ရွှေအိမ်စည်October 23, 20112min3558
ဒီပိုစ့် ကို..ကျနော်ဖိုရမ်ထဲ မှာပခုက္ကူရေဘေး..လူသေမှုပျက်ဆီးမှုမှာဘဲတင်မလို ့ပါဘဲ..ဒါပေမယ့်..ဂေဇတ်ကမိတ်ဆွေအများစုက..အညာအရပ်ဒေသနေ တာများတော့…ကျနော်ဒီကဘဲတင်ပေးပါတယ်…..။….. ဘယ်လောက်ကြောက်ဖို ့များကောင်းပါသလဲ.. သတင်းရဲ ့မှားယွင်းတွေးခေါ်မှုကြောင့်လူတွေကြိုတင်မပြင်ဆင်နိုင်ဘူး…. ပြည်သူတွေနေတဲ ့နေရာကို……. စစ်ထွေ…ရခိုင်ပြည်..ဘင်္ဂလားပင်လယ်အော်..ဘက်ဘဲတွင်တွင်ပြောနေရင်းက…ကျနော်တောင်.. ****မုန်တိုင်းနောက်ဆုံးသတင်း*****ဆိုပြီး..ဘင်္ဂလားပင်လယ်ထဲသွားပြီဆိုတဲ ့ထုတ်ပြန်ချက်အတိုင်းတင်ပေးလိုက်ပါသေးတယ်..အဲ ့ဒီ ့အချိန်ကည-၁၁ နာရီပါ… ပေါက်ဖော်ပိုစ့်မှာတောင်..သူတို ့ထုတ်ပြန်ချက်အတိုင်းမန်းပေးလိုက်ပါသေးတယ်…။ ဆိုးဝါးလှတပခုက္ကူရေဘေး..လူသေမှုပျက်ဆီးမဲ ့ရင်နင့်စရာတွေ ကို…ဂေဇတ်ဖိုရမ်ထဲ မှာကျနော်ကူးယူတင်ပေးထားပါသေးတယ်… နောင်ဖြစ်လာရင်လည်း….မိမိကိုယ်သာကိုးကွယ်ရာဘဲမဟုတ်ပါလား…. တိုင်းပြည်ကတိုင်းပြည်ကိုချစ်တယ်..ပြည်သူတွေလည်း.ကိုယ့်ကိုကိုယ်သာကိုးကွယ်ရာပါဘဲနော်…. မူရင်းရှင်းလင်းချက်အတိုင်းပြန်တင်ပေးလိုက်ပါတယ်…။ ကျနော်တို ့တွေ ..ဟိုး..ပဝေသနီကလို.တောက်တဲ ့တွေဟောတဲ ့ဗေဒင်ကိုယုံရမှာလား..တောကောင်တွေရဲ ့သဘာဝဘေးကိုယုံကြည်ရမှာလား… ညဘက်ကြီးဝင်လာတော့….ကြိုတင်တောင်ဘာတစ်ခုမှမသိရတော့….. ကျနော်တို ့တွေ..ဒီတိုင်းပြည်မှာလူလာဖြစ်တာဆိုတော့ကား…..???? ကျနော်ခေါင်းစဉ်ဒီလိုပြောင်းလိုက်ပါတယ်… သဘာဝဘေးအန္တရာယ် ကိုယ့်ဘာ့သာကာကွယ်ကြပါလို ့ =========================================================================================== သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း ဤဆောင်းပါးသည်မည်သူ့ကိုမျှ အပြစ်တင် အပြစ်ဖို့ရန် ရည်ရွယ်ချက် မရှိပါ၊ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးအန္တရာယ်အသီးသီးမှ တတ်နိုင်သရွေ့ကင်းဝေးစေခြင်းငှါ ရိုးသားပွင့်လင်းစွာ အကြံပြုတင်ပြခြင်းသာ ဖြစ်ပါသည်။ […]


nigimi77October 21, 20111min34412
ယနေ ့ည အိပ်မရပါ။ ရွာမယောင်နှင့် ညာသော မန္တလေး မို းသည် တညလျင် ၃၅၀ဝ တန် တည်းခိုခန်း တွင် တည်းနေသော ကျွန်တော့်အား စာဖတ်ချင်စိတ် ဖြစ်ပေါ်အောင် ည၏ ပူပြင်းမှု နှင့် အတူ တွန်းအားပေးနေလေသည်။ ခရီးဆောင် အိပ် အထဲမှ မန္တလေးထုတ် ဂျာနယ်လ် ၄ စောင်အား ဆွဲထုတ်ရင်း ဂျာနယ်လ်များအား လက်ဆောင်ပေးသော မန္တလေးမှ မိတ်ဆွေကြီးအား ကျေးဇူးတင်နေမိသည်။ ဒီည မပျင်းတော့ပြီ။ ကျွန်တော့်တွင် အကျင့်တစ်ခုရှိသည်။ သတင်းစာ ၊ မဂ္ဂဇင်း ၊ ဂျာနယ်လ် ထို ၃ မျိုးအား ဖတ်လျင် နောက်ဆုံး စာမျက်နှာမှ စတင် ဖတ်လေ့ရှိသည်။ ကျွန်တော် စာ စ […]


nigimi77October 16, 20113min46115
တော်တော်များများ ဒီလို ကိစ္စမျိုး ကြုံဖူးမှာပါ။ စကား အသွားအလာအရတော့   မြန်မာပြည် ထဲက  မဟုတ်တာတော့ သေချာမယ်။ ရိုင်းတဲ့ စကားလုံးတွေကို     (- )  နဲ ့ ပြန်ပြင်ထားပါတယ်။ ရွာသူ ရွာသားတို ့လဲ မျက်စိ မှိတ်ပြီး ဖတ်ကြည့်ပါဗျို်  ့။   …….    😛   1:30 PM gypsykaunglay74: ဟိုင်း me:  ဘယ်သူလဲ ? 1:31 PM gypsykaunglay74: မင်းမင်းစိုး   မင်းကရော   ဘယ်သူလဲ   ဘယ်ကလဲ  me: မင်းက လာ Add တာလေ။ 1:32 PM gypsykaunglay74: အင်းလေ   ဒါပေမယ့်   ဘယ်လိုလုပ်သိမှာလဲ   ဘယ်ကတွေ့လို့အက်လိုက်တာလတောင်မသိတော့ဘလူး   ဘူး  me: အော်  gypsykaunglay74: အင်း […]


အကြောင်းအရာ – အောက်တိုဘာ၁၂ရက်၊ ၂၀၁၁ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဦးသိန်းစိန် စစ်အစိုးရ မှလွှတ်ပေးမည်ဆိုသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ သဘောထား။ အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ စိုးရိမ်ပူပန်ချက်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အသိပေး တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုကြောင်း၊ သဘောထား မတူသူများနှင့် စေ့စပ်ညှိနှိုင်း သွားလိုကြောင်း၊ အစိုးရ အပြောင်းအလဲ (Regime Change) မဟုတ်ဘဲ စနစ်အပြောင်းအလဲ (System Change) လုပ်ဆောင်နေကြောင်း အစဉ်တစိုက် ဒေါ်စုပြောဆိုခဲ့တာ သတိပြုမိပါသည်။ ကြောင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန်သကဲ့သို့ ဒေါ်စုလိုလားသည့် အရပ်သားနိုင်ငံရေးစနစ် ကို ယုံကြည်သူများ ဖြစ်ကြပါသည်။ နိုင်ငံရေးတွင် […]


ba gyiOctober 10, 20111min2323
ပြီးခဲ့တဲ့ (7/8/9) လပိုင်းတွေကအပျော်လေးတွေ ကြားရ၊ မြင်ရတာနဲ့ကို သူတို့နဲ့လိုက်ပျော်မိပါတယ်၊ ခုတော့ နဲနဲ အသားကျသွားသလိုပါပဲ၊ လမ်းမှာ ဘိုးဘိုး၊ ဖွားဖွားတွေ အချင်း ချင်း တွေ့ပြီ ဆိုရင် မိရိုးဖလာ နှုတ်ဆက်ကြမေးကြပေါ့ ———၊ ဦး—– ၊ ဒေါ်—— နေကောင်းရဲ့လား၊စခန်းဝင်ဖြစ်သေးလား ( တရားစခန်းပျောတာ ) ခုတော့ နှုတ်ဆက်ပုံပြောင်းသွားတယ် —- — ဦး (အ ဝှာ ကြီး )—နေကောင်းရဲ့လား—-ခု—တော့်- ပင်စင်ဘယ်လောက်တိုးသွားလည်း? အားလုံးဘယ်လောက်ရလည်း ?.ဝမ်းသာပါ့ တော် —– ကိုယ့်ဟာလေးနဲ့ကိုယ် ဆေးဘိုလေးခုသာခံသာပေါ့ ၊ ကဲ ကြားရ နားဝ ဘယ့်ဂလောက် စိတ်ချမ်းသာစရာလည်း လို့–။ ဒါတောင် ကျုပ်တို့ သမ္မတ ကြီးက အကင်းလေးပဲ( တို့) […]


Ma MaOctober 9, 20111min2487
ဗုဒ္ဒ္စဂါယာကို မသွားခင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားနေကြတာလေးတွေကို တတ်နိုင်သလောက် မေးမြန်းစုံစမ်းခဲ့မယ်ဆိုပေမယ့် တကယ်ခရီးသွားတဲ့အခါကျတော့ စားဖို့ သောက်ဖို့ အချိန်မီရောက်ဖို့ ဆိုတာတွေနဲ့ ရှုပ်ယှက်ခပ်နေခဲ့တယ်။ ဒါပေမယ့်လည်း သိသလောက်ကလေးကိုတော့ ပြောပြချင်သေးတယ်။


ETOctober 6, 20111min2392
ကျွန်တော် ဒီနေ့ လုပ်ငန်းကိစ္စတစ်ခုနဲ့အပြင်သွားရင်း အမှတ်တမဲ့နဲ့မထင်မှတ်ထားတာလေးတစ်ခု ကိုသွားမြင်လိုက်တယ်။ သွားမြင်တော့ အတွေးတစ်ခုစိတ်ထဲဝင်လာပြီးတော့ ဓါတ်ပုံလေးတစ်ပုံ ကောက်ရိုက်မိလိုက်တယ်၊ ဓါတ်ပုံကိုကြည့်ပါဦးဗျာ…. နေပြည်တော်မှာ မိုးကလေးနှစ်ရက်ရွာလိုက်တာနဲ့ အုတ်ခဲတွေက ဒီလိုဖြစ်ကုန်တယ်ဆိုတော့ ကျနော်စဉ်းစားမိတယ်…. ဘယ်လိုများ တိုက်တာအဆောက်အဦးတွေကို ဆောက်လုပ်ကြမလဲပေါ့….???? Foundation ကောကောင်းပါ့မလား။ အုတ်ထုတ်တဲ့သူတွေက ဒီလို အုတ်မျိုးကို ဘာလို့ထုတ်ကြ တာလဲဗျာ…မိမိစီးပွားရေးတိုးတက်ဖို့အတွက်ပဲကြည့်နေကြသလားမသိဘူး. ဒီလိုအုတ်တွေကို အသုံးပြုမှဖြစ်လာမယ့် အဆောက်အဦးတွေမှာ လူတွေရဲ့အသက်အန္တရာယ်ကို လည်း သတိ ကောထားမိပါ့မလား။။။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်တဲ့အုတ်ကို မျက်နှာလွဲခဲပြစ်မလုပ်ပဲ အရည်အသွေးမှီအောင် ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ပါ။ Win & Win နှစ်ဦးနှစ်ဖက် အကျိုးကိုကြည့်သင့်တယ်လို့ မဆီမဆိုင်တွေးရင်း ရေးသားဖော်ပြလိုက်ပါတယ်။ အလင်္ကာည


etoneOctober 5, 20111min57024
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


lukalayOctober 5, 20111min1371
စစ်ကိုင်းတိုင်းဒေသကြီး       india နယ်စပ် တမူးမြို ့မှ  ဓါးပြများ တမူးမြို ့ ကားဝင်းအတွင်းရှိ နကသ(နယ်စပ်ကုန်သွယ်ရေး) အဖွဲ ့မှ  india နိုင်ငံထုတ်ပစ္စည်းအနည်းငယ်တင်ထားသော မုံရွာမြို့သို ့ပြေးဆွဲနေကြသော  မှန်လုံကားများကို  ကား ၁စီးလျှင် ငွေကျပ်(၄) သိန်းပေးရမည်ဟု  တောင်းနေပါသည်။မပေးလျှင်  ပစ္စည်းများကိုဖမ်းမည်ဟု  ခြိမ်းခြောက်ပါသည်။ တမူးမြို ့မှ  ၃ မိုင်ခန် ့ အကွာအဝေးရှိ       ၃မိုင်ရဲဂိတ်မှလည်း  ဂျူတီမဲ့ ပစ္စည်းများကို ဖမ်းမည်ဟု    ခြိမ်းခြောက်ပါသည်။အဖမ်းမခံချင်လျှင်  ငွေ(၂)သိန်းပေးရမည်ဟု   တောင်းပါသည်။ တမူးမြို ့မှ  ခမ်းပါတ်မြို ့သို ့   သွားသောလမ်းတလျှောက်တွင်လည်း     မူးယစ်အဖွဲ ့၊စသုံးလုံး အဖွဲ ့၊ S P အဖွဲ  ့များက ဓါးပြတိုက်နေသကဲ့သို ့  မှန်လုံကားများနောက်မှ  ဆိုင်ကယ်များဖြင့်လိုက်တောင်းနေကြပါသည်။ […]


pitiOctober 2, 20111min41314
ပထမ  Good Idea က စက်တင်ဘာ 26, 2011 မှာ “မြန်မာပြည်ထဲမှာပဲ တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ ” ဆိုတဲ့ Post လေးကို ဖတ်လိုက်ရပါတယ်။ နောက်တော့  Foreign Resident  ကစက်တင်ဘာ 28, 2011 မှာ  ” မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? ” ဆိုတဲ့ Post ရေးပီး အမြင်အသီးသီး ပြောထားတာလေးတွေ တွေ့ရပါတယ်။ Good Idea က ဟာဂျူလီ(ကသာ) ရဲ့ Facebook စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်လို့ ဆိုပါတယ်။ ရွာသူရွာသားတွေ ဖတ်ပီးကြပီလို့ ထင်ပါတယ်။ နှစ်ယောက်စလုံးရေးထားတာကိုလေ။ ကျနော်လည်း ဖတ်ပီးတော့ စိတ်ထဲမှာ ခံစားမိတာလေးကို ရေးချင်စိတ်ပေါက်လာတယ်။ […]


etoneSeptember 30, 20115min53234
မနက်မိုးလင်းလင်းချင်း မေးလ်စစ်ကြည့်တော့ …. ထူးခြားတဲ့ ခေါင်းစဉ်နဲ့ စာ တစ်စောင်ဝင်နေတာနဲ့ … မကြည့်ရဲ ကြည့်ရဲနဲ့ ဖွင့်ကြည့်လိုက်ပါတယ် ….. ။ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ပဲ … ထူးခြားတဲ့ မြင်ကွင်းမို့ … ရွာသူရွာသားတွေလည်း ကြည့်နိုင်အောင် ပြန်တင်ပေးလိုက်ပါတယ် … ။ စာပို့သူကို ဆက်သွယ်မေးမြန်းပြီး … အော်ရီဂျင်နယ် ဆိုက်ကိုမေးတော့ … သူလည်း မသိဘူးတဲ့လေ … သူများပို့လို့ ပြန်ရှဲတာပါပေါ့ …. ။ ကျွန်မတို့ နိုင်ငံက လယ်တောတွေမှာ မြွေဒီလောက်ပေါတာ… ဘာလို့ တောင်သူဦးကြီးတွေ သူတို့လို massage ဖွင့်ဖို့ စိတ်ကူးမရကြလဲ မသိဘူးနော် …  😛 နွမ်းနယ်မှုကို ပြေဖျောက်စေတယ်ဆိုပဲ … ။ […]


Good IdeaSeptember 26, 20111min168248
မနေ့က (၂၀.၉.၂၀၁၁ရက်နေ့) ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် စိတ်လည်းမကောင်း၊ ခံလည်း ခံပြင်းတာကြောင့် ဒီပို့စ်ကို တင်လိုက်ပါတယ်၊   ဖြစ်ပုံကဒီလိုပါ၊ မနေ့က ဗန်းမော်က ထွက်လာတဲ့ ခရီးသည်တင် ရှပ်ပြေးရေယာဉ်ဟာ ရွှေကူ၊ ကသာ၊ ထီးချိုင့်တွေ ကျော်လာပြီး မောင်းကုန်းဆိုတဲ့ ရွာ ကိုရောက်ပါတယ်၊ အဲဒီမှာ ရှပ်ပြေးရေယာဉ်ပန်ကာပြုတ်ပြီး ဧရာဝတီမြစ်ထဲက ရေစုတ်တင်နေတဲ့ ရေပိုက်ခေါင်းတစ်ခုကို ဝင်တိုက်မိပါတယ်၊   ရေပိုက်ခေါင်းကြီးဟာ ဘာမှ အပျက်အဆီး မရှိပေမယ် ရှပ်ပြေးရေယာဉ်ရဲ့ နံရံတွေကတော့ ပိန့်ရှုံ့သွားပါတယ်၊ အဲဒီအချိန်မှာ မောင်းကုန်းရွာထဲမှာရှိနေတဲ့ တရုတ်လူမျိုးတွေအများကြီး ထွက်လာပြီး ရှပ်ပြေးရေယာဉ်ကို ပြသနာရှာပါတယ်၊ အံ့ဩစရာက ပြသနာလာရှာတဲ့ တရုတ်တွေထဲမှာ တရုတ်ရဲ ယူနီဖေါင်းဝတ်ထားတဲ့သူတွေလည်း ပါတယ်လို့ဆိုပါတယ်၊   နောက်ဆုံး ရှပ်ပြေးယာဉ်ပေါ် ခရီးသည်အဖြစ်ပါလာတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိတွေက […]


ဖိုးသီးချိုဆိုတာလူတစ်ယောက်နာမည်မဟုတ်ပါဘူး ။ ကျွန်တော်တို့သံတွဲမြို့ကို ၂၄ နာရီ မီးပေးနေတဲ့ ကုမ္ပဏီတစ်ခုနာမည်ပါ ။ ဖိုးသီးချိုကမီးပေးလာတာ ခုဆိုရင် ၄ လကျော်ခဲ့ပါပြီ ။ ဒါပေမယ့် ခုလက်ရှိအချိန်မှာတော့ ဖိုးသီးချိုရဲ့မီးအလင်းရောင်က သံတွဲမြို့ပေါ်နေရာတော်တော်များများမှာ မရောက်ရှိနိုင်တာကိုတော့ ဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ် ။ ချစ်ကောင်းလဘက်ရည်ဆိုင်ရှေ့ ဈေးကြီးဘေးက လမ်းမှာလည်း မှောင်မိုက်နေပါတယ် ။ ပြီးတော့ မြို့နယ်ခန်းမနောက်ဘက် ၊ ဈေးပတ်လမ်း ၊ တောင်ပိုင်းရပ် ၊ လ.၀.က ရုံးရှေ့ ရတနာလမ်းတစ်လျှောက် နဲ့ နေရာအတော်များများမှာလဲ ညဘက်တွေမှာ လမ်းမီးတိုင်တွေ မီးမလင်းတာကိုတွေ့နေရပါတယ် ။ နောက်တစ်ခုကတော့ မီတာခကိစ္စတွေပါ ။ မီတာထိမ်းသိမ်းစောင့်ရှောက်ခ ၁၀၀ဝ ထပ်ပြီးတိုးမြှင့်ကောက်ခံနေပါတယ် ။ အဲဒီကိစ္စကို မြို့မှာရှိတဲ့ ရပ်မိ ၊ ရပ်ဘ ဆိုတဲ့သူတွေကတော့ သဘောတူတယ်ပြောပါတယ် […]