်မှာ မိမိ…။ ဆိုင်ကယ်ရှေ့မှာ အန်တီဆရာမ…။ “ဆရာမ…..” ဒေါ်လေး ဒေါ်စိန်ကြည်က မိမိကိုတွေ့လိုက်ရင်ပဲ..ဆိုင်ကယ်ပေါ်က အတင်းဆွဲချတယ်။ ‘”ကောင်မ လာစမ်းဒီကို ငါ့ကိုတော်တော် ဒုက္ခပေးတဲ့ကောင်မ….” မြန်လိုက်တဲ့လက်..။ ဆိုင်ကယ်ပေါ်ကဆွဲချပြီး မိမိ ရဲ့ […]


taungpawtharSeptember 21, 20111min4684
ိ်ိ ကျွှန်တော်လား တောင်ပေါ်မြို ့လေးတမြို ့ကတောင်ပေါ်သားလေးတယောက်ပေါ့ဗျာ ရန်ကုန်မြို ့ကြီးမှာ ကျောင်းတက်တုန်းက ခံစားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ သူကရန်ကုန်သူပေါ့ အသားအရည် လေးကဝင်းပနေပြီး ချစ်စရာ တော်တော်ကောင်းပါတယ် ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးဆိုတဲ့ ဆရာမ စကားကို နားထောင်ပြီး တကယ်လဲမထားခဲ့ပါဘူး။ တက္ကသိုလ် ရောက်တော့ ထားတော့မယ်လို ့စိတ်ကူးမိတယ် တကယ်တော့ ချစ်တဲ့သူတွေ ့မှလည်းထားလို ့ရမှာပေါ့နော် မတွေ ့ရင်တော့လည်း အလုပ်ခွင်ထဲရောက်တာတောင် တွေ ့ချင်မှတွေ ့မှာ ပေါ့ သူ ့ကိုတော့မြင်မြင်ချင်းကိုချစ်မိခဲ့တာပါ စာသင်နားတဲ့အချိန်လေးတွေမှာ သူ ့မျက်နှာလေးကို ခိုးကြည့်ရတာလဲ အရသာ တခုပါပဲ သူက စာလဲတော်ပါတယ် ထက်လဲထက်တယ် စကားပြောရင်လဲ ပွင့်ပွင့်လင်းလင်းပါ သူ ့ကိုလိုက်နေတဲ့သူတွေကလည်းအများကြီးပဲ ကျောင်းထဲကရော် အပြင်ကရော သူတို ့က […]


“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………) (ခံစားမှု့နှင့်ယှဉ်သော………….) လူငယ်ဘဝ ဆယ်တန်းမအောင်သေးခင်အထက်တန်းကျောင်းသားဘဝနဲ့ဆယ်တန်းကိုလွန်မြောက်လို့ တက္ကသိုလ်ရောက်တဲ့ကာလ ဒီကာလနှစ်ခုမှာ အချိန်ကွာခြားချက်ကသိပ်မကွာပေမယ့် စိတ်ခံစားမှု့ကတော့အများကြီးကွာသွားပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသို်လ်ဆိုတာကြီးကို တကယ်မတက်ရသေးတဲ့အချိန်မှာတောင် မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ်တမာတန်း တို့ သစ်ပုတ်ပင်တို့ ဂျဒ်ဆင်တို့ အမိတက္ကသိုလ်တို့ ရေနီမြောင်းတို့ စိန်ပန်းရိပ် တို့ဆိုတဲ့ တက္ကသိုလ်နဲ့ပါတ်သက်တဲ့အသုံးအနုန်းကိုဖတ်ရကြားတာနဲ့တင် ရင်တွေ ခုန်နေပါတယ်။ တက္ကသိုလ်နဲ့ပါတ်သက်တဲ့ အချစ်ဝတ္တုုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့အချိန်ပေ့ါ။ အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံဝတ္တုုကရှပ်ရှင်အဖြစ်ထွက်လာပါတယ်။ မင်းသားက ညွန့်ဝင်း မင်းသမီးက ခင်ယုမေ ဒုတိယမင်းသားကအောင်လွင်။ လူငယ်ဘဝ အတွေးထဲမှာအချစ်တွေနဲ့ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာအတော်လေးကို အရသာရှိပါတယ်။ စစခြင်းအခန်းမှာ ကိုက လွမ်းစရာ။ မိုးတွေအုံ့မိူင်းနေတဲ့တစ်ရက်နဲ့ဇာတ်လမ်းကို အစပြုပါတယ်။ တက္ကသိုလ်ဆရာအဖြစ်သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ် လို့ထင်ပါတယ်) ကျောင်းသွားဘို့အတွက်ခန်းတံခါးပိတ်လို့အပြင်အထွက်ကောင်းကင်မော့ကြည့် ထီးလေးကို လက်မှာချိတ်လို့ထွက်အလာ […]


ကျွန်မကဘဝကိုပေါပါးစွာဘာမှမသိပဲနဲဖြတ်သန်းနေသူတစ်ယောက်ပါ အဲဒါနဲလူမှုရေးလုပ်ငန်းတစ်ခုမှာပါဝင်ခြင်တာနဲ.ကျွန်မနဲသိတဲစစ်ဆေးကမောင်လေးတွေနဲစကားပြောမိလို သူတိုဆေးခန်းလေးလုပ်ထားတယ် အစ်မလိုက်ကြည်ပါလားဆိုတာနဲလိုက်ကြည်ဖြစ်ခဲပါတယ်တနင်္ဂနွေနေက ကုသိုလ်ဖြစ်ဆေးခန်းလေးကိုလိုက်သွားဖြစ်ပါတယ် မြိုင်သိလရှင်စာသင်တိုက်မှာ.. ကျွန်မတိုဆေးခန်းကိုရောက်တောစောင့်နေကြတဲလူနာတွေ100ကျော်လောက်ရှိပါတယ် သူတိုရဲမျက်လုံးတွေကအကူအညီတောင်းခံနေကြသလိုပါပဲ အားကိုးစွာကြည့်နေကြတဲသူတိုကိုဆေးကုပေးမဲစေတနာဝန်တမ်းတွေကိုကြည်ပြီးကျွန်မစိတ်လှုပ်ရှားမိပါတယ် ဆေးခန်လေးမှာဆရာဝန်လေးတွေက ဆေးကုပေးနေကြတာကိုကြည်ပြီးတ ကယ်ကိုအားကျမိပါတယ်လူနာတွေနောက်ထပ်ရောက်လာတာတွေပါပေါင်းတောကျွန်မတိုအဖွဲသိမ်းပြီးချိန်မှာတော လူနာပေါင်း180 လောက်ကိုကုသပေးလိုက်ရပါတယ် ကျွန်မတိုအဖွဲက နေ့လည်စားထမင်းကိုသုံးနာရီလောက်မှစားရပါတယ် ကျွန်မမှတ်မိနေတဲလူနာကတွေကတော မိန်မကြီးတစ်ယောက်ကသူသားရဲဖက်စခန်းမှာ ကိုယ်တွေဖေါရောင်ပြီး အသားတွေဝါနေတာ ဆေးကလည်မဝယ်နိုင်လိုဒီဆေးခန်းလေးကိုလာရတာပါတဲ လင်မယားနှစ်ယောက်လဲတွေ့ပါတယ်ပုဆိုးကပေါက်နေလိုနှစ်တပ်ဝတ်ထားတာ အရောင်အဆင်းမဲနေပါတယ် မြိုထဲမှာတောင်းစားနေတဲသူတွေတောင်သူထက်အရောင်အဝါတောက်မယ်လို့ထင်ပါတယ် ဗိုက်ကြီးသယ်တစ်ယောက် သူကိုဆရာတွေကစိုးရိမ်နေကြပါတယ်  သူကိုပြောနေကြတယ်ဆေးရုံးမှာပဲမွေးရမယ်ကလေးကအမွာဖြစ်နေတာ သူကတောမျက်လုံးလေးကလယ်ကလယ်နဲ ကြည်နေပါတယ် အဲဒီမိန်ကလေးသာကျွန်မတိုအမျိုး ညီမဖြစ်ရင် ဘယ်လောက်စိတ်ပူပြီး စိုးရိမ်နေရမယ်ဆိုတာမသိတောပါဘူး သူကတောဘာမှမသိသလိုပဲ ကျွန်မကတကယ်တောဆေးကြောင်လုံးဝမသိတဲသူတစ်ယောက်ပါ ဆရာဝန်လေးတွေနဲ ဆေးပေးနေတဲကူညီပေးနေသူတွေကတကယ်စေတနာအပြည့်နဲလုပ်ကိုင်ပေးနေတာကိုကြည်ပြီး စိတ်ထဲမှာခံစားရတာတွေကတော မပြောပြတတ်တောပါဘူး ကျွန်မဒီဆေးခန်းလေးရောက်သွားမှအော်လောကမှာအကူအညီလိုအပ်နေသူတွေအများကြီးဆိုတာသေချာနားလည်ပါတောတယ်….  


သူတို့ သိလိုက်ပါပြီ။ ဒေါ်ငြိမ်းအေး ဆိုတဲ့ ဆရာမက သူတို့ခြောက်ယောက်ကို တစ်ခုခု လုပ်ခိုင်းတော့မှာဆိုတာကို။ တစ်ယေ.ာက်မျက်နှာတစ်ယောက်ကြည့်ရင်း ဒေါ်ငြိမ်းအေးကိုလည်း ကြည့်မိလိုက်ကြတယ်။ “လာဦး ဟိုမှာတွေ့လား အမှိုက်တွေ ကြည့်စမ်း စည်းကမ်းကိုမရှိကြဘူး…သွား အမှိုက်ခြင်းယူပြီး အမှိုက်လိုက်ကောက်ကြဦး အမှိုက်တွေကိုဖွေးနေတာပဲ..” သူတို့ မလွန်ဆန်ရဲပါဘူး။ သူတို့မှ မဟုတ်ပါဘူး။ တစ်ကျောင်းလုံးမှာရှိတဲ့ကျောင်းသားတွေ ဘယ်သူမှ ဒေါ်ငြိမ်းအေးကို မလွန်ဆန်ရဲပါဘူး။ အသံဩဇာပြည့်ဝတဲ့ ဆရာမ။ စည်းကမ်းကြီးတဲ့ဆရာမကြီးရယ်လို့ ဒေါ်ငြိမ်းအေးက နာမည်ကြီးတယ်။ အမြဲတမ်း ဆယ့်နှစ်ခေါက်ချိုးမျက်နှာကြီးမို့ ကလေးတွေတော်တော်များများကလည်း ကြောက်ကြပါတယ်။ ခပ်တည်တည်နေတတ်တဲ့ ဆရာမကြီးမို့ ကျောင်းက ဆရာမတော်တော်များများကလည်း မကြည်ကြဘူး။ ဒေါ်ငြိမ်းအေးရဲ့ရှေ့မှာတော့ အားလုံးက ရိုသေလေးစားကြပေမယ့် ကွယ်ရာမှာတော့ ကဲ့ရဲ့ပြစ်တင်ကြတယ်။ သူတို့အတန်းတွေထဲမှာတောင် ဆရာတွေ ဗြောင်တင်ပြောကြတာကို ကြားဖူးပါတယ်။ ဆရာမတွေက ကလေးတွေပါပဲလို့ သတ်မှတ်ပြီးပြောနေပေမယ့် သူကတော့ သိတယ်။ […]


naywoon niSeptember 18, 20111min56012
ခေါင်းစဉ်ကြည့်ပြီး ခေါင်းရှုပ်သွားပြီလား..။ ဒီအတွေးတွေ နေဝန်းနီကို နှိပ်စက်နေတာ တစ်ပတ်လောက်ရှိသွားပြီ….။ ရည်းစားစကား ပြောခံနီး ခံစားရသလို ဖြစ်ဖြစ်နေလို့ ဒီပို့စ်ကို မတင်ပဲ ပြန်သွားရတာ …။ ပြောလိုက်ရင်ကောင်းမလား သူများစိတ်ဆိုးသွားလေမလား …. သူသိနေမှာပါ နဲ့ ပြောဖို့ မဝံ့မရဲဖြစ်နေတာ …။ ဒီကနေ့ တော့ ပြောမှဖြစ်တော့မယ်….။ နို့မို့ မြင်တာကို မြင်ရက် သိနေတာကို သိနေရက်နဲ့ မပြောပဲ ရေငုံနေလိုက်ရင် နိုင်ငံကြီးသားမပီသရာ ကျနေမယ်..။ တစ်ခြားအကြောင်းတော့ မဟုတ်ပါဘူး…။ လက်ရှိ ပစ္စက္ခ အခြေအနေလေးပါ…။ လူတိုင်းလည်း သိနေပြီးသားပဲ..။ ဒါပေမဲ့ မတွေးမိကြတာလား ? အတွေးမရောက်ဖြစ်ကြတာလား ? မသိချင်ယောင်ပဲ ဆောင်နေကြသလား တော့မသိဘူး…။ အလိုက်ကမ်းဆိုးမသိ စိတ်ထဲရှိတာပြောထည့်လိုက်တော့မယ်…။ အဲဒိနေ့က မိုးနဲနဲရွားလို့ လ္ဘက်ရည်ဆိုင်ထဲ ဝင်လိုက်တော့ […]


ကောင်မလေးက သိချင်ဇောနဲ့မေးတယ်။ အနှိမ်ခံမျက်လုံးများရဲ့အောက်မှာ သူတို့တွေ ကြံ့ကြံ့ခံနေတတ်ပါပြီ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကဆိုရင် အတန်းထဲမှာ ခဲတံပျောက်တာကအစ တင်ကာမကင်းတဲ့ အကြည့်တွေနဲ့ ကြည့်တတ်ကြတယ်။ “မလှရင် စုန်းရိုး၊ မရှိ ခိုးနိုး”ဆိုတဲ့ စကားကို အမေတို့ လူကြီးတွေ ပြောတာ ခဏခဏ ကြားဖူးခဲ့တယ်။ အဲဒီ စကားအတိုင်း မရှိတော့ ခိုးတတ်တယ်လို့ ထင်နေလို့များလား။ အတန်းသားတွေရဲ့ အကြည့်တွေဆိုတာ မိန်းခလေးဆိုရင် မိမိနဲ့ မီကျော်တို့ကို ကွက်ကြည့်ကွက်ကြည့်။ ယောကျာ်းလေးဆိုရင် သူတို့လေးယောက်ကို ကွက်ကြည့်ကွက်ကြည့်. ။ သူတို့ခြောက်ယောက်လုံးမှာ မရှိတာချင်း တူနေတော့ အတူတွဲမိခဲ့ကြတာလည်း မဆန်းဘူး။ အမေနဲ့အဖေကတော့ ကြုံတိုင်းဆုံးမတယ်။ သူမှ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းတွေ အိမ်လာဆော့တိုင်း ပြောပြတယ်။ “သားတို့ သမီးတို့တွေက သူများ သားသမီးတွေလို ပြည့်စုံတာမဟုတ်တော့ […]


koyin sithuSeptember 16, 20111min3665
ကြည်လင်နေသော မိုးသားများသည် ညိုမည်းလာသောအခါ ကျွန်တော် လှိုက်ခနဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေမိသည်။ သက်ပြင်းတစ်ချက်ကို သိသိသာသာပင် ချလိုက်မိသည်။ စောစောက ညိုမည်းနေသော ကောင်းကင်မှ မိုးသည် ရုတ်တရက် ဝေါခနဲ ရွာချလိုက်ပြီး ကျွန်တော့် အသားများ ချမ်းလွန်းလို့ တဆတ်ဆတ် တုန်လာလေသည်။ ထိုစဉ်မှာပဲ ဦးနှောက်ထဲသို့ ဝါကျတစ်ကြောင်း ပြိုဆင်းသွားသည်။ “ငါဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး”။ နားခိုဖို့ အနီးတစ်ဝိုက်ကို ကြည့်လိုက်တော့ လုံခြုံစေဖို့ အမိုးအကာတစ်ခုမှ မတွေ့ရသဖြင့် ကျွန်တော် စိတ်ပျက်စွာ ခေါင်းကိုတစ်ချက်ရမ်းပစ်လိုက်သည်။ အနီးအနားတွင် ဘာသာစကားနားမလည်သဖြင့် ရေးထားသော ကုမ္ပဏီဟုထင်ရသည့် အီလက်ထရောနစ် အဆောက်အဦးများ၊ လူနေသီးသန့်ခြံဝင်းကြီးများ၊ ထိုင်းရိုးရာ စားသောက်ဆိုင်၊ ကလပ်များ (စသည်ဖြင့်) ချည်းသာ ဖြစ်သောကြောင့် ကျွန်တော် ဝင်ရောက် နားခိုးရန်မဖြစ်နိုင်ပါ။ လေပြင်းနှင့် […]


mandalarthuSeptember 15, 20115min55018
                            (၁၁-၉-၁၁)ရက်နေ ့ နံနက်(၁၁)နာရီမှာတော့  ကြိုတင်စီစဉ်ထားတဲ့အတိုင်း  ကျွန်မတို ့အဖွဲ ့ မြောက်ပြင် ၁ဝ လမ်းရှိ ထမင်းဆိုင်ဆီသွားရောက်ပြီး ထမင်းထုပ်တွေ ယူဆောင်ခဲ့ကြပါတယ်။ ထို ့နောက်မှာတော့ တစ်ဖွဲ့လုံးတက်ညီလက်ညီ ကား(၂)စီးနဲ ့ မန ္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားရှိရေဘေးကယ်ဆယ်ရေးစခန်းဆီ ချီတက်ကြပါတယ်။ ပျော်တပြုံးပြုံး နဲ ့ပေါ့။                                                    ဘုရားရောက်တော့  မိမိနိုင်သလောက် ထမင်းထုပ်များကို လက်ကဆွဲပြီး ကယ်ဆယ်ရေးစခန်းဆီ ပျော်ရွှင်စွာ  လှမ်းလာပြီး လှူဒါန်းရန်   ပြင်ဆင်ကြပါတယ်။     ကုသိုလ်တော်ဘုရားသို့ရောက်သောအခါမှာ ရေဘေးကယ်ဆယ်ရေးစခန်းမှ        တာဝန်ကျသူက တစ်ဦးချင်းအိမ်ထောင်စုအလိုက်နာမည်ခေါ်ပြီးအဖွဲ.့ခေါင်းဆောင်ဆီကိုထမင်းထုပ်များကို လှူဒါန်းခဲ့ကြပါတယ်။ ဘုရားဝင်းအတွင်းရေဘေးသင့်လာရောက်ခိုုလှုံနေထိုင်သူအိမ်ထောင်စုပေါင်း(၁၃၅)စုရှိပြီး လူဦးရေစုစုပေါင်း(၄၇၅)ဦးရှိပါတယ်။ ကျွန်မတို့ကထမင်းထုပ်ပေါင်း(၅၅၀)လှုဒါန်းခဲ့ကြပါတယ ် ။လက်ခံရတဲ့ ရေဘေးသင့်သူတွေက အားလုံး ဆုတောင်းမေတ္တာများ ပို ့သပေးပြီး ကျေးဇူးတင်ကြောင်း […]


သူတို့ အားလုံး အံ့ဩနေချိန်မှာ ကောင်မလေးက သူတို့ကို မြင်သွားတယ်။ “အယ်” ဆိုပြီး မျက်လုံးလေးပြူးပြီးကြည့်နေတယ်။ ပြီးတော့- “နင်တို့ ဒီအခန်းကလား” မိမိက သွက်သွက်လက်လက်နဲ့ဝင်ဖြေတယ်။ “ဟုတ်တယ် ငါတို့အားလုံး ဒီအခန်းက ” “ငါ နင်တို့နဲ့ ခင်လို့ရလား နင်တို့နဲ့ သူငယ်ချင်းဖြစ်ချင်တယ် ရမလား ..ဟင်” ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ပြီး သနပ်ခါးပါးကွက် ဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးကို ဘယ်သူက မခင်ချင်ရှိမလဲ။ “ဟာ..ရတာပေါ့ ငါ့နာမည်က ချာလီ…ရဲခေါင်လို့လည်းခေါ်တယ်” ” ငါ့နာမည်က မိမိ….မိမိဝေဖြိုး” “ငါ့နာမည်က လွင်ဦး” “ငါ့နာမည်က ဖိုးကျော့…ဖြိုးကျော်လို့ခေါ်လည်းရတယ် ” “ငါက မီကျော်…မီမီကျော်” “ငါက ဖိုးလွင်….ဇော်လွင်လို့ခေါ်တယ်” သူတို့တွေ မိတ်ဆက်ပြီးတော့ အပြုံးလှလှလေးနဲ့ကောင်မလေးက နာမည်ကိုပြောပြတယ်။ “ငါ့နာမည်က မြတ်နိုးသီရိတဲ့” လှလိုက်တဲ့ နာမည်လေး။ ကောင်မလေးကြည့်ရတာ […]


          ကျုပ်ရဲ့ နာမည်က ဘစိုး။ ကျုပ်က နာမည်နဲ့လိုက်အောင် အစိုးရတဲ့ သူဖြစ်ချင်ခဲ့တာ။ အထူးသဖြင့် ကျုပ်မိသားစုအပေါ်မှာပေါ့။ကျုပ် မိသားစုမှာ သားသမီး ငါးယောက်နဲ့ မိန်းမနဲ့  အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်။  ကျုပ်မိသားစုကို ကျုပ်က ဝမ်းဝရုံတင်မကဘူး ခါးလှအောင်ပါ ဆင်နိုင်ဖို့ ကျုပ်အမြဲတမ်းကြိုးစားခဲ့တာ။ တစ်ခါတစ်လေ ကံမလိုက်တော့ ကျုပ်ဘဝမှာ စီးပွားပျက်ကပ်နဲ့ ကြုံလိုက်သေးတယ်။ စီးပွားပျက်တာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတုန်း ကျုပ်အပေါင်းအသင်းတွေက အကြံဉာဏ်ပေးတာနဲ့ အအေးဆိုင်လိုလို အရက်ဆိုင်လိုလို ကျုပ်စီးပွားရေးကို အခြေ တည်လိုက်တယ်။တကယ်ပါ။ ကျုပ် သားသမီးတွေနဲ့ ကျုပ်မိသားစု ဝမ်းဝ ခါးလှအောင်ပါ ။ အရက်ရောင်းတဲ့ အလုပ်က ကျုပ်နဲ့ အကျိုးပေးတယ် ထင်ပါရဲ့။ တစ်နှစ်အတွင်းမှာပဲ ကျုပ်စီးပွားရေး ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်။ ကျုပ်ရပ်ကွက်ထဲမှာဆိုရင် ကျုပ်ဆိုင်က နာမည်ကြီး။ […]


ထင်သလိုမဟုတ်သော ဘဝများ ထင်သလိုမဟုတ်သော ဘဝများ(၁) မီးရထား ရပ်ထားတာကြာပြီ။ မနက်ဝေလီဝေလင်းမို့ထင်ရဲ့ ရေရောင်းသူများရဲ့”ရေရမယ်…ရေ”ဆိုတဲ့အသံတွေက ဘူတာရုံလေးထဲမှာ ညံလို့။ ဘေးဘီဝဲယာက သူငယ်ချင်းတွေကတော့ မနိုးသေး။ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ရေအိုးလေးတွေရွက်သူကရွက်၊ ရေပုံးလေးတွေ ထမ်းသူကထမ်းနဲ့ ရေရောင်းသူများ ပျားပန်းခပ်သလို စည်ကားနေတယ်။ ဪ ဝမ်းရေးကြောင့်ပေါ့လေ…။ ကလေးလေးတွေပါသလို။ အရွယ်ရောက်ပြီး လူပျို၊ အပျိုပေါက် အရွယ်တွေ အစ….ဈေးဗန်းကိုယ်စီ…ဈေးတောင်း ကိုယ်စီ ထမ်းလို့ ရွက်လို့..။ သူ့ သူငယ်ချင်းတစ်ယောက်ကနိုးလာတယ်…။ နှစ်ဦးသားတိုင်ပင်ပြီး မျက်နှာသစ်ရအောင် ရေသည်လေးကိုခေါ်လိုက်တယ်…။ တစ်ခွက်ပြီး တစ်ခွက် ခပ်ယူ မျက်နှာသစ်ရင်း ပြီးသွားတော့ သူငယ်ချင်းက ရေသည်လေးကိုမေးလိုက်တယ်..။ “ဘယ်လောက်ပေးရမလဲ….” “စေတနာရှိသလောက်ပါ အစ်ကို” သူငယ်ချင်းက ပိုက်ဆီအိတ်ထဲမှာ အကြွေများရှိမလားလို့ ရှာနေတယ်…။ သူက ငါးရာထုတ်ပေးလိုက်တယ်…။ “ရော့.. ငါးရာ […]