aye.kkDecember 15, 20172min56011
မနေ ့က ဓမ္မမိတ်ဆွေကျောင်းအစ်မ၏အိမ်သို ့ အလယ်ရောက်ဖြစ်သည်။ ဘာသာရေးမှာစိတ်တူကိုယ်တူမို ့ပေါင်းဖြစ်ကြသည်။ ကျောင်းဆောက်လုပ်ရန်အတွက်၊ကျောင်းအစ်မပိုင်ဆိုင်သော မြေနေရာကြည့်ရန်သွားရင်း၊သာယာသည့်လွယ်စီတုံတောင်ကို တွေ ့မြင်လိုက်ရသည့်အတွက်၊အမှတ်တရဓတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်ပေါ်သို ့ခဏခဏရောက်ဖူး၊နေဖူးခဲ့သည့်၊ မိတ်ဆွေတစ်ယောက်လည်းပါလာသဖြင့်၊ လွယ်စီတုံတောင်၌ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ရှုခင်းအနေအထားများနှင့်ထူးခြားဆန်းပြားသည့် အကြောင်းအရာများကို ပြောပြသဖြင့် လွမ်းမောဘွယ်ရာကောင်းလှတာကိုခံစားရပါတယ်။ လွယ်စီတုံတောင်ကို ရောက်ဖူးချင်ပါသော်လည်း၊ လက်ရှိတွင် ကျွန်မ၏ ကျန်းမာရေးအခြေအနေအရ၊ လွယ်စီတုံတောင်ပေါ်သို ့တက်ရောက်ရန် မဖြစ်နိုင်ပါလေ။ ကျွန်မ၏မိတ်ဆွေ ကျောင်းအစ်မ အလယ်ခေါ်သွားသည့် လွယ်စီတုံရွာမှာဆောက်လုပ်လှူဒါန်းထားသည့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းခွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ဆောက်လုပ်ရန်မြေနေရာကြည့်ရင်းနဲ ့ပါ။ လွမ်းမောဘွယ်ရာ သာယာလှပနေသော လွယ်စီတုံတောင်ကိုဖြင့် အဝေးကနေ အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်။ လွယ်စီတုံတောင်၌ ထူးခြားဆန်းပြားလှသည့် အကြောင်း အရာများကို၊ ကြုံတွေ ့ခံစားရသည့် မိတ်ဆွေကိုယ်တိုင်က အဖြစ်သနစ်များကို ပြောပြသဖြင့် နားထောင်မိပါသော် လည်း၊ ပြန်ပြောပြပါကယုံကြည်လက်ခံနိုင်ရန် ခဲယဉ်းလှ သည့်ကိစ္စများ ဖြစ်နေ၍၊  မပြောပြလိုပါ။ ကိုယ်တိုင်သာ ရောက်ဖူးချင်မိပါသည်။  


Kaung Kin PyarDecember 7, 20171min3281
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။ အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော.. တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။ “ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့ ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ […]


သင့်အေးရိပ်December 4, 20177min18892
        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


ko sixNovember 12, 20171min185
⬛⬛⬛KOSIX⬛⬛⬛ နင့်ကနဲ နေအောင် အံ့ဩထိတ်လန့်စရာ ကိစ္စမျိုး ရုတ်တရက် ကြားသိလိုက်ရတဲ့အခါထက်…… လူတစ်ယောက်အတွက် ကြိုတင်သိရှိနေရတဲ့ အမှန်တကယ်သေရမည့် ရက်စွဲကို ထိုသူကိုယ်တိုင်က ဘယ်လောက်ထိတ်လန့်နေရမလဲ။ အဲဒီလို ကြုံတွေ့နေခဲ့ရသော လူတစ်ယောက် ကျွန်တော့်မှာ ပိုင်ဆိုင်ထားခဲ့ဖူးပါသည်။ ခုတော့ သူပြောခဲ့သလိုမျိုး သေဆုံးသွားခဲ့ပါပြီ။ ထိုသူသည် ဆရာနှောင်းဟေမာန် (တောင်ငူ) ဟူသတည်း။ ကျွန်တော်နှင့်လွန်စွာ ရင်းနှီး၍ စာပေနယ်ပယ်တစ်ခုသို့ သောင်းပြောင်းထွေလာရယ်စရာဟု အမည်ရသောမဂ္ဂဇင်းတစ်ခု၌ သူ၏ အမည်နာမအနွတ္တညာကို စတင်သိရှိခဲ့ရပြီး……… ကျွန်တော်က သူ့ကို ကိုနှောင်း သို့မဟုတ် ဆရာနှောင်းဟု တန်ဖိုးထားလေးစားစွာ ခေါ်မိခဲ့သူက ဒီနိုဝင်ဘာမှာ လူ့ဘဝက အပြီးတိုင် ထွက်ခွာသွားပြီလို့ ဆရာမင်းထက်သားညီ (တောင်ငူ)ဆီက သိရတော့ ကျွန်တော် ရင်ထဲမှာ နင့်ကနဲ။ ဪ… သွားနှင့်ပေဦးတော့ ကိုနှောင်းရေ…။ ခင်ဗျားက လူအဖြစ်လာခဲ့တယ်။ […]


WowNovember 10, 20171min48410
WHAT IS SOUL LOSS? During my introduction to shamanism and the methods of ritualistic ‘soul retrieval‘, the basic understanding of Soul Loss that was expressed was that parts of our souls travel off into other realms, or alternate realities, sometimes being possessed by spirits. In the shamanistic perspective, when these parts of our souls are […]


aye.kkNovember 3, 20171min56412
ဒီမနက် တန်ဆောင်မုန်းလပြည့်နေ ့ပါ။ မနက်အိပ်ရာထကတည်းကရေနွေးအိုးတည်၊ထမင်းအိုးတည်ပြီး ဆွမ်းတော်ကပ်ရန်အတွက်ပြင်ဆင်၊သားတွေအတွက်မနက်စာပဲပြုတ်နဲ ့ထမင်းကျော်ပြီး အမေဥပုသ်သွားရန်အတွက်၊ အချိန်မီပြင်ဆင်ပေးရသည်။ အမေကဥပုသ်ကျောင်းသွားကာ၊ ကုသိုလ်ယူသည်။ မနေ ့ထဲကအိမ်ရှေ ့တည့်တည့်၊လမ်းပေါ်မှာအမှိုက်တွေတွေ ့နေရလို ့မနေနိုင်တာနဲ ့ပဲ ကိုယ်တိုင်တံမျက်စည်းယူပြီး လှည်းကျင်းသန် ့ရှင်းမိပါတယ်။ ဒီမနက် ခပ်စောစောမှာ အိမ်ရှေ ့တည့်တည့် လမ်းမပေါ်မှာ၊ခွေးစာပစ်ကျွေးထားတာညီမလေးကမြင်တော့၊လုပ်တဲ့သူတွေအပေါ်အပြစ်မြင် ပြောဆိုနေတာ ကြားရပါတယ်။  ကြားရတဲ့စကားတွေက အကျိုးမရှိတဲ့စကားတွေဖြစ်နေလို ့မို ့ မနေနိုင်တာနဲ ့ဘဲ ညီမလေးကိုပြောပြမိပါတော့တယ်။ ကိုယ်နေနေရတာက၊အိမ်ခန်းငှားနေရတာမို ့၊လူအမျိုးမျိုးစရိုက်မျိုးစုံတွေ ့ရမှာ။ သည်းမခံနိုင်ရင်တော့ အကျိုးမရှိတဲ့အပြင်၊ရန်ပိုလာမှာပဲကြိမ်းသေတယ်လို ့ပေါ့။ လုပ်တဲ့သူကတော့ အကြောင်း,အကျိုးမသိလို ့ပြုလုပ်မိတာပါ။ အခုနေနေတာအိမ်ခန်းငှားနေထိုင်တာဆိုတော့၊ကိုယ့်အိမ်ရှေ့တည့်တည့်မှာမှ ခွေးစာလာချကျွေးထားတော့လည်း ညီမလေးက မခံနိုင်တာနဲ ့ပြောဆိုနေတာပါ ။ နောက်ပီးကိုယ့်အိမ်က ဆိုင်ကယ်အဆင်းတည့်တည့်ကြီးမှာဖြစ်နေတာ ဆိုတော့လဲ။ တမင်များလာလုပ်ထားသလို ညီမလေးက သူ ့စိတ်အထင်မှာ ဖြစ်နေပါတယ်။ ကိုယ့်အိမ်ရှေ့တည့်တည့်ဆိုပေမယ့်၊လမ်းပေါ်မှာဖြစ်နေတော့၊ကိုယ်လည်းမပိုင်။ပြောရင်ရန်ဖြစ်ရမယ်။ ကောင်းဘို ့မရှိတဲ့အပြင်၊ဒီအိမ်ကလူတွေက ဘယ်သူနဲ ့မှ မတည့်ဘူးလို ့လူအများရဲ ့ အမြင်မှာ အထင်မြင်သေးခံရမှာ အသေအချာပါ။ အခုကိစ္စလေးကို သည်းခံလိုက်ရင် […]


ko sixOctober 22, 20171min4136
::::::::::::::::::::: နှုတ်ဆက်ခြင်းမှာ နှစ်မျိုးနှစ်စားရှိကြောင်းနှင့် တစ်ခုသော နှုတ်ဆက်ခြင်းတွင် အနက်အဓိပ္ပာယ်အရ ဖြေဆည်နှစ်သိမ့်နိုင်ရန် အလွန်ခက်ခဲသော ဒြပ်မဲ့တို့ ကိန်းအောင်းနေကြောင်းကို ဒီမနက်မှ ကျွန်တော် သိလိုက်ရပါပြီ။ ဟုတ်ပါသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ်က ကျွန်တော့်နာမည်ကို တွင်တွင်ခေါ်ကာ အားပါးတရ လာရောက်နှုတ်ဆက်ခဲ့ဖူးသူသည် ဒီကနေ့ မနက်ပိုင်းတွင်ကျတော့ နှုတ်စကားတို့ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်း အလျင်းမရှိပါဘဲ ကျွန်တော့်ကို လူ့ဘဝမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း နှုတ်ဆက်လာခဲ့ပြန်ပါသည်။ တွေ့ဆုံ၍ နှုတ်ဆက်ခြင်းနှင့် ခွဲခွာခါနီး၍ နှုတ်ဆက်ခြင်းတို့တွင် နံပါတ်နှစ်မြောက် နှုတ်ဆက်ခြင်းက အံ့ဩစရာကောင်းလောက်အောင် နှစ်မျိုးနှစ်စား ရှိနေပြန်သည်က ရင်ထဲ နင့်ကနဲ ဖြစ်သွားစေတော့သည်။ ဟုတ်ပါသည်။ ကျွန်တော့်ကို နှုတ်ဆက်လာသည့် ဒီနေ့လိုမျိုး နှုတ်ဆက်ခြင်းအား ဘယ်လို ခွန်အားမျိုးနှင့် ရင်ဆိုင်ရပါမည်လဲ။ (a) အလုပ်ကို ရောက်လိုဇောဖြင့် ဆိုင်ကယ်ကို အရှိန်မြင့်ကာ […]


aye.kkOctober 21, 20171min4027
အတိတ်ဆိုတာ လူတိုင်းမှာရှိတယ် ကောင်းတဲ့အတိတ်ရှိသလို မကောင်းတဲ့အတိတ်လဲရှိတယ်။ ကောင်းတဲ့အတိတ်က ကိုယ့်စိတ်က ဆင်ခြင်တုံတရားရှိပြီးတွေးခေါ်တတ်တဲ့စိတ်ကြောင့်, သိနားလည်တဲ့စိတ်ကြောင့် ကောင်းတာတွေကိုပြုလုပ်ထားတဲ့အတွက် ကောင်းတဲ့အတိတ်ဖြစ်စေပါတယ်။ ကောင်းတာတွေပြုလုပ်ထားမိခဲ့အတွက်လည်း အချိန်ကာလ၊ဘယ်လောက်ပဲကြာကြာ ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်တဲ့အခါတိုင်းဖြစ်ဖြစ်၊ပြန်တွေးမိတဲ့အချိန်တိုင်းဖြစ်ဖြစ် ကြည်နူးပီတိခံစားရစေပါတယ်။ အဲဒီအတွက်လည်းလက်ရှိပစ္စုပ္ပန်မှာ ကောင်းတဲ့အကျိုးတရားတွေခံစားရပါတယ်။ မကောင်းတဲ့အတိတ်က ကိုယ့်စိတ်က ဆင်ခြင်တုံတရားမရှိ၊မတွေးခေါ်တတ်တဲ့စိတ်ကြောင့် မသိနားမလည်တဲ့စိတ်ကြောင့် မကောင်းတာတွေပြုလုပ်ထားမိတဲ့အတွက် မကောင်းတဲ့အတိတ်ဖြစ်ပါတယ်။ ကိုယ်ပြုလုပ်ထားမိတဲ့အမှားတွေကိုဆိုချင်တာပါ။ ကိုယ့်စိတ်က မခံချင်တဲ့စိတ်ကြောင့်ဖြစ်ဖြစ် မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်ဖြစ် မကောင်းတာကိုပြုလုပ်ထားမိခဲ့လျင် ကိုယ့်စိတ်ထဲမှာ ပြန်ပြီးစဉ်းစားမိတဲ့တိုင်း၊ ကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို အပြစ်ရှိနေသလိုဝမ်းနည်းတဲ့စိတ်တွေဖြစ်ပေါ်ခံစားရစေပါတယ်။ မိမိကိုယ်တိုင်ကပြုလုပ်ထားမိလို ့ ဖျောက်မရတဲ့အတိတ်ဆိုးဖြစ်နေခဲ့ပါလျင် အမြဲကိုယ့်စိတ်မှာခြောက်လှန် ့ခြင်းခံနေရသလို၊ ခံစားနေရတတ်ပါတယ်။   မခံချင်တဲ့စိတ်ကြောင့်ဖြစ်စေ မသိနားမလည်တဲ့စိတ်ကြောင့်ဖြစ်စေ အမှားမပြုလုပ်မိခဲ့ဘူးဆိုပါလျင် အတိတ်ဆိုးဆိုတာလည်း၊မဖြစ်လာနိုင်ပါဘူး။ အားလုံး- ကိုယ်ပြုလုပ်မိမှားတဲ့အတိတ်ဆိုးမှ၊အစဉ်ကင်းဝေးနိုင်ကြပါစေ။              


aye.kkOctober 21, 20171min3573
မိမိဘဝတွင် မိမိချစ်သော, မိမိပိုင်ဆိုင်ထားသော အရာရာမှန်သမျှတို ့ကို ၊ မိမိမှ စွန် ့လွတ်နိုင်ဖို ့အတွက် ဝန်လေးကြသည်။ ပုထုဇဉ်မှန်သမျှ မစွန် ့လွတ်နိုင်ကြဟုပြောလျင်၊ ပို၍မှန်မည်ထင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့်စွန် ့လွတ်ရပါကလည်း အောက်မေ့ကြေကွဲ,ဝမ်းနည်း,ပူဆွေး,တမ်းတ,နှမြောတသ၊ ဖြစ်ကြရသည်။ မစွန် ့လွတ်ချင်ပါသော်လည်း၊ဆုတ်ကိုင်ထား၍ကလည်း မဖြစ်နိုင်ပါ။ မဖြစ်နိုင်တာကို သိနေသည့် စိတ်။ ထိုစိတ်က မိမိကိုပို၍ခက်ခဲစေသည်။ ပင်ပန်းစေသည်,ဆင်းရဲစေသည်,ပူလောင်မှုတို ့ကိုသာ ဖြစ်ပေါ်စေသည်။ မိမိဘဝတွင် မိမိအတွက် အရေးပါသော အရာရာမှန်သမျှ၊ ပိုင်ဆိုင်ထားမှုမှန်သမျှတို ့သည် စိတ်ကိုချည်နှောင်ထားနိုင်ကြသဖြင့် ၊ စိတ်၏ မွန်းကြပ်မှုတို ့ကိုသာ ခံစားဖြစ်ပေါ်စေသည်။ ထိုစိတ်သည် နွံနှင့်တူလှသည်။ နွံနှင့်တူသဖြင့်  ရုန်းထွက်နိုင်ဖို ့၊ မလွယ်ကူ။   မိမိ၏ဘဝတွင် မိမိချစ်သောအရာရာမှန်သမျှ မိမိပိုင်ဆိုင်မှုမှန်သမျှတို ့သည်၊ အမြဲတမ်းမဖြစ်နိုင်သည့်အတွက် ထိုနွံမှ ရုန်းထွက်နိုင်မှသာလျင်၊ စိတ်၏ပေါ့ပါးလွတ်လပ်မှု,ချမ်းသာအေးမြမှုကို ရရှိခံစားနိုင်မှာ၊ အမှန်ဖြစ်ပေသည်။ ချစ်သောနွံမှရုန်းထွက်နိုင်ပါစေ။   […]


manawphyulayOctober 13, 20172min59217
Water Bus စတင်ထွက်ရှိပြီ သတင်းကြားသဖြင့် အလုပ်ဆင်းတဲ့အချိန်တွင် စောပြီး နန်းသီတာဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ သင်္ဘောစီးခရီးသည်များ စောင့်စားနေသည်ကို တွေ့ရပါတယ်။ ကြည့်လိုက်တော့ ကိုုယ့်လို အလုပ်ဆင်းပြန်သူ သိပ်မတွေ့ရပဲ မိသားစုအလိုက် အပျော်လိုက်စီးမည့်သူများကို တွေ့ရတယ်။ သင်္ဘောရဲ့စတင်ရာ ဂိတ်ကတော့ ဗိုလ်တစ်ထောင်ဘုရားမှ ဂိတ်စတယ်လို့ ပြောတယ်။ ဒါနဲ့ ခဏစောင့်နေတော့ တစ်ထပ်သင်္ဘောတစ်စီး ကမ်းကပ်လာတယ်။ နေရာမရမှာစိုးတဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို စီးဖို့ စိတ်ကူးလိုက်ပြီး လိုက်သွားလိုက်တယ်။ သင်္ဘောပေါ်မှာတော့ ထိုင်ခုံအပြည့်ပဲတင်တဲ့အတွက် လျော့သွားတဲ့လူဦးရေပဲ တင်တာဆိုတော့ လူအများကြီးတော့ လိုက်စီးလို့မရဘူးပေါ့။ နောက်ဗိုလ်တစ်ထောင်ဘုရားဂိတ်ရောက်တော့ အကုန်ဆင်းခိုင်းပါတယ်။ ဂိတ်ဆုံးပြီတဲ့။ ကိုယ်က အိမ်ပြန်မှာလေ အင်းစိန်ထိစီးမှာဆိုတော့ ကမ်းကို ကြည့်လိုက်တော့ လူတွေ လူတွေ မနည်းမနောပဲ ဆင်းပြီး ပြန်တက်ဖို့ မလွယ်လောက်ဘူး။ ဒါနဲ့ ယူနီဖောင်းဝတ်ကောင်လေးကို အကျိုးအကြောင်းပြောပြတော့ […]


သင့်အေးရိပ်October 10, 20171min45348
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


aye.kkOctober 4, 20171min59514
အတိတ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အတိတ်နဲ ့ပတ်သက်ရင် ကောင်းတဲ့အတိတ်ရှိခဲ့သလို မကောင်းတဲ့အတိတ်လည်းရှိပါတယ်။ ကောင်းတဲ့အတိတ်ကတော့ ဘယ်အချိန်ခါမှာဘဲဖြစ်ဖြစ် ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုအားရကျေနပ်တဲ့စိတ်နဲ ့ထပ်တူကြည်နှူးဝမ်းသာစိတ်တွေ ဖြစ်ပေါ်ခံစားရစေပါတယ်။ မကောင်းတဲ့အတိတ်ကတော့ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်းလဲ ကိုယ့်ကိုယ်ကိုအားမလို,အားမရစိတ်တွေနဲ့ထပ်တူပူပန်ဝမ်းနည်းစိတ်တွေသာ ဖြစ်ပေါ်ခံစားရစေပါတယ်။ ကောင်းတဲ့အတိတ်ဆိုတာလဲ မိမိရဲ ့ပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။ မကောင်းတဲ့အတိတ်ဆိုတာလဲ မိမိပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။ မိမိစိတ်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားဖြစ်ပေါ်မှုတွေအရ, အကောင်းစိတ်,အဆိုးစိတ်တွေအတိုင်း၊ ပြုမူဆောင်ရွက်မိကြလို ့သာ ကောင်းတဲ့အတိတ်,မကောင်းတဲ့အတိတ်တွေဖြစ်ပေါ်ခံစားကြရတာပါ။ မကောင်းတဲ့အတိတ်က အဆိုးစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲစေတာကလွဲရင် ပစ္စုပ္ပန်အတွက်လဲ  အကျိုးမရှိပါဘူး။ ကောင်းတဲ့အတိတ်က အကောင်းစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာမှုရရှိစေတဲ့အပြင် ပစ္စုပ္ပန်အတွက်လဲ အကျိုးရှိပါတယ်။ မကောင်းတဲ့အတိတ်ဆိုတာ ကိုယ့်မှာမရှိခဲ့ရင်၊စိတ်ချမ်းသာမှုသာခံစားကြရမှာပါ။ မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ဘို ့အတွက် အသိတရား,ကိုယ်ချင်းစာတရားရှိရပါမယ်။ အသိတရား,ကိုယ်ချင်းစာတရားက စိတ်ကိုထိန်းချုပ်နိုင်တဲ့လက်နက်ကောင်းတွေပါဘဲ။ လက်နက်ကောင်းတွေနဲ ့စိတ်ကိုထိန်းချုပ်နိုင်ပါမှ မကောင်းတဲ့အတိတ်ကနေ ကင်းဝေးနိုင်ကြမှာပါ။ အားလုံး- မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ကြပါစေ။              


    နယ်ဘက်က ကားလမ်းမတွေပေါ်မှာ … အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့် ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။   ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင် ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့ အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။ အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့ ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့ ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို … အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။ အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ […]