မောင် ပေAugust 12, 20131min52712
ငါးချဉ်ဆိုလို ့ … ခင်ဗျားတို ့လဲ မြင်ဖူးကြမယ် ထင်ပါရဲ ့ ပုစွန်ချဉ်တို ့ ငါးဖယ်ချဉ်တို ့လိုမျိုးပေါ့ဗျား ကျုပ် ဒီစာကို ရေးမလို ့လုပ်တုန်း ၊ မိုးတွေရွာနေတယ်ဗျ ကျုပ်လဲ ဘယ်ကနေဘယ်လို လမ်းပေါ်ရောက်နေမှန်း စဉ်းစားလို ့ကို မရပါဘူးဗျာ ဒါနဲ ့မျက်နှာမူရာဘက် ခြေလှမ်းတွေလှမ်းနေမိရင်း ၊ တစ်နေရာ ရောက်တော့ လူအုပ်ကြီးတစ်အုပ် ဆူဆူညံညံဖြစ်နေတာကို တွေ ့မိပါရဲ ့ ဒါနဲ ့၊ ဝင်စပ်စုကြည့်တော့… အလယ်ခေါင်မှာ လူတစ်ယောက် ( ယောက်ျားတစ်ယောက် ) ၊ သွေးသံအလိမ်းလိမ်းနဲ ့စုတ်ပြတ်သပ်နေတယ် ။ သူ ့အနောက်က နံရံပေါ်မှာ သင်္ဘောဆေးနဲ ့ “ ဤ ” […]


johnnydeerAugust 10, 20131min2123
ပထမအဆင့် လိမ်ပါတယ်ခင်ဗျ…နောက် ဝိုက်ပါတယ်…အားမရသေးဘူး… ခိုးပါတယ်ခင်ဗျာ…ပြီးတော့.ပေါ်တင်တွယ်တယ်ခင်ဗျ…အုပ်စုလိုက်ပါခင်ဗျာ…စားမာန်ခုတ်ပြီး အချင်းချင်းတွယ်ကြပါတယ်…တဆင့်တက်ပါတယ်…နောက်ဆုံး ဘာမှမလုပ်ပဲ အပျောက်ရှင်းလိုက်ကြပါတယ်… ဝသွားတဲ့သူတွေ ဘေးထွက်ထိုင်ပါတယ်ခင်ဗျ…မတွယ်ရသေးတဲ့သူတွေကလဲ အံတခဲခဲနဲ့ နွားသိုးကြိုးပြတ်ဝင်လာပါတယ်…ကိုယ့်လူကို ကာဗာပေးပါတယ်ခင်ဗျ…ဒိုင် တဘက်ထဲကို ပင်းပြီး ညစ်နေပါတယ်…. ပရိတ်သတ် ဒေါသတချောင်းချောင်း ထွက်နေပါပြီ…ထိုညစ်တဲ့ အဖွဲ့ က ပရိတ်သတ်ကို ဒါပဲထင်တယ်ဆိုပြီး ခါးကော့ပြသွားကြပါတယ်… ဒိုင်မမြင်ချင်ယောင်ဆောင်နေပါတယ်…ဒီလောက်ညစ်တဲ့ အဖွဲ့ကို ဘယ်သူ့မှ အနီကဒ်မပြပါဘူး…လူချင်းလဲပြီးပဲ ကစားခိုင်းပါတယ်…ရှေ့တန်းကလဲ တွယ်တယ်…အလယ်တန်းကလဲ တီးတာပါပဲ…နောက်တန်းကလဲ မခေပါဘူး…လူမသိသူမသိ အကုန်သွပ်ပါတယ်…ဂိုးစောင့်တဲ့ ဘဘကြီးကတော့ ဘာမဆို လာထားဆိုတဲ့ အစားထဲကပါပဲ… တဘက် အသင်းကတော့ အလဲလဲ အကွဲကွဲပါပဲ…ဒဏ်ရာရတဲ့သူတွေ...ဆေးရုံရောက်သူတွေ… အနီကဒ်ပြခံရသူတွေ အများကြီးပါခင်ဗျာ…ကွင်းထဲတောင် လူသိပ်မကျန်တော့ပါဘူး…ပြောနေရင်း ပရိတ်သတ် ဒေါသတချောင်းချောင်းထွက်လာကြပါတယ်…ဆူပူရမ်းကားအဖျက်သမားတွေလို့ သတ်မှတ်လိုက်ကြပါတယ်… ဒီလိုနဲ့ မြန်မာ့ဘော့လုံးညစ်ပွဲကြီးဟာ 20း10 အချိန်မှာ ပထမပိုင်းပြီးဆုံးသွားပြီး 20း15 ဒုတိယပိုင်းမှာတော့ ဘယ်သို့ဘယ်ပုံလာမည်မသိရကြောင်းပါခင်ဗျား…အားလုံး ဆက်လက်ရှုစားကြပါဦးခင်ဗျား…


စူးရဲAugust 9, 20131min48519
တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့ အေးစက်မာကြောတဲ့ သူ့ရဲ ့ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို  နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့ သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို လွယ်ကူစွာ မေ့ပြစ်နိူင်ဖို့ ကျွန်တော့ရဲ ့ဦးနှောက်က ကျွန်တော့်ရဲ ့ စိတ်ကို အမိန့်ပေးစေခိုင်းနိူင်ခြင်းမရှိခဲ့ပါဘူး …။ နောက်ဆုံးနှစ် ရဲ ့နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ ့ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။   .ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ ့အရိပ်အမိုးအောက်မှာ ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ ့မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို    သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။ “နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း  အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့  စကားတွေနဲ့အတူ ကျွန်တော့်ဓါတ်ပုံနဲ့  စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။ တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း    ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် […]


Mr. MarGaAugust 6, 20131min55922
. . . . . . . . . . . ကွန်ပျူတာရှေ့မှာ မလှုပ်မယှက် နဲ့ ထိုင်နေတာ နာရီအတော်တောင် ကြာပေါ့ ဘေးကို ဝေ့ကြည့်လိုက်ပြန်တော့ စာရွက်တွေက ပြန့်ကျဲလို့။ လူကတော့ ဒီအတိုင်း ငြိမ်တုန်း၊ တွေးတုန်းပဲ။ ကိုယ်တိုင်လဲ ဘာဖြစ်နေတယ်ဆိုတာကို သိတယ်။ ဘာကြောင့် ဖြစ်တယ် ဆိုတာလဲ သိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ဆိုတာကိုလဲ သိတယ်။ အနာလဲသိ ဆေးလဲရှိပါရဲ့နဲ့ အခုအချိန်အထိ ဒီလောက် ဖြစ်နေတာ မဟုတ်သေးဘူး။ စိတ်က အရာတော်တော်များများကို အလိုမကျ ဖြစ်နေမိတယ်။ အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ အကျင့်ကိုလဲ အတော် အမြင်ကတ်နေပြီ။ ဘာကြောင့်များ သူများတွေလို ဖွင့်ဟ […]


MAUNGAugust 6, 20131min36311
တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင် တစ်ယောက် ကားငှါးစီးပြီး အာလာဒင် ကို ဂိမ်း ဆော့ဖို့သွားပါရော ။ ကား ကနံပါတ် အနက်ကြီး နဲ့ဗျ ။ ကားဆရာ နဲ့ ထွေရာလေးပါး လေးပြော ရင်းနဲ့ မြေနီကုန်း မီးပွိုင့် နားရောက်လာရော ။ ဗြုန်း ဆိုရှေ့က တက်စီ က မီးပြ ပြီးယာဉ်ကြော ပြောင်းဖို့ ကြိုးစားရော ။ ကျွန်တော် စီးလာတဲ့ ကားဆရာ ကလဲ လုံးဝ လမ်းမပေးဘဲ ရှေ့ ကားကို အတင်းကပ် ၊ တက်စီ ဆရာကလဲ ခေါင်းထိုးဝင် နဲ့ တိုက်မလိုဖြစ် ကြရော ။ အဲဒီ ကစပြီး ကားသမား နှစ်ယောက် […]


alinsettAugust 2, 20132min3448
ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၂)ကို ဖတ်ရန်…   နွေဦး ကောင် းကင်ကြည် စင်၏။ တောငွေ့တောင်ငွေ့ မွှေ းသည်။ အဝေးဆီ မှ ာ တိ မ် ပြာများ…. “ကလေးရယ်၊ ဦးကြီ းရဲ့ တဲ ကလေးမှ ာ ဧည့ ်ခံ စရာ ဘာမှမရှ ိဘူ း” “အိ ု း…ဘာလိ ု့ မရှ ိရမှ ာလဲ” ဝမ်းနည် းနေဟန်ရှ ိသော တောင်သူ ကြီ းကိ ုပန် းချီဆရာကလေးက တက် ကြွ စွ ာ ပြန်ပြောလိ ု က်သည်။ “ဒီ တဲလေးမှ ာ ကျွန်တော်အကြာကြီ […]


လူကေလးAugust 1, 20131min49114
“ဘယ်ဆီကိုရောက်ရောက် .. ဘာတွေကို လုပ်လုပ် .. အတွေးထဲအမြဲတမ်းမင်းဝင်နေတယ်… ဒဏ်ရာတွေနဲ့ ည … အို .. နာကျင်တဲ့အချိန်တိုင်း.. ဘယ်လိုမှ ဖျက်ဆီးမရနိုင်တော့.. ပြေးထွက်ခဲ့ အတူတူလျှောက်ဖူးတဲ့ နေရာများ .. မင်းရယ် . .တို့ရယ် ..ရင်မှာရူးသွပ်တဲ့ညတိုင်း .. အလွမ်းများ..”.. ကျွန်တော်တို့ အုပ်စု စာကလေး တို့ ငှက်ရိုးတို့အပါအဝင် ထန်းရည်ပင်အောက် အညာဘီယာလေး သောက်လို့ရယ် သီချင်းဆိုနေကြပါရဲ့ .. ကျွန်တော် အိမ်ကထွက်လာတော့ ပါလာတဲ့ ဂီတာအဟောင်းလေးတီးလို့ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေး သူတို့ကို ဆိုပြနေတာပါ.. သူတို့ က “ကိုလူကလေး တလှည့်ဆိုဦးဗျ ကျုပ်တို့ သောက်ရင်း နားထောင်မယ်” ဆိုလို့ ကျွန်တော် တီးနေကျ ဒီသီချင်းလေးတီးပြလိုက်တာပေ့ါလေ.. သီချင်းဆိုပြီး […]


Phyo Thit LuuAugust 1, 20131min56914
ဟေ့ကောင်… ပြောစမ်း။ မင်း မိန်းမလား ယောက်ျားလား။ ပြောစမ်း ဟိတ်ကောင်။ ပါးစပ်ကလည်းပြော လက်ကလည်း ထားဝယ်ကြိမ်လုံးသေးသေးလေးတွေနဲ့ တဖြန်းဖြန်းမြည်အောင် ရိုက်နှက်ခံနေရသော ကလေးငယ်လေးဟာ အလွန်ဆုံးရှိလှမှ ၆ နှစ် ရ နှစ် သာသာရှိဦးမယ်လို့ ကျမ ခန့်မှန်းနေမိပါတယ်။ ကလေးငယ်လေးဟာ ယောက်ျား၊ မိန်းမ ခွဲခြားလို့ရလောက်အောင် ရုပ်ရည်ပင် မပေါ်ပေါက်သေး။ ကျမ မြင်နေရတာကတော့ ဘိုမရုပ်ကလေးတွေမှာ ဝတ်ပေးနေကြ ဂါဝန်လှလှလေးတွေလိုပုံစံ ဂါဝန်ကို ဝတ်ထားပြီးတော့ နှုတ်ခမ်းနီးတွေ မျက်နှာမှာ ပေကျန်နေတာပါပဲ။ ဟေ့ကောင်… မင်း မိန်းမလား ယောက်ျားလား ဆိုပြီးတော့ တခွန်းပြီးတခွန်းမေးရင်းနဲ့ တဖြန်းဖြန်းနဲ့ မရပ်မနား ရိုက်နှက်နေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ဂါဝန်အစတွေ ကွဲပြဲထွက်နေတာကိုလည်း မြင်နေရတယ်။ အဲဒါအပြင် ကျောပြင်နဲ့ လက်ပြင်တချို့နေရာတွေမှာ ကြိမ်ချက်ကြောင့် […]


July 30, 20131min57019
  ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေထဲမှာ ကန်တော်ကြီးလို့ အမည်ရတဲ့ ရေကန်ကြီးဟာလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ကန်တော်ကြီးရဲ့ ထူးခြားချက်တွေထဲမှာဆိုရင် ကျောက်စိမ်းရောင် သန်းနေတဲ့ ရေကန်ပြင်ကျယ်ကြီးရယ်၊ သစ်ပင်ကြီးတွေ ထူထပ်ပေါများနေလို့ အရိပ်ရပြီး အေးချမ်းနေတဲ့ ကျွန်းဆွယ်တွေ၊ သစ်လုံးကြီးတွေနဲ့ ကန်ပတ်ပတ်လည်မှာ လူသွားလမ်းအဖြစ် တည်ဆောက်ထားတဲ့ သစ်သားတံတားကြီးတွေ၊ ပန်းခြံတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ မွန်းမံထားလို့ပဲဆိုတာ လူတိုင်းမငြင်းနိုင်တဲ့ အချက်ပါပဲမဟုတ်လား။ ကန်တော်ကြီးရဲ့ ပတ်ပတ်လည်ကိုတော့ သံပြားကြီးတွေနဲ့ အလှဆင်ထားတဲ့ ခြံစည်းရိုးအမြင့်ကြီးတွေကို ကာရံလို့ထားတယ်။ အဲဒီခြံစည်းရိုးရဲ့ အပြင်ဖက်မှာဆိုရင် လူသွားလမ်း ပလပ်ဖောင်းကြီးနဲ့ ကားလမ်းမကြီးက ကာရံထားလို့ စည်ကားနေပါရဲ့။ ကန်ပတ်ပတ်လည် ခြံစည်းရိုးမှာဆိုရင် ရှေးဟောင်းသစ်ပင်ကြီးတွေဟာ ကြိုကြားကြိုကြားနဲ့ ပေါက်ရောက်လို့ပေါ့။ ကန်တော်ကြီးရှုခင်းသာဟာဆိုရင် မနက်မိုးသောက် အာရုံတက်ပြီဆိုတာနဲ့ ကြေးငှက်သံစုံတွေရဲ့ တွန်ကြူးသံနဲ့အတူ စတင်အသက်ဝင်လို့ လာခဲ့ပါတယ်။ […]


မောင် ပေJuly 30, 20131min78816
““““ အမှာ ”””” အခုတလော စာအရမ်းရေးချင်ပါတယ် ။ အကြောင်းအရာတော်တော်များများလဲ ခေါင်းထဲမှာ စာစီခဲ့မိပေမယ့် ၊ အင်တာနက်ဆိုင်ထဲရောက်တဲ့အခါ စုတ်ပဲ့လွန်းတဲ့ကွန်နက်ရှင် ကို အံမတု နိုင်တာနဲ ့ ၊ ထထပြန်ခဲ့မိတော့ ၊ ဘာပိုစ့်မှ မတင်ဖြစ် ။ အခုတော့ ကွန်နက်ရှင်လေး နဲနဲ မဆိုးတာရယ် ၊ အချိန်လေးလဲ နဲနဲရတာရယ်နဲ ့ ၊ ရေးချင်ရာ ကောက်ရိုက်ပြီး တင်ပေးလိုက်ပါတယ် ။ စာဖတ်သူများ စိတ် အလိုမကျရှိခဲ့သော် ၊ ကျွန်ုပ်အား ရေးချင်သလို ရေးခွင့်ပြုထားသော ဂေဇက် ဒေါ့ ကွန်း မှ သဂျီး မာမွတ်ခိုင် အား မေတ္တာပို ့သကြတော်မူပါကုန် ။ ပထမဦးဆုံး what is […]


July 28, 20131min66836
နှောက်ပြီတော်။ သိန်းတရာမကတန်တဲ့ မိန်းမလျာဘဝမှာ ဒါမျိုးတွေကိုမကြောက်လို့ ရွာတကာလှည့်ပြီးတော့ လျှောက်နေတဲ့ မဟာမျိုးအခြောက်တွေဆိုပြီး ပြောသွားတဲ့ အရိုင်းတို့ မြင့်မြတ်တို့ရဲ့ အသံလေးတွေကို နားထောင်ရင်းနဲ့ ပြုံးနေမိပါရဲ့။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ မကြည့်တာကြာပြီဖြစ်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားလေးတွေကို ဘားမိကလပ်စစ် အင်တာနက်ဝက်ဘ်ဆိုဒ်မှာ လိုက်မွှေကြည့်နေမိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကနေအစ အခုနောက်ပိုင်း ကြည့်မိလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်း တော်တော်များများက ဂေးတွေနဲ့ ပတ်သက်တဲ့ အချစ်ဇာတ်ကားပဲ ရှာဖွေကြည့်မိတာ အကျင့်တစ်ခုပဲ ပါလာလို့လားတော့ မသိဘူး။ အခုလည်း မျက်လုံးက ကန့်ကန့်သတ်သတ်နဲ့ ရှားရှားပါးပါး နှောက်ပြီ ဆိုတဲ့ ဇာတ်ကားလေးကို သွားတွေ့မိတယ်။ မြန်မာပြည်မှာက မိန်းမလျာ ယောက်ျားလျာ ဇာတ်လမ်းတွေဆိုရင် နောက်ဆုံးအဆုံးသတ်မှာ မိန်းမလျာက ယောက်ျား ပြန်ဖြစ်သွားပြီးတော့ မိန်းမယူလိုက်တာတွေ၊ ယောက်ျားလျာဆိုရင်လည်း မိန်းမတယောက်အနေနဲ့ ယောက်ျားနဲ့ ပြန်ပေါင်းဖက်တာတွေ၊ ဒါမှမဟုတ်ရင် […]


သူကေလးJuly 28, 20131min48013
မွေးနေ့လက်ဆောင် (သို့) အတ္တကိုချေဖျက်ခြင်း   “မင်းအကြောင်းလေးပဲ တွေးတွေးပီးနေတယ် မင်းအကြောင်းလေးပဲတွေးတွေးပြီးပျော်တယ်”   “ဟလို” “ဟလို ချစ် အိပ်သေးဘူးလား” ကျွန်မအတွက်ဆို ချစ်သူရဲ့အသံဟာ ထာဝစဉ်နွေးထွေးနေတတ်တယ်။ ဘယ်နေရာမှာ ဘယ်လောက်ပဲစိတ်ရှုပ်ထွေးနေပါစေ ကျွန်မနဲ့တွေ့ရင် ကျွန်မနဲ့စကားပြောရင် ကိုဟာအမြဲ ပျော်ရွှင်နေတတ်တယ်။ ကိုဟာအမြဲနူးညံ့နေတတ်တယ်။ ယုတ်စွအဆုံး ကျွန်မကစိတ်ဆိုးမာန်ဆိုးနဲ့ နင်တစ်ခွန်း ငါတစ်ခွန်းပြောနေရင်တောင် ကိုက အတတ်နိုင်ဆုံး ကောင်း၂မွန်၂ပြန်ပြောလေ့ရှိတယ်လေ။ “အချိန်ကိုလည်းကြည့်အုံးလေ အိပ်ချိန်ရောက်နေပြီကို ဘာတွေလုပ်နေလို့ အခုမှဖုန်းဆက်ရတာလဲ” တကယ်တော့ ကိုယ်တိုင်လည်းအိပ်မငိုက်သေးပါဘဲ ဖုန်းဆက်တဲ့အချိန် နည်းနည်းနောက်ကျတာနဲ့ ကြံဖန်အပြစ်တင်လိုက်မိတယ်။ “ဟာ ချစ်အိပ်ချင်နေပြီလား ဆော်ရီးပါကွာ ကိုမနက်ဖန်သင်တန်းမှာ assisgnment တင်ရမှာမို့ presentation လုပ်နေလို့ပါ ဆော်ရီးနော် ကိုတောင်းပန်တယ်” ချစ်သူဆီက ခပ်မြန်မြန်ဖြေရှင်းသံကိုကြားတော့ စိတ်ထဲသဘောတွေ့သွားတာမို့ ကို မမြင်ရလည်းပြုံးပြလိုက်မိတယ်။ ဘာလို့များ ဒီလောက်ဖြူစင်ရသလဲ။ […]


ဇူလိုင်လ ၂၁ ရက် မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊ နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊ အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အကျင်္ ီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊ သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊ အိုကေ……တက်ပေါ့၊ ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊ ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊ ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ […]