7-winners.jpg

‘နောင်တများဖြင့် ဘဝမှာ မနေနှင့်’ လို့ဆိုကြသည်။ ‘အကယ်၍သာ’ ဆိုတဲ့စကားသည် ကမာ္ဘပေါ်တွင် ဝမ်းနည်းဖို့အကောင်းဆုံး စာလုံးများလို့လည်း ပြောကြသည်။ Michael Kosko သာ ကြုံလိုက်ရတဲ့ ‘အကယ်၍သာ’ အချိန်ပိုင်းလေးကို ကြိုတင်သိခဲ့ရင် ကျန်သေးတဲ့ သူ့ဘဝတလျောက် မပူမပင် နေသွားရနိုင်သည်။ ကော့စ်ကိုသည် တနေ့ကဖွင့်သွားသော ဒေါ်လာ၃၁၉သန်း မီဂါမီလျံထီပေါက်သူများနှင့် တရုံးထဲလုပ်သူဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်များ ၂ဒေါ်လာစီထည့်ပြီး စုပေါင်းစပ်တူထိုးရာတွင် အမြဲတမ်း အရင်အကြိမ်များတွင် ပါဝင်ခဲ့သည်။ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့အတိုင်း ပေါက်မဲ့အချီကြမှ သူ့တွင် ငွေအကြွေ အဆင်သင့်မရှိ၍ ဆက်မကစားပဲ နေလိုက်သည်။ လုပ်ဖော်ကိုင်ဖက်တဦးက စိုက်ပေးမယ်ပြောတာ သူတို့တွေ တွတ်လေးတောင် တခါမှ မပေါက်ဖူးလို့ ဆွမ်းတော်ကြီးပွဲ ဝင်မနွှဲရန် ရွေးလိုက်သည်။ ကျနော့်မှာ တဒေါ်လာတန် နှစ်ရွက်မရှိဘူး၊ ထီ ထိုးတာလည်း လနဲ့ချီရှိနေပေမဲ့ […]

7winner.jpg

(အဲဒါ ကံလို့ခေါ်တယ် သဂျီးရေ၊ ကံ ကံ… ကံပါဗျ) စနေန့ မနက်အစောပိုင်း တယ်လီဖုန်းသံဟာ နယူးယောက်ပြည်နယ် အိမ်ယာပြန်လည်ထူထောင်ရေး ဌာန အိုင်တီဝန်ထမ်းများအတွက် များသောအားဖြင့် အလုပ်ကိစ္စ တခုခုပေါ်တဲ့ အဓိပ္ပါယ်ဖြစ်သည်။ John Kutey (၅၄နှစ်က) ထင်တာ ‘ကောင်းတယ်၊ ဆာဗာကွန်ပြူတာတော့ ဒေါင်းနေပြီ’။ မဟုတ်ပါဘူး၊ သူနဲ့ အိုင်တီဝန်ထမ်း ၆ယောက် ပြည်နယ်အစုံမှာဖွင့်သော မီဂါမီလျံထီရဲ့ ဆဌမဆုကြေး အများဆုံး ဒေါ်လာ၃၁၉သန်း ထီပေါက်ခြင်း ဖြစ်သည်။ ‘အခုချိန်အထိ မယုံနိုင်သေးဘူး။ ငါတို့ဟာ သာမန်လူတန်းစားတွေပါ။ လူတိုင်း စိတ်ပျက်သွားကြမယ် မထင်ဘူး’ လို့ John Hilton က (၅ရနှစ်) ပြောသည်။ ၎င်းတို့တဦးလျင် အခွန်နှုတ်ပြီး ဒေါ်လာ ၁၉.၁သန်းစီ ရသည်။ လုပ်ဖော်ကိုင်ဖက် အချို့အတွက်တော့ […]

mega-319.jpg

ရွာသူရွာသားအပေါင်း သဂျီးကောင်းမှုနဲ့ ရွာထဲမှာ အရည်မရ အဖတ်မရ ဘေးထိုင်ဘိုင်ကျ ဘုတော အတင်းပြောလို့ ကောင်းတုန်း တစုံတယောက်သောသူကတော့ ဒေါ်လာသန်းပေါင်းရာချီ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပါပြီ။ နယူးယောက်ပြည်နယ် ခေါင်းဆောင်များ ဘတ်ဂျတ်လိုငွေ ယူအက်စ်ဒေါ်လာ၁ဝ ဘီလီလျံ ပြနေတာကို ဖြေရှင်းဖို့ နပန်းလုံးနေတဲ့ နေရာနဲ့ မလှမ်းမကမ်းရှိ အောဘယ်နီမြို့ထဲက အမယ်စုံရောင်း စတိုးဆိုင်လေးသည် စနေနေ့တုန်းက ငွေမိုးရွာချရာ နေရာအဖြစ် ဟိုးလေးတကျော် ဖြစ်သွားသည်။ သောကြာညကဖွင့်တဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၃၁၉သန်းတန် ပေါက်ဂဏန်းကုို ပြည်နယ်လွှတ်တော်ရုံးနှင့် လမ်းအနည်းငယ် ဝေးသော Coulson News Center တွင်ရောင်းလိုက်ရသည်။ မီဂါမီလျံထီသမိုင်းမှာ ပဉ္စမမြောက်အများဆုံး ဆုကြေးပေါက်မဲကို စတိုးဆိုင်မှ ရောင်းလိုက်တယ်ဆိုတဲ့ သတင်း ပြန့်သွားပြီးကထဲက တမနက်လုံး ဖုံးသံမပြတ်မြည်နေပြီး လူအများ စည်ကားနေသည်။ […]

jackpot.jpg

နယူးယောက်မြို့သားတွေရဲ့ စည်းစိမ်ခံစားလိုတဲ့ အိမ်မက်တွေက မီဂါမီလျံထီလက်မှတ် တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၁၂သန်း အထိတိုးပွားအောင် အားဖြည့်လိုက်သည်။ မီဂါမီလျံထီဖွင့်ရာ ဒေသတဝှန်းမှာ ထီရောင်းအား အလွန်ကောင်းတာကြောင့် အရင်ကြော်ငြာထားတဲ့ သောကြာနေ့မှာဖွင့်မဲ့ ထီဆုကြေး ဒေါ်လာ ၃၀၄သန်းထက် နောက်ထပ်ဒေါ်လာ ၈သန်းတိုးသည်။ ဆုကြီးပေါက်ဖို့ကို ထီလက်မှတ် အချိန်ပိုင်းရောင်းရင်း အဆင်ပြေနေသူတွေလည်း အိမ်မက်မက်သည်။ တခါတလေထိုးတယ်၊ အများကြီးတော့ မတတ်နိုင်ဘူး၊ လူတိုင်းထီပေါက်ချင်တယ်လို့ စတိုးဆိုင် စာရေးတဦးက ပြောသည်။ အင်္ဂါနေ့ထီဖွင့်ပွဲတုန်းက Long Island မှ ဥပဒေလုပ်ငန်း အတွင်းရေးမှူးတဦး ထီဆုကြေး ဒေါ်လာ ၂၅၀၀၀ဝ ပေါက်သည်။ သူသည် ဒေါ်လာ၂၄၄သန်းတန် ပထမ ဆုနံပါတ်နှင့် သီသီလေးလွဲသွားသူ ၉ယောက် အနက်မှ တဦးဖြစ်သည်။ ထီလက်မှတ်အရောင်းကို ပြည်နယ်တဝှန်း ဆိုင်ပေါင်း၁၆၀၀ဝတွင် သောကြာနေ့ည ၁ဝနရာရီ၄၅မိနစ် […]

bunker.top_.jpg

ကျုပ်တို့ကမာ္ဘမှာ ကြောက်မက်ဖွယ်ရာ ဂျပန်ငလျင်၊ လူ့အသက် ထောင်ပေါင်းများစွာ ပျက်ဆီးဆုံးရှုံး စေခဲ့သော ဧရာမ ဆူနာမီရေလှိုင်းများ၊ နူကလီးယား ဓာတ်ရောင်ခြည်သင့် အန္တရာယ်၊ လစ်ဗျားနိုင်ငံက သွေးထွက်သံယို မငြိမ်မသက်များ စတဲ့ ကြောက်မက်ဖွယ် အနိဌာရုံများနဲ့ လတ်တလော ပြည့်နှက်နေတယ် ရွာသားအပေါင်းတို့။ ကမာ္ဘပျက်စီးမဲ့ဘေးကနေ ခိုလှုံဖို့ မြေအောက်ကတုပ်ကျင်းတွေ ရောင်းချတဲ့ အမေရိကန်ကုမ္မဏီများရဲ့ ရောင်းအား ၂၀% ကနေ ၁၀၀၀% အထိတရှိန်ထိုး တက်သွားပါတယ်။ ဒေါ်လာနှစ်သိန်းကနေ ဒေါ်လာသန်း၂ဝ တန်နေရာများ ရောင်းချတဲ့ ကုမ္မဏီတခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ လူထုအုံကြွမှုများနဲ့ ဂျပန်ငလျင်ကြောင့် လူစိတ်ဝင်စားမှု ပိုမိုရရှိပြီး အရောင်း၇၀% မြင့်တက်သွားပါတယ်။ သာမန်အားဖြင့် တနှစ်၄နေရာ ရောင်းရရင် ၁၂နေရာ ကြိုတင်မှာကြားမှု ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်တိုင်း ရောင်းအားမိုးပေါ် ထောင်တက်သွားတယ်လို့ ကုမ္မဏီပိုင်ရှင်တဦးက ဆိုပါတယ်။ […]

rich.jpg

အမေရိကန်နိုင်ငံက သန်းကြွယ်သူဌေး လေးဦးမှာတဦးဟာ ၎င်းတို့ကိုယ်၎င်းတို့ ချမ်းသာတယ်လို့ မထင်ကြပါဘူးတဲ့။ တကယ်ချမ်းသာဖို့ သူတို့မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇.၅သန်းရှိမှဖြစ်မယ်လို့ ထင်ကြကြောင်း Fidelity ရင်းနှီးမြှပ်နှံမှု စစ်တမ်းတခုအရ သိရပါတယ်။ စစ်တမ်းကောက်ယူတဲ့ မီလျံနာ၁၀၀ဝမှာ ၄၂% ပြောတာ သူတို့ချမ်းသာတယ်လို့ မထင်ပါတဲ့။ စစ်တမ်းမေးခွန်းကို တုံ့ပြန်သူတိုင်းမှာ အိမ်နဲ့အငြိမ်းစား ရံပုံငွေစာရင်း မပါသေးဘဲ ရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာတသန်း ရှိပြီးသားပါ။ စစ်တမ်းမှာပါသူတိုင်း ချမ်းသာကြပါတယ်။ ဒါပေမဲ့ သူတို့ပိုင်ဆိုင်တဲ့ ဓနဥစ္စာရင်းနှီးမြှုပ်နှံမှုများသုံးစွဲလို့ ကုန်သွားပြီးနောက်ပိုင်း အသက်ရှည်နေမှာကို စိုးရိမ်ကြတာပါ။ သူတို့ရဲ့ ပျမ်းမျှအသက်ဟာ ၆၅နှစ်ဖြစ်ပြီး စာရင်းအင်းတွက်ချက်မှုပျမ်းမျှ (mean) အမေရိကန်ဒေါ်လာ ၃.၅သန်းလောက် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်ပါတယ်။ ချမ်းသာဖို့သတ်မှတ်ချက် အဆင့်အတန်းဟာလည်း အသက်ကြီးလေ မြင့်လာလေပါ။ မီလျံနာတွေဟာ သူတို့နဲ့အဆင့်တူများနဲ့ သူတို့ကိုယ်သူတို့ […]


ဆူးMarch 11, 20111min24715
Grey School of Wizardry လို့ အမည်ရတဲ့ မှော်ပညာ သင်တန်းကျောင်းကို ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖွင့်လှစ်ထားပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေး သွင်း တက်ရောက်နိုင်ပါတယ်။ မှော်ပညာ သင်တန်းကျောင်း ဖွင့်လှစ်သူ Oberon Zell-Ravenheart ဖြစ်ပါတယ်။ ကျောင်းတက်ချင်သူများ http://www.greyschool.com/ မှာ သွားရောက် ကြည့်ရှုလေ့လာနိုင်သည်။


Zaw WonnaMarch 9, 20111min879
အမေရိကနိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Redondo Beach တွင် သန်းပေါင်းများစွာသော ဆာဒင်းငါးနှင့် အခြားငါးငယ်များ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကျွမ်းကျင်သူများ အဆိုအရ အဆိုပါ ငါးများသည် ပင်လယ်အော်အတွင်းသို့ လမ်းကြောင်းမှား ဝင်ရောက် လာကြပြီးနောက် အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးသွားရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ Redondo Beach ရှိ ရေပြင်တစ်ခုလုံးတွင် ငါးသေများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရေထဲတွင် ငါးများကို သေဆုံးစေနိုင်သော အဆိပ် သို့မဟုတ် ရေနံယိုဖိတ်ခြင်းတို့ မရှိကြောင်း သိရသည်။ Ref: www.dailymail.co.uk


kaiFebruary 20, 20114min771
ပုံလေးကြိုက်လို့ ကူးတင်လိုက်တာပါ..။ မူရင်းပိုင်ရှင်က အိမ်ဖြူတော်ကတဲ့..။ အဲဒီတော့ ..ခွင်မတောင်းဘူးဟေ့.။ အဲဒီညစာစားပွဲကို ဖေဖော်ဝါင်္ရီ ၁ရ ည က လုပ်ခဲ့တာတဲ့..။ အဲဒီ ဝါးတီးဆွဲကြတဲ့သူတွေအထဲ.. သတိထားမိသူတွေကတော့ ..အိုဘားမားဘယ်ညာ ထိုင်နေတဲ့ ၂ယောက်ကိုပါပဲ..။ Steve Jobs နဲ့ Mark Zuckerberg တို့ပေါ့..။ အောက်ကတော့ ..အဲဒီပွဲတက်သူတွေစာရင်းပါ.။ ဘာကြောင့်လဲတော့မသိ.. မိုက်ကရိုဆော့က ..ဘီလ်ဂိတ်ရော..ဘောလ်မာရော… တယောက်မှမပါပါဘူး..။ နောက်ပြီး စားတာသောက်တာမှာ.. ဘာစည်းကမ်းမှထားပုံမရဘူး.။ ဘိုးတွေ..တိုင်တွေ..စတိုင်တွေမလုပ်ကြတာပြောပါတယ်..။ သာမန်အားဖြင့်တော့ ..မိုက်ခရိုဆော့ကလုပ်ခဲ့တာကြောင့် အိုင်တီသမားတွေဟာ .. ရုံးကိုောတင်တီရှပ်နဲ့တက်လို့ရပါတယ်.။ အခုအချိန်မှာ.. ဂိုဂယ်လည်း.. ဘာစတိုင်မှမထုတ်ပဲ..ရုံးတက်နိုင်တာပါပဲ..။ ဒီတော့ .. လွတ်လွတ်လပ်လပ်ဝတ်စားတာက .. အိုင်တီသမားတွေစတိုင်များဖြစ်နေသလားတော့ မသိပါ..။ဒါမျိုးတွေကို .. ကွန်ဆာဗေးတစ်ကြီးတွေကတော့ ..နှဖူးရိုက်နေတော့မှာပါပဲ.။ The official guest list […]


Zaw WonnaFebruary 18, 20111min1846
၁၆ စင်တီမီတာ ရှိ၍ AA ဓါတ်ခဲ တစ်လုံးထက် ပေါ့ပါးသော အိတ်ဆောင်အရွယ် သေးငယ်လှသည့် စက်ရုပ်ငှက်ငယ်ကို ပင်တဂွန်၏ အဓိက ကန်ထရိုက်တာ တစ်ခုမှ ထုတ်ဖော်ပြသခဲ့သည်။ တစ်နာရီလျင် ၁၇.ရ ကီလိုမီတာနှုန်း ပျံသန်းနိုင်သော ထိုသူလျို စက်ရုပ်ငှက်ငယ်ကို အမေရိကန်ဒေါ်လာ ၄ သန်း အကုန်အကျခံကာ ၅ နှစ်ကြာမျှ အချိန်ယူ တီထွင်ခဲ့ရသည်။ ကျေးလက်နှင့် မြို့ပြ စစ်မြေပြင်များတွင် ၎င်းမောင်းသူမဲ့ စက်ရုပ်ငှက်ငယ်တွင် တပ်ဆင်ထားသော သေးငယ်လှသည့် ကင်မရာမှတဆင့် ရန်သူအား ထောက်လှမ်းနိုင်မည်ဟု စစ်တပ်အကြီးအကဲများ အနေဖြင့် မျှော်လင့်ထားကြသည်။ လက်ရှိပုံစံ ဖြစ်သည့်  ပန်ကာပါသည့် စက်ရုပ်လေယာဉ်ငယ်များနှင့် နှိုင်းယှဉ်ပါက ဖွင့်ထားသော ပြတင်းပေါက်များကို ဝင်ရောက်နိုင်ခြင်း၊ လျှပ်စစ် ဓါတ်အားလိုင်းများပေါ်တွင် နားနိုင်ခြင်း စသည့် အားသာချက်များ […]


kaiFebruary 6, 20116min1446
လုပ်ချတာတွေတော်တော်များတဲ့ အင်တာနက်လောကမှာ .. ဂိုဂယ်က လုပ်ချလိုက်ပြန်ပါပြီ..။ ဗစ်တုရယ် နဲ့သွားလို့ရတဲ့ google art project တဲ့လေ..။ အဲဒီဝက်ဘ်ဆိုက်ကနေ .. ကမ္ဘာ့အကောင်းဆုံး ဂယ်လယ်ရီနဲ့ ပြတိုက် ၁ရခုကိုထိုင်ရာမထ..စိတ်ငွေ့နဲ့အလည်သွားနိုင်မှာပါ။ အဲဒီပြတိုက်က ပုံတွေကိုလည်း 14bn pixel နဲ့ကြည့်နိုင်တာမို ့.. သာမန်မျက်စိထက်အဆပေါင်းများစွာ ဆွဲကြည့်နိုင်တာပါပဲ..။ ဆိုတော့ ..စုတ်ချက်တခုစီ။ တချက်စီကို လေ့လာအတုယူနိုင်တာလည်းပါသပေါ့လေ..။ မြန်မာပြည်က ပန်းချီဆရာတွေ ဝမ်းသာစရာပါ။ ဒီအခွင့်အရေးမျိုးက တော်ရုံမထွက်လာပါဘူး..။ အဲဒါ..ရွာသားတွေထဲ ပန်းချီဝါသနာပါသူတွေရှိရင် .. တကားချင်းစီ ဝေဖန်ပေးကြည့်ပါဦး..။ အဲ.. အသိပန်းချီဆရာတွေလည်း လက်တို့ပြောပြလိုက်ပါဦး..။ ကျုပ်တော့ ..အဲဒီထဲဝင်ပြီး တပုံ၂ပုံနဲ့တင်… တော်တော်ကိုအရသာတွေ့နေတယ်..။ အဲ..အောက်မှာ လင့်ခ်နဲ့..မူရင်းသတင်း..။ http://www.googleartproject.com/ Google takes art lovers on a […]


PareByokeFebruary 3, 201131min1322
A VIRTUAL VISIT TO LAS VEGAS, NEVADA’S MAJOR ATTRACTIONS DURING LUNAR NEW YEAR. Bellagio Conservatory 2011 Chinese New Year Exhibit – Year of the Rabbit http://www.flickr.com/photos/michaelcontreras/sets/72157625841664964/show/ Bellagio Chinese New Year 2011 http://www.flickr.com/photos/belindasanders/sets/72157625758449555/show/ YouTube – Bellagio Chinese New Year 2011 http://www.youtube.com/watch?v=sUGC8TsxxAI&feature=fvsr Display at Bellagio Conservatory commemorating Chinese New Year 2011 (Year of The Rabbit) and honoring […]

n_1207595630_mark_zuckerberg_0043-533x800.jpg

zoeJanuary 31, 20111min680
ဖေ့ဘွတ် စတင် တီထောင်ဖြစ်ပေါ်လာပုံ ကို  ဟောလီးဝုတ်မှရုပ်ရှင်ရိုက် ထားရာ ယခု သရုပ်ဆောင်မင်းသား ဂျက်စီ အိုင်းဇင်းဗာက် မှာ အော်စကာ တစ်ပေးခြင်းခံ ရသည် ။  သရုပ်ဆောင်မင်းသား   နှင် ဖေ့ဘွတ် စတင် တီထောင် သူ  မာ့ခ  ဇာက်ခါဗာက်  တို့ အင်တာဗျူး ကို ဗီဒီရို တွင် ရှူမြင်နိုင်သည် ။ ရုပ်ရှင် ကားအမည်  မှာ  The Social Network  ဖြစ်သည် ။ http://www.bbc.co.uk/news/entertainment-arts-12320831 entertainment-arts-12320831 Mark Zuckerberg has met the Hollywood star Jesse Eisenberg who is Oscar nominated for his […]