Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဦးေက်ာက္ခဲSeptember 30, 20171min174913
ထိုင်းမှာ နေခဲ့တုန်းကပေါ့ … ထိုင်းတွေက မြန်မာတွေကို မုန်းတယ် ၊ နှိမ်တယ် ဘယ်လိုပဲဆိုဆို … အေးရှန်း အိမ်နီးချင်းထဲမှာတော့ ဖမာ့ (မြန်မာ) တွေကို အတော်ခင်သား ။ အထူးသဖြင့် တတိယနိုင်ငံတစ်ခုမှာ ဆုံကြည့် ၊ သူတို့မှာ ဖမာ့တွေကိုတွေ့ရင် ဆွေရင်း မျိုးရင်းတွေ့ရသလို အတော်ပျော်ကြတာ ။ ပေါင်းလို့သင်းလို့လည်းကောင်း အတော် အနွံတာခံကြရှာပါတယ် ။ သူတို့အမြင်မှာ ဖမာတွေက သတ္တိကောင်းတယ် ၊ ပြောရဲဆိုရဲရှိတယ် … နိုင်ငံခြားသားကို မကြောက်တတ်ဘူးတဲ့ …   သူတို့ အစိုးရက ဘယ်လိုပဲ ဘရိန်းဝက်ရှ် လုပ်ထား လုပ်ထား ၊ သူတို့ အတွင်းစိတ်မှာ ဖမာ့တွေကို အတော် ကြည်ညိုကြတာဗျ … တကယ် […]


aye.kkSeptember 30, 20171min5679
တစ်ဦးနဲ ့တစ်ဦး အတွေးများမတူသလို ခံယူချက်များလည်းမတူညီကြပါ။ တစ်မိသားစု အရင်းအချာပင်ဖြစ်နေပါစေ အတွေးများမတူ,ခံယူချက်များမတူညီကြသဖြင့် နားလည်မှုတွေ လွဲမှားဖြစ်ပေါ်ကြရသည်။ စိတ်၌မှီတည်၍ဖြစ်ပေါ်လာသော မတူသောအတွေး,မတူသောခံယူချက်တို ့သည် ချစ်ခြင်းတရားမှအမုန်းတရားဘက်သို ့လည်းကောင်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့လည်းကောင်း ဖော်ဆောင်ပြောင်းလဲတတ်သည့် ၊ အကျိုး,အပြစ်တို ့အား ခံစား,စံစားရသည်။ အမုန်းတရားရှိနေသော သူ၏စိတ်က သူ ့အတွေးမှာ တဖက်သားအပေါ်စာနာတတ်သည့်စိတ်မထားရှိနိုင်သဖြင့် ထိုအမုန်းတရားဖြစ်မိနေသူအပေါ်၌ ဝစီကံအရ,ကျူးလွန်မိကာ မခံသာသည့်စကားတို့ဖြင့် ပစ်မှားပြောဆိုကာ ဆက်ဆံသည်။ အပြောခံရသည့် တဖက်သား၏စိတ်၌ကား အမုန်းတရားများကင်းရှင်းနေသောကြောင့် ထိုသူ၏အမုန်းတရားအပေါ်၌ စိတ်ဆိုးခြင်းမဖြစ်ပေါ်ပါ။ သူ၏မေတ္တာစိတ်ဖြင့်သာ၊ထိုသူ၏အမုန်းတရားအား ချေဖျက်ပစ်နိုင်ရန်သာ၊ ကြိုးစားအားထုတ်သည်။ ကြိုးစားအားထုတ်မှုရလာဒ်အရလည်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့ဖော်ဆောင်ပြောင်းလဲသွားကာ အကျိုးတရား  ကြီးမားစွာရရှိ ခံစား,စံစားရသည်။ ဤအကြောင်းအရာကို စဉ်းစားဆင်ခြင်ကြည့်မိပါလျှင် စိတ်၌မှီတည်၍ ဖြစ်ပေါ်နေသော မတူသောအတွေး,မတူသောခံယူချက်တို ့ကြောင့်ဖြစ်ရသည်ကို တွက်ဆယူ၍ရပါသည်။ မောင်နှမအရင်းအချာများ၌လည်း တစ်ဦးနဲ ့တစ်ဦးသိတ်ချစ်နေကြပါလျှင် အပြစ်မမြင်နိုင်ကြပါဘဲ၊ မည်မျှပင်အဆိုးတရားအား အကြိမ်ကြိမ်ပင်ပြုလုပ်ထားမိခဲ့ပါစေ။ အဆိုးပြုလုပ်မိသူအပေါ်တွင်၊ အကောင်းကိုသာရှာကြံတွေးသည်။ အစဉ်ခွင့်လွတ်သည့်စိတ်၊ခံယူချက်ထားရှိနိုင်သည်။ တချို ့ကြပြန်တော့လည်း […]


ဦးေက်ာက္ခဲSeptember 24, 20171min230529
မောင်ကျောက်ခဲ ခလေးအရွယ်ကနေခဲ့တဲ့ အိမ်နားမှာ ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်းရှိတယ်ခင်ဗျ ။ ကာလရွေ့လျောလို့ အဘတို့ခေတ်ကို ရောက်တော့မှ ၊ အဲသည့် ဘောလုံးကွင်းလည်း ဘဝပြောင်းပြီး ရေလုပ်ငန်း အအေးခန်းကုန်လှောင်ရုံ ဖြစ်သွားပါတယ် … အိုဘယ့် အနတ္တ အစိုးမရ ၊ ထားပါတော့လေ … ။ အဲသည့် ဘောလုံးကွင်းရဲ့ နံဘေးမှာ ရပ်ကွက်ကောင်စီရုံး ရှိတယ်ဆိုတော့ ၊ အခါကြီးရက်ကြီး … လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုရင် မြို့နယ်က ကြီးမှူးပြီး နိုင်ငံတော် အခမ်းအနားပွဲတွေ ကျင်းပတဲ့ နေရာပါခင်ဗျာ ။ ထုံးစံအတိုင်း မဆလခေတ် ပေါ်လစီ အာဝါဒါး ဝိဝါဒါးတွေ ဖတ်ပြပြီး “xxx ရေး … ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေ […]


ဦးေက်ာက္ခဲSeptember 19, 20171min179920
  အောင်ရင်တို့ ထူးအိမ်သင်တို့ရဲ့ နာမည်ကျော် သီချင်းလေး … 🎶 အို မေ့မရပြီ စိတ်မှာစွဲ … ဟဲ ဟဲ 🎶 … လို့ လွမ်းချင်းကလေးများချမိရင် အရင်ဆုံးသတိရတာက ၈၈၈၈ အရေးတော်ပုံကြီးပါပဲ ။ မြေပေါ် မြေအောက် ကွန်မြူနစ်တွေကပဲ လှော်လှော် ၊ ဆမူဆာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကပဲ ဖွဖွ ၊ တို့ကျောင်းသားများကပဲ တော်လှန်တော်လှန် … စားဝတ်နေရေး ကြပ်တည်းလွန်းလို့ ကားဂိတ်နေသင်္ဘောအောင်း ဆိုက်ကားဂိတ်ပါမကျန် မဆလ ဘိုနေဝင်းကို အပြုတ်တိုက်ခဲ့ကြတာ ၂၉-နှစ်ပြည့်ခဲ့ပါပြီ ။ “ဆန်တစ်ပြည် ၁၆-ကျပ် စိန်လွင်ခေါင်းကိုဖြတ်” “ရရင်ရ မရရင် ချ ၊ ရရ မရရ ချ” ဆိုပြီး ဇမ်းတင်လိုက်တာ ပိုဆိုးတဲ့ […]


Mr. MarGaSeptember 12, 20171min6796
တစ်နှစ် တစ်နှစ်ဟာ ဘာမှ မကြာလိုက်သလိုနဲ့ အသက်တစ်နှစ် ထပ်ကြီးလာပြန်ပေါ့… အိုင်တီခေတ်ကြီးထဲမှာ အိုင်တီသမားလုပ်ဖို့ ရွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ထိုင် မေတ္တာပို့ရမလား မသိ… တစ်နေ့တစ်နေ့ နည်းပညာနောက်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်နေရတာ ပင်ပန်းလာမိတယ်။ အပြောင်းအလဲမြန်လှတဲ့ ခေတ်ကြီးထဲ နေထိုင်မှုပုံစံပါ တဖြည်းဖြည်း လိုက်ပြောင်းလာတာတော့ သတိထားမိရဲ့ ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံးကြား လွန်းပြန်ထိုးရင်း ရုံးတက်ချိန်တွေ စောလာသလောက် အိမ်ပြန်ချိန်တွေ ပို ညဉ့်နက်လာခဲ့ ပိတ်ရက်တွေမှာတော့ တစ်ပတ်စာ အိမ်အလုပ်တွေနဲ့ နပန်းလုံးရင်း လူဟာလည်း တဖြည်းဖြည်း အိမ်တွင်းပုန်း သတ္တဝါ ဖြစ်မှန်းမသိ ဖြစ်လာရဲ့ အားလပ်ချိန်တွေမှာ အပြင်လောကနဲ့ ဆက်နွှယ်ထားတဲ့ ပုံရိပ်ယောင်ဘဝထဲမှာပဲ အချိန်အများစု ကုန်ဆုံးရင်း ကျန်တဲ့အချိန်တွေမှာ စာအုပ်နဲ့ ရုပ်ရှင်တွေပဲ ကိုယ့်အနားမှာ ထားမိနေရဲ့ ဒါတွေအကုန်လုံးဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ […]


သင့်အေးရိပ်September 12, 20178min42228
  စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။ 😛 လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ …. ”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား…. အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။   ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။   နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် […]


aye.kkSeptember 8, 20171min4555
လူရယ်လို ့ဖြစ်လာပါလျင် မိသားစု,ဆွေမျိုး,မိတ်ဆွေ,သူငယ်ချင်းအပေါင်းအသင်းတို ့နှင့် နေထိုင်ကြရသည်။ ချစ်သော အဖေ,အမေ,ညီအစ်ကိုမောင်နှမ,ဆွေမျိုး,မိတ်ဆွေ,သူငယ်ချင်းအပေါင်း အဖော်ဟူ၍ရှိလာကြသည်။ မိသားစုတစ်ခုတွင် အဖေ,အမေ,မောင်နှမတွေရှိလာကြသည်။ တချို ့လည်းမောင်နှမဟူ၍မရှိ၊တစ်ဦးတည်းသာ၊တချို ့လည်းမိဘမဲ့, တချို ့လည်းမသန်မစွမ်းဘဝဖြင့်၊ ရင်ဆိုင်ရလျက်၊ဘဝကိုကျင်လည်ဖြတ်သန်း လျှောက်လှမ်းကြရသည်။ အဖေ,အမေရှိသောသူက အဖေ,အမေကိုချစ်သည်၊မောင်နှမရှိသောသူက၊မောင်နှမကိုချစ်သည်။ ဆွေမျိုးရှိသောသူက၊ဆွေမျိုးကိုချစ်သည်။ ချစ်သောသူငယ်ချင်း,ချစ်သောမိတ်ဆွေရှိကြသည်။ ချစ်သောလမ်းခရီး၌ ဆူးခင်းလမ်းလည်းရှိသည်။ ပန်းခင်းသောလမ်းလည်းရှိသည်။ ချစ်သောလမ်းခရီး၌ အချစ်နှင့်အမုန်းဒွန်တွဲနေသည်။ ချစ်လျှင်အကျိုး,မုန်းလျှင်အပြစ်ဆိုသည့်အတိုင်း လောကဓံကိုရင်ဆိုင်ဖြတ်သန်းလာကြရသောအခါ၊ စိတ်၏အစဉ်သည် အလွန်နက်နဲသိမ်မွေ ့လှသဖြင့်၊စိတ်ကိုထိန်းချုပ်ထား၍လည်းမရနိုင်ကောင်း သောကြောင့်၊စိတ်တွင်ဖြစ်ပေါ်နေသောလောဘ,ဒေါသ,မောဟ များပေါ်မှီတွယ်ပြီး၊အကျိုးနှင့်အပြစ်တို ့ဖြစ်လာကြရသည်။ မိသားစုတစ်ခုတွင် ထိုအကျိုး,အပြစ်တို ့ကိုခံစားကြုံဆုံကြရသည်။ သောကတွေရင်ဆိုင်ကြရသည်၊ဒုက္ခတွေကြုံတွေ ့ကြရသည်။ ချမ်းသာသုခတွေကိုလည်းရရှိကြသည်။ မိသားစုအတွက် ဘဝတစ်ခုအတွက် လျှောက်လှမ်းကြရတာခြင်းအတူတူ တချို ့ကပန်းခင်းလမ်းပေါ်မှာ, တချို ့ကဆူးခင်းလမ်းပေါ်မှာကွဲပြားခြားနားစွာဖြင့်၊လျှောက်လှမ်းရင်းနှင့်ပင် ဘဝတစ်ခုကိုအဆုံးသတ်ကြရသည်။ လူရယ်လို ့ဖြစ်လာပါလျှင်- ဘဝတစ်ခုကိုဖြတ်သန်းရင်ဆိုင်ကြရသောအခါ၌၊ အဖေ,အမေ,ညီအစ်ကိုမောင်နှမ,ဆွေမျိုး,သူငယ်ချင်းအပေါင်းအဖော်တို ့အပေါ်၌၊ ချစ်ရသည့်အတွက်ကြောင့်လည်း၊စိတ်မှာပူလောင်မှုတို ့ခံစားကြရသည်၊ မုန်းရသည့်အတွက်ကြောင့်လည်း၊စိတ်မှာပူလောင်မှုတို ့ခံစားကြရသည်။ မိသားစုအတွက်,ဘဝတစ်ခုအတွက် စိတ်အစဉ်မှာဖြစ်ပေါ်နေတတ်သည့် ောလာဘ,ဒေါသ,မောဟ(ဆူးငြောင့်ခလုတ်)တို ့အား အေးမြသည့်မေတ္တာပေမစစ်စစ်နှင့်ဖယ်ရှားပစ်နိုင်မှသာလျင် ပန်းခင်းသောလမ်း,ချစ်သောလမ်းခရီးဖြစ်မှာ အမှန်ပင်.။။။        


Foolish GirlSeptember 7, 20171min2752
သင့်အေးရိပ်ရဲ့ “စည်းကမ်းတဲ့လား…လိုက်နာချင်စိတ်က အဓိက…” ဆိုတဲ့ POST ကို ဖတ်မိပြီး ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တဲ့ အတွေးလေးရေးဦးမယ်ဗျာ တစ်ရက်သား အမှိုက်ပစ်မယ်ပေါ့ အမှိုက်ကိုသေချာထုတ်ပြီးအမှိုက်ပုံနားသွားတယ် အမှိုက်ပုံနားလည်းရောက်ရော “ဤနေရာတွင်အမှုက်မပစ်ရတဲ့ အမှိုက်ကို ညနေ၄နာရီတစ်ချိန်ညနေ၆နာရီတစ်ချိန် တစ်နေ့နှစ်ချိန်လာသိမ်းပေးမည်ဖြစ်ပါသဖြင့်ထိုအချိန်တွင်လာသောလှည်းတွင်သာပစ်ပေးပါ” တဲ့။အဲဒီမှာ ပြသနာစတက်တာပေါ့။ ကိုယ်တွေအလုပ်က မနက်၉ ည၆ အိမ်ပြန်ရောက်ရင် အစောဆုံး ၆ခွဲ ဒါတောင် အိမ်နဲ့ရုံးကနီးလို့။ ငါအမှိုက်ဘယ်လိုပစ်ရပါ့လို့ စိတ်ညစ်သွားတယ်။ ဒါနဲ့သယ်လာလက်စအမှိုက်ထုတ်ကိုလည်းဘယ်ပစ်လို့ပစ်ရမှန်းမသိ။အမှိုက်တွေကလည်း မီးဖိုချောင်အမှိုက်တွေဆိုတော့ နံနေပြီ။ ဒီလိုနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် အမှိုက်ပုံးလိုက်ရှာတာ အနီးအနားက သိသလောက် အမှိုက်ပုံထားတဲ့နေရာတွေမှာလည်း ခုနလိုစာတမ်းကကပ်ထားတယ်။ ဒီလိုနဲ့ ပါရမီ စိန်ဂေဟာနားအထိရောက်သွားတယ်။ ဒါနဲ့စိန်ဂေဟာရဲ့ အမှိုက်ပုံးမှာ မသိမသာထည့်ထားခဲ့လိုက်ရတယ်။ အိမ်အနီးအနားကလူတွေမေးကြည့်တော့ အုတ်ကျင်းဘူတာရုံနားမှာ အမှိုက်ပုံတစ်ခုရှိတယ်ဆိုတာနဲ့ နောက်အခေါက်တွေကျတော့အဲဒီမှာသွားသွားပစ်ရတယ်။ ဒါနဲ့ တစ်ရက်သူငယ်ချင်းတွေနဲ့စကားစပ်မိတဲ့အခါ အရင်ပစ်နေကျအမှိုက်ပုံကဆိုင်တစ်ဆိုင်နဲ့တော်တော်ကပ်နေပါတယ်။ အဲဒီဆိုင်ကလူတွေက စည်ပင်ကို ပြသနာရှာတော့ […]


aye.kkSeptember 4, 20171min4845
မိသားစုတိုင်းအတွက် အိမ်ထောင်ဦးစီးဖြစ်သောသူ တစ်နည်းအားဖြင့်-ဆိုရပါလျှင် ကျမအတွက်မရှိလျှင်မဖြစ်သောသူက ကိုကိုပါ။ သားတို ့၏လေးစားဂုဏ်ယူခြင်းခံရသော ဖခင်ကောင်းတစ်ယောက်၊ ဖြစ်သည့်အပြင် ကျမ၏ မိသားစုအတွက် အိမ်ထောင်ဦးစီးဖြစ်သောသူ အစစ,အရာရာ၊ အားကိုးရသောသူလည်းဖြစ်သည်။ မိသားစုအတွက် အစစအရာရာ တာဝန်ကျေပွန်ခဲ့သဖြင့် သူမရှိလျှင် မဖြစ်သည့်အတွက် အားကိုးမီခိုလိုသည့်စိတ်က အိမ်ထောင်သက်တမ်းတစ်လျောက်လုံး မသေမချင်း,အသက်ထက်ဆုံးတိုင်အထိဟု ကျမဝန်ခံလိုပါသည်။ ကျမဘဝ ကျမမိသားစုအတွက် မရှိလျှင်မဖြစ်သော ကျမ၏ သူဆိုသည့်ကိုကိုက အရာရာကိုလွှတ်ချချင်ပြီဆိုတော့ မိန်းမသားဖြစ်သည့် ကျမအတွက်တော့ ကိုကိုဆိုသည့် သူ ့ကို ဆုတ်ကိုင်ထားလိုသည့် ကျမ၏ လောဘ, မောဟ, အတ္တစိတ်က နားလည်ပေးလို ့မရနိုင်တာကအမှန်ပင်။ အခုတော့- ကျမ၏ လောဘ,ဒေါသ, မောဟဆိုသည့်စိတ်တို ့အား လျော့ချနိုင်ဘို ့အတွက် ကျမကိုယ့်ကိုယ်ကိုဆုံးမနိုင်ဘို ့အတွက် ဝိပဿနာအလုပ်ကိုလုပ်ဖြစ်ခဲ့သည်(အားထုတ်ဖြစ်ခဲ့သည်)။ ဝိပဿနာအလုပ်က ကျမ၏စိတ်ကို၊ကောင်းစွာထားတတ်စေခဲ့သည်။ အခု- ကျမအတွက် မရှိလျှင်မဖြစ်ဆိုသည့်သူ,(တစ်နည်းအားဖြင့်ကျမ၏ကိုကို) ကျမ၏ လောဘ,ဒေါသ,မောဟ ဆိုသည့်အတ္တစိတ်ကို တရား၏အဆုံးအမအောက်၌ထားရှိ ခံယူခဲ့လိုက်သောအခါတွင် […]


aye.kkAugust 30, 20171min64711
လူ ့လောက၌ လူသားတို ့အတွက် ရှိသင့်သောအရာသည် ရိုးသားမှုတရားပင်ဖြစ်လေသည်။ ရိုးသားမှုရှိမှသာလျှင် လူအချင်းချင်းပင်တူသော်ငြား ယုံကြည်ခြင်းခံရသည် လေးစားခြင်းခံရသည် ဂုဏ်သိက္ခာရရှိခြင်းခံရသည် ရိုးသားမှုတရားဟူသည် ဖြူစင်သောတရားဖြစ်သည် လူ ့လောကအား အလှဆင်နိုင်သည့်တရားဖြစ်၍ လူသားတို ့အတွက်လိုအပ်လှသည့် ရှိသင့်သောအရာဖြစ်လေသည်။                  


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


aye.kkAugust 14, 20171min58611
မိမိ၏ ယုံကြည်မှု ချစ်သောဇနီး ချစ်သောသားသ္မီးများ ချစ်သောဆွေမျိုးများ ချစ်သောမိတ်ဆွေများအပေါ်၌ ယုံကြည်သည့် ယုံကြည်မှုတရားများ ပျက်စီးခြင်းကြုံရသောအခါ ယုံကြည်မှုတရားအမှားများသည်၎င်း မနာချင်သော်လည်း နာမှုခံစားရသောအခါ မအိုချင်သော်လည်း အိုမှုခံစားရသောအခါ မိမိ၏ ဆန္ဒရှိမှုအပေါ် ဖြစ်ချင်တာကို ဖြစ်အောင်လုပ်သော်လည်း မဖြစ်လာသောအခါ သံဝေဂ ကြီးစွာရရှိလေသည်။။